Chapter (1)
Chapter(2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (17)
"အား သေနာကြီး"

တေဇအော်သံ‌ေြကာင့် ရန်ပိုင်
ဆော့လက်စဂိမ်းကုိရပ်ကာ ကုတင်ပေါ်ကြည့်လိုက်‌ေတာ့၊ကားယားကြီမှောက်ခုံအိပ်နေတဲ့ တေဇ။

"သူတောင်းစား မင်းကလေးမွေးလို့မသေဘဲ ငါလက်ချက်နဲ့သေ‌ေတာ့မယ် ရေလည်းမချိုးရသေးဘဲ ကုတင်ပေါ်တက်ပြီးကလူးနေတာ ငါညအိပ်‌ရင်‌ေမှွးနေတော့မယ်"

ရန်ပိုင်ကပြောနေသော်လည်းတုတ်တုတ်မလှုပ်တဲ့ သကောင့်သားကိုကြည့်ပြီး။

"မင်း အဲ့လိုနေမယ်ဆို ပြန်လိုက်တော့ ငါအိမ်ကအခုချက်ချင်းဆင်းသွားတော့ မင်းယောင်္ကျားဆီပြန်တော့"

ထို့သိုပြောလိုက္မှ ခေါင်းထောင်လာကာ။
"မင်း ကိုယ်သူငယ်ချင်းအရင်းခေါက်ခေါက်ကို နှင်လွှတ်တယ်ပေါ့ ကိုယ်ကလေးကို သတ်ချင်တဲ့ ယောင်္ကျားဆီပြန်လွှတ်တယ်ပေါ့ မင်းလည်းငါအ‌‌ေပါ်မကောင်းဘူး ဟိုဘဲကြိးလည်းမကောင်းဘူး"

ကလေးမဟုတ်သူငယ်မဟုတ် ကုတင်ပေါ်လူးနေကာ
အော်နေတယ် ဗိုက်ကြီးသည်‌ေပါက်စကို ရန်ပိုင်ခေါင်းခါရင်းကြည့်လိုက်ပြီး။

"မင်းပြောပုံအရဆို မင်းကကလေးမွေးချင်တယ် မင်း
ယောင်္ကျားက ကလေးမမွေးချင်ဘူး အဲ့ဒါကလည်းမင်း အသက်အန္တရာယ်ကို စိုးရိမ်လို့ အဲ့တော့ သူပြောတာလည်းမမှားဘူ‌းလေ မင်းကိုအဆုံးအရူံးမခံချင်လို့ သူဒီလိုပြောတာလေ"

"ကလေးကလည်း သူသားဘဲလေ ငါလည်းသေမှာမကြောတ်ဘဲနေမလား ကြောတ်တာပေါ့ ဒါပေ့မယ် ငါကလေးကို
ငါရအောင်မွေးမယ်ဆိုပြီး စိတ်ဆုံးဖြတ်ချက်ချထားတာ"

"အင်းလေ မင်းကလည်း ဖခင်တစ်ယောက်အနေနဲ့ မင်း   ကလေးမွေးချင်တယ် ကိုစက္ကပိုင်ဘက်ကကြည့်ရင်လည်း
မင်းကိုစိုးရိမ်တာလေ မင်းဘက်က သေချာနား၀င်အောင်ပြောရမှာပေါ့"

တေဇက အိပ်နေရာကနေ ငေါက်ခနဲ့ ထလာကာ

"မင်းစဉ်းစားကြည့် ယောင်္ကျားလေးကိုယ်၀န်ဆောင်မို့ အန္တရာယ်များတယ်ထား မိန်းကလေးကိုယ်၀န်ဆောင်ရင်လည်းအန္တရာယ်များတာဘဲ ငါတို့ထွက်လာဖို့ဆိုတာ မိန်းကလေးမို့ဆိုပြီး လွယ်လွယ်ကူကူထွက်လာတာမှမဟုတ်တာ မင်းဟိုစကားပုံကြားဖူးတယ်မလား။
*ကိုယ်၀န်ဆောင်တွေက သင်္ချုိင်းကုန်းကို တစ်နေ့ကိုလေးခါလောက္ မျက်စောင်းထိုးနေရတယ်တဲ့*
အဲ့တော့ ငါပြောချင်တာကကွာ ယောင်္ကျားလေးကိုယ်၀န်ဆောင်ဆိုပြီးတော့ အန္တရာယ်ရှိတာမဟုတ်ဘူး ။
မိန်းကလေးကိုယ်၀န်ဆောင်တွေကလည်း ကလေးတစ်ယောက်ကို လွယ်ထားရတာက တစ်နေ့တစ‌်နေ့ ဘယ်ချိန်သေသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေရင်း ကလေးတွေထွက်လာတာဘဲ ။
ကိုပိုင်လို့စိတ်နဲ့ အန္တရာယ်ရှိတိုင်း ကလေးမမွေးရဘူးဆိုရင်
ငါတို့မင်းတို့ဆိုတာ မရှိလာဘူး သူတို့အတွက်အသက်‌အာမခံမရှိတာ ဘယ်သူကမှ ဒုက္ခခံ မွေးလာမှမဟုတ်ဘူး ပေါက်လား"

ရန်ပိုင်တစ်ယောက် မိမိကို ဒေါသတကြီးနဲ့ရှင်းပြနေတဲ့
ဗိုက်ကြီးသည်ပေါက္စကိုကြည့်ပြီး‌။

"ပေါက်တယ်.....အဲ့စကားတွေ မင်း ယောင်္ကျား သွားရှင်းပြ
ငါက ဘယ်သူဘက်္မှမပါဘူး Okay
မင်း ကိုယ်၀န်ဆောင်နေတဲ့ချိန် အဲ့လောက်ဒေါသတွေမထွက်နေနဲ့ မင်းထွက်လာတဲ့ ကလေး ရုပ်ဆိုးဆိုးကြီးထွက်လာမယ်"

"ထွက်စရာလာ ငါတို့နှစ်ယောက်လုံးချောတာကို"

"အမယ်လေး ကိုယ့်ငါးချဥ် ချဥ်‌နေတာ"

"မင်းအခုဘာလုပ်မလဲ ကိုစက္ကပိုင် စိတ်ပူနေမှာ ြပန်ရင်ကောင်းမယ်"

"ပူပါစေ ကလေးဖျတ်ချဖို့စကားကို လွယ်လွယ်ထွက်တက်တယ် ပြစ်ထားမှာ ဒီနေ့ အမေတို့ဆီသွား အိပ်မယ်"

ရန်ပိုင် ထိုင်ခုံမှချက်ချင်းထကာ တံခါးပေါက်ဆီလျှောက်သွားလိုက်ပြီးတံခါးကိုဖွင့်လိုက်ကာ ။

"ဒါဆိုကြွပါ ကိုယ်တော် ငါလည်းသွားစရာရှိတယ် မင်းကို
မကြည့်ပေးနိုင်ဘူး အခုက ဗိုက်ကြီးနဲ့ တစ်ခုခုဖြစ်
ငါတာ၀န်ကျမှာ"

"မင်းက အခုဘယ်သွားမလို့လဲ "

"မြို့ထဲကို အမေခိုင်းထားတာ သွားယူပေးရမှာ"

တေဇတစ်ချက်စဉ်စားသလို့ လုပ်ပြီး။

"မင်းကားလိုင်စင်ရပြီးမဟုတ်လား မင်းမြို့ထဲသွားရင် ငါအိမ်ရှေ့ချခဲ့ပေး"

"သူ‌ေ‌တာင်းစား မင်းအိမ်က ဟိုဘက်လမ်းတင်လေ
ခြေချင်လျှောက် ၅မီနစ်တင်ရောက်တာကို "

"I က now ဗိုက်နဲ့ I တစ်ခုခုဖြစ် U တာ၀န်ကျမှာ
So U is လိုက်ပို့ My home"

"ငါကို ကလေးအဖေတော်လိုက်ပါလား အဲ့လောက်ခိုင်းစားချင်ရင်"

တေဇက ‌အောက်သို့ဆင်းဖို့ပြင်ရာကနေ နောက်‌လှည့်ကြည့်ကာ..အတင်းလုပ်ပြုံး ပြုံးပြလိုက်ရင်

"ကိုပိုင်ကို လွှတ်လိုက်္မယ် အခုတော့ စကားမများဘဲ ကားသော့ယူ အောက်ဆင်းခဲ့"

ရန်ပိုင်လည်း အခန်းထဲ သော့၀င်ယူကာ အခန်းတံခါးသေချာပြန်ပိတ်လိုက်ပြီး

"သေနာလေး ခိုင်းစားတက်တယ်"

******************************
တဇ အိမ်ထဲ၀င်တာနဲ့ ဧည့်ခန်းထဲ သုံးယောက်လုံးထိုင်နေကြတာကို တွေ့တော့။

"မားတို့ လူစုံလှချည်လား သားလာမယ်ဆိုတာ ြကိုသိ‌ေနတာများလာ"

မား က

"ထွေး ဒီမှာလာထိုင်ချေ...သားပိုင် ဖုန်းဆက်လာတယ် ခုနလေးတင် "

တေဇထိုင်ဖို့လုပ်နေရင်း ခဏတန့်သွားပြီး

"အဲ့တော့ ဘာပြောလဲ"

"ထွေး အိမ်ကိုလာလိမ့်မယ်တဲ့လာရင် ဂရုစိုက်ပေးဖို့နဲ့ ထွေးတို့ ပြဿနာတက်တာပါ ပြောပြတယ်"

"အမေက သူပြောတာကို နားယောင်ပြီး နားမချနဲ့နော် ကျွန်တော်ကလေး ကျွန်တော်ရအောင်မွေှးမှာ"

"အမေ ဘာပြောရသေးလို့လဲ ထွေးကို သားပိုင် ပြောတဲ့အတိုင်းလက်ခံလို့ပြောရသေးလို့လာ"

"မဟုတ်ဘူးလေ အမေကလည်း နားယောင်သွားပြီးထင်မိလို့"

"အမေ သားတို့ ရေမိုးချိုးအုန်းမယ် ထွေးနဲ့စကားပြောနှင့်"

"အေး အေး"

ကိုအောင်နဲ့ကိုမျိုးတို့က ရှောင်ပေးတဲ့ ပုံစံနဲ့ အပေါ်သို့တပ်သွားကြလေသည်။

"ဟင်း...ထွေး သားကလေအရမ်းတဆွတ်ထိုးဆန်တယ် သားလုပ်ချင်တာလုပ်မယ်ပုံစံ ဒီလို့ပြဿနာဖြစ်ရင် ဒေါသနဲ့တုံပြန်ပြီး
ရှောင်ပြေးမယ်အစား သေချာနား၀င်အောင်ရှင်းပြရတယ်လေး
အမေတစ်ခုပြောမယ်နော်
ထွေး ကိုယ်၀န်အမေလွယ်တုန်းက အမေကျန်မားရေးမကောင်းလို့ ဆရာ၀န်ကတော့ ခံနိုင်ရည်မရှိမှာကြောတ်လို့ သားနုတုန်း
ဖြတ်ချခိုင်းတာ။
အဲ့တော့ သားအဖေကပါ စိတ်ပူပြီး သားကိုဖြတ်ချဖို့ နားပူတိုက်တာ အဲ့လိုပြောတဲ့ ချိန်တိုင်း အမေ အကောင်းဆုံးနားချပြီး ဖျောင်းဖြ‌ခဲ့တယ် သားအဖေ လက်ခံလာအောင်၊
ကိုယ်၀န်ရင့်တဲ့ထိ ဖျတ်ချဖို့စကားပြောနေပေ့မယ် အမေကို‌အကောင်းဆုံး ပြုစုပေးခဲ့တယ်
အခုသားကို အမေမွေးခဲ့ရတယ်လေ
အခုပြဿနာက သားဘက်ကကြည့်ရင် သားဆုံးဖြတ်ချက်ကမှန်တယ်လို့ပြောရပေ့မယ်
သားပိုင်ဘက်ကြည့်ရင် သူချစ်တဲ့သူတစ်ယောက်ကို ဘယ်သူကစွန့်လွှတ်ခံမလည်း ထွေးမှာက အမေတို့ရှိ‌ေသးတယ်
သားပိုင်ရဲ့ အမေကို သားမြင်ဖူးလာ အိမ်ကိုလာဖူးလာ"

တေဇ ခေါင်းခါကာ

"မမြင်ဖူးဘူး"

"အဲ့တာဘဲလေ သားပိုင်အတွက် တစ်ယောက်ထဲဘ၀ကိုဖြတ်သန်းနေရတာ အခု ထွေးတစ်ယောက်ထဲရှိတာမို့
သူကထွေးကို မဆုံးရူံးချင်လို့ အဲ့ဒီစကားမျိုးထွက်တာလေ
ထွေးဘက်က နား၀င်အောင် ပြော‌ေပးရမယ်တာ၀န်ရှိတယ်လေ"

"အခုမှ ကိုယ်၀န်ကလနုတုန်းရှိတဲ့ အချိန် သေချာဂရုစိုက်ရမှာကို ဒီလို့ အချေအတင်တွေဖြစ်တော့ စိတ်ပင်ပန်းတာဘဲ အဖက်တင်တယ် အမေပြောတာ သဘောပေါက်လား"

"ဟုတ်"

"ထွေး သားပိုင်အပေါ်မဆိုးစမ်းနဲ့ သားပိုင်က သားကိုချစ်လို့
သူလုပ်သမျှတွေက ဘယ်သူမျက်နှာကုိမှမကြည့်ဘဲ
သားအတွက်ဘဲ တွေးပူတက်တာ"

"သား နားလည်ပါပြီး မားကလည်းနော် ကိုပိုင်က အမေသားအရင်းကြနေရော"

"ဒီကလေး အမေကို ပြန်ပြောနေတာ"

"ကိုပိုင်ကို သားသေချာ နား၀င်အောင်ပြောပါမယ် ဒီညတော့
မပြန်တော့ဘူး ဒီမှာအိပ်မှာ"

"အိပ်ပေါ့ သားပိုင်လည်း လာနေပြီးပြောတယ်"

"ဟင် ဟုတ်လား"

ထိုအချိန် အပေါ်ထပ်ကဆင်းလာတဲ့ ကိုအောင်

"မင်း ယောင်္ကျား ဖုန်းဆက်လာတယ် အရှေ့ရောက်နေပြီး တဲ့ တံခါးသွားဖွင့်ပေးလိုက်အုန်းမယ်"

ကိုအောင်က တံခါးဖွင့်ဖို့ထွက်သွားတော့။

"ကဲ့ ထွေး သေချာနား၀င်အောင် ပြောနော်ထွေးစကားဆို
သေချာနားထောင်ပေးပြီး စဉ်းစားလာမှာပါ"

"ဟုတ် မား"

နေလယ်က အရမ်းစိတ်တိုတာနဲ့ အော်ပြောခဲ့တာတွေပြန်တွေးရင်း ဒီတစ်ခါတော့ သေချာနား၀င်အောင် ပြောရမည်။

ခဏအကြာ အိမ်တံခါးဖွင့်လာတာ‌ေြကာင့် ကြည့်လိုက်တော့။ ကိုအောင်က၀င်လာပြီး အနောက်က‌နေကိုပိုင်( ပါ )ပါလာသည်။
ကိုပိုင်က ကျွန်တော်အနားလာထိုင်ချကာ
ကိုအောင်ကတော့ တစ်ခါတည်း အပေါ်သို့တန်းတက်သွားလေသည်။အမေကတော့

"သားတို့ စကားပြောချေလေ အမေ ညစာအတွက်သွားပြင်လိုက်အုန်းမယ်

"ဟုတ်"

အမေထွက်သွားတာနဲ့ ကိုပိုင်က
"ချစ် ကိုယ်ကိုစိတ်ဆိုးနေတုန်းလာ ကိုယ်တောင်းပန်ပါတယ်
အဲ့စကားကို လွယ်လွယ်မပြောသင့်မှန်းသိပေ့မယ် ကိုယ်အရမ်းစိတ်ပူနေလို့ ပြောထွက်သွားတာပါ"

ထိုင်ခုံမှာ ဖင်တောင်မချနိုင် တေဇကို တရစက် ပြောနေသော စက္ကပိုင်။

"ကိုပိုင်အမှားကြီးလည်း မဟုတ်တာ ကျွန်တော်လည်း မှားတာဘဲ ကိုပိုင်ကို သေချာနား၀င်အောင်ရှင်းပြရမယ်ဟာကို ဒေါသထွက်ပြီးအော်မိလို့"

"မဟုတ်တာ ကိုယ်ဆိုလည်း ‌ချစ်နေရာဆို ဒေါသထွက်္မိမှာဘဲလေ အခုကိုယ်ဆုံးဖြတ်ချက်ချပြီးပြီး
ကိုယ်တို့ကလေးကို ရအောင်မွေးပြီး ချစ်ကောကလေးပါ ဘာမှမဖြစ်အောင် ကိုယ်အကောင်းဆုံး စောင့်ရှောက်္မယ်နော်"

တေဇ ကိုပိုင် မျက်နှာလေးကိုကြည့်နေရင်း မျက်ရည်များဝိုင်းလာကာ ကျွန်‌ေ‌တာ်ကို အဲ့လောက်‌ေတာင်ချစ်တာလား...

"တကယ်လား"

"တကယ်ပေါ့ ချစ်ရာ ဘာလို့ မျက်ရည်ကျလာတာလည်း "

မျက်ရည်တွေကို လက္မလေးနဲ့ဖိသုတ်ပေးရင်

"မငိုနဲ့တော့လေ အခုချစ်ဖြစ်ချင်တဲ့ အတိုင်းလည်း ကိုယ်လက်ခံပြီးပြီးလေ ဘာလို့မျက်ရည်တွေကျလာတာလည်း"

"မသိဘူး သူဟာသူကျလာတာ ကျွန်တော်လည်း ဘယ်သိမလဲ"

"ကိုယ်၀န်ဆောင် ချိန်မငိုရဘူးလေ ပျော်အောင်နေရမှာကို"

"ကျွန်တော် ယုံကြည့့်ပါတယ် ကိုပိုင်က ကျွန်တော်ကိုပျော်အောင်ထားမှာ"

"ဟုတ်တာပေါ့ ချစ်ကိုရော ‌ေဟာ့ဒီဗိုက်ထဲက ကလေးကိုရော အကောင်းဆုံး ပျော်အောင်ထားမှာ"

တေဇ ဗိုက်ချပ်ချပ်ကလေးကို လက်ကလေးနဲ့ ပွတ်သပ်ရင်း

"ကိုပိုင်ရာ ကျွန်တော်ကို အဲ့လောက္အလိုမလိုက်နဲ့ ကျွန်တော် ကိုပိုင်အပေါ်ဆိုးမိမှာ"

"ဆိုးစေဗျာ ချစ်ဆိုးသလောက် ကိုယ်ခံနိုင်တယ် တစ်ခုတော့ရှိတယ် ကိုယ်ရဲ့အချစ်‌ပေါ်တော့ မဆိုးနဲ့ okay"

ပြောနေရင်း ရင်ခွင့်ထဲ ထည့်လိုက်ပြီး

"မျက်နှာလေးမော့ပါအုန်း နမ်းချင်လို့"

"ဘာလုပ်မှာလည်း အမေတို့ ရှိတယ်လေ"

"ယောက္ခမကြီးက ဟင်းချက်နေတာကိုယ်တို့ကို အာရုံမရဘူး
ခဏလေးပါ "

ပြောလည်းပြောရင်း ချစ်ရဲ့ နှုတ်ခမ်းပါးပေါ် ကျွန်တော်ရဲ့နှုတ်ခမ်းပါးလေက ခိုးနားလိုက်သည် ပတ်၀န်းကျင်တွေကိုတောင် ဂရုမစိုက်နိုင်ဘဲ ချစ်ရဲ့နှုတ်ခမ်းပါးလေးတွေ စားသုံးနေမိသည်။
တစ်ခုတော့ ရှိတာပေါ့ ယောက္ခမကြီးရဲ့ အရိပ်အခြေလေးတော့ နားစွင့်ရတာပေါ့ ခိုးစားရတော့လည်း အရသာရှိသားဗျာ
ချို‌ေနတာဘဲ။
နမ်းနေရင်း မလုံလောက်တော့တဲ့ အခြေအနေကြောင့်

"ချစ် အိပ်ပြန်ရအောင် ကိုယ်တို့လုပ်စရာလေးတွလုပ်ရအောင်"

"ဒီနေ့ ဒီမှာဘဲ အိပ်မယ်လေ ဘာတွေအရေးတကြီး လုပ်စရာတွေရှိလို့လဲ"

"ကိုယ်တို့ လုပ်မယ်ဟာက ယောက္ခမ အိမ်မှာလုပ်လို့မရဘူးလေမျက်နှာပူစရာကြီး ချစ်အခန်းကအသံလုံလို့လား"

တေဇ ကိုပိုင်ပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို စဉ်းစားရင်း
သိသွားသောအခါ မျက္နှာများပူထူလာကာ

"ကိုပိုင် ...ကျွန်တော်မလိုက်တော့ဘူး ကိုယ်ဟာကိုပြန်"

"ကိုယ်ဟာကိုပြန်ရင် ချစ်မရှိတော့ ကိုယ်ကဘယ်သူနဲ့လုပ်ရမှာလည်း"

"ဟာ  ခင်ဗျားတကယ်နှာဗူးဘဲ"

"မင်းကိုဘဲ ဗူးတာပါကွာ"

မျက်နှာပြောင်တိုက်ပြီ စည်းလွှတ်ဝါးလွှတ်ပြောနေတဲ့ ကိုပိုင်ကိုဧည့်ခန်းမ‌ှာ တစ်ယောက်ထဲ ထားကာ အနောက်ဖေးသို့ထွက်လာလိုက်တော့သည်။
အရင်က ဒီလို့စကားတွေကြားရင် ရှက်္‌ေနကြမဟုတ်သော်လည်း အခုတော့ မျက်နှာကိုဘယ်နားထားရမှန်းမသိအောင် ပူထူနေသည်။

အဟမ်း နောက်ပိုင်း🌚 ပန်းအိုးဘဲလှုပ်ပါမယ်
ပန်းအိုးမလှုပ်စေချင်ရင် feedbackပေးသွားကြပါ
ကြိုးစားလျက်ပါ
#ဆုပိုင်ဟွား
#13.11.2020
© Hsu Bai hua ,
книга «အကြင်နာစစ်ရင်».
Коментарі