Part-5
(Unicode)
မိုးငြိမ်း ဈေးကပြန်လာတော့ အစ်ကိုက အရီး၏အခန်းမှာ အရီးနှင့် ကနေတာတွေ့ရ၍ မိုးငြိမ်း၏မျက်လုံးတွေ ပြူးသွားသည်။
အကဲလေး အကဲလေး ဘယ်လိုများကဲနေတာလဲ~~~
တမင်ကစားချင်နေလို့ လိုက်စတာလား ~~~
အမေတို့ခေတ်ကသီချင်းကို တင်လေးလှုပ်ပြီး ကနေသည်။ အရီးက အတင်းကခိုင်းသည့်ပုံ မျက်နှာမချိုမချဥ်နှင့် လိုက်ကနေရှာသည်။ အနောက်က ကြည့်နေတာ အသဲတယားယား ဒီလိုကနေတာ ဘယ်သူတွေ မြင်ပြီးသွားပြီလဲမသိ။ မိုးငြိမ်းဒေါသထွက်ပြီး TV ကို သွားပိတ်ချလိုက်သည်။
" ဟင် မိုးငြိမ်း"
အရီးကလည်း မိုးငြိမ်းကို မြင်တော့ လန့်သွားသည်။ အစ်ကိုကတော့ အားကိုးရသွားတော့ ပျော်သွားသည်။
" အရီး အစ်ကိုက ယောကျ်ားလေးနော် ဘာလို့အဲ့လိုတွေ ကခိုင်းနေတာလဲ "
" ဟို ငါလည်း ပျင်းလို့ပေါ့ "
" အစ်ကိုက အရီးအပျင်းပြေ ဆော့ရမဲ့အရုပ်မဟုတ်ဘူး ဖျော်ဖြေခိုင်းရအောင် အစ်ကိုက နတ်ကတော်လည်း မဟုတ်ဘူး ! "
မိုးငြိမ်း အတော်ဒေါသထွက်မိသည်။ အစ်ကို့ကို စနောက်စရာအရုပ်လို အသုံးချနေတာ သူလက်မခံနိုင်ဘူး။
" မိုးငြိမ်းရယ် ငါလည်း အဲ့သဘောမျိုးမဟုတ်ပါဘူး ဒီအတိုင်း "
" တော်ပြီ နောက်တစ်ခါ အစ်ကို့ကို အရီးလက်ထဲမအပ်တော့ဘူး အစ်ကို့ရဲ့ ပင်ကိုယ်အားနည်းတဲ့စိတ်ကို အရင်းခံပြီး အရီးတို့ရဲ့အပျော်အရုပ်တစ်ခုလို အသုံးမချပါနဲ့ "
မိုးငြိမ်း အစ်ကို့ရဲ့ လက်ကို ဆွဲခေါ်သွားလိုက်သည်။ အစ်ကိုကတော့ ညိမ်ကုပ်ပြီး လိုက်လာသည်။
" မိုးငြိမ်း ဘာလို့ အရီးကို အဲ့လိုကြီးပြန်ပြောလိုက်ရတာလဲ "
" ဘာလို့လဲ ဟုတ်လား အစ်ကို့ကို အဲ့လိုကခိုင်းလို့လေ "
" ငါအဆင်ပြေပါတယ် "
" ဘာကို အဆင်ပြေတာလဲ အစ်ကို့ပုံစံကိုလည်း ပြန်ကြည့်ပါဦး အစကတည်းက ကနွဲ့ကလျလေးမို့ လူတွေက စနောက်ချင်ရတဲ့အထဲ အဲ့လို ကပြနေတော့ ဟာ တောက်! "
သော်တာချမ်းအေး တုန်တက်သွားသည်။ မိုးငြိမ်းက အတော် ဒေါသထွက်နေတာ။ သူကြောက်တယ်။
" ဒီဘက် ခေတ်မှာရှိတဲ့ ယောကျ်ားတွေက သိပ်ကြောက်ဖို့ကောင်းတာ ခင်ဗျားလေးသိလား ယောကျ်ား၊ မိန်းမဆိုပြီး ရှိကြတော့တာမဟုတ်ဘူး အစ်ကို့လို အလှလေးဆို သူတို့သေချာပေါက်ပစ်မှားနေကြမှာ "
မိုးငြိမ်းပြောတာတွေက မှန်လား၊ မှားလား သူမဆုံးဖြတ်တတ်ပါ။ သူသိတာက မိုးငြိမ်းက ဒေါသထွက်ရင် သိပ်ကြောက်ဖို့ ကောင်းတာပဲ။
" ဒါပေမဲ့ ငါက ယောကျ်ားလေးလေ သူတို့အဲ့လိုမပစ်မှားလောက်ပါဘူး သူတို့ သေချာပေါက် အဲ့တာမျိုးကို ရွံကြမှာ "
အစ်ကိုက တကယ့်ကို အပြင်လောကအကြောင်း ဘာမှမသိသေးတာပဲ။ သူကိုယ်တိုင်တောင် အစ်ကို့အပေါ်ပစ်မှားမိနေတာမို့ သူ့စိတ်သူမလုံဘူး။
" အစ်ကို အဲ့လိုထင်နေမှတော့ ကျွန်တော်မပြောတော့ဘူး အစ်ကို တစ်ချိန်နားလည်လိမ့်မယ် "
မိုးငြိမ်းက သူ့ကို တစ်ယောက်တည်းအခန်းထဲမှာထားခဲ့ပြီး ထွက်သွားသည်။ မိုးငြိမ်း သူ့ကို စိတ်ဆိုးသွားပြီ ထင်တယ်။ မိုးငြိမ်း စိတ်အနှောက်အယှက်ဖြစ်အောင် သူလုပ်မိပြန်ပြီ။
ညနေစောင်းတဲ့အထိ မိုးငြိမ်းကပြန်မလာ ထမင်းစားတော့လည်း ကြီးတော်တို့နှင့်သာ စားရသည်။ ကြီးတော်ကတော့ စိတ်မပူနဲ့ အချိန်တန်ရင်ပြန်လာလိမ့်မည်ဟု သူ့ကို နှစ်သိမ့်ပေးသည်။
မိုးချုပ်နေပြီ။ နာရီကြည့်တော့ ၇နာရီကျော်ပြီ။ အပြင်မှာ မိုးကလည်းရွာနေတော့ သော်တာချမ်းအေး စိတ်ပူလာသည်။ မိုးငြိမ်း ဘယ်တွေများသွားပြီး ဘာဖြစ်နေပြီလဲမသိ။ ဒီပတ်ဝန်းကျင်ကို သိပ်မရင်းနှီးပေမယ့် မိုးငြိမ်းကို လိုက်ရှာဖို့ သူဆုံးဖြတ်လိုက်သည်။ ချိတ်ထားတဲ့ ထီးလေးကို လှမ်းအယူ မီးက ရုတ်တရက်ပျက်သွားသည်။ အမှောင်ထဲမှာ သူဘာဆက်လုပ်ရမယ်မသိ။
( ဒေါက်.... ဒေါက်.... )
" ဟင် "
(ဒေါက် ဒေါက် )
" ဟင် ဘယ်သူလဲ မိုးငြိမ်းလား "
(ဒေါက်! )
" မိုးငြိမ်း ပြန်လာတာလားလို့ "
မိုးငြိမ်း ပြန်လာပြီအထင်နှင့် သူအရမ်းပျော်သွားပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
" ဟမ် "
မှောင်နေတာမို့ ဘယ်သူဖြစ်မည်မှန်း အတိအကျမသိသည့်တိုင် ပုံစံက မိုးငြိမ်းမဟုတ်နိုင်မှန်း ခန့်မှန်းမိသည်။ ပုံစံက ဝဝပုပုနှင့် အရက်နံ့ကိုလည်း ရသည်။
" မိန်းမကလည်းကွာ ယောကျ်ားပြန်လာတာကို ဘာလို့ဒီလောက်တံခါးဖွင့်တာကြာနေရတာလဲ "
"ဟင် ခင်ဗျားက ဘယ်သူကြီးလဲ မိုးငြိမ်းလည်း မဟုတ်ဘူး "
ထိုလူက သူ့ကိုဆွဲဖက်ပြီး အခန်းထဲကို အတင်းဝင်သည်။ အရက်နံ့တွေနှင့် ချွေးနံ့တွေမွှန်ထွန်နေသော ထိုလူ့ထံမှ သော်တာချမ်းအေး ရုန်းသည်။
" လွှတ်ပါ လွှတ်ပါဗျာ ခင်ဗျားဘယ်သူလဲ "
" မိန်းမကလည်းကွာ ဘာလို့ရုန်းနေလဲ "
" လွှတ်လို့ဆို "
သော်တာချမ်းအေးလည်းကြောက်စိတ်ကြောင့် မျက်ရည်တွေပါ ကျလာသည်။
( ခွပ် )
ထိုလူ့နှာခေါင်းကို ဦးခေါင်းနဲ့ ရိုက်ချပစ်လိုက်တော့မှ ထိုလူက လွှတ်ပေးလိုက်သည်။
" အာ ရို မိန်းမ ယောကျ်ားကို ဘယ်လို့ နှိပ်စက်တာလဲ နာလိုက်တာ ကျွတ်ကျွတ်"
" ခင်ဗျားကို ဘယ်သူလဲ မေးနေတယ်လေ ဘာလို့ကျွန်တော့်ကို လာဖက်တာလဲ "
" အားးးး မင်း မင်း ငါ့မိန်းမ မဟုတ်ဘူး မင်းဘယ်သူလဲ ဘာလို့ ငါ့မိန်းမရဲ့ အခန်းထဲရောက်နေတာလဲ ငါ့ကိုပြောစမ်း "
" ဘာတွေလာပြောနေတာလဲ ခင်ဗျားက ကျွန်တော့်အခန်းထဲဝင်လာတာ ရူးကြောင်ကြောင်မလုပ်နဲ့ "
" မင်း မင်း ငါ့မိန်းမရဲ့ လင်ငယ် "
" ထွီ.... ခင်ဗျားပေါက်ကရမပြောနဲ့ "
( ခွပ် ! ခွပ် ! ခွပ် !)
" ဟင် မိုးငြိမ်း "
" အမလေး ကယ်ကြပါဦးဗျ ကျုပ်မိန်းမရဲ့ အခန်းထဲကို ယောကျ်ားတွေဝင်ပြီး ကျုပ်ကို ရိုက်နှက်နေကြတယ်"
မိုးငြိမ်းလာပြီဆိုတော့ သော်တာချမ်းအေးလည်း မိုးငြိမ်းကို ပြေးဖက်လိုက်သည်။ သူမကြောက်တော့ဘူး။ မိုးငြိမ်းက အနားမှာ ရှိနေပြီ။
ချက်ချင်းမီးက ထလင်းသွားတော့ အားလုံးရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
" ဟာ ဦးဘသိန်း "
မိုးငြိမ်းက သူ့ကို ပြန်ဖက်ထားရက်နဲ့ အော်လိုက်သည်။ မိုးငြိမ်းအော်လိုက်တဲ့လူက လဲနေသော စောနက ခပ်ဝဝလူဖြစ်နေ၏။ မျက်နှာမှာလည်း ယောင်ကိုင်းလို့ နှုတ်ခမ်းကလည်း သွေးထွက်နေသည်။
" မိုးငြိမ်း သူက ဘယ်သူလဲ "
" ဟိုဘက်အခန်းက ဒေါ်လေးမြရဲ့ ယောကျ်ားပေါ့ "
"ဟုတ်လား သူအခန်းမှားဝင်လာတာ ထင်တယ် "
"ဒေါ်လေးမြရေ ဒေါလေးမြရဲ့ယောကျ်ားကို လာခေါ်ပါဦး "
ခဏကြာတော့ အန်တီကြီးတစ်ယောက်က ဝင်လာသည်။
" အမလေး ငါ့ယောကျ်ားဘာဖြစ်တာလဲ မျက်နှာမှာလဲ ယောင်ကိုင်းနေတာပဲ "
" ဒေါ်လေးမြရဲ့ ယောကျ်ားက အခန်းမှားဝင်လာပြီး အစ်ကို့ကို အတင်းဖက်ယက်နေလို့ ကျွန်တော်ဆော်ထည့်လိုက်တာဗျ "
" ဟယ် မိုးငြိမ်းရယ် နင်ရက်စက်လှချည်လား "
" မသိဘူးဗျာ ဦးဘသိန်းမှန်းမသိလို့ပါ "
အန်တီကြီးကတော့ လဲနေသည့် သူ့ယောကျ်ားကို ဆွဲထူမပြီး ခေါ်သွားတော့သည်။ သော်တာချမ်းအေးသည် အန်တီကြီးကို လှမ်းကြည့်နေရင်း မိုးငြိမ်းကို ပြန်မော့ကြည့်လိုက်တော့ မိုးငြိမ်းကလည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။ ဟုတ်သားပဲ။ သူ မိုးငြိမ်းကို ဖက်ထားမိတာကိုး။ သူမိုးငြိမ်းရဲ့ လက်ထဲကနေ ရုန်းထွက်လိုက်သည်။
" တောင်းပန်ပါတယ် "
" တောင်းပန်ပါတယ် "
နှစ်ယောက်ပြိုင်တူပြောမိသွားပြီး မိုးငြိမ်းကို သူတအံ့တသြမော့ကြည့်လိုက်သည်။
" မဟုတ်တာ ကျွန်တော်မရှိလို့ အစ်ကို လန့်သွားတယ်မလား "
" အင်း "
" နောက်တစ်ခါ ကျွန်တော်မထွက်သွားတော့ဘူးနော် "
" ငါလည်း တောင်းပန်ပါတယ် နောက်တစ်ခါ အရီးခိုင်းသမျှ ပေါက်ကရတွေ လျှောက်မလုပ်တော့ဘူး "
" အင်းပါ ဒါနဲ့ အစ်ကို တစ်ခုခုထိခိုက်မိသွားသေးလား "
"ဟင့်အင်း ဒါပေမဲ့ ငါ ခေါင်းနာသွားတယ် ဟိုဦးလေးရဲ့ နှာခေါင်းနဲ့ တိုက်လိုက်လို့ "
"ဟမ် ဟုတ်လား ပြပါဦး ဖုသွားပြီလား မသိဘူး အဲ့လူကြီးက နှာခေါင်းအကြောသိပ်မာတာ ဆေးလိမ်းပေးမယ် လာ "
အခုကျတော့လည်း မိုးငြိမ်းက သူ့နဖူးကို စိတ်ရှည်လက်ရှည်ဆေးလိမ်းပေးနေသည်။
" မိုးငြိမ်း ဘယ်တွေသွားနေတာလဲ "
" ဘယ်မှ မသွားပါဘူး လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာရှိတယ် မီးပျက်တော့ အစ်ကို အမှောင်ထဲမနေရဲမှာ သတိရပြီး ပြန်လာတာ "
" ငါ့ကို စိတ်ဆိုးနေသေးလား "
"ဟင့်အင်း မဆိုးတော့ဘူး "
ညအိပ်တော့လည်း မိုးငြိမ်းအိပ်ပျော်နေပြီလားလို့ လိုက်ကာကို လှပ်ကြည့်သေးသည်။ မိုးငြိမ်းက မအိပ်သေး တစ်ခုခုတွေးနေပုံရသည်။ နှစ်ယောက်အတူရှိနေတဲ့ အခန်းက တိတ်ဆိတ်လို့ ခဏကြာတော့ မိုးငြိမ်းကလည်း သူ့ခန်းဆီးလိုက်ကာကို လာမပြီး ချောင်းကြည့်လာသည်။
" ဟင် မအိပ်သေးဘူးလား "
" ငါအိပ်မပျော်ဘူး "
" မနက်ကျရင် အစ်ကို့ကို စျေးခေါ်သွားချင်ပေမယ့် အစ်ကို အိပ်ရေးမဝမှာစိုးတယ် "
" ငါလိုက်ခဲ့လို့ရလား "
" အစ်ကို ပင်ပန်းမှာ မလိုက်ပါနဲ့ "
" ငါလိုက်ခဲ့ချင်တယ် "
" အစ်ကို့ ပုံစံလေးနဲ့ စျေးက မလိုက်ဖက်ဘူး "
မိုးငြိမ်းက ငြင်းလိုက်တာကြောင့် သူမျက်နှာမဲ့သွားသည်။ အမြဲတမ်း သူ့ပုံစံက တခြားလူတွေကို စိတ်အနှောက်အယှက်ဖြစ်စေတာပဲ။ သူ့ပုံစံကြောင့် သူလုပ်ချင်တာတွေလည်း မလုပ်ရဘူး။ သွားချင်တဲ့နေရာလည်း မသွားရဘူး။
" အရီးနဲ့ ထားခဲ့ရမှာလည်း ခပ်လန့်လန့်ဗျ "
" ငါက မိုးငြိမ်းကို အမြဲစိတ်ရှုပ်အောင် လုပ်နေတာလား "
" မဟုတ်ပါဘူး ကျွန်တော်ကသာ အစ်ကို့ကို အမြဲတွေးပူနေတာ "
" ငါလည်း မိုးငြိမ်းနောက်လိုက်ချင်တယ် "
" တကယ်လိုက်ချင်တာလား "
" အွန်း "
" ဟုတ်ပြီ အဲ့တာဆို စောစောအိပ် မနက်ကျရင် အစောကြီးထရမှာ သူဌေးသားလေးရဲ့ "
" ငါက သူဌေးသားမဟုတ်ပါဘူး အခု မိုးငြိမ်းကျွေးတာစားနေရတာကို "
" မဟုတ်တာ အစ်ကို့ရဲ့ အသွေးအသားလေးကိုက ဒီလောက် ဖြူစင်နေတာ ကျွန်တော်တို့လို မဟုတ်ဘူး "
မိုးငြိမ်းရဲ့စကားကြောင့် သူရှက်သွားပြီး မိုးငြိမ်းကိုင်ထားတဲ့ လိုက်ကာစကို ဆွဲချလိုက်သည်။ မိုးငြိမ်းရဲ့အပြောတွေက သိပ်နွေးထွေးတာပဲ။ မိုးငြိမ်းက သူ့ကို ဂရုစိုက်တယ်။ မိုးငြိမ်းက သူ့ကို ကာကွယ်ပေးတယ်။ မိုးငြိမ်းက တကယ့်လူစွမ်းကောင်းလိုပဲ။ သူ မိုးငြိမ်းကို အားကျတယ်။ မိုးငြိမ်းက ယောကျ်ားပီသလွန်းတယ်။ အသားညိုညို လူကောင်ထွားထွားနှင့် မျက်ခုံးမျက်လုံးကလည်း မြန်မာဆန်ဆန်ကြည့်ကောင်းသည်။ မိုးငြိမ်းအကြောင်းတွေးပြီး သူ့မျက်နှာတွေ ပူနွေးလာရ၏။
(Zawgyi)
မိုးၿငိမ္း ေဈးကျပန္လာေတာ့ အစ္ကိုက အရီး၏အခန္းမွာ အရီးႏွင့္ ကေနတာေတြ႕ရ၍ မိုးၿငိမ္း၏မ်က္လုံးေတြ ျပဴးသြားသည္။
အကဲေလး အကဲေလး ဘယ္လိုမ်ားကဲေနတာလဲ~~~
တမင္ကစားခ်င္ေနလို႔ လိုက္စတာလား ~~~
အေမတို႔ေခတ္ကသီခ်င္းကို တင္ေလးလႈပ္ၿပီး ကေနသည္။ အရီးက အတင္းကခိုင္းသည့္ပုံ မ်က္ႏွာမခ်ိဳမခ်ဥ္ႏွင့္ လိုက္ကေနရွာသည္။ အေနာက္က ၾကည့္ေနတာ အသဲတယားယား ဒီလိုကေနတာ ဘယ္သူေတြ ျမင္ၿပီးသြားၿပီလဲမသိ။ မိုးၿငိမ္းေဒါသထြက္ၿပီး TV ကို သြားပိတ္ခ်လိုက္သည္။
" ဟင္ မိုးၿငိမ္း"
အရီးကလည္း မိုးၿငိမ္းကို ျမင္ေတာ့ လန္႔သြားသည္။ အစ္ကိုကေတာ့ အားကိုးရသြားေတာ့ ေပ်ာ္သြားသည္။
" အရီး အစ္ကိုက ေယာက်္ားေလးေနာ္ ဘာလို႔အဲ့လိုေတြ ကခိုင္းေနတာလဲ "
" ဟို ငါလည္း ပ်င္းလို႔ေပါ့ "
" အစ္ကိုက အရီးအပ်င္းေျပ ေဆာ့ရမဲ့အ႐ုပ္မဟုတ္ဘူး ေဖ်ာ္ေျဖခိုင္းရေအာင္ အစ္ကိုက နတ္ကေတာ္လည္း မဟုတ္ဘူး ! "
မိုးၿငိမ္း အေတာ္ေဒါသထြက္မိသည္။ အစ္ကို႔ကို စေနာက္စရာအ႐ုပ္လို အသုံးခ်ေနတာ သူလက္မခံႏိုင္ဘူး။
" မိုးၿငိမ္းရယ္ ငါလည္း အဲ့သေဘာမ်ိဳးမဟုတ္ပါဘူး ဒီအတိုင္း "
" ေတာ္ၿပီ ေနာက္တစ္ခါ အစ္ကို႔ကို အရီးလက္ထဲမအပ္ေတာ့ဘူး အစ္ကို႔ရဲ႕ ပင္ကိုယ္အားနည္းတဲ့စိတ္ကို အရင္းခံၿပီး အရီးတို႔ရဲ႕အေပ်ာ္အ႐ုပ္တစ္ခုလို အသုံးမခ်ပါနဲ႔ "
မိုးၿငိမ္း အစ္ကို႔ရဲ႕ လက္ကို ဆြဲေခၚသြားလိုက္သည္။ အစ္ကိုကေတာ့ ညိမ္ကုပ္ၿပီး လိုက္လာသည္။
" မိုးၿငိမ္း ဘာလို႔ အရီးကို အဲ့လိုႀကီးျပန္ေျပာလိုက္ရတာလဲ "
" ဘာလို႔လဲ ဟုတ္လား အစ္ကို႔ကို အဲ့လိုကခိုင္းလို႔ေလ "
" ငါအဆင္ေျပပါတယ္ "
" ဘာကို အဆင္ေျပတာလဲ အစ္ကို႔ပုံစံကိုလည္း ျပန္ၾကည့္ပါဦး အစကတည္းက ကႏြဲ႕ကလ်ေလးမို႔ လူေတြက စေနာက္ခ်င္ရတဲ့အထဲ အဲ့လို ကျပေနေတာ့ ဟာ ေတာက္! "
ေသာ္တာခ်မ္းေအး တုန္တက္သြားသည္။ မိုးၿငိမ္းက အေတာ္ ေဒါသထြက္ေနတာ။ သူေၾကာက္တယ္။
" ဒီဘက္ ေခတ္မွာရွိတဲ့ ေယာက်္ားေတြက သိပ္ေၾကာက္ဖို႔ေကာင္းတာ ခင္ဗ်ားေလးသိလား ေယာက်္ား၊ မိန္းမဆိုၿပီး ရွိၾကေတာ့တာမဟုတ္ဘူး အစ္ကို႔လို အလွေလးဆို သူတို႔ေသခ်ာေပါက္ပစ္မွားေနၾကမွာ "
မိုးၿငိမ္းေျပာတာေတြက မွန္လား၊ မွားလား သူမဆုံးျဖတ္တတ္ပါ။ သူသိတာက မိုးၿငိမ္းက ေဒါသထြက္ရင္ သိပ္ေၾကာက္ဖို႔ ေကာင္းတာပဲ။
" ဒါေပမဲ့ ငါက ေယာက်္ားေလးေလ သူတို႔အဲ့လိုမပစ္မွားေလာက္ပါဘူး သူတို႔ ေသခ်ာေပါက္ အဲ့တာမ်ိဳးကို ႐ြံၾကမွာ "
အစ္ကိုက တကယ့္ကို အျပင္ေလာကအေၾကာင္း ဘာမွမသိေသးတာပဲ။ သူကိုယ္တိုင္ေတာင္ အစ္ကို႔အေပၚပစ္မွားမိေနတာမို႔ သူ႔စိတ္သူမလုံဘူး။
" အစ္ကို အဲ့လိုထင္ေနမွေတာ့ ကြၽန္ေတာ္မေျပာေတာ့ဘူး အစ္ကို တစ္ခ်ိန္နားလည္လိမ့္မယ္ "
မိုးၿငိမ္းက သူ႔ကို တစ္ေယာက္တည္းအခန္းထဲမွာထားခဲ့ၿပီး ထြက္သြားသည္။ မိုးၿငိမ္း သူ႔ကို စိတ္ဆိုးသြားၿပီ ထင္တယ္။ မိုးၿငိမ္း စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ သူလုပ္မိျပန္ၿပီ။
ညေနေစာင္းတဲ့အထိ မိုးၿငိမ္းကျပန္မလာ ထမင္းစားေတာ့လည္း ႀကီးေတာ္တို႔ႏွင့္သာ စားရသည္။ ႀကီးေတာ္ကေတာ့ စိတ္မပူနဲ႔ အခ်ိန္တန္ရင္ျပန္လာလိမ့္မည္ဟု သူ႔ကို ႏွစ္သိမ့္ေပးသည္။
မိုးခ်ဳပ္ေနၿပီ။ နာရီၾကည့္ေတာ့ ၇နာရီေက်ာ္ၿပီ။ အျပင္မွာ မိုးကလည္း႐ြာေနေတာ့ ေသာ္တာခ်မ္းေအး စိတ္ပူလာသည္။ မိုးၿငိမ္း ဘယ္ေတြမ်ားသြားၿပီး ဘာျဖစ္ေနၿပီလဲမသိ။ ဒီပတ္ဝန္းက်င္ကို သိပ္မရင္းႏွီးေပမယ့္ မိုးၿငိမ္းကို လိုက္ရွာဖို႔ သူဆုံးျဖတ္လိုက္သည္။ ခ်ိတ္ထားတဲ့ ထီးေလးကို လွမ္းအယူ မီးက ႐ုတ္တရက္ပ်က္သြားသည္။ အေမွာင္ထဲမွာ သူဘာဆက္လုပ္ရမယ္မသိ။
( ေဒါက္.... ေဒါက္.... )
" ဟင္ "
(ေဒါက္ ေဒါက္ )
" ဟင္ ဘယ္သူလဲ မိုးၿငိမ္းလား "
(ေဒါက္! )
" မိုးၿငိမ္း ျပန္လာတာလားလို႔ "
မိုးၿငိမ္း ျပန္လာၿပီအထင္ႏွင့္ သူအရမ္းေပ်ာ္သြားၿပီး တံခါးသြားဖြင့္ေပးလိုက္သည္။
" ဟမ္ "
ေမွာင္ေနတာမို႔ ဘယ္သူျဖစ္မည္မွန္း အတိအက်မသိသည့္တိုင္ ပုံစံက မိုးၿငိမ္းမဟုတ္ႏိုင္မွန္း ခန္႔မွန္းမိသည္။ ပုံစံက ဝဝပုပုႏွင့္ အရက္နံ႔ကိုလည္း ရသည္။
" မိန္းမကလည္းကြာ ေယာက်္ားျပန္လာတာကို ဘာလို႔ဒီေလာက္တံခါးဖြင့္တာၾကာေနရတာလဲ "
"ဟင္ ခင္ဗ်ားက ဘယ္သူႀကီးလဲ မိုးၿငိမ္းလည္း မဟုတ္ဘူး "
ထိုလူက သူ႔ကိုဆြဲဖက္ၿပီး အခန္းထဲကို အတင္းဝင္သည္။ အရက္နံ႔ေတြႏွင့္ ေခြၽးနံ႔ေတြမႊန္ထြန္ေနေသာ ထိုလူ႔ထံမွ ေသာ္တာခ်မ္းေအး ႐ုန္းသည္။
" လႊတ္ပါ လႊတ္ပါဗ်ာ ခင္ဗ်ားဘယ္သူလဲ "
" မိန္းမကလည္းကြာ ဘာလို႔႐ုန္းေနလဲ "
" လႊတ္လို႔ဆို "
ေသာ္တာခ်မ္းေအးလည္းေၾကာက္စိတ္ေၾကာင့္ မ်က္ရည္ေတြပါ က်လာသည္။
( ခြပ္ )
ထိုလူ႔ႏွာေခါင္းကို ဦးေခါင္းနဲ႔ ႐ိုက္ခ်ပစ္လိုက္ေတာ့မွ ထိုလူက လႊတ္ေပးလိုက္သည္။
" အာ ႐ို မိန္းမ ေယာက်္ားကို ဘယ္လို႔ ႏွိပ္စက္တာလဲ နာလိုက္တာ ကြၽတ္ကြၽတ္"
" ခင္ဗ်ားကို ဘယ္သူလဲ ေမးေနတယ္ေလ ဘာလို႔ကြၽန္ေတာ့္ကို လာဖက္တာလဲ "
" အားးးး မင္း မင္း ငါ့မိန္းမ မဟုတ္ဘူး မင္းဘယ္သူလဲ ဘာလို႔ ငါ့မိန္းမရဲ႕ အခန္းထဲေရာက္ေနတာလဲ ငါ့ကိုေျပာစမ္း "
" ဘာေတြလာေျပာေနတာလဲ ခင္ဗ်ားက ကြၽန္ေတာ့္အခန္းထဲဝင္လာတာ ႐ူးေၾကာင္ေၾကာင္မလုပ္နဲ႔ "
" မင္း မင္း ငါ့မိန္းမရဲ႕ လင္ငယ္ "
" ထြီ.... ခင္ဗ်ားေပါက္ကရမေျပာနဲ႔ "
( ခြပ္ ! ခြပ္ ! ခြပ္ !)
" ဟင္ မိုးၿငိမ္း "
" အမေလး ကယ္ၾကပါဦးဗ် က်ဳပ္မိန္းမရဲ႕ အခန္းထဲကို ေယာက်္ားေတြဝင္ၿပီး က်ဳပ္ကို ႐ိုက္ႏွက္ေနၾကတယ္"
မိုးၿငိမ္းလာၿပီဆိုေတာ့ ေသာ္တာခ်မ္းေအးလည္း မိုးၿငိမ္းကို ေျပးဖက္လိုက္သည္။ သူမေၾကာက္ေတာ့ဘူး။ မိုးၿငိမ္းက အနားမွာ ရွိေနၿပီ။
ခ်က္ခ်င္းမီးက ထလင္းသြားေတာ့ အားလုံးရွင္းရွင္းလင္းလင္းျမင္လိုက္ရသည္။
" ဟာ ဦးဘသိန္း "
မိုးၿငိမ္းက သူ႔ကို ျပန္ဖက္ထားရက္နဲ႔ ေအာ္လိုက္သည္။ မိုးၿငိမ္းေအာ္လိုက္တဲ့လူက လဲေနေသာ ေစာနက ခပ္ဝဝလူျဖစ္ေန၏။ မ်က္ႏွာမွာလည္း ေယာင္ကိုင္းလို႔ ႏႈတ္ခမ္းကလည္း ေသြးထြက္ေနသည္။
" မိုးၿငိမ္း သူက ဘယ္သူလဲ "
" ဟိုဘက္အခန္းက ေဒၚေလးျမရဲ႕ ေယာက်္ားေပါ့ "
"ဟုတ္လား သူအခန္းမွားဝင္လာတာ ထင္တယ္ "
"ေဒၚေလးျမေရ ေဒါေလးျမရဲ႕ေယာက်္ားကို လာေခၚပါဦး "
ခဏၾကာေတာ့ အန္တီႀကီးတစ္ေယာက္က ဝင္လာသည္။
" အမေလး ငါ့ေယာက်္ားဘာျဖစ္တာလဲ မ်က္ႏွာမွာလဲ ေယာင္ကိုင္းေနတာပဲ "
" ေဒၚေလးျမရဲ႕ ေယာက်္ားက အခန္းမွားဝင္လာၿပီး အစ္ကို႔ကို အတင္းဖက္ယက္ေနလို႔ ကြၽန္ေတာ္ေဆာ္ထည့္လိုက္တာဗ် "
" ဟယ္ မိုးၿငိမ္းရယ္ နင္ရက္စက္လွခ်ည္လား "
" မသိဘူးဗ်ာ ဦးဘသိန္းမွန္းမသိလို႔ပါ "
အန္တီႀကီးကေတာ့ လဲေနသည့္ သူ႔ေယာက်္ားကို ဆြဲထူမၿပီး ေခၚသြားေတာ့သည္။ ေသာ္တာခ်မ္းေအးသည္ အန္တီႀကီးကို လွမ္းၾကည့္ေနရင္း မိုးၿငိမ္းကို ျပန္ေမာ့ၾကည့္လိုက္ေတာ့ မိုးၿငိမ္းကလည္း သူ႔ကို ျပန္စိုက္ၾကည့္ေနသည္။ ဟုတ္သားပဲ။ သူ မိုးၿငိမ္းကို ဖက္ထားမိတာကိုး။ သူမိုးၿငိမ္းရဲ႕ လက္ထဲကေန ႐ုန္းထြက္လိုက္သည္။
" ေတာင္းပန္ပါတယ္ "
" ေတာင္းပန္ပါတယ္ "
ႏွစ္ေယာက္ၿပိဳင္တူေျပာမိသြားၿပီး မိုးၿငိမ္းကို သူတအံ့တၾသေမာ့ၾကည့္လိုက္သည္။
" မဟုတ္တာ ကြၽန္ေတာ္မရွိလို႔ အစ္ကို လန္႔သြားတယ္မလား "
" အင္း "
" ေနာက္တစ္ခါ ကြၽန္ေတာ္မထြက္သြားေတာ့ဘူးေနာ္ "
" ငါလည္း ေတာင္းပန္ပါတယ္ ေနာက္တစ္ခါ အရီးခိုင္းသမွ် ေပါက္ကရေတြ ေလွ်ာက္မလုပ္ေတာ့ဘူး "
" အင္းပါ ဒါနဲ႔ အစ္ကို တစ္ခုခုထိခိုက္မိသြားေသးလား "
"ဟင့္အင္း ဒါေပမဲ့ ငါ ေခါင္းနာသြားတယ္ ဟိုဦးေလးရဲ႕ ႏွာေခါင္းနဲ႔ တိုက္လိုက္လို႔ "
"ဟမ္ ဟုတ္လား ျပပါဦး ဖုသြားၿပီလား မသိဘူး အဲ့လူႀကီးက ႏွာေခါင္းအေၾကာသိပ္မာတာ ေဆးလိမ္းေပးမယ္ လာ "
အခုက်ေတာ့လည္း မိုးၿငိမ္းက သူ႔နဖူးကို စိတ္ရွည္လက္ရွည္ေဆးလိမ္းေပးေနသည္။
" မိုးၿငိမ္း ဘယ္ေတြသြားေနတာလဲ "
" ဘယ္မွ မသြားပါဘူး လမ္းထိပ္က လက္ဖက္ရည္ဆိုင္မွာရွိတယ္ မီးပ်က္ေတာ့ အစ္ကို အေမွာင္ထဲမေနရဲမွာ သတိရၿပီး ျပန္လာတာ "
" ငါ့ကို စိတ္ဆိုးေနေသးလား "
"ဟင့္အင္း မဆိုးေတာ့ဘူး "
ညအိပ္ေတာ့လည္း မိုးၿငိမ္းအိပ္ေပ်ာ္ေနၿပီလားလို႔ လိုက္ကာကို လွပ္ၾကည့္ေသးသည္။ မိုးၿငိမ္းက မအိပ္ေသး တစ္ခုခုေတြးေနပုံရသည္။ ႏွစ္ေယာက္အတူရွိေနတဲ့ အခန္းက တိတ္ဆိတ္လို႔ ခဏၾကာေတာ့ မိုးၿငိမ္းကလည္း သူ႔ခန္းဆီးလိုက္ကာကို လာမၿပီး ေခ်ာင္းၾကည့္လာသည္။
" ဟင္ မအိပ္ေသးဘူးလား "
" ငါအိပ္မေပ်ာ္ဘူး "
" မနက္က်ရင္ အစ္ကို႔ကို ေစ်းေခၚသြားခ်င္ေပမယ့္ အစ္ကို အိပ္ေရးမဝမွာစိုးတယ္ "
" ငါလိုက္ခဲ့လို႔ရလား "
" အစ္ကို ပင္ပန္းမွာ မလိုက္ပါနဲ႔ "
" ငါလိုက္ခဲ့ခ်င္တယ္ "
" အစ္ကို႔ ပုံစံေလးနဲ႔ ေစ်းက မလိုက္ဖက္ဘူး "
မိုးၿငိမ္းက ျငင္းလိုက္တာေၾကာင့္ သူမ်က္ႏွာမဲ့သြားသည္။ အၿမဲတမ္း သူ႔ပုံစံက တျခားလူေတြကို စိတ္အေႏွာက္အယွက္ျဖစ္ေစတာပဲ။ သူ႔ပုံစံေၾကာင့္ သူလုပ္ခ်င္တာေတြလည္း မလုပ္ရဘူး။ သြားခ်င္တဲ့ေနရာလည္း မသြားရဘူး။
" အရီးနဲ႔ ထားခဲ့ရမွာလည္း ခပ္လန္႔လန္႔ဗ် "
" ငါက မိုးၿငိမ္းကို အၿမဲစိတ္ရႈပ္ေအာင္ လုပ္ေနတာလား "
" မဟုတ္ပါဘူး ကြၽန္ေတာ္ကသာ အစ္ကို႔ကို အၿမဲေတြးပူေနတာ "
" ငါလည္း မိုးၿငိမ္းေနာက္လိုက္ခ်င္တယ္ "
" တကယ္လိုက္ခ်င္တာလား "
" အြန္း "
" ဟုတ္ၿပီ အဲ့တာဆို ေစာေစာအိပ္ မနက္က်ရင္ အေစာႀကီးထရမွာ သူေဌးသားေလးရဲ႕ "
" ငါက သူေဌးသားမဟုတ္ပါဘူး အခု မိုးၿငိမ္းေကြၽးတာစားေနရတာကို "
" မဟုတ္တာ အစ္ကို႔ရဲ႕ အေသြးအသားေလးကိုက ဒီေလာက္ ျဖဴစင္ေနတာ ကြၽန္ေတာ္တို႔လို မဟုတ္ဘူး "
မိုးၿငိမ္းရဲ႕စကားေၾကာင့္ သူရွက္သြားၿပီး မိုးၿငိမ္းကိုင္ထားတဲ့ လိုက္ကာစကို ဆြဲခ်လိုက္သည္။ မိုးၿငိမ္းရဲ႕အေျပာေတြက သိပ္ေႏြးေထြးတာပဲ။ မိုးၿငိမ္းက သူ႔ကို ဂ႐ုစိုက္တယ္။ မိုးၿငိမ္းက သူ႔ကို ကာကြယ္ေပးတယ္။ မိုးၿငိမ္းက တကယ့္လူစြမ္းေကာင္းလိုပဲ။ သူ မိုးၿငိမ္းကို အားက်တယ္။ မိုးၿငိမ္းက ေယာက်္ားပီသလြန္းတယ္။ အသားညိဳညိဳ လူေကာင္ထြားထြားႏွင့္ မ်က္ခုံးမ်က္လုံးကလည္း ျမန္မာဆန္ဆန္ၾကည့္ေကာင္းသည္။ မိုးၿငိမ္းအေၾကာင္းေတြးၿပီး သူ႔မ်က္ႏွာေတြ ပူေႏြးလာရ၏။

Коментарі