Episode-10(Unicode)
တောက်!!
" အကိုလေး လားဗျ ဘာဖြစ်လို့လဲ "
"ဘာမှမဖြစ်ဘူး ပြောစရာရှိတာသာပြော"
"အော် ဟုတ်ဟုတ် ဒါနဲ့ ကိုဇွဲက ဘာပြောစရာရှိလို့လဲဗျ"
"စောစောကပြောတယ်လေ သတိရလို့ပါဆို"
ပြောရင်းပင် အသွင့်၏ ခေါင်းကို တစ်ချက်ပုတ်လိုက်တာကကြောင့် အပြစ်မရှိသော တီဗွီ ရိမုလေးမှာ ပိုင်ရတု၏ အကြောများအပြိုင်းပြိုင်းထနေသော လက်ဖဝါးကြီးထဲတွင် သနားစရာ..။
"အော်...ဟုတ်ကဲ့"
"ဒါနဲ့ အိမ်မှာ ဉီးလင်းမရှိဘူးလား"
"ဟုတ် ဉီးလင်းက ဆေးရုံစောင့်သွားတယ်ဗျ"
တီဗွီသံကို အကျယ်ဆုံးချဲ့လိုက်သော ပိုင်ရတု။
အသံကျယ်လွန်းလို့ အမရာ တစ်ယောက် စာမကျက်နိုင်ဘဲ အပြင်ကို ထွက်လာလိုက်သည်။
ဧည့်ခန်းထဲတွင်တော့ ပိုင်ရတုက အရှင်သခင်အတိုင်း ဆိုဖာပေါ်တွင် ဒူးတစ်ဖက်ထောင်လျက် လျော့ရဲရဲ ထိုင်ထားက အောက်က နှစ်ယောက်ကတော့ အစေခံ အလား ကျုံ့ကျုံ့လေး ထိုက်နေကြသည်။
ဟိုနှစ်ယောက်က စကားပြောနေတာကို သားရဲတစ်ကောင်အလား စိုက်ကြည့်နေတဲ့ ပိုင်ရတုကြောင့် အမရာ ပိုင်ရတု နားသို့အမြန်သွားလိုက်လေသည်။
ပိုင်ရတု အကြောင်းကိုသူမ သာအသိဆုံးပင်။
ကိုယ်သာ မသွားရင်ခနနေ အိမ်ထဲကို ဆိုင်ကလုံး မုန်တိုင်းတိုက်ပေတော့မည်။
"ကို..."
"ကို လို့..."
ကိုယ့်ကို မျက်မှောက်ကျုံ့ရက်ပင် တစ်ချက်ကြည့်ပြီး ဟိုနှစ်ယောကို ဆက်ကြည့်နေပြန်သည်။
"ကို ဘာဖြစ်လို့လဲ"
ပိုင်ရတု ထိုင်နေသော ဆိုဖာလက်ရန်းပေါ်တစောင်းင်းထိုင်လိုက်ပြီး ပိုင်ရတု၏ လက်တစ်ဖက်ကို ဆုတ်ကိုင်လိုက်သည်။
"ဘာမှမဖြစ်ဘူး စာမကျက်တော့ဘူးလား"
ပြန်တော့ပြောလာလေသည်။
"တီဗွီ သံက အရမကျယ်လွန်းတယ် ကို တိုးပေးပါလား အမရာ အာရုံစိုက်လို့မရလို့"
"ဟင်း...."
သက်ပြင်းရှည်ကြီးချပြီး တီဗွီကို ပိတ်လိုက်လေသည်။
"ရပြီလား..."
"အင်း ရပြီ "
"......"
"စာသွားကျက်ပြီနော်.."
"အင်း..."
ကိုယ် အခန်းထဲမဝင်ခင် ကြားဖြစ်အောင်ကြားလိုက်ပါသေးတယ်....."အသွင် ငါအပြင်သွားမလို့ လိုက်ခဲ့" ဆိုတဲ့ စကားကို။
သွင်ပြင်ဆိုတဲ့ ကောင်လေးကို မြင်မြင်ချင်းသနားမိတယ်။
ချီးးလည်း ချီးကျူးမိတယ်။
မျက်လုံး မမြင်ရတာတောင် အလုပ်ကို သေချာလုပ်နိုင်တယ်။
သေသပ်တယ်။
ယောကျာ်းလေး တန်မဲ့ လှပလွန်းသည်။
မိန်းကလေးတွေတောင် မနာလိုလောက်အောင် ပိန်ပိန်ပါးပါး နဲ့ ဝါဝင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားတယ်..။
ကိုယ်ကတော့ ဒီကောင်လေးကို မောင်လေးတော်ပစ်လိုက်ချင်တယ်။
ကို ကရော သွင်ပြင့်ကို သနားတာလား။
ကရုဏာ ကြောင့်ဒီလို မျက်ဝန်းတွေနဲ့ ကြည့်နေတာလား..။
ကို့ကို အမရာ ယုံကြည်တယ်....။
______________________________________
ဇွဲသန့်စင် ကို အသွင်ကပြန်လွှတ်တာတောင် အဲ့သူတောင်းစားက ပြန်ချင်ပုံမရ။
မကြိုက်ပါဘူး။အဲ့ကောင်ရဲ့ အကြည့်တွေကို။
"အကိုလေး ဘယ်သွားမလို့လဲဗျ"
"လမ်းလျှောက်ထွက်မလို့ လိုက်ပို့ပေး"
"ဗျာ အကိုလေး ကျွန်တော်.."
"လာခဲ့ကွာ တစ်ယောက်တည်း လျှောက်ရမှာ ပျင်းတယ်"
အသွင့်ကို လက်ကောက်ဝတ်ကနေဆွဲကာ ခေါ်လာလိုက်သည်။
တစ်လမ်းလုံး လူရှင်းနေကာ တိတ်ဆိတ်လို့နေသည်။
"အကိုလေးဗျ ကျွန်တော့လက်ကိုလွှတ်ပေးပါအုန်း"
အသွင့် လက်ကို ဆွဲထားတာ အခုထိမလွှတ်ပေးသေး။
"လွှတ်မပေးပါဘူး အသွင်က တုတ်မှမပါခဲ့တာ ဘယ်လိုလုပ် လမ်းလျှောက်ရတာ အဆင်ပြေမှာလဲ"
"ရပါတယ် အကိုလေးရဲ့"
"ငါက မရဘူး"
"......"
ဘာစကားမှမပြောဖြစ်တော့ လမ်းထိပ်ရောက်တော့ ပြန်လှည့်လာသည်။
သို့သော် အိမ်ထဲသို့ ပြန်မဝင်ဘဲ အိမ်ကိုကျော်ကာ အခြားတစ်ဖက်ဆီသို့ဆက်လက်လျှောက်သွားသည်။
လမ်းထိပ် အစွန်းနှစ်ဖက်က အမှန်တကယ်ဝေးသော်ငြားလည်း ကိုယ့်အတွက်တော့ ခနလေးသာ။
နောက်တကြိမ်ထပ်၍ လမ်းလျှောက်နေလိုက်သည်။
နေမင်းကြီးမှာလည်း အနောက်အရပ်သို့ဝင်နေပြီဖြစ်ကာ တိမ်တိုက်တို့၏နောက်ကွယ်ရှိ လိမ္မော်ရောင် အရှိန်အဝါတို့ကိုလည်း အနည်းငယ်ခပ်ဖျော့ဖျော့ မြင်နေရသည်။
"အသွင်..."
"ဟုတ်.."
"ငါ့ကို သီချင်းဆိုပြပါလား"
"ဘာသီချင်းလဲဗျ"
"ရတယ် ဘာဖြစ်ဖြစ် ငါက အသွင်ဆိုတာကိုအကုန်သဘောကျတယ်"
"ဟုတ်...ဟို သူများတွေကြား.."
"မကြားပါဘူး အခုတစ်လမ်းလုံးမှာ အသွင်နဲ့ငါ နှစ်ယောက်တည်းဘဲရှိတာ"
"အော်...ဟုတ်"
"တေးသွားချို သီကာကျူးတဲ့...ကျေးငှက်ကို လှမ်းလို့ကြည့်ကာ ပန်းကလေးဟာ ပြောလိုက်တယ်....လောကရဲ့အလှအပဟာ တို့ပွင့်မှ ပြည့်စုံတာတဲ့...ပန်းချစ်သူများက ပြုံးတယ်...တောက်ပတဲ့အဆင်းလဲ ရှိတယ်......လိုက်ဖက်တဲ့ မွှေးရနံ့နဲ့ဆို...~~"
ခပ်အေးအေး တိုးတိုးညင်းညင်း အသံလေးနှင့် ပြုံးကာ ဆိုနေသော အသွင့်ကို ထပ်မံ၍ ငေးကြည့်နေမိပြန်။
တိုက်ခတ် လာသော လေပြေအေးလေးကို တစ်ချက်ချက် အားနှင့်ရှု ရှိုက် နေသည်ကြောင့် အချို့စာသားတွေကို ဝါးကာ ဆိုနေသော အသွင်သာ...။
စွပ်ကျယ် အဖြူရောင်ပွပွကို သာဝတ်ဆင်ထားသည်ကြောင့် အသွင်အေးများ အေးနေမလားဟု တွေးမိလိုက်ပါသေးသည်။
"မြင်သူတကာ ငေး....ငေးလောက်အောင်..လှရက်လို့....ချူလိုသူတွေလက်ထဲမှာ..အလှမပျက်အောင်ဆုတောင်းတယ်..ပန်းကလေးရယ်.......~~"
သွားထက်လေးကလည်ာ ပေါ်လို့လာချေသည်။
"ရင်ထဲ ရှိ ရှိသမျှပြောပြရရင် တကယ်လှတယ် ...မြင်သူတကာ ငေး..ငေးလောက်အောင်"
တကယ်ကို ရင်ထဲရှိသမျှပြောပြရရင် လှရက်လွန်းတယ်။အသွင့်ကို ပြောတာလားလို့မေးရင် ကျွန်တော်မဖြေတတ်ဘူး။မျက်လုံးထဲမြင်နေရသမျှ အရာရာတိုင်းဟာ လှပတယ်လို့ဘဲ ဖြေချင်တယ်။
"အသွင်..အေးလား"
"ဗျာ.."
သီချင်းဆိုနေသော အသွင့်ကို ဖြတ်ကာမေးလိုက်သည်။
"မအေးပါဘူးဗျ"
"လေတိုက်နေတယ် အသွင်...""
"ဗျာ..."
ပါးစပ်ကပြောလည်းပြော လက်ကလည်းအသွင့်ပုခုံးပေါ်လက်တင်လိုက်သည်။
"လာ...အိမ်ပြန်ရအောင်.."
လမ်းတစ်လျှောက် လေပြေအေးလေးနှင့်အတူ ယောကျာ်းသားနှစ်ယောက်၏ရင်အစုံသည်မှာလည်း အေးချမ်းလို့နေလေသည်..။
အပြုံးပန်းနှစ်ပွင့်ကလည်း ပွင့်လန်းလျက်...။
သေချာပါသည်။ထိုမြင်ကွင်းသည် မြင်သမျှလူတိုင်းလည်ပြန်ငေးလောက် အောင် အနုပညာဆန်ဆန် နဲ့ ကဗျာလည်း ဆန်နေမည်ကို...။
______________________________________
အချစ် နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိပေမယ့်....
ပိုင်ဆိုင်ခြင်းဆိုတဲ့ အတ္တမေတ္တာထက် ပေးဆပ်ခြင်းဆိုတဲ့ မေတ္တာက ပိုပြီး စိတ်ချမ်းသာမှု ရှိလေတယ်....
______________________________________
"ဟေ့ကောင် ထတော့"
"အင်း...ဟင်း"
"ဟေ့ကောင် ပိုင်ရတုထတော့လို့"
"ဘယ်သူလဲ..."
"ငါဟ မင်းအဖေ"
"ဟင်...Dad...Daddy ဘယ်လိုလုပ်ရောက်လာတာလဲ"
မျက်ခွံကို တဝက်သာလေးလံစွာဖွင့်ပြီး ပြောလိုက်သည်။
"ငါဒီနေ့လာမယ်လို့ ပြောထားတယ်လေ...ထတော့ ဒီနေ့အလုပ်ပိတ်တာနဲ့ကို ကုလားသေကုလားမော အိပ်နေတာဘဲ နေကဖြင့် မင်းဖင်ခေါင်းထဲဝင်နေပြီ"
"ဟာ...Daddy ကလည်း အလုပ်ပိတ်ရက်လောအိပ်တာကို"
ကုတင်ပေါ်တွင်ကားယားကြီးလှဲနေကာ ပြန်ပြောနေသော ပိုင်ရတု...။
"အော် အလုပ်ပိတ်ရက်ဟုတ်လား မင်းက ဘယ်လေညက်တောင်အလုပ်တွေကြိုးစားထားလို့လဲ...တစ်ရက်ထဲ လုပ်ရသေးတာကို ရေမျိုးချိုးပြီး သန့်သန့်ပြန့်ပြန့် ဝတ်စားလာခဲ့ ပြီးရင် ငါနဲ့အပြင်လိုက်ခဲ့"
"ဟာ..မလိုက်ချင်ပါဘူး Daddy ရာ"
"မလိုက်လို့မရဘူး သမီးအမရာရော ပါမှာ "
"ဟုတ်......"
အမရာဆိုသည့် နာမည်ကြောင့်သာ လေးကန်ကွာပြောရင်း ထလိုက်သည်။
သန့်သန့်ပြန့်ပြန့် ဝတ်ဆိုလို့ ဘာဝတ်ရမယ်မှန်းတောင်မသိတော့။
ဟုတ်သည်လေ။ကိုယ်က အမြဲတမ်းသန့်ပြန့်နေတာဘဲ မဟုတ်ဘူးလား။
အခုမှရေချိုးခန်းထဲက ထွက်လာပြီး တပတ်နဲ့ရေသုတ်ရုံရှိသေး ဧည့်ခန်းထဲက Daddy ဖားသားကြီးက အော်ဟစ်ကာ ပြောလို့နေလေပြီ။
အရင်က အော်တာဘာမှမဖြစ်ပေမယ့် အခုက အသွင်နဲ့ အမရာက ရှိနေတာကြောင့် ကိုယ့်မှာ ရှက်ကလည်းရှက်။
ပတ်ဝန်းကျင် အများအမြင်ကို ဂရုမစိုက်တတ်တဲ့ငါက အခုတော့ သူနဲ့ သူမ ကြောင့် ဂရုစိုက်ကာ ရဇက်တတ်လာချေပြီ။
ဝတ်နေကျ ပုံစံအတိုင်းပင် တီရှပ်အဖြူရောင် လက်ကျ ခပ်ပွပွကို အနည်းငယ်ပွသော ဂျင်းဘောင်းဘီ အနက်ပြောင်နဲ့ တွဲဝတ်ကာ ဘယ်ဘက်လက်တွင်လည်း ပတ်နေကျ Gucci နာရီ အမည်းကို ဝတ်ဆင်လိုက်သည်။
အပြင်ထွက်လာတော့ အကုန်လုံးက မြန်မာလို ပုဆိုးနဲ့ ရှပ်အကျီ်သာ ဝတ်ထားကြလေသည်။
အမရာ ကတော့ ခရမ်းရင့်ရောင် ရင်ဖုံးနဲ့ ထဘီကို ဝတ်ထားသည်။
"ဟေ့ကောင်...ဘယ်လိုတွေဝတ်ထားတာလဲ"
"ဘာကိုလဲ Daddyရ"
"ငါတို့အခု မဂ်ဆောင်သွားမလို့ကွ"
"အင်းလေ အဲ့တာဘာဖြစ်လို့လဲ"
"သူတို့က မြန်မာလို ဆောင်တာကွ မင်းက ဒီလို ကို့ရို့ကားယား ဝတ်ထားတော့ သင့်တော်ပါ့မလား"
"ဟာ..Daddy ကပြောလေဗျာ ကျွန်တော်မှမသိတာကို...ပြီးတော့ ကျွန်တော့်မှာ ပုဆိုးမှမရှိတာကို..ဒီလိုဝတ်လည်းဘာမှမဖြစ်ပါဘူး"
"ဟင်း....ထားတော့ လာသွားကြမယ် အသွင်ရေ တစ်ယောက်တည်းဖြစ်ပါတယ်နော် ငါတို့က နောက်ကျမြှပန်လာလောက်မှာ သော့ခတ်ပြီး ထားခဲ့ရမလား"
"ရတယ် သူဌေးဗျ...ကျွန်တော်နေရဲပါတယ်..စိတ်မပူပါနဲ့"
"ဟုတ်ပြီ ဟုတ်ပြီ ဖုန်းထားခဲ့တယ်နော် ယူထားလိုက် တစ်ခုခုဆို ဒီခလုတ်လေးကိုနှိပ်လိုက် ဟုတ်ပြီလား"
Keypad ဖုန်းလေးကို အမှတ်အသားလေးနဲ့ ဖုန်ူခေါ်ရန် ပြောနေသည်။
"ဟုတ်"
"အသွင်က မလိုက်ဘူးလား Daddy"
"အေး ဟုတ်တယ်"
"ဘာလို့လဲ ခေါ်ခဲ့လေ"
"ဒီမှာ ငါတို့ကလည်း အလုပ်ကိစ္စရှိသေးတယ် မင်းနဲ့ အမရာ့ကိုဘဲ မဂ်လာဆောင်မှာ ထားခဲ့မှာ ဟုတ်ပြီလား"
"နေပါအုန်း အခုက ဘယ့်မဂ်လာပွဲမို့လို့လဲ ကျွန်တော် မသိတဲ့သူတွေနဲ့ မနေခဲ့ချင်ပါဘူး ကျွန်တော်အသွင်နဲ့ဘဲ အိမ်မှာနေခဲ့...."
"ကဲ...ကိုရယ် လိုက်ခဲ့ပါ သွင်ပြင်လည်းဘာမှမဖြစ်ပါဘူး ဟိုမှာ ကို့သူငယ်ချင်းတွေလည်း လာကြမှာ"
"ရတယ် အကိုလေးတို့ဗျ ကျွန်တော်နေရဲပါတယ်"
"လာလာ နောက်ကျနေပြီ အဲ့တာဆို ငါတို့သွားပြီနော် သွင်ပြင်"
"ဟုတ်ကဲ့ဗျ "
______________________________________
မဂ်လာပွဲရောက်တော့ Daddy နဲ့ ဉီးလင်းက ခနဘဲဝင်နှုတ်ဆက်ပြီး ပြန်ထွက်သွားလေသည်။
အမရာကလည်း သူ့အသိတွေနဲ့ သွားပြီး စကားပြောနေတာကြောင့် ကိုယ့်မှာတစ်ယောက်တည်းသာ ထိုင်နေရသည်။
Daddy ရဲ့ စီးပွားဖက်တစ်ယောက်ရဲ့သား ကျွန်တော်ရဲ့ ရန်ဖြစ်ဖက် တစ်ယောက် ရဲ့မဂ်လာပွဲသာ။
လူငယ်တွေကသာ မတည့်တာ လူကြီးတွေကတော့ အပြုံးကိုယ်စီဖြင့်သာ ပုခုံးဖက်ကာရင်းရင်းနှီးနှီး ဆက်ဆံရေးရှိလေသည်။
ဖုန်းကိုကြည့်တော့လည်း ဘာမှစိတ်ဝင်စားစရာမရှိ။
တခါတခါ အသွင့်ကို အိမ်မှာ အဆင်ပြေရဲ့လား ဆိုတဲ့ စိတ်ကြီးက ဝင်လာလေသည်။
ဖြောင်း!
"ကျစ်.."
အသံနဲ့အတူ ဂုတ်ပိုးမှ စပ်ဖျင်းဖျင်း နာကျင်မှုကြောင့် ဒေါသထောင်းခနဲထွက်ကာ စုတ်သတ်တစ်ချက် သတ်ကာ ထပြီး ထိုးရန် ပြင်လိုက်ပေမယ့် မြက်လိုက်ရတဲ့ မျက်နှာနှစ်ကြောင့် စိတ်ကိုထိန်းလိုက်ရသည်။
"မင်းကလည်းကွာ မတွေ့ရတဲ့အတောအတွင်း ကို ဘာမှကိုမပြောင်းလဲသွားပါလား" ဟုဆိုကာ ကိုယ့်ရဲ့ ပုခုံးကို လာဖက်သူက မင်းမြတ်။
"ဒေါသလေးလည်း လျှော့ပါအုန်းငါ့ကောင်ရာ မျက်မှောင်ကြီးက အခုထိကျုံ့နေတုန်းဘဲ" ဟုပြောလာသူက စိုင်းခ။
"ဖယ်ကွာ...ဒီမှာ လူက စိတ်မကြည်ပါဘူးဆို"
စိုင်းခ -"ဘာလို့လဲ"
"ဘာမှမဖြစ်ဘူး ဒီအတိုင်းဘဲ"
မင်းမြတ်-"ဒါနဲ့ မင်းစော်ရောက်နေ..."
မင်းမြတ်၏ စကားပင်မဆုံးသေး စိုင်းခက ဘေးကနေ တံတောင်နဲ့ တို့လိုက်သည်။
ပိုင်ရတု ဆိုသည်မှာ အမရာ့ကို စော်လို့တောင် ခေါ်ခွင့်မပေးသည့်သူ။
ရည်းစားလို့ပြောရင်တောင်သိပ်မကြိုက်ချင်။
"အင်း ဟုတ်တယ်"
ကျွန်တော့်ရဲ့စကားကြောင့် နှစ်ယောက်စလုံး အံ့သြသလို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့နေကြသည်။
ဟုတ်ပါသည်။အရင်ကတော့ လုံးဝမကြိုက်ပေမယ့် အခုတော့ ဘာမှမဖြစ်သလို ခံစားရသည်လေ။
စိုင်းခ-"ဒါနဲ့ ညကျရင် သွားသောက်ကြမှာ လိုက်မှာမလား"
"ငါ...မလိုက်ဖြစ်လောက်ဘူး အိမ်မှာ Daddy ရောက်နေတယ်"
မင်းမြတ်-"ရလောက်မှာပါကွာ...လာပါ လိုက်ခဲ့ ဒီလိုညဘဲ ကဲလို့ရတော့မှာနော် မင်းက"
"အေး ပြောကြည့်လိုက်အုန်းမယ်"
"ကို..."
"အော်...အမရာ"
"မင်းမြတ်နဲ့ စိုင်းခရောက်နေပြီဘဲ"
စိုင်းခ-"အမရာကတော့ မတွေ့ရတဲ့ အတောအတွင်းကို အတော်လှလာတာဘဲ"
"ဟင်းဟင်း စိုင်းခကတော့ မြှောက်ပြန်ပြီ နောက်တခါတွေ့မှ မုန့်ဝယ်ကျွေးမယ်"
မင်းမြတ်-"ငါ့ကို ကျမကျွေးဘူးပေါ့လေ ဟုတ်လား"
"မဟုတ်တာ နှစ်ယောက်စလုံးကို ကျွေးမှာပေါ့...ဒါနဲ့ကို.."
"အင်း..."
"ညကျရင် သွားသောက်မှာလား"
"မသေချာဘူး အမရာ ကိုယ် Daddy ကိုပြောကြည့်လိုက်အုန်းမယ်"
"အင်းအင်း အမရာကတော့ အိမ်ကို ဒီညပြန်မအိပ်တော့ဘူးနော် အဒေါ့်ဆီ တစ်ခါတည်း ဝင်ကြည့်မလို့လေ"
"အင်းအင်း ဟုတ်ပြီ"
အမရာကတော့ မဂ်လာပွဲပြီးပြီးချင်းပင်သူ့သူငယ်ချင်းတွေနဲ့ အတူ လိုက်သွားလေသည်။
Daddy ဆီဖုန်းဆက်တော့လည်း အတော်အလုပ်များနေပုံရလေသည်။
အေးအေး လို့ဘဲ ပြောပြီး ချက်ချင်းဖုန်းချသွားလေသည်။
ကိုယ်လည်း လိုက်တော့လိုက်ချင်ပေမယ့် စိတ်က အသွင့်ဆီမှာသာ။
နေ့လည်ကျတော့ လည်း စိုင်းခတို့နှစ်ယောက်နဲ့ လျှောက်လည်နေကာ ညနေရောက်တော့ ချိန်းထားတဲ့ ကလပ်ကို လာခဲ့လိုက်သည်။
အိမ်မှာ အသွင်တစ်ယောက်တည်းအဆင်ရောပြေပါ့မလား..။
"ငါ့ကောင်ကြီး သောက်စမ်းပါအုန်းကွာ"
ထည့်ထားတဲ့ ပထမ တစ်ခွက်တောင် တဝက်မကျိုးသေးသောကြောင့် သတို့သားက သူ့ဆီ လာပြီးပြောလေသည်။
"ဘာလဲ မင်းက အခုထိငါ့ကို မကြည်ဖြစ်နေတာလား...ထားလိုက်ပါကွာ ငါတို့အခု ပြန်တည့်ကြတာပေါ့ ချီးယား"
ပြောပြီး ကိုင်ထားတဲ့ခွက်ကို ကို သူ့ခွက်နဲ့ လာတိုက်တာကြောင့် ကိုယ်လည်း ပြန်ပြုံးပြပြီး တကျိုက်တည်း မော့သောက်ပစ်လိုက်သည်။
ဆူညံနေသော တီးလုံးသံစဉ်တွေက အရင်တုန်းကဆိုရင် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဖြစ်စေကေမယ့် အခုတော့ နားဝင်ဆိုးလှလေသည်။
စိုင်းခ နဲ့ မင်းမြတ်တို့ကတော့ Dancing floor မှာ အပီအပြင်ကလို့နေသည်။
ကိုယ်လည်း အမြည်းလေးစားလိုက် အရက်လေး သောက်လိုက်နဲ့လုပ်နေတာ ရေချိန်က အတော်ကိုက်လို့နေလေပြီ။
ဖုန်း screen ကို ဖွင့်ကြည့်လိုက်တော့ 8:43 PM ဟုဖော်ပြထားသောကြောင့် သိပ်မနောက်ကျသော်လည်း အိမ်တွင် တစ်ယောက်တည်း ရှိနေသူ ကိုစိတ်ပူတာကြောင့် ပြန်ရန်ဆုံးဖြတ်လိုက်ကာ ဖုန်းကို ဘောင်းဘီအိတ်ထောင်ထဲထိုးထည့်လိုက်သည်။
ရုတ်တရပ် ထရပ်လိုက်သောကြောင့် လူက မိုက်ခနဲ ဖြစ်သွားပေမယ့် ကိုယ့်ကို ထိန်းပေးကာ ပြန်ထိုင်ခိုင်းလိုက်တဲ့ ကောင်မလေးတစ်ယောက်။
ရင်ဘတ် တဝက် လောက်က အပေါ်သို့မို့တက်ကာ အထင်းသားမြင်နေရပြီး ပေါင်တံသွယ်သွယ်တို့ကလည်း ပိုင်ရတု၏ ပေါင်နှင့် ပွတ်တိုက်လို့နေသည်။
အဝါရောင်တောက်တောက် နဲ့ အတိုအပြတ်ကို ဝတ်ဆင်ထားသော သူမက အခြားမိန်းကလေးတွေထက် ပိုပြီး တောက်ပလို့နေလေသည်။
"You ကလည်း အစောကြီးရှိသေးတာကို..ပြန်တော့မလို့လား"
"ဖယ်..."
ရုန်းကန်က ထလိုက်ပေမယ့် သူမ ကပြန်ဆွဲတာကြောင့် ပြန်ထိုင်မိသွားသည်။
"ဖယ်စမ်းကွာ.."
"ဟော...You ကလည်း ရော့ ဒါလေးအရင်သောက်လိုက်ပြီးရင် လွှတ်ပေးမယ်"
ပုံမှန်ဆို ဆွဲထိုးပစ်လိုက်ပေမယ့် အခုကိုယ်ကိုယ်တိုင်ကပါအသိစိတ်ကသိပ်မရှိ။
သူမပေးသော ခွက်ကို အကုန်သောက်လိုက်ပြီး ထလိုက်ပေမယ့် သူမကပြန်ဆွဲထားပြန်။
"ခနလောက် နားလိုက်ပါအုန်းလား.."
"မနားဘူး...အိမ်ရောက်မှနားမယ်"
"အဲ့တာတို I လိုက်ပို့မယ်လေ.."
"မ..မလိုဘူးကွာ"
"ဟေ့ ဘာဖြစ်နေတာလဲ"
သတို့သား ဖြစ်သူက အနားကိုရောက်လာလေသည်။
"ဘာဖြစ်ဖြစ် ရှင့်ကိစ္စလား.."
"ဘာ ဖယ်စမ်း စောက်ကောင်မ....ငါ့ကို အိမ်ပြန်....ပို့ပေး"
"အေး ငါလည်း အိမ်ပြန်တော့မလို့ လာ.."
"I လိုက်ပို့ပါမယ်ဆိုကွာ..ယူကလည်း"
"ဟူး...လာလာပိုင်သုတ ဟေ့ဖယ်"
ကားပေါ်ရောက်တော့လည်း ပိုင်ရတုမှာ မနေတတ်မထိုင်ဖြစ်လို့နေသည်။
အဲကွန်းကို အဆုံးထိဖွင့်ပေးထားသော်လည်း တစ်ကိုယ်လုံး ချွေးများဖြင့်။
ဝတ်ထားသော တီရှပ်ကို အတင်းဆွဲဖြဲနေသည်ကြောင့် ပြောထားတဲ့ အိမ်လိပ်စာကို သာ သတို့သားမှာ အမြန်မောင်းပို့နေသည်။
တီ တီ
ကားဟွန်းသံကြောက့် အသွင် အိမ်ထဲက ထွက်လာကာ ခြံတံခါးဖွင့်ပေးလိုက်သည်။
"ဟေ့ ကောင်လေး ဒီမှာ ပိုင်သုတ အရမ်းမူးနေလို့"
"ဗျာ အကိုလေးလား"
"အေးဟုတ်တယ် လာသယ်အုန်း သူ့ကို"
"ဟုတ် ဟုတ်"
[A/N::အသက်မပြည့်သေးသော ကလေးငယ်များနှင့် +++ မကြိုက်သော စာဖတ်သူတို့ ဒီအထိဘဲဖတ်ရင် အဆင်ပြေပါတယ်။မသင့်တော်သော စကားလုံးများ သုံးမိသည်ရှိသော် အခုကတည်းကတောင်းပန်ပါတယ်]
ကားကို ခြံထဲမဝင်ဘဲ အရှေ့မှာဘဲရပ်ထားတာကြောင့် အသွင် ပိုင်ရတု ကို မနည်းသယ်ကာ အခန်းထဲ ပို့ပေးလိုက်ရသည်။
အကျီ် မပါတဲ့ အကိုလေးကိုထိတွေ့ရကြောင့် စိတ်ထဲတမျိုးလေးတော့ ဖြစ်မိသည်။
ကုတင်ပေါ်တွင် နေရာချပေးပြီး စားပွဲပေါ်က အဲကွန်းရီမုကိုလက်နှစင့်စမ်းကာ ယူပြီး အဲကွန်းဖွင့်ပေးလိုက်ကာ ခြံတံခါးကို သွားပိတ်မလို့ရှိသေး လက်ကောက်ဝတ်ကိုဆွဲကာ အဖက်ခံလိုက်ရနာကြောင့် အသွင့်မှာ ရုန်းနေပါသော်လည်း အရာမဝင်။
"အ..အကိုလေး..လွှတ် လွှတ်ပေးပါအုန်းဗျ"
"အင်း...ပူတယ်...အရမ်းပူတယ်"
"အဲ့တာဆို ခန ခနနော် အကိုလေး ကျွန်တော် အွတ်...အွန်း..."
ပြောတာတောင်မပြီးသေး ဆွဲအငုံ ခံလိုက်ရသော နှုတ်ခမ်းလေး။
"အကို..အွတ်...အွန်း...."
"မလုပ်..."
ဝတ်ထားသော အသွင့်၏ စွပ်ကျယ်လေးမှာလည်း အဝေးသို့လွှတ်ပစ်ခြင်းခံလိုက်ရလေသည်။
နှုတ်ခမ်းတွေမှတဆင့် လည်တိုင်သို့ ပြောင်းရွှေ့လာတဲ့ နှုတ်ခမ်းတစ်စုံကြောင့် အသွင့်မှာ လွန့်လူးနေရသည်။
မျက်လုံးက မြင်သာ မမြင်ရတာ ပိုင်သုတ၏ ခန္တာကိုယ်ကို အတင်းတွန်းပြီး ဖယ်နေပေမယ့်လည်း လက်နှစ်ဖက်ကို ချုပ်ကာ ကုတင်ခေါင်းရင်းသို့ ဆွဲတင်ခြင်းခံလိုက်ရသည်။
ပွင့်လွှာ တစ်ဖက်ကို လျှာနှင့်ယက်လိုက် စုတ်လိုက်ဖြင့် အလုပ်ရှုပ်နေပြီး နောက်ပွင့်လွှညတစ်ဖက်ကိုလည်း လက်နှင့်ဖိချေလို့နေလေသည်။
အသွင့်မှာတော့ အသားကုန်အော်ကာတားနေပေမယ့်လည်း အဆင်မပြေ။
မျက်နှာတစ်ခုလုံးမှာလည်း မျက်ရည်တွေနဲ့သာ။
ဟင့်အင်း။ကျွန်တော်လိုချင်ခဲ့တာ ဒီလိုမျိုးမဟုတ်ခဲ့ဘူး...။
"အ့...တော်..တော်ပါတော့..."
"ဟင်း....ဟင်းး..."
အသိစိတ်လုံးဝ ပျော်နေသော ပိုင်ရတု အတွက်တားမြစ် သံများက လောင်စာတစ်ခုလို အောက်ဖောင်းကြွလာသော အရာကို ပိုပြီး အားကောင်းလာစေသည်။
အသက်ရှူသံပြင်းပြင်းဖြင့် ရမက်ခိုးဝေနေတဲ့ အကြည့်များကို အသွင်မမြင်ရပေမယ့် ခံစားလို့ရသည်။
ဘယ်လိုလုပ်လိုက်လဲတော့မသိ ပိုင်ရတု၏ ခန္ဓာကိုယ်မှာ အဝတ်အစားများကင်းမဲ့လို့သွားချေပြီ။
မိမိအောက်တွင်တွန့်လူးနေသော အဖြူရောင်ကောင်လေးက ထန်နေတဲ့ကိုယ့်စိတါကိုပိုပြီး ထန်လာစေသည်။
အသွင် ဝတ်ထားသောချည်သားဘောင်းဘီတိုကို ပိုင်ရတု ဆွဲချွတ်လိုက်ပြီး မာထန်နေသည့် မိမိ၏မြွေဇိုးလေးကို ရှေ့တိုးနောက်ဆုတ် ဆုတ်ကိုင်မိသည်။
ရုန်းကန်နေသော အောက် ကောင်လေးကို မှောက်ရက်အနေအထားပြောင်းပြီး လက်နှစ်ဖက်စလုံးကို ဘေးတွင်ရှိနေသော အဝတ်တစ်ခုနဲ့ စုချည်လိုက်ပြီး အပေါ်သို့ ရွှေ့ထားလိုက်သည်။
တွန်လူးနေသော နောက်ကျောပြင်လေးကို သွားများသုံးက ကိုက်လိုက်ပြီး ဖြူဖွေးသော အောက်က တင်သားလေးနှစ်ခုကို လက်နှစ်ဖက်စလုံးနှင့် ဆုတ်နှယ်လိုက်ပြီး ဘေးသို့ အနည်းငယ်ကားလိုက်ကာ မာထန်နေပြီဖြစ်သောမိမိ၏အရာကို ထည့်လိုက်သည်။
အစိမ်းလိုက်ထိုးသွင်းခံရသော အပေါက်ကလေးမှာ သွေးများပင်ထွက်လို့လာချေပြီ။
လိပ်ပြာလွင့်မတတ် နာကျင်ကျင်မှုကြောင်ြ အကြိမ်ကြိမ် တောင်းပန်ကာ ရပ်ပေးဖို့ တောင်းဆိုနေမိသည်။
အောက်က ကောင်လေး၏ တားမြစ်သံ၊ ငိုယိုသံနှင့် တောင်းပန်သံများကို လျစ်လျူ ရှုကာ
ပိုင်ရတု ပျော်မွေ့နေခဲ့မိသည်။
နာကျင်မှုကို မခံစားနိုင်တဲ့အဆုံး မျက်ရည်များဖြင့်မေ့မြောသွားခဲ့သော ကောင်လေး မကြားလိုက်သည်က အသွင်ဆိုသည့် အော်ညီးသံလေး ကိုပင်....။
မပြတ်သားမှုတွေကြောင့် ဖြစ်ပေါ်လာသော နှစ်ဉီးနှစ်ဖက်နာကျင်မှုများ......။
______________________________________
11.9.2020
11:26 PM
#Yashika
7 နာရီလောက်ကတည်းက ရေးလိုက်ဖျက်လိုက်နဲ့ အခုမှပြီးသွားတယ်။
ရှည်ပါတယ်နော်😁
ဒါနဲ့ နာမည်ပြောင်းထားတယ်သိလား..Thiri ကနေ Yashika လို့ပါ။
GOOD NIGHT 💚
ကျန်းမာရေးဂရုစိုက်ကြပါငယ်လေးတို့ရေ..
Коментарі