Announcement
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Zawgyi)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Zawgyi)
3.အတိတ်မေ့ခြင်း(Zawgyi)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Zawgyi)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Zawgyi)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Zawgyi)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Zawgyi)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Zawgyi)
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Unicode)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Unicode)
3.အတိတ်မေ့ခြင်း(Unicode)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Unicode)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Unicode)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Unicode)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Unicode)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Unicode)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Unicode)
Part 6

မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !

ထိုအခါမှ စစ်သွေးမြူလည်း သူအသံထွက်အော်မိသွားမှန်း သတိထားမိလိုက်ပြီး မူလကောင်လေးရဲ့ crush ကို လှည့်ကြည့်လိုက်မိသည်။ ထိုသူက​တော့ စစ်သွေးမြူကို တစ်ချက်ကြည့်ကာ အရာအားလုံးအား ဂရုမစိုက်သလိုဟန်ဖြင့် ရှေ့သို့ ဆက်လျှောက်သွားလေသည်။

"ကဲ လိုက်ငေးပြီးရင်လည်း ပြောပါဦး.. ရုတ်တရက်ကြီး ထအော်ရတဲ့ အကြောင်းလေး"

စစ်နေခ ပြောလိုက်​တော့မှ စစ်သွေးမြူလည်း သူထိုသခင်လေးအား လိုက်ငေးနေမိမှန်း သတိရသွားပြီး အရှက်ပြေခေါင်းကုတ်လိုက်မိသည်။

"ဟီး မဟုတ်ပါဘူး ကိုကြီးရ...ကျွန်တော် အရမ်းလိုချင်နေတဲ့ ကျောပိုးအိတ်အကြောင်း သတိရသွားလို့ပါ"

"Aww အဲ့ဒါဆို သွားဝယ်မယ်လေ ဘယ်ဆိုင်မှာလဲ "

ထိုသို့​ပြောလိုက်​သောအခါမှသာ စစ်သွေးမြူ၏ လက်အားဆွဲကာ ခေါ်သွားတော့သည်။

ဟူး လွယ်တော့မလွယ်ဘူး လိမ်တတ်ရတာပေါ့...။

စစ်သွေးမြူသက်ပြင်းအသာခိုးချကာ စစ်နေခ ခေါ်ရာနောက်သို့ လိမ်လိမ်မာမာနဲ့သာ လိုက်သွားလိုက်သည်။

.......

ကျောင်းစဖွင့်သောနေ့တွင်တော့ စစ်သွေးမြူအား စစ်နေခကိုယ်တိုင် ကျောင်းလိုက်ပို့ပြီး ကျောင်းအုပ်ဆရာကြီး၏ ရုံးခန်းသို့ ခေါ်သွားသည်။ စစ်သွေးမြူအား အရင်အခန်းမှာ မထားရန်နှင့် အထက်တန်းပထမနှစ်တက်ရန် ကူညီပေးလေသည်။

စစ်သွေးမြူ ကိုကြီးကို ဂိတ်သို့ပြန်လိုက်ပို့ပြီး စာသင်ခန်းထဲ ရောက်ချိန်တွင်တော့ ဆရာတောင် ဝင်နေပြီ။ သူလည်း ဆရာ့ကို ခွင့်တောင်းကာ အခန်းထဲသို့ ဝင်ခဲ့ပြီး ပြတင်းပေါက်ဘက်လွတ်နေသော နေရာတွင်သာ ထိုင်လိုက်ကာ စာသင်ရတော့သည်။

ချီးပဲ အထက်တန်းပထမနှစ်တဲ့ ငါတို့ရဲ့ ဆယ်တန်းစာတွေနဲ့ အတူတူပဲ....နောက်နှစ်တွေကျ ဘာတွေသင်ရမလဲ မသိတော့ဘူး ...။

သူမကျက်ချင်သော စာများထဲတွင် ဆယ်တန်းစာက ထိပ်ဆုံးက။ ပြီးတော့ ယခုအခန်းထဲဝင်လျှင်ဝင်ချင်း သင်နေရတာက Biology Chapter 1 ။ ကံကြမ္မာကြီးက ရက်စက်လိုက်တာလို့သာ စစ်သွေးမြူတွေးနေမိတော့သည်။

.......

နေ့လည်ထမင်းစားချိန်တွင်တော့ အခန်းထဲရှိ အတန်းသားများအားလုံး အလျင်အမြန်ပြေးထွက်သွားကြလေသည်။ စစ်သွေးမြူလည်း အံ့သြသွားပြီး သူတို့နောက်မှ လိုက်လာလိုက်သည်။

သူတို့က Canteen ကို သွားနေကြတာပဲ ဘာလို့ အဲ့လောက် အသည်းအသန်သွားနေကြတာလဲ...။

စစ်သွေးမြူ Canteen ကို ရောက်တော့ အစားအသောက်များကို သွားယူကာ ထောင့်ဘက်ရှိ လွတ်နေသော ခုံတွင် ဝင်ထိုင်လိုက်သည်။ ထိုအခိုက် မိန်းကလေးတွေရဲ့ အော်သံကြောင့် လှည့်ကြည့်လိုက်တော့ Canteen သို့ လာသောလမ်းတွင် ရပ်နေကြသော ယောက်ျားလေးလေးယောက်ကို တွေ့လိုက်ရလေသည်။ ထိုသူတို့ရဲ့ အလယ်တွင်တော့ မူလခန္ဓာကိုယ်ရဲ့ Crush ကြီး။ သူတို့ရဲ့ ရှေ့မှာတော့ ကိတ်မုန့်ထည့်ထားတဲ့ ဘူးလေးကိုင်ပြီး ရပ်နေတဲ့ ကောင်မလေးတစ်ယောက်။

"စီနီယာ ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ ကိတ်မုန့်လေး"

"Sorry ငါက မသိတဲ့လူတွေ ကျွေးတာကို မစားတတ်ဘူး"

"Wah...စီနီယာဘုန်းမြတ်က မိုက်လိုက်တာ "

စစ်သွေးမြူ သူတို့စကားသံတွေ နားထောင်ရင်း စီနီယာဘုန်းမြတ်ဆိုတဲ့ မူလခန္ဓာကိုယ်ရဲ့ Crush က တော်တော် ဘဝင်မြင့်တာပဲ လို့ တွေးနေမိသည်။

Wait! ဘုန်းမြတ်??? မဟုတ်မှ လွဲရော ဘုန်းမြတ်ဧကလား...။

စစ်သွေးမြူ​တွေးနေတုန်း ဘုန်းမြတ်ဧကတို့ လေးယောက်က Canteen ထဲသို့ ရောက်လာလေသည်။

"စီနီယာဘုန်းမြတ် မင်္ဂလာနေ့လည်ခင်းပါ"

သူတို့ဝင်လာတာနဲ့ တပြိုင်နက် Canteen ထဲက ကျောင်းသား/ကျောင်းသူအကုန်လုံးက နှုတ်ဆက်လိုက်ကြသည်။ စစ်သွေးမြူတော့ သေချာပေါက်ကို မပါဘူးပေါ့။

ဘုန်းမြတ်ဧက Canteen ကို တစ်ချက်ဝေ့ကြည့်လိုက်တော့ တစ်စုံတစ်ယောက်ကြောင့် အံ့အားသင့်သွားရသည်။ အကုန်လုံးက သူတို့ကို ကြည့်နေပေမယ့် ဘေးထောင့်စွန်က ကောင်လေးတစ်ယောက်ကတော့ ဇွန်းကို ကိုင်ပြီး တွေးချင်ရာ တွေးနေသည်လေ။ သူသေချာကြည့်မိတော့ ဟိုတစ်နေ့က Shopping Mall မှာ What the hell ဆိုပြီး အကျယ်ကြီးထအော်တဲ့ ကောင်လေး။

ဘုန်းမြတ်လည်း စိတ်ဝင်စားသွားပြီး ထိုကောင်လေးထိုင်နေတဲ့ နေရာကို လျှောက်သွားပြီး ​​ဘေးနားမှာ သွားရပ်လိုက်တော့ အကုန်လုံးက အံ့သြသွားကြသည်။ ထို​ကောင်​လေးက​တော့ အခုထိ သူ့ကို သတိထားမိဟန်မတူပေ။

What the fuck...

စစ်သွေးမြူဇာတ်လမ်းအ​ကြောင်း ပြန်စဉ်းစားနေတုန်း ဘေးနားမှာ လူတစ်ယောက်လာရပ်လို့ မော့ကြည့်လိုက်တော့ ဇာတ်လိုက်ကောင်ကြီး။ ဘေးပတ်လည်ကို ကြည့်မိတော့လည်း ဘုန်းမြတ်ဧက သူ့ဘေးနားလာရပ်လို့ အံ့သြနေကြပုံ။ သူ့နောက်ကလိုက်လာတဲ့ သုံးယောက်တောင် ပါးစပ်အဟောင်းသားနဲ့ သူတို့ကို ငေးကြည့်နေသည်။

"စီနီယာက ဘာလိုချင်လို့လဲ"

စစ်သွေးမြူ​စူပုပ်ပုပ်နဲ့​မေးလိုက်​တော့ ထိုဇာတ်လိုက်ကောင်က အံ့အားသင့်သွားဟန် မျက်ခုံးတစ်ချက်ပင့်သည်။ သူလည်း ပြောပြီးမှ သတိရတာက ဇာတ်လိုက်ကောင်ကို ဇာတ်လိုက်မက လွဲပြီး ဘယ်သူက အဲ့လိုမပြောဖူးဘူးဆိုတာပဲ။ သူပြောပြီးမှ နောင်တရနေလို့လည်း မတတ်နိုင်တော့ဘူး။

အဲ့တစ်ယောက်ကရော ဘာလို့ သူ့ဘေးမှာလာရပ်နေရတာလဲလို့။ သူတကယ် အာရုံစိုက်ခံရတာတွေ မုန်းပါတယ်နော်။

ဘုန်းမြတ် ထိုကောင်လေးရဲ့ အမျိုးမျိုးပြောင်းလဲနေတဲ့ မျက်နှာကို ကြည့်နေရင်း ပျော်ရွှင်လာသည်။ အဲ့ဒီကောင်လေးကို သူ့ကြောင့်ပဲ ရယ်စေချင်သလို သူ့ကြောင့်နဲ့ပဲ အရာအားလုံးဖြစ်စေချင်သည်။ သူတွေးမိပြီးမှ ထိုကောင်လေးနဲ့ သူက ဘာသက်ဆိုင်လို့ အဲ့လိုလုပ်လို့ရမှာလဲ ဆိုတာကို တွေးမိသည်။ သူ့ညီလေးလုပ်ခိုင်းမယ် ဆိုရင်ရော။

"စီနီယာ ဘာလိုချင်လို့လဲလို့"

ဘုန်းမြတ်တွေးနေတာနဲ့ ထိုကောင်လေးမေးနေတာကို မဖြေမိတော့ ထိုကောင်လေးက စိတ်မရှည်စွာ ထပ်ပြောလာသည်။

"မဟုတ်ပါဘူး ဒီထိုင်ခုံများ အားသလားလို့"

"ကျွန်တော်ထိုင်နေတယ် မအားဘူး"

စစ်သွေးမြူဘုတောလိုက်တော့ ထိုလူကြီးက တစ်ချက်ပြုံးသည်။ ညာဘက်ပါးမှာ ပါးချိုင့်လေး ထင်းခနဲ။ အဲ့ဒါကြောင့် အရန်ဇာတ်ကောင်က သူ့ကို ကြိုက်သွားတာနေမှာ။

"ကိုယ့်ကို ငေးလို့ဝပြီလား"

"ကျွန်တော်မငေးပါဘူး "

စစ်သွေးမြူ သူ့အားငေးကြည့်ကာ ဘယ်လောက်အထိတောင် တွေးနေမိသလဲ မသိ။ ထိုဇာတ်လိုက်ကောင်ပြောမှသာ စစ်သွေးမြူသူ့အား ငေးနေမိမှန်း သတိရတော့သည်။

~~~~~~~~~~~~~~~~~~~~~~~

To Be Continued

1st November 2020
© Felicia Kat,
книга «Rebirth As An Extra_character(Own Creation)».
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Unicode)
Коментарі