Part-1
(Unicode)
မိုးတွေသဲကြီးမဲကြီးရွာချနေသည့် လမ်းပေါ်၌ လူသူကင်းရှင်းလို့ လမ်းသွားလမ်းလာဟူ၍ မရှိ။ သစ်ကိုင်းအခတ်အလတ်ငယ်တို့ကလည်း ကျိုးကျလျက်ရှိ၏။ ဆံပင်ဆံဖျားတို့မှတစ်ဆင့်စီးကျလာသောမိုးရေများက အမြင်အာရုံကို ဝေ့ဝါးစေသည်။ ချမ်းအေးသည့် ဒဏ်ကြောင့် သော်တာချမ်းအေး၏နှုတ်ခမ်းတို့ကား ပြာနှမ်းနေ၏။ မျက်လုံးအိမ်တို့မှာလည်း နီရဲလျက် ဦးတည်ချက်မရှိသော လမ်း၏အဆုံးကို ယိုင်နဲ့နဲ့ဆက်လျှောက်နေသည်။ လက်ကဆွဲထားသော အဝတ်အစား၊ မိတ်ကပ်အစုံအလင်ပါသည့် အထုပ်ကြီးကလည်း မိုးတွေစိုရွှဲလို့။ ဘယ်ဆီကို ဝင်ပြီး ဘယ်ဌာနကို လှမ်းရမည်မှန်းမသိ။
" မင်းလို သောက်ခြောက်တစ်ကောင်ကို မွေးထားရတာ ငါသေမလောက်ရှက်တယ် "
" အဖေရယ် သားလည်း ဘယ်လိုလုပ်ဒီလို ဘဝမျိုးနဲ့နေချင်ပါ့မလဲ.... "
ခန္ဓာကိုယ်ပေါ်ထပ်ဆင့်ကျလာသော ခါးပတ်၏ နာကျင်မှုများကို သူ့မှာ ခံစားနိုင်စွမ်းမရှိ။ အဖေရယ် ဆက်မရိုက်ပါနဲ့တော့ သားလည်း နာလှပြီမို့။
( ဖြောင်း ဖြောင်း )
" ပြောစမ်း မင်းဒီလို ဆက်နွဲ့နေဦးမှာလား...."
" သားမတတ်နိုင်ဘူး အဖေ....အချိန်တန်ရင် သားက နွဲ့နွဲ့နှောင်းနှောင်းနေမိတာပဲ... သားမှားလို့လား .. တခြားယောကျ်ားလေးတွေလို ယောကျ်ားချင်းရန်မဖြစ်မိတာ သားမှားလို့လား.... ဘောလုံးမကန်တတ်တာကရော သားမှားလို့လား....ယောကျ်ားလေးတွေရဲ့ အထိအတွေ့ကို ရှက်မိတာကရော သားမှားခဲ့လို့လား...."
" အမလေး မင်းအစားငါရှက်လို့ သေတော့မှာပဲ....လူကြားထဲမှာ ငါ့ကို အခြောက်ရဲ့ အဖေလို့ အခေါ်မခံနိုင်ဘူး...သွား သွား အခု မင်း ငါ့အိမ်ပေါ်က ဆင်း "
"မလုပ်ပါနဲ့ အဖေရယ် သားကို ရိုက်ချင်သလောက်ရိုက်ပါ ဒီလို မှောင်နေတဲ့ အချိန်ကြီး သားမထွက်သွားပါရစေနဲ့ သားကြောက်လို့ပါ "
" ဘာကြောက်တာလဲ မင်းယောကျ်ားတစ်ယောက်လို ကျားကျားယားယားဖြစ်ပြီဆိုမှ ငါ့အိမ်ပေါ် ပြန်တက်ခဲ့ ဒါပဲ "
" အဖေ့ အဖေ့ "
( ဂျိမ်းးး )
ပတ်ဝန်းကျင်က ဝိုင်းကြည့်နေကြသည်။ အဖေကတော့ ခြံထဲဝင်ပြီး ခြံတံခါးကို ပိတ်သွားသည်။ အချိန်အားဖြင့် ည၁၁နာရီထိုးပြီ။ ခြံအပြင်လေးမှာ အထုပ်လေးပိုက်၍ အဖေများတံခါးပြန်လာဖွင့်ပေးမလားလို့ မျှော်နေမိသည်။ သို့ပေမယ့် အဖေသည် ညနက်သည်အထိ လာမဖွင့်ပေးခဲ့။
ညနက်ချိန်ဖြစ်၍ ရပ်ကွက်ထဲက ခွေးတွေကလည်း အူတော့ သော်တာချမ်းအေးကြောက်လာသည်။ အထုပ်လေးပိုက်၍ ထိုင်နေသော သူ့အနားခွေးတွေက ဝိုင်းအုံလာသည်။ မွေးကတည်းက စိတ်အားငယ်တတ်သူမို့ သူကြောက်သည်။ တဖြည်းဖြည်းနှင့် မိုးတွေကခြိမ်းလာတော့ ခွေးတွေလည်း သူ့အနားက ပြေးထွက်သွားသည်။ မိုးရေထဲ၌ သူတစ်ယောက်တည်းခြံရှေ့မှာ ထိုင်နေခဲ့ပြီး အချိန်ကြာလာတော့ မိုးရေထဲမှာပင် အိပ်ပျော်သွားသည်။
သူသတိပြန်ရလာ၍နိုးလာတော့ မိုးလင်းတော့မည်။ သို့ပေမယ့် မိုးစက်များက တဖြောက်ဖြောက်ကျနေတုန်း။ သူအထုပ်လေးပိုက်လိုက်သည်။ မိုးရေထဲမှာ ဆက်မထိုင်နိုင်တော့ဘူး။ သူအရမ်းချမ်းအေးနေပြီ။ လမ်းထိပ်ကို ထွက်လာခဲ့ပြီး ဒီအချိန်သူ့အရှေ့ကို ကားတစ်စီးရပ်လိုက်တာနှင့် သူအဲ့ကားပေါ်တက်ပြီး လိုက်သွားတော့မှာ။ တာမွေးစျေးထိပ်ရောက်တော့ ကားတစ်စီးရပ်လိုက်သည်။ ထိုကားက အပြာရောင်၊ နံပတ်(၆၅) တဲ့ သူလိုက်ပါသွားခဲ့သည်။
သူကားပေါ်ရောက်တော့ ပင်ပန်းမှုကြောင့် ခဏမှေးလိုက်သေးသည်။ တစ်ညလုံးဘာမှမစားထား၍ အားနည်းနေသည်။ မနေ့က အစ်မတစ်ယောက်မင်္ဂလာဆောင်ကို မိတ်ကပ်သွားပြင်ပေးပြီး ရလာတဲ့ ပိုက်ဆံ ၂သိန်းကျော်က သူဒီရက်ပိုင်းစားဖို့သောက်ဖို့ အဆင်ပြေနိုင်သည်။ အဖေဟိုအပတ်က ပေးထားခဲ့သည့်မုန့်ဖိုးတွေကလည်း ကျန်နေသေးသည်မို့။
သူအိပ်ပျော်ပြီးပါလာတာ ဘယ်ရောက်နေပြီမသိ ကားဆရာက လာနှိုးတော့မှ သူနိုးသွားသည်။
" ကောင်လေး ဂိတ်ဆုံးပြီကွဲ့။ "
"ဗျာ "
သူဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်မိတော့ သူမသိတဲ့နေရာမို့ အနားက ဆိုင်ကယ်သမားတွေကို မေးလိုက်သည်။
" အစ်ကို ဒါဘယ်နေရာလဲဗျ။"
"အော် ဒါ ထန်းခြောက်ပင်လေ ညီလေး။ ဆိုင်ကယ်ငှားမလား။"
" မငှားတော့ပါဘူး အစ်ကို "
မိုးက တဖြောက်ဖြောက်ရွာနေပေမယ့် သူ့မှာ ထီးတစ်လတ်မှမပါခဲ့။ ထန်းခြောက်ပင်နားက အမဲအူပြုတ်ဆိုင်တွေ့တော့ သူမနက်စာဝင်စားလိုက်သည်။
ထို့နောက် ထန်းခြောက်ပင်လမ်းဆုံကို ကြည့်ပြီး သူဘယ်ဆက်လျှောက်ရမှန်းမသိ ဖြစ်နေသည်။ ဘာမှမစဥ်းစားတော့ဘဲ ရှေ့တည့်တည့်ကိုသာ ဆက်လျှောက်ခဲ့သည်။
အတိတ်ကို ပြန်တွေးပြီး လျှောက်လာတာ တစ်နာရီနီးပါးပင်ရှိနေပြီ။ သူဘယ်ရောက်လို့ရောက်နေမှန်းမသိ။ မိုးရေထဲမှာ နေခဲ့တဲ့ဒဏ်က လူကို အတော်အားပျက်စေသည်။ သူနားချင်နေပြီ။ နွေးနွေးထွေးထွေးရှိမည့် အိပ်ရာလေးတစ်ခုပေါ်လဲလျောင်းချင်မိ၏။
ဈေးတစ်ခုကို ထပ်တွေ့ပေမယ့် သူ့အမြင်တွေ ဝေ့ဝါးပြီး သူမူးလာသည်။နောက်ဆုံး သူ့အတွက် နူးညံ့ခြင်းမရှိသည့် ကျောက်လမ်းမပေါ်၌ပင် မူးလဲကျသွားခဲ့၏။
" ဟယ်... ဟယ်.... ဒီကောင်လေးဘယ်လို ဖြစ်တာလဲ။"
" ဟဲ့ လာကြပါဦး။ "
အော်သံတွေကို ကြားသည်။ သို့ပေမယ့် သူဟာ မေ့မျောလျက်သာရှိနေပြီး မိုးရေထဲ၌ပင် ချွေးစေးများထွက်မိသည်။
" ဟဲ့ မိုးငြိမ်းရေ နင့်ပြောင်းဖူးတွေ ခဏထားခဲ့ပါဟ။ ဒီကို မြန်မြန်လာစမ်း။"
" လာပြီ ကြီးတော်ရေ "
မိုးငြိမ်းဆိုင်ခုံပေါ်ပြောင်ဖူးခြင်းတွေကို ချလိုက်ပြီး ကြီးတော်နားကို ပြေးသွားလိုက်သည်။
"ဟင် ဒါ ဒါ "
" မြန်မြန် ပွေ့ချီလိုက်စမ်း "
"ဟုတ်ဟုတ် "
မြေပြင်မှာ လဲနေသော ဖြူဖျော့ဖျော့ ကိုယ်သေးလေးကို ကောက်ပွေ့လိုက်သည်။ ကလေးလေးတစ်ယောက်လို ဖြူဖွေးနုဖက်သည့်အသားအရည်နှင့် လူကောင်လေးက သေးသေးလေးဖြစ်နေသည်။ ဒီနေ့ရောင်းဖို့ ပြောင်းဖူးအစိမ်းတွေကို ကြီးတော်ကို သိမ်းပေးဖို့ လွှဲခဲ့ပြီး ကိုယ်က သူ့ကို ချီ၍ အိမ်ခေါ်သွားလိုက်သည်။ အိမ်ရောက်တော့ အဝတ်အစားလဲပေးဖို့ သူ့အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အိတ်က အပြင်ဘက်စိုနေပေမယ့် အတွင်းက အဝတ်အစားတွေက ခြောက်နေသည်။ အဝတ်အစားအသုံးအဆောင်တွေက သနပ်ခါးရေးမွှေးနံ့ခပ်သင်းသင်းလေးရသည်။ အဝတ်အစားတွေက အိတ်ထားထည့်ထားတာ သပ်ရပ်ပြီး အသုံးအဆောင်လေးတွေကအစ စျေးကြီးသည့် ပစ္စည်းမှန်းသိသာသည်။
အခန်းတံခါးကို သွားပိတ်လိုက်ပြီးခန္ဓာကိုယ်ပေါ်က အဝတ်အစားမှန်သမျှကို ချွတ်ပေးလိုက်သည်။ အဝတ်အစားမရှိတော့သော ကိုယ်ငယ်လေးမှာ နီရဲနေသော အရှိုးရာ ရှစ်ချက်ကိုးချက်လောက်ရှိသည်။ ဒဏ်ရာတွေကို ဆေးသေချာထည့်ပေးလိုက်သည်။ အနည်းငယ်နွေးထွေးမှုရလာသောကြောင့် ခန္ဓာကိုယ်က သွေးရောင်ပြန်ပေါ်လာသည်။ အတွင်းသားတွေကအစ ယောကျ်ားလေးတစ်ယောက်နှင့်မတူ ဖြူဖြူအိအိလေးနှင့် ဖက်ထုပ်လေးကဲ့သို့ မွေးကင်းစ ကလေးလေးလို ဖြစ်နေသည်။ ဒီကောင်လေးကို ဘယ်မိဘကများဈေးနားလာလွှတ်ပစ်လိုက်ပါသလဲ။ သူ့မှာပါတဲ့အထဲမှ အဝါရောင်အနွေးထည်လေးနှင့် ဘောင်းဘီအညိုအထူအပွလေးကို လဲဝတ်ပေးလိုက်သည်။
သူအိပ်ပျော်နေစဥ် သူ့အိတ်တွေဘာတွေကို တစ်ခုခုသိလိုသိရများရှာမိတော့ မှတ်ပုံတင်တစ်ခုထွက်ကျလာသည်။ မှတ်ပုံတင်က သူ့ပုံလေးနဲ့ဆိုတော့ အသက်ပြည့်သွားပြီ ထင်ပါ့။ အသက်က ၂၂နှစ်ဆိုတော့ သူက အခုမှ ၂၀စွန်းစွန်းမို့ သူ့ထက်တောင်ကြီးနေပါပေါ့လား။ ကြည့်ရတာတော့ ချမ်းသာတဲ့မိဘက ဆင်းသက်လာတာမို့ ဒီလိုဖြူနုပြီး လူကောင်သေးနေတာဖြစ်မည်။
" အစ်ကိုအသေးလေးရယ် ဘယ်ကနေဘယ်လို ဒဏ်ရာတွေရပြီးရောက်လာရတာလဲ..."
အစ်ကို အေးဆေးအိပ်လို့ရအောင် သူအခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ နေတာက လိုင်းခန်းလေးမို့ အပြင်ဘက်က တံခါးကို သေချာပိတ်ထားလိုက်သည်။ ဘေးအခန်းမှာက သူ့အစ်မတစ်ဝမ်းကွဲနှင့် သူ့ရဲ့ကြီးတော်တို့ နေကြသည်။ မိုးငြိမ်းက အမေဆုံးပြီးကတည်းက အမေ့ရဲ့အစ်မ ကြီးတော်ရှိရာ ရန်ကုန်သို့တက်လာပြီး အခန်းငှား၍ ကြီးတော်နှင့်အတူ ဈေးလိုက်ရောင်းသည်။ ကြီးတော်က မီးသွေးရောင်းသည်။ သူကတော့ ကုန်စိမ်းပေါ့။ ပြောင်းဖူးတို့ ဂေါ်ဖီတို့ မုန်လာဥ အဖြူ၊ အနီတို့ကို တညင်းကုန်းမှ ဈေးကြို၍ ရောင်းရသည်။
သော်တာချမ်းအေးအိပ်ပျော်နေရာမှ နိုးလာတော့ ခန္ဓာကိုယ်မှာ နွေးထွေးမှုရသည်။ သူအိမ်ပြန်ရောက်နေပြီဟု ပျော်သွား၍ ထထိုင်လိုက်သည်။
" အဖေ့ "
သို့ပေမယ့် သူရောက်နေတာအိမ်မဟုတ် အခန်းကျဥ်းလေးတစ်ခုဖြစ်နေပြီး ဒီအခန်းသေးသေးလေးကို သူဘယ်လိုရောက်နေတာလဲ။ အခန်းတံခါးဖွင့်လိုက်တာမို့ သူလန့်သွားသည်။ အခန်းထဲကို ဝင်လာတာက အသားညိုညိုလူကောင်ထွားထွားနှင့်ကောင်လေးတစ်ယောက် သူကြောက်ပြီး နောက်ဆုတ်လိုက်သည်။
" အစ်ကို နိုးနေပြီကိုး...မကြောက်ပါနဲ့ ကျွန်တော် အစ်ကို့ကို အန္တရယ်မပြုပါဘူး... "
ပြုံးပြပြီး သူ့အနားလာထိုင်လိုက်မှ သော်တာချမ်းအေးလည်း စိတ်အေးသွားသည်။ သို့ပေမယ့် သူ့အဝတ်အစားတွေက သူလဲမကျခင်က အဝတ်အစားတွေမဟုတ်ဘူးဆိုတာ သူသတိထားမိလိုက်သည်။
" အော် အစ်ကို့အဝတ်အစားတွေက ရေစိုနေလို့ ကျွန်တော်လဲပေးလိုက်တာ။ အစ်ကို့အိတ်ကို အစ်ကို့ခွင့်ပြုချက်မရဘဲ ကိုင်မိတဲ့အတွက် တောင်းပန်ပါတယ်။"
" ဟင် အဝတ်အစားလဲပေးတယ်။"
အခုမှ သော်တာချမ်းအေးသည်တကယ်လန့်သွား၏။
" ဟုတ်တယ်လေ အစ်ကိုရဲ့ စိုနေလို့ နောက်ပြီး ကျွန်တော်ကိုယ်တိုင်လဲပေးတာပါ။ "
အစ်ကို့ရဲ့မျက်နှာတွေက ရုတ်တရက်ကြီးနီလာတာ မြင်တော့ မိုးငြိမ်းလည်းဘာဆက်ပြောရမှန်းမသိ။
" ဟို မရှက်ပါနဲ့။ ယောကျ်ားချင်းပဲလေ မဟုတ်ဘူးလား။ အော်နောက်ပြီး ကျွန်တော့်နာမည်က မိုးငြိမ်းပါ။ အစ်ကို့နာမည်ကိုတော့ အစ်ကို့မှတ်ပုံတင်မြင်ကတည်းက သိပြီးပါပြီ။"
" အင်း "
" အစ်ကို ဘာစားချင်လဲ။ အားမနာနဲ့ပြောနော်။ နောက်မှ အစ်ကိုဘာတွေဖြစ်ခဲ့သလဲ အေးဆေးပြောပြပေါ့။ "
" ငါဗိုက်တော့ဆာတယ်။"
" အဲ့ဆို ကျွန်တော် ကြာဇံပြုတ်ပေးမယ်နော်။"
" အင်း "
ဟင်းချက်တဲ့အိုးတွေထားတဲ့ စင်ဘက်ကို သွားပြီး မိုးငြိမ်းကတော့ ကြာဇံပြုတ်နေသည်။ သူကတော့ စောင်ခြုံထဲမှာသာ ဆက်ကွေးလျက်ရှိနေသည်။
______________
ဒီထဲမှာ သော်တာချမ်းအေးက အစထဲက gay ပါ မိန်းမလိုမဝတ်ထားတာကလွဲရင် သူဌေးသားဆိုပေမယ့် နွဲ့ဖက်ဖက်လေးပေါ့။ အဲ့ကြောင့် ukeက နွဲ့လိုက်တာလာမပြောပါနဲ့။ အခုခေတ်ukeတွေကလည်း နွဲ့တာပါပဲ။
(Zawgyi)
( ဖြောင်း ဖြောင်း )
" သားမတတ်နိုင်ဘူး အဖေ....အချိန်တန်ရင် သားက နွဲ့နွဲ့နှောင်းနှောင်းနေမိတာပဲ... သားမှားလို့လား .. တခြားယောက်ျားလေးတွေလို ယောက်ျားချင်းရန်မဖြစ်မိတာ သားမှားလို့လား.... ဘောလုံးမကန်တတ်တာကရော သားမှားလို့လား....ယောက်ျားလေးတွေရဲ့ အထိအတွေ့ကို ရှက်မိတာကရော သားမှားခဲ့လို့လား...."
" ဘာကြောက်တာလဲ မင်းယောက်ျားတစ်ယောက်လို ကျားကျားယားယားဖြစ်ပြီဆိုမှ ငါ့အိမ်ပေါ် ပြန်တက်ခဲ့ ဒါပဲ "
" အဖေ့ အဖေ့ "
( ဂျိမ်းးး )
"ဗျာ "
" အစ်ကို ဒါဘယ်နေရာလဲဗျ။"
" ဟဲ့ လာကြပါဦး။ "
" လာပြီ ကြီးတော်ရေ "
"ဟင် ဒါ ဒါ "
"ဟုတ်ဟုတ် "
" အဖေ့ "
" ဟင် အဝတ်အစားလဲပေးတယ်။"
" အင်း "
" ငါဗိုက်တော့ဆာတယ်။"
" အင်း "
______________