Episode-1(Unicode)
Episode-1(Zawgyi)
Episode-2(Unicode)
Episode-2(Zawgyi)
Episode-3(Unicode)
Episode-3(Zawgyi)
Episode-4(Unicode)
Epiaode-4(Zawgyi)
Episode-5(Unicode)
Episode-5(Zawgyi)
Episode-6(Unicode)
Episode-6(Zawgyi)
Episode-7(Unicode)
Episode-7(Zawgyi)
Episode-8(Unicode)
Episode-8(Zawgyi)
Episode-9(Unicode)
Episode-9(Zawgyi)
Episode-10(Unicode)
Episode-10(Zawgyi)
Episode-11(Unicode)
Episode-11(Zawgyi)
Episode-2(Unicode)
Episode 2

"ဟေ့ကောင် မင်းစောက်လုံး ကန်းနေတာလား..ဒီမှာရေစိုနေပြီ ရေပိုက်ကိုဖယ်လေ"

"ဗျာ..ဟုတ်..ဟုတ်ကဲ့တောင်းပန်ပါတယ် ကျွန်တော့ မျက်စိမမြင်ရလို့ပါ"

"ဟင်...."

"တောင်း..တောင်းပန်ပါတယ်ဗျ..ကျနော်အသံမကြားလိုက်လို့ပါ"

ရေပိုက်ကို သူ့နောက်ဘက်သိို့ ပစ်ချလိုက်ပြီး ခါးလေးညွတ်ကိုင်းကာ တောင်းပန်နေသောကောင်လေး။

နွမ်းနေပြီဖြစ်သော စွပ်ကျယ်ဝါညစ်ညစ်နှင့် အညိုရောင်ကွက်စိပ် ပုဆိုးအကြမ်းကို ခြေသလုံးအလည်လောက်ထိတိုအောင်ဝတ်ထားလေသည်။
ပုဆိုးကို တိုအောင်ဝတ်ထားသော်ငြားလည်း ရေတွေစိုရွှဲ လို့နေသည်။
ဆံပင်ကတော့ ကတုံးဆံတောက်ကေ ဖြင့်သာ။

ကိုယ့်ရဲ့ ဘေးဘက်ကိုသာ ကြည့်နေသော ကောင်လေးကြောင့် အော်မိတာသိပ်တော့ စိတ်မကောင်းဖြစ်မိသည်။

"အကိုလေး..ဘာဖြစ်တာလဲဗျ.."

ကောင်လေး ဘေးသို့ ဦးလင်းအောင်ရောက်လာသည်။

"ဟိုလေ ဦးလင်း ကျွန်တော်အပင်တွေကို ရေလောင်းနေတာ အဲ့အကိုကို ရေနဲ့ပက်မိသွားလို့"

"ဟေ ဟုတ်လား အကိုလေး တောင်းပန်ပါတယ်ဗျ ဒီကလေးက မျက်လုံးကွယ်နေလို့ပါ ကျွန်တော့တူလေး သွင်ပြင်ပါဗျ "

ရုတ်တရပ် မျက်နှာလေးငယ်ကာ ခေါင်းငုံ့သွားသောကောင်လေး။

"ဟုတ် ရပါတယ်..သွားတော့မယ်"

"ဟုတ်ကဲ့"

ကိုယ့်အခန်းကိုသာ လာလိုက်ပြီး စိုနေသော အကျီ္အဖြူကို ချွတ်ကာ ကြမ်းပြင်ပေါ်မှာဘဲ ချထားလိုက်သည်။

ဘေးနံရံတွင် ကပ်ထားသော နာရီကိုကြည့်တော့ မနက် 7 နာရိီနဲ့ 25 မိနစ်ကို  ဖော်ပြလို့နေသည်။

ဗိုက်ကလည်း ဆန္ဒပြနေပြီ ဖြစ်တာကြောင့် ရေချိုးပြီး မနက်စာ စားရန်ဆုံးဖြတ်လိုက်သည်။

ဘယ်ဘက်လက်တွင် ပတ်ထားသော နာရီကိုအရင်ချွတ်ကာ ကုတင်ပေါ်ပစ်တင်ပြီး ဒူး နေရာတွင်နှစ်ဖက်စလုံးတွင် အပြဲပါသော အနက်ရောင်ဂျင်းဘောင်းဘီကို ချွတ်ချလိုက်ကာ ဘေးဘီကိုကြည့်လိုက်တော့ မြင်လိုက်ရသည်က သွင်ပြင်ဆိုသည့်ကောင်လေး။

လိုက်ကာ ကို ဘေးသို့ဆွဲထားတာကြောင့် မှန်ပြတင်းကနေ ထိုးဖောက်မြင်နေရသော အပြင်ဘက်။
သွင်ပြင်ကတော့ တရုတ်စံကားဝါ ပင်ကြီးကို ဝိုင်းကာ ပြုလုပ်ထားသောကွပ်ပျစ်ပေါ်တွင် ကိုယ်အခန်းရဲ့ မှန်ပြတင်းဘက်ကို မျက်နှာမူကာတင်ပလင် ခွေထိုင်လျက် မျက်နှာကလည်းပြုံးကာ ပါးစပ်က လှုပ်စိလှုပ်စိဖြင့်ဘာကို ပြောနေသည်လည်းမသိ။

ကိုယ်လည်းအစက လန့်သွားပြီး ကိုယ့်ခန္ဓာကို ယ်ကို ခေါင်းငုံ့ကြည့်တော့ နက်ပြာရောင် အတွင်းခံနှင့်သာမို့ အဝတ်တန်းတွင် ချိတ်ထားသော တပတ်ကို ယူကာခါးတွင်ပတ်လိုက်သည်။အတွင်းဘက်က မြင်ရပေမယ့် အပြင်ကကြည့်ရင် အခန်းထဲကို မြင်ရလား မမြင်ရလားတော့ ကျွန်တော်မသိပါ။

"အော်..သူမှ မျက်စိမမြင်တာကို..."

တစ်ယောက်တည်းပြောပြီး ခေါင်းခါကာ လိုက်ကာကို ဆွဲပိတ်လိုက်သည်။

ရေချိုးပြီး ထွက်လာတော့ ဘာရယ်ကြောင့်လည်းတော့မသိ လိုက်ကာကို အနည်းငယ် ဆွဲဟကြည့်တော့ သွင်ပြင် မရှိတော့။

ကုတင်ခြေရင်းတွင် ထောင်ထားသော luggage ကို ကုတင်ပေါ်တင်ကာ ဒူးအထက် နက်ပြာရောင် ဘောင်းဘီ တိုပွပွကို ထုတ်လိုက်ကာ ဂျိုင်းပြတ်အနက်ရောင် အကျီ္ ကို ထုတ်လိုက်သည်။ဂျိုင်းပြတ်ဖြစ်တာကြောင့် ညာဘက်လက်တွင်ထိုးထားသော တက်တူး တွေနှင့် စိမ်းမြရောင် သွေးကြောတို့မှာ ထင်ပေါ်လို့နေလေသည်။

အဝတ်အစားများ ဝတ်ဆင်ပြီးနောက် မနက်စာစားရန် ဖုန်းကို ယူပြီး မီးဖိုချောင်ထဲ ဝင်လာလိုက်တော့ ဦးလင်းအောင်နှင့် သွင်ပြင်က အရွက်သင် နေကြသည်။

"အော် အကိုလေး.."

"မနက်စာ စားမလို့ ဦးလင်း"

"ဟုတ်ကဲ့ ခနနော် အကိုလေး"

လူငါးယောက်စာခန့်သာရှိသော ထမင်းစားပွဲ၏ ထိပ်ဆုံးထိုင်ခုံတွင်နေရာယူထိုင်လိုက်သည်။
ဦးလင်းအောင်ကတော့ ကော်ဖီချပေးကာ ဟင်းအိုးထဲက ဘာတွေခူးခပ်နေလည်းမသိ။

သွင်ပြင်ကတော့ အောက်ကြမ်းပြင်တွင်ထိုင်ကာ အရွက်သင်ဆဲ။
ပိုင်ရတု သွင်ပြင်ကိုတစ်ချက်သာကြည့်ပြီး ကော်ဖီတစ်ငုံသောက်ကာ ဖုန်းကို ထုတ်ပြီး အမရာဆီ ဖုန်းဆက်လိုက်သည်။

တီ တီ တီ

မကြာပါ အမရာဖုန်းကိုင်လာသည်။

-ဟယ်လို ကို..

-နေကောင်းရဲ့လား အမရာ ကိုယ်ကတော့အခု မန္တလေးကို ရောက်နေတယ်

-အင်း..ကောင်းပါတယ်..မနေ့ကဘာလို့ဖုန်းမဆက်တာလဲ ကြားထားတယ်နော် ရန်ဖြစ်တာဆို ဟုတ်လား

-ဟုတ်တယ် သတင်းကလည်း မြန်လိုက်တာကွာ..

-ထားပါ အဲ့တော့ ကို့ ရဲ့Daddy က မန္တလေးကို ပို့လိုက်တယ်ပေါ့လေ..ဘယ်လောက်ကြာမှာလဲ

-တစ်လတည်းပါ။ဒီတစ်လ ပြီးရင် ကိုယ်အမရာ ဆီလာလို့ရပြီသိလား

-တကယ်လား..ပျော်လိုက်တာ အမရာကလေ ကို့ ကိုလွမ်းနေတာ

-ကိုယ်လည်း လွမ်းပါတယ်ကွာ..

ကိုယ့်ရှေ့တွင် လာချပေးသော ပါလချောင်ကြော်၊အကွင်းကြော်နှင့် ထမင်းကြော်ကြောင့် နှာခေါင်းရှုံ့ မိသည်။
ငါမှ ဒါတွေမစားတတ်တာကိုကွာ။

-ဟုတ်ပါပြီ ဒါဘဲနော်..မေမေက ခေါ်နေပြီ ချစ်တယ်

-ကိုယ်လည်း ချစ်ပါတယ်..ဘိုင့်ဘိုင် နော် အာဘွား

-အာဘွား အာဘွား..တာ့တာ့ ချလိုက်ပြီ

-ဟုတ်ပါပြီဗျာ

"ဦးလင်း..အခြားဟာမရှိဘူးလား"

"မရှိဘူးဗျ...ဒီနေ့တော့ဒါဘဲပြင်ဆင်ထားတာ နောက်နေ့မှ အကိုလေး ကြိုက်တာကို ကျွန်တော် ပြင်ပေးပါ့မယ်ဗျ"

ပြန်ဖြေလာသည်က ဦးလင်းအောင်မဟုတ်။
သွင်ပြင် ဆိုသည့်ကောင်လေး။
သူတို့ရှိရာကိုကြည့်လိုက်တော့ ဦးလင်းအောင်က မရှိ။
မျက်လုံးလေး ကလည်ကလည်နှင့် မျက်နှာတစ်ခုလုံးသာမက နားရွက်ဖျားတွေပါ နီနေသော ကောင်လေး။
စောစောက အမရာ နဲ့ပြောတဲ့စကားတွေကြောင့် အရှက်သည်းနေပုံ ရသည်။
ဒါနဲ့ ယောကျာ်းလေး တစ်ယောက်ရဲ့အသားအရည်က အဲ့လောက် ဝင်းဝါနေစရာ လိုလို့လား။

"ဟင်း...အင်းအင်း"

မစားချင်သော်လည်း ဗိုက်က အတော်ဆာနေပြီဖြစ်တာကြောင့် ကြိတ်မှိတ်စားရပြန်အုန်းမယ်။

ဆီဝါနှင့် ကြော်ထားသော ထမင်းကြော်ကို ဇွန်း တဝက်လောက်အနည်းငယ် ခပ်ပြီး စားကြည့်တော့ လျှာပေါ်ရောက်လာတဲ့ အရသာကြောင့် မျက်လုံးတောင် ပြူးသွားသည်။
ကောင်းလိုက်တာ။အိမ်က ဒေါ်ဖြူ ကြော်တာတောင် ဒီလောက်မကောင်း။

နောက်ထပ် တစ်ဇွန်းအပြည့်မောက်နေအောင် ခပ်ပြီး တစ်လုတ်ပြီးတစ်လုတ် စားလိုက်သည်။

တစ်ပန်းကန် ကုန်တော့ နောက်ထပ် ထပ်စားချင်တာကြောင့် ဘေးကိုကြည့်လိုက်တော့ သွင်ပြင်က ရှိနေသည်။

"ထပ်ထည့်ချင်လို့ ထမင်းကြော်ရသေးလား"

"ဟုတ်ကဲ့ ရပါတယ်ဗျ.."

အရွက်သင်နေရာကနေ ထကာ လက်ကလည်း ဘေးတွင်ထောင်ထားသော တုတ်ကို ယူ၍ ကိုယ့်ဆီ လျှောက်လာနေသောသူ။

"ရတယ် ရတယ် မလာနဲ့ ငါ့ဘာသာ ငါထည့်လိုက်မယ် ဟိုအိုး အနီထဲမှာမလား"

"ဟုတ်တယ် အကိုလေး..ပေးပါ ကျွန်တော်ထည့်ပေးပါ့မယ်"

ကိုယ်ကလည်း အထ သူကလည်း လက်ကမ်းလာတာကြောင့် ရင်ဘတ်ချင်းနီးသွားလေသည်။
သူကတော့ ဘာမှမဖြစ်သလို တောင်းပန်နေပေမယ့် ကိုယ်ကတော့ ဘယ်လိုကြီး ခံစားသွားရမှန်းမသိပေ။

"ဟို အကိုလေး ကျွန်တော် တောင်းပန်ပါတယ်ဗျ"

"ရ..ရတယ် သွားသွား..လုပ်စရာရှိတာသွားလုပ်နေ"

"ဟုတ် ဟုတ်ကဲ့ဗျ"

စားချင်စိတ်ပျက်သွားသဖြင့် ဘေစင်မှာဘဲ ပန်းကန်ကို ချကာ လက်ကျန်ကော်ဖိီကို  ကုန်အောင်သောက်လျက် ဖုန်းကိုယူကာ ထွက်လာလိုက်သည်။

မီးဖိုချောင် အပေါ်ဝတွင် ထမင်းဟင်းကို ဘယ်သူချက်တာလဲ သိချင်ပြန်ရော။

"ထမင်းဟင်းကို ဘယ်သူချက်တာလဲ"

"ကျွန်တော် ချက်တာပါဗျ"

"ဟင်..မင်းကလား.."

"ဟုတ်ကဲ့"

"အခု ထမင်းကြော်ကရော"

"ကျွန်တော် ကြော်တာပါ"

*လုံးဝကို အမေးဇင်းဘဲကွာ။မိုက်လှချည်လား။*
စိတ်ထဲမှာသာ ပြောလိုက်သည်။

"အော်..အင်းအင်း..မနေ့ဖြန်လည်း ထမင်းကြော်ပေးနော်"

"ဟုတ်ကဲ့ဗျ"

"ပြီးတော့..ဦးလင်းလာရင် ပြောပေး..luggage ထဲက အဝတ်တွေ ဗီရိုထဲ ပြောင်းထည့်ပေးအုန်းလို့..ငါအခု ခြံထဲမှာ သွားနေမယ်"

"ဟိုလေ အကိုလေး..luggage ဆိုတာဘာလဲဟင်"

luggage ကို ဒီကောင်လေး မသိဘူးလား။

"အဝတ်အိတ်ကို ပြောတာ မမေ့နဲ့နော် သေချာပြောလိုက်"

"အော်..ဟုတ် ဟုတ်ကဲ့အကိုလေး"

အခန်းထဲ ပြန်ဝင်ပြီး စီးကရက် ဘူးနှင့် မီးချစ် ကိုယူကာ ခြံထဲသို့ ထွက်လာလိုက်သည်။

စောစောက မြင်ခဲ့သည့် စံကားဝါပင်ကြီးနားသွားကာ ထိုင်လိုက်မိသည်။
စီးကရက် တစ်လိပ်ကို ထုတ်ကာ  အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်း ကြား ထိပ်ပိုင်းသို့ ဖော့ခံထားသော ထိပ်ပိုင်းလေးကို ညှပ်ကာ တခြားတစ်ဖက်ကို မီးညှိ လိုက်သည်။
ခပ်ပြင်းပြင်း တစ်ရှိုက်ဖွာလိုက်ပြီး အငွေ့ ဖြူဖြူ တို့ကို မှုတ်ထုတ်လိုက်သည်။
မီးခိုးငွေ့တို့ ကုန်စင်သွားတော့ မှန်ပြတင်းကို ဖြတ်ကာ အထဲက သွင်ပြင်ဆိုသည့် ကောင်လေး ကိုမြင်လိုက်ရသည်။

*အပြင်ကနေလည်း မြင်ရတာလား။တော်ပါသေးတယ် သွင်ပြင် က မျက်စိ မမြင်ရလို့ပေါ့**

ကိုယ်က လိုက်ကာ ကို ပိတ်ထားခဲ့ပေမယ့် သွင်ပြင်က ပြန်ဖွင့်လိုက်ပုံရသည်။
ဦးလင်း က အဝတ်တွေကို ထည့်ပေးနေပြီး သူကတော့ မှန်ပြတင်းကို သုတ်လို့နေသည်။

ပိုင်ရတုသည် ဇီဇာတော့မကြောင်တတ်ပေ။
မိမိ ပစ္စည်းကို တပါးသူ ထိလည်း ဘာမှတော့ မဖြစ်။
ခြံထဲတွင် ခနလောက် လျှောက်ပတ်ကြည့်ပြီး daddy နဲ့ စိုင်းခ တို့ဆီ ဖုန်းခေါ်မလို့ တွေးထားခဲ့ပေမယ့် ထိုကွပ်ပျစ် လေးပေါ်တွင်သာ ထိုင်လျက် သွင်ပြင်၏ လှုပ်ရှားမှုတိုင်းကို ကြည့်လို့နေမိသည်။

ပန်းရောင်ကိုလွန်၍ အနီရောင်ဘက် သန်းနေသော နှုတ်ခမ်းထူထူ၊အောက်သို့ဆင်းကျနေသော မျက်တောင်စိပ် လေးတွေက အနည်းငယ် လုံးဝန်းသော မျက်လုံးလေးကို တင့်တယ်စွာ  ထောက်ပံ့ပေးလို့နေလေသည်။
ဒီလောက် မျက်လုံးလေးက လှနေတာကိုမျက်လုံး မမြင်ရတာ သနားစရာပါလားနော်။
ဖောင်းတယ်လည်းမဟုတ် ပိန်ကပ်နေတယ်လည်းမဟုတ်သော ပါးပြင်လေးနှစ်ဖက်၊ ရယ်လိုက်တိုင်းပေါ်လာတဲ့  သွားတက်လေး တစ်ခု ကြောင့် ကိုယ်ပါ လိုက်ရယ်မိသည်အထိ။

**ဟင် ပိုင်ရတု မင်းအခု ယောကျာ်းလေးတစ်ယောက်ရဲ့ မျက်နှာအစိတ်အပိုင်းတိုင်းကို လိုက်ကြည့်နေမိတာလား**

ခေါင်းကို ခါရမ်းကာ စီးကရက် ကို ဖွာလျက် အကြည့်လွှဲလိုက်သော်လည်း အကြည့်က မှန်ပြတင်းတွင် ကပ်ထားနေသော လက်ချောင်း သွယ်သွယ်လေးတွေ။

ထို့နောက်တဆက်တည်းမှာပင် ကိုယ့်ရဲ့ ရင်ဘတ်လောက်သာရှိသေးအရပ်အမောင်းလေး နဲ့ ပိန်ကပ်ကပ် ခန္ဓာကိုယ်ကြောင့် အသက်ငယ်သေးပုံရသည်ဟု တွေးမိပြန်သည်။

မှန်ပြတင်းကိုဖြတ်၍ ကိုယ့်ရဲ့ မျက်လုံးတည့်တည့်သို့ ရောက်လာသော သူ့၏ မျက်ဝန်းလေးတစ်စုံ။
မမြင်ရဘူးဆိုပေမယ့်လည်း ကိုယ့်ဘာသာကိုယ် နေရခက်ပြီး အကြည့်လွှဲကာ လည်ဂုတ်ကို သုံးလေးချက် ပွတ်လိုက်မိသည်။

ဘောင်းဘီ အိတ်ကပ်ထဲတွင်ထည့်ထားသော Silentလုပ်ထားသည့် ဖုန်း၏ တုန်ခါမှုကြောင့် ဖုန်းကိုထုတ်ကာကြည့်လိုက်တော့ Daddy။
ဖုန်းကို ကိုင်လိုက်ပြီး အိမ်ရှေ့က ဒန်းပေါ်သွားထိုင်လိုက်ကာ Daddy နဲ့ ဖုန်းပြောလိုက်သည်။
Daddy ကတော့ ထုံးစံ အတိုင်းပင် ဓာတ်ပြားဟောင်းကြီး အတိုင်း မလွဲဘဲ သတိထားဆိုသည့် စကားကို အက်ကြောင်းထပ်ကာ ပြောလို့နေလေရဲ့။

______________________________________

31.8.2020
8:36 PM
#Yashika

ပျင်းနေကြပြီလား😄။တိုနေရင် ပြောပေးကြပါနော်။😁

© Yashika ,
книга «ချစ်ရပါသောအသွင်(ချစ်ရပါသောအသွင်)».
Коментарі