Episode-3(Unicode)
Episode 3
Daddy နဲ့ဖုန်းပြောပြီး စိုင်းခတို့ မင်းမြတ်တို့နဲ့ဖုန်းပြောကာ ဂိမ်းဆော့နေခဲ့သဖြင့် အချိန် နှစ်နာရီလောက်က ကုန်သွားသည်။
ဖုန်း screen ပေါ်တွင်ပေါ်နေသော 10:23AM ဟူသည့် ဂဏန်းလေးများကို တစ်ချက်ကြည့်ပြီး
ဒန်းပေါ်က ထကာ မိမိအခန်းထဲသို့ပြန်သွားလိုက်သည်။
မီးဖိုချောင် ဘက်မှ အသံကြားသဖြင့် ဟင်းချက်နေတာ ဖြစ်ပေလိမ့်မည်။
သွင်ပြင် ကိုယ်တိုင်ချက်သည်ဟု ပြောထားသည်ကြောင့် မယုံကြည်တာတော့မဟုတ် သွားကြည့်မိသည်။
တကယ်တော့ တစ်ချက်ကြည့်ပြီး ပြန်လာမလို့ပါဘဲ။ဘာရယ်ကြောင့်တော့မသိ ဟင်းချက်နေသော သူ့ကိုအပေါက်ဝမှာတင် ရပ်၍ အတန်ကြာကြည့်နေမိသည်။သို့သော် ဆား၊သကြား၊အချိုမှုန့်အပြင် ငရုတ်သီးမှုန့်တွေကိုပါ ဟင်းအိုးထဲ မထည့်ခင် လျှာပေါ်တင်ကာ အရသာခံနေတာကြောင့် မျက်ခုံးနှစ်ဖက်ကို ပူးကပ်သယောင် ကြုတ်မိသွားသည်။
အမြဲတမ်း အဲ့လိုဘဲ ချက်နေတာလား။အစာအိမ် ထိခိုက်တော့မှာဘဲ ဒိီကောင်လေး။
ဟိုစမ်း ဒီစမ်းလုပ်နေသော လက်ချောင်းသွယ်သွယ် ဖြူဖြူဖွေးဖွေး တွင်သွေးစို့နေသော ခြစ်ရာ တချို့ ဆီသို့ မျက်လုံးရောက်သွားခိုက် အလိုမကျမှုက စိတ်ထဲတွင်ပေါ်လာလို့နေလေပြီ။
ကိုယ်ဆီသို့ တည့်တည့်မတ်မတ် လျှောက်လာသည်ကို မြင်ပေမယ့် မဖယ်ပေးဘဲ ရပ်မြဲအတိုင်းရပ်နေမိ၏။
ရင်ခွင်ထဲသို့ ဝင်ရောက်လာသော မျက်နှာသေးသေးလေး နှင့်အတူ ကိုယ်ငေးကြည့်နေခဲ့မိသော လက်ချောင်းနှစ်ဖက်က ခါးအကျီ္စကို ဆုတ်ကိုင်လို့လာလေသည်။
ကိုယ့်လက်ကလည်း မည်သည့်စေခိုင်းမှုကြောင့်လဲ တော့မသိပေမယ့် သူ့၏ ပုခုံးနှစ်ဖက်ကို ပြန်လည်ထိန်းကိုင်မိလိုက်သည်။
မကြာပါ ခန္ဓာကိုယ်သေးသေးလေးက အမြန်ပင် ဖယ်ခွာသွားသည်။
"အဲ အကိုလေး..တောင်း..တောင်းပန်ပါတယ်"
"ဟင်..အင်း ရတယ် ဘာမှမဖြစ်ဘူး"
"ဟုတ်ကဲ့..ဘာခိုင်းစရာ ရှိလို့လဲဗျ"
"ဘာမှမဟုတ်ဘူး..ဟို...ရေ...ရေလာသောက်တာ"
"အော်..ဟုတ်ကဲ့ အကိုလေးရဲ့ အခန်းထဲမှာ ရေခဲသေတ္တာထားပေးထားတယ် နော်အကိုလေး.."
"ဟုတ်လား..မသိလို့ အဲ့တာဆို သွားပြီနော်"
"ဟုတ်ကဲ့ဗျ"
ကိုယ်လည်း အခန်းထဲသို့သာ မြန်မြန်ဝင်လာခဲ့သည်။
တံခါးကို လော့ခ် ချလိုက်ပြီး ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲချကာ ညာဘက် လက်ဖဝါးဖြင့် ဘယ်ဘက်ရင်အုံ ပေါ်သို့တင်လျက်..
"ငါရင်ခုန် သွားတာလား" ဟု၍ပင် ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်။
မောဟိုက်နေသော ရင်တစ်စုံကြောင့် ရေသောက်ရန် ရေခဲသေတ္တာကို လိုက်ရှာလိုက်တော့ အဝတ်ဗီရို နားတွင် တွေ့သဖြင့် ရေဖူးကို ထုတ်ကာ တဝကြီး သောက်လိုက်သော်လည်း မောဟိုက်မှုက ပျောက်မသွား။
Daddy ကတော့ ကိုယ်ရန်ဖြစ်ပြီး ဆိုးသွမ်းနေသည်ဟူသည်ကို အကြောင်းပြုပြီး မန္တလေးကို ပို့လိုက်ပေမယ့် ကိုယ့်မှာ ဘာလုပ်စရာမှမရှိ ပျင်းနေရသည်။
ရန်ကုန်မှာလိုပင် သူငယ်ချင်းတွေနဲ့တွေ့ ၊ပါတီတွေကိုသွား ၊ကလပ်တွေကိုသွား၊ရန်ဖြစ်လိုက် နဲ့ နေလို့မရသော်ငြားလည်း အပြင်ထွက်ဖို့ပင် ပိုက်ဆံက အလုံအလောက်မရှိ။
အရင်က ပေးခဲ့တဲ့ မုန့်ဖိုးတွေကိုမစုမိဘဲ သုံးဖြုန်းမိတာ ပထမဆုံးအကြိမ်နောင်တရမိခြင်း။
မန္တလေးကိုလာတုန်းက လမ်းစရိတ်အတွက် လိုလိုပိုပို ဆိုပြီး ငါးသောင်းလောက်ဘဲ ပေးထားတာ။
လမ်းမှာ ဟိုဟာဝယ်စား ဒီဟာဝယ်စားနဲ့ လက်ထဲမှာ နှစ်သောင်းကျော်ကျော် သာ ကျန်ရှိနေတော့သည်။
ကလေးဘဝတုန်းက မန္တလေးကို Daddy ကအလုပ်ကိစ္စ နဲ့လာရင် ကိုယ်လည်း တခါတရံ လိုက်နေကြဆိုပေမယ့် အချိန်အကြားကြီး မနေခဲ့ဖူးပေ။
လျှောက်တော့ လည်ကြည့်ချင်သေးတယ်။
ဟိုနေ့ညကလည်း ရဲစခန်းမှာအိပ်လိုက်ရသည်မို့ အရက်က မသောက်ရ။မနေ့ည ကျတော့ ဒီကို လာနေရတာမို့ မသောက်ရ။
ဒီနေ့ညတော့ သောက်လို့ရလောက်ပါတယ်လေ။
ဘာမှ လုပ်စရာလည်းမရှိတာနဲ့ ဇာတ်ကားကြည့်မယ်ဆိုပြီး ကုတင်ခြေရင်းက စင်ကလေးနှင့် အသေအချာ နေရာချထားသော အလတ်အလတ်အရွယ်အစားနဲ့ တီဗွီလေး ကြည့်ပြီး ပြုံးမိသည်။
ရန်ကုန်အိမ်နဲ့ အရမ်းကို ကွာလွန်းသည်။
ရန်ကုန်အိမ်ကတော့ အကောင်းစား အသုံးအဆောင် ပစ္စည်းများနှင့် အထက်တန်ူဆန်ဆန် ဆောက်လုပ်ထားသော်လည်း ယခုအိမ်တွင်မူ သာမန်လေးသာ။မည်သည့်ပကာသန မှမပါဘဲ ရိုးရှင်းစွာဆောက်လုပ်ထားလေသည်။
ကုတင်ဘေးတွင်တင်ထားသော ရီမုကို ယူကာ တီဗွီဖွင့်လိုက်တော့ အလင်းရှိန်ကြောင့် သေချာမမြင်ရပေ။
မှန်ပြတင်းကိုဖြတ်၍ အခန်းထဲသို့ ကျရောက်နေသော နေအလင်းရောင်ကို တားဆီးရန် လိုက်ကာ သွားပိတ်လိုက်တော့ မြင်နေရသည့်ကွပ်ပျစ်လေးကို ကြည့်ပြီး သွင်ပြင့်ကို မြင်ယောင်လာပြန်ရော။
*ဘာလဲကွာ။ရောက်တာ တစ်ရက်တောင်မပြည့်သေးဘူး။အဲ့ ကောင်လေးကိုဘဲ စိတ်ကရောက်နေတယ်*
ဆံရှည်တွေကို လက်ချောင်းများဖြင့်ထိုးဖွပြီး ခေါင်းယမ်းကာ လိုက်ကာကို အားနဲ့ဆွဲပိတ်လိုက်ပြီး ကုတင်ပေါ်တွင်ထိုင်ကာ ဟိုလိုင်းပြောင်း ဒီလိုင်းပြောင်းနှင့် တီဗွီကိုကြည့်နေသော်လည်း စိတ်ကမပါတာကြောင့် တီဗွီကို ပိတ်လိုက်ပြီး အပြင်ကို ထွက်လာလိုက်တော့ စကားပြောသံကြားတာကြောင့် အသံလာရာကိုကြည့်လိုက်တော့ သွင်ပြင်က ဇာတ်ကားကြည့်နေကြသည်။
ကိုယ်လည်း သူ့အနားသွားကာ တီဗွီကို ကြည့်လိုက်တော့ အဖြူအမည်း ရှေးမြန်မာကားသာဖြစ်သည်။
ကြမ်းပြင်ပေါ်တွင် ဒူးလေးနှစ်ဖက်ထောင်ပြီး လက်နှစ်ဖက်ဖြင့် ပိုက်ထားကာ ဆိုဖာကိုမှီပြိး မျက်လုံးမှိတ်ထားသောကြောင့် အိပ်နေသည်ထင်။
ကိုယ်လည်း သူထိုင်နေသော နေရာနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။
"ဦးလင်းလား"
နားပါးလိုက်တာကွာ။မျက်လုံးလေး ဖွင့်လာပြီး ကိုယ့်ရဲ့ ဘေးဘက်ကိုကြည့်လို့နေလေ၏။
"ဦးလင်းမဟုတ်ဘူး။ငါ.."
"အကိုလေးလားဗျ"
"အင်း.."
"ဟို ကျွန်တော်ဖယ်ပေးမယ်နော် အကိုလေးကြိုက်တာကြည့်"
"ရတယ် ငါမကြည့်ဘူး..မင်းကရော ဒီမှာ လာအိပ်နေတာလား"
"ဗျာ..မဟုတ်ဘူးဗျ ဇာတ်ကားကို နားထောင်နေတာ"
"နားထောင်နေတာ.."
"ဟုတ်ကဲ့.."
"ထူးဆန်းတယ် နားထောင်တော့ မင်းက သူတို့လုပ်တဲ့ အမူအရာတွေကိုသိတယ်လား"
"ဒါပေါ့ အကိုလေးရ..မျက်လုံးက မမြင်ရပေမယ့် အသံကိုနားထောင်ပြီး နှလုံးသားနဲ့ခံစားလို့ရတယ်လေ"
"ဟက်..ဟုတ်ပါပြီ..ကဗျာတွေဆန်နေတာဘဲ လုပ်ပါ ဆက်ပြီး နားထောင်"
"ကဗျာဆန်တာမဟုတ်ပါဘူးဗျာ..တကယ်ခံစားရတယ်..ခံစားတတ်ဖို့ဘဲလိုတာ အကိုလေးကြိုက်တာပြောင်းကြည့်လိုက်ပါ ကျွန်တော်က ဒီကားကို နားထောင်ဖူးပြီးသား"
"တော်ပါပြီ...ရတယ်ငါက"
"ဟုတ်ကဲ့ဗျ..ဒါဆိုလည်း ကျွန်တော် ဆက်နားထောင်နေမယ်နော် လိုအပ်တာရှိရင် ခိုင်းလို့ရပါတယ်"
"အင်းအင်း"
"ဟုတ်ကဲ့"
မျက်လုံးလေး တစ်ဖန်ပြန်မှိတ်ကာ ဇာတ်ကားကို နားထောင်လို့နေပြန်သည်။
ကိုယ်ကလည်း အကြည့်ကို သူ့ဆီကနေ ဇာတ်ကားကို ပြောင်းရွှေ့လိုက်သော်လည်း ဇာတ်ကားကို မခံစားတတ်ပေ။
ကာလာမပါဘဲ အဖြူအမည်းနှင့် တောရွာ အချစ်အကြောင်းကို ဖော်ပြနေသော ဇာတ်ကားပင်။
ကိုယ့်ရဲ့အကြည့်က သွင်ပြင့်ဆီသို့သာ ခနခနရောက်နေသည်မို့ အကြည့်ကိုလွှဲနေရသည်မှာ အကြိမ်ကြိမ်။
မင်းသားနဲ့ မင်းသမီး ချိန်းတွေ့တဲ့အခန်းတွင် ကြားနေရသော ချစ်စကားများကို ကိုယ်က ကြားသာနေရတာ စိတ်ကမပါပေ။
ရှေ့က သွင်ပြင့်ကို ကြည့်တော့မျက်နှာလေးရော နားရွက်တွေပါ နီရဲလို့နေလျက် ဂုတ်ကိုမီးပွင့်မတတ် ပွတ်နေလေသည်။
ခပ်ရေးရေးလေး ပြုံးနေတာကြောင့် အောက်နှုတ်ပေါ်သို့ ကျရောက်နေသော သွားတက်လေး တဝက်ကိုမြင်နေရလေသည်။
မသိရင် သူကလဲ ရည်းစား စကားပြောခံနေရတဲ့ အပျိုလေး ကျလို့။
"အသွင်...."
"ဗျာ..."
ကိုယ် ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ သူ့ကို ပထမဆုံးခေါ်လိုက်တဲ့ နာမ်စားက အသွင်တဲ့လား။
မျက်လုံးလေး ကလည်ကလည်နှင့် နီနီရဲရဲ မျက်နှာကလေးနှင့် ပြနါထူးလာသောသူ။
"ဘာမှမဟုတ်ပါဘူး..မင်းအကြောင်းမေးချင်လို့"
*ဟင် ငါဘာ ပြောမိပြန်တာလဲ။ဘယ်သူ့အကြောင်းကိုမှ စိတ်ဝင်စားလေ့မရှိဘဲ ဘာသိဘာသာနေတတ်တဲ့ ငါကသူ့အကြောင်းသိချင်လို့။ဟုတ်လား။အမရာ ကျတာ့ခြွင်းချက်ပေါ့။ငါကွာ..တကယ်သိချင်တာကတော့ အမှန်ပင်*
"ဟုတ်ကဲ့ မေးပါဗျ"
"အင်း နာမည်အရင်းက သွင်ပြင်ဘဲလား"
"ဟုတ်ကဲ့"
"အသက်ကရော"
"၂၂ပါဗျ"
"ဟင် ၂၂ လား..ငါက ၁၈..ငါထက်ကြီးတာဘဲ အသွင်က "
"ဗျာ..အော် ၁၈ လား ငယ်သေးတာဘဲ"
"အင်း..ဟုတ်ပ အသွင်ကနု နေတော့ ငါ့ထက်ငယ်မယ်ထင်နေတာ.."
"နုတယ်လား ကျွန်တော်က"
"အင်း..ဒါနဲ့ ကိုယ့်ကိုယ် ကို ငါလို့ သုံးရင် ရိုင်းရာကျမလား အသွင်က အသက်ပိုကြီးတော့"
"အော်..ရပါတယ် ဘယ်လိုသုံးသုံး"
"မိဘတွေကရော.."
"မသိဘူးဗျ..ဦးလင်း ပြောတာတော့ မေမေက ကျွန်တော့ကို မွေးပြီးပြီးချင်းဆုံးသွားတာတဲ့ ဖေဖေကတော့ မသိဘူး"
"ဟို ဒီအတိုင်းဘဲ မေးမိသွားတာ sorry ပါ"
"ရပါတယ်ဗျ"
"ဒါနဲ့..."
"ဟုတ်.."
"ဘာမှမဟုတ်တော့ပါဘူး..သွားပြီ"
"ဟုတ်ကဲ့ဗျ လိုတာရှိရင် ခိုင်းလိုက်ပါ"
"အင်းအင်း"
××××××××××××××××××××××××××××
1.9.2020
10:44 PM
#Yashika
ညနေ ၆ နာရီလောက်ကတည်းက နှစ်ပိုင်းတင်ပြီး ရှည်ရှည်လေးရေးမယ်ဆိုပြီး Type နေတာ ဖေဖေနဲ့ မေမေက စစ်ပွဲထဖြစ်လို့ နောက်ကျသွားပါတယ်။
ဒါနဲ့လေ ဖတ်ရတာ အရမ်းကြီးတိုနေလား။
အားမနာတမ်း ပြောပေးကြပါရှင့်😄။

Коментарі