Chapter (1)
Chapter(2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (16)
ညနေ [၂]နာရီထိုးတော့ ကိုပိုင်က ဖုန်းဆက်ခေါ်လာသဖြင့်
လုပ်လက်္စတွေ သိမ်းကာ ကားပါကင်ဆီသို့ဆင်းနေရန် ဓာတ်လှေကားဆီသွားနေတုန်း။
ဓာတ်လှေကားရဲ့ထိပ်မှာတင် စောင့်နေတဲ့ ကိုပိုင်ကိုတွေ့လေသည်။

"ကိုပိုင် အခုမှဆင်းလာတာလား ကား‌ပါကင်ရောက်နှင့်နေပြီ းထင်နေတာ"

"ဟုတ်ဘူး ချစ်ကို စောင့်နေတာ ဒီရက်ပိုင်း ခဏခဏ ခေါင်းမူးတက်တယ်လေ ဓာတ်လှေကားက လေကောင်းလေသန့်မရဘူးချစ်မွန်းကြပ်ပြီး မူးလဲ‌ေနမှာဆိုလို့ အတူတူဆင်းရအောင်စောင့်နေတာ"

"အင်းပါ သွားမယ် သွားမယ် ချိန်းထားတာ နောက်ကျတော့မယ်"

ကားနားရောက်တော့ ကိုပိုင်ကိုယ်တိုင်
ကားတံခါးဖွင့်ပေးပြီး ကားပေါ်ရောက်တော့လည်း
အနောက်လှဲအိပ်လို့ရအောင် လည်ပင်းမှာကူရှင်းတက်ပေးလေသည်။ပြောလို့ပြောတာမဟုတ် ကိုယ်၀န်ရှိထဲက တေဇကမင်းသားလေးတစ်ပါးလို့သာယာနေ‌သည်။နစ်ကတိုင်ကြောင့်
စိတ်ကျဉ်းကျပ်လာ၍ ဖြုတ်ရန်ပြင်တော့ စက္ကပိုင်ကလှမ်းကြည့်လာပြီး။

"ချစ် နောက်နေ့ရုံးတက်ရင် ပေါ့ပေါ့ပါးပါးဘဲ၀င်တော့ ဒီ၀တ်စုံက ချစ်စိတ်ကျဉ်းကျပ်တယ်"

ယောင်္ကျားတစ်ယောက်က smartကျပြီးခန့်ညားတဲ့အသွင်ပေါက်စေတာကြောင့်
ရုံးကိုတော့ တခြား၀တ်စုံနှင့်တက်ဖို့မဖြစ်နိုင် တေဇအတွက်ကြည့်ကောင်းဖို့လိုအပ်တယ်မှတ်လား။ကိုပိုင် အပြောကို

"မကျပ်ပါဘူး ရုံးလာမှတော့ ရုံး၀တ်စုံ ၀တ်ရမှာပေါ့"

စက္ကပိုင် ချစ်ဘက်ကြည့်လိုက်တော့ နောက်ကိုမှီပြီး‌ေမှးနေတာကြောင့် ဆက်္မပြောတော့ဘဲ Tablet ကိုကိုင်ကာ အလုပ်လုပ်ဆက်လုပ်နေလိုက်သည် ဆက်ပြောရင်လည်း နားထောင်မှာမဟုတ်တဲ့အတွက်။

ဆေးရုံရောက်တော့ ကိုပိုင် သူငယ်ချင်း ကိုဘုန်းဉာဏ်နဲ့တွေ့လေသည်။ အရပ်အားဖြင့် ကိုပိုင်နဲ့အတူတူပင် ဘာလို့ချမ်းသာတဲ့သူတွေများ အရပ်တွေမိုးမျှော်အောင်ရှည်ကြလည်းမသိ။ ရုပ်ရည်က တည့်ကြည်ခန့်ငြားပြီး မျက်နှာမြင်ရုံနှင့်တစ်ဖက်လူကုိ စိတ်ကုိအေးချမ်းစေတဲ့ ဆုနှင့်ပြည်စုံနေသည်။
ဒီဆရာ၀န်နဲ့ကုတဲ့မိန်းကလေးတွေဆို မျက်နှာမြင်ယုံနှင့်ရောဂါတစ်၀တ်လောက် သက်သာ‌မှအသေချာ ခက်တာက သားဖွားဆရာ၀န်ဖြစ်နေတာဘဲ။
ကိုပိုင်နဲ့စကားပြောနေရင်း တေဇဘက်လှည့်လာကာ

"နာမည်ကတေဇဦး နော် တွေ့ရတာ၀မ်းသာပါတယ် နောက်ဆုိဗိုက်ကိစ္စနဲ့ခဏခဏ တွေ့ရတော့မှာပေါ့ ကိုယ်နာမည်က ဘုန်းဉာဏ်ပါ"

"ဟုတ်"

"ဒါဆို စမ်းသပ်ဖို့ သွားရအောင် "

စစ်ဆေးစရာရှိတာစစ်ဆေး စမ်းသပ်စရာရှိတာစမ်းသပ်ပြီးတော့ ။နောက်ဆုံး ဗိုက်ကို အာထရာဆောင်းနှင့်စမ်းသပ်လေသည်။ကိုပိုင်က တေဇဘေးနားရပ်ကာ လက်ကိုင်ထားပြီး ဖန်သားပြင်ပေါ် ပေါ်နေတဲ့ အစက်လေးကိုကြည့်ပြီး ။

"အဲ့တာ ငါတို့ကလေးလာ"

"အင်းဟုတ်တယ် ဒါဆိုခဏစောင့်အုန်းနော် ငါခုနကစစ်ဆေးထားတဲ့ result ကိုသွားယူအုန်းမယ် "
ကိုဘုန်းဉာဏ်ထွက်သွားတော့
တေဇ ကို ကုတင်ပေါ်မှာလှဲ‌ေနပြီး
ကိုပိုင်က ဗိုက်ပေါ်‌ဂျယ်လိမ်းထားတာကို သုတ်ပေးနေသည်။

"ပင်ပန်းနေပြီးလာ "

"အင်း နည်းနည်း ပင်ပန်းလာသလို့ဘဲ နည်းနည်းလှုပ်တာနဲ့ ချွေးထွက်ချင်နေတာ"

ကိုပိုင်က ‌အရှေ့မှာကျနေတဲ့ ဆံပင်လေးတွေကိုသပ်တင်ကာ
နားထင် လေးကိုဖိနမ်းလာပြီး...

"ခဏ‌ နေ ပြီးတာမှာမို့ သည်းခံပေးနော် အခုကိုယ်အနမ်းနဲ့ အားပြည့်စေ"

"အနမ်းပေးလို့ အားပြည့်ရအောင် ကိုပိုင်ကလူထူးဆန်းမို့လား"

"ချစ်ရယ် ကိုယ်ကိုတော်ကီလေး ပြောခွင့်ပေးပါအုန်း
ချစ်ဘုကလန့်ပြောလိုက်ရင် ကိုယ်နင့်သွားတယ်"

"ကျွန်တော်က အပိုပြောတဲ့ စကားတွေနဲ့ မတည့်ဘူး"

"အင်းပါကွာ"

"ကိုပိုင် ကျွန်တော် အေးတာတစ်ခုခုသောက်ချင်တယ်"

"ဘာသောက္မလဲ "
"အေးတယ်ဆိုရတယ် ဘာဘဲဖြစ်ဖြစ်"

"ဆေးရုံ အောက်္မှာ storeဆိုင်တွေ့ခဲ့တယ် ကိုယ်သွား၀ယ်ပေးမယ် ခဏစောင့်"

"ဟုတ်"

‌ကိုပိုင်နဲ့ အခန်းထဲကထွက္သွားပြီး ခဏအကြာ ကိုဘုန်းဉာဏ်က၀င်လာတာသည်....

"အင်း ရလဒ်ကထွက်လာပြီး "

"ကိုပိုင်က အပြင်ခဏသွားတယ် အခုရလဒ်က ဘယ်လို့လဲ တစ်ခုခုဖြစ်‌ေနတယ်ဆိုလည်း ပြောပါ ကျွန်တော်ပထမဆေးရုံတက်ရထဲက သိသင့်သလာက် သိပြီးတာမို့"

"အဲ့လို့လား ဟုတ်ပါပြီး ကိုယ်ပြောချင်တာက ခက်ခဲလိမ့်မယ်
မင်းကိုဖြတ်ချဖို့တောင်မပြောဘူးကွာ
ကိုယ်ဟိုမှာတာ၀န်ယူပေးရတဲ့တစ်ယောက်ကြတော့ ခွဲစိတ်လိုက်ကာ မိန်းကလေး အင်္ဂါမပြောင်းရုံတမယ်
ကိုယ်၀န်ဆောင်ဖို့ မဟော်မုန်းဓာတ်တွေပါပြောင်းထားရတာ
တေဇက သားအိမ်ပါပြီးကိုယ်၀န်လွယ်လို့ရတာဘဲ ရှိတာ ကျန်တာတွေက ယောင်္ကျားလေးဟော်မုန်းပြည့်နှက်နေတာ အဲ့တာကြောင့် ခက်ခဲလိမ့်ပြောတာ "

"မျှော်လင့်ချက်္မရှိတာတော့ မဟုတ်ဘူးမှတ်လား "

"အဲ့လိုတော့ မဟုတ်ပါဘူး ကိုယ်အကောင်းဆုံးမင်းကိုလုပ်ပေးမှာပါ"

"အင်း အဲ့တာဆို ဒီကိစ္စကို ကိုပိုင် ကို့မသိစေချင်ဘူး
ကိုပိုင်အရမ်းစိတ်ပူပြီး ဖြတ်ချဖို့တွေပြောလာလိမ့်မယ် "

"ဟုတ်တာပေါ့ သူလုံး၀ဖြတ်ချခိုင်းလိမ့်မယ်"

"ကျွန်တော်က မဖြစ်လာသေးတဲ့အနာဂတ် ကအရာအတွက်နဲ့ စိတ်မပူပန်ချင်ဘူး အခုလက်ရှိကိုဘဲ အကောင်းဆုံးနေထိုင်ရင်
အနာဂတ်မှာကောင်းလာနိုင်တာဘဲလေ
ကိုပိုင်ကိုလည်း ကိုဘုန်းသွားမပြောပါနဲ့"

ဘုန်းဉာဏ်ကြားထဲကနေ ခေါင်းရှုပ်လာလေ့သည်။ စက္ကကို ခုနက အပြင်မှာတွေ့လို့အကြောင်းစုံပြောပြခဲ့တဲ့ အကြောင်း
သူကလည်း ဒီအကြောင်းကို တေဇကိုသွားမပြောရန်ပြောခဲ့သော်လည်း တေဇကအစတည်းက သိပြီးသားဖြစ်နေလေသည် အခုကော ဘယ်လို့ပြောရပါမလဲ။ဘာမှမပြောတော့ဘဲ သူတို့လင်လင်န‌ှစ်ယောက်ရှင်းပါစေဆိုပြီး အောင့်သက်သက်နှင့်သာဖြေလိုက်သည်။

"အင်း..."

ခဏအကြာ ရေသန့်ဘူးကိုင်ကာ ၀င်လာသော စက္ကပိုင်က
ရေဘူးအဖုံးဖွင့်ကာ တေဇဆီလှမ်းပေးလိုက်ပြီး။

"resultထွက်လာပြီးဆိုတော့ ချစ် ပြန်ရအောင်  ပင်ပန်းနေပြီးမဟုတ်လား "

"ပြန်မယ်လေ ကိုဘုန်းဆေးတွေ ပေးလိုက်တယ်"

ဆေးထုတ်ကို စက္ကပိုင်ဆီလှမ်းပေးရင်း

"အခုပေးလိုက်တဲ့ ဆေးတွေပုံမှန်သောက်ပေး
အားရှိတဲ့ အစားအစာ စားပါ ဟော်မုန်းအစားထုိးတဲ့ ဆေးဆိုတော့ ပြင်းတယ် အစားများများစားပြီး အားရှိမှခံနိုင်ရည်ရှိမှာ"

စက္ကပိုင်ပြောနေတဲ့စကားကိုနားမထောင်ဘဲ ဆေးဘူးတွေကိုသာကြည့်ပြီးဘာမှမပြောဘဲဆွဲယူလိုက်ကာ။
"သွားမယ်ချစ်
ဘုန်းဉာဏ်နောက်္မှ အိမ်လာခဲ့ အေးဆေးစကားပြောကြမယ်"

"အင်းအင်း အကြောင်းပြန်အုန်းနော်"

အခန်းထဲကထွက္သွားတဲ့ကျောပြင်နှစ်ခုကြည့်ပြီး။
တစ်ယောက်ကလည်း လုပ်တော့မယ်
ဘယ်သူမှတားလို့မရ၊နောက်တ်ယောက်ကလည်း စီးပွားရေးနှင့်ပတ်သက်ရင်သာ စိတ်အေးအေးနှင့်ဆုံးဖြတ်နိုင်သာ
လင်ကိစ္စကြရင်တော့ စိတ်ပူတက္လွန်တယ်။ အဆင်ပြေသွားကြမှာပါ။

*************************
တေဇတို့ အိမ်ပြန်လာကြတော့ ‌ကား‌ေပါ်မှာစက္ကပိုင် စကားလုံး၀မပြော....
စက္ကပိုင်က ချစ်အတွက်အန္တရာယ်ဖြစ်စေတယ်ပြောတော့ စိတ်က မတည့်ငြိမ်ချင်တော့။တေဇ သုန်မှုန်နေတဲ့ ကိုပိုင်မျက်နှာကြည့်ပြီး

"ကိုပိုင် ဘာဖြစ်နေတာလည်း"

"ဘာကိုလဲ "

"ကိုပိုင်တစ်ခုခုဖြစ်နေသလားလို့ "

"ဪ ဘာမှမဖြစ်ပါဘူး ကိုယ်စဉ်းစားနေတာ"

"ဟင် ဘာတွေစဉ်းစားနေတာလည်း ဆေးရုံကထွက်လာထဲက
အခုထိ စဉ်းစားမပြီးတော့ဘူး"

စက္ကပိုင် တေဇဘက်ကိုကာ မျက်နှာစိုက်ကြည့်လိုက်သည်။
တေဇကလည်းကိုပိုင်ကို ပြန်ကြည့်နေတုန်း
တေဇပေါင်ပေါ်မှာရှိတဲ့ လက်ကို ကိုပိုင်က ဆွဲယူပြီး ဆုပ်ကိုင်ကာ

"ချစ် ကိုယ်တို့ ကလေးမယူကြရအောင် ကိုယ်မှာချစ်ရှိရင်
ကျေနပ်တယ် ကလေးမလို့ဘူး အဲ့တာကြောင့် ကလေးကိုဖြတ်ချရ‌ ‌ေအာင်"

တေဇ စက္ကပိုင် ဆုပ်ကိုင်ထားတဲ့ လက်ကိုအလန့်တကြားခါထုတ်လိုက်ကာ

"ခင်ဗျား ဘာသဘောနဲ့ ဒီလို့ပြောရတာလည်း ခင်ဗျားမှာ
ဖခင်စိတ်ဓာတ်မရှိဘူးလာ"

"ကိုယ်လည်းမလို့ချင်ဘဲ နေပါမလား အခုဟာက ချစ်အတွက် အသက်အန္တရယ် ရှိတယ်တဲ့ ကိုယ် ချစ်ကိုအဆုံးရူံး မခံနိုင်ဘူး"

"ကိုဘုန်းက ပြောတာလား ဘယ်တုန်းကပြောလိုက်တာလည်းမသိ "

"ကိုယ်ရေဘူးသွား၀ယ်တုန်း လမ်းမှာတွေ့လို့ပြောတာ ချစ်ကိုလည်းပြောပြပြီးပြီး မဟုတ်လား"

"ထားပါ ၀မ်းနဲ့လွယ်ပြီး မွေးရမဲ့ ကျွန်တော်တောင် ဘာမှမဖြစ်တာ ခင်ဗျားက ဘာလို့ ဖျက်ချမယ်ဆိုတဲ့ စကားကြီးထွက်လာရတာလည်း"

"ချစ်ကို အဆုံးအရူံးမခံချင်ဘူး ကိုယ်သွေးသားဖြစ်နေရင်တောင် ချစ်အတွက် အသက်အန္တရာယ်ရှိတယ်ဆို ကိုယ်မလို့ချင်ဘူး အဲ့တာကြောင့်ဖြတ်ချရအောင်"

ကလေးကိုဖြတ်ချဖို့ဘဲပြောနေတဲ့ ကိုပိုင်စကားကြောင့် ဒေါသတွေကထွက်လာကာ

"ခင်ဗျား ဘယ်လို့လူလည်း ... အခုကားကို ရပ်ပေး"

"ဘာလုပ်ဖို့လဲ အိမ်မရောက်သေးဘူးလေ"

"အခုရပ်ပေးလို့ပြောနေတယ်နော် မရပ်ပေးရင်ခုန်ချမှာ မလုပ်ရဲဘူးထင်ရင် ဆက်္မောင်းခိုင်းလိုက်"

တံခါးကိုလက်ကိုင်ကို အတည့်ဖွင့်ကာလုပ်တော့မယ် တေဇကြောင့်

"‌ကားရပ်လိုက်"

ကားလည်း လမ်းဘေးချရပ်တာနဲ့ တေဇချက်ချင်းဆင်းကာ

"အနောက်က လိုက်္မလာနဲ့နော် တွေ့တာနဲ့ အဲ့နေရာမှာ တစ်ခုခုလုပ်ပစ်မှာ "

ပြောပြီးတာနဲ့ တံခါးကိုဆောင့်ပိတ်ကာ...တက္ကစီငှားလိုက်ပြီး
ကားပေါ်သို့တက်သွားလေသည်။
စက္ကပိုင်လည်း တက္ကစီပေါ်တက်သွားတဲ့ အချစ်ကိုလိုက်ကြည့်ပြီး...

‌"Boss သခင်လေးနောက် လိုက်အုန်းမလား"

"နေတော့ မလိုက်နဲ့ ခဏလွှတ်ထားပေးလိုက်"

*ဟင်းးးး*

ကိုယ်ကချစ်ကို ဆုံးရူံးရမှာကို သေအောင်ကြောတ်မိလို့ပါကွာ
ိကိုယ်က ချစ်ကိုဘဲလိုအပ်တာမို့ ချစ်မရှိရင် မနေနိုင်တာမို့
ကိုယ် ကလေးကိုတောင် စွန့်လွှတ်ဖို့ထိ တွေးရတာပါ....
မမြင်ရတဲ့ ကံကြမ္မာကို မယုံရဲ့ဘူး....


ကြိုးစားလျက်ပါ
#ဆုပိုင်ဟွား
#12.11.20
© Hsu Bai hua ,
книга «အကြင်နာစစ်ရင်».
Коментарі