Part-6
(Unicode)
မိုးငြိမ်းစောစောထ၍ ရေအရင်ချိုးပြီးမှ အစ်ကို့ကို နှိုးရသည်။ အစ်ကိုက စျေးလိုက်ချင်တယ်ဟူ၍သာ ခေါ်ရမှာ အစ်ကိုပင်ပန်းမှာလည်း စိုးရသေးသည်။ အရီးနဲ့ထားခဲ့ဖို့ကျလည်း သူ့မှာစိတ်မချ။
" အစ်ကို အစ်ကို "
ပခုံးကို လှုပ်နှိုးလိုက်တော့ ဟင်ခနဲဆိုပြီး ထထိုင်သည်။ မျက်လုံးလေးက မှိတ်ထားသေးသည်။
" ရေသွားချိုးတော့ သွားရအောင် "
" အင်း အင်း "
ရေချိုးတော့လည်း မိုးငြိမ်းက လိုက်စောင့်ပေးရသည်။ ရေချိုးလိုက်တော့ အိပ်ချင်စိတ်ပျောက်သွားသည်။ ရေချိုးအဝတ်အစားလဲပြီးသည်အထိ မိုးငြိမ်းက စိတ်ရှည်ရှည်နှင့် စောင့်ပေးသည်။
" အစ်ကိုပြီးရင် သွားမယ်လေ အောက်မှာ ကြီးတော်စောင့်နေပြီ "
" အင်းအင်း "
စျေးနဲ့က နှစ်မှတ်တိုင်လောက်သာဝေး၍ မနက်စောစောမို့လမ်းလျှောက်သွားကြသည်။ အောင်သုခကျော်ကျော်လောက်ရောက်တော့ သားဖွားဆေးရုံတစ်ခုတွေ့သည်။ လမ်းကလည်း မှောင်နေသေးသောကြောင့် မိုးငြိမ်းအနားကို ကပ်လိုက်သည်။ သားဖွားဆေးရုံတွေဘာတွေက မကောင်းဆိုးဝါးရှိတတ်သည်ဟု သော်တာချမ်းအေးငယ်ငယ်တုန်းက ကြားခဲ့ဖူးသည်။
" အစ်ကို ကြောက်လို့လား "
" အင်းနည်းနည်း "
"မကြောက်ပါနဲ့ ဒီက သရဲက တစ်ယောက်တည်းလာရင်သာဆွဲတာ လူများရင်မဆွဲရဲပါဘူး "
"ဟင် သရဲရှိတာလား "
" ရှိတာပေါ့ ကျွန်တော်တော့အခြောက်မခံဖူးဘူး အနားကလူတွေတော့ ခံဖူးတယ် သရဲမက အနောက်ကစကားလိုက်ပြောတာဆိုလား "
"ကြောက်စရာကြီး "
သော်တာချမ်းအေးလည်း ကျောချမ်းသွားပြီး မိုးငြိမ်းအနားကို ပိုတိုးလို့ကပ်လိုက်သည်။ ဘေးဘီဝဲယာကို မကြည့်တော့ဘဲ ရှေ့တည့်တည့်ကိုသာကြည့်ပြီး လျှောက်ခဲ့သည်။ သိပ်မကြာခင် အတောအတွင်းဈေးထဲကို ရောက်ခဲ့၏။
" အစ်ကို ဒီပေါ်မှာထိုင် "
" အင်း "
ဆိုင်ခုံတစ်ခုပေါ်သူ့ကို တက်ထိုင်ခိုင်းပြီး မိုးငြိမ်းကတော့ ခုံအောက်သေတ္တာထဲက ပြောင်ဖူးတွေ၊ ဂေါ်ဖီထုပ်တွေကို ထုတ်နေသည်။
" ကြီးတော် ညနေကျရင်စျေးဆင်းဦးမှာလား "
" အေး "
" ကျွန်တော့်အတွက် လိုတာတွေဝယ်ခဲ့ဦး "
" အေး ငါမနေ့က ဆိုင်သိမ်းကတည်းကသိပါတယ် "
ခဏကြာတော့ သူထိုင်နေတဲ့အရှေ့မှာ ပြောင်းဖူးအပုံလိုက်ကြီးရောက်လာသည်။ ဘေးနားမှာလည်း ဂေါ်ဖီထုပ်တွေ။ နေကလည်းထွက်လာပြီဖြစ်၍ ဈေးထဲမှာလည်း ဈေးသည်တွေက စုံလာပြီမို့ ဈေးအော်ရောင်းသံတွေ ကြားနေရသည်။
သူ မိုးငြိမ်းကို ဈေးကူရောင်းပေးရန် ကြံပြီး ဘယ်လိုအော်ရောင်းရမည်မသိ။ ပြောင်းဖူးဆိုပြီးတော့လား။ ဂေါ်ဖီလို့အော်ရမှာလား ။
" မိုးငြိမ်း ငါတို့ဘယ်လိုအော်ကြမလဲ "
" ဟမ် ဘာကိုအော်မှာလဲ "
"ဟိုဘက်က ဈေးသည်တွေလိုလေ "
" ဟားဟား အဲ့တာစိတ်မပူနဲ့ ကျွန်တော့်မှာ နည်းရှိတယ်ဗျ "
"ဟုတ်လား ဘယ်လိုလဲ "
သော်တာချမ်းအေးလည်း သိချင်စိတ်ဖြင့် မေးတော့ မိုးငြိမ်းက သူ့ကိုပြုံး၍ ကြည့်နေသည်။ ဘာသဘောမှန်းမသိ။
" အစ်မရေ အစ်မရေ ဝက်သားနဲ့ အာလူး ဘယ်တော့မှ တွဲမစားနဲ့ "
အထူးအဆန်းအော်သံကြောင့် သော်တာချမ်းအေးသည် မိုးငြိမ်းဆီက အကြည့်လွှဲလိုက်ပြီး အော်နေတဲ့လူကြီးကို လှမ်းကြည့်လိုက်၏။ ထိုလူကြီးက ပလတ်စတစ်လောင်းထားသော စာရွက်တွေအထပ်လိုက်ကို လက်ကပိုက်ထားပြီး စာရွက်တစ်ရွက်ကို ဖြန့်၍ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်အော်နေသည်။
" အစ်မတို့ရေ ဝက်သားနဲ့အာလူးတွဲမစားကြနဲ့ဗျ "
ဝက်သားနဲ့အာလူးတွဲစားရင် ဘာများဖြစ်သလဲဟု သူစိတ်ဝင်စားသွားသည်။
" မိုးငြိမ်း တွဲစားရင် ဘာဖြစ်မှာလဲ "
" သူပဲ သိမှာပေါ့ဗျ "
" ဝက်သားနဲ့အာလူး တွဲမစားကြနဲ့ဗျ ဝက်သားသိက္ခာကျတယ် "
"ခွီ....ဟီးဟီး "
သော်တာချမ်းအေးလည်း သဘောကျ၍ ရယ်လိုက်မိ၏။ မတည့်သည့်အစားအစာများဖြစ်နေလိမ့်မလားဟု စိတ်ပူသွားတာ၊ အခုတော့ ဝက်သားသိက္ခာကျမှာ စိုးလို့တဲ့။
" အစ်မတို့ရေ နို့အေးချောင်းနဲ့ဂွေးသီး တွဲမစားနဲ့နော် အစ်မတို့ ကိုယ့်ခေါင်းအုံးသူများအုံးသွားလိမ့်မယ် အစ်မတို့ရဲ့ "
" တောင်းပန်ပါတယ် အစ်မတို့ရယ်....မစားပါနဲ့ မစားကြပါနဲ့...."
" မိုငြိမ်း သူက ဘာရောင်းတာလဲဟင် "
"သူကမတည့်တဲ့ အစားအသောက်တွေကို ရေးထားတဲ့ကဒ်ကို လိုက်ရောင်းတာလေ "
" အော် အဲ့တာကြောင့် သူကအော်နေတာပေါ့ "
" အင်း "
မိုးငြိမ်းက ရုတ်တရက်သူ့ဘေးမှထပြီး မတ်တပ်ရပ်၍ ပြောင်းဖူးနှစ်ဖူးကို ကောက်ယူလိုက်ပြီး အခွံနွှာလိုက်သည်။
" ဟာ.... အစ်မ ကြည့်ပါဦး အကိတ်ကြီးဗျာ ၆လက်မအထက်ပဲကြည့်ပါဦး အစ်မတို့ရေ ဟာ...ဟာ.... ဒီဂေါ်ဖီထုပ်ကြီးကလည်း အကြီးကြီးဗျာ အိမ်ကယောကျ်ားနဲ့ ရန်ဖြစ်ရင် ကိုယ်တစ်ပြန်သူတစ်ပြန်ခေါင်းရိုက်ခွဲလို့ ရတယ်နော် "
မိုးငြိမ်းအော်နေတာကို ကြည့်ပြီး သူလည်းတခစ်ခစ်ရယ်နေသည်။ အဝေးက အန်တီကြီးတွေက တဟာ ဟာ အော်နေတော့ ဘာများလဲဟု စူးစမ်းစိတ်ဖြင့်လှမ်းကြည့်ပြီးမှ ပြောင်းဖူးမြင်တော့ ပြုံးသွားကြသည်။ မိုးငြိမ်းစျေးရောင်းနေပုံကို သဘောကျပြီး ဝယ်သွားကြသည်။
" မိုးငြိမ်း ငါလည်း အဲ့လိုအော်ရောင်းမယ်"
"ဟင် မရောင်းပါနဲ့ "
" ဘာလို့လဲ ငါလည်းကူရောင်းပေးချင်တာပေါ့ "
" အစ်ကို့ပုံစံနဲ့ အကြီးကြီးဆိုပြီးအော်နေလည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူးဗျ "
"ဟင် မိုးငြိမ်းကလည်း ဘယ်လိုကြီးလဲ ပြောင်းဖူးလေ "
မိုးငြိမ်းစလိုက်ပြီးမှ အစ်ကိုရှက်သွားတာသိတော့ အားနာသွားသည်။ အစ်ကိုက အရှက်လွန်ပြီး သူ့မူပိုင် နှာခေါင်းက မှဲ့လေးကို ပွတ်နေသည်။အစ်ကိုက သာမန်ယောကျ်ားတွေလိုမဟုတ်ဘဲ ယောကျ်ားချင်းရှက်တတ်သူတစ်ယောက်။ အစ်ကို့ကိုမှ သွားစမိတော့ အစ်ကိုဟာငြိမ်သွားပြီး ဈေးထဲက ဈေးသည်တွေကိုသာ လိုက်ကြည့်နေသည်။
နေမြင့်လာတော့ ဈေးကွဲပြီမို့ လက်ကျန်ပစ္စည်းတွေကို သိမ်းလိုက်ပြီး ကြီးတော်ကို လိုအပ်တာတွေ သွားမှာလိုက်သည်။ အစ်ကိုကတော့ သူ့ဆိုင်ဘေးမှာ ရပ်စောင့်နေသည်။ မှာစရာရှိတာမှာပြီး အစ်ကို့အနားပြန်လျှောက်လာတော့ အစ်ကိုက သူ့ဗိုက်လေးကိုပွတ်နေသည်။
" အစ်ကို ဗိုက်ဆာလို့လား "
" အင်း "
" လာ စျေးထိပ်က လက်ဖက်ရည်ဆိုင်မှာ တစ်ခုခုသွားစားရအောင် "
အစ်ကို့လက်ကိုဆွဲပြီး လူကြားထဲကနေအမြန်ခေါ်ထုတ်သွားလိုက်သည်။ လက်ဖက်ရည်ဆိုင်ရောက်တော့ လူသူခပ်လှမ်းလှမ်းက ဝိုင်းကိုရွေးပြီး ထိုင်လိုက်သည်။
" အစ်ကို လက်ဖက်ရည်သောက်မှာလား ချိုဆိမ့်လား "
" အင်း ချိုဆိမ့် "
အစ်ကို့စိတ်ကြိုက်ချိုဆိမ့်နှင့် သူ့အတွက်ကျဆိမ့်တစ်ခွက်အရင်မှာလိုက်ပြီး မုန့်လုံးကြီးကြော်လည်းမှာလိုက်သည်။
" အချိုတွေ အရမ်းစားနေရင် အစ်ကို့ဗိုက်လေးက ပူလာမှာ အဲ့ကျရင် ကျွန်တော်က ဗိုက်ပူလေးလို့ပြောင်းခေါ်မှာ "
မုန့်လုံးကြီးကို ဖဲ့နေတဲ့အစ်ကိုလက်တွေ ရပ်လိုက်ပြီး ပြန်ချလိုက်သည်။
"ဟင် စားလေ "
" ငါ ဗိုက်မပူချင်ဘူး "
" စားပါ စနေတာ အစ်ကိုက ဗိုက်ပူနေရင် ပိုချစ်ဖို့ကောင်းသွားမှာ မန်ဒါလီအဖြူလေးတွေလိုလေ ဗိုက်ပူဖင်ကောက်လေး ဟားဟား "
အစ်ကို့မျက်နှာက ရဲသွားပြီး အရှေ့ကမုန့်လုံးကြီးကို အလုံးလိုက်အာခံတွင်းထဲထိုးထည့်နေသည်။ ပလုတ်ပလောင်းဖြစ်နေတဲ့ အစ်ကိုက အရမ်းဖြူစင်ပြီး ချစ်စရာကောင်းလွန်းလို့ အစ်ကို့ရဲ့ ဖြူဖြူအိအိပါးလေးတွေကို သူဆွဲလိမ်မိတော့မည်ထင်၏။
" အစ်ကိုဝရဲ့လား ဘာထပ်စားဦးမလဲ"
" ဟင့်အင်း ငါဝပြီ "
စားပွဲထိုးကိုလှမ်းခေါ်၍ ပိုက်ဆံရှင်းလိုက်ပြီး အစ်ကိုနှင့်နှစ်ယောက်အတူ အိမ်ပြန်ခဲ့ကြသည်။
" ကြီးတော်က ဘာလို့ငါတို့နဲ့အတူ မပြန်တာလဲ "
" ကြီးတော်က တညင်းကုန်းနေ့ခင်းစျေးဆင်းရတယ်လေ "
"အော် ..."
" အစ်ကိုနေ့ခင်းကျဘာစားချင်လဲ ကျွန်တော်ဘာချက်ပေးရမလဲ "
" မိုးငြိမ်းကြိုက်တာချက်ပါ ငါအကုန်စားတာပဲ "
" အစ်ကိုကြိုက်ဖို့က အရေးကြီးတယ်လေ "
မိုးငြိမ်းက သူ့ကိုအစစအရာရာဦးစားပေးတော့ သူပျော်ရသည်။ မိုးငြိမ်း ထမင်းဟင်းချက်နေတော့ သူအနားမှာဘာကူပေးရမလဲကြည့်တာတောင် မိုးငြိမ်းက သူ့ကိုဘာမှမခိုင်းပါ။
" မိုးငြိမ်းမှာလေ ဟို "
"ဟင် ဘာလဲအစ်ကို "
" ချစ်သူတွေဘာတွေ မရှိဘူးလား "
ဟင်းချက်နေရင်းအစ်ကို့ကို လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ အစ်ကိုက သိပ်ပေါက်ပေါက်ရှာရှာတွေ မေးတတ်တာပဲ။
" မရှိဘူး အစ်ကိုကရော "
" ငါကရှိတယ် "
"ဟင် "
(ချွင်... )
မိုးငြိမ်းလက်ထဲ၌ ကိုင်ထားသောဇွန်းက ခုံအောက်ကို ပြုတ်ကျသွားသည်။ ပြီးနောက် မယုံကြည်နိုင်စွာ အစ်ကို့ကိုပြန်လှည့်ကြည့်လိုက်သည်။
" အစ်ကို့မှာ ပိုင်ရှင်ရှိတယ်လို့ ဆိုလိုတာလား "
"ဟင် အဲ့လိုမဟုတ်ပါဘူး အရင်ကငါရည်းစားထားဖူးတယ်လို့ ပြောပြတာပါ အခုမရှိတော့ပါဘူး "
" အရမ်းချစ်ခဲ့ကြတာလား "
" အဲ့တာက ငါလည်းမပြောတတ်ဘူး သူက ငါ့ကိုထားသွားတယ် သူ့အိမ်ကလက်မခံဘူးလေ"
" သူက ကျွန်တော့်ထက်တော့ သာမှာပေါ့ "
" ဟင် "
" ဘာမှမဟုတ်တော့ဘူး ထားလိုက်တော့ "
မိုးငြိမ်း ဘာဖြစ်သွားမှန်းမသိသောကြောင့် သူလည်းမှုန်ကုပ်ကုပ်ဖြင့် မိုးငြိမ်းအနားမှ ထွက်လာခဲ့ပြီး အောက်ထပ်က အရီးအခန်းကိုသွား၍ အရီးကို သွားချောင်းလိုက်သေးသည်။
" ဟယ် ကလေးလာလေ "
အရီးက လှမ်းတွေ့ပြီး သူ့ကိုခေါ်တော့ သူသွားရမလား၊ မသွားရမလားမသိ။ မိုးငြိမ်းက အရီးအနားသွားရင်သူ့ကို ထပ်ဆူမှာလည်း ကြောက်သည်။ သို့ပေမယ့် အရီးကခေါ်နေတော့လည်း သူအရီးအနားကို သွားလိုက်သည်။ အရိီးကတော့ ထုံးစံအတိုင်းအတင်းပြောလိုက် သူတို့အကြောင်းကို စပ်စုလိုက်နှင့် ရှိသည်။
ထမင်းစားတော့လည်း မိုးငြိမ်းက စကားမပြော တစ်နေကုန်သူ့ကို ဘာစကားမှ မပြော၍ သူဝမ်းနည်းလာသည်။ ညရောက်တော့ မိုးငြိမ်းက သူ့ကို အိပ်ရာခင်းပေးသည်။ မအိပ်သေးဘဲ မိုးငြိမ်းအနား ခပ်ယို့ယို့လေးသွားကပ်နေတော့လည်း မိုးငြိမ်းရဲ့အရေးလုပ်ခြင်းမခံရတော့ သူ့အိပ်ရာသူပြန်နေ၍ ကြိတ်မှိတ်အိပ်ပေမယ့် အိပ်မပျော်။ မိုးငြိမ်းကို ချောင်းကြည့်လိုက်တော့ မိုးငြိမ်းကလည်း နဖူးပေါ်လက်တင်ပြီး ဘာတွေတွေးတောနေသည် မသိ။
" ငါ့အထင် သူ့ထက်မိုးငြိမ်းက ငါ့အပေါ်ပိုကောင်းပြီးနွေးထွေးတယ် "
အစ်ကို့အသံတိုးတိုးလေးကြောင့် မိုးငြိမ်းအစ်ကို့ကို ပြန်ချောင်းကြည့်လိုက်တော့ ဟိုဘက်လှည့်ပြီး အိပ်နေသည်။ တစ်ညနေလုံးမိုးငြိမ်းတွေးနေခဲ့တာ အစ်ကို့ရဲ့ ပထမလူနဲ့ပတ်သတ်ပြီး သူက အစ်ကို့ရဲ့ ပထမဦးဆုံးအခွင့်အရေးတွေကို ရပြီးသွားပြီလားလို့ အစ်ကို့ရင်ထဲမှာ သူက ခုချိန်ထိနေရာယူထားသေးလားလို့ တွေးပူနေခဲ့တာ။ အဲ့လိုသာဆို မိုးငြိမ်းရှေ့ဆက်ဖို့ ဘယ်လိုမှအဆင်ပြေတော့မှာ မဟုတ်ဘူး။ အစ်ကို့ရင်ထဲမှာ ဦးဆုံးတခြားလူတစ်ယောက်က ကြိုရှိနေခဲ့ရင် သူမသိမသာလေးနဲ့နောက်ဆုတ်ပေးရတော့မည်။
_________
(Zawgyi)
" အစ်ကို အစ်ကို "
" အင်း အင်း "
" အင်းအင်း "
" အစ်ကို ကြောက်လို့လား "
" အင်းနည်းနည်း "
"ဟင် သရဲရှိတာလား "
"ကြောက်စရာကြီး "
" အင်း "
" ကြီးတော် ညနေကျရင်ဈေးဆင်းဦးမှာလား "
" အေး "
" ဟမ် ဘာကိုအော်မှာလဲ "
"ဟုတ်လား ဘယ်လိုလဲ "
" သူပဲ သိမှာပေါ့ဗျ "
"ခွီ....ဟီးဟီး "
" အင်း "
" ဟာ.... အစ်မ ကြည့်ပါဦး အကိတ်ကြီးဗျာ ၆လက်မအထက်ပဲကြည့်ပါဦး အစ်မတို့ရေ ဟာ...ဟာ.... ဒီဂေါ်ဖီထုပ်ကြီးကလည်း အကြီးကြီးဗျာ အိမ်ကယောက်ျားနဲ့ ရန်ဖြစ်ရင် ကိုယ်တစ်ပြန်သူတစ်ပြန်ခေါင်းရိုက်ခွဲလို့ ရတယ်နော် "
"ဟင် မရောင်းပါနဲ့ "
" အင်း "
" လာ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ တစ်ခုခုသွားစားရအောင် "
" အင်း ချိုဆိမ့် "
"ဟင် စားလေ "
" ငါ ဗိုက်မပူချင်ဘူး "
" ဟင့်အင်း ငါဝပြီ "
" ကြီးတော်က တညင်းကုန်းနေ့ခင်းဈေးဆင်းရတယ်လေ "
"အော် ..."
" မိုးငြိမ်းမှာလေ ဟို "
"ဟင် ဘာလဲအစ်ကို "
" မရှိဘူး အစ်ကိုကရော "
" ငါကရှိတယ် "
"ဟင် "
(ချွင်... )
" အရမ်းချစ်ခဲ့ကြတာလား "
" ဟင် "
" ဟယ် ကလေးလာလေ "