Chapter (1)
Chapter(2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (15)
တေဇတစ်ပတ်‌ေလာက်နားပြီးဒီ‌ေန့မှစ၍ရုံးပြန်တက်‌‌ေလသည်။
ကိုပိုင်ကတော့ အစောကြီးပြန်လာတာကြောင့်ဟိုဘက်ကအလုပ်ကိစ္စတွေ အပြီးပြတ်သေးတာကြောင့် ပြန်တော့မသွားတော့ပေ့မယ် လူတစ်ယောက်ကို အစားလွှတ်စေကာ onlineကနေ ခိုင်းရတာ‌ေကြာင့် ပြန်လာထဲက အလုပ်ရှုပ်‌ေနပြီး။လိုကျသှားပါလား‌ပွော‌တော့
ကျွန်တော်ကိုတစ်ယောက္ထဲမထားသွားချင်လုိ့တဲ့။

အခုတေဇနှင့်ဇေယျ ဂျာကြီးခိုင်းတဲ့ကိစ္စတစ်ခုကို
သွားလုပ်ပေးပြီး ရုံးခန်းသုိ့ပြန်နေသည်။‌ဇေယျက

"တေဇ မနတ်ထဲက မင်းကုိကြည့်ရတာသိပ်မလန်းသလို့ဘဲ
နေကောင်းမပျောက်သေးဘူးလား"

အမှန်တကယ်ပင် တေဇနေရတာအဆင်မပြေ မနတ်ရုံးလာခံနီးအန်ခဲ့တာကြောင့် အခုချိန်ထိ စိတ်ကမလန်းသလို့နဲ့ ခန္တာကိုယ်ကအားနည်းလာသလို့ ဖြစ်နေသည်။

" နေမကောင်းတာမဟုတ်ပါဘူး သွေးပေါင်ကျပြီးမူးလဲတာပါ"

"ညဘက်တွေ အရမ်းနောက်ကျတဲ့ထိဂိမ်းဆော့တာက အိပ်ရေးပျတ်တာများပြီးသွေးပေါ်တွေကျတာနေမှာ"

တစ်ခုခုဆို ဂိမ်းဆော့တယ်ဘဲ ထင်နေတဲ့ ဇေယျကို
တေဇ ‌စိတ်ကုန်လေသော်အကြည့်နှင့်ကြည့်လိုက်လေသည်။
ဖြေရှင်း‌ရန်ကလည်း ငါမှာကိုယ်၀န်ရှိလို့ဆိုပြီး ပြောပြဖို့ရာကလည်းမဖြစ်နိုင်တာကြောင့် ‌ထင်ချင်သလို့သာ ထင်‌ေလတော့ဆိုပြီး တိတ်တိတ်လေးသာနေလိုက်တော့သည်။
Toilet အရှေ့ရောက်တာ့...

"ငါသန့်စင်ခန်းလေး ခဏ၀င်ချင်လို့ မင်းရော မသွားချင်ဘူးလာ"

"သွားလေ ငါမသွားချင်ဘူး အရှေ့မှာ စောင့်နေမယ်"

ဇေယျ သန့်စင်ခန‌်းထဲ ၀င်သွားတာနဲ့ ခုံတန်းမှာ သွားထိုင်စောင့်နေလိုက်သည်။‌ေဘာင်းဘီးထဲကဖုန်းရဲ့တုန်ခါမှုကြောင့် ကြည့်လိုက်တော့ ကိုပိုင် message ဖြစ်နေသည်။

*ချစ် အန်သေးလာ နေလယ် စောစောထမင်းလာစားနော် တစ်ခုခုနေထိုင်မကောင်းရင် ဖုန်းဆက်ခေါ်လိုက်*

ပို့ထားတဲ့ စာကိုကြည့်ပြီးပြုံးလိုက်ကာ
အလုပ်တွေရှုပ်နေတဲ့ကြားက မကြာခဏဆိုသလို့ messageပုိ့တက်ပြီး တစ်ခါတလေ တေဇreplyမပြန်မိတဲ့အချိန်ဆို ဖုန်းဆက်ခေါ်လာတာကရှိသေးလေသည်။အခုမနတ်ပိုင်းတင် ကိုပိုင် messageပို့တာ အခေါက္ပေါင်းမနည်းရှိ‌ေနပြီးဖြစ်သည်။အခုလည်းချက်ချင်းreplyမပြန်ဘဲနေပါက ခဏနေဖုန်းဆက်လာမှာကြောင့်ချက်ချင်း replyပြန်ပို့လိုက်လေသည်။

*မအန်ဘူး နေရတာအဆင်ပြေတယ်"

စာပို့ပြီးတာနဲ့ ဖုန်းကို ဘောင်းဘီထဲထည့်ထားလိုက်သည်။
ကိုယ်၀န်ရှိတယ်ဆိုပြီး သိတဲ့နောက်ပိုင်း
ဘာမှမစားနိုင်လောက်အောင် အန်ဘဲအန်နေသည်။
တစ်ခါတစ်လေ အသားအနံတွေလည်းမခံနိုင်ဘာမှလည်းမစားနိုင်တာကြောင့် ကလေးရှိတယ်ဆိုတာ မသိခဲ့ရင် အကောင်းသားဆိုပြီးတွေးနေမိရင်း ဒီလိုတွေဖြစ်တာ စိတ်ကြောင့်လို့ဘဲ ထင်မိလိုက်သည်။ကိုပိုင်ကတော့ အရမ်းစိတ်ပူတက်တာကြောင့် တေဇ အန်ပြီးနေထိုင်မကောင်းဖြစ်နေရင် ခြေမကိုင်လက္မိကိုင်ဖြစ်ပြီး မားဆီလည်းခဏခဏ ဖုန်းဆက်ခေါ်ကာဆရာ၀န်အနားမှာ‌‌ေခါ်ထားရမှာဆုိပြီးလည်း နိုင်ငံခြား ကိုပိုင်သူငယ်ချင်းကို မြန်မြန်လှမ်းခေါ်နေလေသည်။
မားက မားတို့တုန်းကလည်း ဒီလို့ဖြစ်တက်တယ်ဆိုပြီး
နားချမှာဘဲ အရမ်းကြီး ယောက်ယက်္မခတ်တော့ဘဲ အေးဆေးဖြစ်သွားသည်။

ဘာမှအစားမ၀င်တာကြောင့် ကိုယ်ခံအား‌နည်းလာသလို့ မလှုပ်ချင်လောက်အောင် ဖြစ်နေတက်သည်။
ဒါပေ့မယ် စိတ်ပူလွန်းတက်တဲ့ ကိုပိုင်ရှေ့မှ နေလို့မကောင်းရင‌်တောင် အဆင်ပြေသလို့ဟန်ဆောင်နေရသည်။
တေဇအတွေးကမ္ဘာထဲ ချာချာလည်နေတုန်း မိမိ‌ေဘးလာရပ်သော မိန်ကလေးခြေထောက်တစ်စုံ‌ တစ်ချက္မော့ကြည့်လိုက်တော့ ....
ကမ္ဘာနှစ်ခြမ်းကွဲသွားရင်တောင် EXဆိုတဲ့အမျိုးကုိ
ရှောင်၍ရွှေးချယ်ရန်နှင့် လမ်းမှာတွေ့ရင်တောင် သူရှိတဲ့ဘက်အီး‌ေတာင်လှည့်မပေါက်ဖို့ ဆုံးဖြတ်ထားသော်လည်း။
အခုတော့ EX ကတေဇ ရှေ့ဆိုက်ဆိုက်္မြိုက္မြိုက်ကို ရောက်လာလေသည်။
တေဇကချက်ချင်းမှတ်မိသော်လည်း သူကတေဇကို သေချာမမြင်ရသေးတော့ မှတ်မိဟန်မပေါ်။

"ဒီမှာရှင် ဒီကုမ္မဏီရဲ့ BOSSရုံးခန်းကို ဘယ်လို့သွားရမလဲ"

မျက်နှာချင်းဆုိင်ဆုံရင် နေရခတ်မှာဆိုတာကြောင့်
မျက်နှာသူဘက်ကိုမလှည့်ကြည့်ဘဲ အတင်းဟိုဘက်ကို
လက်ညိုးထိုးလိုက်ကာ ခပ်မြန်မြန်သာဖြေပေးလိုက်သည်။

"ဟိုဘက်္မှာ information ကော်တာရှိတယ် အဲ့မှာ‌သွားမေးလိုက်"

"ဟင် သွားမေးရအုန်းမှာလာ ရှင်ကဒီမှာလုပ်တာမဟုတ်ဘူးလာ
ကိုယ်ကုမ္မဏီရဲ့ သူဌေး‌ရုံးခန်းနေရာတောင် မသိဘူးလာ "

တေဇက မျက်နှာကိုမတွေ့‌ေစချင်လို့ ဖုန်းကြည့်ချင်ဟန်ဆောင်ပြီး ခေါင်းငိုက်ထားတာတောင် အတင်းမေးနေတဲ့ သူကြောင့် ။

"မသိဘူး"ဟုသာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။
မသိဘူးပြောပြီးတာတောင် မထွက်သွားသေးဘဲရပ်နေသေး‌တာ‌ေကြာင့် အဲ့နေရာက ထွက်ဖို့ရန်ချောင်းနေတုန်း။

"ဒီမှာ တေဇဦးမလား "

မသိစေချင်လို့ ခေါင်းငုံထားတာတောင် သတိထားမိသွားသေးတယ်။

"ဟုတ်တယ်မလား ဘာလဲ ရှင်က ကျွန်မနဲ့မျက်နှာချင်းမဆုံချင်လောက်အောင် ဖြစ်နေတာလား "

"တော်စမ်းပါ မင်းနဲ့ငါက မျက်နှာချင်းဆိုင်ဆုံပြီး
၀မ်းသာအားရ နူတ်ဆက်လို့ရတဲ့ ဆက်ဆံရေးမှမဟုတ်တာ
ခုနက မင်းမေးတဲ့နေရာသိချင်ရင် informationကောင်တာမှာ သွားမေး ငါဆီကဘာမှသိရမှာမဟုတ်ဘူး"

"သွားမေးမှာပါ ရှင်လို့လူဆီကလည်း ဘာမှသိရမှာ မဟုတ်မှန်းသိပါတယ် ဒီကုမ္မဏီက HRတွေ ၀န်ထမ်း ခန့်တာ သေချာရွှေးမခန့်ဘူးဖြစ်မယ် အရည်အချင်းမရှိတဲ့လူ‌ေတွလည်းခန့်ပြီး
ကုမ္မဏီ ဘတ်ဂျတ်ကိုဖြုန်းတီးနေကြတယ်"

"ဟေ့ မင်းစကားကို ပြန်ကြည့်ပြော မင်းအဲ့လိုပြောရအောင်
မင်းက ဒီကုမ္မဏီကလား "

"ငါလား ငါ့ကုမ္မဏီရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့
ဒီကုမ္မဏီက သူဌေးကို လာတွေ့တာလေ ဒါနဲ့ရှင်က ဒီမှာဘာလုပ်တာလည်း သန့်ရှင်းရေးလာ "

တေဇရဲ့မဟုတ်မခံစိတ်လေးကထွက်ပေါ်လာကာ။

"၀တ်ထားတဲ့ ၀တ်စုံကို အားနာအုန်း သန့်ရှင‌်းရေးလို့‌ေပြာရအောင် မင်းမျက္စိမကောင်းတော့ဘူးလာ "

"ပြောမရဘူးလေ လူအထင်ကြီးအောင် ဆံပင်လေးသပ်တင် ဒီလို့၀တ်စုံလေး၀တ်ပြီး ကုမ္မဏီထဲ၀င်လာ ပြီးတော့သန့်ရှင်းရေး လုပ်တာလည်းဖြစ်နိုင်တာဘဲလေ ဘွဲ့တစ်ခုရှိရုံနဲ့ ဒီကုမ္မဏီက လွယ်လွယ်၀င်လို့ရတဲ့ ကုမ္မဏီမှာမဟုတ်တာ"

"ဒီမှာ မင်းအားနေလား မင်းလုပ်စရာရှိတာကို မလုပ်ဘဲ
ငါကိုစကားနိုင်လုဖို့ အချိန်တွေပေါနေတယ်ပေါ့ မင်းအား
ပေ့မယ် ငါမအားဘူး မင်းအလုပ်ကိုသာသေချာလုပ်စမ်းပါ ရှိနေတဲ့ရာထူးမကျအောင်"

" ရှင်နဲ့စကားအရမ်း‌ေပြာချင်လုိ့‌ေပြာ‌ေနတယ်များထင်‌ေနတာလား
အသုံးမကျလို့ လွှတ်ပစ်ခဲ့တဲ့ exကိုဒီလို့နေရာမှာတွေ့လို့ အံဩသွားလို့ပါ ဒါပေ့မယ်လည်း အရမ်းအထင်မကြီးပါဘူး
အခုရထားတဲ့နေတဲ့နေရာကိုတောင် ပြုတ်မကျသွားအောင် ကပ်တွယ်နေရတဲ့ပုံစံနဲ့ နင်က လုပ်လိုက်္စမ်းပါ ငါက
တခြားကုမ္မဏီက ကိုယ်စားလှယ်တစ်‌ေယာက်အနေနဲ့လာတာ ငါကုမ္မဏီမှာလည်း ငါကရာထူးနင်မှန်းလို့မရဘူး ငါကိုထိလိုက်တာနဲ့ ဒီကုမ္မဏီက နင် သူဌေးက အေးဆေးနေမလား နင်ရဲ့ထမင်းအိုးကွဲသွားမယ် ပေါက်လား"

"ဒီမှာ မိန်းကလေး မျက်္နှာနဲ့ မလိုက် အဆင့်မရှိတဲ့ စကားတွေ မပြောနဲ့ ယောင်္ကျားလေးတစ်ယောက်ကို ရန်မစသင့်ဘူးဆိုတာ ကောင်းကောင်းသိတယ်မလား မင်း ဘယ်လောက်ဘဲရာထူးကြီးကြီး မင်းစကားတွေကမင်းအဆင့်အတန်း ကိုကောင်းကောင်းဖော်ပြနေတယ် စကားကိုလို့တာထက်ပိုမပြောနဲ့ ပြောသင့်တဲ့စကားရှိသလို့ မပြောသင့်တဲ့စကားလည်းရှိတယ်
တစ်ချိန်က တွဲခဲ့ဖူးတဲ့ မျက်နှာထောက်လို့ ဒီလောက်နဲ့ဘဲ သတိပေးလိုက္မယ်
မင်းငါကို ရန်စချင်တာဆိုရင်တောင် စိတ်မကောင်းပါဘူး
ငါကအရင်ကလို့‌ ဒေါသနဲ့ဖြေရှင်းတက်တဲ့ အကောင်မဟုတ်တော့ဘူး"

ထိုအချိန် ဇေယျကလည်း ထွက်လာပြီး အနားကို ရောက်လာတာကြောင့်

"ဇေယျ သူကို Boss ရုံးခန်းညွန်းပေးလိုက် ငါရုံးခန်း အရင်သွားနှင့်မယ်"

"အေး အေး"

‌တေဇ သူတို့နှစ်ယောက်ကို ကျောခိုင်းပြီး ထိုနေရာမှထွက်လာခဲ့လိုက်သည်။
*အရင်က သူအကျင့်ဆိုးတွေတောင် မမြင်ဘဲ အရူးအမူးချစ်ခဲ့တဲ့အချိန်တွေကိုတောင် နှမြောမိတယ် မြွေဟောက်္မ *

**************************
နေလယ် ကြတော့ ဇေယျကို အကိုတွေနဲ့ အပြင်မှာနေလယ်စာသွားစားမယ်ဆိုပြီး ထားခဲ့ရသည်။ဇေယျကို တစ်ယောက်ထဲ‌ထားခဲ့ရတော့ စိတ်တောင်မကောင်းချင် ရုံးမှာဆို တေဇနဲ့ဘဲခင်တာဆိုတော့ အဖော်ရှိမှာမဟုတ်။
ကိုပိုင်ရုံးခန်း ရှေ့ရောက်တော့ မစန္ဒာကို။

"မစန္ဒာ အထဲမှာလူရှိလား"

"ရှိတယ် တေဇလေး"

"ဒါဆို အပြင်ကနေဘဲ စောင့်လိုက်္မယ်"

"အဲ့လို့မစောင့်ပါနဲ့ အထဲ၀င်သွားပြီးထိုင်လို့ရပါတယ် အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူး ၀င်သွားထိုင်နော် အမ ထမင်းလာပို့ပေးမယ်
တေဇလေးကို အပြင်မှာထိုင်ခိုင်းရင် အမကို Boss ဆူလိမ့်မယ်"

"ဟုတ် "

တေဇလည်း တံခါးကိုဖြည်းဖြည်းဖွင့်လိုက်ကာ အထဲကိုအကဲခတ်ကြည့်လိုက်တော့ ထိုင်နေတဲ့ လူနှစ်ယောက်
ကိုပိုင်နဲ့ နောက်တစ်ယောက်က ရေစက်ဆုံနိုင်လွန်းသော
ex....ဒါပေ့မယ်လည်း အနှောက်အယှတ်မပေးချင်တာကြောင့်
ဒီအတိုင်း၀င်ထိုင်ဖို့ လုပ်နေရင်း။

"နင်က ဘာလို့၀င်လာတာလည်း သူဌေးတစ်ယောက်ရဲ့ အခန်းထဲ၀င်ရင် တံခါးခေါက်၀င်ရမယ်မှန်းမသိဘူးလာ
အပြင်ကတစ်ယောက်ကဘာလုပ်နေလဲ အရေးကြီးကိစ္စဆွေးနွေးနေတာကို သူကိုဘာလုပ်ဖို့၀င်ခိုင်းနေတာလည်း"

ကိုပိုင်တောင် ဘာမှမပြော စစ်သနက်ပြစ်သလို့နဲ့ ၀တ်နူတ်ခမ်းပုံစံထော်ထော်နဲ့ပြောနေတဲ့ မြွေဟောက်္မကိုကြည့်ပြီး
သည်းမခံနိုင်တော့...

"ငါ ယောင်္ကျား အခန်းထဲ ငါ၀င်တာ ခွင့်တောင်း ရမလား"

မြွေဟောက်္မက မျက်လုံးပြူးလာကာ ကြည့်နေရင်းဖားပြုတ်နဲ့တူလာတယ် ငါအဲ့ရုပ်ကို ကြိုက်ခဲ့မိတာ နောင်တရမဆုံး..

"ကိုစက္ကပိုင် လက်ထက်ထားတဲ့ ယောင်္ကျား ဆိုတာ
နင်လား"

စက္ကပိုင်က ကြားထဲဖြေပေးရင်း ဆိုဖာဘေးရပ်နေတဲ့ တေဇကို လက်ကဆွဲပြီး။

"ဟုတ်ပါတယ် ချစ်လာထိုင်လေး ဘာလို့ မတ်တပ်ကြီး ရပ်နေတာလည်း "

"ဒါနဲ့ ချယ်ရီသင်းနဲ့ ကိုယ် ယောင်္ကျားနဲ့က ရင်းနှီးကြတာလား"

"ချယ် တို့က အရင်က တွဲခဲ့ဖူးတာပါ အခုတော့ ဘာဆက်ဆံရေးမှ မရှိတော့ဘူး"

"အော် အဲ့လို့လား"

"ကိုစက္ကပိုင်က ကုမ္မဏီ‌များစွာ အုပ်ချုပ်တော့ အိပ်ထောင်ဖက်ကလည်း ထက်္မြတ်တဲ့ သူထင်နေတာ
သူကချယ်နဲ့ တွဲတုန်းက ဘာမှအသုံးမကျလို့ လမ်းခွဲခဲ့ရတာ
ကိုစက္ကပိုင် ဒီတစ်ခါလူရွှေးမှားသွားတယ်"

တေဇ တစ်ခုခုပြောရန်ဟန်ပြင်နေ‌တုန်း ကိုပိုင်က ထိပ်မှာထိုင်နေရင်းကနေ ထလာကာ တေဇဘေးနားကို လာထိုင်ပြီး
လက်ကိုဆုပ်ကိုင်ရင်း ကိုယ်ဖြေရှင်းပေးမယ် စိတ်လျော့စေချင်တဲ့ ပုံစံကြောင့် ဘာမှမပြောတော့ဘဲ ဒီတိုင်းနေလိုက်‌ေတာ့သည်။

"ပြောချင်တာက ကိုယ်က ချစ်ကိုရွှေးချယ်တာ မှားသွားလုိ့အသုံးမကျဘူးပေါ့ အဲ့လို့လား အဲ့တော့ ကိုယ်တို့ဘက်ကလည်း
ဒီ Projectကိုငြင်းပါရစေ ညီမချယ်ရီသင်းက အရမ်းကို
Perfectဖြစ်တယ်တဲ့ သူဆိုတော့ Perfectဖြစ်တဲ့ကုမ္မဏီတွေကိုဘဲသွား joinလိုက်ပါ "

အဲ့ခါကျမှ မျက်စိမျက်စံပြူးလာကာ။

"အဲ့လို့မဟုတ်ဘူးလေ ချယ်တို့သူဌေးနဲ့ ကိုစက္ကပိုင်နဲ့ စကားပြောပြီးသားလေ အကုန်အဆင်ပြေနေပြီး ဘာမှမဟုတ်တဲ့ ပြဿနာလေးနဲ့ချယ် ဒီကိစ္စမအောင်မြင်ရင် အလုပ်ထွက်ရလိမ့်မယ်"

"အဲ့ဒါဆို ညီမ သူဌေး ပြောလိုက်ပေါ့ ကိုယ်တို့ ကုမ္မဏီက Perfectမဖြစ်ဘူးလို့ ၊စကားကုန်ပြောပြီးပြီး မို့ ထွက်သွားလိုက်ပါ ပြီးတော့ အပြင်မှာမဟုတ်တဲ့ သတင်းထွက်လာရင်
တသက်လုံး လုပ်စားလို့မရအောင် လုပ်ပေးမယ်"

ဆက်ပြောလည်း အဆင်မပြေမှန်းသိတော့ ဖိုင်တွေကောတ်ကိုင်ပြီး ထွက်သွားဖို့ပြင်တော့သည်။တံခါးနားမရောက်ခင်
စက္ကပိုင်က

"ကိုယ် ကုမ္မဏီခွဲတွေမှာလည်း Join ဖို့စိတ်မကူးပါနဲ့
ညီမ ကုမ္မဏီနဲ့ မပက်သတ်မို့ အကုန်ပြောထားမှာမို့"

"ဘာဖြစ်လို့ အဲ့လောက်တောင်လုပ်စရာလုိလို့လား"

ကိုပိုင်က မိမိလက်ကိုဆုပ်ကိုင်ရင်း ပြုံးကြည့်နေရင်းဘဲ

"မင်း အသုံးမကျဘူးဆိုတဲ့ ငါ‌ ယောင်္ကျား ကိုထိချင်ရဲ့ ရလဒ်ဘဲ"

"စောက် ရူးတွေ"

တံခါးကို ဆောင့်ပိတ်သွားလေသည်။တေဇက

"မြွေဟောက်္မ သူကိုယ်တိုင်ရူးနေတာကြ မသိဘဲ ကျွန်တော်တုိ့ကြအရူးတဲ့ သူကဘ၀င်မြင့်လွန်းပြီးရူးနေတာ"

စက္ကပိုင်က တေဇလေးရဲ့ အပြောကို သဘောကျကာ သံယောင်လိုက်ပြောလေသည်။

"ဟုတ်တယ် သူကရူးနေတာ ကိုယ်တို့ကအကောင်း"

"ဒါနဲ့ အခုလို့ငြင်းလိုက်တာအဆင်ပြေလုိ့လား"

"သူတို့ Projectကသေးသေးလေးပါ သူတို့ သူဌေးနဲ့ရင်းနှီးလို့
လက်ခံလိုက်တာ ကိုယ်မှာ မြတ်ဖုန်းခန့်နဲ့ ‌ပူးပေါင်းထားတဲ့
လုပ်ငန်းရှိတာဘဲ အဲ့တာနဲ့တောင်လက္မလည်ဘူး"

"အဲ့လို့လား အဆင်ပြေရင်ပြီးတာဘဲ "

"စန္ဒာ ကို ပြောခဲ့လာ ထမင်းလာပို့ဖို့"

"ပြောခဲ့တယ်"

"ဒါနဲ့ ကိုယ်သူငယ်ချင်းက ရောက်နေပြီး ဒီနေ့ စစ်စရာရှိတာစစ်ဖို့ ခေါ်နေတယ် 2နာရီလောက္ကြရင်သွားမယ်နော် နေတစ်၀တ်ခွင့်ယူဖို့ ကိုယ်လှမ်းပြောထားမယ် ချစ်ထွက်ခဲ့နော်"

"အင်း ထွက်ခဲ့မယ် ခုနက ကျွန်တော်ဘက်က ပြောပေးတာ ကျေးဇူးတင်ပါတယ်"

"ကိုယ်က ကျေးဇူးလို့ပြောရမယ်သူလား ကလေး‌ေတာင်ထွက်တော့မယ် ကိုယ်ကို သူစိမ်းတစ်ယောက်လို့ဆက်ဆံနေတုန်း"

"မဟုတ်ပါဘူး ဒီအတိုင်း‌ေကျးဇူးတင်သင့်တယ်ထင်လုိ့ပါ
မားကပြောဖူးတယ် ဘယ်လောက်ရင်းနှီးပါစေ ကိုယ်အတွက်တစ်ခုခု လုပ်ပေးခဲ့ရင် ကျေးဇူးဆိုတ့ဲစကားပြောဖို့မမေ့ပါနဲ့တဲ့"

စက္ကပိုင် ‌တေဇ အပြောလေးကို သဘောကျကာ

"ဟုတ်ပါပြီး ချစ်ရဲ့ ကျေးဇူးတင်စကားကို ကိုယ်လက်ခံပါမယ် ချစ်ကကော ချစ်ကိုအဲ့လုိတွေပြောနေတာ ဒေါသမထွက်ဘူးလာ"

"ကျွန်တော် သာ ဒေါသထွက်သွားရင် သူကျွန်တော်ကိုရန်စတာ အောင်မြင်သွားမှာပေါ့
ဒေါသထွက်လိုက်ရင်ကော သူကျွန်တော်ကိုအထင်သေးမှုကပျောက်သွားမှာမဟုတ်ဘူးလေ
အရင်ကျွန်တော် အသုံးမကျခဲ့လို့ သူကအထင်သေးနေတာကို
အခုချိန်မှာလည်း သူအထင်သေးစေတဲ့လုပ်ရက်ပြန်မပြဖို့ကအရေးကြီးတယ်
ကျွန်တော်ကြောင့် ကိုပိုင်ရဲ့ imageမကျစေချင်ဘူး"

"သူမကို ချစ်က ကိုယ် ယောင်္ကျားလို့ပြောတာကိုကော မရှက်ဘူးလာ ကိုယ်ထင်တာ သူမကိုတော့ ချစ်ရှက်ပြီး အဲ့လိုမပြောရဲ့လောက်ဘူးထင်နေတာ "

"ကျွန်တော် က ကိုပိုင်နဲ့လက်ထက်ထားတာကို မပြောရအောင်
ကိုပိုင်ကဘာဖြစ်နေလို့လည်း ဘယ်နေရာချို့ယွင်းနေလို့လည်း"

"မဟုတ်ဘူးလေ ကိုယ်က ယောင်္ကျားလေးဖြစ်နေတယ်လေ"

"ယောင်္ကျားလေးဖြစ်တော့ကော ကိုပိုင်က ကျွန်တော်ကိုတရား၀င်လက်ထက်ထားတာလေ တိတ်တိတ်ပုန်း ခိုးစား‌ေနတာမှမဟုတ်တာ ကိုပိုင်ကတောင် ယောင်္ကျားလေးတစ်ယောက်နဲ့ လက်ထက်ထားကြောင်းပြောပြရဲ့တာဘဲ ကျွန်တော်ကဘာမို့လို့ မထုတ်ပြရဲ့မှာ‌လဲ"

"ချစ်က ကိုယ်ထက်တောင် လူကြီးဆန်သလို့ဘဲ"

"ဒါနဲ့လူကြီးဆန်တယ်ဆိုလို့  ကျွန်တော်လေ ရုံးပြန်တက်တာ ဒီနေ့တစ်ရက်ဘဲရှိသေးတယ် မနတ်လေးတင် ကိုပိုင် ပို့ထားတဲ့ messageနဲ့ call logsက ဖုန်းရဲ့ဆယ်မျက်နှာ ကျော်နေပြီး ကျွန်တော်ကိုယ်ဟာကို မူကြိုလွှတ်ခံလိုက်ရတဲ့ ‌ကလေးထင်သွားတယ် "

"ကိုယ်က စိတ်ပူလို့လေကွာ"

"စိတ်ပူတာတော့ သိတာပေါ့ အလုပ်ရှုပ်နေရင်းလည်း မကိုင်နိုင်တာတွေရှိတယ်လေ ဘာလို့ မကိုင်မချင် အတင်းခေါ်ရတာလည်း အစထဲက ဟို၀တ်ပုတ်ကြီးက ကျွန်တော်ကို မကြည်ပါဘူးဆို မနတ်ထဲ ကဖုန်းခဏခဏ ပြောနေတော့ မျက်စောင်းကြီးန‌ဲ့ ကြည့်နေတာ"

"ကိုယ် ယောင်္ကျား ကိုခေါ်တာတောင်မရဘူးလာ အခု ချစ်အဲ့ဒီမှာနေရခတ်နေလာ ကိုယ်ဌာနပြောင်းပေးရမလာ ကိုယ်အစကညချစ်ကို အဲ့ဌာနပို့တာက အတွေ့အကြုံပိုရအောင်လို့ "

"No မပြောင်းပါဘူး အဲ့မှာဘဲအဆင်ပြေတယ် ပြီးတော့
ကျွန်‌ေတာ် ပြောထားတယ်‌ေလ ရုံးမှာဆို အလုပ်သမားနဲ့ သူဌေးဆက်ဆံရေးဘဲ ရှိချင်ပါတယ်လို့ ကျွန်တော်အဆင်မပြေတိုင်း လိုက်ပြောင်းပေးစရာမလို့ဘူး"

"တစ်ခါတလေ ချစ်က ကိုယ်ကိုအတင်းကြီးစည်းခြားထားသလို့ခံစားရတယ် "

စက္ကပိုင်ပြောနေရင်း မျက်နှာလေညိုးသွားတော့ ချစ်က လက်ကိုလာကိုင်ကာ

"အဲ့လို့မဟုတ်ဘူးလေ ကျွန်တော်အရင်ထဲက ပြောဖူးတယ်လေ
Personalနဲ့အလုပ်နဲ့မရောချင်တာ ကိုပိုင် ကလေးကို စိတ်ပူတာလည်း နားလည်ပါတယ်"

"ကလေးကို စိတ်ပူတာထက် ချစ်ကို ကိုယ်ရဲ့မျက်္ကွယ်ရမှာ တစ်ခုခုဖြစ်သွားမှာကြောတ်တာ ကိုယ်ဘယ်အရာကုိမှ ဆုံးရူံးရတာကို မကြောတ်ဖူးဘူး တစ်ချိန်ချိန့်ကိုယ်ပြန်အစားထုိးရနိုင်တဲ့ဆိုတဲ့ အသိကြောင့် အခုကိုယ် ချစ်ကိုဆုံးရူံးရမှာကို
သေမတက်ကြောတ်တယ် ချစ်က ကိုယ်အတွက် ဘယ်လို့မှ
အစားထိုးလို့မရနိုင်ဘူး"

ပြောနေရင်း ဝမ်းနည်းလာတဲ့စိတ်ကြောင့် စက္ကပိုင် ကိုယ်တိုင်လည်း အံဩနေမိတယ် အရင်ကဆို ဒီလို့၀မ်းနည်းဖို့မပြောနဲ့
မာကျောလွန်းတဲ့ စိတ်ကြောင့် တခြားသူတွေကတော့ အသည်းနှလုံးမရှိသူလို့ ခေါ်ယူကြသည်အထိ အခုရက်ပိုင်း
ဘာကြောင့်မှန်းမသိ ချစ်နဲ့ ပတ်သက်ရင် အလိုလို့စိတ်ပျော့ကာ ၀မ်းနည်းတက်လာသည်။စက္ကပိုင်တွေးနေရင်း လက်တစ်စုံကဖက်လာပြီး မိမိခေါင်းလေးကိုဖွဖွပုတ်လာတဲ့ ချစ်။
ဆိုဖာအပေါ်ဒူးထောင်ရပ်ကာ မိမိကို ရင်ခွင့်ထဲထည့်ပြီးဖက်ထားပေးလေသည်။ စက္ကပိုင်လည်း အခွင့်အရေးကိုအမိအရ အသုံးချကာ ခါးကိုဖက်လိုက်ပြီး ချစ်ရင်ခွင့်ထဲ ခေါင်းတိုး၀င်တော့သည်။

"ချစ်.."

"ကိုပိုင် ကျွန်တော်ကို စိတ်ပူလို့ ဒီလို့တွေလုပ်တာ သိပါတယ်
ကိုပိုင်အဆင်ပြေသလို့ လုပ်လို့ရတယ် ကျွန်တော်ဘာမှမပြောတော့ဘူး "

စက္ကပိုင် ချစ်ရင်ခွင့်လေးကိုမှီရင်းကနေ ခေါင်းလေးညိတ်လုိက်သည်။တစ်ခါတလေ အချစ်က လူကြီးတစ်ယောက်လို့ပြုမူတက်တာကို သဘောကျမှန်းသတိထားမိလာသည်။

ကြိုးစားလျက်ပါ
#ဆုပိုင်ဟွား
12.11.2020
© Hsu Bai hua ,
книга «အကြင်နာစစ်ရင်».
Коментарі