Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
Part-10
Part- 7
(Unicode)

အစ်ကို့ကို နေ့တိုင်းစျေးခေါ်သွားနေရသည်မို့ အစ်ကိုလည်းပင်ပန်းတော့မည်ဟု မိုးငြိမ်းတွေးမိသည်။ အစ်ကိုကတော့ အပြုံးမပျက်ဘဲ သူဘယ်သွားသွားလျှောက်လိုက်နေပေမယ့် ညအိပ်ချိန်တိုင်းအစ်ကို့ပုံစံလေးက ပင်ပန်းနေမှန်းသိသာလှ၏။ အချိန်ကြာလာသည်နှင့်အမျှ ပင်ပန်းမှုကြောင့် မျက်ကွင်းလေးတွေညိုလာပြီး ပိန်သွားမည်ကိုပင် စိတ်ပူလှသည်။

ဒီနေ့လည်း အစ်ကိုမနိုးမီ သူအရင်ထပြီး အစ်ကို့ကို တိတ်တိတ်ကလေးအိမ်မှာချန်ထားခဲ့မည်ဟု သူတွေးထား၏။အစ်ကိုကတော့ နှုတ်ခမ်းကလေးကိုလှစ်ဟပြီး အသက်ရှူမှန်မှန်ဖြင့် အိမ်မောကျနေ၍ မိုးငြိမ်း၏အကြံကိုလည်း သိပုံမပေါ်၊ ငြိမ်းချမ်းလျက်။ သူသွားခါနီးကျတော့ အခန်းကိုသေချာပိတ်ခဲ့ရ၏။ သို့မဟုတ်လျှင် သူမရှိတုန်း သူခိုးတွေဘာတွေဝင်နိုင်သည်။ ရှိရှိသမျှပစ္စည်းတွေအကုန် မသွားသည်ကအကြောင်းမဟုတ်သော်ငှား အစ်ကိုအိပ်ပျော်နေပုံလေးကို တစ်ပါးသူမြင်သွားမည်ဆိုပါက မကောင်း။

မနက်မိုးစင်စင်လင်းချိန်ရောက်တော့ သော်တာချမ်းအေးသည် အိပ်ရာမှ လန့်နိုးလာရ၏။ မျက်ဝတ်များကို ဖယ်ရှားလိုက်ပြီး ခြင်ထောင်စကိုဆွဲဖယ်၍ အပြင်ဘက်ကို ထွက်ကြည့်လိုက်ချိန် နေအတော်မြင့်နေပြီမို့ လင်းရောင်ခြည်အောက်၌ သူ့မျက်နှာမို့မို့လေးသည်ကား ညှိုးနွမ်းသွားရ၏။

မိုးငြိမ်းက သူ့ကိုအိမ်မှာတစ်ယောက်တည်းထားပစ်ခဲ့၏။ မိုးငြိမ်းနှင့်အတူ သွားလာခဲ့သည့်ကျန်ခဲ့သောရက်များ၌ သူကား မည်သည့်အမှားကို ကျူးလွန်မိခဲ့ပါသနည်း။ မိုးငြိမ်း၏ စိတ်တွင်း၌ သူ့ကိုချန်ထားချင်သည့်အတွေးများဝင်လောက်အောင် သူဘာအပြစ်များလုပ်ခဲ့ပါသနည်း။ မိုးငြိမ်းအတွက် တကယ့်ကိုပင် စိတ်ရှုပ်စရာတစ်ခုဖြစ်ခဲ့ရပြန်ပြီလား။

သူအခန်းရှေ့၌မတ်တတ်ရပ်နေစဥ်မှာပင် အရီးကအနားကို ပြုံး၍ လျှောက်လှမ်းလာပြီး သူ့မျက်နှာကို ကြည့်နေသည်။

" ကလေး ဘာစိတ်အလိုမကျဖြစ်နေတာလဲ "

" ဟို မိုးငြိမ်းက သားကိုဒီနေ့စျေးမခေါ်တော့ဘူး "

အရီးကို ပြန်ဖြေရင်း သူ့မျက်နှာကလည်း သိသိသာသာပျက်ယွင်းနေသည်။

" အင်းဟုတ်တယ်လေ သူမသွားခင်က အရီးကို နှိုးပြီး ပြောသွားတယ် ကလေးပင်ပန်းမှာစိုးလို့ထားခဲ့မယ်တဲ့ ဂရုစိုက်ပေးပါတဲ့ "

" သားမှ မပင်ပန်းတာ "

" ကဲပါ ကလေး မျက်နှာသွားသစ် အရီးနဲ့မနက်စာအတူစားရအောင် "

" ဟုတ်ကဲ့ပါ "

မျက်နှာသစ်ပြီးတော့ အရီးနှင့်နှစ်ယောက်အတူ မနက်စာစားနေရင်း မိုးငြိမ်းအတင်းကိုလည်း အရီးကို ပြန်ပို့ချမိသွားပြန်သည်။ အရီးက ရပ်ကွက်အတင်းပြော သူကမိုးငြိမ်းမကောင်းကြောင်းပြောနှင့် အဝေတည့်နေခဲ့သည်။

" ကလေး မိုးငြိမ်းကလေ ငယ်ငယ်ကချစ်သူရှိတယ် "

"ဟမ် မဟုတ်ပါဘူး ဟိုတစ်လောက မိုးငြိမ်းကမရှိဘူးလို့ ပြောပါတယ် "

" ရှိတယ် အဲ့တာကလေးကို လိမ်တာလေ "

" ဟင်...."

အရီးပြောသည့်စကားကို မယုံပေမယ့် သော်တာချမ်းအေး၏စိတ်ထဲတွင် မနာလိုဝန်တိုမှုအနည်းငယ်ဝင်မိသွားသည်။ မိုးငြိမ်းက တကယ်ပဲ သူ့ကိုလိမ်ပြောခဲ့သလားဆိုသည်ကို မိုးငြိမ်းပြန်လာလျှင် သေချာမေးရလိမ့်မည်။

နေ့ခင်းဘက်မိုးငြိမ်းပြန်လာတော့ လက်ထဲ၌ ကန်စွန်းဥထုပ်ကြီးကိုင်လာပြီး အရီးကိုပြုတ်ပေးဖို့ ပြောနေသည်။ သော်တာချမ်းအေးလည်း မိုးငြိမ်းကို ရှောင်ထွက်သွားလိုက်ပြီး အခန်းထဲသို့ အရင်ပြန်နှင့်လိုက်သည်။

အရီးအား ကန်စွန်းဥထုပ်ကမ်းပေးပြီးတော့ အစ်ကိုအသေးလေးက သူ့အနားမှာမရှိတော့ပါ။ အရင်တုန်းကဆို အနားကမခွာဘဲ ကပ်နေတတ်သည့်သူက အခုတော့ မနက်ကသူ့အားချန်ထားခဲ့၍ စိတ်ကောက်သွားပုံရ၏။ အစ်ကိုရှိရာ အခန်းထဲသို့ လိုက်ဝင်လာသည့်တိုင် အစ်ကိုက ခုထိသူ့အားမျက်နှာလွှဲနေတုန်း။

" အစ်ကို "

" အင်း "

" ဘာဖြစ်နေတာလဲ "

" ငါဘာမှမဖြစ်ဘူး "

" တစ်ခုခုဖြစ်နေတာလား မနက်ကကိစ္စကို စိတ်ဆိုးသွားတာလား "

" မဟုတ်ဘူးလို့ "

သူ့ကို ကျောခိုင်းနေသော အစ်ကိုအသေးလေးအားပခုံးမှ ဆွဲလှည့်လိုက်ပြီး မျက်နှာနားကပ်၍ ထပ်ဆိုလိုက်၏။

" ဖြစ်နေပါတယ် "

" ဖယ် မိုးငြိမ်း ငါ့ကိုအနိုင်မကျင့်ပါနဲ့ မင်းကိုမှီခိုနေရတယ်ဆိုပြီး ငါ့ကိုလိမ်ညာပြောစရာလည်းမလိုဘူး ငါက ငါက သေချာပေါက် မင်းကို ဒုက္ခမဖြစ်စေချင်ပါဘူး "

" အစ်ကို ဘာဖြစ်နေတာလဲ ဟမ် "

ထိုအချိန်မှ မိုးငြိမ်း၏မျက်ခုံးတွေလည်း တွန့်ချိုးသွားရပြီး သံသယစိတ်တွေ ဝင်မိတော့သည်။ သူနှင့်မတွေ့ရသည့်တစ်မနက်လေးအတွင်း အစ်ကို့စိတ်တွေ ဘာဖြစ်သွားရပြန်တာလဲ။ အစ်ကိုပြောနေသည့်စကားများကို သူကိုယ်တိုင်၌လည်း ဘာတစ်ခုမှနားမလည်တော့ပါချေ။

" အစ်ကို ဘာလို့လဲဟင် ကျွန်တော့်ကို ဘာအလိုမကျတာရှိနေတာလဲဟမ် "

" မရှိပါဘူး ငါမင်းနဲ့အတူ စျေးလိုက်ချင်ပါတယ် "

" ကျွန်တော်က အစ်ကိုပင်ပန်းမှာ စိုးရိမ်လို့ပါ အစ်ကိုက ဖြူဖြူဖွေးဖွေးလေးမို့ တော်ကြာအစ်ကို့အသားတွေ မဲသွားရင် ဘယ်လိုလုပ်မလဲ "

" အဲ့တာကထားပါ နောက်ပြီး မင်းမှာငယ်ရည်းစားရှိတာဘာလို့မပြောတာလဲ "

" ဟင် မရှိပါဘူး ဘယ်သူပြောတာလဲ "

" အရီး "

"ဟာ ဒီဘွားတော်ကြီးကတော့ အစ်ကို့ကို ဆေးထိုးလိုက်ပြီ "

အရီးက သူမရှိတုန်း အစ်ကို့ကိုပေါက်ကရတွေ ပေါက်ပေါက်ဖောက်ထားပြန်ပြီ။ အစ်ကိုကတော့ သူ့ထိန်းချုပ်မှုအောက်မှာ ခေါင်းလေးငုံ့လို့။

" အဲ့တာကြောင့် အစ်ကို့က အခုလိုဖြစ်နေတာလား "

" ဟင် မဟုတ်... "

" အခုတော့ ကျွန်တော့်မှာ ချစ်ရမဲ့လူရှိနေပါပြီ "

" ဟင် "

သော်တာချမ်းအေးလည်း မထင်ထားမိသည့်စကားကြောင့် မိုးငြိမ်းကိုပြန်မော့ကြည့်လိုက်တော့ မိုးငြိမ်း၏မျက်နှာက စနောက်နေဟန်မရှိ။ တကယ်ပဲ မိုးငြိမ်းမှာ ချစ်ရမည့်သူရှိနေပြီပေါ့။ မိုးငြိမ်းကို မှီခိုမယ့်မိန်းကလေးက ရှိနေပြီ။ သူကရော မိုးငြိမ်းအနားကနေဖယ်ပေးရတော့မည်လား။ ဒီလိုအခြေအနေမှာ သူဘာပြန်ပြောရမှန်းမသိ၍ နှုတ်မှကြုံရာစကားဖြင့်သာ တုံ့ပြန်လိုက်သည်။

" သူက လှလား "

" လှတယ်ဆိုတဲ့စကားနဲ့သုံးနှုန်းကြည့်ရမလား အင်းပေါ့ လှလွန်းလို့ ကျွန်တော့်လက်ဖျားလေးနဲ့ထိကြည့်ဖို့တောင် မထိုက်တန်ဘူး "

" အာ.... အဲ့လိုတောင်လား "

သော်တာချမ်းအေး၏နှုတ်မှ ဘာစကားမှထပ်မထွက်နိုင်တော့လောက်အောင် မိုးငြိမ်းက သေချာပေါက်အဲ့တစ်ယောက်ကို ချစ်မိနေပြီးသားပဲ။ နောင်တစ်ချိန်မှာ မိုးငြိမ်းကလည်း လက်ထပ်သွားတော့မည်ထင်၏။ သူကတော့ အရင်တုန်းကလို ငေးကြည့်ပြီး ကျန်နေခဲ့ရုံမျှသာ။

" ဒါပေမဲ့ "

" ဒါပေမဲ့ ဘာဖြစ်လို့လဲ မိုးငြိမ်း "

" သူ့စိတ်ထဲမှာ ကျွန်တော်ရှိနေပါ့မလားမသိဘူးလေ "

" အာ.... သူ့စိတ်ထဲကို ဝင်ကြည့်ပေါ့ "

" တကယ်လား အစ်ကိုခွင့်ပြုနိုင်မလား "

" အင်း ငါက ဘာလို့ခွင့်မပြုဘဲနေရမှာလဲ မင်းသဘော မင်းဆန္ဒပဲလေ မင်းကလည်းတစ်ချိန်လက်ထပ်ရမဲ့လူ ငါကလည်း တစ်ချိန်ကိုယ့်လမ်းကိုလျှောက်ရမှာ "

" ဒါပေါ့ သေချာပေါက် လက်ထပ်ရမယ် "

" အင်း... မိုးငြိမ်းဖယ်ဦး "

" အာ ဆောရီး ကျွန်တော့်ကိုယ်ကချွေးတွေနဲ့ကို အစ်ကိုနဲ့နီးနီးကပ်ကပ်နေမိသွားတယ် ကျွန်တော်ရေသွားချိုးလိုက်ဦးမယ် "

" ရပါတယ် ငါကအဲ့လိုသဘောမျိုးမဟုတ်.... "

" ဘယ်ဟုတ်မလဲ အစ်ကို့ကိုယ် သန့်သန့်လေး ကျွန်တော်နဲ့ထိလို့ ညစ်ပေကုန်မယ် "

မိုးငြိမ်းက သူ့အနားမှဖယ်သွားပြီး အဝတ်အစားတွေကို ချွတ်နေသည်။ နောက်တော့ မိုးငြိမ်းကိုယ်မှာ ပုဆိုးတစ်ထည်သာ ကျန်ရစ်တော့သည်။

" မဟုတ်တာ ငါလည်းရေမချိုးရသေးပါဘူး "

" ဒါဆို ကျွန်တော်နဲ့ လိုက်ချိုးမလား အာ...ဆောရီး ကျွန်တော်စကားမှားသွားတယ် ကျွန်တော်အရင် အခုပဲသွားချိုးလိုက်ပါ့မယ် "

မိုးငြိမ်းက သူ့ပြောချင်ရာပြောပြီး အခန်းထဲမှ ထွက်သွားပေမယ့် သော်တာချမ်းအေးကတော့ အတွေးများစွာဖြင့် ကျန်ရစ်ခဲ့သည်။ မိုးငြိမ်းက သူနဲ့ရေအတူချိုးရမည်ကို မလိုလားတော့၍လား။ သူ့မှာ ချစ်ရမည့်သူရှိနေ၍ သူနဲ့အတတ်နိုင်ဆုံးခပ်ကင်းကင်းနေနေသည်လား။ အတွေးတွေက ရောက်ယက်ခတ်လို့။

ရေချိုးအုတ်ကန်နားမှာ ဒိုက်ထိုးနေသည့် မိုးငြိမ်းသည်လည်း ပူလောင်မှုများစွာဖြင့်။ ဘယ်လိုအင်အားနဲ့များ အစ်ကိုနှင့်နှစ်ယောက်အတူရေချိုးဖို့ နှုတ်မှထွက်မိသည်လဲ။ ရေစိုနေသော အစ်ကို့ခန္ဓာကိုယ်လေးကို ရှေ့ထားပြီး ရေချိုးဖို့တဲ့လား။ ဘယ်လိုသတ္တိကောင်းမှုမျိုးလဲ။ အစ်ကိုက သူ့ကို အခွင့်အရေးသမားလို့ ထင်သွားမည်ကို သူစိုးရိမ်မိသည်။

သူရေချိုးပြီးအခန်းထဲပြန်လာတော့ အစ်ကိုက အရီးလာပေးသည့် ကန်စွန်းဥပြုတ်တွေကို ထိုင်ခွာနေသည်။ ကန်စွန်းဥပူပူနွေးနွေးကို လက်ဖျားလေးတွေဖြင့် တို့ခနဲဆတ်ခနဲလုပ်ကြည့်နေသည်။ တော်တော်ကြာ လက်ထိပ်လေးတွေက အပူငွေ့ကြောင့် နီရဲတက်လာတော့မည်။

" အစ်ကို ကျွန်တော်ခွာပေးပါ့မယ် ပူတယ် မကိုင်နဲ့ "

" ရပါတယ် ငါ့ကိုယ်ငါအားကိုးတတ်အောင် ကြိုးစားသင့်ပြီ အမြဲတမ်း မိုးငြိမ်းကိုပဲ ဒုက္ခမပေးချင်ဘူး "

" အစ်ကိုပေးတဲ့ဒုက္ခလေးက အစ်ကို့ဆီမှာ မြစ်ရင်းခံခဲ့ရတော့ လှပါတယ် "

" အာ့ "

" ပူပြီမလား ပေး "

မိုးငြိမ်းက သူ့လက်ထဲမှ ကန်စွန်းဥပြုတ်ကို ဆွဲယူသွားပြီး သေသေချာချာပြောင်တင်းအောင် အခွံနွှာပေး၍ ဆီသုတ်ပေးနေသည်။ မိုးငြိမ်းလုပ်နေပုံကြောင့် သူ့မျက်နှာတွေ ရဲတင်းလာသည်။

" ဟ...ဆီပါသုတ်ထားတယ် အစ်ကို့အတွက် အဆင်သင့် "

မိုးငြိမ်းက သူ့နှုတ်ခမ်းနားကန်စွန်းဥကို ခွံ့ပေးလာသည်။ သော်တာချမ်းအေးလည်း သူ့နှာခေါင်းသူအုပ်လိုက်မိပြီး မိုးငြိမ်းအနားမှ ထပြေးတော့သည်။

" ဟမ် အစ်ကို့ ဘယ်ပြေးတာလဲ ကန်စွန်းဥစားလေဗျာ ဒီမှာဆီပါသုတ်ထားတာကို "

မိုးငြိမ်းတစ်ယောက် အခန်းထဲ၌ ကန်စွန်းဥကြီးကိုင်လျက် ကြောင်အစွာ ကျန်နေခဲ့တော့သည်။

__________

အစ်ကိုအသေးလေးဘာတွေးလိုက်တာလဲ။🌚

(Zawgyi)

အစ္ကို႔ကို ေန႔တိုင္းေစ်းေခၚသြားေနရသည္မို႔ အစ္ကိုလည္းပင္ပန္းေတာ့မည္ဟု မိုးၿငိမ္းေတြးမိသည္။ အစ္ကိုကေတာ့ အၿပဳံးမပ်က္ဘဲ သူဘယ္သြားသြားေလွ်ာက္လိုက္ေနေပမယ့္ ညအိပ္ခ်ိန္တိုင္းအစ္ကို႔ပုံစံေလးက ပင္ပန္းေနမွန္းသိသာလွ၏။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပင္ပန္းမႈေၾကာင့္ မ်က္ကြင္းေလးေတြညိဳလာၿပီး ပိန္သြားမည္ကိုပင္ စိတ္ပူလွသည္။

ဒီေန႔လည္း အစ္ကိုမႏိုးမီ သူအရင္ထၿပီး အစ္ကို႔ကို တိတ္တိတ္ကေလးအိမ္မွာခ်န္ထားခဲ့မည္ဟု သူေတြးထား၏။အစ္ကိုကေတာ့ ႏႈတ္ခမ္းကေလးကိုလွစ္ဟၿပီး အသက္ရႉမွန္မွန္ျဖင့္ အိမ္ေမာက်ေန၍ မိုးၿငိမ္း၏အႀကံကိုလည္း သိပုံမေပၚ၊ ၿငိမ္းခ်မ္းလ်က္။ သူသြားခါနီးက်ေတာ့ အခန္းကိုေသခ်ာပိတ္ခဲ့ရ၏။ သို႔မဟုတ္လွ်င္ သူမရွိတုန္း သူခိုးေတြဘာေတြဝင္ႏိုင္သည္။ ရွိရွိသမွ်ပစၥည္းေတြအကုန္ မသြားသည္ကအေၾကာင္းမဟုတ္ေသာ္ငွား အစ္ကိုအိပ္ေပ်ာ္ေနပုံေလးကို တစ္ပါးသူျမင္သြားမည္ဆိုပါက မေကာင္း။

မနက္မိုးစင္စင္လင္းခ်ိန္ေရာက္ေတာ့ ေသာ္တာခ်မ္းေအးသည္ အိပ္ရာမွ လန္႔ႏိုးလာရ၏။ မ်က္ဝတ္မ်ားကို ဖယ္ရွားလိုက္ၿပီး ျခင္ေထာင္စကိုဆြဲဖယ္၍ အျပင္ဘက္ကို ထြက္ၾကည့္လိုက္ခ်ိန္ ေနအေတာ္ျမင့္ေနၿပီမို႔ လင္းေရာင္ျခည္ေအာက္၌ သူ႔မ်က္ႏွာမို႔မို႔ေလးသည္ကား ညႇိဳးႏြမ္းသြားရ၏။

မိုးၿငိမ္းက သူ႔ကိုအိမ္မွာတစ္ေယာက္တည္းထားပစ္ခဲ့၏။ မိုးၿငိမ္းႏွင့္အတူ သြားလာခဲ့သည့္က်န္ခဲ့ေသာရက္မ်ား၌ သူကား မည္သည့္အမွားကို က်ဴးလြန္မိခဲ့ပါသနည္း။ မိုးၿငိမ္း၏ စိတ္တြင္း၌ သူ႔ကိုခ်န္ထားခ်င္သည့္အေတြးမ်ားဝင္ေလာက္ေအာင္ သူဘာအျပစ္မ်ားလုပ္ခဲ့ပါသနည္း။ မိုးၿငိမ္းအတြက္ တကယ့္ကိုပင္ စိတ္ရႈပ္စရာတစ္ခုျဖစ္ခဲ့ရျပန္ၿပီလား။

သူအခန္းေရွ႕၌မတ္တတ္ရပ္ေနစဥ္မွာပင္ အရီးကအနားကို ၿပဳံး၍ ေလွ်ာက္လွမ္းလာၿပီး သူ႔မ်က္ႏွာကို ၾကည့္ေနသည္။

" ကေလး ဘာစိတ္အလိုမက်ျဖစ္ေနတာလဲ "

" ဟို မိုးၿငိမ္းက သားကိုဒီေန႔ေစ်းမေခၚေတာ့ဘူး "

အရီးကို ျပန္ေျဖရင္း သူ႔မ်က္ႏွာကလည္း သိသိသာသာပ်က္ယြင္းေနသည္။

" အင္းဟုတ္တယ္ေလ သူမသြားခင္က အရီးကို ႏႈိးၿပီး ေျပာသြားတယ္ ကေလးပင္ပန္းမွာစိုးလို႔ထားခဲ့မယ္တဲ့ ဂ႐ုစိုက္ေပးပါတဲ့ "

" သားမွ မပင္ပန္းတာ "

" ကဲပါ ကေလး မ်က္ႏွာသြားသစ္ အရီးနဲ႔မနက္စာအတူစားရေအာင္ "

" ဟုတ္ကဲ့ပါ "

မ်က္ႏွာသစ္ၿပီးေတာ့ အရီးႏွင့္ႏွစ္ေယာက္အတူ မနက္စာစားေနရင္း မိုးၿငိမ္းအတင္းကိုလည္း အရီးကို ျပန္ပို႔ခ်မိသြားျပန္သည္။ အရီးက ရပ္ကြက္အတင္းေျပာ သူကမိုးၿငိမ္းမေကာင္းေၾကာင္းေျပာႏွင့္ အေဝတည့္ေနခဲ့သည္။

" ကေလး မိုးၿငိမ္းကေလ ငယ္ငယ္ကခ်စ္သူရွိတယ္ "

"ဟမ္ မဟုတ္ပါဘူး ဟိုတစ္ေလာက မိုးၿငိမ္းကမရွိဘူးလို႔ ေျပာပါတယ္ "

" ရွိတယ္ အဲ့တာကေလးကို လိမ္တာေလ "

" ဟင္...."

အရီးေျပာသည့္စကားကို မယုံေပမယ့္ ေသာ္တာခ်မ္းေအး၏စိတ္ထဲတြင္ မနာလိုဝန္တိုမႈအနည္းငယ္ဝင္မိသြားသည္။ မိုးၿငိမ္းက တကယ္ပဲ သူ႔ကိုလိမ္ေျပာခဲ့သလားဆိုသည္ကို မိုးၿငိမ္းျပန္လာလွ်င္ ေသခ်ာေမးရလိမ့္မည္။

ေန႔ခင္းဘက္မိုးၿငိမ္းျပန္လာေတာ့ လက္ထဲ၌ ကန္စြန္းဥထုပ္ႀကီးကိုင္လာၿပီး အရီးကိုျပဳတ္ေပးဖို႔ ေျပာေနသည္။ ေသာ္တာခ်မ္းေအးလည္း မိုးၿငိမ္းကို ေရွာင္ထြက္သြားလိုက္ၿပီး အခန္းထဲသို႔ အရင္ျပန္ႏွင့္လိုက္သည္။

အရီးအား ကန္စြန္းဥထုပ္ကမ္းေပးၿပီးေတာ့ အစ္ကိုအေသးေလးက သူ႔အနားမွာမရွိေတာ့ပါ။ အရင္တုန္းကဆို အနားကမခြာဘဲ ကပ္ေနတတ္သည့္သူက အခုေတာ့ မနက္ကသူ႔အားခ်န္ထားခဲ့၍ စိတ္ေကာက္သြားပုံရ၏။ အစ္ကိုရွိရာ အခန္းထဲသို႔ လိုက္ဝင္လာသည့္တိုင္ အစ္ကိုက ခုထိသူ႔အားမ်က္ႏွာလႊဲေနတုန္း။

" အစ္ကို "

" အင္း "

" ဘာျဖစ္ေနတာလဲ "

" ငါဘာမွမျဖစ္ဘူး "

" တစ္ခုခုျဖစ္ေနတာလား မနက္ကကိစၥကို စိတ္ဆိုးသြားတာလား "

" မဟုတ္ဘူးလို႔ "

သူ႔ကို ေက်ာခိုင္းေနေသာ အစ္ကိုအေသးေလးအားပခုံးမွ ဆြဲလွည့္လိုက္ၿပီး မ်က္ႏွာနားကပ္၍ ထပ္ဆိုလိုက္၏။

" ျဖစ္ေနပါတယ္ "

" ဖယ္ မိုးၿငိမ္း ငါ့ကိုအႏိုင္မက်င့္ပါနဲ႔ မင္းကိုမွီခိုေနရတယ္ဆိုၿပီး ငါ့ကိုလိမ္ညာေျပာစရာလည္းမလိုဘူး ငါက ငါက ေသခ်ာေပါက္ မင္းကို ဒုကၡမျဖစ္ေစခ်င္ပါဘူး "

" အစ္ကို ဘာျဖစ္ေနတာလဲ ဟမ္ "

ထိုအခ်ိန္မွ မိုးၿငိမ္း၏မ်က္ခုံးေတြလည္း တြန္႔ခ်ိဳးသြားရၿပီး သံသယစိတ္ေတြ ဝင္မိေတာ့သည္။ သူႏွင့္မေတြ႕ရသည့္တစ္မနက္ေလးအတြင္း အစ္ကို႔စိတ္ေတြ ဘာျဖစ္သြားရျပန္တာလဲ။ အစ္ကိုေျပာေနသည့္စကားမ်ားကို သူကိုယ္တိုင္၌လည္း ဘာတစ္ခုမွနားမလည္ေတာ့ပါေခ်။

" အစ္ကို ဘာလို႔လဲဟင္ ကြၽန္ေတာ့္ကို ဘာအလိုမက်တာရွိေနတာလဲဟမ္ "

" မရွိပါဘူး ငါမင္းနဲ႔အတူ ေစ်းလိုက္ခ်င္ပါတယ္ "

" ကြၽန္ေတာ္က အစ္ကိုပင္ပန္းမွာ စိုးရိမ္လို႔ပါ အစ္ကိုက ျဖဴျဖဴေဖြးေဖြးေလးမို႔ ေတာ္ၾကာအစ္ကို႔အသားေတြ မဲသြားရင္ ဘယ္လိုလုပ္မလဲ "

" အဲ့တာကထားပါ ေနာက္ၿပီး မင္းမွာငယ္ရည္းစားရွိတာဘာလို႔မေျပာတာလဲ "

" ဟင္ မရွိပါဘူး ဘယ္သူေျပာတာလဲ "

" အရီး "

"ဟာ ဒီဘြားေတာ္ႀကီးကေတာ့ အစ္ကို႔ကို ေဆးထိုးလိုက္ၿပီ "

အရီးက သူမရွိတုန္း အစ္ကို႔ကိုေပါက္ကရေတြ ေပါက္ေပါက္ေဖာက္ထားျပန္ၿပီ။ အစ္ကိုကေတာ့ သူ႔ထိန္းခ်ဳပ္မႈေအာက္မွာ ေခါင္းေလးငုံ႔လို႔။

" အဲ့တာေၾကာင့္ အစ္ကို႔က အခုလိုျဖစ္ေနတာလား "

" ဟင္ မဟုတ္... "

" အခုေတာ့ ကြၽန္ေတာ့္မွာ ခ်စ္ရမဲ့လူရွိေနပါၿပီ "

" ဟင္ "

ေသာ္တာခ်မ္းေအးလည္း မထင္ထားမိသည့္စကားေၾကာင့္ မိုးၿငိမ္းကိုျပန္ေမာ့ၾကည့္လိုက္ေတာ့ မိုးၿငိမ္း၏မ်က္ႏွာက စေနာက္ေနဟန္မရွိ။ တကယ္ပဲ မိုးၿငိမ္းမွာ ခ်စ္ရမည့္သူရွိေနၿပီေပါ့။ မိုးၿငိမ္းကို မွီခိုမယ့္မိန္းကေလးက ရွိေနၿပီ။ သူကေရာ မိုးၿငိမ္းအနားကေနဖယ္ေပးရေတာ့မည္လား။ ဒီလိုအေျခအေနမွာ သူဘာျပန္ေျပာရမွန္းမသိ၍ ႏႈတ္မွႀကဳံရာစကားျဖင့္သာ တုံ႔ျပန္လိုက္သည္။

" သူက လွလား "

" လွတယ္ဆိုတဲ့စကားနဲ႔သုံးႏႈန္းၾကည့္ရမလား အင္းေပါ့ လွလြန္းလို႔ ကြၽန္ေတာ့္လက္ဖ်ားေလးနဲ႔ထိၾကည့္ဖို႔ေတာင္ မထိုက္တန္ဘူး "

" အာ.... အဲ့လိုေတာင္လား "

ေသာ္တာခ်မ္းေအး၏ႏႈတ္မွ ဘာစကားမွထပ္မထြက္ႏိုင္ေတာ့ေလာက္ေအာင္ မိုးၿငိမ္းက ေသခ်ာေပါက္အဲ့တစ္ေယာက္ကို ခ်စ္မိေနၿပီးသားပဲ။ ေနာင္တစ္ခ်ိန္မွာ မိုးၿငိမ္းကလည္း လက္ထပ္သြားေတာ့မည္ထင္၏။ သူကေတာ့ အရင္တုန္းကလို ေငးၾကည့္ၿပီး က်န္ေနခဲ့႐ုံမွ်သာ။

" ဒါေပမဲ့ "

" ဒါေပမဲ့ ဘာျဖစ္လို႔လဲ မိုးၿငိမ္း "

" သူ႔စိတ္ထဲမွာ ကြၽန္ေတာ္ရွိေနပါ့မလားမသိဘူးေလ "

" အာ.... သူ႔စိတ္ထဲကို ဝင္ၾကည့္ေပါ့ "

" တကယ္လား အစ္ကိုခြင့္ျပဳႏိုင္မလား "

" အင္း ငါက ဘာလို႔ခြင့္မျပဳဘဲေနရမွာလဲ မင္းသေဘာ မင္းဆႏၵပဲေလ မင္းကလည္းတစ္ခ်ိန္လက္ထပ္ရမဲ့လူ ငါကလည္း တစ္ခ်ိန္ကိုယ့္လမ္းကိုေလွ်ာက္ရမွာ "

" ဒါေပါ့ ေသခ်ာေပါက္ လက္ထပ္ရမယ္ "

" အင္း... မိုးၿငိမ္းဖယ္ဦး "

" အာ ေဆာရီး ကြၽန္ေတာ့္ကိုယ္ကေခြၽးေတြနဲ႔ကို အစ္ကိုနဲ႔နီးနီးကပ္ကပ္ေနမိသြားတယ္ ကြၽန္ေတာ္ေရသြားခ်ိဳးလိုက္ဦးမယ္ "

" ရပါတယ္ ငါကအဲ့လိုသေဘာမ်ိဳးမဟုတ္.... "

" ဘယ္ဟုတ္မလဲ အစ္ကို႔ကိုယ္ သန္႔သန္႔ေလး ကြၽန္ေတာ္နဲ႔ထိလို႔ ညစ္ေပကုန္မယ္ "

မိုးၿငိမ္းက သူ႔အနားမွဖယ္သြားၿပီး အဝတ္အစားေတြကို ခြၽတ္ေနသည္။ ေနာက္ေတာ့ မိုးၿငိမ္းကိုယ္မွာ ပုဆိုးတစ္ထည္သာ က်န္ရစ္ေတာ့သည္။

" မဟုတ္တာ ငါလည္းေရမခ်ိဳးရေသးပါဘူး "

" ဒါဆို ကြၽန္ေတာ္နဲ႔ လိုက္ခ်ိဳးမလား အာ...ေဆာရီး ကြၽန္ေတာ္စကားမွားသြားတယ္ ကြၽန္ေတာ္အရင္ အခုပဲသြားခ်ိဳးလိုက္ပါ့မယ္ "

မိုးၿငိမ္းက သူ႔ေျပာခ်င္ရာေျပာၿပီး အခန္းထဲမွ ထြက္သြားေပမယ့္ ေသာ္တာခ်မ္းေအးကေတာ့ အေတြးမ်ားစြာျဖင့္ က်န္ရစ္ခဲ့သည္။ မိုးၿငိမ္းက သူနဲ႔ေရအတူခ်ိဳးရမည္ကို မလိုလားေတာ့၍လား။ သူ႔မွာ ခ်စ္ရမည့္သူရွိေန၍ သူနဲ႔အတတ္ႏိုင္ဆုံးခပ္ကင္းကင္းေနေနသည္လား။ အေတြးေတြက ေရာက္ယက္ခတ္လို႔။

ေရခ်ိဳးအုတ္ကန္နားမွာ ဒိုက္ထိုးေနသည့္ မိုးၿငိမ္းသည္လည္း ပူေလာင္မႈမ်ားစြာျဖင့္။ ဘယ္လိုအင္အားနဲ႔မ်ား အစ္ကိုႏွင့္ႏွစ္ေယာက္အတူေရခ်ိဳးဖို႔ ႏႈတ္မွထြက္မိသည္လဲ။ ေရစိုေနေသာ အစ္ကို႔ခႏၶာကိုယ္ေလးကို ေရွ႕ထားၿပီး ေရခ်ိဳးဖို႔တဲ့လား။ ဘယ္လိုသတၱိေကာင္းမႈမ်ိဳးလဲ။ အစ္ကိုက သူ႔ကို အခြင့္အေရးသမားလို႔ ထင္သြားမည္ကို သူစိုးရိမ္မိသည္။

သူေရခ်ိဳးၿပီးအခန္းထဲျပန္လာေတာ့ အစ္ကိုက အရီးလာေပးသည့္ ကန္စြန္းဥျပဳတ္ေတြကို ထိုင္ခြာေနသည္။ ကန္စြန္းဥပူပူေႏြးေႏြးကို လက္ဖ်ားေလးေတြျဖင့္ တို႔ခနဲဆတ္ခနဲလုပ္ၾကည့္ေနသည္။ ေတာ္ေတာ္ၾကာ လက္ထိပ္ေလးေတြက အပူေငြ႕ေၾကာင့္ နီရဲတက္လာေတာ့မည္။

" အစ္ကို ကြၽန္ေတာ္ခြာေပးပါ့မယ္ ပူတယ္ မကိုင္နဲ႔ "

" ရပါတယ္ ငါ့ကိုယ္ငါအားကိုးတတ္ေအာင္ ႀကိဳးစားသင့္ၿပီ အၿမဲတမ္း မိုးၿငိမ္းကိုပဲ ဒုကၡမေပးခ်င္ဘူး "

" အစ္ကိုေပးတဲ့ဒုကၡေလးက အစ္ကို႔ဆီမွာ ျမစ္ရင္းခံခဲ့ရေတာ့ လွပါတယ္ "

" အာ့ "

" ပူၿပီမလား ေပး "

မိုးၿငိမ္းက သူ႔လက္ထဲမွ ကန္စြန္းဥျပဳတ္ကို ဆြဲယူသြားၿပီး ေသေသခ်ာခ်ာေျပာင္တင္းေအာင္ အခြံႏႊာေပး၍ ဆီသုတ္ေပးေနသည္။ မိုးၿငိမ္းလုပ္ေနပုံေၾကာင့္ သူ႔မ်က္ႏွာေတြ ရဲတင္းလာသည္။

" ဟ...ဆီပါသုတ္ထားတယ္ အစ္ကို႔အတြက္ အဆင္သင့္ "

မိုးၿငိမ္းက သူ႔ႏႈတ္ခမ္းနားကန္စြန္းဥကို ခြံ႕ေပးလာသည္။ ေသာ္တာခ်မ္းေအးလည္း သူ႔ႏွာေခါင္းသူအုပ္လိုက္မိၿပီး မိုးၿငိမ္းအနားမွ ထေျပးေတာ့သည္။

" ဟမ္ အစ္ကို႔ ဘယ္ေျပးတာလဲ ကန္စြန္းဥစားေလဗ်ာ ဒီမွာဆီပါသုတ္ထားတာကို "

မိုးၿငိမ္းတစ္ေယာက္ အခန္းထဲ၌ ကန္စြန္းဥႀကီးကိုင္လ်က္ ေၾကာင္အစြာ က်န္ေနခဲ့ေတာ့သည္။

__________

အစ္ကိုအေသးေလးဘာေတြးလိုက္တာလဲ။🌚

© အမရာခွန်း (Ten),
книга «အိမ်».
Коментарі