Chapter (1)
Chapter(2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (14)
လူလတ်တန်းစားဆင်ခြေဖုံး ရပ်ကွက္မှာဆိုက်ရောက်လာတဲ့အထက်တန်းစား ကားတစ်စီး ၊ကားတံခါးဖွင့်လာတာနဲ့
လူလတ်ပိုင်းအရွယ်ကြည့်ကောင်‌းသော ကောင်လေးတစ်ယောက်ဆင်းလာကာ ခြံတစ်ခြံ‌ေရှ့သုိ့သွား‌ေလသည်။

ချစ်ကဆေးရုံကဆင်းပြီး ချစ်အမေ အိမ်မှာဘဲ ရှိ‌ေနတယ်ဆိုတာကြောင့် လေယာဉ်ဆင်းတာနဲ့ ချက်ချင်း အန်တီအိမ်ကို တန်းလာလိုက်သည်။ အိမ်ကိုဘေလ်တီးကာ တံခါးလာဖွင့်ရန်စောင့်ဆိုင်းနေစဉ် အန်တီက လာဖွင့်ပေးတာကြောင့်။
စက္ကပိုင်တံခါးပင်မဖွင့်ရသေး သိချင်တာတွေ မေးတော့လေသည်။

"အန်တီ ချစ် ဆေးရုံတက်ရတယ်ဆို ကျွန်တော် ဖုန်းဆက်လည်းမကိုင်ဘူး"

အန်တီက တံခါးကိုဖွင့်‌ေနရင်း

"သားပိုင်ရယ် အိမ်ထဲမ၀င်တော့ဘူးလာ ပြောပြမှာပေါ့"

"ကျွန်တော်စိတ်ပူနေလို့ပါ"

"လာအိမ်ထဲ အရင်၀င်"

အိမ်ထဲရောက်တော့ စက္ကပိုင် ထိုင်ပင်မထိုင်နိုင်

"အန်တီ ချစ်ကော"

"အရင်ထိုင်ပါအုန်း သားရယ် "

ချစ် အမေပြောသလို့ ထိုင်ချလိုက်သော်လည်း မျက်လုံးများက
အပေါ်ထပ်သို့ရောက်နေသည်။

"ထွေးကမူးလဲလို့ အခုကကောင်းသွား‌ေပ့မယ်
အဒေါ်စိတ်မချလို့ တစ်ရက်နားခိုင်းလိုက်တာ ဒါနဲ့သားပိုင်ကော
ခရီးသွားတာကြာမယ်ဆို အခုပြန်လာတာ သိပ်မကြာသလို့ဘဲ"

"မဟုတ်ဘူး ချစ်ကို မနေ့ကတည်းက ဖုန်းခေါ်တာ ခေါ်မရတာနဲ့ ကျွန်တော်တပည့်တွေ‌ မေးကြည့်တော့ ဆေးရုံမှာဆိုလို့ ချက်ချင်းဆင်းလာလိုက်တာ"

"အဲ့လို့လာ သားအလုပ်ပျတ်ကုန်ပြီးပေါ့ "

"ရပါတယ် အလုပ်ကဘာမှမဖြစ်ပါဘူး "

"အင်းပါ ဒါနဲ့ အန်တီ သားကိုတစ်ခုလောက်ပြောချင်လို့"

"ဟုတ် ပြောပါ"

"ထွေးမူးလဲတာကလေ ပုံမှန်ကြောင့်မဟုတ်ဘူး
ထွေးက အခုကိုယ်၀န်နဲ့မို့ ညဘက်တွေလည်း ကောင်းကောင်းအိပ်မပျော်တော့ သွေးပေါင်ကျပြီး မူးလဲသွားတာ"

စက္ကပိုင် မျက်လုံးကခဏခဏလှေကားဆီရောက်‌ေနပေ့မယ် ထိုစကားကိုကြားမိတဲ့ အချိန်မှာ မယုံကြည့်နိုင်စွာ အန်တီကိုစိုက်ကြည့်ပြီး။

"ချစ်က ယောင်္ကျားလေး လေ"

"ဟုတ်တယ်လေ ဒါပေ့မယ် ထွေးက ကိုယ်၀န်ဆောင် နိုင်တဲ့ အမျိုးသားတစ်ယောက်ပါ အန်တီလိမ်ပြောနေတာမဟုတ်ပါဘူး ဒါက ဆေးရုံကနေ စစ်ဆေးချက်ယူလာတဲ့ ဖိုင်"

အညိုရောင် ဖိုင်ကို စက္ကပုိင်အရှေ့ကစားပွဲပေါ်တင်ပေးလိုက်တော့
စက္ကပိုင်ယူပြီးဖွင့်ကြည့်လိုက်ပြီး
အာထရာဆောင်းရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်လိုက်သည်။

"အဲ့ဒီက အဝိုင်းလေးက ကလေးဘဲ ဆရာ၀န်ကပြောတယ်
ပုံမှန် ကိုယ်၀န်ဆောင်မဟုတ်တော့ ကလေးက ကြီးထွား
နူန်း‌‌ေနှး‌ေနတယ်တဲ့ သေချာဂရုစိုက်ခိုင်းနေတယ်"

"သားအနေနဲ့ မယုံကြည့်နိုင်တာတုိ့ ဖြစ်နိုင်ပေ့မယ် အခုပြောနေတာ‌ေတွက အမှန်တွေပါ"

စက္ကပိုင် အာထရာဆောင်းဓာတ်ပုံကိုကြည့်နေရင်းပင်

"ချစ်ကော ဘာပြောလဲ ဒီကိစ္စပတ်သက်ပြီး"

"ထွေးလေးကတော့ မွေးမှာတဲ့ ခုနကတောင် သားပိုင်ကို
ညကြဖုန်းဆက်ပြောမယ် လုပ်ထားတာ အခုသားပိုင်ကရောက်လာဝောာ့ အတော်ဘဲ ဖြစ်သွားတာပေါ့
သား ဗိုက်ကို အပ်ဖို့ဆရာ၀န်ရှာရမယ်
ထွေးက သားလာမှစီစဉ်မယ်လုပ်နေလို့ သားကဘဲဖြစ်နိုင်ရင် အမြန်ဆုံးစီစဉ်ရင်ကောင်းမယ်"

"ဟုတ်..ကျွန်တော် လုပ်လိုက်ပါမယ်"

"ဟုတ်ပြီးလေ သားလည်း ထွေးကိုပြောစရာတွေရှိမှာပေါ့ အပေါ်မှာ သွားတွေ့ချေလေ"

"ဟုတ် အန်တီ"

စက္ကပိုင်အိမ်ပေါ်ချက်ချင်းတက်ကာ
ချစ်အခန်းထဲ ၀င်လိုက်တော့ ကုတင်ပေါ်ထိုင်ပြီး ဖုန်းကြည့်နေတဲ့ ကောင်လေး။ချစ်မျက်နှာချောင်သွားသလို့ ဖုန်းကိုသဲကြီးမဲကြီးကြည့်နေတာကြောင့် မိမိ၀င်လာတာကိုတောင်
သတိမထားမိ အနားသို့လျှောက်သွားကာ...။

"ချစ် .."

မိမိကို မြင်တော့ မျက်လုံးပြူးကာကြည့်လာသည်။

"ကိုပိုင် ပြန်ရောက်လာတာလား"

"ကိုယ် ဖုန်းဆက်နေတာ ချစ်မှမကိုင်တာ အဲ့တော့စိုးရိမ်ပြီး
ပြန်လာရတာပေ့့ါ"

"ကျွန်တော်တွေ့တယ် ကိုပိုင်ဖုန်းဆက်ထားတာကို၊ ကိုပိုင်ဖုန်းဆက်တုန်းက ဆေးရုံမှာလေ ပြန်ဆက်ဖို့က ဒီချိန်မအားသေးဘူးထင်တာနဲ့ ညမှဖုန်းဆက်္မလို့ဘဲ အမေနဲ့‌ေကာတွေ့ခဲ့ပြီးပြီးလာ"

"အင်း တွေ့ခဲ့တယ်"

စက္ကပိုင်
စာ‌ေရးစားပွဲခုံကုိ လှမ်းယူကာ ကုတင်ဘေးချကာ ထိုင်ချလိုက်ပြီး ချစ်လက်ထဲကိုင်ထားတဲ့ ဖုန်းကိုဆွဲယူပြီး ဘေးသုိ့ချထားလိုက်ကာ လက်ကိုဖွဖွလေးဆုပ်နယ်ပေးရင်း။

"‌‌ေသွး‌ေပါင်ကျ‌နေတာဆို ဘာလို့ဖုန်းကြီး ကြည့်နေတာလည်း ပိုမူးမှာပေါ့"

"အခုကသက်သာ‌ေနပါပြီး အမေက အဲ့ကိစ္စဘဲပြောလိုက်တာလား"

"တခြားတစ်ခုလည်း ပြောလိုက်တယ် "

"တခြားတစ်ခုဆိုတာ ကိုယ်၀န်ကိ္စ္စလား"

"အင်း ဟုတ်တယ်"

"ကိုပိုင် ဆုံးဖြတ်ချက်ကဘာလဲ ကျွန်တော်ကတော့ မွေးချင်တယ်"

စက္ကပိုင်က တေဇမျက္နှာလေးကိုကြည့်နေရင်းပါးလေးကိုဖွဖွပွတ်ပေးကာ

"ကိုယ်အမှန်ပြောရရင် ချစ်ကိုယ်၀န်ဆောင်ထားရတယ်ဆိုတာကို အန်တီက ပြောခဲ့ပေ့မယ် ကိုယ်မယုံနိုင်သေးဘူး ၊
အာထရာဆောင်းပုံက အစက်သေးသေးလေးက ကိုယ်တို့ကလေးဆိုတာလည်း မယုံသေးဘူး၊အဲ့အစက်သေးသေးလေးက ချစ်ဗိုက်ထဲကဆိုတာလည်းမယုံသေးဘူး"

"ဒါပေ့မယ် အခုချစ်ကိုထိ‌ေတွ့နေရင်း နွေး‌နေတဲ့အသိကြောင့်
အဲ့တာတွေ တကယ်ဆိုတာ ကိုယ်ယုံကြည့်နေရတယ်"

"အခုယုံကြည့်ပြီး မဟုတ်လား ဘာလုပ်မယ်ဆိုတာပြောလေ "

"အင်း ကိုယ်တို့ကလေးဘဲ ကိုယ်ကမလို့ချင်ဘဲ နေမလား
အန်တီက ‌ဗိုက်အပ်ဖို့ပြောတယ် ကိုယ်သူငယ်ချင်းတစ်ယောက်က နိုင်ငံခြားမှာ သားဖွားဆရာ၀န်ဘဲ သူကိုခေါ်လိုက္မယ်"

"မဟူတ်ဘူးလေ ဒီနိုင်ငံက ဆရာ၀န်တွေလည်း ကောင်းပါတယ်"

"ကိုယ်ပြောတာ နားထောင်ပါအုန်း သူကိုယ်ကိုပြောဖူးတယ် သူလက်ခံထားရတဲ့
ယောင်္ကျားလေးကိုယ်၀န်ဆောင် တစ်ယောက်အကြောင်း ၊
အခုဆုိ သုံးယောက္မြောက်္မွေးပြီးပြီး
အဲ့တစ်ယောက် ကလေးမွေးဖို့ သက်သက်ကြီးခွဲစိတ်ထားရတာ
ကိုယ်ရဲ့ချစ်ကတော့ သ‌ဘာ၀အလျှောက်ပေါ့
ကိုယ်သူငယ်ချင်းက အတွေ့အကြုံရှိတော့ သူနဲ့ဗိုက္အပ်တာ
အဆင်ပြေမယ်ထင်လို့ "

ချစ်လက်လေးကို ဆုပ်နယ်ကာ

"လုပ်ပါချစ်ရာ ကိုယ်စိတ်မချလို့ပါ"

"အင်းပါ ဒါနဲ့ ဘာလို့လုပ် သူနဲ့ အဲ့စကားကြီးဆက္မိသွားတာလည်း "

"ကိုယ် ချစ်နဲ့ လက်ထက်လိုက်ပြီးဆိုတာ လှမ်းပြောရင်း
ကလေးလိုချင်ရင် သူတို့ဆီမှာ လုပ်လို့ရတဲ့ အကြောင်းလေး
ပြောရင်း စကားဆက်္မိသွားတာပေါ့"

"အဲ့ လို့ လား"

ချစ် လက်လေးကို ပါးနားအပ်ကာ

"ချစ် အသွားအလာ ဂရုစိုက်္ရမယ်နော် အလုပ်က‌နေလည်း ထွက်လိုက်တော့"

"မထွက်နိုင်ပါဘူး ဗိုက္မပူသ၍လုပ်မှာ မလုပ်ခိုင်းဘူး မပြောနဲ့နော် ကိုပိုင် လက်အောက်္မှာ လုပ်ရမလား တခြား ကုမ္မဏီပြောင်းရမလား ကြိုက်တာရွှေး"

"မဟုတ်ဘူးလေ ချစ်ရာပြောလို့လည်းမရဘူး မဆိုးစမ်းနဲ့
အခုကအရမ်းဂရုစိုက်ရမှာလေ"

"ကျွန်တော် ဘယ်မှာဆိုးနေလို့လည်း ကျွန်တော်က ယောင်္ကျားလေးတစ်ယောက်ပါ  ကိုယ်ဟာကို ဂရုစိုက်နိုင်တယ်
ကျွန်တော် အဆင်မပြေတာတွေဆို ချက်ချင်းပြောမယ်
အလုပ်ကပြေးလွှားနေရပြီး အလေးအပင်တွေ မနေရတာလည်း မဟုတ်ဘူး"

"ချစ်က ပြောရခတ်တယ်"

"အဲ့တော့ ဘာ‌လုပ်ချင်လည်း ဗိုက်ထဲကလေးက မထွက်သေးဘူး ငြုစူတာတွေက စလာပြီး ဒီမှာ ခင်ဗျား စိတ်မရှည်တော့ရင်လစ်လိုက်"

"ကိုယ် ငြုစူတယ်ပြောနေလို့လား အလုပ်မလုပ်စေချင်တာလေ"

"‌ကျွန်တော်က ယောင်္ကျားလေးတစ်ယောက်လို့ မိန်းကလေးတစ်ယောက်လို ပျော့တိပျော့ဖက်ပုံစံ ဆက်ဆံတာမကြိုက်ပါဘူးဆို ယောင်္ကျားယူထားတာ မိန်းကလေးတစ်ယောက်လို့ဆက်ဆံခံရဖို့ မဟုတ်ကြောင်းကိုလည်း အစထဲကပြောပြီးသား
ကျွန်တော်အဆင်မပြေရင် ချက်ချင်း‌နားမယ် အခုကအဆင်ပြေနေတာဘဲ ကို ဘာလဲ ကလေးရတာနဲ့ ခင်ဗျား
အိမ်ပြန်လာတာကို ထိုင်စောင့်နေမယ် အိမ်ထောင်ရှင်မနေရာကို တန်းယူရတော့မှာလား"

"မဟုတ်ဘူးလေ အချစ်ရယ် တကယ်မနိုင်ဘူး ကိုယ်ကချစ်အရမ်းချစ်တော့ စိတ်ပူမိတာပေါ့ အခု ချစ်အလုပ်ဆက်လုပ်မယ်ဆိုလည်း ဆက်လုပ် ဒါပေ့မယ် ကိုယ်ပြောတာတွေ လက်ခံပေး"

"ဘာကုိလဲ"

"ရုံးထမင်းမစားရတော့ဘူး နေလယ်ထမင်းစားချိန်တိုင်း
ကိုယ်ဆီလာစားရမယ် ပြီးတော့ ကိုယ်ချစ်ဖုန်း မဟုတ်ရင်
ချစ်ကိုယ်က အသုံးအဆာင်တစ်ခုခုမှာ GPS တက်္မယ်
မယုံလို့မဟုတ်ဘူး အကယ်၍ ကိုယ်အဆက်္အသွယ်မရတဲ့ချိန်
ချစ်တစ်ခုခု ဖြစ်ရင် အလွယ်တကူသိလို့လွယ်အောင်လို
အဲ့နှစ်ချက်ကို လိုက်နာပေး နော်ချစ်"

"ပြီ‌းရော လက်ခံမယ်"

"ကိုယ်သူငယ်ချင်းက အဝေးကလာရမှာဆိုတော့ နည်းနည်းကြာမယ် ဒီကြားထဲ ဂရုစိုက်ရမယ် ကိုယ်ကလေး အဖေဖြစ်ရမှာကို ပျော်ချင်ပေ့မယ် ချစ်ကို ပိုစိတ်ပူ‌တယ်
ကလေးထွက်လာမှာဘဲ ကိုယ်‌ေသချာပျော်ရတော့မယ်"

"ကျွန်တော်က ကြံခိုင်တဲ့ ယောင်္ကျားလေးတစ်ယောက်ပါ
အဲ့လောက် စိတ်မပူနဲ့"

"အင်းပါကိုယ်ချစ်ကကြံခိုင်ပါတယ် ချး်စားချင်တာတွေရှိရင် ကြိုပြောနော် လုပ်ခိုင်းလို့ရအောင်
ဖိနပ်တွေကိုလည်း ချော်မကျနိုင်မယ့် ဖိနပ်တွေနဲ့လဲထားရမယ်
ခေါင်းမူးတာတွေ အန်ချင်တာတွေရှိရင်ချက်ချင်းပြောနော် "

"ပြောပါမယ် ကိုပိုင်ပုံစံကမှ တကယ် မိန်းမကြီးဖြစ်နေပြီး"

စက္ကပိုင် တစ်ယောက် မိမိကိုကြည့်ပြီး သဘောကျနေတဲ့ အချစ်ကို

" အဲ့လိုမပြောပါနဲ့ ကိုယ်က စိတ်ပူလို့ပါ အခုတောင် လေယာဉ်ဆင်းတာနဲ့ ချစ်ဆီတန်းလာရတာ"

"ဟုတ်သားဘဲ အလုပ်ကပြီးသွားလို့လား"

"ရပါတယ် အလုပ်က ချစ်လောက်အရေးမကြီးဘူးရယ်"

"ဘာဘဲဖြစ်ဖြစ် အရေးတော့ကြီးမှာဘဲ အခုပင်ပန်းနေမှာပေါ့ ကျွန်တော်ဘေး လာလှဲချေ"

စက္ကပိုင်လည်း နှစ်ခါမပြောရ ချက်ချင်းကုတင်ပေါ်တက်ကာ
ခေါင်းအုံးပေါ်ခေါင်းချပြီး ထိုင်နေတယ်ချစ်ခါးလေးကို ဖက်ကာ
"ကိုယ် နွေးအောင်ဖက်ထားပေးမယ် အထဲကလေးကိုလည်းနွေးအောင်"

"ဖက်ချင်လို့ဖက်တယ်လို့ ပြောလိုက်ပါ ကိုပိုင်
ကျွန်တော်လည်း အိပ်မယ်ဟိုဘက်‌နည်းနည်းတိုး"

လှဲချလာတဲ့ ချစ်ကိုယ‌်လေးကို လက်္မောင်းအောက်သွင်းပြီး
မျက္စိမှိတ်လိုက်တော့သည်။

တေဇလည်း မတွေ့ရတဲ့ သုံးပတ်အတွင်း ကိုပိုင်ရဲ့ အငွေ့အသက်လေးကို လွမ်းမိတာကြောင့် ဖက်နေတာကို
ဘာမှပြောမနေတော့ဘဲ မျက်စိမှိတ်ကာ အိပ်စက်ချင်းဆီသို့ ။

စက္ကပိုင်လည်း ချစ်ရဲ့ ကိုယ်ငွေ့သင်းသင်းလေးကို
ခံစားရင်း ရင်ခွင့်ထဲ ထည့်ကာ အိပ်ပျော်သွားတော့သည်။

ချစ်တဲ့သူတွေတိုင်း အိမ်မက္လှလှ မက္စေကွယ်...။

ကြိုးစားလျက်ပါ
#ဆိုပိုင်ဟွား
9.11.2020
© Hsu Bai hua ,
книга «အကြင်နာစစ်ရင်».
Коментарі