Chapter (1)
Chapter(2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (5)
Unicod
"အချစ် အချစ် ထပါအုန်း.."
အိပ်ပျော်နေတဲ့ တေဇနားကပ်ပြီး နိုးနေတဲ့စက္ကပိုင်
"ဟင် ဟင်..ကိုပိုင်အလုပ်မသွားသေးဘူးလာ"
"ကိုယ်ကအလုပ်ကနေတောင်ပြန်လာရတာ"
"ရုံးဆင်းလာပြီးလား "
"ကိုယ်ကုမ္မဏီမှာ အလုပ်လုပ်မယ်ပြောပြီး အခုထိမလာသေးဘဲ အိပ်ပျော်နေပြီး အလုပ်နောက်ကျနေတဲ့ အလုပ်သမားကိုလာနိုးတာ"
"ဟင် ဘယ်နာရီရှိသွားပြီးလည်း.."
"၉နာရီခွဲ.."
"ချီးဘဲ နိုးမယ်ဆိုလည်း စောစောလာမနိုးဘူး "
"ဟာ...ခင်ဗျားလေးပြောတက်တယ်နော် ရှိသမျှအလုပ်တွေပြစ်ပြီး အချစ်ဆီပြန်လာတာ အပြင်ကနေအော်ခေါ်ပြီးနိုးတာမထတာ ဘယ်သူလဲ"
"အဲ့လို့လား အရမ်းအိပ်မောကျသွားလို့ဖြစ်မယ်
ဒါနဲ့ အလုပ်သွားလုိ့ရသေးလာ."
"သွား..ရေချိုး ကိုယ်နဲ့အတူတူသွားမယ်.."
"အင်း.."
ရေချိုးခန်းဆီပြေးသွားတဲ့ အချစ်ကြောင့်
သက်ပြင်းသာချမိတော့တယ် မိမိမှာတော့စိတ်ပူလိုက်ရတာ
အရင်ချိန်က
စက္ကပိုင်မနတ်စောစော ချိန်းထားတာရှိတာကြောင့် အလုပ်သွားဖို့ပြင်ရင်း ။
မျက်စိပွင့်လာသော တေဇက
"ဟင် အလုပ်သွားဖို့အချိန်ရောက်ပြီးလာ စောစော‌နိုးတာမဟုတ်ဘူးနောက်ကျတော့မှာဘဲ"
"မဟုတ်ဘူးအချစ် ကိုယ်ကချိန်းထားတာရှိလုိ့ အရင်သွားရမယ် ၉နာရီ ကျရင် ကားလွှတ်လိုက္မယ်
ပြင်ဆင်ထားလိုက်"
တေဇအကြောကိုဆန့်ကာ အချိန်ကြည့်လိုက်တော့
၇နာရီခွဲသာရှိသေးတာကြောင့်
"စောသေးတာဘဲ ခေါင်းမူးနေလို့ခဏထပ်အိပ်လိုက်ဦးမယ်"
"နေမကောင်းဘူးလာ ဆရာ၀န်ခေါ်ပေးရမလား"
"နေကောင်းတယ် အိပ်ရေးမ၀လို့ခေါင်းမူးတာ
အိပ်လိုက်ရင်ပျောက်တယ် ထပ်မမေးနဲ့တော့ဗျာ
အိပ်ချင်သေးလို့.."
မျက်စိကမဖွင့်‌ဘဲ မိမိအမေးကိုစူပုတ်ပြီးပြန်ဖြေတဲ့
ကောင်လေးကြောင့် စက္က ပြုံးလိုက္မိသည်။
နစ်ကတိုင်ကို ကိုယ် ယောင်္ကျား ကိုယ်တိုင်တပ်ပေးတာခံချင်သော်လည်း ဘေးတစောင်းအိပ်ပျော်နေတာကြောင့် ဖောင်းထွက်နေတဲ့ပါးလေးကိုအသဲယားလာကာ ကုတင်အနီးသွားပြီး ပါးဖောင်းဖောင်းလေးကိုနှာခေါင်‌းလေးနဲ့ နစ်၀င်အောင်နမ်းလိုက်သည်။
အရေးကြီးဆုံးက နားထင်နားမှာရှိသောမှဲ့လေးက
ကိုယ်အတွက်အရေးပါဆုံးဘဲ မှဲ့‌ပေါ်လေးလည်းအနမ်းတစ်ပွင့်ခြွေလိုက်တော့သည်။
ဘယ်လောက်အိပ်ချင်နေမှန်းမသိ မိမိထိတေွ့နေတာကိုတောင်မနိုးသေး။
နိုးသာနိုးကြည့်ပါလာ ကန့်ကန့်လန်အောင်ပြန်အော်မဲ့ အကောင်ပေါက်။
စောင်လေးကို သေချာခြုံပေးခဲ့ကာအလုပ်သွားရန်ပြင်တော့သည်။
အရေးကြီးဧည့်သည်များနှင့်တွေဆုံရင်း မည်မျှအချိန်ကုန်သွားလည်းမသိ။
"Boss meeting စလို့ရပါပြီး လူစုံပြီး.."
"အင်းလာခဲ့မယ်.."
ထိုအချိန် ၀င်လာတဲ့ဖုန်းကြောင့်ချက်ချင်းကိုင်မိလိုက်သည် ။
"Boss သခင်လေးကို သွားခေါ်တာ ခေါ်လို့မရဘူးဖြစ်နေတယ်"
မိမိအခန်းကိုခွင့်ပြုချက္မရှိဘဲ ဘယ်သူမှမ၀င်ရချေ
ချစ်ကပြန်မထူးတာကြောင့်မိမိကိုဖုန်းဆက်လာခြင်းဖြစ်သည်။
"ခဏ ငါဖုန်းဆက်ကြည့်လိုက်္မယ်"
စက္ကပိုင် ဖုန်းဆက်တော့လည်းမကိုင် မနတ်က
ခေါင်းမူးတယ်ပြောထားတော့နေမကောင်းများဖြစ်နေတာလား စိုးရိပ်လာတာကြောင့် ချက်ချင်းကားပြင်ခိုင်းကာ
အခန်းပြင်ထွက်လိုက်တော့ အတွင်းရေမှူးက အပြင်သွားဖို့ဒီဇိုင်းဖြစ်နေတဲ့ Bossကြောင့်
"Boss meeting"
"ဖြတ်လိုက်..'လို့သာပြောပြီး ကားပါကင်ကိုဦးတည်တော့သည် အောက်္ကိုဆင်းသောဓာတ်လှေကားကအခုမှနှေးနေသလို့။ကားပေါ်ရောက်တော့လည်း
အိမ်ကိုမြန်မြန်မောင်းခိုင်းစေပြီ အိမ်ရှေ့ရောက်တာနဲ့ အိမ်ပေါ်မြန်မြန်အပြေးတက်သွားသည်။
အလုပ်သမားများကတော့ မိမိ အလောတကြီးပြေးလွှားတာမျုိးကုိတစ်ခါမှမမြင်ဖူးတော့အထူးအဆန်းအနေနဲ့ကြည့်နေကြသည်။
အခန်းရှေ့မှာစောင့်နေသော သွားခေါ်ရန်စေလွှတ်လိုက်တဲ့ သက်တော်စောင့် ။
စက္ကပိုင်အခန်းတံခါးကိုဖွင့်ပြီးတာနဲ့ ချစ်နားသွားကာနဖူးကုိစမ်းလိုက်တော့ အဖျားမရှိ
အိပ်ပျော်နေခြင်းဖြစ်တာကြောင့် စိတ်ပူနေရတာသက်သာသွားရသည်။
........................................
အခုတော့ စက္ကပိုင်ရှေ့မှာ ထမင်းစားနေတဲ့အချစ်
ကုမ္မဏီမသွားခင်ထမင်းလေးစားခိုင်းပါတယ်
မျက်နှာကြီးကို ဆူပုတ်နေရော ထမင်းကလွဲရင်
ဘယ်ဟာမဆိုအချိန်မရွှေးစားနိုင်တယ်။ထမင်း
စားခိုင်းပြီးဆို ဆူပုတ်သွားရော
"၀ပြီး.."တစ်၀တ်ကျိုးသွားတဲ့ ပန်းကန်ကို ကြည့်ပြီး
"ဒါဆိုလည်းသွားမယ် .."
စက္ကပိုင်အရှေ့မှထွက်လာခဲ့ကာ ကားထဲ၀င်ထိုင်လိုက်သည်။
ကားထဲ၀င်လာတဲ့ အချစ်ကိုကြည့်လိုက်တော့ နစ်ကတိုင်စီးထားရတာကို စိတ်ကျင်းကျပ်နေတဲ့ပုံ
လူငယ်ဆန်ဆန်နေတက်တဲ့ အချစ်က
အနောက်တိုင်း၀တ်စုံနဲ့ တကယ်လိုက်ဖက်တယ်
အရှေ့ဘက်ကိုအမြဲချထားတဲ့ မဲနက်တဲ့ဆံပင်အုပ်အုပ်လေးက အခုတော့အပေါ်သို့သပ်တင်ထား‌
ေကြာင့်အရှေ့ကအချစ်ရဲ့ နှာဖူးကျဉ်းကျဉ်းလေးနဲ့နားထင်ကမှဲ့နက်လေးကလည်းကပုိပြီးပေါ်လွင်‌
ေနသည်။
စက္ကပိုင်ကကြည့်နေရင်းအလုပ်သွားတာအဲ့လောက်သပ်ရပ်နေဖို့လိုလို့လား အရမ်းချစ်ဖို့ကောင်းနေသလို့ဘဲ အရင်ကတော့အလုပ်လာရင် အလုပ်သမားတွေအကုန် သပ်သပ်ရပ်ရပ်၀တ်ရန်စည်းကမ်း ချမှတ်ထားသော်လည်း အချစ်သပ်သပ်ရပ်ရပ်၀တ်ထားတာကိုတော့ သဘောမကျချေ။
အခုချက်ချင်းပေ အိမ်ပြန်ခေါ်သွားချင်နေပြီး။
"ကိုပိုင် ကျွန်တော် ကြည့်ကောင်းလာ"
‌လက်က‌ေလးကဆံပင်အပေါ်ကိုသပ်တင်ကာ
မိမိလှည့်မေးလာတာကြောင့် ဆံပင်လေးသပ်တင်နေသောလက်ခလေးကိုလှမ်းဆွဲကာ ဖက်လိုက်တော့
*အဲ့လောက် ချစ်စရာမကောင်းမနေနဲ့ အချစ်ရာ*
"ကိုပိုင် ကျွန်တော် အင်္ကျီကြေကုန်မယ် ဖယ်"
"ကြေပါစေ"
"မရပါဘူး ပထမဆုံးအလုပ်ဆင်းတာ သပ်သပ်ရပ်လေးသွားချင်တယ်ဖယ်ဗျာ ကောင်း‌ကောင်းပြောနေတုန်း ဖယ်နော် လူညွန့်တုံးအောင်လုပ်လိုက်္မယ်"
အချစ်စကားကြောင့်စိတ်အောင့်သက်သက်နဲ့ဖယ်‌ေ‌ပးလိုက်ကာ
"အချစ် "
"ရုံးမှာ ဒီလိုမခေါ်နဲ့နော် ပြော"
"နောက်နေ့တွေ နေလယ်စာချိန်ဆို ကိုယ်ရုံးခန်းမှာလာခဲ့ အတူတူစားကြမယ် "
"ဟာ ကျွန်တော်ပတ်သက်္မှုကို မသိစေချင်ပါဘူးဆိုမှ "
"ဒါဆိုလည်း အိမ်ကထမင်းချိုင့်ထည့်သွားရမယ်  ရုံးကန်းတင်းကအစာစားတွေကမကောင်ဘူး
ပြီးတော့ဘယ်နေရာသွားသွား ကိုယ်ကို message
ပို့ပြီး ပြောပြရမယ်"
"ဒီမှာ ဘဲကြီး ကျွန်တော်ငြိမ်နေလို့အကောင်းထင်နေတာလား က‌ျွန်တော်ကအလုပ်သွားမှာ မူကြို့သွားတက်တဲ့ ကလေးမဟုတ်ဘူး
ခင်ဗျာကို အုပ်ထိန်းသူတစ်ယောက်လို့ အကုန်တင်ပြနေရအုန်းမယ် ကိုယ်ပိုင်လွှတ်လပ်ခွင့်တောင်မရှိဘူးလား "
"မဟုတ်ပါဘူး ကိုယ်က.."
"ထားဗျာ ကျွန်တော်ပထမဆုံးအလုပ်၀င်မဲ့ရက်လေးကို စိတ်အနှောက်အယှက္မဖြစ်ချင်ဘူး"
အချစ်ပြောစကားကြောင့် စက္ကပိုင်လည်း
ဘာမှဆက္မပြောတော့
ကုမ္မဏီရောက်တော့ ရုံးခန်းကိုသာ တန်းခေါ်သွားလိုက်ပြီး အခန်းနားရောက်တော့
"အယ် မင်္ဂလာဆောင်တုန်းက လာတဲ့ အမ"
"အင်း ဟုတ်တယ် သူကကိုယ် Secretary
စန္ဒာ တဲ့ စန္ဒာ အချစ်ကိုတော့ သိမှာပေါ့"
"ဟုတ်သိပါတယ်..အလုပ်မှာတစ်ခုခုအကူအညီလိုရင် ပြောပါ တက်နိုင်သလာက်ကူညီပေးပါမယ်"
"ဟုတ်ရပါတယ် ကျေးဇူးပါဗျာ"
စက္ကပိုင်တော့ ယဉ်ကျေးနေတဲ့ အချစ်ကိုကြည့်ပြီး
လူတွေနဲ့တော့ပေါင်းသင်းတက်သာ
"ကိုပိုင် ဒီမှာအချစ်တေွမခေါ်ပါနဲ့ဆို"
"အင်း ကိုယ်ယောင်သွားလို့ ဒီမှာ စန္ဒာဘဲရှိတာ ဘယ်သူမှမရှိပါဘူး"
"စန္ဒာ ငါခေါ်ခိုင်းထားတဲ့လူ"
"ရောက်နေပါပြီး .."
"အင်း အဲ့တာ အချစ်လုပ်ရမဲ့ ဌာနဘဲ ခေါ်သွားပြီးမိတ်ဆက်ပေးလိုက် ‌အချစ်ကုိသူခေါ်သွားပါစေ"
"ဟုတ် boss မောင်လေးတေဇ အမနောက်လိုက်ခဲ့ပေးနော်"
"ဟုတ် ကိုပိုင်  သွားပြီး"
"အင်း ရုံးဆင်းရင်တွေ့မယ်"
"Ok.."
စန္ဒာနောက်ကလိုက်သွားတဲ့ ချစ်ကိုကြည့်ပြီး
ရုံးခန်းထဲ၀င်လိုက်တော့သည်။
စာရင်းတွေလုပ်နေ‌တုန်း တံခါးခေါက်လာတာကြောင့်
"၀င်ခဲ့ "
ဖိုင်တွဲတစ်ခုကိုင်ပြီး ၀င်လာတဲ့ စန္ဒာ
"Boss ဒါ ဟိုတစ်ခေါက်ကလာကမ်းလှမ်းတဲ့
ကုမ္မဏီရဲ့ အချက်အလတ်ပါ"
စက္ကပိုင်Laptopကိုကြည့်နေရင်းဘဲ
"ထားခဲ့ .."
"ဒါနဲ့ boss ကိုယ်ရေးကိုယ်တာကိုစွက်ဖက်တာမဟုတ်ပေ့မယ် တေဇလေးကို အဲ့ဌာနကိုဘာလုိ့ပို့လိုက်တာလဲ "
"ဘာလို့လဲ "
"ဌာနအဖွဲ့ရဲ့ခေါင်းဆောင်က လူသစ်တွေဆိုအပေါ်အထင်စီးကဆက်ဆံတက်တယ် လက်တွဲမခေါ်ဘူး
ပြီးတော့ အခုမှစလုပ်တဲ့ တေဇ‌ေလးအတွက်
အဲ့ positionက မခက်ခဲလွန်းဘူးလာ သူတို့ကဇယားတွေရှုပ်တက်တော့ တစ်ခုခုဆိုတေဇကိုဘဲ
ပုံချပြီးခေါင်းရှောင်ကြမှာ"
စက္ကပိုင်က ပြုံးနေရင်နဲ့သာ
"စောင့်ကြည့်ပါ အချစ်က ပျော့ညံတက်တဲ့သူမဟုတ်ဘူး အနိုင်ကျင့်ခံရဖို့လည်းမဖြစ်နိုင်ဘူး"
"ဟုတ် စန္ဒာက စိတ်ပူလို့ပါ သွားခွင့်ပြုပါအုန်း"
စန္ဒာလည်း bossဘာတွေးနေလဲဆိုတာမသိနိုင်
တေဇလေးအဆင်‌ေပြပါစေ။
လိုအပ်ချက်လေးတွေပြောပေးပါ
Votလေးတွေလည်း‌ပေးကြပါ🥺🥺အားရှိအောင်လို့
ကြိုးစားလျက်ပါ
#HsuBaihua
Zawgyi
"အချစ် အချစ် ထပါအုန်း.."
"ရုံးဆင်းလာပြီးလား "
"ကိုယ်ကုမ္မဏီမှာ အလုပ်လုပ်မယ်ပြောပြီး အခုထိမလာသေးဘဲ အိပ်ပျော်နေပွီး အလုပ်နောက်ကျနေတဲ့ အလုပ်သမားကိုလာနိုးတာ"
"၉နာရီခွဲ.."
ဒါနဲ့ အလုပ်သွားလို့ရသေးလာ."
"အင်း.."
အရင်ချိန်က
"မဟုတ်ဘူးအချစ် ကိုယ်ကချိန်းထားတာရှိလို့ အရင်သွားရမယ် ၉နာရီ ကျရင် ကားလွှတ်လိုက္မယ်
ပြင်ဆင်ထားလိုက်"
အိပ်ချင်သေးလို့.."
ဘယ်လောက်အိပ်ချင်နေမှန်းမသိ မိမိထိတွေ့နေတာကိုတောင်မနိုးသေး။
"အင်းလာခဲ့မယ်.."
"Boss meeting"
အလုပ်သမားများကတော့ မိမိ အလောတကြီးပြေးလွှားတာမျိုးကိုတစ်ခါမှမမြင်ဖူးတော့အထူးအဆန်းအနေနဲ့ကြည့်နေကြသည်။
စက္ကပိုင်အခန်းတံခါးကိုဖွင့်ပြီးတာနဲ့ ချစ်နားသွားကာနဖူးကိုစမ်းလိုက်တော့ အဖျားမရှိ
........................................
"ဒါဆိုလည်းသွားမယ် .."
ကြောင့်အရှေ့ကအချစ်ရဲ့ နှာဖူးကျဉ်းကျဉ်းလေးနဲ့နားထင်ကမှဲ့နက်လေးကလည်းကပိုပြီးပေါ်လွင်‌
နေသည်။
‌လက်က‌လေးကဆံပင်အပေါ်ကိုသပ်တင်ကာ
"ကြေပါစေ"
"အချစ် "
ပို့ပြီး ပြောပြရမယ်"
"မဟုတ်ပါဘူး ကိုယ်က.."
ဘာမှဆက္မပြောတော့
"ကိုပိုင် ဒီမှာအချစ်တွေမခေါ်ပါနဲ့ဆို"
"ရောက်နေပါပြီး .."
"အင်း အဲ့တာ အချစ်လုပ်ရမဲ့ ဌာနဘဲ ခေါ်သွားပြီးမိတ်ဆက်ပေးလိုက် ‌အချစ်ကိုသူခေါ်သွားပါစေ"
"Ok.."
"၀င်ခဲ့ "
"ထားခဲ့ .."
"ဒါနဲ့ boss ကိုယ်ရေးကိုယ်တာကိုစွက်ဖက်တာမဟုတ်ပေ့မယ် တေဇလေးကို အဲ့ဌာနကိုဘာလို့ပို့လိုက်တာလဲ "
"ဘာလို့လဲ "
ပြီးတော့ အခုမှစလုပ်တဲ့ တေဇ‌လေးအတွက်
တေဇလေးအဆင်‌ပြေပါစေ။
ကြိုးစားလျက်ပါ
#Hsubaihua
© Hsu Bai hua ,
книга «အကြင်နာစစ်ရင်».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (2)
Eaint Choue
Chapter (5)
မျှော်နေမယ်သာသာ💗💗
Відповісти
2020-10-20 17:19:54
1
Mabelline Mabelline
Chapter (5)
မျှော်နေတယ် သာသာ ရေ
Відповісти
2020-10-23 03:46:25
1