Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
Part-10
Part-2
(Unicode)

အစ်ကိုအသေးလေးက သူပြုတ်ပေးသည့် ကြာဇံပြုတ်ပူပူကို အလျင်အမြန်အာခံတွင်းထဲ ထည့်နေ၏။ လျှာမကျက်ဘူးလားမသိ။ ဒီလို မိမိပြုတ်ပေးသောအရသာကို မြိန်ရေရှက်ရေ စားနေတာတွေ့ရတော့လည်း စိတ်ချမ်းသာရသည်။

" အစ်ကို မပူဘူးလား ဖြည်းဖြည်းစားပါ"

သူ့ကို ပြန်ပြုံးပြီး စားကောင်းတယ် ဟုဆိုလာသည်။

" ငါကျေးဇူးတင်ပါတယ် အခုလို ငါ့ကို ကယ်လည်းကယ်ပေးတယ် အစာလည်းကျွေးတယ်"

" မဟုတ်တာ လမ်းမပေါ်လဲကျသွားတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့က ဒီတိုင်း ရပ်ကြည့်မနေပါဘူးဗျ မြန်မာလူမျိုးအချင်းချင်းပဲ ကူညီရိုင်းပင်း ရမှာပေါ့ "

" အင်းးး "

သော်တာချမ်းအေးအတွက် ဒီလို စိတ်သဘောထားဖြူစင်သည့် လူတစ်ယောက်နှင့်တွေ့ရတာ  တကယ်ကံကောင်းခဲ့သည်။ သို့မဟုတ်လျှင် အခုချိန်လမ်းမပေါ်မှာ လဲကျပြီး အသက်တောင်ရှိတော့မည် မဟုတ်။

" အစ်ကိုက ကံကောင်းတာ အစ်ကိုလဲကျသွားတာကို ကြီးတော်က မြင်သွားလို့ ကျွန်တော့်ကို လှမ်းခေါ်တော့ ကျွန်တော်ကလည်း စျေးရောင်းမလို့ ဆိုင်ခင်းနေတာဗျ အဲ့တာနဲ့ ပြေးပွေ့ပြီး အိမ်ကို ခေါ်ခဲ့ရတာဗျာ "

" ဟို အဲ့တာဆို ငါ့ကြောင့် မိုးငြိမ်းစျေးရောင်းတာ ပျက်ခဲ့ရတာပေါ့နော် "

သူ့ကြောင့် မိမိစျေးရောင်းပျက်သွားတာကိုသိတော့ ချက်ချင်းမျက်နှာက ညိုးကျသွားသည်။

" မပျက်ပါဘူး အစ်ကိုရဲ့ ကြီးတော်နဲ့ ထားခဲ့တာပဲ ပျက်လည်း ဒီနေ့က တနင်္လာနေ့ကြီး အဲ့လောက်ရောင်းရတာ မဟုတ်ဘူး စိတ်မကောင်းမဖြစ်နဲ့ "

" ဒါပေမဲ့ အားနာစရာတွေတော့ ဖြစ်ကုန်တယ်မဟုတ်လား "

လူလူချင်းကူညီရိုင်းပင်းခံရတာက အားနာစရာမှ မဟုတ်တာ။ အဲ့လောက်ထိ တစ်ဖက်သားအပေါ်အားနာတတ်ရန်ကော။

" ဒီမယ်အစ်ကို အစ်ကိုဆိုရင်ရော လမ်းမှာ လူတစ်ယောက်လဲကျနေရင် ဒီအတိုင်း ကျော်ခွသွားမလား ကဲ "

မိမိမေးလိုက်တော့ ချက်ချင်းခေါင်းခါပြသည်။

" အဲ့လိုပဲလေ ကျွန်တော်လည်း ကူညီလိုက်တာပဲ "

" အင်း မိုးငြိမ်းကို ငါကျေးဇူးတင်ပါတယ် "

" ကျွန်တော်က ရန်ကုန်ရောက်တာ တစ်နှစ်ကျော်ပြီ ပခုက္ကူကတက်လာတာ ဟိုဘက်အခန်းမှာ ကြီးတော်နဲ့ အစ်မနေတယ် ကြီးတော်က သိပ်မကြာခင်ပြန်လာတော့မှာ အစ်မကတော့ နည်းနည်းကြာဦးမယ်ထင်တယ် "

" ဟုတ်ကဲ့ "

" အစ်ကို ပြန်အိပ်ချင်အိပ်ပါလား "

" ငါ အိပ်တော့မအိပ်ချင်တော့ပါဘူး "

" အွန်း အဲ့တာဆိုလည်း သက်တောင့်သက်တာနေ ဘာမှ အားနာမနေနဲ့ လိုတာရှိရင် ကျွန်တော့်ကို ခေါ်ပြောလို့ရတယ် ကျွန်တော်အောက်ထပ်က အရီးတို့ အခန်းမှာ ရှိတယ် "

သူစားပြီးသားပုကန်တွေကို ယူပြီး မတ်တတ်ထရပ်တော့ သူပါ လိုက်ရပ်လာသည်။

"ဟင် "

" ငါစားထားတဲ့ပုကန်တွေ ငါ့ဘာသာဆေးပါရစေ "

" အစ်ကို... စောနလေးတင် အားမနာပါနဲ့လို့ ပြောပြီးပြီ မဟုတ်လား "

"ဒါမဲ့ ဒီလိုကျတော့လည်း "

"အစ်ကိုက နေလို့ကောင်းတာမဟုတ်ဘူး ပြန်ထိုင်နေပါဗျာ ဒါ ကျွန်တော်လုပ်နိုင်ပါတယ် "

ဘာမှ ပြန်မပြောတော့ဘဲ နှာခေါင်းအလယ်တည့်တည့်က မှဲ့နက်လေးကို လက်ဖောင်းဖောင်းလေးတွေနဲ့ ဖိပွတ်သည်။ ပြီးမှ သူ့ထက် ခေါင်းတစ်လုံးစာလောက် ပိုရှည်သော မိမိကို ပြန်မော့ကြည့်လာတော့ နှာခေါင်းထိပ်လေးတွေက ရဲလို့ တကယ်ပါ အစ်ကိုက သီချင်းတွေထဲကလို နတ်သက်များကြွေလာတာများလား။ ဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ တီဗီတွေထဲမှာ မြင်ဖူးတဲ့ ကိုရီးယားကားထဲကများ ခုန်ထွက်လာလေသလား။

" အင်းပါ မိုးငြိမ်းက မဆေးနဲ့ဆို ငါငြိမ်ငြိမ်လေးပြန်ထိုင်နေပါ့မယ် "

" ဒီလိုမှပေါ့ ကျွန်တော်သွားပြီ "

အောက်ထပ်ကို ဆင်းသွားပြီး ပန်ကန်ဆေးကြော၍ အရီးနားသွားထိုင်ဖြစ်၏။ အရီးကတော့ မိုးရွာတာတောင် ယပ်တောင် တခတ်ခတ်ရှိသည်။

" အရီးရာ ပူရင်လည်း ဒီဘက်လက်နဲ့ပြောင်းခတ်ပါ ကျွန်တော့်ဆီ လေလာတော့ ကျွန်တော်ချမ်းတယ်ဗျ "

"ဟဲ့ မိုးငြိမ်း ငါ့ဘာသာ ဘယ်လက်နဲ့ခတ်ခတ်ပေါ့ "

" ဟုတ်ပြီ ဟုတ်ပြီ အရီးက စိတ်ကြီးပဲ "

" ဒါနဲ့ နင်မနက်က ပွေ့ချီလာတဲ့ ကလေးလေးက ဘယ်သူ့သားလေးလဲ "

" ဘယ်သူ့သားလေးမှန်းတော့ ကျွန်တော်လည်းမသိဘူး အရီးရဲ့ ကျွန်တော်တို့ စျေးဝမှာ လဲကျနေလို့ ခေါ်လာခဲ့တာဗျာ "

" ဟယ်တော် ဘယ်လိုမိဘတွေကများ ကလေးငယ်ကို စွန့်ပစ်ရတာလဲ "

" ကလေးငယ်မဟုတ်ဘူး အဲ့ဟာလေးက ကျွန်တော့်ထက်တောင် ကြီးတယ်ဗျ သူ့အထုပ်နဲ့သူရောက်လာပုံရရင် အိမ်ပေါ်က ဆင်းလာတယ်ထင်တယ် သူဌေးသားလေးမို့ မိုးရေထဲလျှောက်သွားရင်း ကြာကြာမခံနိုင်ဘူးထင် မေ့လဲသွားတာ "

"ဟယ် ရုပ်ရှင်ထဲကလို မင်းသမီးက အတိတ်မေ့သွားပြီး မင်းသားဆီရောက်လာ မင်းသားနဲ့ကြိုက်သွားကြ နောက်တော့ မိဘတွေက ဘယ်ကနေဘယ်လို သတင်းတွေရကြလဲမသိပါဘူးအေ မင်းသမီးကို ပြန်လာခေါ်သွား မင်းသားက ကျန်ရစ်ဖြစ် အဲ့လို ဇာတ်သိမ်းမျိုးဆိုရင် မိုးငြိမ်းရေ မင်းတော့ မချစ်မိစေနဲ့နော် "

" ဟာ အရီးကလည်း ဘာတွေပြောနေမှန်းမသိ ဟိုက ယောကျ်ားလေးဗျ "

"ပြောရမလားအေ့ နင့်အစ်မ ငါ့ကို ဟိုတစ်ခါက ဖုန်းထဲက ယောကျ်ားလေးနှစ်ယောက်ကြိုက်တဲ့ပုံတွေ လာပြတယ်တော့ ငါက ရန်ကုန်ရောက်တာ ၁၀နှစ်ကျော်ပြီဟဲ့ ငါက ခေတ်မီတယ် ဒီအဘွားကြီးက ရွာမှာတုန်းကလို မတုံးအတော့ဘူး "

အရီးက ဘာတွေပြောနေမှန်းမသိ၍ မိုးငြိမ်းစိတ်ရှုပ်လာပြီး အနားမှ ထပြေးရန် ပြင်တော့သည်။

"ဟာ ဗျာ အရီးနားမှာ မထိုင်တော့ဘူး သွားတော့မယ် "

"ကြွ ကြွ ပြောပြီးသားနော် မချစ်မိစေနဲ့ "

" ကျွန်တော်က မိန်းမယူမှာဗျ "

"ပြီးတာပဲ "

အခန်းထဲပြန်ရောက်တော့ အစ်ကိုက သူ့အဝတ်လေးတွေ သူသေချာပြန်စီနေသည်။ သူ့မှာလည်း ဘာအလုပ်မှ မရှိ အစ်ကိုနဲ့ နှစ်ယောက်တည်း အခန်းကျဥ်းလေးထဲမှာ နေနေဖို့က အစ်ကိုစိတ်ကျဥ်းကျပ်မှာ ဆိုးရသည်။

ခဏနေတော့ ကြီးတော်က ပြန်လာသည်။ ရောက်တာနဲ့ သူ့အခန်းထဲကို ဝင်လာပြီး အစ်ကို့ကို နေလို့ကောင်းရဲ့လားလို့ လာမေးရှာသည်။

" ကျွန်တော့်ကို ဒီလိုခေါ်လာပေးတဲ့အတွက် မိုးငြိမ်းနဲ့ ကြီးတော်ကို အရမ်း ကျေးဇူးတင်ပါတယ် "

" မဟုတ်တာ ကလေးရယ် ကလေးအသက်ဘယ်နှစ်နှစ်တုန်း "

"ဗျာ ကျွန်တော့်အသက်က ၂၂ကျော်ပြီ "'

"ဟုတ်လား ဒါဆို မိုးငြိမ်းထက်တောင် ကြီးတာပဲ ဒါနဲ့ ကလေးက ဘယ်လို့ စျေးဝကို ရောက်လာရတာလဲ "

"ဟို တကယ်တော့လေ ဒီလို........"

အစ်ကိုက သူဘာတွေဖြစ်ခဲ့တယ်။ ဘယ်လိုလုပ်ဒီကို ရောက်လာတယ်ဆိုတာ ဖုံးကွယ်ခြင်း မရှိ၊ အမှန်အတိုင်းပြောပြ၏။ ကြီးတော်နဲ့မိုးငြိမ်းမှာသာ အံ့သြလို့။

"ဟယ် ကိုယ့်သားက ဒီလိုစိတ်ဝင်နေတာ မိဘတစ်ယောက်အနေနဲ့ အားပေးမယ်မရှိဘူး ရိုက်နှက်ကတယ်လို့ ကြည့်စမ်းပါဦး ဒီလောက်နုနုဖက်ဖက်ကလေးကို အဲ့လောက်ရိုက်ရက်ကလား"

အစ်ကိုက ခေါင်းငုံ့ထားလျက် မျက်ရည်လေးဝဲတဲဝဲတဲဖြင့် မိုးငြိမ်းကြည့်ရင်း စိတ်မကောင်းဖြစ်ရသည်။

" အစ်ကို ဘာမှ အားမငယ်နဲ့နော် ကျွန်တော်နဲ့နေ အစ်ကို့တစ်ယောက်ကိုတော့ ကျွန်တော်ကျွေးထားနိုင်တယ် "

"ဟုတ်တယ် ကြီးတော်တို့လည်း ရှိတယ် အဲ့လိုရက်စက်တဲ့ မိဘတွေဆီကို ပြန်သွားမနေနဲ့အေ "

" ဟို ကျွန်တော် ဒီလောက်ထိ ကြီးတော်တို့ကို ဒုက္ခပေးရတာတင် အားနာလှပါပြီ ကျွန်တော် ဒီမှာနေလို့ရရင် ဒီကအလုပ်တွေကို ဝိုင်းလုပ်ပေးပါ့မယ်"

" မလိုဘူး မလိုဘူး ကလေး ဒီမှာ ပျော်အောင်နေ အားလုံးက စိတ်သဘောထားကောင်းကြတဲ့သူတွေချည်းပဲ အားမငယ်နဲ့ "

"ဟုတ်ကဲ့ "

ကြီးတော်က ချော့မော့ပြောပြီး သူ့အခန်းသူ ပြန်သွားသည်။ သူကတော့ တရှုပ်ရှုပ်ငိုနေတုန်း။

" ငါ မိုးငြိမ်းနဲ့ ကြီးတော်ကို အရမ်းကျေးဇူးတင်ပါတယ် ငါ့လိုလူတစ်ယောက်ကို မရွံကြတဲ့အပြင် ဒီလို အားပေး "

"အစ်ကို... ဒီလိုဖြစ်တာက အစ်ကို့အပြစ်မဟုတ်ဘူးလေ ရွံစရာလည်း မကောင်းဘူး ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ရှိတယ် အားမငယ်နဲ့ နားလည်လား "

" ဟုတ်ကဲ့ပါ ငါမင်းတို့ကို ကျေးဇူးပြန်ဆပ်နိုင်အောင် ကြိုးစားပါ့မယ် "

သူ့ဟာနဲ့သူ ကျေးဇူးတွေ အတင်းတင်နေတော့လည်း မပြောဘဲထားလိုက်၏။ အခန်းလေးကကျဥ်းပေမယ့် လူနှစ်ယောက်အိပ်စာနေရာတော့ ရသည်။ ယောကျ်ားလေးတစ်ယောက်နဲ့အတူနေရတာမို့ အစ်ကိုစိတ်ကျဥ်းကျပ်မည်ဆိုး၍ အစ်ကိုနေတဲ့ဘက်ခြမ်းကို လိုက်ကာလေးတပ်ပေးထားသည်။ သူကတော့ ရှေ့ခြမ်းမှာ အစ်ကို့ကိုတော့ အတွင်းဘက်မှာ နေခိုင်းသည်။ ကိုယ်အိပ်နေကျ အိပ်ရာတွေနဲ့ အစ်ကို့ကို သိပ်လို့ မဖြစ်။ ကိုယ်မသန့်ရှင်းတာ ကိုယ်သိသည်မို့ ကြီးတော်တို့ဆီက အဟောင်းလည်း သွားမတောင်းချင်။အစ်ကိုအိပ်ဖို့ မွေ့ရာအိအိလေးတွေ ခေါင်းအုံးလေးတွေ၊ စောင်တွေ၊ ခြင်ထောင်လေးတွေကို ကိုယ်တိုင်သွားဝယ်ပေးရသည်။

အစ်ကို့အတွက် အသုံးအဆောင်တွေ ဝယ်ပြီး ပြန်လာတော့ လိုင်းခန်းက လူတွေက ဝိုင်းကြည့်လာကြသည်။

" မိုးငြိမ်း မိန်းမခိုးလားသလားဟေ့"

"ဟာ...မဟုတ်ပါဘူး။ အစ်ကို တစ်ယောက်ရောက်နေလို့ "

" လူပျိုလေးလား ညီမလာခဲ့မယ်နော်"

ရွာကနေ သူနဲ့အတူ မြို့တက်ပြီး စက်ရုံဆင်းကြတဲ့ ညီမတွေကတော့ ထုံးစံအတိုင်း စကြသည်။

" လာမနေနဲ့ ဟိုက သူဌေးသား ညည်းတို့ကို ပြန်မကြိုက်ဘူး "

အရီးကတော့ ခပ်ပြုံးပြုံးကြည့်နေသည်။ မိုးငြိမ်းလည်း မျက်စောင်းနှင့် ပြန်ကြည့်လိုက်သည်။

" ဟင် အစ်ကို ဘာလို့ အပြင်ထွက်နေတာလဲ "

" ငါ့ကြောင့် မိုးငြိမ်း ဒုက္ခများပြီ "

" မဟုတ်တာ "

"စောနက ငါ့ကြောင့် အထင်လွဲခံရတာ ငါကြားတယ် "

"ဟားးဟားး စိတ်ထဲမထားနဲ့ စနေကြတာ "

" အော်.. ဒါတွေ ငါ့ဖို့လား "

" အင်း အစ်ကို့ကို ကျွန်တော့်အိပ်ရာမှာ အိပ်ခိုင်းလို့ မကောင်းဘူးလေ တော်ကြာ ငရဲကြီးကုန်မှဖြင့် "

" ဟမ် ဘာလို့ကြီးမှာလဲ "

" အာ... ဘာမှ မဟုတ်ဘူး "

မဟုတ်မှ ဒီအစ်ကို တစ်ခါမှ...ဒီလို ရိုးစင်းတဲ့ အစ်ကို့ကို သူ့အဖေက အလကားနေ ရွံတယ်ဆိုတော့ အစ်ကို့အဖေကို မုန်းမိသည်။ နားမလည်သလို ဆက်ကြည့်နေတဲ့ အစ်ကို့ကို ဂရုမစိုက်တော့ဘဲ ဝယ်လာသောအိပ်ရာကို သူ့နေရာမှာ သွားခင်းပေးလိုက်သည်။

(Zawgyi)

အစ္ကိုအေသးေလးက သူျပဳတ္ေပးသည့္ ၾကာဇံျပဳတ္ပူပူကို အလ်င္အျမန္အာခံတြင္းထဲ ထည့္ေန၏။ လွ်ာမက်က္ဘူးလားမသိ။ ဒီလို မိမိျပဳတ္ေပးေသာအရသာကို ၿမိန္ေရရွက္ေရ စားေနတာေတြ႕ရေတာ့လည္း စိတ္ခ်မ္းသာရသည္။

" အစ္ကို မပူဘူးလား ျဖည္းျဖည္းစားပါ"

သူ႔ကို ျပန္ၿပဳံးၿပီး စားေကာင္းတယ္ ဟုဆိုလာသည္။

" ငါေက်းဇူးတင္ပါတယ္ အခုလို ငါ့ကို ကယ္လည္းကယ္ေပးတယ္ အစာလည္းေကြၽးတယ္"

" မဟုတ္တာ လမ္းမေပၚလဲက်သြားတဲ့ လူတစ္ေယာက္ကို ကြၽန္ေတာ္တို႔က ဒီတိုင္း ရပ္ၾကည့္မေနပါဘူးဗ် ျမန္မာလူမ်ိဳးအခ်င္းခ်င္းပဲ ကူညီ႐ိုင္းပင္း ရမွာေပါ့ "

" အင္းးး "

ေသာ္တာခ်မ္းေအးအတြက္ ဒီလို စိတ္သေဘာထားျဖဴစင္သည့္ လူတစ္ေယာက္ႏွင့္ေတြ႕ရတာ  တကယ္ကံေကာင္းခဲ့သည္။ သို႔မဟုတ္လွ်င္ အခုခ်ိန္လမ္းမေပၚမွာ လဲက်ၿပီး အသက္ေတာင္ရွိေတာ့မည္ မဟုတ္။

" အစ္ကိုက ကံေကာင္းတာ အစ္ကိုလဲက်သြားတာကို ႀကီးေတာ္က ျမင္သြားလို႔ ကြၽန္ေတာ့္ကို လွမ္းေခၚေတာ့ ကြၽန္ေတာ္ကလည္း ေဈးေရာင္းမလို႔ ဆိုင္ခင္းေနတာဗ် အဲ့တာနဲ႔ ေျပးေပြ႕ၿပီး အိမ္ကို ေခၚခဲ့ရတာဗ်ာ "

" ဟို အဲ့တာဆို ငါ့ေၾကာင့္ မိုးၿငိမ္းေဈးေရာင္းတာ ပ်က္ခဲ့ရတာေပါ့ေနာ္ "

သူ႔ေၾကာင့္ မိမိေဈးေရာင္းပ်က္သြားတာကိုသိေတာ့ ခ်က္ခ်င္းမ်က္ႏွာက ညိဳးက်သြားသည္။

" မပ်က္ပါဘူး အစ္ကိုရဲ႕ ႀကီးေတာ္နဲ႔ ထားခဲ့တာပဲ ပ်က္လည္း ဒီေန႔က တနလၤာေန႔ႀကီး အဲ့ေလာက္ေရာင္းရတာ မဟုတ္ဘူး စိတ္မေကာင္းမျဖစ္နဲ႔ "

" ဒါေပမဲ့ အားနာစရာေတြေတာ့ ျဖစ္ကုန္တယ္မဟုတ္လား "

လူလူခ်င္းကူညီ႐ိုင္းပင္းခံရတာက အားနာစရာမွ မဟုတ္တာ။ အဲ့ေလာက္ထိ တစ္ဖက္သားအေပၚအားနာတတ္ရန္ေကာ။

" ဒီမယ္အစ္ကို အစ္ကိုဆိုရင္ေရာ လမ္းမွာ လူတစ္ေယာက္လဲက်ေနရင္ ဒီအတိုင္း ေက်ာ္ခြသြားမလား ကဲ "

မိမိေမးလိုက္ေတာ့ ခ်က္ခ်င္းေခါင္းခါျပသည္။

" အဲ့လိုပဲေလ ကြၽန္ေတာ္လည္း ကူညီလိုက္တာပဲ "

" အင္း မိုးၿငိမ္းကို ငါေက်းဇူးတင္ပါတယ္ "

" ကြၽန္ေတာ္က ရန္ကုန္ေရာက္တာ တစ္ႏွစ္ေက်ာ္ၿပီ ပခုကၠဴကတက္လာတာ ဟိုဘက္အခန္းမွာ ႀကီးေတာ္နဲ႔ အစ္မေနတယ္ ႀကီးေတာ္က သိပ္မၾကာခင္ျပန္လာေတာ့မွာ အစ္မကေတာ့ နည္းနည္းၾကာဦးမယ္ထင္တယ္ "

" ဟုတ္ကဲ့ "

" အစ္ကို ျပန္အိပ္ခ်င္အိပ္ပါလား "

" ငါ အိပ္ေတာ့မအိပ္ခ်င္ေတာ့ပါဘူး "

" အြန္း အဲ့တာဆိုလည္း သက္ေတာင့္သက္တာေန ဘာမွ အားနာမေနနဲ႔ လိုတာရွိရင္ ကြၽန္ေတာ့္ကို ေခၚေျပာလို႔ရတယ္ ကြၽန္ေတာ္ေအာက္ထပ္က အရီးတို႔ အခန္းမွာ ရွိတယ္ "

သူစားၿပီးသားပုကန္ေတြကို ယူၿပီး မတ္တတ္ထရပ္ေတာ့ သူပါ လိုက္ရပ္လာသည္။

"ဟင္ "

" ငါစားထားတဲ့ပုကန္ေတြ ငါ့ဘာသာေဆးပါရေစ "

" အစ္ကို... ေစာနေလးတင္ အားမနာပါနဲ႔လို႔ ေျပာၿပီးၿပီ မဟုတ္လား "

"ဒါမဲ့ ဒီလိုက်ေတာ့လည္း "

"အစ္ကိုက ေနလို႔ေကာင္းတာမဟုတ္ဘူး ျပန္ထိုင္ေနပါဗ်ာ ဒါ ကြၽန္ေတာ္လုပ္ႏိုင္ပါတယ္ "

ဘာမွ ျပန္မေျပာေတာ့ဘဲ ႏွာေခါင္းအလယ္တည့္တည့္က မွဲ႔နက္ေလးကို လက္ေဖာင္းေဖာင္းေလးေတြနဲ႔ ဖိပြတ္သည္။ ၿပီးမွ သူ႔ထက္ ေခါင္းတစ္လုံးစာေလာက္ ပိုရွည္ေသာ မိမိကို ျပန္ေမာ့ၾကည့္လာေတာ့ ႏွာေခါင္းထိပ္ေလးေတြက ရဲလို႔ တကယ္ပါ အစ္ကိုက သီခ်င္းေတြထဲကလို နတ္သက္မ်ားေႂကြလာတာမ်ားလား။ ဒီလိုေတာ့လည္း မဟုတ္ျပန္ဘူး။ တီဗီေတြထဲမွာ ျမင္ဖူးတဲ့ ကိုရီးယားကားထဲကမ်ား ခုန္ထြက္လာေလသလား။

" အင္းပါ မိုးၿငိမ္းက မေဆးနဲ႔ဆို ငါၿငိမ္ၿငိမ္ေလးျပန္ထိုင္ေနပါ့မယ္ "

" ဒီလိုမွေပါ့ ကြၽန္ေတာ္သြားၿပီ "

ေအာက္ထပ္ကို ဆင္းသြားၿပီး ပန္ကန္ေဆးေၾကာ၍ အရီးနားသြားထိုင္ျဖစ္၏။ အရီးကေတာ့ မိုး႐ြာတာေတာင္ ယပ္ေတာင္ တခတ္ခတ္ရွိသည္။

" အရီးရာ ပူရင္လည္း ဒီဘက္လက္နဲ႔ေျပာင္းခတ္ပါ ကြၽန္ေတာ့္ဆီ ေလလာေတာ့ ကြၽန္ေတာ္ခ်မ္းတယ္ဗ် "

"ဟဲ့ မိုးၿငိမ္း ငါ့ဘာသာ ဘယ္လက္နဲ႔ခတ္ခတ္ေပါ့ "

" ဟုတ္ၿပီ ဟုတ္ၿပီ အရီးက စိတ္ႀကီးပဲ "

" ဒါနဲ႔ နင္မနက္က ေပြ႕ခ်ီလာတဲ့ ကေလးေလးက ဘယ္သူ႔သားေလးလဲ "

" ဘယ္သူ႔သားေလးမွန္းေတာ့ ကြၽန္ေတာ္လည္းမသိဘူး အရီးရဲ႕ ကြၽန္ေတာ္တို႔ ေဈးဝမွာ လဲက်ေနလို႔ ေခၚလာခဲ့တာဗ်ာ "

" ဟယ္ေတာ္ ဘယ္လိုမိဘေတြကမ်ား ကေလးငယ္ကို စြန႔္ပစ္ရတာလဲ "

" ကေလးငယ္မဟုတ္ဘူး အဲ့ဟာေလးက ကြၽန္ေတာ့္ထက္ေတာင္ ႀကီးတယ္ဗ် သူ႔အထုပ္နဲ႔သူေရာက္လာပုံရရင္ အိမ္ေပၚက ဆင္းလာတယ္ထင္တယ္ သူေဌးသားေလးမို႔ မိုးေရထဲေလွ်ာက္သြားရင္း ၾကာၾကာမခံႏိုင္ဘူးထင္ ေမ့လဲသြားတာ "

"ဟယ္ ႐ုပ္ရွင္ထဲကလို မင္းသမီးက အတိတ္ေမ့သြားၿပီး မင္းသားဆီေရာက္လာ မင္းသားနဲ႔ႀကိဳက္သြားၾက ေနာက္ေတာ့ မိဘေတြက ဘယ္ကေနဘယ္လို သတင္းေတြရၾကလဲမသိပါဘူးေအ မင္းသမီးကို ျပန္လာေခၚသြား မင္းသားက က်န္ရစ္ျဖစ္ အဲ့လို ဇာတ္သိမ္းမ်ိဳးဆိုရင္ မိုးၿငိမ္းေရ မင္းေတာ့ မခ်စ္မိေစနဲ႔ေနာ္ "

" ဟာ အရီးကလည္း ဘာေတြေျပာေနမွန္းမသိ ဟိုက ေယာက်္ားေလးဗ် "

"ေျပာရမလားေအ့ နင့္အစ္မ ငါ့ကို ဟိုတစ္ခါက ဖုန္းထဲက ေယာက်္ားေလးႏွစ္ေယာက္ႀကိဳက္တဲ့ပုံေတြ လာျပတယ္ေတာ့ ငါက ရန္ကုန္ေရာက္တာ ၁၀ႏွစ္ေက်ာ္ၿပီဟဲ့ ငါက ေခတ္မီတယ္ ဒီအဘြားႀကီးက ႐ြာမွာတုန္းကလို မတုံးအေတာ့ဘူး "

အရီးက ဘာေတြေျပာေနမွန္းမသိ၍ မိုးၿငိမ္းစိတ္ရႈပ္လာၿပီး အနားမွ ထေျပးရန္ ျပင္ေတာ့သည္။

"ဟာ ဗ်ာ အရီးနားမွာ မထိုင္ေတာ့ဘူး သြားေတာ့မယ္ "

"ႂကြ ႂကြ ေျပာၿပီးသားေနာ္ မခ်စ္မိေစနဲ႔ "

" ကြၽန္ေတာ္က မိန္းမယူမွာဗ် "

"ၿပီးတာပဲ "

အခန္းထဲျပန္ေရာက္ေတာ့ အစ္ကိုက သူ႔အဝတ္ေလးေတြ သူေသခ်ာျပန္စီေနသည္။ သူ႔မွာလည္း ဘာအလုပ္မွ မရွိ အစ္ကိုနဲ႔ ႏွစ္ေယာက္တည္း အခန္းက်ဥ္းေလးထဲမွာ ေနေနဖို႔က အစ္ကိုစိတ္က်ဥ္းက်ပ္မွာ ဆိုးရသည္။

ခဏေနေတာ့ ႀကီးေတာ္က ျပန္လာသည္။ ေရာက္တာနဲ႔ သူ႔အခန္းထဲကို ဝင္လာၿပီး အစ္ကို႔ကို ေနလို႔ေကာင္းရဲ႕လားလို႔ လာေမးရွာသည္။

" ကြၽန္ေတာ့္ကို ဒီလိုေခၚလာေပးတဲ့အတြက္ မိုးၿငိမ္းနဲ႔ ႀကီးေတာ္ကို အရမ္း ေက်းဇူးတင္ပါတယ္ "

" မဟုတ္တာ ကေလးရယ္ ကေလးအသက္ဘယ္ႏွစ္ႏွစ္တုန္း "

"ဗ်ာ ကြၽန္ေတာ့္အသက္က ၂၂ေက်ာ္ၿပီ "'

"ဟုတ္လား ဒါဆို မိုးၿငိမ္းထက္ေတာင္ ႀကီးတာပဲ ဒါနဲ႔ ကေလးက ဘယ္လို႔ ေဈးဝကို ေရာက္လာရတာလဲ "

"ဟို တကယ္ေတာ့ေလ ဒီလို........"

အစ္ကိုက သူဘာေတြျဖစ္ခဲ့တယ္။ ဘယ္လိုလုပ္ဒီကို ေရာက္လာတယ္ဆိုတာ ဖုံးကြယ္ျခင္း မရွိ၊ အမွန္အတိုင္းေျပာျပ၏။ ႀကီးေတာ္နဲ႔မိုးၿငိမ္းမွာသာ အံ့ၾသလို႔။

"ဟယ္ ကိုယ့္သားက ဒီလိုစိတ္ဝင္ေနတာ မိဘတစ္ေယာက္အေနနဲ႔ အားေပးမယ္မရွိဘူး ႐ိုက္ႏွက္ကတယ္လို႔ ၾကည့္စမ္းပါဦး ဒီေလာက္ႏုႏုဖက္ဖက္ကေလးကို အဲ့ေလာက္႐ိုက္ရက္ကလား"

အစ္ကိုက ေခါင္းငုံ႔ထားလ်က္ မ်က္ရည္ေလးဝဲတဲဝဲတဲျဖင့္ မိုးၿငိမ္းၾကည့္ရင္း စိတ္မေကာင္းျဖစ္ရသည္။

" အစ္ကို ဘာမွ အားမငယ္နဲ႔ေနာ္ ကြၽန္ေတာ္နဲ႔ေန အစ္ကို႔တစ္ေယာက္ကိုေတာ့ ကြၽန္ေတာ္ေကြၽးထားႏိုင္တယ္ "

"ဟုတ္တယ္ ႀကီးေတာ္တို႔လည္း ရွိတယ္ အဲ့လိုရက္စက္တဲ့ မိဘေတြဆီကို ျပန္သြားမေနနဲ႔ေအ "

" ဟို ကြၽန္ေတာ္ ဒီေလာက္ထိ ႀကီးေတာ္တို႔ကို ဒုကၡေပးရတာတင္ အားနာလွပါၿပီ ကြၽန္ေတာ္ ဒီမွာေနလို႔ရရင္ ဒီကအလုပ္ေတြကို ဝိုင္းလုပ္ေပးပါ့မယ္"

" မလိုဘူး မလိုဘူး ကေလး ဒီမွာ ေပ်ာ္ေအာင္ေန အားလုံးက စိတ္သေဘာထားေကာင္းၾကတဲ့သူေတြခ်ည္းပဲ အားမငယ္နဲ႔ "

"ဟုတ္ကဲ့ "

ႀကီးေတာ္က ေခ်ာ့ေမာ့ေျပာၿပီး သူ႔အခန္းသူ ျပန္သြားသည္။ သူကေတာ့ တရႈပ္ရႈပ္ငိုေနတုန္း။

" ငါ မိုးၿငိမ္းနဲ႔ ႀကီးေတာ္ကို အရမ္းေက်းဇူးတင္ပါတယ္ ငါ့လိုလူတစ္ေယာက္ကို မ႐ြံၾကတဲ့အျပင္ ဒီလို အားေပး "

"အစ္ကို... ဒီလိုျဖစ္တာက အစ္ကို႔အျပစ္မဟုတ္ဘူးေလ ႐ြံစရာလည္း မေကာင္းဘူး ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔ ရွိတယ္ အားမငယ္နဲ႔ နားလည္လား "

" ဟုတ္ကဲ့ပါ ငါမင္းတို႔ကို ေက်းဇူးျပန္ဆပ္ႏိုင္ေအာင္ ႀကိဳးစားပါ့မယ္ "

သူ႔ဟာနဲ႔သူ ေက်းဇူးေတြ အတင္းတင္ေနေတာ့လည္း မေျပာဘဲထားလိုက္၏။ အခန္းေလးကက်ဥ္းေပမယ့္ လူႏွစ္ေယာက္အိပ္စာေနရာေတာ့ ရသည္။ ေယာက်္ားေလးတစ္ေယာက္နဲ႔အတူေနရတာမို႔ အစ္ကိုစိတ္က်ဥ္းက်ပ္မည္ဆိုး၍ အစ္ကိုေနတဲ့ဘက္ျခမ္းကို လိုက္ကာေလးတပ္ေပးထားသည္။ သူကေတာ့ ေရွ႕ျခမ္းမွာ အစ္ကို႔ကိုေတာ့ အတြင္းဘက္မွာ ေနခိုင္းသည္။ ကိုယ္အိပ္ေနက် အိပ္ရာေတြနဲ႔ အစ္ကို႔ကို သိပ္လို႔ မျဖစ္။ ကိုယ္မသန႔္ရွင္းတာ ကိုယ္သိသည္မို႔ ႀကီးေတာ္တို႔ဆီက အေဟာင္းလည္း သြားမေတာင္းခ်င္။အစ္ကိုအိပ္ဖို႔ ေမြ႕ရာအိအိေလးေတြ ေခါင္းအုံးေလးေတြ၊ ေစာင္ေတြ၊ ျခင္ေထာင္ေလးေတြကို ကိုယ္တိုင္သြားဝယ္ေပးရသည္။

အစ္ကို႔အတြက္ အသုံးအေဆာင္ေတြ ဝယ္ၿပီး ျပန္လာေတာ့ လိုင္းခန္းက လူေတြက ဝိုင္းၾကည့္လာၾကသည္။

" မိုးၿငိမ္း မိန္းမခိုးလားသလားေဟ့"

"ဟာ...မဟုတ္ပါဘူး။ အစ္ကို တစ္ေယာက္ေရာက္ေနလို႔ "

" လူပ်ိဳေလးလား ညီမလာခဲ့မယ္ေနာ္"

႐ြာကေန သူနဲ႔အတူ ၿမိဳ႕တက္ၿပီး စက္႐ုံဆင္းၾကတဲ့ ညီမေတြကေတာ့ ထုံးစံအတိုင္း စၾကသည္။

" လာမေနနဲ႔ ဟိုက သူေဌးသား ညည္းတို႔ကို ျပန္မႀကိဳက္ဘူး "

အရီးကေတာ့ ခပ္ၿပဳံးၿပဳံးၾကည့္ေနသည္။ မိုးၿငိမ္းလည္း မ်က္ေစာင္းႏွင့္ ျပန္ၾကည့္လိုက္သည္။

" ဟင္ အစ္ကို ဘာလို႔ အျပင္ထြက္ေနတာလဲ "

" ငါ့ေၾကာင့္ မိုးၿငိမ္း ဒုကၡမ်ားၿပီ "

" မဟုတ္တာ "

"ေစာနက ငါ့ေၾကာင့္ အထင္လြဲခံရတာ ငါၾကားတယ္ "

"ဟားးဟားး စိတ္ထဲမထားနဲ႔ စေနၾကတာ "

" ေအာ္.. ဒါေတြ ငါ့ဖို႔လား "

" အင္း အစ္ကို႔ကို ကြၽန္ေတာ့္အိပ္ရာမွာ အိပ္ခိုင္းလို႔ မေကာင္းဘူးေလ ေတာ္ၾကာ ငရဲႀကီးကုန္မွျဖင့္ "

" ဟမ္ ဘာလို႔ႀကီးမွာလဲ "

" အာ... ဘာမွ မဟုတ္ဘူး "

မဟုတ္မွ ဒီအစ္ကို တစ္ခါမွ...ဒီလို ႐ိုးစင္းတဲ့ အစ္ကို႔ကို သူ႔အေဖက အလကားေန ႐ြံတယ္ဆိုေတာ့ အစ္ကို႔အေဖကို မုန္းမိသည္။ နားမလည္သလို ဆက္ၾကည့္ေနတဲ့ အစ္ကို႔ကို ဂ႐ုမစိုက္ေတာ့ဘဲ ဝယ္လာေသာအိပ္ရာကို သူ႔ေနရာမွာ သြားခင္းေပးလိုက္သည္။

© အမရာခွန်း (Ten),
книга «အိမ်».
Коментарі