Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
Part-10
Part-9
(Unicode)

သူ့ကို တမင်တကာရှောင်နေမှန်း မိုးငြိမ်းသိသောအခါ အစ်ကိုအနေကျပ်မည်ဆို၍ သူလည်းရှောင်ဖယ်လာသည်။ အကြောင်းပြချက်မရှိဘဲ ထိုသို့ပြုမူနေရခြင်းကား မိုးငြိမ်းအတွက် အမှန်တကယ်နာကျင်စေ၏။ စတွေ့တုန်းကကဲ့သို့ နီးစပ်မှုမျိုးမရှိတော့ဘဲ အစ်ကိုက သူ့အပေါ်စိမ်းကားနေခြင်းသည် မည်သည့်အကြောင်းကြောင့်များလဲဟု ထိပ်တိုက်မေးလိုက်ချင်သော်ငှား အစ်ကို့အပေါ် အတင်းအကြပ်လုပ်ရခြင်းအမှုကိုလည်း သူ မနှစ်မြို့ပါချေ ။

ဤသို့ဖြင့် တစ်ဦးနှင့်တစ်ဦးပိုမိုအလှမ်းဝေးလာသကဲ့သို့ ခံစားလာရသည်။ အစ်ကို့အနားကပ်ပြီး အစ်ကို့မျက်ဝန်းများကို အကြိမ်ကြိမ်ဆုံအောင် ကြည့်ချင်လာသည့်စိတ်က ရူးလောက်အောင်ပဲ။ အရင်လိုအစ်ကို့ကိုယ်သင်းနံ့လေးအား ခိုးရှိုက်ခွင့်ရလျှင်ဆိုသည့် တပ်မက်စိတ်လေးပါ ထပ်ပေါင်းလိုက်တော့ မိုးငြိမ်းမှာ နေမထိ၊ထိုင်မသာ။

ထိုကဲ့သို့ သော်တာချမ်းအေးမှာလည်း အပြင်ဘက်ကနူးညံ့နေသော်ငှား ကိုယ်စိတ်တွင်း၌ မုန်တိုင်းထန်နေလေ၏။ မိုးငြိမ်းက သူစိတ်ကောက်နေတာကို မသိဘူးလား။ မိုးငြိမ်းသည် ကောင်မလေးနှင့် အဆင်ပြေနေပြီလားဟု သူ့မှာတွေးပူနေရသည်။ နောက်ပြီး မိုးငြိမ်းဘက်ကပါ သူ့ကိုရှောင်လာ၍ ဝမ်းနည်းလာရသည်။

" အစ်ကို နေ့လည်စာလည်း နည်းနည်းပဲ စားတယ် ညစာလည်းသိပ်မစားနဲ့ ရော့ ဒီနွားနို့လေးသောက်လိုက်ပါလား "

" ငါမသောက်ချင်ဘူး မိုးငြိမ်း "

" အစ်ကို! "

" ငါမသောက်ချင်ဘူးလို့ "

" အစ်ကို ကျွန်တော့်ကိုဘာလို့ ဒီလိုစိမ်းကားနေရတာလဲ "

" ဘာကိစ္စမှမရှိပါဘူး ငါလည်း ငါကိစ္စနဲ့ငါပါ "

" အော်.....ဒါဆိုလည်း ဘာအခက်အခဲရှိလို့လဲ ကျွန်တော့်ကိုပြောပါနော် "

" မရှိဘူး "

" ဒါဆိုဘာလို့ ကျွန်တော့်ကိုရှောင်လဲ "

" ငါ...."

သော်တာချမ်းအေးလည်း ဘာအကြောင်းပြချက်ပြရမှန်းမသိ ဆွံ့အလျက်၊ မိုးငြိမ်းက သူ့ကိုစိုက်ကြည့်နေရင်း ကျစ်ခနဲ စုတ်သပ်လိုက်ပြီး....

" ကျွန်တော်နဲ့မနေချင်တော့ဘူးလား အစ်ကိုထွက်သွားချင်လို့လား သိပါတယ် ကျွန်တော်က အစ်ကို့ကို ပြီးပြည့်စုံအောင် မထားနိုင်ခဲ့ဘူး "

" အဲ့လိုမဟုတ်ဘူး မိုးငြိမ်းက ငါ့အပေါ်အရာရာပြီးပြည့်စုံစေသူပါ "

သူဖြေရှင်းလို့မရနိုင်တော့အောင် မိုးငြိမ်းက ခေါင်းငိုက်စိုက်ပြီး သူ့မျက်နှာကိုပင်မကြည့်တော့ပါ။ စိိတ်ဓာတ်ကျသွားပုံပေါ်ပြီး သူ့အနားမှ ထွက်သွားရန်ပြင်သည်။

" မိုးငြိမ်း ဘယ်လဲ ဟိုးနေ့ကလို လျှောက်မသွားပါနဲ့ ငါတစ်ယောက်တည်းမနေရဲဘူး နောက်ပြီး "

" ဘာလို့လဲ "

အစ်ကိုက ဘာဆက်ပြောချင်မှန်းမသိ၍ မိုးငြိမ်းလည်း အစ်ကို့ဘက်ပြန်လှည့်လိုက်တော့ သူ့ကိုယ်ပိုင်နှာခေါင်းပေါ်ရှိမှဲ့လေးအား ပွတ်သပ်ရင်းဆိုလာ၏။

" ငါ.. ငါ မိုးငြိမ်းမရှိရင် မနေတတ်ဘူး "

အစ်ကို့နှုတ်ခမ်းမှ ထွက်ကျလာသည့် စကားသံတိုးဖျဖျကြောင့် မိုးငြိမ်းသည် ရင်ဘတ်ထဲမှဒိန်းခနဲ နှလုံးခုန်သံအား အစ်ကိုများကြားသွားသေးလားဟု ပြန်မေးမိတော့မတတ် လိပ်ပြာမလုံပင်ဖြစ်သွားရ၏။ အစ်ကိုကတော့ သူ့စကားနှင့်သူ ရှိုးတိုးရှန့်တန့်ဖြစ်သွားပြီး မိုးငြိမ်းကို တွန်းတိုက်၍ အပြင်ကို ဦးအောင်ထွက်ရန်ပြင်သည်။

" ကျွန်တော်မရှိဘဲ မနေနိုင်ဘူးဆိုပြီး တစ်ယောက်တည်းကျ ဘယ်သွားမလို့လဲ "

" ဟို ငါ ငါ ရေသွားချိုးမလို့ "

" စောနတင် ရေချိုးပြီးပြန်လာတာမလား နောက်ပြီးညဘက်ကြီး အေးနေပြီလေ အပြင်မှာ နှင်းရေတွေတောင်ကျနေပြီ "

" အင်း အမ်း အမ်း ငါ "

အပေါက်ဝ၌ ရပ်နေသောအစ်ကို့အနားသွားလိုက်ပြီး စိတ်လှုပ်ရှားလွန်းလို့ တုန်နေသော အစ်ကို့ပခုံးနှစ်ဖက်အားဆုပ်ကိုင်၍.....

" အိပ်တော့လေ "

" အင်းဟုတ်တယ် ငါအိပ်သင့်ပြီ "

သူ့ပခုံးပေါ်က မိမိလက်နှစ်ဖက်အား တွန်းချလိုက်ပြီး လိုက်ကာအနောက်သို့ ယုန်ဖြူလေးတစ်ကောင်လို ပြေးပုန်းတော့သည်။ အစ်ကိုမသောက်သွားသည့် နွားနို့ခွက်လေးကား မိုးငြိမ်းနှင့်ထပ်တူ မျက်နှာငယ်လို့။
__________________

နေ့လည်ခင်းမိုးငြိမ်းနှင့်အတူ စျေးရောင်းပြန်လာချိန် စျေးထိပ်၌ မထင်ထားသည့်လူနှင့် ဆုံတွေ့လိုက်ရသည်။ သော်တာချမ်းအေးလည်း မမြင်ဖူးသည့်လူတစ်ယောက်ကဲ့သို့ ကျော်သွားချင်ပေမယ့် ထိုလူက သူ့အားအတင်းနှုတ်ဆက်လေသည်။

" ချမ်းလေး ဟုတ်တယ်မလား ချမ်းလေးပါ "

မိုးငြိမ်းကတော့ မိမိနှင့်ထိုလူ့ကို နားမလည်နိုင်သလို ကြည့်နေလေသည်။

" အစ်ကိုနဲ့ အသိလား "

" အင်း သိတယ် "

သူ့ပုံစံက အရင်ကလိုကြည့်ကောင်းခန့်ညားနေဆဲ။ ဝတ်ပုံစားပုံသပ်သပ်ရပ်ရပ်ဖြင့် သာမန်လူရှိန်လောက်သည့် အနေအထားမျိုးရှိသည်။

" ကိုနေ ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ "

စျေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း စကားပြောနေကြခြင်းဖြစ်သည်။ ကိုနေကတော့ အရင်ကလိုအပြင်စာ မစားတတ်သူမို့ သူ့ကိုသာကြည့်နေလေသည်။

" ချမ်းလေး ပြောင်းလဲသွားလိုက်တာ "

" မပြောင်းလဲပါဘူး အရင်လိုပဲလေ "

" ကိုယ် မင်းအဖေဆီက သတင်းကြားကြားချင်း မင်းကိုလိုက်ရှာနေတာ တိုက်တိုက်ဆိုင်ဆိုင် ဒီဘက်မှာအရောင်းအဝယ်လာကြည့်ရင်း တွေ့ရတယ်လို့ "

" အဟက်.... ဒါက မိုးငြိမ်းတဲ့ ကျွန်တော်သူနဲ့အတူနေနေတာ မိုးငြိမ်း ဒါက ကိုနေ ငါ့အဖေရဲ့စီးပွားဖက်လေ "

" အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် "

" အင်း မင်းက ချမ်းလေးကို စောင့်ရှောက်ပေးထားလို့ ကိုယ်ကျေးဇူးတင်ပါတယ် အနှောက်အယှက်လည်းပေးမိပြီ အခုချမ်းလေးကို ကိုယ်ပြန်ခေါ်သွားတော့မယ် "

" ဟမ် "

ကိုနေဆိုသော လူ၏စကားကြောင့် မိုးငြိမ်း၏ရင်တွင်းမှာ လှုပ်ခတ်သွားတော့သည်။ အစ်ကို့ကို တကယ်များပြန်ခေါ်သွားတော့မည်ဆိုလျှင် သူလက်လွှတ်ပေးရတော့မည်။

" ဘာစကားလဲ ကိုနေ "

" ဟုတ်တယ်လေ ချမ်းလေးရဲ့ "

" စိတ်မကောင်းပါဘူး ကိုနေနဲ့ ကျွန်တော့်ကြားမှာ ဘာပတ်သတ်မှုမှမရှိတော့ဘူး ကျွန်တော်က အခုကျွန်တော်ပဲ ကျွန်တော်ပြန်မလိုက်နိုင်ဘူး "

" ချမ်းလေး... "

" ကိုနေ ပြန်ပါတော့ "

" အင်း အခုကိုယ်ပြန်တော့မယ် လက်လျှော့တာမျိုးတော့မဟုတ်ဘူးနော် ချမ်းလေးဒီလိုဘဝမျိုးနဲ့ ရှင်သန်နေတာကို ကိုယ်မကြည့်ရက်ဘူး "

" မလိုပါဘူး ပြန်ပါတော့ နောက်ပြီး ဘယ်တော့မှလာမတွေ့ပါနဲ့ "

" ဒါ ကိုယ့်လွတ်လပ်ခွင့်ပါ ကိုယ်သွားပြီ "

ထိုလူထွက်သွားတော့ အစ်ကိုက ငြိမ်သက်၍ ဆက်ထိုင်နေသည်။ မိုးငြိမ်းလည်း အခြေအနေကို နားမလည်သော်ငှား ထိုလူက အစ်ကို့အပေါ်စကားပြောတာ ပိုင်စိုးပိုင်နဲ့နိုင်လှသည်။

" အစ်ကို ကျွန်တော်မေးသင့်ရဲ့လားမသိပေမယ့် စောနလူနဲ့ အစ်ကို့ရဲ့ပတ်သတ််မှုအစစ်အမှန်ကို သိခွင့်ရမလား "

မိုးငြိမ်းကမေးတော့ သူ့မှာအမှန်တိုင်းဖြေဖို့ရာ စိတ်ထင့်နေခဲ့သည်။ ဖြစ်နိုင်ရင် သူ့ဆိုးဝါးလှသည့်အတိတ်က အကြောင်းအရာတွေကို ပြန်မတွေးချင်တော့ဘူး။

" ငါမပြောချင်ပေမယ့် မိုးငြိမ်းကိုလည်းမလိမ်ထားချင်ဘူး သူကအရင်က ငါ့ရည်းစားလေ "

" အော်..... "

နှလုံးသားနက်နက်သို့ နင်းချေခံရမှုကြောင့် မိုးငြိမ်း၏စိတ်တွေပူဝေလာပြီး အော်ဟုသာထွက်လာတော့သည်။ အစ်ကို၏ မျက်နှာနုနုလေးကိုသာ ငေးကြည့်ရင်း သက်ပြင်းခိုးချမိသည်။

" နောက်ပိုင်း သူ့အိမ်ကသိသွားတော့ သူ့ကိုအိမ်ထောင်ပြုခိုင်းလိုက်တယ်လေ ဒီလိုနဲ့ပဲ ငါတို့လမ်းခွဲလိုက်ကြတာ "

" အာ.... အစ်ကို အဆင်ပြေရဲ့လား "

" ပြေပါတယ် သူ့ကိုလည်း ငါခဏလေးအတွင်း မေ့နိုင်ခဲ့တာပဲ အခုငါ့ရင်ထဲမှာ သူမရှိတော့ဘူးလေ "

" အစ်ကို သေချာလားဟင် "

" အင်း သေချာတယ် "

" တော်သေးတာပေါ့ "

" ဟမ် "

" ဘာမှမဟုတ်ဘူး စားစား "

အစ်ကို့ရင်ထဲ၌ ထိုသူမရှိတော့ဘူးဟုသိရပေမယ့် ထိုသူကလက်လျော့မည့်ပုံမရှိ။ ထပ်လာဦးမည်ဟုပင် ပြောသွားသေးသည်မဟုတ်လား။ နောက်ပြီး သူ့လိုလူထက်စာလျှင် ထိုသူက အစစအရာရာ သာလွန်လွန်းသည်။ ဥစ္စာဓန၊ ပညာအရည်အချင်း၊ ရုပ်ရည်ကအစ အဘက်ဘက်က နှိုင်းယှဥ်စရာမလိုလောက်အောင် ပြည့်စုံနေသည်။

တစ်ဖက်ကပြန်တွေးကြည့်သော် အစ်ကိုသည် သူ့လိုလူနှင့်လုံးဝမထိုက်တန်သည့် ဖြစ်တည်မှုမျိုးလေး။ စိတ်ပိုင်းဖျက်ဖို့ရာလည်း မတတ်နိုင်။ ပထမဦးဆုံးအချစ်မို့ ငယ်ရွယ်သူပီပီလောဘတက်မိသည်။ အစ်ကို့ကို သူ့အနားမှ ဆွဲထုတ်သွားမှာကြောက်မိသည်။ စိတ်မချတော့၍ နောက်နေ့မှစ အစ်ကို့အား အိမ်ထဲမှာသာ ဖွက်ထားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

_____________

(Zawgyi)

သူ႔ကို တမင္တကာေရွာင္ေနမွန္း မိုးၿငိမ္းသိေသာအခါ အစ္ကိုအေနက်ပ္မည္ဆို၍ သူလည္းေရွာင္ဖယ္လာသည္။ အေၾကာင္းျပခ်က္မရွိဘဲ ထိုသို႔ျပဳမူေနရျခင္းကား မိုးၿငိမ္းအတြက္ အမွန္တကယ္နာက်င္ေစ၏။ စေတြ႕တုန္းကကဲ့သို႔ နီးစပ္မႈမ်ိဳးမရွိေတာ့ဘဲ အစ္ကိုက သူ႔အေပၚစိမ္းကားေနျခင္းသည္ မည္သည့္အေၾကာင္းေၾကာင့္မ်ားလဲဟု ထိပ္တိုက္ေမးလိုက္ခ်င္ေသာ္ငွား အစ္ကို႔အေပၚ အတင္းအၾကပ္လုပ္ရျခင္းအမႈကိုလည္း သူ မႏွစ္ၿမိဳ႕ပါေခ် ။

ဤသို႔ျဖင့္ တစ္ဦးႏွင့္တစ္ဦးပိုမိုအလွမ္းေဝးလာသကဲ့သို႔ ခံစားလာရသည္။ အစ္ကို႔အနားကပ္ၿပီး အစ္ကို႔မ်က္ဝန္းမ်ားကို အႀကိမ္ႀကိမ္ဆုံေအာင္ ၾကည့္ခ်င္လာသည့္စိတ္က ႐ူးေလာက္ေအာင္ပဲ။ အရင္လိုအစ္ကို႔ကိုယ္သင္းနံ႔ေလးအား ခိုးရႈိက္ခြင့္ရလွ်င္ဆိုသည့္ တပ္မက္စိတ္ေလးပါ ထပ္ေပါင္းလိုက္ေတာ့ မိုးၿငိမ္းမွာ ေနမထိ၊ထိုင္မသာ။

ထိုကဲ့သို႔ ေသာ္တာခ်မ္းေအးမွာလည္း အျပင္ဘက္ကႏူးညံ့ေနေသာ္ငွား ကိုယ္စိတ္တြင္း၌ မုန္တိုင္းထန္ေနေလ၏။ မိုးၿငိမ္းက သူစိတ္ေကာက္ေနတာကို မသိဘူးလား။ မိုးၿငိမ္းသည္ ေကာင္မေလးႏွင့္ အဆင္ေျပေနၿပီလားဟု သူ႔မွာေတြးပူေနရသည္။ ေနာက္ၿပီး မိုးၿငိမ္းဘက္ကပါ သူ႔ကိုေရွာင္လာ၍ ဝမ္းနည္းလာရသည္။

" အစ္ကို ေန႔လည္စာလည္း နည္းနည္းပဲ စားတယ္ ညစာလည္းသိပ္မစားနဲ႔ ေရာ့ ဒီႏြားႏို႔ေလးေသာက္လိုက္ပါလား "

" ငါမေသာက္ခ်င္ဘူး မိုးၿငိမ္း "

" အစ္ကို! "

" ငါမေသာက္ခ်င္ဘူးလို႔ "

" အစ္ကို ကြၽန္ေတာ့္ကိုဘာလို႔ ဒီလိုစိမ္းကားေနရတာလဲ "

" ဘာကိစၥမွမရွိပါဘူး ငါလည္း ငါကိစၥနဲ႔ငါပါ "

" ေအာ္.....ဒါဆိုလည္း ဘာအခက္အခဲရွိလို႔လဲ ကြၽန္ေတာ့္ကိုေျပာပါေနာ္ "

" မရွိဘူး "

" ဒါဆိုဘာလို႔ ကြၽန္ေတာ့္ကိုေရွာင္လဲ "

" ငါ...."

ေသာ္တာခ်မ္းေအးလည္း ဘာအေၾကာင္းျပခ်က္ျပရမွန္းမသိ ဆြံ႕အလ်က္၊ မိုးၿငိမ္းက သူ႔ကိုစိုက္ၾကည့္ေနရင္း က်စ္ခနဲ စုတ္သပ္လိုက္ၿပီး....

" ကြၽန္ေတာ္နဲ႔မေနခ်င္ေတာ့ဘူးလား အစ္ကိုထြက္သြားခ်င္လို႔လား သိပါတယ္ ကြၽန္ေတာ္က အစ္ကို႔ကို ၿပီးျပည့္စုံေအာင္ မထားႏိုင္ခဲ့ဘူး "

" အဲ့လိုမဟုတ္ဘူး မိုးၿငိမ္းက ငါ့အေပၚအရာရာၿပီးျပည့္စုံေစသူပါ "

သူေျဖရွင္းလို႔မရႏိုင္ေတာ့ေအာင္ မိုးၿငိမ္းက ေခါင္းငိုက္စိုက္ၿပီး သူ႔မ်က္ႏွာကိုပင္မၾကည့္ေတာ့ပါ။ စိိတ္ဓာတ္က်သြားပုံေပၚၿပီး သူ႔အနားမွ ထြက္သြားရန္ျပင္သည္။

" မိုးၿငိမ္း ဘယ္လဲ ဟိုးေန႔ကလို ေလွ်ာက္မသြားပါနဲ႔ ငါတစ္ေယာက္တည္းမေနရဲဘူး ေနာက္ၿပီး "

" ဘာလို႔လဲ "

အစ္ကိုက ဘာဆက္ေျပာခ်င္မွန္းမသိ၍ မိုးၿငိမ္းလည္း အစ္ကို႔ဘက္ျပန္လွည့္လိုက္ေတာ့ သူ႔ကိုယ္ပိုင္ႏွာေခါင္းေပၚရွိမွဲ႔ေလးအား ပြတ္သပ္ရင္းဆိုလာ၏။

" ငါ.. ငါ မိုးၿငိမ္းမရွိရင္ မေနတတ္ဘူး "

အစ္ကို႔ႏႈတ္ခမ္းမွ ထြက္က်လာသည့္ စကားသံတိုးဖ်ဖ်ေၾကာင့္ မိုးၿငိမ္းသည္ ရင္ဘတ္ထဲမွဒိန္းခနဲ ႏွလုံးခုန္သံအား အစ္ကိုမ်ားၾကားသြားေသးလားဟု ျပန္ေမးမိေတာ့မတတ္ လိပ္ျပာမလုံပင္ျဖစ္သြားရ၏။ အစ္ကိုကေတာ့ သူ႔စကားႏွင့္သူ ရႈိးတိုးရွန္႔တန္႔ျဖစ္သြားၿပီး မိုးၿငိမ္းကို တြန္းတိုက္၍ အျပင္ကို ဦးေအာင္ထြက္ရန္ျပင္သည္။

" ကြၽန္ေတာ္မရွိဘဲ မေနႏိုင္ဘူးဆိုၿပီး တစ္ေယာက္တည္းက် ဘယ္သြားမလို႔လဲ "

" ဟို ငါ ငါ ေရသြားခ်ိဳးမလို႔ "

" ေစာနတင္ ေရခ်ိဳးၿပီးျပန္လာတာမလား ေနာက္ၿပီးညဘက္ႀကီး ေအးေနၿပီေလ အျပင္မွာ ႏွင္းေရေတြေတာင္က်ေနၿပီ "

" အင္း အမ္း အမ္း ငါ "

အေပါက္ဝ၌ ရပ္ေနေသာအစ္ကို႔အနားသြားလိုက္ၿပီး စိတ္လႈပ္ရွားလြန္းလို႔ တုန္ေနေသာ အစ္ကို႔ပခုံးႏွစ္ဖက္အားဆုပ္ကိုင္၍.....

" အိပ္ေတာ့ေလ "

" အင္းဟုတ္တယ္ ငါအိပ္သင့္ၿပီ "

သူ႔ပခုံးေပၚက မိမိလက္ႏွစ္ဖက္အား တြန္းခ်လိုက္ၿပီး လိုက္ကာအေနာက္သို႔ ယုန္ျဖဴေလးတစ္ေကာင္လို ေျပးပုန္းေတာ့သည္။ အစ္ကိုမေသာက္သြားသည့္ ႏြားႏို႔ခြက္ေလးကား မိုးၿငိမ္းႏွင့္ထပ္တူ မ်က္ႏွာငယ္လို႔။
__________________

ေန႔လည္ခင္းမိုးၿငိမ္းႏွင့္အတူ ေစ်းေရာင္းျပန္လာခ်ိန္ ေစ်းထိပ္၌ မထင္ထားသည့္လူႏွင့္ ဆုံေတြ႕လိုက္ရသည္။ ေသာ္တာခ်မ္းေအးလည္း မျမင္ဖူးသည့္လူတစ္ေယာက္ကဲ့သို႔ ေက်ာ္သြားခ်င္ေပမယ့္ ထိုလူက သူ႔အားအတင္းႏႈတ္ဆက္ေလသည္။

" ခ်မ္းေလး ဟုတ္တယ္မလား ခ်မ္းေလးပါ "

မိုးၿငိမ္းကေတာ့ မိမိႏွင့္ထိုလူ႔ကို နားမလည္ႏိုင္သလို ၾကည့္ေနေလသည္။

" အစ္ကိုနဲ႔ အသိလား "

" အင္း သိတယ္ "

သူ႔ပုံစံက အရင္ကလိုၾကည့္ေကာင္းခန္႔ညားေနဆဲ။ ဝတ္ပုံစားပုံသပ္သပ္ရပ္ရပ္ျဖင့္ သာမန္လူရွိန္ေလာက္သည့္ အေနအထားမ်ိဳးရွိသည္။

" ကိုေန ဘယ္လိုလုပ္ဒီကိုေရာက္လာတာလဲ "

ေစ်းထိပ္က လက္ဖက္ရည္ဆိုင္မွာ ထိုင္ၾကရင္း စကားေျပာေနၾကျခင္းျဖစ္သည္။ ကိုေနကေတာ့ အရင္ကလိုအျပင္စာ မစားတတ္သူမို႔ သူ႔ကိုသာၾကည့္ေနေလသည္။

" ခ်မ္းေလး ေျပာင္းလဲသြားလိုက္တာ "

" မေျပာင္းလဲပါဘူး အရင္လိုပဲေလ "

" ကိုယ္ မင္းအေဖဆီက သတင္းၾကားၾကားခ်င္း မင္းကိုလိုက္ရွာေနတာ တိုက္တိုက္ဆိုင္ဆိုင္ ဒီဘက္မွာအေရာင္းအဝယ္လာၾကည့္ရင္း ေတြ႕ရတယ္လို႔ "

" အဟက္.... ဒါက မိုးၿငိမ္းတဲ့ ကြၽန္ေတာ္သူနဲ႔အတူေနေနတာ မိုးၿငိမ္း ဒါက ကိုေန ငါ့အေဖရဲ႕စီးပြားဖက္ေလ "

" ေအာ္ ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္ "

" အင္း မင္းက ခ်မ္းေလးကို ေစာင့္ေရွာက္ေပးထားလို႔ ကိုယ္ေက်းဇူးတင္ပါတယ္ အေႏွာက္အယွက္လည္းေပးမိၿပီ အခုခ်မ္းေလးကို ကိုယ္ျပန္ေခၚသြားေတာ့မယ္ "

" ဟမ္ "

ကိုေနဆိုေသာ လူ၏စကားေၾကာင့္ မိုးၿငိမ္း၏ရင္တြင္းမွာ လႈပ္ခတ္သြားေတာ့သည္။ အစ္ကို႔ကို တကယ္မ်ားျပန္ေခၚသြားေတာ့မည္ဆိုလွ်င္ သူလက္လႊတ္ေပးရေတာ့မည္။

" ဘာစကားလဲ ကိုေန "

" ဟုတ္တယ္ေလ ခ်မ္းေလးရဲ႕ "

" စိတ္မေကာင္းပါဘူး ကိုေနနဲ႔ ကြၽန္ေတာ့္ၾကားမွာ ဘာပတ္သတ္မႈမွမရွိေတာ့ဘူး ကြၽန္ေတာ္က အခုကြၽန္ေတာ္ပဲ ကြၽန္ေတာ္ျပန္မလိုက္ႏိုင္ဘူး "

" ခ်မ္းေလး... "

" ကိုေန ျပန္ပါေတာ့ "

" အင္း အခုကိုယ္ျပန္ေတာ့မယ္ လက္ေလွ်ာ့တာမ်ိဳးေတာ့မဟုတ္ဘူးေနာ္ ခ်မ္းေလးဒီလိုဘဝမ်ိဳးနဲ႔ ရွင္သန္ေနတာကို ကိုယ္မၾကည့္ရက္ဘူး "

" မလိုပါဘူး ျပန္ပါေတာ့ ေနာက္ၿပီး ဘယ္ေတာ့မွလာမေတြ႕ပါနဲ႔ "

" ဒါ ကိုယ့္လြတ္လပ္ခြင့္ပါ ကိုယ္သြားၿပီ "

ထိုလူထြက္သြားေတာ့ အစ္ကိုက ၿငိမ္သက္၍ ဆက္ထိုင္ေနသည္။ မိုးၿငိမ္းလည္း အေျခအေနကို နားမလည္ေသာ္ငွား ထိုလူက အစ္ကို႔အေပၚစကားေျပာတာ ပိုင္စိုးပိုင္နဲ႔ႏိုင္လွသည္။

" အစ္ကို ကြၽန္ေတာ္ေမးသင့္ရဲ႕လားမသိေပမယ့္ ေစာနလူနဲ႔ အစ္ကို႔ရဲ႕ပတ္သတ္္မႈအစစ္အမွန္ကို သိခြင့္ရမလား "

မိုးၿငိမ္းကေမးေတာ့ သူ႔မွာအမွန္တိုင္းေျဖဖို႔ရာ စိတ္ထင့္ေနခဲ့သည္။ ျဖစ္ႏိုင္ရင္ သူ႔ဆိုးဝါးလွသည့္အတိတ္က အေၾကာင္းအရာေတြကို ျပန္မေတြးခ်င္ေတာ့ဘူး။

" ငါမေျပာခ်င္ေပမယ့္ မိုးၿငိမ္းကိုလည္းမလိမ္ထားခ်င္ဘူး သူကအရင္က ငါ့ရည္းစားေလ "

" ေအာ္..... "

ႏွလုံးသားနက္နက္သို႔ နင္းေခ်ခံရမႈေၾကာင့္ မိုးၿငိမ္း၏စိတ္ေတြပူေဝလာၿပီး ေအာ္ဟုသာထြက္လာေတာ့သည္။ အစ္ကို၏ မ်က္ႏွာႏုႏုေလးကိုသာ ေငးၾကည့္ရင္း သက္ျပင္းခိုးခ်မိသည္။

" ေနာက္ပိုင္း သူ႔အိမ္ကသိသြားေတာ့ သူ႔ကိုအိမ္ေထာင္ျပဳခိုင္းလိုက္တယ္ေလ ဒီလိုနဲ႔ပဲ ငါတို႔လမ္းခြဲလိုက္ၾကတာ "

" အာ.... အစ္ကို အဆင္ေျပရဲ႕လား "

" ေျပပါတယ္ သူ႔ကိုလည္း ငါခဏေလးအတြင္း ေမ့ႏိုင္ခဲ့တာပဲ အခုငါ့ရင္ထဲမွာ သူမရွိေတာ့ဘူးေလ "

" အစ္ကို ေသခ်ာလားဟင္ "

" အင္း ေသခ်ာတယ္ "

" ေတာ္ေသးတာေပါ့ "

" ဟမ္ "

" ဘာမွမဟုတ္ဘူး စားစား "

အစ္ကို႔ရင္ထဲ၌ ထိုသူမရွိေတာ့ဘူးဟုသိရေပမယ့္ ထိုသူကလက္ေလ်ာ့မည့္ပုံမရွိ။ ထပ္လာဦးမည္ဟုပင္ ေျပာသြားေသးသည္မဟုတ္လား။ ေနာက္ၿပီး သူ႔လိုလူထက္စာလွ်င္ ထိုသူက အစစအရာရာ သာလြန္လြန္းသည္။ ဥစၥာဓန၊ ပညာအရည္အခ်င္း၊ ႐ုပ္ရည္ကအစ အဘက္ဘက္က ႏႈိင္းယွဥ္စရာမလိုေလာက္ေအာင္ ျပည့္စုံေနသည္။

တစ္ဖက္ကျပန္ေတြးၾကည့္ေသာ္ အစ္ကိုသည္ သူ႔လိုလူႏွင့္လုံးဝမထိုက္တန္သည့္ ျဖစ္တည္မႈမ်ိဳးေလး။ စိတ္ပိုင္းဖ်က္ဖို႔ရာလည္း မတတ္ႏိုင္။ ပထမဦးဆုံးအခ်စ္မို႔ ငယ္႐ြယ္သူပီပီေလာဘတက္မိသည္။ အစ္ကို႔ကို သူ႔အနားမွ ဆြဲထုတ္သြားမွာေၾကာက္မိသည္။ စိတ္မခ်ေတာ့၍ ေနာက္ေန႔မွစ အစ္ကို႔အား အိမ္ထဲမွာသာ ဖြက္ထားေတာ့မည္ဟု ဆုံးျဖတ္လိုက္သည္။


_____________
© အမရာခွန်း (Ten),
книга «အိမ်».
Коментарі