Episode-1(Unicode)
Episode-1(Zawgyi)
Episode-2(Unicode)
Episode-2(Zawgyi)
Episode-3(Unicode)
Episode-3(Zawgyi)
Episode-4(Unicode)
Epiaode-4(Zawgyi)
Episode-5(Unicode)
Episode-5(Zawgyi)
Episode-6(Unicode)
Episode-6(Zawgyi)
Episode-7(Unicode)
Episode-7(Zawgyi)
Episode-8(Unicode)
Episode-8(Zawgyi)
Episode-9(Unicode)
Episode-9(Zawgyi)
Episode-10(Unicode)
Episode-10(Zawgyi)
Episode-11(Unicode)
Episode-11(Zawgyi)
Episode-6(Unicode)
အရက်သာ သောက်နေတာ ပုလင်းက တစ်ဝက်ပင် မကျိုးသေး။
သောက်ချင်စိတ်ကမရှိတော့ တာကြောင့် ဖန်ခွက်ထဲတွင်ရှိသော လက်ကျန်ကို တစ်ကျိုက်တည်းမော့ချလိုက်သည်။

ပျင်းလွန်းလို့ စားချင်သောက်ချင်စိတ်ကမရှိ။
ပန်းကန်တွေကို မသိမ်းဘဲ ခြံထဲကို ထွက်လာလိုက်သည်။

အခု ည ၈ နာရီ ဝန်းကျင်သာ  ရှိပေအုန်းမည် ထင်သည်။
စီးကရက် သောက်ချင်တာကြောင့် ဘောင်းဘီ အိတ်ထောင်ထဲ နှိုက်လိုက်သော်လည်း မရှိ။
မိုးရွာ မည့်အသွင်ဖြင့် လေအေးတို့ တဖြူးဖြူး တိုက်ခတ်နေလေကာ စံကားဝါ ပန့်ပွင်တို့၏ ရနံ့ ၊သနပ်ခါး ရနံ့၊ စံပယ်ပန်းရနံ့ ၊ သစ်သားတန်းလေးလုပ်ကာ ချိတ်ဆွဲထားသော သစ်ခွပန်းရနံ့တို့ အပါအဝင်သာမက ကျန်ရှိနေသော ပန်းပေါင်းစုံရနံ့ တို့က နှာခေါင်းကို လာ၍ကျီစယ်နေလေသည်။

အိမ်ထဲက အလင်းရောင်နှင့် ခြံရှေ့တွင် ထွန်းလင်းနေသော လမ်းမီးတိုင်များ၏ အကူအညီဖြင့် အရာရာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်ငြားလည်း
အတော်အသင့် မြင်နေရသည်။

ဒီလိုညမျိုးဆိုတာ ကျွန်တော့်အတွက် ကြုံတောင့်ကြုံခဲသာ။
ညတိုင်းလိိုလို ဆူညံနေသော ပတ်ဝန်းကျင်၌ အချိန်ကုန်လေ့ရှိသော ကျွန်တော်က အခုလို တိတ်ဆိတ်အေးချမ်းမှုကို ခံစားရတာကြောင့် အစိမ်းသက်သက်ဖြစ်နေပေမယ့် ကြိုက်သည်။နှစ်သက်သည်။

"ငါဘာလို့ အရင်က ဒီလိုနေရာကို မသိခဲ့ရတာလဲ"

တဆက်တည်း မြည်လာသော ဖုန်းသံကြောင့် screen ပေါ်တွင်ပေါ်နေသော contact name ကိုကြည့်လိုက်တော့ အမရာ။

စကားပြောနေရင်း စံကားဝါပင် အောက်က ကွပ်ပျစ်ပေါ် ထိုင်နေရာကနေ ထကာ ခြံထဲတွင် လမ်းလျှောက် နေလိုက်သည်။

ထုံးစံ အတိုင်းဘဲပေါ့ဗျာ။အမရာက သူ့ရဲ့ တနေ့တာ အကြောင်းကို ဟာသလေးနဲ့နှောပြီး ပြောလိုက် ကျွန်တော်က ရယ်လိုက်နဲ့ပေါ့။

ခြံထဲ တစ်နေရာအရောက်တွင် ကျွန်တော့်ခြေလှမ်းတွေရပ်တန့်မိလိုက်သည်။

အသွင်...ဒီအခန်းက အသွင့်ရဲ့ အခန်းထင်သည်။
မီးရောင် ဖြူဖြူ အောက်တွင် ကုတင်ပေါ်ထိုင်လျက် ကျွန်တော်နှင့် ငါးလှမ်းအကွာလောက်တွင်ရှိသော ပြတင်းပေါက်မှ ကောင်းကင်ကို မော့ကြည့်နေသော အသွင်။

ပါးစပ်ကလေး ဟနေကာ သွားတက်လေးကလည်း မပေါ်မဖြစ်။
မမြင်ရသော်ငြားလည်း ကောင်းကင်ကို မော်ကြည့်နေဟန်။
စွပ်ကျယ် အဖြူလေး ကိုဝတ်ဆင်ထားသောကြောင့် ဝင်းဝါဖြူဖွေး သောအသားအရည်ကို အတိုင်းသားမြင်နေရသည်။

ကျွန်တော့်ရှိနေတာကို မသိလောက်။
ထို့နောက် အမရာ့၏ စကားသံတို့ကိုလည်း မကြားတော့။
လေဟာနယ်ထဲ ရောက်သွားသည့်နှယ်။

-ကို...ကို..ကိုလို့

-အော်...အင်းအမရာ

ကျွန်တော့်အသံကိုကြားလို့ထင် အပေါ်ကို မော့နေရာမှ ရှေ့တည့်တည့်သို့ကြည့်ကာ မျက်လုံးကို ဟိုရွှေ့ဒီရွှေ့ကစားနေလေသည်။

-အမရာ ပြောတာကို ကြားရဲ့လား

-ကြားပါတယ် အမရာရဲ့ ဒီနေ့တော့ ဒီလောက်ဘဲနော် ကိုယ်နားချင်နေလို့

ကိုယ်ကလည်း ပြောသာပြောနေတာ မျက်လုံးက အသွင့်ဆီမှာသာ ရှိနေသည်။

-အစောကြီး ရှိသေးတာကို ထားပါ..Goodnight ပါ ချစ်တယ်

-ကိုယ်လည်း ချစ်တယ် ဘိုင့်ဘိုင်

တီ တီ တီ

"အဟမ်း..."

ဖုန်းကို ချလိုက်ပြီး ချောင်းကို တစ်ချက်ဟန့်လိုပ်သည်။

"အကိုလေး..."

"အင်း...အသွင် ဘာလုပ်နေတာလဲ"

"ဟို...လရောင်ကို ခံစားနေတာပါဗျ အကိုလေးရော စားတာသောက်တာ ပြီးသွားပြီလား ခနလေးဘဲရှိသေးတာ"

"အင်း စားသောက်ချင်စိတ်မရှိလို့.."

"အော်..ဟုတ်ကဲ့"

"မအိပ်သေးဘူးလား"

"ဟုတ် ကျွန်တော်က ဒီအချိန်ဆို မအိပ်သေးဘူးရယ်"

"အဲ့တာဆို အပြင်ထွက်ခဲ့လေ..ငါလည်းပျင်းနေတာ"

"ဗျာ..အခုလား"

"အင်း...ကွပ်ပျစ်ပေါ်ကစောင့်မယ်"

"ဟုတ်ကဲ့ အဲ့တာဆို ပြတင်းပေါက်ပိတ်လိုက်တော့မယ်နော်"

"အင်း.."

ဂျလောက်  ဆိုသည့်အသံနောက် ကျွန်တော်လည်း ကွပ်ပျစ်ပေါ်သွားထိုင်လိုက်သည်။

မကြာပါ...အသွင်လည်းရောက်လို့လာသည်။
ကိုယ့်ဆီတည့်တည့်လျှောက်လာသော အသွင့်ကို ကြည့်ပြီး တံတွေးပင် မျိုချမိသည်။

ပေါင်လယ်လောက်ရှိသော အပြာနှင့် အဖြူ စင်း ချည်သားဘောင်းဘီ ပါးပါးကို စွပ်ကျယ် အဖြူနဲ့ တွဲဝတ်ထားသောအသွင်။

ကိုယ်လည်းယောင်ယမ်းကာ  တံတွေးမျိုချမိတာကြောင့် တံတေပင် သီးလေပြီ။

"အဟွတ် အဟွတ်"

"အကိုလေး..ရရဲ့လားဗျ..ကျွန်တော် ရေသွားယူပေးမယ်"

"အဟွတ် ရတယ် ရတယ် အဟွတ် မယူနဲ့"

ကိုယ့်ဆီရောက်ဖို့ သုံးလှမ်းအလိုလောက်မှာ ရှိသော အသွင်က ဘေးကို မသွားဘဲ တန်းတန်းလျှောက်လာတာကြောင့် ခြေထောက်နှစ်ဖက်ကို ကားပြီး ထိုင်နေသော ကျွန်တော့ခြေထောက်နှစ်ဖက်ကြားထဲ ဝင်လာသည်။

အသွင်ကတော့ ဘာရယ်မဟုတ် တိုက်မိတာကြောင့် ကျွန်တော့် ပုခုံးနှစ်ဖက်ပေါ် လက်တင်လိုက်ပေမယ့် ကျွန်တော်ကလည်း လန့်သွားပြီး လက်နှစ်ဖက်က စေခိုင်းမှုမပါဘဲ အသွင့်၏ ခါးတွင် ရစ်ပတ်မိသည်။

"ဟာ..အကို..အကိုလေး ကျွန်တော် တောင်းပန်ပါတယ်ဗျ"

"ဟမ်..အင်း...အင်းအင်း...ငါလည်း sorry မပြောမိတာ"

"ဟို အကိုလေး ကျွန်တော့်ကို လွှတ်လို့ရပြီဗျ"

"အဟမ်း..အဟင်း"

ကိုယ်လည်း အရှက်ပြေချောင်းဟန့်ပြီး လွှတ်ပေးကာ ဘေးဘက်ကိုရွှေ့ပေးလိုက်သည်။
အသွင်ကတော့ရပ်နေမြဲ။

"အသွင် ထိုင်လို့ရပြီနော်"

"ဗျာ..ဟုတ် ဟုတ်ကဲ့"

...........

"အသွင်က ဒီမှာနေတာကြာပြီလား"

"ဟုတ် ကြာပြိီ လို့ပြောလည်းရတယ် ကျွန်မျက်စိကွယ်ပြီး သုံးနှစ်လောက်နေတော့ ဒီကိုရောက်လာတာ"

"အဲ့ဆို အသွင်က အရင်က မျက်စိမြင်ရတယ်ပေါ့"

"ဟုတ်ကဲ့ မြင်ရတယ်ဗျ"

"ဘာလို့မျက်စိက ကွယ်သွားတာလဲ...ဟို ငါက ဒီအတိုင်းသိချင်လို့ မေးလိုက်တာနော် မဖြေလည်းရတယ် ဘာမှမဖြစ်ဘူး အသွင်"

"ရပါတယ် အကိုလေး..ကျွန်တော် သုံးနှစ်သားလောက်တုန်းက အပြင်းဖျားပြီး မျက်စိကွယ်သွားတာ...ကျွန်တော်တို့ရွာက ခေါင်တယ်လေ ဆေးဆိုင်မရှိ ဆေးခန်းမရှိနဲ့ မြို့နဲ့ကလည်းအတော်ဝေးတယ် အဘွားကလည်း ဆေးဖိုးမတတ်နိုင်တာနဲ့"

"အော်......"

ပြောနေတဲ့ အသွင်က ဘာမှမဖြစ်ပေမယ့်နားထောင်နေတဲ့ကိုယ်က စိတ်မကောင်းဖြစ်ပြီး မေးမိတဲ့ပါးစပ်ကို ဖြတ်ရိုက်ချင်လာတယ်။

"ဟုတ်..."

ကိုယ်ကတော့ ခေါင်းစောင်းပြီး အသွင့်ကိုကြည့်နေကာ အသွင်ကတော့ ကောင်းကင်ကြီးကိုသာ မျက်နှာမူ၍ မော့လို့နေလေသည်။

"ဒါနဲ့ အရင်ကရော ဒီလို အခြားသူလာနေဖူးလား Daddy ရော ဒီကို လာနေဖူးလား"

"မနေဖူးဘူးဗျ အကိုလေးက ပထမဆုံးဘဲ သူဌေး ကဟိုတယ် မှာအိပ်တာလေ.."

"အဲ့တော့ ငါလာနေတော့ အနေကြပ်တာတွေ အလုပ်ရှုပ်တာတွေ ရှိလား"

"အနေတော့မကြပ်ပါဘူး အလုပ်ကတော့ရှုပ်တာမှန်ပေမယ့် ကျွန်တော်ပျော်တယ်"

"ပျော်တယ်..ဟုတ်လား ဘာလို့လဲ"

ကိုယ့်ကြောင့် ပျော်တယ်ဆိုတဲ့ စကားကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်သည် ကြည်နူးမှုသို့ ဦးတည်လျက်။

"ဒီလိုနေ့မျိုး ဦးလင်းက အပြင်မှာအိပ်တယ်ဆို ကျွန်တော်တစ်ယောက်တည်း ပျင်းတယ်လေ ပြီးတော့ နေ့ခင်းဘက်တွေဆိုလည်း ဦးလင်းက သူဌေးခိုင်းတဲ့ အခြားအလုပ်တွေသွားလုပ်တော့ ကျွန်တော်တစ်ယောက်တည်း
အခုကျ အကိုလေးရှိတော့ မပျင်းရတော့ဘူးပေါ့..ညဆို တစ်ယောက်တည်းရှိတဲ့အချိန် ကြောက်တယ်ဗျ"

"အဲ့တော့ ဆိုလိုတာက ငါမဟုတ်ဘဲ အခြားသူလာနေရင်လည်း ပျော်တယ်ဆိုတဲ့ သဘောလား"

မကျေနပ်ဟန်ဖြင့် ဆောင့်အောင့်ပြိီးမေးလိုက်သည်။

"မဟုတ်ပါဘူး အကိုလေးကလည်း...အကိုကေ သဘောကောင်းတယ်လေ အခြားသူဆို ကောင့်ပါ့မလားမသိဘူး ကျွန်တော်လေ အကိုလေးအကြောင်းကြားတုန်းက အတော်ဆိုးသွမ်းမယ်ထင်ခဲ့တာ တကယ်တော့မဟုတ်ဘူး"

"ဟား..Daddy က အသွင်တို့ကို ငါ့အကြောင်းဘယ်လိုပြောထားတာလဲ"

"ဗျာ..တကယ်ကြီး ပြောပြရမှာလား"

"ဟားဟား တကယ်ပေါ့ဗျ"

အသွင့်ပုံစံက ပြောမပြချင်တဲ့ ပုံစံပင်။

"ရတယ် ရတယ် အသွင်မပြောချင်ရင် မပြောနဲ့လေ "

"ပြော..ပြောပြပါမယ်ဗျ ကျွန်တော်က လျှို့ဝှက်ထားရတာကြီးကို မကြိုက်လို့"

"ဟုတ်ပါပြီ"

"ဦးလင်းကိုတော့ဘာမှမပြောဘူး..ကျွန်တော့်ကိုအဓိက ပြောတာ.."

"အင်း"

"ဟို အကိုလေးကအရမ်းဆိုးလို့ လိမ္မာသွားအောင် ချော့ပြီး ပြောပေးပါတဲ့ "

"ဟင်.."

"ပြီးတော့ အကိုလေး စိတ်တိုလာရင်လည်း ရှောင်ပြေးတဲ့"

"ဘာ"

"ဟီး...အဲ့တာကြောင့် မပြောချင်တာ အကိုလေး စိတ်မတိုနဲ့နော် အကိုလေးက သဘောကောင်းတယ်"

"မတိုပါဘူး အံ့သြသွားတာပါ Daddy က အသွင့်ကို အဲ့လိုပြောမယ်လို့ မထင်ခဲ့လို့ ပြီးတော့ ငါသဘောကောင်းတာဆိုလို့ အမရာ နဲ့ အသွင်ဘဲ ရှိတယ်"

"အမရာက အကိုလေးရဲ့ ချစ်သူမို့ သဘောကောင်းပေးပြီး ကျွန်တော်က မျက်ကန်းမို့ သနားပြီး သဘောကောင်းပေးတာလားဗျ..ဟီးဟီး"

မျက်နှာငယ်လေးနဲ့ စပြောပြီး အဆုံးသတ်မှာ စနောက်သလို ဟန်ဆောင်ကာ ပြောလာတဲ့ အသွင်ကြောင့် ရင်ထဲတွင် ဟာတာတာ ဖြင့်သာ။

"မဟုတ်ပါဘူး..အမရာက ချစ်သူ မို့ဆိုပေမယ့် အသွင့်ကိုတော့ မျက်ကန်းမို့ မဟုတ်ဘူး..အဲ့အတွေးကို အခုချက်ချင်း​​ဖျက်လိုက်တော့..ဒီအတိုင်း အသွင်က အသွင်မို့ သဘောကျလို့ "

"သဘောကျလို့.....ကျွန်တော်လည်း အကိုလေးကို သဘောကျပါတယ်"

ဟန်ဆောင်ကာ ပြုံးနေသောလအသွင့်၏ အပြုံးက ဟန်ဆောင်မှု ကင်းသော အပြုံးသို့ ပြန်လည်ပြောင်းလာနေလေပြီ။

"ထားပါ...ပျင်းတယ် သီချင်းဆိုပြ"

"ဗျာ..."

"မဆိုပြချင်ဘူးလား..မရှက်ပါနဲ့ ငါ အသွင်ဆိုတာကို နားထောင်ချင်လို့"

"ဟုတ်ကဲ့"

"အချစ်ဆိုတာဟာ ကောင်းကင် ငှက်တစ်ကောင်လိုဘဲ ဘဝဆိုတာ ဖြတ်သန်းမှ အဓိပ္ပာယ်ရှိတယ် တချိန်လုံး ပျံသန်းလာခဲ့ရတဲ့ အမောတွေကို ........"

ခပ်အေးအေး ခပ်တိုးတိုး နဲ့ ဆိုနေသော အသွင်ရဲ့ ပုံစံက ကျွန့်တော့်အား ရင်ခုန်စေသည်။
ဘာလို့လည်းလို့တော့ လာမမေးနဲ့ ကျွန်တော်လည်းမသိဘူး။

"လေကို ထိုးခွင်းလာရင်းနဲ့ တောင်ပံ ခတ်သံ အချက်တိုင်းမှာ ချစ်တယ် ချစ်တယ်ဆိုတဲ့ ရိုက်ချက်များ ရွှေနားတော်အပါးစင် ပတ်တင့်မည်ဟီးလို့ ချစ်တယ် အရမ်းဘဲ ချစ်နေပြီ ချစ်တယ်အရမ်းဘဲချစ်နေပြီ......"

သီချင်းသံကိုလည်း ကြားတစ်ချက်မကြားတစ်ချက်....မည်သည့် ဒြပ်ထု ပစ္စည်း ၊သက်ရှိများ၊ သက်မဲ့များ မရှိသော လေဟာနယ်ထဲသို့ အသွင်နှင့်နှစ်ယောက်ထဲ ရှိနေသည့်အလားပင်။
စိတ်တွေ လွတ်ထွက်မသွားအောင် ထိန်းချုပ်နေပါသော်ငြားလည်း......

"ချစ်တယ်...အရမ်းဘဲ ချစ်နေ...အွတ်.."

ကိုယ် ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ငုံထွေးလိုက်မိသော နှုတ်ခမ်းလေး တစ်စုံ။

အစကတော့ လန့်ပြီး ရုန်းနေပေမယ့် နောက်တော့  မရုန်းတော့ပေ မျက်ခုံးနှစ်ဖက်ကို ထိစပ်လုနီးပါး ကြုတ်ထားပြီး တောင့်တောင့်ကြီး နေနေလေရဲ့။
ကိုယ်ကလည်း မနမ်းရှိုက်မိ။ထိကပ်ရုံ သာကပ်ထားသည်။
စိတ်အစဥ်တွင် ဘာမှမရှိ။
သံစုံ မြည်နေသော နှလုံးသား တီးဝိုင်းကိုသာ အသွင်မကြားအောင် ထိန်းချုပ်နေမိသည်။

အော်....ချိုမြိန်မှုဆိုတာ ဒါမျိုးလား

______________________________________

ဖုန်းသံ ကြောင့် မကြာသေးခင်အချိန်ကမှ ပိတ်သွားသော မျက်ခွံတစ်စုံ အပေါ်သို့ အားတင်းပြီး တင်လိုက်သည်။

-ဟယ်လို..

-အေး နိုးပြီလား ဒီနေ့ စိုက်ခင်းထဲသွားရမှာ ပြင်တော့

-ဟင် Daddy လား ဘယ်က စိုက်ခင်းလဲ

-အေး ဟုတ်တယ် မင်း ဒီနေ့ကစပြီး အလုပ်လုပ်ရမှာ

-ဗျာ Daddy!!

လှဲနေရာမှ ကမနကတန်ူ ထထိုင်ကာ ဆံနွယ်ရှည်များကိုကြားထဲသို့ လက်တစ်ဖက်ဖြင့် ထိုးဖွနေမိသည်။

-ဘာလဲ ဘာဖြစ်တာလဲ မင်းကို မနေ့က တစ်နေကုန် နားခိုင်းထာားတာကို အိပ်ရေးမဝတဲ့ လေသံ နဲ့ လာအော်မနေနဲ့

တကယ်လည်း အိပ်မဝခဲ့ပါ။

-ဟာ Daddy ကလည်း

-Daddy ကမလည်းနဲ့ ထတော့ ရေမိုးချိုး မနက်စာစားပြီး မောင်လင်းနဲ့ စိုက်ခင်းကို လိုက်သွား အချိန်ဆွဲမနေနဲ့နော် ​

-Daddy ရာ မလုပ်ပါနဲ့

-လုပ်ရမှာဘဲ အေး မင်းမလုပ်ဘူးဆိုရင် ဂျပန်ကို သွားဖို့ စိတ်တောင် မကူးနဲ့ ဒါဘဲ

တီ တိ တီ

"ဘာကြီးလဲကွာ...စိုက်ခင်း ဟုတ်လား နေပူကြီးထဲ လုပ်ရမှာတော့ မဟုတ်လောက်ပါဘူးနော်"

စိတ်ပျက်စွာ ငြီးညူ ပြီး ခေါင်းကို လက်နှစ်ဖက်စလုံးနှင့် တဗြင်းဗြင်း ကုတ်နေရာမှ မနေ့ညကအကြောင်း ခေါင်းထဲပေါ်လာသည်မို့ သေချင်စိတ်က ပေါက်လာလေပြီ။

"အသွင့်ကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲကွာ"

"ဟူးးး မသိတော့ဘူးကွာ"

အိပ်ရာ မှထပြီး လိုက်ကာကို ဖွင့်လိုက်တော့ တိုးဝင်လာသော ခပ်ဖျော့ဖျော့ နေရောင်ကြောင့် မျက်လုံးကို လက်နဲ့ ကာလိုက်သည်။

ရေလောင်းနေသော အသွင့်ကို တွေ့တာ​ကြောင့် အမြန်ပင်လိုက်ကာကို ပြန်ပိတ်လိုက်သည်။
ကိုယ့် စိတ်ကိုယ်မလုံသည်ကြောင့် အသွင့်ကို သိပ်တောင် မကြည့်ရဲ။

တညလုံး မအိပ်ဘဲ မိမိ၏ လုပ်ရပ်ကို သေချာစဥ်းစား တွေးတော နေပါသော်လည်း အ​ဖြက နှစ်ခုထက်ပို၍ ထွက်မလာ။

ပထမတစ်ခုက*ငါ Gay သွားတာလား*

ဒုတိယတစ်ခုက *ငါ အသွင့်ကို ချစ်နေပြီ*

ပထမကတော့ ဖြစ်နိုင်ချေ လုံးဝ မရှိ ပေမယ့် ထည့်သွင်းစဥ်းစားထားသည်။
တစ်ရက်သာ တွေ့ဖူးသေးသော ယောကျာ်းလေး တစ်ယောက်ကို သဘောကျမိလို့ပေ။

ဒုတိယ တစ်ခုသာ မှန်နေမယ်ဆိုရင်.....
အမရာ ကရော......

______________________________________
4.9.2020
10:51 PM
#Yashika

အရင်အပိုင်းတွေထက် ရှည်ပါတယ်။
ဒီ့ထက် ပိုရှည်ရမှာကို လက်က မှားပြီး ထွက်လိုက်တာ ပျက်သွားလို့ ပြန်ရေးနေရတာမို့ တိုသွားတယ်။

ကိုယ်ရေးတာ အဓိပ္ပာယ်ရော ရှိရဲ့လား😅😅

© Yashika ,
книга «ချစ်ရပါသောအသွင်(ချစ်ရပါသောအသွင်)».
Коментарі