Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part- 7
Part-8
Part-9
Part-10
Part-3
(Unicode)

ညစာစားချိန်၌ ကြီးတော်တို့အခန်းမှာ သွားစားရသည်။ ကိုယ်တိုင်က ထမင်း၊ဟင်းတွေဘာတွေ မချက်တတ်တော့ ကြီးတော်ချက်ပေးတာသာ စားနေကြမို့။ အစ်မကလည်း ပြန်ရောက်နေပြီဖြစ်၍ ထမင်းစားဝိုင်း၌ အစ်ကို့ကို အကဲခတ်နေသည်။

" မောင်လေး အစ်မနာမည်က မေသူ "

" ဟုတ်ကဲ့ ကျွန်တော့်နာမည်က သော်တာချမ်းအေးပါ"

"မောင်လေး ဒီဟင်းတွေ စားရတာ အဆင်ပြေရဲ့လား "

"ဟုတ်ကဲ့ ပြေပါတယ် "

ပြေပါတယ်သာပြောနေတာ အစ်ကိုက အစားနည်းလိုက်တာလို့ မိုးငြိမ်းတွေးနေသည်။

"ဟယ် စားနေကြပြီလားတော့ ကျုပ်က ကလေးအတွက် ငါးကြင်းဆီပြန်လေးလာပေးတာ "

" အရီးရယ် ဒုက္ခရှာလို့ ကျွန်မတို့ကျွေးတာတောင် ကလေးက နည်းနည်းပဲစားနိုင်တယ် "

"ဟယ် ဟုတ်လား ကလေးထမင်းစားနေတာလည်း နည်းနည်းလေးဝရော ဝရဲ့လား"

"ဟုတ် ဝပါတယ် "

" အဲ့ကြောင့် ဒီလိုပိန်သေးသေးလေးဖြစ်နေတာ နေမယ် "

" ဟာ အရီးကလည်း ဟင်းပေးပြီးရင်လည်း ပြန်တော့ အစ်ကို့ကို ဘာတွေလျှောက်ပြောနေတာလဲ "

" မိုးငြိမ်း ငါရပါတယ် "

" မိုးငြိမ်းတို့များ သူ့ဟာလေးကို သည်းကဲနေလိုက်တာတော် ကျုပ်ပြန်ပါ့မယ် "

" ဒီအရီးကတော့ "

ထမင်းစားလို့ပြီးသွားတော့ အခန်းပြန်ကြသည်။ အခန်းထဲရောက်တော့ မိုးငြိမ်းမနေနိုင် မေးမိသည်။

" အစ်ကို ထမင်းစားလို့အဆင်မပြေဘူးမလား "

" ဟမ် ပြေပါတယ် "

" ဟန်ဆောင်နေစရာ မလိုဘူး အစ်ကို"

" မိုးငြိမ်းက ဘယ်လိုထင်လို့လဲ ငါကအိမ်မှာလည်း နည်းနည်းပဲစားနိုင်တာမို့လေ "

" ထားလိုက်ပါတော့ ကျွန်တော်ကသာ တွေးပူနေတာပေါ့ "

"အာ... ငါ ဟန်မဆောင်တတ်ပါဘူး ငါစားလို့ တကယ်အဆင်ပြေတာမို့ "

သော်တာချမ်းအေးသည် မိုးငြိမ်းကို ရှင်းပြနေပေမယ့် မိုးငြိမ်း၏မျက်နှာက အနည်းငယ် စိတ်မကောင်းဖြစ်နေဟန်ရှိ၏။ သူလည်း အမှန်တိုင်းပြောနေတာပဲ။ မိုးငြိမ်းက ဘာကို မယုံနေလဲ မသိဘူး။ မိုးငြိမ်းက လိုက်ကာကို လှပ်လိုက်ပြီး သူနေသည့်အခန်းထဲကို ဝင်လာသည်။

" ကျွန်တော် ခြင်ထောင် ထောင်ပေးမလို့ "

" ရပါတယ် ငါ "

" အစ်ကို တော်ပါတော့ ဘာလို့အားနာနေသလို ဖြစ်နေရတာလဲ "

မိုးငြိမ်း၏ အသံမာသွားသောကြောင့် အစ်ကိုစောဒကမတက်တော့ဘဲ ညိမ်ကျသွားသည်။ အခန်းမီးပိတ်ဖို့ လုပ်လိုက်တော့ အစ်ကိုက လှမ်းတားသည်။

" မပိတ်လို့ရလား ငါ အမှောင်ထဲမှာ တစ်ယောက်တည်းမနေရဲဘူး "

" ဟမ် တစ်ယောက်တည်းမှမဟုတ်တာ ဒီပိတ်စလေးပဲ ခြားတာလေ ကျွန်တော်ရှိတာပဲ "

" ဒါပေမဲ့ ငါ "

" အင်းပါ အစ်ကိုက အမှောင်ကြောက်တတ်ရင်လည်း ကျွန်တော်မပိတ်တော့ဘူး "

" ကျေးဇူးပဲ "

မီးလင်းနေတော့ မိုးငြိမ်းက မအိပ်တတ်၊ မှောင်နေမှ အိပ်တတ်သူဖို့ အိပ်ရာထဲ ဟိုလှိမ့်ဒီလှိမ့်ဖြင့် ညနက်မှ အိပ်ပျော်သွားသည်။

မနက်မိုးလင်းပြီဆိုတာနှင့် မိုးငြိမ်းက ၅နာရီဆိုနိုးတတ်သည့် အကျင့်ရှိသည်။ မိုးငြိမ်းနိုးလာတော့ ဘေးက ပိတ်စလေးကို လှပ်လိုက်ပြီး အစ်ကို့ကို ချောင်းကြည့်မိသည်။ အစ်ကိုကား နှုတ်ခမ်းလေးလှုပ်စိလှုပ်စိဖြင့် အိပ်မောကျနေ၏။ သူဌေးသားလေးဆိုတော့ အစ်ကို့၏ ပုံမှန်ထချိန်က နောက်ကျမှာပဲဟု တွေးလိုက်မိသည်။ ရေချိုးဖို့ ဟိုဘက်ခြမ်းက အုတ်ကန်တွေရှိရာသွားရသည်။ တခြားအခန်းက အလုပ်စောစောသွားရမည့် အလုပ်သမားတွေကလည်း သူ့လို နိုးနေပြီ။ အုတ်ကန်က သုံးခုလောက်စပ်ထားတာမို့ ရေမိုးချိုး၊  မျက်နှာသစ်သူများအတွက် နေရာလုံလောက်၏။ သိပ်မကြာခင် ကြီးတော်ကလည်း နိုးလာပြီး ထဘီရင်ရှား၍ မိန်းကလေးတွေ သီးသန့်ချိုးသည့်ဘက်ကို ထွက်သွားသည်။

မိုးငြိမ်းရေချိုးပြီး အခန်းပြန်ရောက်လာတော့လည်း အစ်ကိုမနိုးသေး အဝတ်အစားလဲပြီးသည်အထိ အစ်ကိုက အိပ်ပျော်နေတုန်းပါ။ ၅နာရီခွဲကျော်တော့ အစ်ကို့၏လက်ကို ထိပြီး အသံခပ်တိုးတိုးနှင့် လှုပ်နှိုးလိုက်သည်။

" အစ်ကို အစ်ကို "

"ဟင် "

" ကျွန်တော် စျေးသွားတော့မယ် "

" ဟမ် "

အစ်ကိုက ချက်ချင်းထထိုင်ပြီး ဝေဝါးနေသော မျက်လုံးများကို လက်ခုံဖြင့် ဖိပွတ်သည်။ နှုတ်ခမ်းကလည်း အိပ်ရာနိုးစမို့လားမသိ စူထော်နေ၏။ အိပ်ချင်မူးတူးဖြစ်နေသည်ဆို ပိုမှန်မည်။

" ဘာလို့ထတာလဲ ပြန်အိပ်လေ "

" ဟို ဝှါး.... မိုငြိမ်းက အစောကြီးထတာဆိုတော့ ငါဆက်အိပ်နေလို့ မကောင်းဘူးလေ "

" မဟုတ်ပါဘူး အိပ်ရေးမဝသေးတာ သိတာမို့ ပြန်အိပ်ပါ ကျွန်တော်နေ့ခင်း၁နာရီလောက်မှ ပြန်ရောက်မှာ အရီးကိုမှာခဲ့မယ် အစ်ကို မနက်စာစားထားနော် ကြားလား "

" အင်း အင်း "

" ပြန်အိပ်လို့ ရပြီ "

မိုးငြိမ်းကို ခေါင်းညိတ်ပြပြီး စောင်ပုံလေးထဲကို တစ်ခေါက်ပြန်တိုးအိပ်သွားသည်။ မိုးငြိမ်းပြုံးလိုက်ပြီး ကြီးတော်ကို ခေါ်ဖို့ အခန်းထဲမှ ထွက်ခဲ့သည်။

သော်တာချမ်းအေးသည် နေအပူရှိန်ကြောင့် နိုးထလာပြီး နာရီကြည့်မိတော့ ၈နာရီကျော်ပြီ။ ရာသီဥတုက ပူစပ်စပ်ဖြစ်နေသောကြောင့် သူရေချိုးရန် စဥ်းစားမိပြီးမှ ဘယ်မှာ သွားချိုးရမှန်းမသိဖြစ်နေသည်။

( ဒေါက် ဒေါက် )

"ကလေးရေ နိုးပြီလား "

" ဗျာ ဟုတ် ဟုတ် "

တံခါးကို သွားဖွင့်ပေးလိုက်တော့ အရီးဖြစ်နေသည်။ လက်ထဲမှာလည်း မုန့်ဟင်းခါးတစ်ပွဲကိုင်ထားသည်။

" ကလေး မျက်နှာသစ်ပြီးပြီလား "

" ဟို မသစ်ရသေးဘူး သားဘယ်နားမှာ သစ်ရမလဲမသိလို့ "

" ဟုတ်လား လာလာ အရီးပြမယ် "

အရီးက သူ့လက်ကိုဆွဲပြီး ရေချိုးမျက်နှာသစ်လို့ရတဲ့နေရာကို ဦးဆောင်ခေါ်သွားသည်။ သူ မျက်နှာသစ်ပြီးတော့ အရီးကျွေးသည့်မုန့်ဟင်းခါးကို စားလိုက်သည်။

" ကလေး တစ်ယောက်တည်း ပျင်းနေရင် အရီးဟင်းချက်တာ လိုက်ကြည့်မလား "

အရီး၏ကမ်းလှမ်းချက်ကြောင့် သော်တာချမ်းအေးတစ်ယောက်ပျော်သွားသည်။ သူတစ်ယောက်တည်း ပျင်းနေရမှာမို့ အရီး၏အခန်းကို လိုက်သွားလိုက်သည်။

သူ့ပုံစံလေးက ဖြူဖျော့ဖျော့လေးမို့ တခြားအခန်းက လူတွေက ဝိုင်းကြည့်ကြသည်။ ကလေးတွေကလည်း သူ့ကို မျက်နှာပြောင်ပြသည်။ မနေ့ကတည်းက ဝတ်ထားသည့်အနွေးထည်အဝါလေးနဲ့ ဘောင်းဘီအညိုကွက်လေးက သူ့ကို ကလေးဆန်စေသလား။ အရီးအိမ်ကို လာစပ်စုကြသူများက သူ့ကို ကလေးလို့ ခေါ်နေကြသည်။ အချိန်အတော်ကြာ အရီးနဲ့ဟင်းချက်လိုက်၊ စကားတွေပြောလိုက်နှင့် ၁၁နာရီခွဲသွားသည်။

" ဟင် အရီး ဘာလိုလို့လဲ "

" နနွင်းမှုန့်ကုန်သွားလို့ သားရေ "

" သား သွားဝယ်ပေးရမလား "

" အင်း သွားလေ ဟိုဘက်လမ်းထောင့်မှာ ကုန်စုံဆိုင်ရှိတယ် ရော့ ပိုက်ဆံ "

အရီးက သူ့ရင်ဘတ်ထဲမှ ထုတ်လိုက်သော အကြွေ၂၀၀တန်ကို သော်တာချမ်းအေးထံကမ်းပေးသည်။ သော်တာချမ်းအေးလည်း အရီးပြောသည့်အတိုင်း စျေးဆိုင်ကို ရောက်သွားသည်။ အပြန်ကျတော့ သူ့အရှေ့၌ ဘောလုံးကန်နေသော ကောင်လေးများက သူ့ဘက်ကို လှမ်းကန်လိုက်သည်။ ရုတ်တရက်မို့ သူလန့်သွားပြီး အနောက်ကို ခုန်ဆုတ်လိုက်၏။

"ဟားဟားဟား "

သော်တာချမ်းအေးကို လှမ်းကြည့်ပြီး ရယ်နေကြသည်။ သူလည်း ဘာကိုမှ ဂရုမစိုက်ဘဲ သူတို့အုပ်စုကို ကျော်သွားမလို့ လုပ်လိုက်သည်။ ကြောက်လည်း ကြောက်တာမို့။

" ဟေး အသေးလေး ပြန်ကန်ပေးလေကွာ "

" အေးလေ ဘောလုံးကိုယ့်ရှေ့ရောက်လာရင် ပြန်ကန်ပေးရမှန်းမသိဘူးလား "

အကုန်လုံးက မိုးငြိမ်းတို့လို လူကောင်ထွားတာမို့ သူကြောက်သည်။ အနောက်၌ ကျန်ခဲ့သော ဘောလုံးဆီပြန်သွားပြီး သူ့တို့ဘက်ကို ပြန်ကန်ပေးလိုက်သည်။

" ဟားဟားဟား "

သော်တာချမ်းအေးလည်း သူတို့အုပ်စုကို ကျော်သွားပြီး ခပ်လှမ်းလှမ်းရောက်တော့ သူ့ပေါင်ကို ဘောလုံးက ခပ်ပြင်းပြင်းလာမှန်ပြန်၏။

" အာ့ "

" အစ်ကို "

" မိုးငြိမ်း "

မိုးငြိမ်းအသံကြားတော့ သူပျော်သွားမိသည်။ မိုးငြိမ်းက သူ့ကို မျက်မှောင်ကြုတ်၍ကြည့်ပြီး သူ့ကို ဆွဲ၍ အနောက်ပို့လိုက်သည်။

" မင်းတို့ ဒါဘာလုပ်တာလဲ "

" မိုးငြိမ်း ဒီအသေးလေးက မင်းရဲ့ ညီလား "

" မဟုတ်ဘူး ငါ့အစ်ကို "

" ဝိုးးး ဒီပျော့တိပျော့ဖက်လေးကလေ "

" မင်းတို့ ပါးစပ်ပိတ်ထားလိုက် အစ်ကို့ကို အဲ့လိုပြောစရာမလိုဘူး "

" မင်းကလည်းကွာ ငါတို့က စတာပါ မင်းရဲ့ညီ အယ် အစ်ကိုကို ပြန်ခေါ်သွားလိုက်ဦး "

မိုးငြိမ်းက သူ၏လက်ကို ဆွဲပြီး လိုင်းခန်းကို ပြန်ခေါ်လာခဲ့သည်။ မိုးငြိမ်းအနောက်ကလိုက်လာရင်း မိုးငြိမ်းဒေါသထွက်နေတာကို သော်တာချမ်းအေးသိသည်။ သို့ပေမယ့် သူ မမေးရဲ။

" အရီး အရီး "

"ဟယ် ဖြေးဖြေးခေါ်ပါ "

" နောက်တစ်ခါ အစ်ကို့ကို ဘယ်မှ မလွှတ်ပါနဲ့ "

" အခု ကလေးက ဘာဖြစ်လာလို့လဲ "

" ဟိုဘက်လမ်းက ကောင်တွေ ဘောလုံးနဲ့ကန်ပြီး အနိုင်ကျင့်လိုက်တယ် အဲ့တာ အရီးသိလား"

မိုးငြိမ်းက သူ့လက်ကို ဆွဲပြီး အရီးကို ပြန်အော်နေသည်။ သူ့မှာသာ အရီးကို အရမ်းအားနာနေရသည်။ အရီးကလည်း ဘာပြန်ပြောရမှန်းမသိ ပါးစပ်အဟောင်းသား။

မိုးငြိမ်းက အပေါ်ထပ်ကိုတက်ဖို့ ပြင်တော့ သူ့လက်ထဲက နနွင်းမှုန့်ထုပ်လေးကို ကန်တော့ဟုဆို၍ အရီးအား လှမ်းပစ်ပေးလိုက်ရသည်။ အခန်းထဲရောက်တော့ မိုးငြိမ်းက သူ့ကို ဆူတော့သည်။

" အဲ့လိုတွေ ဖြစ်မှာဆိုးလို့ ကျွန်တော်ဈေးမကွဲခင် အရောက်ပြန်လာတာ"

မိုးငြိမ်းကဆူတော့လည်း အစ်ကိုက ခေါင်းငုံ့နေသည်။

" ဘာလို့ အဲ့ဘက်ကို သွားတာလဲ "

" အရီးက နနွင်းမှုန့်လိုတယ်ဆိုလို့ "

" အဲ့တာ သွားဝယ်ပေးစရာလား သူ့ဘာသူသွားပါလိမ့်စေပေါ့ အခုတော့ "

ထပ်ပြောမည့်စကားတောင် ရပ်သွားရသည်။ အစ်ကို့ခေါင်းက ငုံ့ထားလိုက်တာ ​ခန္ဓာကိုယ်ထဲကိုပင် ပြန်စိုက်ဝင်သွားတော့မည်။ အစ်ကို့ အပြစ်ချည်းပဲလည်းမဟုတ် အရီးကို စိတ်ချပြီးအပ်ထားမိတဲ့ သူ့အပြစ်လည်း ပါသည်။

" ထားလိုက်ပါတော့ အစ်ကို ရေမချိုးရသေးဘူးမလား "

" အင်း ဟို "

" ဘာလို့လဲ "

" လူတွေ ရှိတယ် "

" ဟမ် အင်း လူတွေတော့ရှိမှာပေါ့ ဒါမဲ့ "

အစ်ကိုက ရှက်တတ်တာကို သူမေ့သွားသည်။ အစ်ကိုက သူဌေးသားလေးမို့ သူ့အိမ်မှာဆို သူ့ရေချိုးခန်းထဲ သူတစ်ယောက်တည်းချိုးလိမ့်မည်။ အစ်ကို ရေချိုးတာကို လိုက်စောင့်ပေးရုံမှလွဲ၍ သူဘာမှမတတ်နိုင်။

(Zawgyi)

ညစာစားခ်ိန္၌ ႀကီးေတာ္တို႔အခန္းမွာ သြားစားရသည္။ ကိုယ္တိုင္က ထမင္း၊ဟင္းေတြဘာေတြ မခ်က္တတ္ေတာ့ ႀကီးေတာ္ခ်က္ေပးတာသာ စားေနၾကမို႔။ အစ္မကလည္း ျပန္ေရာက္ေနၿပီျဖစ္၍ ထမင္းစားဝိုင္း၌ အစ္ကို႔ကို အကဲခတ္ေနသည္။

" ေမာင္ေလး အစ္မနာမည္က ေမသူ "

" ဟုတ္ကဲ့ ကြၽန္ေတာ့္နာမည္က ေသာ္တာခ်မ္းေအးပါ"

"ေမာင္ေလး ဒီဟင္းေတြ စားရတာ အဆင္ေျပရဲ႕လား "

"ဟုတ္ကဲ့ ေျပပါတယ္ "

ေျပပါတယ္သာေျပာေနတာ အစ္ကိုက အစားနည္းလိုက္တာလို႔ မိုးၿငိမ္းေတြးေနသည္။

"ဟယ္ စားေနၾကၿပီလားေတာ့ က်ဳပ္က ကေလးအတြက္ ငါးၾကင္းဆီျပန္ေလးလာေပးတာ "

" အရီးရယ္ ဒုကၡရွာလို႔ ကြၽန္မတို႔ေကြၽးတာေတာင္ ကေလးက နည္းနည္းပဲစားႏိုင္တယ္ "

"ဟယ္ ဟုတ္လား ကေလးထမင္းစားေနတာလည္း နည္းနည္းေလးဝေရာ ဝရဲ႕လား"

"ဟုတ္ ဝပါတယ္ "

" အဲ့ေၾကာင့္ ဒီလိုပိန္ေသးေသးေလးျဖစ္ေနတာ ေနမယ္ "

" ဟာ အရီးကလည္း ဟင္းေပးၿပီးရင္လည္း ျပန္ေတာ့ အစ္ကို႔ကို ဘာေတြေလွ်ာက္ေျပာေနတာလဲ "

" မိုးၿငိမ္း ငါရပါတယ္ "

" မိုးၿငိမ္းတို႔မ်ား သူ႔ဟာေလးကို သည္းကဲေနလိုက္တာေတာ္ က်ဳပ္ျပန္ပါ့မယ္ "

" ဒီအရီးကေတာ့ "

ထမင္းစားလို႔ၿပီးသြားေတာ့ အခန္းျပန္ၾကသည္။ အခန္းထဲေရာက္ေတာ့ မိုးၿငိမ္းမေနႏိုင္ ေမးမိသည္။

" အစ္ကို ထမင္းစားလို႔အဆင္မေျပဘူးမလား "

" ဟမ္ ေျပပါတယ္ "

" ဟန္ေဆာင္ေနစရာ မလိုဘူး အစ္ကို"

" မိုးၿငိမ္းက ဘယ္လိုထင္လို႔လဲ ငါကအိမ္မွာလည္း နည္းနည္းပဲစားႏိုင္တာမို႔ေလ "

" ထားလိုက္ပါေတာ့ ကြၽန္ေတာ္ကသာ ေတြးပူေနတာေပါ့ "

"အာ... ငါ ဟန္မေဆာင္တတ္ပါဘူး ငါစားလို႔ တကယ္အဆင္ေျပတာမို႔ "

ေသာ္တာခ်မ္းေအးသည္ မိုးၿငိမ္းကို ရွင္းျပေနေပမယ့္ မိုးၿငိမ္း၏မ်က္ႏွာက အနည္းငယ္ စိတ္မေကာင္းျဖစ္ေနဟန္ရွိ၏။ သူလည္း အမွန္တိုင္းေျပာေနတာပဲ။ မိုးၿငိမ္းက ဘာကို မယုံေနလဲ မသိဘူး။ မိုးၿငိမ္းက လိုက္ကာကို လွပ္လိုက္ၿပီး သူေနသည့္အခန္းထဲကို ဝင္လာသည္။

" ကြၽန္ေတာ္ ျခင္ေထာင္ ေထာင္ေပးမလို႔ "

" ရပါတယ္ ငါ "

" အစ္ကို ေတာ္ပါေတာ့ ဘာလို႔အားနာေနသလို ျဖစ္ေနရတာလဲ "

မိုးၿငိမ္း၏ အသံမာသြားေသာေၾကာင့္ အစ္ကိုေစာဒကမတက္ေတာ့ဘဲ ညိမ္က်သြားသည္။ အခန္းမီးပိတ္ဖို႔ လုပ္လိုက္ေတာ့ အစ္ကိုက လွမ္းတားသည္။

" မပိတ္လို႔ရလား ငါ အေမွာင္ထဲမွာ တစ္ေယာက္တည္းမေနရဲဘူး "

" ဟမ္ တစ္ေယာက္တည္းမွမဟုတ္တာ ဒီပိတ္စေလးပဲ ျခားတာေလ ကြၽန္ေတာ္ရွိတာပဲ "

" ဒါေပမဲ့ ငါ "

" အင္းပါ အစ္ကိုက အေမွာင္ေၾကာက္တတ္ရင္လည္း ကြၽန္ေတာ္မပိတ္ေတာ့ဘူး "

" ေက်းဇူးပဲ "

မီးလင္းေနေတာ့ မိုးၿငိမ္းက မအိပ္တတ္၊ ေမွာင္ေနမွ အိပ္တတ္သူဖို႔ အိပ္ရာထဲ ဟိုလွိမ့္ဒီလွိမ့္ျဖင့္ ညနက္မွ အိပ္ေပ်ာ္သြားသည္။

မနက္မိုးလင္းၿပီဆိုတာႏွင့္ မိုးၿငိမ္းက ၅နာရီဆိုႏိုးတတ္သည့္ အက်င့္ရွိသည္။ မိုးၿငိမ္းႏိုးလာေတာ့ ေဘးက ပိတ္စေလးကို လွပ္လိုက္ၿပီး အစ္ကို႔ကို ေခ်ာင္းၾကည့္မိသည္။ အစ္ကိုကား ႏႈတ္ခမ္းေလးလႈပ္စိလႈပ္စိျဖင့္ အိပ္ေမာက်ေန၏။ သူေဌးသားေလးဆိုေတာ့ အစ္ကို႔၏ ပုံမွန္ထခ်ိန္က ေနာက္က်မွာပဲဟု ေတြးလိုက္မိသည္။ ေရခ်ိဳးဖို႔ ဟိုဘက္ျခမ္းက အုတ္ကန္ေတြရွိရာသြားရသည္။ တျခားအခန္းက အလုပ္ေစာေစာသြားရမည့္ အလုပ္သမားေတြကလည္း သူ႔လို ႏိုးေနၿပီ။ အုတ္ကန္က သုံးခုေလာက္စပ္ထားတာမို႔ ေရမိုးခ်ိဳး၊  မ်က္ႏွာသစ္သူမ်ားအတြက္ ေနရာလုံေလာက္၏။ သိပ္မၾကာခင္ ႀကီးေတာ္ကလည္း ႏိုးလာၿပီး ထဘီရင္ရွား၍ မိန္းကေလးေတြ သီးသန႔္ခ်ိဳးသည့္ဘက္ကို ထြက္သြားသည္။

မိုးၿငိမ္းေရခ်ိဳးၿပီး အခန္းျပန္ေရာက္လာေတာ့လည္း အစ္ကိုမႏိုးေသး အဝတ္အစားလဲၿပီးသည္အထိ အစ္ကိုက အိပ္ေပ်ာ္ေနတုန္းပါ။ ၅နာရီခြဲေက်ာ္ေတာ့ အစ္ကို႔၏လက္ကို ထိၿပီး အသံခပ္တိုးတိုးႏွင့္ လႈပ္ႏႈိးလိုက္သည္။

" အစ္ကို အစ္ကို "

"ဟင္ "

" ကြၽန္ေတာ္ ေဈးသြားေတာ့မယ္ "

" ဟမ္ "

အစ္ကိုက ခ်က္ခ်င္းထထိုင္ၿပီး ေဝဝါးေနေသာ မ်က္လုံးမ်ားကို လက္ခုံျဖင့္ ဖိပြတ္သည္။ ႏႈတ္ခမ္းကလည္း အိပ္ရာႏိုးစမို႔လားမသိ စူေထာ္ေန၏။ အိပ္ခ်င္မူးတူးျဖစ္ေနသည္ဆို ပိုမွန္မည္။

" ဘာလို႔ထတာလဲ ျပန္အိပ္ေလ "

" ဟို ဝွါး.... မိုၿငိမ္းက အေစာႀကီးထတာဆိုေတာ့ ငါဆက္အိပ္ေနလို႔ မေကာင္းဘူးေလ "

" မဟုတ္ပါဘူး အိပ္ေရးမဝေသးတာ သိတာမို႔ ျပန္အိပ္ပါ ကြၽန္ေတာ္ေန႔ခင္း၁နာရီေလာက္မွ ျပန္ေရာက္မွာ အရီးကိုမွာခဲ့မယ္ အစ္ကို မနက္စာစားထားေနာ္ ၾကားလား "

" အင္း အင္း "

" ျပန္အိပ္လို႔ ရၿပီ "

မိုးၿငိမ္းကို ေခါင္းညိတ္ျပၿပီး ေစာင္ပုံေလးထဲကို တစ္ေခါက္ျပန္တိုးအိပ္သြားသည္။ မိုးၿငိမ္းၿပဳံးလိုက္ၿပီး ႀကီးေတာ္ကို ေခၚဖို႔ အခန္းထဲမွ ထြက္ခဲ့သည္။

ေသာ္တာခ်မ္းေအးသည္ ေနအပူရွိန္ေၾကာင့္ ႏိုးထလာၿပီး နာရီၾကည့္မိေတာ့ ၈နာရီေက်ာ္ၿပီ။ ရာသီဥတုက ပူစပ္စပ္ျဖစ္ေနေသာေၾကာင့္ သူေရခ်ိဳးရန္ စဥ္းစားမိၿပီးမွ ဘယ္မွာ သြားခ်ိဳးရမွန္းမသိျဖစ္ေနသည္။

( ေဒါက္ ေဒါက္ )

"ကေလးေရ ႏိုးၿပီလား "

" ဗ်ာ ဟုတ္ ဟုတ္ "

တံခါးကို သြားဖြင့္ေပးလိုက္ေတာ့ အရီးျဖစ္ေနသည္။ လက္ထဲမွာလည္း မုန႔္ဟင္းခါးတစ္ပြဲကိုင္ထားသည္။

" ကေလး မ်က္ႏွာသစ္ၿပီးၿပီလား "

" ဟို မသစ္ရေသးဘူး သားဘယ္နားမွာ သစ္ရမလဲမသိလို႔ "

" ဟုတ္လား လာလာ အရီးျပမယ္ "

အရီးက သူ႔လက္ကိုဆြဲၿပီး ေရခ်ိဳးမ်က္ႏွာသစ္လို႔ရတဲ့ေနရာကို ဦးေဆာင္ေခၚသြားသည္။ သူ မ်က္ႏွာသစ္ၿပီးေတာ့ အရီးေကြၽးသည့္မုန႔္ဟင္းခါးကို စားလိုက္သည္။

" ကေလး တစ္ေယာက္တည္း ပ်င္းေနရင္ အရီးဟင္းခ်က္တာ လိုက္ၾကည့္မလား "

အရီး၏ကမ္းလွမ္းခ်က္ေၾကာင့္ ေသာ္တာခ်မ္းေအးတစ္ေယာက္ေပ်ာ္သြားသည္။ သူတစ္ေယာက္တည္း ပ်င္းေနရမွာမို႔ အရီး၏အခန္းကို လိုက္သြားလိုက္သည္။

သူ႔ပုံစံေလးက ျဖဴေဖ်ာ့ေဖ်ာ့ေလးမို႔ တျခားအခန္းက လူေတြက ဝိုင္းၾကည့္ၾကသည္။ ကေလးေတြကလည္း သူ႔ကို မ်က္ႏွာေျပာင္ျပသည္။ မေန႔ကတည္းက ဝတ္ထားသည့္အေႏြးထည္အဝါေလးနဲ႔ ေဘာင္းဘီအညိဳကြက္ေလးက သူ႔ကို ကေလးဆန္ေစသလား။ အရီးအိမ္ကို လာစပ္စုၾကသူမ်ားက သူ႔ကို ကေလးလို႔ ေခၚေနၾကသည္။ အခ်ိန္အေတာ္ၾကာ အရီးနဲ႔ဟင္းခ်က္လိုက္၊ စကားေတြေျပာလိုက္ႏွင့္ ၁၁နာရီခြဲသြားသည္။

" ဟင္ အရီး ဘာလိုလို႔လဲ "

" နႏြင္းမႈန႔္ကုန္သြားလို႔ သားေရ "

" သား သြားဝယ္ေပးရမလား "

" အင္း သြားေလ ဟိုဘက္လမ္းေထာင့္မွာ ကုန္စုံဆိုင္ရွိတယ္ ေရာ့ ပိုက္ဆံ "

အရီးက သူ႔ရင္ဘတ္ထဲမွ ထုတ္လိုက္ေသာ အေႂကြ၂၀၀တန္ကို ေသာ္တာခ်မ္းေအးထံကမ္းေပးသည္။ ေသာ္တာခ်မ္းေအးလည္း အရီးေျပာသည့္အတိုင္း ေဈးဆိုင္ကို ေရာက္သြားသည္။ အျပန္က်ေတာ့ သူ႔အေရွ႕၌ ေဘာလုံးကန္ေနေသာ ေကာင္ေလးမ်ားက သူ႔ဘက္ကို လွမ္းကန္လိုက္သည္။ ႐ုတ္တရက္မို႔ သူလန႔္သြားၿပီး အေနာက္ကို ခုန္ဆုတ္လိုက္၏။

"ဟားဟားဟား "

ေသာ္တာခ်မ္းေအးကို လွမ္းၾကည့္ၿပီး ရယ္ေနၾကသည္။ သူလည္း ဘာကိုမွ ဂ႐ုမစိုက္ဘဲ သူတို႔အုပ္စုကို ေက်ာ္သြားမလို႔ လုပ္လိုက္သည္။ ေၾကာက္လည္း ေၾကာက္တာမို႔။

" ေဟး အေသးေလး ျပန္ကန္ေပးေလကြာ "

" ေအးေလ ေဘာလုံးကိုယ့္ေရွ႕ေရာက္လာရင္ ျပန္ကန္ေပးရမွန္းမသိဘူးလား "

အကုန္လုံးက မိုးၿငိမ္းတို႔လို လူေကာင္ထြားတာမို႔ သူေၾကာက္သည္။ အေနာက္၌ က်န္ခဲ့ေသာ ေဘာလုံးဆီျပန္သြားၿပီး သူ႔တို႔ဘက္ကို ျပန္ကန္ေပးလိုက္သည္။

" ဟားဟားဟား "

ေသာ္တာခ်မ္းေအးလည္း သူတို႔အုပ္စုကို ေက်ာ္သြားၿပီး ခပ္လွမ္းလွမ္းေရာက္ေတာ့ သူ႔ေပါင္ကို ေဘာလုံးက ခပ္ျပင္းျပင္းလာမွန္ျပန္၏။

" အာ့ "

" အစ္ကို "

" မိုးၿငိမ္း "

မိုးၿငိမ္းအသံၾကားေတာ့ သူေပ်ာ္သြားမိသည္။ မိုးၿငိမ္းက သူ႔ကို မ်က္ေမွာင္ၾကဳတ္၍ၾကည့္ၿပီး သူ႔ကို ဆြဲ၍ အေနာက္ပို႔လိုက္သည္။

" မင္းတို႔ ဒါဘာလုပ္တာလဲ "

" မိုးၿငိမ္း ဒီအေသးေလးက မင္းရဲ႕ ညီလား "

" မဟုတ္ဘူး ငါ့အစ္ကို "

" ဝိုးးး ဒီေပ်ာ့တိေပ်ာ့ဖက္ေလးကေလ "

" မင္းတို႔ ပါးစပ္ပိတ္ထားလိုက္ အစ္ကို႔ကို အဲ့လိုေျပာစရာမလိုဘူး "

" မင္းကလည္းကြာ ငါတို႔က စတာပါ မင္းရဲ႕ညီ အယ္ အစ္ကိုကို ျပန္ေခၚသြားလိုက္ဦး "

မိုးၿငိမ္းက သူ၏လက္ကို ဆြဲၿပီး လိုင္းခန္းကို ျပန္ေခၚလာခဲ့သည္။ မိုးၿငိမ္းအေနာက္ကလိုက္လာရင္း မိုးၿငိမ္းေဒါသထြက္ေနတာကို ေသာ္တာခ်မ္းေအးသိသည္။ သို႔ေပမယ့္ သူ မေမးရဲ။

" အရီး အရီး "

"ဟယ္ ေျဖးေျဖးေခၚပါ "

" ေနာက္တစ္ခါ အစ္ကို႔ကို ဘယ္မွ မလႊတ္ပါနဲ႔ "

" အခု ကေလးက ဘာျဖစ္လာလို႔လဲ "

" ဟိုဘက္လမ္းက ေကာင္ေတြ ေဘာလုံးနဲ႔ကန္ၿပီး အႏိုင္က်င့္လိုက္တယ္ အဲ့တာ အရီးသိလား"

မိုးၿငိမ္းက သူ႔လက္ကို ဆြဲၿပီး အရီးကို ျပန္ေအာ္ေနသည္။ သူ႔မွာသာ အရီးကို အရမ္းအားနာေနရသည္။ အရီးကလည္း ဘာျပန္ေျပာရမွန္းမသိ ပါးစပ္အေဟာင္းသား။

မိုးၿငိမ္းက အေပၚထပ္ကိုတက္ဖို႔ ျပင္ေတာ့ သူ႔လက္ထဲက နႏြင္းမႈန႔္ထုပ္ေလးကို ကန္ေတာ့ဟုဆို၍ အရီးအား လွမ္းပစ္ေပးလိုက္ရသည္။ အခန္းထဲေရာက္ေတာ့ မိုးၿငိမ္းက သူ႔ကို ဆူေတာ့သည္။

" အဲ့လိုေတြ ျဖစ္မွာဆိုးလို႔ ကြၽန္ေတာ္ေဈးမကြဲခင္ အေရာက္ျပန္လာတာ"

မိုးၿငိမ္းကဆူေတာ့လည္း အစ္ကိုက ေခါင္းငုံ႔ေနသည္။

" ဘာလို႔ အဲ့ဘက္ကို သြားတာလဲ "

" အရီးက နႏြင္းမႈန႔္လိုတယ္ဆိုလို႔ "

" အဲ့တာ သြားဝယ္ေပးစရာလား သူ႔ဘာသူသြားပါလိမ့္ေစေပါ့ အခုေတာ့ "

ထပ္ေျပာမည့္စကားေတာင္ ရပ္သြားရသည္။ အစ္ကို႔ေခါင္းက ငုံ႔ထားလိုက္တာ ခႏၶာကိုယ္ထဲကိုပင္ ျပန္စိုက္ဝင္သြားေတာ့မည္။ အစ္ကို႔ အျပစ္ခ်ည္းပဲလည္းမဟုတ္ အရီးကို စိတ္ခ်ၿပီးအပ္ထားမိတဲ့ သူ႔အျပစ္လည္း ပါသည္။

" ထားလိုက္ပါေတာ့ အစ္ကို ေရမခ်ိဳးရေသးဘူးမလား "

" အင္း ဟို "

" ဘာလို႔လဲ "

" လူေတြ ရွိတယ္ "

" ဟမ္ အင္း လူေတြေတာ့ရွိမွာေပါ့ ဒါမဲ့ "

အစ္ကိုက ရွက္တတ္တာကို သူေမ့သြားသည္။ အစ္ကိုက သူေဌးသားေလးမို႔ သူ႔အိမ္မွာဆို သူ႔ေရခ်ိဳးခန္းထဲ သူတစ္ေယာက္တည္းခ်ိဳးလိမ့္မည္။ အစ္ကို ေရခ်ိဳးတာကို လိုက္ေစာင့္ေပး႐ုံမွလြဲ၍ သူဘာမွမတတ္ႏိုင္။
© အမရာခွန်း (Ten),
книга «အိမ်».
Коментарі