Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
Part-10
Part-8
မိုးငြိမ်းမှာချစ်သူရှိနေပြီဟု ကြားပြီးကတည်းက သူလည်း မိုးငြိမ်းအနားမှခပ်ခွာခွာနေမိသည်။ မိုးငြိမ်းအပေါ် မရိုးသားသည့်စိတ်များကိုလည်း မျိုသိပ်ထားလိုက်ပြီး မိုးငြိမ်း၏ချစ်ရသူအကြောင်းကိုသာ စပ်စုနေမိသည်။

" အစ်ကို ဘာတွေတွေးနေတာလဲ မနေ့ကတည်းက မျက်နှာလည်းမကောင်းဘူး "

" ငါအဆင်ပြေပါတယ် ဘာမှမတွေးပါဘူး "

မိုးငြိမ်းစျေးရောင်းနေရင်း ဘေးကအစ်ကို့ကို အကဲခတ်နေတာကြာပြီ။ အစ်ကိုသည် မနေ့ညနေကတည်းက ထမင်းလည်းနည်းနည်းပဲစားပြီး သူနဲ့လည်း စကားသိပ်မပြောပါ။ အစ်ကိုငိုင်နေပြီဆိုလျှင် သူ့အတွေးတွေလည်း တောင်ရောက်မြောက်ရောက်။ အစ်ကိုက သူ့အိမ်ကိုများလွမ်းလို့လား။ သူ့အဖေကို လွမ်းနေသလား။ သူ့ချစ်ဦးသူအကြောင်း တွေးနေသည်လား။

" အစ်မရေ သခွားသီးလေးတွေ ဒီတစ်ခေါက် အလုံးလှလေးတွေပါလာတယ် ကျွန်မတို့ခြံထွက်နော် ဒီဘက်က အကြွပ်သီးလေးတွေလည်း ခြံထွက်ပဲ "

" ကြီးတော်ရေ ဒူးရင်းသီးကရော ကြီးတော်တို့ ခြံထွက်ပဲလား "

" အေး အကုန်ငါ့ခြံထွက်ပဲ "

"ဟားဟားဟား "

စျေးသူစျေးသားအချင်းချင်းစနောက်နေကြသံများနှင့် စျေးတန်းကြီးသည် ဆူညံလျက်။ ကြီးတော်ကတော့ ဘာရောင်းရောင်း သူမခြံထွက်ဆိုတာချည်းပဲ ။ တကယ်က သူမမှာမည်သည့်စိုက်ပျိုးရေးခြံဟူ၍ မရှိပါ။ ခြံထွက်ဆိုတာနှင့် ဘာဘာညာညာမစဥ်းစားတော့ဘဲ ဝယ်ယူဖို့သာ စဥ်းစားတတ်ကြသည့်လူတွေကြောင့် သူမ၏စျေးဗန်းခင်းခြင်းဟာ အောင်မြင်လျက်ရှိသည်။ ထို့ကြောင့် သူ့အနားက စျေးသည်တွေကလည်း သူတစ်ခါအော်ရောင်းတိုင်း ဝိုင်းစနောက်ကြသည်။ မိုးငြိမ်းလည်း ကိုယ့်ကြီးတော်ကိုယ်ပြန်စနောက်ရန် ပြင်တော့သည်။

" ကြီးတော်ကလည်းနော် လယ်တစ်ကွက်သာရှိပေလို့ပဲ နှစ်ကွက်များဆို မြန်မာတစ်နိုင်ငံလုံးကဟင်းသီးဟင်းရွက်တွေအကုန်လုံး ကြီးတော်ရဲ့ခြံထွက်ပဲ ဖြစ်နေတော့မှာ "

"ဟဲ့ မိုးငြိမ်း မသာလေး တိတ်တိတ်နေစမ်း ငါ့စျေးဗန်းကို လာမမှောက်နဲ့ "

အနားရှိစျေးသည်များနှင့်စျေးဝယ်သူများက သူတို့တူရီးနှစ်ယောက်ကို ကြည့်ပြီး ရယ်မောနေကြသည်။ အစ်ကို့ကို ပြန်ကြည့်လိုက်တော့ သူ့ပါးစပ်ကပေါက်ကရစကားတွေ ထွက်လာသည်ကို မကြိုက်ဟန်ရှိသည်။ 

" အစ်ကို ခဏနေရင် စျေးသိမ်းပြီး မနက်စာသွားစားကြမယ် "

" အင်း "

မိုးငြိမ်းကသာ ခေါင်းလေးငုံ့ပြီး သူ့ဘေးထိုင်နေသော အစ်ကို့မျက်နှာလေးကို အရိပ်တကြည့်ကြည့်။ မနေ့က စိတ်ထဲဝင်ကြည့်ဆိုသည့်စကားလေးကို ပြန်သတိရပြီး အစ်ကို့လက်နုနုလေးတစ်ဖက်အား ပေါင်ပေါ်ဆွဲတင်၍ဆုပ်ကိုင်ထားလိုက်သည်။ အစ်ကိုကချက်ချင်းသူ့ကို မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်လာသည်။ သူဘာပြန်ပြောရမှန်းမသိ၍ အစ်ကို့လက်ခုံလေးအား လက်မဖြင့် ပွတ်သပ်နေလိုက်သည်။

" ဟို ကိုယ်ပူနေလားလို့ စမ်းကြည့်တာ "

" အော်... ငါနေကောင်းပါတယ် "

သော်တာချမ်းအေးလည်း မိုးငြိမ်းအုပ်ကိုင်ထားသည့် သူ့လက်ကိုမရုန်းတော့ဘဲ မိုးငြိမ်းဆီကအကြည့်ဖယ်ပြီး ညိမ်သက်၍သာ နေတော့သည်။ နေ့ခင်းစျေးကွဲတော့ စျေးသိမ်းပြီး မနက်စာသွားစားကြသည်။ ဒီနေ့မှ သိသိသာသာ မိုးငြိမ်းနှင့်သူ့ကြားစကားနည်းနေသည်။

" အစ်ကို ရေသွားချိုးရင် ကျွန်တော်စောင့်ပေးရမလား "

" ဟင့်အင်း ငါ့ဘာသာငါ "

" မဟုတ်တာ တခြားလူတွေ အစ်ကို့ကို မြင်သွားရင် အာ.... ထားတော့ "

အစ်ကိုက ဘာမှဆက်မပြောတော့ဘဲ သူ့နားကနေထွက်သွားပြီး ရေသွားချိုးတော့သည်။ ခဏကြာတော့ ဆပ်ပြာနံ့သင်းသင်းလေးနှင့်အတူ သူ့အနားပြန်ရောက်လာသည်။ ရေစက်ရေပေါက်လေးများဖြင့် အစ်ကို့ခန္ဓာကိုယ်လေးဟာ ကြည်လင်နေ၏။ အစ်ကိုက အရမ်းကို လှရက်နိုင်လွန်းပါသည်။

" အစ်ကို ရေချိုးပြီးပြီဆိုတော့ ထမင်းစားရအောင် "

" ရတယ် မိုးငြိမ်း ငါမဆာဘူး "

" ဟမ် နောက်ကျနေပြီ စားရအောင် "

" ငါမဆာသေးဘူး မိုးငြိမ်းကပဲ စားနှင့်လိုက်တော့ "

" ကျွန်တော်လည်း မဆာသေးဘူး "

မည်သို့ဖြင့်၍ သာမန်ရက်တွေထက်နေရခက်ရသနည်း။ ရေချိုးပြီးခါစအစ်ကို့ခန္ဓာကိုယ်လေးသည် အေးစက်နေလေမလား။ အစ်ကို့အနားကပ်ကြည့်လိုက်လျှင် အတူတူသုံးသည့်ဆပ်ပြာခဲက  အစ်ကို့ခန္ဓာကိုယ်ထက်ဝန်းကျင်၌ ပိုမွှေးနိုင်လောက်အောင် စွမ်းဆောင်ထားလေမလား။ အစ်ကို့အသွေးအသားတွေနှင့် အရောတဝင်ထိကပ်ခွင့်ရထားသည်မို့ ထိုဆပ်ပြာခဲကတော့ မနာလိုစရာကောင်းလောက်အောင်ပင် မာန်တက်နေလောက်မည်။ ဆိုရလျှင်တော့ ထိုဆပ်ပြာခဲသည် မုန်းစရာကောင်း၏။

အနေကျပ်နေသည့် အဖြစ်မျိုးမရှိရလေအောင် သူကိုယ်တိုင်ကပင် အစ်ကို့အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ လှေကားနား၌ ကောင်မလေးများကတော့ အလှကုန်ပစ္စည်းအကြောင်းဆွေးနွေးနေရာမှ သူ့ကိုတွေ့တော့ လှမ်းခေါ်ဖော်ရသည်။

" ကိုကြီးမိုးငြိမ်း ဘယ်တုန်း "

" ဘယ်မှမဟုတ်ဘူး ညည်းတို့ဘာလုပ်နေလဲ "

" ဒီမှာလေ ဒီLotionအကြောင်း ပြောနေကြတာ အသားအရည်ကောင်းတယ်တဲ့ နေလောင်တာလည်းသက်သာတယ် "

" ဟုတ်လား ငါ့ကိုတစ်ဘူးပေးစမ်း "

"ဟမ် ကိုကြီးက ဘာလုပ်မလို့တုန်း "

"ပေးမှာသာ ​ပေးစမ်းပါ ဘယ်လောက်လဲ "

" အမလေး မထိစမ်းပါနဲ့ ကပ်စေးနှဲရဲ့ ဒါ၁၉၀၀၀တောင်ပေးရတာနော် "

" ဘာ! အဲ့တာအဲ့လောက်တောင် စျေးကြီးတယ်လား "

"ကြီးတာပေါ့ ကောင်းလည်းကောင်းတာကို "

" ဟာ.... ပေးဟာ ငါပြီးရင် ပိုက်ဆံလာပေးမယ် "

" ဟမ် ကိုကြီးလိမ်းမလို့လား ဒီလောက်စျေးကြီးတာကြီးကို အခုလူများမှားနေတာလား ကိုကြီးမိုးငြိမ်းမှဟုတ်ရဲ့လား ဆပ်ပြာခဲ၅၀၀တောင် ကပ်စေးနှဲနေတဲ့လူကမဟုတ်မှ ကောင်မလေးကို ပိုးမလို့လား "

" လျှာမရှည်နဲ့ မဝယ်ဘဲနေလိုက်မယ် "

"ဟယ် ဟယ် ယူပါတော် ကပြီးတောင်ရောင်းလိုက်မယ် ဟဲ့ဟဲ့ ဓာတ်ပုံရိုက်မှတ်တမ်းတင်စမ်း "

မိုးငြိမ်းလည်း သူမလက်ထဲမှ Lotionဘူးကို ဆွဲလုလိုက်ပြီး သူ့အခန်းသူပြန်ခဲ့တော့သည်။ အခန်းထဲရောက်တော့ အစ်ကို့ရှေ့ထိုlotionဘူးအား ချပေးလိုက်သည်။ အစ်ကိုကတော့ ဘာလဲဟု သူ့အားပြန်ကြည့်နေသည်။

" အစ်ကိုလိမ်းဖို့ပါ အစ်ကိုက ကျွန်တော့်နောက်လိုက်နေရတာ အစ်ကို့အသားအရည်တွေ နေလောင်မှာစိုးရတယ် "

" မဟုတ်တာ ငါ့အသားတွေလည်းမမဲပါဘူး နောက်ပြီး ငါလက်မခံချင်ဘူး ဒါကစျေးကြီးလောက်မယ် "

" မကြီးဘူး မကြီးဘူး အစ်ကိုလက်ခံရမယ် ကျွန်တော့်လက်ထဲရောက်မှ အစ်ကို့အသားတွေမဲသွားမှာလက်မခံနိုင်ဘူး အစ်ကိုလက်မခံရင် ကျွန်တော်ညပြန်မအိပ်ဘူး "

" ဟမ် မလုပ်ပါနဲ့ အဲ့လိုတော့ "

နောက်ဆုံးတော့ မိုးငြိမ်းရှေ့မှLotionဘူးကို လက်ခံလိုက်တော့သည်။ ထိုအခါမှ မိုးငြိမ်းကျေနပ်သွားပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့အနားမှထထွက်သွားသည်။ သော်တာချမ်းအေးတစ်ယောက်တည်းထိုင်နေတုန်း ကောင်မလေးအုပ်စုက အခန်းထဲဝင်လာ၍ သူ့လက်ထဲမှlotionဘူးကို အနောက်သို့သိမ်းလိုက်ကြသည်။

" အစ်ကိုအသေးလေး မေးစရာရှိလို့ ဝင်လာလို့ရလား "

" အော် အထဲရောက်နေပြီပဲ ထိုင်ပါ "

"ဟီးဟီး ဟုတ် "

ကောင်မလေးများက တစ်ယောက်ကို တစ်ယောက်တိုးတိုးတွတ်တွတ်နှင့် စကားများနေကြသေးသည်။ နောက်မှ သူ့ဘက်လှည့်၍

" အစ်ကို့ ကိုကြီးမိုးငြိမ်းရဲ့ကောင်မလေးကို သိလား "

ထိုကောင်မလေး၏စကားကြောင့် သော်တာချမ်းအေး၏မျက်နှာပျက်သွားတော့သည်။ မိုးငြိမ်းချစ်သူအကြောင်းကို အားလုံးကသိနေကြပြီလား။

" ဟင့်အင်း အစ်ကိုမသိဘူး "

" ဟင်.... ဘယ်ကောင်မလေးကများ ကိုကြီးမိုးငြိမ်းကို ဒီလိုဖြစ်အောင်စွဲဆောင်ထားတာလဲသိချင်လို့သေတော့မယ် အစ်ကိုကလည်းမသိဘူးဆိုတော့ ဘယ်သူ့သွားမေးရမှာလဲ "

ဤကောင်မလေးများက သော်တာချမ်းအေးအထင် သူများအကြောင်းတော်တော်စပ်စုနိုင်ကြသည်။

" အင်းးး ညီမတို့ကဘာလို့သိချင်ကြတာလဲ မထူးဆန်းပါဘူး သူလည်းအရွယ်ရောက်နေပြီပဲ ချစ်သူရှိမှာပေါ့ "

" ဟုတ်ပါ့ လူတွေက ရည်းစားရရင် ပြောင်းလဲသွားတတ်ကြတာလား အရင်က ငါးရာတစ်ထောင်တောင်ကပ်စေးနှဲတဲ့သူက အခု သူ့ကောင်မလေးအတွက် lotionတောင် ၁၉၀၀၀တန်တဲ့ "

" ဟင် ဘယ်Lotion "

" ဟုတ်တယ် အစ်ကို စောနလေးတင် သူ့ချစ်သူအတွက် Lotionဘူး ၁၉၀၀၀နဲ့လာဝယ်သွားတာ "

"အာ.... "

သော်တာချမ်းအေးလည်း ကောင်မလေးအားကြည့်နေရင်း ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် မိုးငြိမ်းက ထိုLotionဘူးကို သူ့အားပေးခဲ့သောကြောင့်။

" အစ်ကိုမသိဘူးဆိုလည်း ထားလိုက်ပါတော့ ညီမတို့သွားတော့မယ် တစ်ချိန်ချိန်တော့ ပေါ်ကိုးပေါ်မှာ ဟင့် အမိဖမ်းပြမယ် "

ကောင်မလေးတွေထွက်သွားတော့ သူLotionဘူးကို ပြန်ထုတ်ကြည့်လိုက်သည်။ မိုးငြိမ်းက ဘာလို့သူ့ကိုပေးခဲ့တာလဲ။ သူ့ချစ်သူက လက်မခံလို့ လွှတ်ပစ်ရမည့်အတူတူ သူ့အားပေးခဲ့လေသလား။

ထိုသို့ဖြင့် တစ်နေကုန်မိုးငြိမ်းကို မေးချင်နေသည့် မေးခွန်းအားဖြေသိမ့်ထားလိုက်ပြီး ညအိပ်ချိန်ရောက်တော့လည်း အိပ်မပျော်။

" မိုးငြိမ်း "

" အစ်ကို ပြောလေ "

" ဒီlotionဘူးက ငါ့အတွက်အစကတည်းက ရည်ရွယ်ခဲ့တာလား "

" အင်းလေ "

" မင်းကောင်မလေးက လက်မခံလို့ ငါ့ကို ထိုးပေးတာလား "

" မဟုတ်ပါဘူး ကျွန်တော့်မှာဘယ်ကောင်မလေးရှိလို့လဲ "

" မပြောတတ်ဘူးလေ တချို့တွေက ကိုယ့်ရည်စားလက်မခံလို့ လွှတ်ပစ်ရမယ့်အတူတူ တခြားလူဆီ မျက်နှာလုပ်တတ်လို့ "

" မဟုတ်တာ ပေါက်ကရတွေ "

" သူ့ကို ချစ်မိနေတာကြာပြီလား "

" ဘယ်သူ....အော်... ချစ်မိနေတာတော့ မကြာသေးပေမယ့် ရင်ထဲတော့ တော်တော်အမြစ်တွယ်နေပြီ "

" ကောင်းပါတယ် "

မိုးငြိမ်းကို သူ မမျှော်လင့်သင့်တော့ပါ။ မိုးငြိမ်းက တစ်ဖက်ကို မေတ္တာသက်ဝင်နေခဲ့ပြီ။ သူ့ချစ်သူအကြောင်းတွေလည်း ထပ်မမေးတော့ဘူး။ ထပ်ပြီး စိတ်မကောင်းစရာ၊ မနာလိုဝန်တိုစရာ အဖြေတွေပဲ ကြားရနိုင်သည်မို့။

_______

updateမလို့ကို တွတ်တာနဲ့igအပြေးအလွှားသွားပြီး လောင်နေရတယ် ငလူးမ စနှိုက်ခြောက်🙂

( Zawgyi)

မိုးၿငိမ္းမွာခ်စ္သူရွိေနၿပီဟု ၾကားၿပီးကတည္းက သူလည္း မိုးၿငိမ္းအနားမွခပ္ခြာခြာေနမိသည္။ မိုးၿငိမ္းအေပၚ မ႐ိုးသားသည့္စိတ္မ်ားကိုလည္း မ်ိဳသိပ္ထားလိုက္ၿပီး မိုးၿငိမ္း၏ခ်စ္ရသူအေၾကာင္းကိုသာ စပ္စုေနမိသည္။

" အစ္ကို ဘာေတြေတြးေနတာလဲ မေန႔ကတည္းက မ်က္ႏွာလည္းမေကာင္းဘူး "

" ငါအဆင္ေျပပါတယ္ ဘာမွမေတြးပါဘူး "

မိုးၿငိမ္းေစ်းေရာင္းေနရင္း ေဘးကအစ္ကို႔ကို အကဲခတ္ေနတာၾကာၿပီ။ အစ္ကိုသည္ မေန႔ညေနကတည္းက ထမင္းလည္းနည္းနည္းပဲစားၿပီး သူနဲ႔လည္း စကားသိပ္မေျပာပါ။ အစ္ကိုငိုင္ေနၿပီဆိုလွ်င္ သူ႔အေတြးေတြလည္း ေတာင္ေရာက္ေျမာက္ေရာက္။ အစ္ကိုက သူ႔အိမ္ကိုမ်ားလြမ္းလို႔လား။ သူ႔အေဖကို လြမ္းေနသလား။ သူ႔ခ်စ္ဦးသူအေၾကာင္း ေတြးေနသည္လား။

" အစ္မေရ သခြားသီးေလးေတြ ဒီတစ္ေခါက္ အလုံးလွေလးေတြပါလာတယ္ ကြၽန္မတို႔ၿခံထြက္ေနာ္ ဒီဘက္က အႂကြပ္သီးေလးေတြလည္း ၿခံထြက္ပဲ "

" ႀကီးေတာ္ေရ ဒူးရင္းသီးကေရာ ႀကီးေတာ္တို႔ ၿခံထြက္ပဲလား "

" ေအး အကုန္ငါ့ၿခံထြက္ပဲ "

"ဟားဟားဟား "

ေစ်းသူေစ်းသားအခ်င္းခ်င္းစေနာက္ေနၾကသံမ်ားႏွင့္ ေစ်းတန္းႀကီးသည္ ဆူညံလ်က္။ ႀကီးေတာ္ကေတာ့ ဘာေရာင္းေရာင္း သူမၿခံထြက္ဆိုတာခ်ည္းပဲ ။ တကယ္က သူမမွာမည္သည့္စိုက္ပ်ိဳးေရးၿခံဟူ၍ မရွိပါ။ ၿခံထြက္ဆိုတာႏွင့္ ဘာဘာညာညာမစဥ္းစားေတာ့ဘဲ ဝယ္ယူဖို႔သာ စဥ္းစားတတ္ၾကသည့္လူေတြေၾကာင့္ သူမ၏ေစ်းဗန္းခင္းျခင္းဟာ ေအာင္ျမင္လ်က္ရွိသည္။ ထို႔ေၾကာင့္ သူ႔အနားက ေစ်းသည္ေတြကလည္း သူတစ္ခါေအာ္ေရာင္းတိုင္း ဝိုင္းစေနာက္ၾကသည္။ မိုးၿငိမ္းလည္း ကိုယ့္ႀကီးေတာ္ကိုယ္ျပန္စေနာက္ရန္ ျပင္ေတာ့သည္။

" ႀကီးေတာ္ကလည္းေနာ္ လယ္တစ္ကြက္သာရွိေပလို႔ပဲ ႏွစ္ကြက္မ်ားဆို ျမန္မာတစ္ႏိုင္ငံလုံးကဟင္းသီးဟင္း႐ြက္ေတြအကုန္လုံး ႀကီးေတာ္ရဲ႕ၿခံထြက္ပဲ ျဖစ္ေနေတာ့မွာ "

"ဟဲ့ မိုးၿငိမ္း မသာေလး တိတ္တိတ္ေနစမ္း ငါ့ေစ်းဗန္းကို လာမေမွာက္နဲ႔ "

အနားရွိေစ်းသည္မ်ားႏွင့္ေစ်းဝယ္သူမ်ားက သူတို႔တူရီးႏွစ္ေယာက္ကို ၾကည့္ၿပီး ရယ္ေမာေနၾကသည္။ အစ္ကို႔ကို ျပန္ၾကည့္လိုက္ေတာ့ သူ႔ပါးစပ္ကေပါက္ကရစကားေတြ ထြက္လာသည္ကို မႀကိဳက္ဟန္ရွိသည္။ 

" အစ္ကို ခဏေနရင္ ေစ်းသိမ္းၿပီး မနက္စာသြားစားၾကမယ္ "

" အင္း "

မိုးၿငိမ္းကသာ ေခါင္းေလးငုံ႔ၿပီး သူ႔ေဘးထိုင္ေနေသာ အစ္ကို႔မ်က္ႏွာေလးကို အရိပ္တၾကည့္ၾကည့္။ မေန႔က စိတ္ထဲဝင္ၾကည့္ဆိုသည့္စကားေလးကို ျပန္သတိရၿပီး အစ္ကို႔လက္ႏုႏုေလးတစ္ဖက္အား ေပါင္ေပၚဆြဲတင္၍ဆုပ္ကိုင္ထားလိုက္သည္။ အစ္ကိုကခ်က္ခ်င္းသူ႔ကို မ်က္လုံးအဝိုင္းသားျဖင့္ ေမာ့ၾကည့္လာသည္။ သူဘာျပန္ေျပာရမွန္းမသိ၍ အစ္ကို႔လက္ခုံေလးအား လက္မျဖင့္ ပြတ္သပ္ေနလိုက္သည္။

" ဟို ကိုယ္ပူေနလားလို႔ စမ္းၾကည့္တာ "

" ေအာ္... ငါေနေကာင္းပါတယ္ "

ေသာ္တာခ်မ္းေအးလည္း မိုးၿငိမ္းအုပ္ကိုင္ထားသည့္ သူ႔လက္ကိုမ႐ုန္းေတာ့ဘဲ မိုးၿငိမ္းဆီကအၾကည့္ဖယ္ၿပီး ညိမ္သက္၍သာ ေနေတာ့သည္။ ေန႔ခင္းေစ်းကြဲေတာ့ ေစ်းသိမ္းၿပီး မနက္စာသြားစားၾကသည္။ ဒီေန႔မွ သိသိသာသာ မိုးၿငိမ္းႏွင့္သူ႔ၾကားစကားနည္းေနသည္။

" အစ္ကို ေရသြားခ်ိဳးရင္ ကြၽန္ေတာ္ေစာင့္ေပးရမလား "

" ဟင့္အင္း ငါ့ဘာသာငါ "

" မဟုတ္တာ တျခားလူေတြ အစ္ကို႔ကို ျမင္သြားရင္ အာ.... ထားေတာ့ "

အစ္ကိုက ဘာမွဆက္မေျပာေတာ့ဘဲ သူ႔နားကေနထြက္သြားၿပီး ေရသြားခ်ိဳးေတာ့သည္။ ခဏၾကာေတာ့ ဆပ္ျပာနံ႔သင္းသင္းေလးႏွင့္အတူ သူ႔အနားျပန္ေရာက္လာသည္။ ေရစက္ေရေပါက္ေလးမ်ားျဖင့္ အစ္ကို႔ခႏၶာကိုယ္ေလးဟာ ၾကည္လင္ေန၏။ အစ္ကိုက အရမ္းကို လွရက္ႏိုင္လြန္းပါသည္။

" အစ္ကို ေရခ်ိဳးၿပီးၿပီဆိုေတာ့ ထမင္းစားရေအာင္ "

" ရတယ္ မိုးၿငိမ္း ငါမဆာဘူး "

" ဟမ္ ေနာက္က်ေနၿပီ စားရေအာင္ "

" ငါမဆာေသးဘူး မိုးၿငိမ္းကပဲ စားႏွင့္လိုက္ေတာ့ "

" ကြၽန္ေတာ္လည္း မဆာေသးဘူး "

မည္သို႔ျဖင့္၍ သာမန္ရက္ေတြထက္ေနရခက္ရသနည္း။ ေရခ်ိဳးၿပီးခါစအစ္ကို႔ခႏၶာကိုယ္ေလးသည္ ေအးစက္ေနေလမလား။ အစ္ကို႔အနားကပ္ၾကည့္လိုက္လွ်င္ အတူတူသုံးသည့္ဆပ္ျပာခဲက  အစ္ကို႔ခႏၶာကိုယ္ထက္ဝန္းက်င္၌ ပိုေမႊးႏိုင္ေလာက္ေအာင္ စြမ္းေဆာင္ထားေလမလား။ အစ္ကို႔အေသြးအသားေတြႏွင့္ အေရာတဝင္ထိကပ္ခြင့္ရထားသည္မို႔ ထိုဆပ္ျပာခဲကေတာ့ မနာလိုစရာေကာင္းေလာက္ေအာင္ပင္ မာန္တက္ေနေလာက္မည္။ ဆိုရလွ်င္ေတာ့ ထိုဆပ္ျပာခဲသည္ မုန္းစရာေကာင္း၏။

အေနက်ပ္ေနသည့္ အျဖစ္မ်ိဳးမရွိရေလေအာင္ သူကိုယ္တိုင္ကပင္ အစ္ကို႔အခန္းထဲမွ ထြက္လာခဲ့လိုက္သည္။ ေလွကားနား၌ ေကာင္မေလးမ်ားကေတာ့ အလွကုန္ပစၥည္းအေၾကာင္းေဆြးေႏြးေနရာမွ သူ႔ကိုေတြ႕ေတာ့ လွမ္းေခၚေဖာ္ရသည္။

" ကိုႀကီးမိုးၿငိမ္း ဘယ္တုန္း "

" ဘယ္မွမဟုတ္ဘူး ညည္းတို႔ဘာလုပ္ေနလဲ "

" ဒီမွာေလ ဒီLotionအေၾကာင္း ေျပာေနၾကတာ အသားအရည္ေကာင္းတယ္တဲ့ ေနေလာင္တာလည္းသက္သာတယ္ "

" ဟုတ္လား ငါ့ကိုတစ္ဘူးေပးစမ္း "

"ဟမ္ ကိုႀကီးက ဘာလုပ္မလို႔တုန္း "

"ေပးမွာသာ ​ေပးစမ္းပါ ဘယ္ေလာက္လဲ "

" အမေလး မထိစမ္းပါနဲ႔ ကပ္ေစးႏွဲရဲ႕ ဒါ၁၉၀၀၀ေတာင္ေပးရတာေနာ္ "

" ဘာ! အဲ့တာအဲ့ေလာက္ေတာင္ ေစ်းႀကီးတယ္လား "

"ႀကီးတာေပါ့ ေကာင္းလည္းေကာင္းတာကို "

" ဟာ.... ေပးဟာ ငါၿပီးရင္ ပိုက္ဆံလာေပးမယ္ "

" ဟမ္ ကိုႀကီးလိမ္းမလို႔လား ဒီေလာက္ေစ်းႀကီးတာႀကီးကို အခုလူမ်ားမွားေနတာလား ကိုႀကီးမိုးၿငိမ္းမွဟုတ္ရဲ႕လား ဆပ္ျပာခဲ၅၀၀ေတာင္ ကပ္ေစးႏွဲေနတဲ့လူကမဟုတ္မွ ေကာင္မေလးကို ပိုးမလို႔လား "

" လွ်ာမရွည္နဲ႔ မဝယ္ဘဲေနလိုက္မယ္ "

"ဟယ္ ဟယ္ ယူပါေတာ္ ကၿပီးေတာင္ေရာင္းလိုက္မယ္ ဟဲ့ဟဲ့ ဓာတ္ပုံ႐ိုက္မွတ္တမ္းတင္စမ္း "

မိုးၿငိမ္းလည္း သူမလက္ထဲမွ Lotionဘူးကို ဆြဲလုလိုက္ၿပီး သူ႔အခန္းသူျပန္ခဲ့ေတာ့သည္။ အခန္းထဲေရာက္ေတာ့ အစ္ကို႔ေရွ႕ထိုlotionဘူးအား ခ်ေပးလိုက္သည္။ အစ္ကိုကေတာ့ ဘာလဲဟု သူ႔အားျပန္ၾကည့္ေနသည္။

" အစ္ကိုလိမ္းဖို႔ပါ အစ္ကိုက ကြၽန္ေတာ့္ေနာက္လိုက္ေနရတာ အစ္ကို႔အသားအရည္ေတြ ေနေလာင္မွာစိုးရတယ္ "

" မဟုတ္တာ ငါ့အသားေတြလည္းမမဲပါဘူး ေနာက္ၿပီး ငါလက္မခံခ်င္ဘူး ဒါကေစ်းႀကီးေလာက္မယ္ "

" မႀကီးဘူး မႀကီးဘူး အစ္ကိုလက္ခံရမယ္ ကြၽန္ေတာ့္လက္ထဲေရာက္မွ အစ္ကို႔အသားေတြမဲသြားမွာလက္မခံႏိုင္ဘူး အစ္ကိုလက္မခံရင္ ကြၽန္ေတာ္ညျပန္မအိပ္ဘူး "

" ဟမ္ မလုပ္ပါနဲ႔ အဲ့လိုေတာ့ "

ေနာက္ဆုံးေတာ့ မိုးၿငိမ္းေရွ႕မွLotionဘူးကို လက္ခံလိုက္ေတာ့သည္။ ထိုအခါမွ မိုးၿငိမ္းေက်နပ္သြားၿပီး ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ သူ႔အနားမွထထြက္သြားသည္။ ေသာ္တာခ်မ္းေအးတစ္ေယာက္တည္းထိုင္ေနတုန္း ေကာင္မေလးအုပ္စုက အခန္းထဲဝင္လာ၍ သူ႔လက္ထဲမွlotionဘူးကို အေနာက္သို႔သိမ္းလိုက္ၾကသည္။

" အစ္ကိုအေသးေလး ေမးစရာရွိလို႔ ဝင္လာလို႔ရလား "

" ေအာ္ အထဲေရာက္ေနၿပီပဲ ထိုင္ပါ "

"ဟီးဟီး ဟုတ္ "

ေကာင္မေလးမ်ားက တစ္ေယာက္ကို တစ္ေယာက္တိုးတိုးတြတ္တြတ္ႏွင့္ စကားမ်ားေနၾကေသးသည္။ ေနာက္မွ သူ႔ဘက္လွည့္၍

" အစ္ကို႔ ကိုႀကီးမိုးၿငိမ္းရဲ႕ေကာင္မေလးကို သိလား "

ထိုေကာင္မေလး၏စကားေၾကာင့္ ေသာ္တာခ်မ္းေအး၏မ်က္ႏွာပ်က္သြားေတာ့သည္။ မိုးၿငိမ္းခ်စ္သူအေၾကာင္းကို အားလုံးကသိေနၾကၿပီလား။

" ဟင့္အင္း အစ္ကိုမသိဘူး "

" ဟင္.... ဘယ္ေကာင္မေလးကမ်ား ကိုႀကီးမိုးၿငိမ္းကို ဒီလိုျဖစ္ေအာင္စြဲေဆာင္ထားတာလဲသိခ်င္လို႔ေသေတာ့မယ္ အစ္ကိုကလည္းမသိဘူးဆိုေတာ့ ဘယ္သူ႔သြားေမးရမွာလဲ "

ဤေကာင္မေလးမ်ားက ေသာ္တာခ်မ္းေအးအထင္ သူမ်ားအေၾကာင္းေတာ္ေတာ္စပ္စုႏိုင္ၾကသည္။

" အင္းးး ညီမတို႔ကဘာလို႔သိခ်င္ၾကတာလဲ မထူးဆန္းပါဘူး သူလည္းအ႐ြယ္ေရာက္ေနၿပီပဲ ခ်စ္သူရွိမွာေပါ့ "

" ဟုတ္ပါ့ လူေတြက ရည္းစားရရင္ ေျပာင္းလဲသြားတတ္ၾကတာလား အရင္က ငါးရာတစ္ေထာင္ေတာင္ကပ္ေစးႏွဲတဲ့သူက အခု သူ႔ေကာင္မေလးအတြက္ lotionေတာင္ ၁၉၀၀၀တန္တဲ့ "

" ဟင္ ဘယ္Lotion "

" ဟုတ္တယ္ အစ္ကို ေစာနေလးတင္ သူ႔ခ်စ္သူအတြက္ Lotionဘူး ၁၉၀၀၀နဲ႔လာဝယ္သြားတာ "

"အာ.... "

ေသာ္တာခ်မ္းေအးလည္း ေကာင္မေလးအားၾကည့္ေနရင္း ပါးစပ္အေဟာင္းသားျဖစ္သြားေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ မိုးၿငိမ္းက ထိုLotionဘူးကို သူ႔အားေပးခဲ့ေသာေၾကာင့္။

" အစ္ကိုမသိဘူးဆိုလည္း ထားလိုက္ပါေတာ့ ညီမတို႔သြားေတာ့မယ္ တစ္ခ်ိန္ခ်ိန္ေတာ့ ေပၚကိုးေပၚမွာ ဟင့္ အမိဖမ္းျပမယ္ "

ေကာင္မေလးေတြထြက္သြားေတာ့ သူLotionဘူးကို ျပန္ထုတ္ၾကည့္လိုက္သည္။ မိုးၿငိမ္းက ဘာလို႔သူ႔ကိုေပးခဲ့တာလဲ။ သူ႔ခ်စ္သူက လက္မခံလို႔ လႊတ္ပစ္ရမည့္အတူတူ သူ႔အားေပးခဲ့ေလသလား။

ထိုသို႔ျဖင့္ တစ္ေနကုန္မိုးၿငိမ္းကို ေမးခ်င္ေနသည့္ ေမးခြန္းအားေျဖသိမ့္ထားလိုက္ၿပီး ညအိပ္ခ်ိန္ေရာက္ေတာ့လည္း အိပ္မေပ်ာ္။

" မိုးၿငိမ္း "

" အစ္ကို ေျပာေလ "

" ဒီlotionဘူးက ငါ့အတြက္အစကတည္းက ရည္႐ြယ္ခဲ့တာလား "

" အင္းေလ "

" မင္းေကာင္မေလးက လက္မခံလို႔ ငါ့ကို ထိုးေပးတာလား "

" မဟုတ္ပါဘူး ကြၽန္ေတာ့္မွာဘယ္ေကာင္မေလးရွိလို႔လဲ "

" မေျပာတတ္ဘူးေလ တခ်ိဳ႕ေတြက ကိုယ့္ရည္စားလက္မခံလို႔ လႊတ္ပစ္ရမယ့္အတူတူ တျခားလူဆီ မ်က္ႏွာလုပ္တတ္လို႔ "

" မဟုတ္တာ ေပါက္ကရေတြ "

" သူ႔ကို ခ်စ္မိေနတာၾကာၿပီလား "

" ဘယ္သူ....ေအာ္... ခ်စ္မိေနတာေတာ့ မၾကာေသးေပမယ့္ ရင္ထဲေတာ့ ေတာ္ေတာ္အျမစ္တြယ္ေနၿပီ "

" ေကာင္းပါတယ္ "

မိုးၿငိမ္းကို သူ မေမွ်ာ္လင့္သင့္ေတာ့ပါ။ မိုးၿငိမ္းက တစ္ဖက္ကို ေမတၱာသက္ဝင္ေနခဲ့ၿပီ။ သူ႔ခ်စ္သူအေၾကာင္းေတြလည္း ထပ္မေမးေတာ့ဘူး။ ထပ္ၿပီး စိတ္မေကာင္းစရာ၊ မနာလိုဝန္တိုစရာ အေျဖေတြပဲ ၾကားရႏိုင္သည္မို႔။

_______

updateမလို႔ကို တြတ္တာနဲ႔igအေျပးအလႊားသြားၿပီး ေလာင္ေနရတယ္ ငလူးမ စႏႈိက္ေျခာက္🙂




© အမရာခွန်း (Ten),
книга «အိမ်».
Коментарі