Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
Part-10
Part-10
(Unicode)

နောက်တစ်နေ့မနက် သော်တာချမ်းအေးနိုးလာစဥ် မိုးငြိမ်းက သူ့ကိုထားသွားခဲ့ပြန်သည်။ ဆူပုတ်ပုတ်နှင့် အိပ်ရာတွေကို ခြေထောက်ဖြင့် ဆောင့်ကြီးအောင့်ကြီးကန်လို့အပြီး မျက်နှာသွားသစ်လိုက်သည်။ တကယ်ဆို စျေးနဲ့က သိပ်မဝေး၍ သူလိုက်သွားလို့ရသည်။ သို့သော်လည်း မိုးငြိမ်းက သူ့ကိုတမင်ထားခဲ့သည်မို့ လိုက်မသွားချင်။

မိုးငြိမ်းက သူ့အားထားခဲ့သည့်ရက်တိုင်း သူ့မှာအရီးအခန်းသွား၍ အချိန်ဖြုန်းရသည်။ အရီးနဲ့တစ်မနက်လုံး အခန်းထဲမှာ အချိန်ကုန်လို့အပြီး လေကောင်းလေသန့်ရရန်အလို့ငှာ အဆောက်အဦးရှေ့ထွက်ထိုင်ကြသည်။ အရီးကို မနေ့က သူ့ရည်းစားဟောင်းရောက်လာကြောင်းလည်း ပြောပြလိုက်သည်။

" ယောကျ်ားတွေက အဲ့လိုပါပဲအေ ကောင်းကိုးမကောင်းဘူး စစချင်းညားတုန်းကဆို မောင်ရေ ဘာငှက်လဲ ကြင်ဖော်ယှက်တဲ့ စင်ရော်ငှက်ပေါ့ အချစ်ရေ... "

" မောင်ရေ နောက်တစ်ခေါက်လောက်ထပ်ပြောပါဦးဆို ကြင်ဖော်ယှက်တဲ့ စင်ရော်ငှက်ပေါ့ အချစ်ရေ... "

" ဟော... ကလေးနှစ်ယောက်ရလာတော့ မောင်ရေဘာငှက်တုန်းဆို ဒီကောင်မကအာရုံနောက်ရတဲ့ကြားထဲ လဒဟေ့ လဒ အဲ့လိုဖြစ်သွားတာ ယောကျ်ားတွေအားလုံးက တစ်လေသံချည်းပါပဲအေ မျောက်ပြပြီးဆန်တောင်းတဲ့ဟာတွေ "

အရီးသည် မျက်နှာကိုမဲ့ရွဲ့လျက် ယပ်တောင်တဖျပ်ဖျပ်ခတ်ကာ အသံနေအသံထားမှန်မှန်ဖြင့် ယောကျ်ားမကောင်းကြောင်း စပြောတော့သည်။ သူတို့ရွာသူကြီးက ဘယ်လောက်မျက်နှာလိုက်ခဲ့ကြောင်း၊ ယခုမြို့ရှိ ရာအိမ်မှူးသည်လည်း ဘယ်လိုဖြစ်ကြောင်း ဆိုတော့၏။

" အမလေး ကောင်မတွေများနော် ငါ့လိုရွှေနဲ့ငွေနဲ့ အနေအထားနဲ့ ဝတ်နိုင်စားနိုင်တဲ့ လူရှေ့မှာတောင် လေငန်းရောဂါဖြစ်ပြနေတာ သူနေတာက ကျူးကျော် ငါနေတာက ပေ၆၀နော် "

အရီးက ဘယ်သူ့ကိုစောင်းပြောနေပြန်ပြီလဲဟု လမ်းမဘက်ကို လှမ်းကြည့်လိုက်တော့ အမျိုးသမီးကြီးတစ်ယောက် ခေါင်းမော့လျက် မေးတစ်ခြမ်းစောင်းပြီး သူတို့ရှေ့မှ ဖြတ်သွားနေသည်။ ပုံစံက အရီးနှင့်မတည့်သည့်ပုံရပြီး အရီးရှေ့ရောက်မှ လေငန်းရောဂါသည်လို မတူသလိုမတန်သလို လုပ်ပြသွား၏။

" အရီး အဲ့တာဘယ်သူလဲ "

"အဲ့​ကောင်မက ပန်ခြံ၁၇က  ရှယ်သောက်ဖိနပ်မစီးလေ "

"ဟင် ဘာ ဘယ်လို "

" အော်... အဲ့ဒီမိန်းမက လက်ဖက်ရည်ဆိုင်မှာဆို ရှယ်ပဲမှာသောက်တာ သူ့ကြည့်တော့ ဖိနပ်တောင်မစီးဘူး အဲ့တာကြောင့် ရပ်ကွက်ထဲမှာ သူ့ကိုရှယ်သောက်ဖိနပ်မစီးလို့ ခေါ်တာလေ "

"အာ...ဟားဟား နာမည်ပေးတော်ချက် "

သူတို့စကားပြောနေစဥ် သူတို့လိုင်းခန်းရှေ့သို့  ကားအနက်တစ်စီးလာရပ်သည်။ အရီးအနားမှ သော်တာချမ်းအေးလည်း မတ်တတ်ထရပ်လိုက်ပြီး ထိုကားပေါ်ကဆင်းလာမည့်လူကို စောင့်ကြိုလိုက်သည်။ ထိုကားပေါ်မှ ဆင်းလာမည့်လူသည် သူ့ထင်မြင်ချက်အတိုင်း ကိုနေဖြစ်နေ၏။

" ကလေး သူက ဘယ်သူလဲ "

" သူက သားရဲ့အသိပါ "

" အော် "

ကိုနေကတော့ ကားဘေးကနေ သူရှိရာဆီ လှမ်းပြုံးကြည့်နေပေမယ့် သူကတော့ ကိုနေ့ကို ချိုကြည့်ကြည့်နေသည်။ သော်တာချမ်းအေးလည်း ကိုနေ့အနားလျှောက်သွားလိုက်ပြီး

" ဒီနေရာကို ဘယ်လိုလုပ် "

" ကိုယ့်ကိုစိတ်မဆိုးပါနဲ့ ချမ်းလေး ကိုယ်မနေ့က မင်းတို့ကို နောက်ယောင်ခံလိုက်ခဲ့တာ "

" ဘာရည်ရွယ်ချက်နဲ့ထပ်ပေါ်လာရတာလဲ "

" ကားပေါ်တက်ပါ ဒီတိုင်းစကားရပ်ပြောမလို့လား "

" မလိုဘူး "

" ကိုယ်ကကိစ္စမရှိပေမယ့် ဒီပတ်ဝန်းကျင်ကို ကိုယ်တို့ရဲ့အတွင်းရေးတွေ ပေးသိလို့ ချမ်းလေးအဆင်ပြေပါ့မလား "

" ခင်ဗျား! "

ဒီလိုအရှက်မရှိသူအတွက် ဒီပတ်ဝန်းကျင်က အရေးမပါပေမယ့် သူ့အတွက်တော့ မိုးငြိမ်း၏ပတ်ဝန်းကျင်ကို ဂရုစိုက်ရမည်။ ကိုနေပြောသည့်အတိုင်းသာ သူ ကားပေါ်တက်လိုက်သည်။ ကိုနေကတော့ သူ့ကိုပြုံးပြပြီး ကားမောင်း၍ တစ်နေရာကို ခေါ်သွားသည်။ လူရှင်းသည့်လမ်းအရောက် ကားထိုးရပ်လိုက်ပြီး ကားထဲမှာသာ စကားပြောဖြစ်သည်။

" ဘာပြောချင်လို့လဲ "

" ကိုယ်တို့ အရင်လိုပြန်နေရအောင် ချမ်းလေး ကိုယ့်ဆီလိုက်ခဲ့ပါ ကိုယ့်မိန်းမ မသိအောင် "

( ဖြန်းးးး ! )

" ချမ်းလေး... "

သော်တာချမ်းအေးလည်း စိတ်အရမ်းတိုသွားမိ၍ ကိုနေ့ပါးကို ရိုက်ချလိုက်သည်။ အိမ်ထောင်ရှိယောကျ်ားတစ်ယောက်ဆီမှ ထိုစကားသည် သူ့ကိုစော်ကားလိုစိတ်ပါနေသည်ဟု ခံစားမိသည်။

" ခင်ဗျားဘာစကားပြောလိုက်တယ် "

"ချမ်းလေး ပြီးခဲ့တာတွေလည်း ပြီးပြီ အမေက အတင်းပေးစားလို့သာ ကိုယ်သူ့ကိုယူလိုက်ရတာ ချမ်းလေးအသိပဲလေ အခုအမေလည်းမရှိတော့ဘူး ချမ်းလေးနဲ့ကိုယ်အရင်လို ပြန်နေလည်း ကိုယ့်မိန်းမဘာပြောနိုင်မှာလဲ "

ကိုနေ့စကားတွေကို ကြားလျှင်ကြားချင်း သော်တာချမ်းအေး၏ မျက်လုံးအိမ်များမှ မျက်ရည်တွေစီးကျလာတော့သည်။ ဝမ်းနည်း၍မဟုတ်၊ စိတ်တိုလွန်း၍ ဒေါသထွက်ရလွန်း၍။

" ကိုနေရူးနေတာလား ကိုနေ့အမေပြောခဲ့တာကို ကျွန်တော်ပြန်သတိရမိတယ် ကျွန်တော့်လိုလူက ဟိုဘဝကသူများသားသမီးဖျက်စီးခဲ့လို့ သူ့များသားမယားကို ပြစ်မှားခဲ့လို့ ဒီဘဝမှာ ဒီလိုအများသတ်မှတ်ထားတဲ့အခြောက်ဖြစ်နေရတာတဲ့ အဲ့စကားကြားရတုန်းက ကျွန်တော့်အသွေးအသားတွေကို ကျွန်တော်ဘယ်လောက်ထိ ဖောက်ထုတ်ပစ်ချင်လိုက်လဲ ခင်ဗျားသိလား အဲ့တော့ အဲ့စကားတိုင်းပါပဲ ကျွန်တော်နောက်ဘဝဒီလိုမဖြစ်ချင်ဘူး ဒီလိုဘဝကြီးကို မုန်းတယ် ကျွန်တော်လည်း သာမန်လူတွေလိုရှင်သန်ချင်တယ် အဲ့တော့သူများလင်သားကို မပြစ်မှားချင်ဘူး စိတ်မကောင်းပါဘူး ကျွန်တော်လည်း အခုလူပျိုလူလွတ်တစ်ယောက်နဲ့ ချစ်နေပြီမို့ "

" မနေ့က ကောင်လေးလား "

" ဟုတ်တယ် ကျွန်တော်သူ့ကိုချစ်တယ် "

" သူ့လိုကောင်ကိုမှ ချစ်ရလားကွာ သူက၁၀တန်းတောင်အောင်ရဲ့လား လမ်းဘေးမှာစျေးရောင်း "

" ခင်ဗျားတော်တော့! ခင်ဗျားလို အောက်တန်းကျတဲ့လူရဲ့နှုတ်က မိုးငြိမ်းကို စော်ကားတဲ့စကားထွက်ဖို့ မတန်ဘူး သူကပညာမတတ်ဘူး ဒါပေမဲ့ လူစိတ်ရှိတယ် ခင်ဗျားလိုမဟုတ်ဘူး ခင်ဗျားကပညာတတ်ပြီးကြောက်ဖို့ကောင်းတယ် ခင်ဗျားက အဆိပ်ပဲ မိုးငြိမ်းက ကျွန်တော့်အပေါ်နွေးထွေးမှုတွေပေးတယ် ကျွန်တော့်ရဲ့ကျေးဇူးရှင် ခင်ဗျားထပ်စော်ကားလာရင် ကျွန်တော့်ရဲ့ပထမဦးဆုံးလက်သီးစာက ခင်ဗျားအတွက်ဖြစ်သွားလိမ့်မယ် "

သော်တာချမ်းအေး၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေပြီး မိုးငြိမ်းကိုပုတ်ခတ်ပြောဆိုနေသော လူကို ရွံ့ရှာသောအကြည့်ဖြင့် ကြည့်၍ ဆိုလိုက်သည်။ ကိုနေကတော့ မြင်နေကျမဟုတ်သော သူ့ပုံစံကြောင့် တအတသြဖြစ်၍ ငြိမ်သက်သွားသည်။

" အရမ်းပြောင်းလဲသွားတာပဲ ချမ်းလေး အဲ့ဒီကောင်ရဲ့အနားမှာနေပြီး မင်းရဲ့အပြုအမူတွေ ကြမ်းတမ်းသွားတယ် အရင်က ကိုယ့်စကားဆိုလိမ်လိမ်မာမာနဲ့ခေါင်းညိိတ်တတ်တဲ့မင်းကို ပြန်လိုချင်သား ကောင်းပါပြီ အခုမင်းကိုပြန်ပို့ပေးမယ် "

___________

မိုးငြိမ်းစျေးကပြန်လာတော့ လိုင်းခန်းရှေ့မှာ ယပ်တောင်ခတ်ပြီးထိုင်နေသော အရီးကိုတွေ့ရ၏။ အစ်ကို့ကို မနက်က သူတမင်မခေါ်သွားခဲ့တာ။ ဟိုနေ့ကလူသည် အစ်ကို့ဆီထပ်ရောက်လာမှာ သူစိုးရိမ်၍ တမင်အိမ်မှာထားခဲ့မိသည်။

" အရီး အစ်ကိုရော "

" အေး နင့်အစ်ကို သူ့အသိကားနဲ့ပါသွားတယ် "

" ဟမ် ဘယ်သူလဲ "

" မသိဘူး စတိုင်ကမိုက်မိုက်ပဲ ရုပ်ရှင်ထဲကလို ဒုတိယမင်းသားBoss ဒီဇိုင်းသိလား "

"ဗျာ..."

" ဟုတ်တယ် ငါသာယူလိုက်ချင်တယ်ဟေ "

" အရီး သူတို့ဘယ်ဘက်ထွက်သွားတာလဲလို့ "

" ငါမသိဘူး ကားနဲ့လမ်းထိပ်ဘက်ထွက်သွားတာပဲ ဟော ဟိုမှာ ပြန်တောင်ဝင်လာပြီတော့ "

မိုးငြိမ်းလှမ်းကြည့်လိုက်​တော့ အနက်ရောင်ကားက သူတို့ရှေ့ရပ်လိုက်​ပြီး ထိုကားပေါ်မှ အစ်ကိုကဆင်းလာသည်။ ထိုကားက သူ့မှန်းဆမိသလောက်ဆို မနေ့ကလူစီးလာသည့် ကားဖြစ်ရမည်။

မိုးငြိမ်း၏ စိတ်တွေ လှုပ်ယှက်သွားပြီး သူ့ရှေ့လျှောက်လာသော အစ်ကို့ကိုသာ ကြည့်နေလိုက်သည်။

" မိုးငြိမ်း ပြန်ရောက်ပြီပဲ ဘာလို့ငါ့ကိုမနက်ကထားသွားရတာလဲ "

" မနေ့ကလူထပ်ရောက်လာမှာစိုးလို့ပါ ဒါပေမဲ့ အခုတော့အစ်ကိုတို့က "

"မဟုတ်ဘူး မိုးငြိမ်း သူက သူ့ပါသူရောက်လာတာ ငါနဲ့စကားပြောချင်ရုံဆိုလို့ပါ "

" ဟုတ်ကဲ့ ဒါဆိုကျွန်တော်ရေသွားချိုးဦးမယ် "

မိုးငြိမ်း၏မျက်နှာ ညှိုးသွားမှန်း သူသိလိုက်သည်။ မိုးငြိမ်းနောက် အခန်းထဲသို့ သူပါလိုက်သွားလိုက်တော့ မိုးငြိမ်းက သူ့ကိုဂရုမစိုက်ဘဲ ပုဆိုးတစ်ထည်တည်းဖြင့် ရေချိုးသည့်နေရာကို ထွက်သွားသည်။

" ရေလဲပုဆိုးကျန်ခဲ့တာပဲ ငါ ငါလိုက်ပေးသင့်တယ် မဟုတ်ရင် သူပြန်လာယူနေရမှာ "

မိုးငြိမ်းရေချိုးနေသည့် နေရာဆီ သွားဖို့ကိုလည်း သူကြောက်နေမိသည်။ မိုးငြိမ်းက သူ့အားစိတ်ဆိုးနေလေမလား။ မိုးငြိမ်းက သူ့ကိုဘာစိတ်ဆိုးရမှာလည်း ဟုလည်း ပြန်တွေးမိသည်။ ထို့ကြောင့် မိုးငြိမ်းရေချိုးနေသည့်နေရာဆီ သူသွားလိုက်သည်။

မိုးငြိမ်းက အုတ်ကန်ဘေးမှာ ရေချိုးရင်း ဆပ်ပြာတိုက်နေတော့ သူလည်းအနားကို အပြေးသွားလိုက်သည်။

" မိုးငြိမ်း! "

(ဝှီးးးး)

ဆပ်ပြာတွေက ချွဲကျိနေသောကြောင့် ခြေချော်သွားတော့၏။ မိုးငြိမ်းအားဝင်တိုက်လျက် လဲကျသွားပြီး သူတစ်ခုခုကို အားပြု၍ လှမ်းဆွဲလိုက်ပြီး ပြန်မော့အကြည့်

" ဟို မိုးငြိမ်း ငါက ဟမ် အားးးး "

" အားးးး အစ်ကို! "

သူသေချာပေါက် မိုးငြိမ်း၏ပုဆိုးကို ဆွဲချွတ်ချလိုက်တာဖြစ်သည်။ မိုးငြိမ်းက သူ့လက်ထဲက ပုဆိုးကို ပြန်ဆွဲယူ၍ အမြန်ဝတ်လိုက်ပြီး လဲကျသွားသော သူ့အားဆွဲထူသည်။

" အစ်ကို ဟိုနာသွားလား "

မိုးငြိမ်းကလည်း ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မျက်နှာလွှဲ၍ မေးလာသည်။ သူကတော့ မမြင်သင့်တာမြင်မိ၍ အသံပင်မထွက်နိုင်တော့၊ မျက်လုံးထဲပြန်မြင်ယောင်လာပြီး မိုးငြိမ်းနားမှ အမြန်ထွက်ပြေးတော့သည်။

~~~~~~~~~

(Zawgyi)

ေနာက္တစ္ေန႔မနက္ ေသာ္တာခ်မ္းေအးႏိုးလာစဥ္ မိုးၿငိမ္းက သူ႔ကိုထားသြားခဲ့ျပန္သည္။ ဆူပုတ္ပုတ္ႏွင့္ အိပ္ရာေတြကို ေျခေထာက္ျဖင့္ ေဆာင့္ႀကီးေအာင့္ႀကီးကန္လို႔အၿပီး မ်က္ႏွာသြားသစ္လိုက္သည္။ တကယ္ဆို ေစ်းနဲ႔က သိပ္မေဝး၍ သူလိုက္သြားလို႔ရသည္။ သို႔ေသာ္လည္း မိုးၿငိမ္းက သူ႔ကိုတမင္ထားခဲ့သည္မို႔ လိုက္မသြားခ်င္။

မိုးၿငိမ္းက သူ႔အားထားခဲ့သည့္ရက္တိုင္း သူ႔မွာအရီးအခန္းသြား၍ အခ်ိန္ျဖဳန္းရသည္။ အရီးနဲ႔တစ္မနက္လုံး အခန္းထဲမွာ အခ်ိန္ကုန္လို႔အၿပီး ေလေကာင္းေလသန္႔ရရန္အလို႔ငွာ အေဆာက္အဦးေရွ႕ထြက္ထိုင္ၾကသည္။ အရီးကို မေန႔က သူ႔ရည္းစားေဟာင္းေရာက္လာေၾကာင္းလည္း ေျပာျပလိုက္သည္။

" ေယာက်္ားေတြက အဲ့လိုပါပဲေအ ေကာင္းကိုးမေကာင္းဘူး စစခ်င္းညားတုန္းကဆို ေမာင္ေရ ဘာငွက္လဲ ၾကင္ေဖာ္ယွက္တဲ့ စင္ေရာ္ငွက္ေပါ့ အခ်စ္ေရ... "

" ေမာင္ေရ ေနာက္တစ္ေခါက္ေလာက္ထပ္ေျပာပါဦးဆို ၾကင္ေဖာ္ယွက္တဲ့ စင္ေရာ္ငွက္ေပါ့ အခ်စ္ေရ... "

" ေဟာ... ကေလးႏွစ္ေယာက္ရလာေတာ့ ေမာင္ေရဘာငွက္တုန္းဆို ဒီေကာင္မကအာ႐ုံေနာက္ရတဲ့ၾကားထဲ လဒေဟ့ လဒ အဲ့လိုျဖစ္သြားတာ ေယာက်္ားေတြအားလုံးက တစ္ေလသံခ်ည္းပါပဲေအ ေမ်ာက္ျပၿပီးဆန္ေတာင္းတဲ့ဟာေတြ "

အရီးသည္ မ်က္ႏွာကိုမဲ့႐ြဲ႕လ်က္ ယပ္ေတာင္တဖ်ပ္ဖ်ပ္ခတ္ကာ အသံေနအသံထားမွန္မွန္ျဖင့္ ေယာက်္ားမေကာင္းေၾကာင္း စေျပာေတာ့သည္။ သူတို႔႐ြာသူႀကီးက ဘယ္ေလာက္မ်က္ႏွာလိုက္ခဲ့ေၾကာင္း၊ ယခုၿမိဳ႕ရွိ ရာအိမ္မႉးသည္လည္း ဘယ္လိုျဖစ္ေၾကာင္း ဆိုေတာ့၏။

" အမေလး ေကာင္မေတြမ်ားေနာ္ ငါ့လိုေ႐ႊနဲ႔ေငြနဲ႔ အေနအထားနဲ႔ ဝတ္ႏိုင္စားႏိုင္တဲ့ လူေရွ႕မွာေတာင္ ေလငန္းေရာဂါျဖစ္ျပေနတာ သူေနတာက က်ဴးေက်ာ္ ငါေနတာက ေပ၆၀ေနာ္ "

အရီးက ဘယ္သူ႔ကိုေစာင္းေျပာေနျပန္ၿပီလဲဟု လမ္းမဘက္ကို လွမ္းၾကည့္လိုက္ေတာ့ အမ်ိဳးသမီးႀကီးတစ္ေယာက္ ေခါင္းေမာ့လ်က္ ေမးတစ္ျခမ္းေစာင္းၿပီး သူတို႔ေရွ႕မွ ျဖတ္သြားေနသည္။ ပုံစံက အရီးႏွင့္မတည့္သည့္ပုံရၿပီး အရီးေရွ႕ေရာက္မွ ေလငန္းေရာဂါသည္လို မတူသလိုမတန္သလို လုပ္ျပသြား၏။

" အရီး အဲ့တာဘယ္သူလဲ "

"အဲ့​ေကာင္မက ပန္ၿခံ၁၇က  ရွယ္ေသာက္ဖိနပ္မစီးေလ "

"ဟင္ ဘာ ဘယ္လို "

" ေအာ္... အဲ့ဒီမိန္းမက လက္ဖက္ရည္ဆိုင္မွာဆို ရွယ္ပဲမွာေသာက္တာ သူ႔ၾကည့္ေတာ့ ဖိနပ္ေတာင္မစီးဘူး အဲ့တာေၾကာင့္ ရပ္ကြက္ထဲမွာ သူ႔ကိုရွယ္ေသာက္ဖိနပ္မစီးလို႔ ေခၚတာေလ "

"အာ...ဟားဟား နာမည္ေပးေတာ္ခ်က္ "

သူတို႔စကားေျပာေနစဥ္ သူတို႔လိုင္းခန္းေရွ႕သို႔  ကားအနက္တစ္စီးလာရပ္သည္။ အရီးအနားမွ ေသာ္တာခ်မ္းေအးလည္း မတ္တတ္ထရပ္လိုက္ၿပီး ထိုကားေပၚကဆင္းလာမည့္လူကို ေစာင့္ႀကိဳလိုက္သည္။ ထိုကားေပၚမွ ဆင္းလာမည့္လူသည္ သူ႔ထင္ျမင္ခ်က္အတိုင္း ကိုေနျဖစ္ေန၏။

" ကေလး သူက ဘယ္သူလဲ "

" သူက သားရဲ႕အသိပါ "

" ေအာ္ "

ကိုေနကေတာ့ ကားေဘးကေန သူရွိရာဆီ လွမ္းၿပဳံးၾကည့္ေနေပမယ့္ သူကေတာ့ ကိုေန႔ကို ခ်ိဳၾကည့္ၾကည့္ေနသည္။ ေသာ္တာခ်မ္းေအးလည္း ကိုေန႔အနားေလွ်ာက္သြားလိုက္ၿပီး

" ဒီေနရာကို ဘယ္လိုလုပ္ "

" ကိုယ့္ကိုစိတ္မဆိုးပါနဲ႔ ခ်မ္းေလး ကိုယ္မေန႔က မင္းတို႔ကို ေနာက္ေယာင္ခံလိုက္ခဲ့တာ "

" ဘာရည္႐ြယ္ခ်က္နဲ႔ထပ္ေပၚလာရတာလဲ "

" ကားေပၚတက္ပါ ဒီတိုင္းစကားရပ္ေျပာမလို႔လား "

" မလိုဘူး "

" ကိုယ္ကကိစၥမရွိေပမယ့္ ဒီပတ္ဝန္းက်င္ကို ကိုယ္တို႔ရဲ႕အတြင္းေရးေတြ ေပးသိလို႔ ခ်မ္းေလးအဆင္ေျပပါ့မလား "

" ခင္ဗ်ား! "

ဒီလိုအရွက္မရွိသူအတြက္ ဒီပတ္ဝန္းက်င္က အေရးမပါေပမယ့္ သူ႔အတြက္ေတာ့ မိုးၿငိမ္း၏ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ရမည္။ ကိုေနေျပာသည့္အတိုင္းသာ သူ ကားေပၚတက္လိုက္သည္။ ကိုေနကေတာ့ သူ႔ကိုၿပဳံးျပၿပီး ကားေမာင္း၍ တစ္ေနရာကို ေခၚသြားသည္။ လူရွင္းသည့္လမ္းအေရာက္ ကားထိုးရပ္လိုက္ၿပီး ကားထဲမွာသာ စကားေျပာျဖစ္သည္။

" ဘာေျပာခ်င္လို႔လဲ "

" ကိုယ္တို႔ အရင္လိုျပန္ေနရေအာင္ ခ်မ္းေလး ကိုယ့္ဆီလိုက္ခဲ့ပါ ကိုယ့္မိန္းမ မသိေအာင္ "

( ျဖန္းးးး ! )

" ခ်မ္းေလး... "

ေသာ္တာခ်မ္းေအးလည္း စိတ္အရမ္းတိုသြားမိ၍ ကိုေန႔ပါးကို ႐ိုက္ခ်လိုက္သည္။ အိမ္ေထာင္ရွိေယာက်္ားတစ္ေယာက္ဆီမွ ထိုစကားသည္ သူ႔ကိုေစာ္ကားလိုစိတ္ပါေနသည္ဟု ခံစားမိသည္။

" ခင္ဗ်ားဘာစကားေျပာလိုက္တယ္ "

"ခ်မ္းေလး ၿပီးခဲ့တာေတြလည္း ၿပီးၿပီ အေမက အတင္းေပးစားလို႔သာ ကိုယ္သူ႔ကိုယူလိုက္ရတာ ခ်မ္းေလးအသိပဲေလ အခုအေမလည္းမရွိေတာ့ဘူး ခ်မ္းေလးနဲ႔ကိုယ္အရင္လို ျပန္ေနလည္း ကိုယ့္မိန္းမဘာေျပာႏိုင္မွာလဲ "

ကိုေန႔စကားေတြကို ၾကားလွ်င္ၾကားခ်င္း ေသာ္တာခ်မ္းေအး၏ မ်က္လုံးအိမ္မ်ားမွ မ်က္ရည္ေတြစီးက်လာေတာ့သည္။ ဝမ္းနည္း၍မဟုတ္၊ စိတ္တိုလြန္း၍ ေဒါသထြက္ရလြန္း၍။

" ကိုေန႐ူးေနတာလား ကိုေန႔အေမေျပာခဲ့တာကို ကြၽန္ေတာ္ျပန္သတိရမိတယ္ ကြၽန္ေတာ့္လိုလူက ဟိုဘဝကသူမ်ားသားသမီးဖ်က္စီးခဲ့လို႔ သူ႔မ်ားသားမယားကို ျပစ္မွားခဲ့လို႔ ဒီဘဝမွာ ဒီလိုအမ်ားသတ္မွတ္ထားတဲ့အေျခာက္ျဖစ္ေနရတာတဲ့ အဲ့စကားၾကားရတုန္းက ကြၽန္ေတာ့္အေသြးအသားေတြကို ကြၽန္ေတာ္ဘယ္ေလာက္ထိ ေဖာက္ထုတ္ပစ္ခ်င္လိုက္လဲ ခင္ဗ်ားသိလား အဲ့ေတာ့ အဲ့စကားတိုင္းပါပဲ ကြၽန္ေတာ္ေနာက္ဘဝဒီလိုမျဖစ္ခ်င္ဘူး ဒီလိုဘဝႀကီးကို မုန္းတယ္ ကြၽန္ေတာ္လည္း သာမန္လူေတြလိုရွင္သန္ခ်င္တယ္ အဲ့ေတာ့သူမ်ားလင္သားကို မျပစ္မွားခ်င္ဘူး စိတ္မေကာင္းပါဘူး ကြၽန္ေတာ္လည္း အခုလူပ်ိဳလူလြတ္တစ္ေယာက္နဲ႔ ခ်စ္ေနၿပီမို႔ "

" မေန႔က ေကာင္ေလးလား "

" ဟုတ္တယ္ ကြၽန္ေတာ္သူ႔ကိုခ်စ္တယ္ "

" သူ႔လိုေကာင္ကိုမွ ခ်စ္ရလားကြာ သူက၁၀တန္းေတာင္ေအာင္ရဲ႕လား လမ္းေဘးမွာေစ်းေရာင္း "

" ခင္ဗ်ားေတာ္ေတာ့! ခင္ဗ်ားလို ေအာက္တန္းက်တဲ့လူရဲ႕ႏႈတ္က မိုးၿငိမ္းကို ေစာ္ကားတဲ့စကားထြက္ဖို႔ မတန္ဘူး သူကပညာမတတ္ဘူး ဒါေပမဲ့ လူစိတ္ရွိတယ္ ခင္ဗ်ားလိုမဟုတ္ဘူး ခင္ဗ်ားကပညာတတ္ၿပီးေၾကာက္ဖို႔ေကာင္းတယ္ ခင္ဗ်ားက အဆိပ္ပဲ မိုးၿငိမ္းက ကြၽန္ေတာ့္အေပၚေႏြးေထြးမႈေတြေပးတယ္ ကြၽန္ေတာ့္ရဲ႕ေက်းဇူးရွင္ ခင္ဗ်ားထပ္ေစာ္ကားလာရင္ ကြၽန္ေတာ့္ရဲ႕ပထမဦးဆုံးလက္သီးစာက ခင္ဗ်ားအတြက္ျဖစ္သြားလိမ့္မယ္ "

ေသာ္တာခ်မ္းေအး၏ ခႏၶာကိုယ္တစ္ခုလုံးတုန္ရီေနၿပီး မိုးၿငိမ္းကိုပုတ္ခတ္ေျပာဆိုေနေသာ လူကို ႐ြံ႕ရွာေသာအၾကည့္ျဖင့္ ၾကည့္၍ ဆိုလိုက္သည္။ ကိုေနကေတာ့ ျမင္ေနက်မဟုတ္ေသာ သူ႔ပုံစံေၾကာင့္ တအတၾသျဖစ္၍ ၿငိမ္သက္သြားသည္။

" အရမ္းေျပာင္းလဲသြားတာပဲ ခ်မ္းေလး အဲ့ဒီေကာင္ရဲ႕အနားမွာေနၿပီး မင္းရဲ႕အျပဳအမူေတြ ၾကမ္းတမ္းသြားတယ္ အရင္က ကိုယ့္စကားဆိုလိမ္လိမ္မာမာနဲ႔ေခါင္းညိိတ္တတ္တဲ့မင္းကို ျပန္လိုခ်င္သား ေကာင္းပါၿပီ အခုမင္းကိုျပန္ပို႔ေပးမယ္ "

___________

မိုးၿငိမ္းေစ်းကျပန္လာေတာ့ လိုင္းခန္းေရွ႕မွာ ယပ္ေတာင္ခတ္ၿပီးထိုင္ေနေသာ အရီးကိုေတြ႕ရ၏။ အစ္ကို႔ကို မနက္က သူတမင္မေခၚသြားခဲ့တာ။ ဟိုေန႔ကလူသည္ အစ္ကို႔ဆီထပ္ေရာက္လာမွာ သူစိုးရိမ္၍ တမင္အိမ္မွာထားခဲ့မိသည္။

" အရီး အစ္ကိုေရာ "

" ေအး နင့္အစ္ကို သူ႔အသိကားနဲ႔ပါသြားတယ္ "

" ဟမ္ ဘယ္သူလဲ "

" မသိဘူး စတိုင္ကမိုက္မိုက္ပဲ ႐ုပ္ရွင္ထဲကလို ဒုတိယမင္းသားBoss ဒီဇိုင္းသိလား "

"ဗ်ာ..."

" ဟုတ္တယ္ ငါသာယူလိုက္ခ်င္တယ္ေဟ "

" အရီး သူတို႔ဘယ္ဘက္ထြက္သြားတာလဲလို႔ "

" ငါမသိဘူး ကားနဲ႔လမ္းထိပ္ဘက္ထြက္သြားတာပဲ ေဟာ ဟိုမွာ ျပန္ေတာင္ဝင္လာၿပီေတာ့ "

မိုးၿငိမ္းလွမ္းၾကည့္လိုက္​ေတာ့ အနက္ေရာင္ကားက သူတို႔ေရွ႕ရပ္လိုက္​ၿပီး ထိုကားေပၚမွ အစ္ကိုကဆင္းလာသည္။ ထိုကားက သူ႔မွန္းဆမိသေလာက္ဆို မေန႔ကလူစီးလာသည့္ ကားျဖစ္ရမည္။

မိုးၿငိမ္း၏ စိတ္ေတြ လႈပ္ယွက္သြားၿပီး သူ႔ေရွ႕ေလွ်ာက္လာေသာ အစ္ကို႔ကိုသာ ၾကည့္ေနလိုက္သည္။

" မိုးၿငိမ္း ျပန္ေရာက္ၿပီပဲ ဘာလို႔ငါ့ကိုမနက္ကထားသြားရတာလဲ "

" မေန႔ကလူထပ္ေရာက္လာမွာစိုးလို႔ပါ ဒါေပမဲ့ အခုေတာ့အစ္ကိုတို႔က "

"မဟုတ္ဘူး မိုးၿငိမ္း သူက သူ႔ပါသူေရာက္လာတာ ငါနဲ႔စကားေျပာခ်င္႐ုံဆိုလို႔ပါ "

" ဟုတ္ကဲ့ ဒါဆိုကြၽန္ေတာ္ေရသြားခ်ိဳးဦးမယ္ "

မိုးၿငိမ္း၏မ်က္ႏွာ ညႇိဳးသြားမွန္း သူသိလိုက္သည္။ မိုးၿငိမ္းေနာက္ အခန္းထဲသို႔ သူပါလိုက္သြားလိုက္ေတာ့ မိုးၿငိမ္းက သူ႔ကိုဂ႐ုမစိုက္ဘဲ ပုဆိုးတစ္ထည္တည္းျဖင့္ ေရခ်ိဳးသည့္ေနရာကို ထြက္သြားသည္။

" ေရလဲပုဆိုးက်န္ခဲ့တာပဲ ငါ ငါလိုက္ေပးသင့္တယ္ မဟုတ္ရင္ သူျပန္လာယူေနရမွာ "

မိုးၿငိမ္းေရခ်ိဳးေနသည့္ ေနရာဆီ သြားဖို႔ကိုလည္း သူေၾကာက္ေနမိသည္။ မိုးၿငိမ္းက သူ႔အားစိတ္ဆိုးေနေလမလား။ မိုးၿငိမ္းက သူ႔ကိုဘာစိတ္ဆိုးရမွာလည္း ဟုလည္း ျပန္ေတြးမိသည္။ ထို႔ေၾကာင့္ မိုးၿငိမ္းေရခ်ိဳးေနသည့္ေနရာဆီ သူသြားလိုက္သည္။

မိုးၿငိမ္းက အုတ္ကန္ေဘးမွာ ေရခ်ိဳးရင္း ဆပ္ျပာတိုက္ေနေတာ့ သူလည္းအနားကို အေျပးသြားလိုက္သည္။

" မိုးၿငိမ္း! "

(ဝွီးးးး)

ဆပ္ျပာေတြက ခြၽဲက်ိေနေသာေၾကာင့္ ေျခေခ်ာ္သြားေတာ့၏။ မိုးၿငိမ္းအားဝင္တိုက္လ်က္ လဲက်သြားၿပီး သူတစ္ခုခုကို အားျပဳ၍ လွမ္းဆြဲလိုက္ၿပီး ျပန္ေမာ့အၾကည့္

" ဟို မိုးၿငိမ္း ငါက ဟမ္ အားးးး "

" အားးးး အစ္ကို! "

သူေသခ်ာေပါက္ မိုးၿငိမ္း၏ပုဆိုးကို ဆြဲခြၽတ္ခ်လိုက္တာျဖစ္သည္။ မိုးၿငိမ္းက သူ႔လက္ထဲက ပုဆိုးကို ျပန္ဆြဲယူ၍ အျမန္ဝတ္လိုက္ၿပီး လဲက်သြားေသာ သူ႔အားဆြဲထူသည္။

" အစ္ကို ဟိုနာသြားလား "

မိုးၿငိမ္းကလည္း ရွက္ကိုးရွက္ကန္းျဖစ္သြားၿပီး မ်က္ႏွာလႊဲ၍ ေမးလာသည္။ သူကေတာ့ မျမင္သင့္တာျမင္မိ၍ အသံပင္မထြက္ႏိုင္ေတာ့၊ မ်က္လုံးထဲျပန္ျမင္ေယာင္လာၿပီး မိုးၿငိမ္းနားမွ အျမန္ထြက္ေျပးေတာ့သည္။

_________
© အမရာခွန်း (Ten),
книга «အိမ်».
Коментарі