Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
Part-10
Part-4
(Unicode)

အစ်ကို့ကို ရေချိုးတဲ့နေရာဆီ တစ်ယောက်တည်းလွှတ်ဖို့ စိတ်မချ၍ မိုးငြိမ်းလိုက်သွားရသည်။ အစ်ကိုက ရေလဲပုဆိုးနှင့် အပေါ်က မျက်နှာသုတ်ပုဝါကို အုပ်ထားသေးသည်။ ရေချိုးတဲ့ အုတ်ကန်နားအရောက် တခြားလူများကလည်း ချိုးနေကြသည်။ ယောကျ်ားလေး ၅ယောက်လောက်ချိုးနေကြ၍ သူတို့၏ မျက်နှာချင်းဆိုင်ဘက်မှာ အစ်ကို့ကို ချိုးခိုင်းရသည်။

" အစ်ကို ချိုးလေ "

အစ်ကိုက မိုးငြိမ်းကို လှမ်းကြည့်နေသည်။ တခြားကောင်လေးများကလည်း အစ်ကို့ကို ဒီနေ့မှ စတွေ့ရ၍ ထူးထူးဆန်းဆန်းကြည့်နေသည်။ အစ်ကိုက တဘက်ကို မဖယ်သေးဘဲ ရပ်နေ၍ အရှေ့က လူတွေကိုလည်း မကြည့်ဘဲ ခေါင်းငုံ့နေ၏။ အစ်ကို့နားရွက်ဖျားလေးတွေက ရဲနေသည်။ အစ်ကိုက တစိမ်းယောကျ်ားလေးတွေရှေ့မှာ ရေချိုးရမှာကို ရှက်နေပုံပဲ။

" မိုးငြိမ်း ဒီကလေးလေးက ဘယ်ကလဲ "

" အော် ငါ့အစ်ကို "

"အာ...အစ်ကိုဆိုတော့ ငါတို့ထက်လည်း ကြီးမှာပေါ့ မင်းရဲ့ အစ်ကိုက နုနုဖက်ဖက်လေးကြည့်ဦး မင်းလို လူကြမ်းရုပ်လည်း မဟုတ်ဘူး "

"ဟျောင့်! မစနဲ့ မင်းတို့ မြန်မြန်ချိုးပြီး သွားတော့ အစ်ကို ရေချိုးမို့ "

" ဟင် နေရာလွတ်တွေ အများကြီးကို ချိုးပေါ့ ဘာလဲ မင်းရဲ့ အစ်ကိုက....... ယောကျ်ားလေးမဟုတ်ဘဲ..... မိန်းကလေးများဖြစ်နေလို့လား "

"ဟျောင့်တွေ "

"ဟားဟား စတာပါ မင်းရဲ့ အစ်ကိုက တဘက်ကြီးချုံထားတာကိုကွ "

ဒီကောင်တွေ အစအနောက်သန်ပုံနဲ့ အစ်ကိုက မနေတတ်မထိုင်တတ်တွေ ဖြစ်နေပြီ။ မိုးငြိမ်း၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ထထိုးနိုင်ချေရှိ၍ မြန်မြန်ချိုးပြီး ထွက်သွားကြသည်။

" သူတို့သွားပြီ အစ်ကိုချိုးတော့ "

" အင်း "

အစ်ကိုက သူ့ရင်ဘတ်ပေါ်ရှိ တဘက်ကို ဖယ်လိုက်သည်။ မြင်ဖူးပြီးသားစိမ်းစိမ်းဥဥအသားအရည်လေးပေမယ့် မိုးငြိမ်း အမြင်မသင့်ဟု သတ်မှတ်၍ မျက်နှာလွှဲလိုက်သည်။ တကယ်ဆို အစ်ကိုရောက်လာတဲ့နေ့က အိပ်ပျော်နေစဥ်အဝတ်အစားလဲပေးတုန်းကတည်းက ခန္ဓာကိုယ်တစ်ခုလုံးကို အလွတ်မှတ်မိနေသည်အထိ ကြည့်ထားပြီးပြီ။ ကြည့်လေကြည့်လေ ကြည့်မဝနိုင်အောင် လှနေသောကြောင့် ကြည့်ကောင်းကောင်းဖြင့် ထိုင်ကြည့်ခဲ့ပြီးပြီ။ တစ်သက်နဲ့တစ်ကိုယ်မိန်းမလှတွေတောင် ဒီလောက်မငေးဖူးပေမယ့် အစ်ကို့ခန္ဓာကိုယ်ကိုတော့ အချိန်အတော်ကြာငေးကြည့်ခဲ့မိသည်။ ထို့ကြောင့် အစ်ကို့ကို ပြန်အားနာရသည်။ အစ်ကို့မျက်နှာမြင်တိုင်း ထိုနေ့က အစ်ကို့ခန္ဓာကိုယ်လေးကို မျက်လုံးထဲပြန်မြင်ယောင်လာသည်။ မိုးငြိမ်းရဲ့ စိတ်အာရုံထဲမှာ အစ်ကို့ရဲ့ အဝတ်ကင်းမဲ့နေတဲ့ ဖြူဖြူဥဥအသားအရည်လေးရယ်၊ သွေးကြောစိမ်းလေးတွေ ဖြတ်သန်းစီးဆင်းနေတဲ့ ခန္ဓာကိုယ်က ကြီးစိုးနေ၏။

မိုးငြိမ်းရဲ့ အတွေးတွေ မှောင်မိုက်နေတုန်း အစ်ကိုက ရေချိုးပြီးသွားပြီ။ အစ်ကိုက ပုဆိုးလဲပြီး တဘက်ပြန်ပတ်ထား၍ မိုးငြိမ်းအနားရောက်လာသည်။

" မိုးငြိမ်း ငါပြီးပြီ အခန်းပြန်ရအောင် "

"ဟင် အင်း အစ်ကို အရှေ့ကသွား "

အစ်ကိုက သူ့အရှေ့မှ ထွက်သွားသည်။
အခန်းထဲရောက်တော့ အစ်ကိုက လိုက်ကာအနောက်မှာ အဝတ်အစားလဲနေသည်။ မိုးငြိမ်းကသာ အပြင်မှာ စိတ်မတည်မငြိမ် အတော်ကြာတော့ သူမနေနိုင်တော့ အခန်းထဲမှ ထွက်ခဲ့သည်။

သော်တာချမ်းအေး အဝတ်အစားလဲပြီးတော့ မိုးငြိမ်းမရှိတော့။ မိုးငြိမ်း ဘယ်များထွက်သွားလဲလို့ သူထွက်ရှာမိသေးသည်။ အဆောင်အပြင်ဘက်မှာ မိုးငြိမ်းက ထိုင်နေတာ။

" မိုးငြိမ်း "

"ဗျာ အစ်ကို လာလေ "

" မင်းပျောက်နေလို့ ငါရှာနေတာ "

" အင်း "

" ဟို ငါနဲ့ အခန်းထဲမှာ အတူနေရတာ အဆင်မပြေလို့လားဟင် "

" မဟုတ်ပါဘူး "

" ငါက မိုးငြိမ်းကို ဒုက္ခပေးနေသလို ဖြစ်နေတာလား ငါရေချိုးတာအထိ မင်းကို အလုပ်ရှုပ်ခဲ့တယ် "

"ဟာ မဟုတ်တာ အဲ့လိုမဟုတ်ဘူး အခုလည်း ဒီအတိုင်းထွက်လာတာ "

" အဲ့လိုမဟုတ်ရင် ငါ့လိုလူတစ်ယောက်နဲ့ တစ်ခန်းတည်းအတူနေရတော့ "

" အစ်ကို ! မဟုတ်ဘူးလို့ အစ်ကို တွေးနေတာတွေ တစ်ခုမှမဟုတ်ဘူး ပြောရခက်တယ်ဗျာ ကျစ် "

မိုးငြိမ်းက သူ့အနားက ထထွက်သွားပြီး အဆောင်ထဲဝင်သွားသည်။ သူအရှေ့က အုတ်ခုံလေးမှာ ထိုင်နေရင်း ဒူးလေးကျုတ်လိုက်ပြီး ဝေ့ဝါးလာသော မျက်လုံးများကို လက်ဖမိုးဖြင့် ဖိသုတ်လိုက်သည်။ သူ့လိုလူတစ်ယောက်က အားလုံးကို ဒုက္ခပေးနေတာ။ သူများစိတ်ရှုပ်အောင် လုပ်ဖို့ပဲ သက်သက်မွေးဖွားလာတာ။ သူ့ကို ဘယ်သူမှ ကြာရှည်လက်မခံနိုင်ကြဘူး။ နောက်ဆုံး မိုးငြိမ်းတောင်မှ ရှောင်ဖယ်သွားခဲ့ပြီ။

သူ အပြင်ဘက်မှာ ဆက်ထိုင်နေတာ အတော်ကြာသွားပြီ။ နေဝင်ဖျိုးဖျ အချိန်တောင် ရှိနေပြီ။ သူအထဲမဝင်တာ အကြောင်းရှိသည်။ မိုးငြိမ်း စိတ်အနှောက်အယှက်ဖြစ်မှာ ဆိုးတာ။
လမ်းသွားလမ်းလာတွေက သူ့ကို ကြည့်သွားကြသည်။ ဟိုနေ့က ဘောလုံးကန်တဲ့ အဖွဲ့ကလည်း သူ့ကိုမြင်တော့ စသွားသေးသည်။ သူကတော့ ဘာမှမတုံ့ပြန်လိုက်ပါ။

မိုးငြိမ်းက ခဏကြာတော့ အပြင်ကို ပြန်ထွက်လာပြီး သူ့ကို ဆွဲခေါ်သည်။ မိုးငြိမ်းရဲ့ ခြေလှမ်းတွေက မြန်တော့ သူမနည်းလိုက်ရသည်။ အခန်းထဲရောက်တော့ သူ့ကို တွန်းချသည်။

" အာ့ "

" အပြင်မှာ အကြာကြီးဘာလုပ်နေတာလဲ ဟမ် အလှပြနေတာလား "

" ဟို... မိုးငြိမ်း ငါက မင်းကို အနှောက်အယှက်ဖြစ်မှာစိုးလို့ ထွက်နေတာပါ "

မိုးငြိမ်းဆုပ်ကိုင်ခဲ့တဲ့ သူ့လက်ကောက်ဝတ်က နာနေသည်။ သမံတလင်းပေါ် တွန်းချခြင်းခံခဲ့ရ၍ သူ့တင်ပါးကလည်း နာသွားသည်။ တစ်ဆက်တည်းတွေ့လိုက်တာက သူ့ကို မိုးငြိမ်းက အနိုင်ကျင့်ပါသည်။

မိုးငြိမ်းက သူ့အရှေ့မှာ စိတ်ပျက်သလို ထိုင်ချလိုက်သည်။

" အစ်ကို "

မိုးငြိမ်းက လေသံဖျော့ဖျော့နဲ့ ခေါ်တော့လည်း သူငိုချင်သည်။

" ငါတောင်းပန်ပါတယ် ဟင့် ငါ ငါ ထွက်သွားပေးပါ့မယ် ငါ့ကြောင့်နဲ့ ဘယ်သူ့ကိုမှ စိတ်မညစ်စေချင်ပါဘူး  "

" ထွက်မသွားရပါဘူး အစ်ကို့ကို ထွက်သွားခွင့်မပေးနိုင်ဘူး ကျွန်တော်တောင်းပန်ပါတယ် အစ်ကို့ကို ဝိုင်းကြည့်နေကြတော့ ကျွန်တော်ဒေါသထွက်သွားတယ် "

" မဟုတ်ဘူး ငါပဲ ဒီကနေ "

" မလိုဘူးလို့ "

" ငါ့ကြောင့် စိတ်ရှုပ်ရမယ် "

" အစ်ကို့ကြောင့် မဟုတ်ဘူး ဒါတွေ အကုန်လုံးက ကျွန်တော့်စိတ်က ဖြစ်နေတာ ကျစ်! ကျွန်တော်နားမလည်တော့ဘူး နားလည်တဲ့တစ်နေ့ကျမှ ကျွန်တော် အစ်ကို့ကို သေချာပေါက်ပြောပါ့မယ် "

" အဲ့ဆိုလည်း ပြီးတာပဲ "

" လာ ထမင်းစားကြရအောင် ထ "

ထမင်းစားနေရင်းလည်း မိုးငြိမ်းကို မျက်စောင်းထိုးလိုက်သေးသည်။ မိုးငြိမ်းထည့်ပေးသော ဟင်းကို မိုးငြိမ်း ပန်းကန်ထဲ ပြန်ထည့်ပေးသည်။ သူတို့ အခြေအနေကို အကဲခတ်နေတဲ့ ကြီးတော်က ထမေးတော့သည်။

" မိုးငြိမ်း နင် ကလေးကို စိတ်မကောင်းဖြစ်အောင် လုပ်ထားလား "

" အာ...ကြီးတော် ကျွန်တော့်ကို မိုးငြိမ်းက ဘာမှမလုပ်ပါဘူး ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ် "

" အော် ဟုတ်လား ကလေးပြောလို့ ကြီးတော်ယုံလိုက်မယ် ဒီကောင့်ကိုတော့ အယုံအကြည်မရှိဘူး "

" ကြီးတော် ဘာတွေလျှောက်ပြောနေတာလဲ ကျွန်တော်က တူအရင်းဆိုတာလည်း သတိရဦး "

မိုးငြိမ်း ဝင်ပြောလိုက်တော့ ကြီးတော်က သူ့ကို မျက်စောင်းထိုးသည်။ သူ့မှာ အလကားနေရင်း တစ်နေ့လုံးမျက်စောင်းထိုးခံနေရသည်။

နောက်တစ်နေ့ မိုးငြိမ်း ဈေးသွားဖို့ကို ဗျာများနေရသည်။ အစ်ကို့ကို အရီးနား ထပ်ပို့ရမှာ ခပ်လန့်လန့်။ မနေ့ကလို အရီးဈေးခိုင်းရင် မသွားပေးဖို့ကိုလည်း အတန်တန်မှာရသည်။ ဒါတောင် သင်းလေးက အရေးကြီးရင်ရောဆိုပြီး ပြန်မေးသေးသည်။ အရီးက ပေါက်ကရအတတ်တွေ သင်ပေးလိုက်မှာလည်း စိုးရ ။ အရီးက တောသူဆိုပေမယ့် နယ်စုံတတ်ကျွမ်းသူ ။ ၁၇သမီးအရွယ်နှင့် ရန်ကုန်ကို တက်လာပြီး အခြေချနိုင်အောင် ကြိုးစားခဲ့တာပဲ ကြည့်တော့ ။ သူ​မှာသမျှကို အိပ်ချင်မူးတူးဖြင့် ခေါင်းတညိတ်ညိတ်နားထောင်နေခဲ့သည်။ သူ မရှိချိန်တော့ လိုက်နာ၊ မလိုက်နာ မသိ။

သော်တာချမ်းအေးသည် အိပ်ရာနိုးတာနှင့် အရီးအခန်းကို သွားလိုက်ပြီး အရီးနှင့်အတူ မနက်စာစားကြသည်။ ပြီးနောက် အရီးပြောသည့် ရပ်ကွက်ထဲရှိအတင်းမှန်သမျှကို နားထောင်သည်။ အရီးက သူနှင့် မိုးငြိမ်းအကြောင်းကိုလည်း စပ်စပ်စုစုမေးသေးသည်။

" ဟုတ်တယ် အရီးရဲ့ ကြီးတော်ကိုတော့ ပြန်မပြောနဲ့နော် ရှူးးးး သားကို မိုးငြိမ်းကလေ မနေ့က အနိုင်ကျင့်တယ် "

ဆူပုတ်ပုတ်နှင့်ပြောနေသော ကောင်လေးကို ကြည့်နေရင်း အရီး၏မျက်လုံးများပြူးသွား၏။

" ဒီမှာကြည့် "

လက်ကောက်ဝတ်တစ်ဖက်ကို ရှေ့တိုးပြီး ပြလာတော့  ကလေး၏အသားဖြူဖြူကြောင့် လက်ကောက်ဝတ်မှာ အနည်းငယ် ရဲနေတာတွေ့ရသည်။

" သား မအော်ဘူးလား "

" မအော်ပါဘူး မိုးငြိမ်းက ဒေါသထွက်နေတာ သားကြောက်တာပေါ့ နောက်ပြီး သားရဲ့ တင်ပါးလည်း နာသွားသေးတာ "

အရီး၏ နှုတ်ခမ်းတွေ အိုပုံစံဖြစ်သွားပြီးတော့ လက်တစ်ဖက်နှင့် အမြန်အုပ်လိုက်သေးသည်။

" ကလေးရယ် ဖြစ်မှ ဖြစ်ရလေ ဒီအကောင်စုတ်ကြောင့် ကလေးဘဝ လူပျိုရည်လေး ပျက်ရပြီပေါ့  "

" ဟင် "

" စိတ်မပူနဲ့ ကလေး ဟိုအကောင်ပြန်လာရင် ဝါးရင်းတုတ်နဲ့ကို ရိုက်ပြီး ကလေးကို တာဝန်ယူခိုင်းပါ့မယ် "

ကိုယ့်ကို မှီခိုအားထားနေတဲ့ ကလေးကိုမှ မိုးငြိမ်းတို့ ဒီလိုအနိုင်ကျင့်ရက်တယ်လို့။

" ဟာ... အရီးကလည်း ဘာတွေလျှောက်ပြောနေတာလဲ သားပြောတဲ့ အနိုင်ကျင့်တယ်ဆိုတာ သားလက်ကို အတင်းညှစ်ပြီး သမံတလင်းပေါ် စောင့်တွန်းတယ်လို့ ဆိုလိုတာ ဟိုဟာမဟုတ်ဘူး "

" အော် အဲ့လိုလား..... ဟီးဟီး ဒါနဲ့ ဘာလို့ သူက အဲ့လို လုပ်ရတာလဲ "

" သားဘယ်သိမလဲ သားက အပြင်ထွက်ထိုင်နေတာ ဟိုကောင်လေးတွေက ဝိုင်းစနေတော့ သူကထွက်လာပြီး သားကို အဲ့လိုလုပ်တာ ပြီးတော့ပြောသေး အလှပြနေတာလားတဲ့ ဟွန့် "

အရီး ကျိတ်ပြုံးလိုက်သည်။ မိုးငြိမ်းတို့တော့ ငါပြောတဲ့အတိုင်း ချစ်မိကြတော့မယ်နဲ့ တူတယ်။ လှော်ပေးဦးမှပါ။

" ကလေး အဲ့တာသူက ကလေးကို အူတိုတာ သိလား "

" ဟမ် ဘာကို အူတိုတာလဲ "

" အော် သမီးရည်းစားတွေလိုမျိုးလေ သဝန်တိုတာ "

" ဟင် သားတို့က ရည်းစားတွေမဟုတ်ဘူးလေ နောက်ပြီး သူက သားကို ဘယ်လိုလုပ်ကြိုက်မှာလဲ "

ကလေးက သူ့ရှေ့မှာတင် မျက်နှာညှိုးကျသွားသည်။ မေသူ့အမေက လာပြောပြ၍ ကလေးက ယောကျ်ားလေးတွေကို ကြိုက်တတ်မှန်း သူသိထားသည်။

" ကလေး မိုးငြိမ်းကို စိတ်ဝင်စားလား "

" ဟင် "

အရီး၏မေးခွန်းကို သူဘာ​ပြန်ဖြေရမှန်း မသိ။ သူ ခဏတာ ညိမ်ကျသွားသည်။ သူ မိုးငြိမ်းကို စိတ်ဝင်စားလား၊ စိတ်မဝင်စားဘူးလားဆိုတာ သူမသိပါ။ မိုးငြိမ်း သူ့ကို အရမ်းရွံသွားမှာ ကြောက်ပါသည်။ အရီး၏အ​မေးကို ပြန်မဖြေဘဲ အရီးကိုသာ ကြောင်ကြည့်နေမိသည်။

(Zawgyi)

အစ္ကို႔ကို ေရခ်ိဳးတဲ့ေနရာဆီ တစ္ေယာက္တည္းလႊတ္ဖို႔ စိတ္မခ်၍ မိုးၿငိမ္းလိုက္သြားရသည္။ အစ္ကိုက ေရလဲပုဆိုးႏွင့္ အေပၚက မ်က္ႏွာသုတ္ပုဝါကို အုပ္ထားေသးသည္။ ေရခ်ိဳးတဲ့ အုတ္ကန္နားအေရာက္ တျခားလူမ်ားကလည္း ခ်ိဳးေနၾကသည္။ ေယာက်္ားေလး ၅ေယာက္ေလာက္ခ်ိဳးေနၾက၍ သူတို႔၏ မ်က္ႏွာခ်င္းဆိုင္ဘက္မွာ အစ္ကို႔ကို ခ်ိဳးခိုင္းရသည္။

" အစ္ကို ခ်ိဳးေလ "

အစ္ကိုက မိုးၿငိမ္းကို လွမ္းၾကည့္ေနသည္။ တျခားေကာင္ေလးမ်ားကလည္း အစ္ကို႔ကို ဒီေန႔မွ စေတြ႕ရ၍ ထူးထူးဆန္းဆန္းၾကည့္ေနသည္။ အစ္ကိုက တဘက္ကို မဖယ္ေသးဘဲ ရပ္ေန၍ အေရွ႕က လူေတြကိုလည္း မၾကည့္ဘဲ ေခါင္းငုံ႔ေန၏။ အစ္ကို႔နား႐ြက္ဖ်ားေလးေတြက ရဲေနသည္။ အစ္ကိုက တစိမ္းေယာက်္ားေလးေတြေရွ႕မွာ ေရခ်ိဳးရမွာကို ရွက္ေနပုံပဲ။

" မိုးၿငိမ္း ဒီကေလးေလးက ဘယ္ကလဲ "

" ေအာ္ ငါ့အစ္ကို "

"အာ...အစ္ကိုဆိုေတာ့ ငါတို႔ထက္လည္း ႀကီးမွာေပါ့ မင္းရဲ႕ အစ္ကိုက ႏုႏုဖက္ဖက္ေလးၾကည့္ဦး မင္းလို လူၾကမ္း႐ုပ္လည္း မဟုတ္ဘူး "

"ေဟ်ာင့္! မစနဲ႔ မင္းတို႔ ျမန္ျမန္ခ်ိဳးၿပီး သြားေတာ့ အစ္ကို ေရခ်ိဳးမို႔ "

" ဟင္ ေနရာလြတ္ေတြ အမ်ားႀကီးကို ခ်ိဳးေပါ့ ဘာလဲ မင္းရဲ႕ အစ္ကိုက....... ေယာက်္ားေလးမဟုတ္ဘဲ..... မိန္းကေလးမ်ားျဖစ္ေနလို႔လား "

"ေဟ်ာင့္ေတြ "

"ဟားဟား စတာပါ မင္းရဲ႕ အစ္ကိုက တဘက္ႀကီးခ်ဳံထားတာကိုကြ "

ဒီေကာင္ေတြ အစအေနာက္သန္ပုံနဲ႔ အစ္ကိုက မေနတတ္မထိုင္တတ္ေတြ ျဖစ္ေနၿပီ။ မိုးၿငိမ္း၏ မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္ၿပီး ထထိုးႏိုင္ေခ်ရွိ၍ ျမန္ျမန္ခ်ိဳးၿပီး ထြက္သြားၾကသည္။

" သူတို႔သြားၿပီ အစ္ကိုခ်ိဳးေတာ့ "

" အင္း "

အစ္ကိုက သူ႔ရင္ဘတ္ေပၚရွိ တဘက္ကို ဖယ္လိုက္သည္။ ျမင္ဖူးၿပီးသားစိမ္းစိမ္းဥဥအသားအရည္ေလးေပမယ့္ မိုးၿငိမ္း အျမင္မသင့္ဟု သတ္မွတ္၍ မ်က္ႏွာလႊဲလိုက္သည္။ တကယ္ဆို အစ္ကိုေရာက္လာတဲ့ေန႔က အိပ္ေပ်ာ္ေနစဥ္အဝတ္အစားလဲေပးတုန္းကတည္းက ခႏၶာကိုယ္တစ္ခုလုံးကို အလြတ္မွတ္မိေနသည္အထိ ၾကည့္ထားၿပီးၿပီ။ ၾကည့္ေလၾကည့္ေလ ၾကည့္မဝႏိုင္ေအာင္ လွေနေသာေၾကာင့္ ၾကည့္ေကာင္းေကာင္းျဖင့္ ထိုင္ၾကည့္ခဲ့ၿပီးၿပီ။ တစ္သက္နဲ႔တစ္ကိုယ္မိန္းမလွေတြေတာင္ ဒီေလာက္မေငးဖူးေပမယ့္ အစ္ကို႔ခႏၶာကိုယ္ကိုေတာ့ အခ်ိန္အေတာ္ၾကာေငးၾကည့္ခဲ့မိသည္။ ထို႔ေၾကာင့္ အစ္ကို႔ကို ျပန္အားနာရသည္။ အစ္ကို႔မ်က္ႏွာျမင္တိုင္း ထိုေန႔က အစ္ကို႔ခႏၶာကိုယ္ေလးကို မ်က္လုံးထဲျပန္ျမင္ေယာင္လာသည္။ မိုးၿငိမ္းရဲ႕ စိတ္အာ႐ုံထဲမွာ အစ္ကို႔ရဲ႕ အဝတ္ကင္းမဲ့ေနတဲ့ ျဖဴျဖဴဥဥအသားအရည္ေလးရယ္၊ ေသြးေၾကာစိမ္းေလးေတြ ျဖတ္သန္းစီးဆင္းေနတဲ့ ခႏၶာကိုယ္က ႀကီးစိုးေန၏။

မိုးၿငိမ္းရဲ႕ အေတြးေတြ ေမွာင္မိုက္ေနတုန္း အစ္ကိုက ေရခ်ိဳးၿပီးသြားၿပီ။ အစ္ကိုက ပုဆိုးလဲၿပီး တဘက္ျပန္ပတ္ထား၍ မိုးၿငိမ္းအနားေရာက္လာသည္။

" မိုးၿငိမ္း ငါၿပီးၿပီ အခန္းျပန္ရေအာင္ "

"ဟင္ အင္း အစ္ကို အေရွ႕ကသြား "

အစ္ကိုက သူ႔အေရွ႕မွ ထြက္သြားသည္။
အခန္းထဲေရာက္ေတာ့ အစ္ကိုက လိုက္ကာအေနာက္မွာ အဝတ္အစားလဲေနသည္။ မိုးၿငိမ္းကသာ အျပင္မွာ စိတ္မတည္မၿငိမ္ အေတာ္ၾကာေတာ့ သူမေနႏိုင္ေတာ့ အခန္းထဲမွ ထြက္ခဲ့သည္။

ေသာ္တာခ်မ္းေအး အဝတ္အစားလဲၿပီးေတာ့ မိုးၿငိမ္းမရွိေတာ့။ မိုးၿငိမ္း ဘယ္မ်ားထြက္သြားလဲလို႔ သူထြက္ရွာမိေသးသည္။ အေဆာင္အျပင္ဘက္မွာ မိုးၿငိမ္းက ထိုင္ေနတာ။

" မိုးၿငိမ္း "

"ဗ်ာ အစ္ကို လာေလ "

" မင္းေပ်ာက္ေနလို႔ ငါရွာေနတာ "

" အင္း "

" ဟို ငါနဲ႔ အခန္းထဲမွာ အတူေနရတာ အဆင္မေျပလို႔လားဟင္ "

" မဟုတ္ပါဘူး "

" ငါက မိုးၿငိမ္းကို ဒုကၡေပးေနသလို ျဖစ္ေနတာလား ငါေရခ်ိဳးတာအထိ မင္းကို အလုပ္ရႈပ္ခဲ့တယ္ "

"ဟာ မဟုတ္တာ အဲ့လိုမဟုတ္ဘူး အခုလည္း ဒီအတိုင္းထြက္လာတာ "

" အဲ့လိုမဟုတ္ရင္ ငါ့လိုလူတစ္ေယာက္နဲ႔ တစ္ခန္းတည္းအတူေနရေတာ့ "

" အစ္ကို ! မဟုတ္ဘူးလို႔ အစ္ကို ေတြးေနတာေတြ တစ္ခုမွမဟုတ္ဘူး ေျပာရခက္တယ္ဗ်ာ က်စ္ "

မိုးၿငိမ္းက သူ႔အနားက ထထြက္သြားၿပီး အေဆာင္ထဲဝင္သြားသည္။ သူအေရွ႕က အုတ္ခုံေလးမွာ ထိုင္ေနရင္း ဒူးေလးက်ဳတ္လိုက္ၿပီး ေဝ့ဝါးလာေသာ မ်က္လုံးမ်ားကို လက္ဖမိုးျဖင့္ ဖိသုတ္လိုက္သည္။ သူ႔လိုလူတစ္ေယာက္က အားလုံးကို ဒုကၡေပးေနတာ။ သူမ်ားစိတ္ရႈပ္ေအာင္ လုပ္ဖို႔ပဲ သက္သက္ေမြးဖြားလာတာ။ သူ႔ကို ဘယ္သူမွ ၾကာရွည္လက္မခံႏိုင္ၾကဘူး။ ေနာက္ဆုံး မိုးၿငိမ္းေတာင္မွ ေရွာင္ဖယ္သြားခဲ့ၿပီ။

သူ အျပင္ဘက္မွာ ဆက္ထိုင္ေနတာ အေတာ္ၾကာသြားၿပီ။ ေနဝင္ဖ်ိဳးဖ် အခ်ိန္ေတာင္ ရွိေနၿပီ။ သူအထဲမဝင္တာ အေၾကာင္းရွိသည္။ မိုးၿငိမ္း စိတ္အေႏွာက္အယွက္ျဖစ္မွာ ဆိုးတာ။
လမ္းသြားလမ္းလာေတြက သူ႔ကို ၾကည့္သြားၾကသည္။ ဟိုေန႔က ေဘာလုံးကန္တဲ့ အဖြဲ႕ကလည္း သူ႔ကိုျမင္ေတာ့ စသြားေသးသည္။ သူကေတာ့ ဘာမွမတုံ႔ျပန္လိုက္ပါ။

မိုးၿငိမ္းက ခဏၾကာေတာ့ အျပင္ကို ျပန္ထြက္လာၿပီး သူ႔ကို ဆြဲေခၚသည္။ မိုးၿငိမ္းရဲ႕ ေျခလွမ္းေတြက ျမန္ေတာ့ သူမနည္းလိုက္ရသည္။ အခန္းထဲေရာက္ေတာ့ သူ႔ကို တြန္းခ်သည္။

" အာ့ "

" အျပင္မွာ အၾကာႀကီးဘာလုပ္ေနတာလဲ ဟမ္ အလွျပေနတာလား "

" ဟို... မိုးၿငိမ္း ငါက မင္းကို အေႏွာက္အယွက္ျဖစ္မွာစိုးလို႔ ထြက္ေနတာပါ "

မိုးၿငိမ္းဆုပ္ကိုင္ခဲ့တဲ့ သူ႔လက္ေကာက္ဝတ္က နာေနသည္။ သမံတလင္းေပၚ တြန္းခ်ျခင္းခံခဲ့ရ၍ သူ႔တင္ပါးကလည္း နာသြားသည္။ တစ္ဆက္တည္းေတြ႕လိုက္တာက သူ႔ကို မိုးၿငိမ္းက အႏိုင္က်င့္ပါသည္။

မိုးၿငိမ္းက သူ႔အေရွ႕မွာ စိတ္ပ်က္သလို ထိုင္ခ်လိုက္သည္။

" အစ္ကို "

မိုးၿငိမ္းက ေလသံေဖ်ာ့ေဖ်ာ့နဲ႔ ေခၚေတာ့လည္း သူငိုခ်င္သည္။

" ငါေတာင္းပန္ပါတယ္ ဟင့္ ငါ ငါ ထြက္သြားေပးပါ့မယ္ ငါ့ေၾကာင့္နဲ႔ ဘယ္သူ႔ကိုမွ စိတ္မညစ္ေစခ်င္ပါဘူး  "

" ထြက္မသြားရပါဘူး အစ္ကို႔ကို ထြက္သြားခြင့္မေပးႏိုင္ဘူး ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အစ္ကို႔ကို ဝိုင္းၾကည့္ေနၾကေတာ့ ကြၽန္ေတာ္ေဒါသထြက္သြားတယ္ "

" မဟုတ္ဘူး ငါပဲ ဒီကေန "

" မလိုဘူးလို႔ "

" ငါ့ေၾကာင့္ စိတ္ရႈပ္ရမယ္ "

" အစ္ကို႔ေၾကာင့္ မဟုတ္ဘူး ဒါေတြ အကုန္လုံးက ကြၽန္ေတာ့္စိတ္က ျဖစ္ေနတာ က်စ္! ကြၽန္ေတာ္နားမလည္ေတာ့ဘူး နားလည္တဲ့တစ္ေန႔က်မွ ကြၽန္ေတာ္ အစ္ကို႔ကို ေသခ်ာေပါက္ေျပာပါ့မယ္ "

" အဲ့ဆိုလည္း ၿပီးတာပဲ "

" လာ ထမင္းစားၾကရေအာင္ ထ "

ထမင္းစားေနရင္းလည္း မိုးၿငိမ္းကို မ်က္ေစာင္းထိုးလိုက္ေသးသည္။ မိုးၿငိမ္းထည့္ေပးေသာ ဟင္းကို မိုးၿငိမ္း ပန္းကန္ထဲ ျပန္ထည့္ေပးသည္။ သူတို႔ အေျခအေနကို အကဲခတ္ေနတဲ့ ႀကီးေတာ္က ထေမးေတာ့သည္။

" မိုးၿငိမ္း နင္ ကေလးကို စိတ္မေကာင္းျဖစ္ေအာင္ လုပ္ထားလား "

" အာ...ႀကီးေတာ္ ကြၽန္ေတာ့္ကို မိုးၿငိမ္းက ဘာမွမလုပ္ပါဘူး ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါတယ္ "

" ေအာ္ ဟုတ္လား ကေလးေျပာလို႔ ႀကီးေတာ္ယုံလိုက္မယ္ ဒီေကာင့္ကိုေတာ့ အယုံအၾကည္မရွိဘူး "

" ႀကီးေတာ္ ဘာေတြေလွ်ာက္ေျပာေနတာလဲ ကြၽန္ေတာ္က တူအရင္းဆိုတာလည္း သတိရဦး "

မိုးၿငိမ္း ဝင္ေျပာလိုက္ေတာ့ ႀကီးေတာ္က သူ႔ကို မ်က္ေစာင္းထိုးသည္။ သူ႔မွာ အလကားေနရင္း တစ္ေန႔လုံးမ်က္ေစာင္းထိုးခံေနရသည္။

ေနာက္တစ္ေန႔ မိုးၿငိမ္း ေဈးသြားဖို႔ကို ဗ်ာမ်ားေနရသည္။ အစ္ကို႔ကို အရီးနား ထပ္ပို႔ရမွာ ခပ္လန္႔လန္႔။ မေန႔ကလို အရီးေဈးခိုင္းရင္ မသြားေပးဖို႔ကိုလည္း အတန္တန္မွာရသည္။ ဒါေတာင္ သင္းေလးက အေရးႀကီးရင္ေရာဆိုၿပီး ျပန္ေမးေသးသည္။ အရီးက ေပါက္ကရအတတ္ေတြ သင္ေပးလိုက္မွာလည္း စိုးရ ။ အရီးက ေတာသူဆိုေပမယ့္ နယ္စုံတတ္ကြၽမ္းသူ ။ ၁၇သမီးအ႐ြယ္ႏွင့္ ရန္ကုန္ကို တက္လာၿပီး အေျခခ်ႏိုင္ေအာင္ ႀကိဳးစားခဲ့တာပဲ ၾကည့္ေတာ့ ။ သူ​မွာသမွ်ကို အိပ္ခ်င္မူးတူးျဖင့္ ေခါင္းတညိတ္ညိတ္နားေထာင္ေနခဲ့သည္။ သူ မရွိခ်ိန္ေတာ့ လိုက္နာ၊ မလိုက္နာ မသိ။

ေသာ္တာခ်မ္းေအးသည္ အိပ္ရာႏိုးတာႏွင့္ အရီးအခန္းကို သြားလိုက္ၿပီး အရီးႏွင့္အတူ မနက္စာစားၾကသည္။ ၿပီးေနာက္ အရီးေျပာသည့္ ရပ္ကြက္ထဲရွိအတင္းမွန္သမွ်ကို နားေထာင္သည္။ အရီးက သူႏွင့္ မိုးၿငိမ္းအေၾကာင္းကိုလည္း စပ္စပ္စုစုေမးေသးသည္။

" ဟုတ္တယ္ အရီးရဲ႕ ႀကီးေတာ္ကိုေတာ့ ျပန္မေျပာနဲ႔ေနာ္ ရႉးးးး သားကို မိုးၿငိမ္းကေလ မေန႔က အႏိုင္က်င့္တယ္ "

ဆူပုတ္ပုတ္ႏွင့္ေျပာေနေသာ ေကာင္ေလးကို ၾကည့္ေနရင္း အရီး၏မ်က္လုံးမ်ားျပဴးသြား၏။

" ဒီမွာၾကည့္ "

လက္ေကာက္ဝတ္တစ္ဖက္ကို ေရွ႕တိုးၿပီး ျပလာေတာ့  ကေလး၏အသားျဖဴျဖဴေၾကာင့္ လက္ေကာက္ဝတ္မွာ အနည္းငယ္ ရဲေနတာေတြ႕ရသည္။

" သား မေအာ္ဘူးလား "

" မေအာ္ပါဘူး မိုးၿငိမ္းက ေဒါသထြက္ေနတာ သားေၾကာက္တာေပါ့ ေနာက္ၿပီး သားရဲ႕ တင္ပါးလည္း နာသြားေသးတာ "

အရီး၏ ႏႈတ္ခမ္းေတြ အိုပုံစံျဖစ္သြားၿပီးေတာ့ လက္တစ္ဖက္ႏွင့္ အျမန္အုပ္လိုက္ေသးသည္။

" ကေလးရယ္ ျဖစ္မွ ျဖစ္ရေလ ဒီအေကာင္စုတ္ေၾကာင့္ ကေလးဘဝ လူပ်ိဳရည္ေလး ပ်က္ရၿပီေပါ့  "

" ဟင္ "

" စိတ္မပူနဲ႔ ကေလး ဟိုအေကာင္ျပန္လာရင္ ဝါးရင္းတုတ္နဲ႔ကို ႐ိုက္ၿပီး ကေလးကို တာဝန္ယူခိုင္းပါ့မယ္ "

ကိုယ့္ကို မွီခိုအားထားေနတဲ့ ကေလးကိုမွ မိုးၿငိမ္းတို႔ ဒီလိုအႏိုင္က်င့္ရက္တယ္လို႔။

" ဟာ... အရီးကလည္း ဘာေတြေလွ်ာက္ေျပာေနတာလဲ သားေျပာတဲ့ အႏိုင္က်င့္တယ္ဆိုတာ သားလက္ကို အတင္းညႇစ္ၿပီး သမံတလင္းေပၚ ေစာင့္တြန္းတယ္လို႔ ဆိုလိုတာ ဟိုဟာမဟုတ္ဘူး "

" ေအာ္ အဲ့လိုလား..... ဟီးဟီး ဒါနဲ႔ ဘာလို႔ သူက အဲ့လို လုပ္ရတာလဲ "

" သားဘယ္သိမလဲ သားက အျပင္ထြက္ထိုင္ေနတာ ဟိုေကာင္ေလးေတြက ဝိုင္းစေနေတာ့ သူကထြက္လာၿပီး သားကို အဲ့လိုလုပ္တာ ၿပီးေတာ့ေျပာေသး အလွျပေနတာလားတဲ့ ဟြန္႔ "

အရီး က်ိတ္ၿပဳံးလိုက္သည္။ မိုးၿငိမ္းတို႔ေတာ့ ငါေျပာတဲ့အတိုင္း ခ်စ္မိၾကေတာ့မယ္နဲ႔ တူတယ္။ ေလွာ္ေပးဦးမွပါ။

" ကေလး အဲ့တာသူက ကေလးကို အူတိုတာ သိလား "

" ဟမ္ ဘာကို အူတိုတာလဲ "

" ေအာ္ သမီးရည္းစားေတြလိုမ်ိဳးေလ သဝန္တိုတာ "

" ဟင္ သားတို႔က ရည္းစားေတြမဟုတ္ဘူးေလ ေနာက္ၿပီး သူက သားကို ဘယ္လိုလုပ္ႀကိဳက္မွာလဲ "

ကေလးက သူ႔ေရွ႕မွာတင္ မ်က္ႏွာညႇိဳးက်သြားသည္။ ေမသူ႔အေမက လာေျပာျပ၍ ကေလးက ေယာက်္ားေလးေတြကို ႀကိဳက္တတ္မွန္း သူသိထားသည္။

" ကေလး မိုးၿငိမ္းကို စိတ္ဝင္စားလား "

" ဟင္ "

အရီး၏ေမးခြန္းကို သူဘာ​ျပန္ေျဖရမွန္း မသိ။ သူ ခဏတာ ညိမ္က်သြားသည္။ သူ မိုးၿငိမ္းကို စိတ္ဝင္စားလား၊ စိတ္မဝင္စားဘူးလားဆိုတာ သူမသိပါ။ မိုးၿငိမ္း သူ႔ကို အရမ္း႐ြံသြားမွာ ေၾကာက္ပါသည္။ အရီး၏အ​ေမးကို ျပန္မေျဖဘဲ အရီးကိုသာ ေၾကာင္ၾကည့္ေနမိသည္။

© အမရာခွန်း (Ten),
книга «အိမ်».
Коментарі