Episode-1(Unicode)
Episode-1(Zawgyi)
Episode-2(Unicode)
Episode-2(Zawgyi)
Episode-3(Unicode)
Episode-3(Zawgyi)
Episode-4(Unicode)
Epiaode-4(Zawgyi)
Episode-5(Unicode)
Episode-5(Zawgyi)
Episode-6(Unicode)
Episode-6(Zawgyi)
Episode-7(Unicode)
Episode-7(Zawgyi)
Episode-8(Unicode)
Episode-8(Zawgyi)
Episode-9(Unicode)
Episode-9(Zawgyi)
Episode-10(Unicode)
Episode-10(Zawgyi)
Episode-11(Unicode)
Episode-11(Zawgyi)
Episode-8(Unicode)
နေ့လည်ရောက်တော့ နေက ပူလို့လာချေပြီ။
သူများတွေကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောပြီး စနောက်ကာ အလုပ်လုပ်နေကြပေမယ့် ကိုယ့်အတွက်ကတော့ အရမ်းကို ပင်ပန်းလှသည်။
ဝတ်ထားသော အကျီ္အဖြူကလည်း မြေကြီးတွေ ရွှံ့တွေနဲ့ ပေတူးလို့နေတာကြောင့် ဝတ်ထားရတာကိုက စိတ်မသန့်။

အသွင့်ကို ခနခန လှည့်ကြည့်ရတာကလည်း ဘယ်သူမှ စေခိုင်းခြင်းမပြုခဲ့တဲ့ အလုပ်တစ်ခုပင်။

နေ့လည် ထမင်းစားချိန်နားတော့ ဦးလင်းက လာခေါ်ကြောင့် ကိုယ်လည်း ဦးလင်းနောက်သာလိုက်သွားလိုက်သည်။

အသွင် ထိုင်နေသော ကွပ်ပျစ်ဆီသို့သာ ကျွန်တော်တို့ သုံးယောက် ဝိုင်းကာ ထိုင်လိုက်သည်။

အချို့သူတွေကတော့ နီးစပ်ရာကွပ်ပျစ်ပေါ်ထိုင်နေကြပြီး အချို့ကတော့ ဘယ်သွားလည်းမသိ။

"ဦးလင်း ကျွန်တော် အဝတ်အစားလဲချင်လို့"

"ဗျာ..အကိုလေး လဲချင်ရင် ကျွန်တော့်အဝတ်အစားတွေတော့ရှိတယ်"

"ဟုတ်လား အဲ့တာဆို သွားယူပေးပါအုန်းဦးလင်းရယ်"

မတတ်နိုင်။သူများအဝတ်အစားကို ဝတ်ရတာ စိတ်မသန့်သော်လည်း အခုလို ညစ်ပတ်နေသည်ထက်စာရင် ပိုကောင်းသည်မလား။

"ဟုတ်ကဲ့"

ဦးလင်း ထွက်သွားတော့ ကိုယ်နှင့် အသွင်နှစ်ယောက်တည်းသာကျန်ခဲ့တော့သည်။

အသွင်ကတော့ ထမင်းချိုင့်ကို နေရာချရင်းအလုပ်ရှုပ်နေလေရဲ့။

"အသွင်...ငါ ဟိုနားကရေပိုက်မှာ လက်သွားဆေးလိုက်အုန်းမယ် တစ်ယောက်တည်း ရတယ်မလား"

"ဟုတ်..ဟုတ် ရတယ်ဗျ"

"ဟုတ်ပြီ ခနလေးဘဲနော်"

"ဟုတ်ကဲ့"

ကိုယ်လည်း ရေပိုက်မှာ ရေသွားဆေးလိုက်ကာ အသွင့်ကိုတကြည့်ကြည့်လုပ်နေလိုက်သည်။
ဦးလင်းက လာပြီး အဝတ်တွေပေးတာကြောင့် ဦးလင်းကိုလည်း ကွပ်ပျစ်ပေါ်မှာဘဲ သွားစောင့်ခိုင်းလိုက်သည်။

အကျီ္ကို ချွတ်လိုက်တော့ မလှမ်းမကမ်းတွင် ရှိနေသော မိန်းကလေး များ၏ အော်သံ မမြည်သော အသံတို့ကို ကြားလိုက်ရသည်။

ကိုယ်ကတော့ ဂရုပင်မစိုက်။
ရေပိုက်နဲ့ တကိုယ်လုံးကို သာ ဆေးကြောလိုက်တာကြောင့် ရေချိုးသည်နှင့်မခြားတော့။
အောက်က ဝတ်ထားသော အဖြူရောင် ဘွတ်ဖိနပ် သည်လည်း ရွှံ့တွေပေနေတာကြောင့် ချွတ်ကာ ဆေးလိုက်ပြီး ​လက်တစ်ဖက်ဖြင့် ကိုင်လာလိုက်ကာ ကွပ်ပျစ်ဆီပြန်လာလိုက်သည်။

"အကိုလေး....ဒီမှာ"

"ကျေးဇူးဘဲ ဦးလင်း ဘယ်မှာ သွားလဲရမှာလဲ"

"ဟိုနားမှာ သန့်စင်ခန်းရှိတယ် အကိုလေး"

"ဟုတ်..ကျွန်တော့်ကို မစောင့်နဲ့နော် စားနှင့်ကြ တော်ကြာ နောက်ကျနေလိမ့်မယ်"

"ရတယ် အကိုလေး အချိန်ရသေးတယ် ဖြည်းဖြည်းလဲခဲ့"

ခေါင်းငြိမ့်ပြပြီး ထွက်လာခဲ့လိုက်သည်။

ပြဿနာက အဝတ်လဲတဲ့ အချိန်မှာ စတာဘဲ။
အကျီ္က စွပ်ကျယ်မို့ ဝတ်ရတာ အဆင်ပြေနေပေမယ့် ပုဆိုးက တိုလို့နေသည်။
အရပ် 6 ပေ2 ရှိသော ကျွန်တော့်အတွက်ပုဆိုးက ခြေသလုံးတစ်ဝက်လောက်သာ။
အဲ့တာကလည်း ပြဿနာမဟုတ်သေး။

ပြဿနာက ပုဆိုးမဝတ်တတ်တာဘဲ။
မတတ်နိုင်တော့ အိမ်ကဝတ်လာသော အဝတ်အစများကို တွေ့တဲ့ အမှိုက်ပုံးထဲသာ ပစ်လိုက်သည်။

ပုဆိုးကိုတော့ ချက်အောက် အလယ်တည့်တည့်တွင် စုကိုင်၍ အသွင်တို့ရှိရာကိုလာလိုက်သည်။

ဗိုက်ကဆာပါတယ်ဆို စိတ်ကပါမကြည်တော့။
အသွင်တို့ဆီ မရောက်ခင် လှမ်းမြင်လိုက်ရသော မြင်ကွင်းကြောင့် စိတ်မကြည်တာကနေ ဒေါသကို ပြောင်းသွားလေသည်။

"အသွင်......"

ရပ်နေရာမှပင် လှမ်းခေါ်လိုက်ကာ ခြေလှမ်းကျဲများဖြင့် မပြေးရုံတမယ် သွားလိုက်သည်။

"အော် ကိုပိုင်ရတု ..."

အပြုံးဖြင့် နှုတ်ဆက်လာသော ဇွဲသန့်စင်ဆိုသည့်အကောင်။

"အသွင် ငါ့ကို ပုဆိုးဝတ်ပေး"

"ဗျာ..."

"ဟို အကိုလေး ကျွန်တော်ဝတ်ပေးမယ်လေ"

ဦးလင်းကတော့ ဟိုအကောင်ကို အားနာသလိုတစ်ချက်ကြည့်ပြီး ကိုယ့်ကိုပြောလာသည်။

"ရတယ် မလိုဘူး အသွင်ဝတ်ပေးတာဘဲ ခံချင်တာ လာခဲ့အသွင် ငါ့အနားကို"

တင်ပလွင် ခွေထိုင်နေသော အသွင့်ကို လက်မှဆွဲ၍ ခေါ်လိုက်တာကြောင့် ပုဆိုးကိုင်ထားသော လက်တစ်ဖက်ကလွတ်သွားတာကြောင့် ပုဆိုးက လျော့တိလျော့ရဲ။

"ဟို ကိုပိုင်ရတု ကျွန်တော်ဝတ်ပေးရမလား ခင်ဗျ"

"ရတယ် မလိုဘူး...အသွင်လိုက်ခဲ့ သန့်စင်ခန်းထဲမှာဝတ်ပေး"

ဘယ်သူ့ စကားမှနားမထောင်ချင်တော့တာကြောင့် အမြန်သာ လှည့်ထွက်ခဲ့လိုက်သည်။
နောက်က အသွင်ကတော့ယက်ကန်ယက်ကန် ပါလာလို့နေသည်။

"ရပြီ..ဝတ်ပေးတော့"

"ဟို အကိုလေး ကျွန်တော် အရင်ဝတ်ပြမယ်လေ အကိုလေး ကျွန်တော်ဝတ်သလို လိုက်ဝတ်ကြည့်လိုက်"

"အင်း"

အသွင်ကတော့ သဘောရိုး ပုဆိုးကိုဖြန့်ချလိုက်ပေမယ့် မြင်ရတဲ့ကိုယ်က စိတ်ထဲတွင်မယိုးမယွ။

"ဒီလိုလေး အစွန်းနှစ်ဖက် ကိုင်လိုက် ပြီးရင် အလယ်ကိုစုပြီး ဒီလို လိမ်ပတ်ပြီး ကြားထဲ ထိုးထည့်လိုက်...အဲ့တာဆို ရပြီ"

"အင်း.."

ကိုယ်လည်း လိုက်ဝတ်လိုက်ပေမယ့် အသွင့်လောက်တော့ မသပ်ရပ်။
သို့သော် အဆင်ပြေပါတယ်လေ။

"ရလား အကိုလေး"

"အင်း ရတယ်"

ပြောတာပင်မဆုံးသော ကျွတ်ကျလာသော ပုဆိုးကြောင့် အမြန်ပင်လက်နှင့်ဆွဲထားလိုက်ရသည်။

"မရဘူး ပြန်ကျွတ်သွားပြီ အသွင်သာဝတ်ပေးတော့မကျွတ်အောင်"

"ဟို..."

"ဘာလဲ မဝတ်ပေးချင်လို့လား"

"မဟုတ်ပါဘူး အကိုလေး"

"အဒါဆိုအခုဝတ်ပေးလေ"

"ဟုတ်"

အသွင့်ရဲ့လက်က ကိုယ့်ရဲ့ ရင်ဘတ်ကို လာကိုင်တာကြောင့်ရင်ထဲတွင် ဒိုင်းခနဲ။
"အ..အသွင်"

"အကိုလေး ကျွန်တော်က မမြင်ရဘူးလေ အဲ့တာကြောင့်"

"ရော့ ရော့ ပုဆိုးက ဒီမှာ"

လက်တစ်ဖက်နဲ့ အသွင့်ရဲ့ လက်ကို ပုဆိုးစနားပေးလိုက်တော့ အသွင်က ပုဆိုးကိုဖြန့်လိုက်တာကြောင့် အသက်ရှုနှုန်းတွေ ပုံမှန်မဟုတ်တော့။
တော်သေးတယ်။စောစောက အတွင်းခံရေစိုနေပေမယ့် မချွတ်လိုက်လို့။
အသွင်ကတော့ မမြင်ရပေမယ့် အကိုင်ခံနေရတဲလ ကိုယ်က မျက်လုံးပင် ပြာတက်လာလေပြီ။
လက်ချောင်းသွယ်သွယ်တွေက ကိုယ့်ရဲ့ဆီးခုံကို လာထိလိုက်တာကြောင့် တကိုယ်လုံးတောင့်တင်းသွားရပြန်သည်။

"ရပြီ အကိုလေး"

"ဟင်..အင်း.."

"အကိုလေး သွာရအောင်လေ"

"ခန ခန..ခနနေအုန်းအသွင် ပြောစရာရှိတယ်"

"ဟုတ်.."

"မနေ့ညတုန်းက အတွက် ငါတောင်းပန်းတယ်နော်"

"ဟုတ်..ရပါတယ် အကိုလေး..အကိုလေးက အရက်သောက်ထားတော့မူးနေမှာဘဲလေ ကျွန်တော်နားလည်ပါတယ်"

သိသိသာသာ ရဲတတ်လာသော မျက်နှာသေးသေးလေး။
မဟုတ်ဘူး။ငါမမူးဘူးလို့ ပြောပြလိုက်လျင်ပေမယ့် မြိုသိပ်လိုက်ပါတယ်လေ။
တော်ကြာ ဘာလို့နမ်းတာလဲလို့ မေးနေမှာ ကိုယ့်မှာဖြေရခက်နေအုန်းမယ်။

"ပြီးတော့ ဇွဲသန့်စင်ဆိုတဲ့ အကောင်နဲ့ ရင်းရင်းနှီးနှီး မနေနဲ့ ငါမကြိုက်ဘူး"

"ဘာလို့လဲ အကိုလေးရဲ့ ကိုဇွဲက လူကောင်းတစ်ယောက်ပါ ပြီးတော့ သူများရဲ့ အဖိုးတန်သားလေးကို အကောင်လို့ မပြောပါနဲ့"

"ဘာ အသွင် မင်းက အဲ့အကောင်လို့ ငါပြောလိုက်တော့ နာသွားတာလား"

"မဟုတ် ..မဟုတ်ပါဘူး အကိုလေးရယ် ကျွန်တော်ပြောတာ အဲ့လိုမဟုတ်ပါဘူး"

"ဘယ်လိုဘဲ ဖြစ်ဖြစ် အသွင်သူနဲ့ ကင်းကင်းနေ"

"ဟို ဘာလို့လဲ ဆိုတာ သိလို့ရမလား"

"သိစရာ မလိုဘူး ငါမကြိုက်လို့"

"ဗျာ.."

"လာ သွားမယ် ဗိုက်ဆာနေပြီ"

အသွင့်လက်ကို ဆွဲကာ ထွက်လာလိုက်သည်။
သူများတွေဆို စားသောက်ပြီးကြလို့ စကားတောင်ထိုင်ပြောနေကြလေပြီ။
ကိုယ်တွေက အခုထိမစားရသေး။

ဟို ကောင်ကတော့ ပြန်သွားပြီထင်သည်။

"အကိုလေး ဖိနပ်ကရော"

ထမင်းစားနေရင်းနဲ့မှ ဦးလင်းကမေးလာသည်။
ဟုတ်သားဘဲ။ဦးလင်းပြောမှ ဖိနပ်ချွတ်ထားတာကို သိရသွားသည်။
အောက် မြက်ခင်းပြင်ဖြစ်တာကြောင့် ခြေထောက်က နာကျင်မှု မဖြစ်။

"အော် ဟိုမှာလေ ရေဆေးပြီးလှမ်းထားတာ ခနနေ ခြောက်လောက်ပါပြီ"

"ဟုတ်...."

"အကိုလေးဗျ..အဲ့ဖိနပ်နဲ့ အလုပ်လုပ်ရတာ အဆင်မပြေရင် ကျွန်တော် ဂိုထောင်က လည်ရှည် ဖိနပ်သွားယူပေးရမလား"

အသွင်ကပါ ပြောလာလေပြီ။

"ရတယ် မယူနဲ့ အဲ့ဖိနပ်နဲ့လည်းအဆင်ပြေတယ်"

"အော် ...ဟုတ်ကဲ့"

ပုဆိုးကြီး နဲ့ အောက်က ဘွတ်ဖိနပ် နဲ့မို့ ကိုယ့်ပုံစံက လူရယ်ချင်စရာပင်။
မတတ်နိုင် ဒါဘဲရှိတာလေ။အသွင့်ကိုလည်း သွား၍ မယူစေချင်။စိတ်မချဟု ပြောလျှင်ပိုမှန်လိမ့်မည်။အထူးသဖြင့် ဟိုအကေညင်နဲ့ လမ်းမှာ တွေ့နေရင် ဘယ်လိုလုပ်မလဲ။
မျက်လုံးကမှ မမြင်ရဘူးဆို ဟိုစမ်းဒီစမ်း သွားရတာ အဆင်ပြေမှာလည်းမဟုတ်။

အလုပ်ချိန်ရောက်တော့ နေပူလာတာကြောင့် စွပ်ကျယ်ဝတ်ထားသော ကိုယ့်အတွက် အသားအရည် တွေစပ်ဖျင်းလာလေပြီ။

"ကောင်းထက် အပေါ်ဝတ်အကျီ္ကို ဘယ်မှာဝယ်လို့ရမလဲ"

"ဗျာ ဒီနားတစ်ဝိုက်မှာ တော့ဆိုင်မရှိဘူးလေ...အခြားလူ ဆီက သွားငှားလိုက်ပါလား"

"ဟူး...စိတ်ပျက်ဖို့ကောင်းတယ်ကွာ"

"နောက်တော့ ကျင့်သားရသွားမှာပါ...နွေရာသီဆို ဒီ့ထက်ပိုဆိုးတယ်"

ဦးလင်းကလည်း ဘယ်ရောက်နေတယ်မသိ။
အသွင်ကတော့ ကွပ်ပျစ်ပေါ်မှာ ထိုက်နေမြဲဖြစ်တာကြောင့် ကောင်းထက်ကို ပြောပြီး အသွင့်ဆီလာလိုက်သည်။

"အသွင်"

"ဗျာ အကိုလေး"

"ဟို အပေါ်ဝတ်အကျီ္ ငှားပါလား"

"ဗျာ ကျွန်တော့်အကျီ္ လား"

"အင်း ဟုတ်တယ်"

"ဟုတ်ကဲလ အကိုလေး "

ချက်ချင်းချွတ်ပေးရှာသည်။ကိုယ်လည်း ကျေးဇူးလို့သာပြောပြီး အကျီ္ကိုယူကာ စိုက်ခင်းထဲ ပြန်လာလိုက်သည်။

အသွင်နဲ့ ခပ်ပွပွဖြစ်နေပေမယ့် ကိုယ်နဲ့ကျ ကွက်တိပင်။
အရမ်းကြီး ကျပ်ထုတ် မနေတာကြောင့် ဝတ်ရတာ အဆင်ပြေသည်။
အကျီ္၌ ဆွဲကပ်ပါလာသော အနံ့လေးကိုလည်း လူမသိအောင် ရှူရှိုက်ရတာက အမော။
အင်း...ဒီလိုနဲ့ အလုပ်ချိန်ကုန်ဆုံးသွားပြန်သည်။

အလုပ်ဆင်းတော့ ညနေ ၅ နာရိထိုးလေပြီဖြစ်သောကြောင့် အနည်းငယ်မှောင်ရီပျိုးလို့နေလေပြီ။

နေရောင်က ပျောက်နေပြီး တိမ်တိုက်အညိုတို့က ဖုံးလွှမ်းထားကာ လေကလည်း အနည်းငယ်ကြမ်းလို့နေသည်။

တကယ်ပါဘဲ။ရာသီဥတုကအစ ကိုယ့်ဘကါမှာမရှိ။အလုပ်လုပ်နေတုန်းကတော့ဖြင့် ပူလိုက်တဲ့နေ အခုတော့ အုံ့မှိုင်းနေလေရဲ့။

ကားပေါ်တက်လာတာနဲ့ပင် အိပ်ပျော်သွားတာ တချိုးတည်း။
အိမ်ရောက်တာတောင် ဦးလင်းနှိုးမှ သိလိုက်ရသည်။

ရေမိုးချိုးပြီး ညစာတောင်မစားချက်တော့။မနေ့က ကျန်တဲ့အရက်ကိုလည်း သောက်ချင်စိတ်ကမရှိ။
ကုတင်ပေါ်ကို ကျောချလိုက်တဲ့ အရသာ က ဘာနဲ့ မှလဲလို့မရ။
ကောင်းလိုက်တာ။အရမ်းပင်ပန်းနေတဲ့အချိန်ဆို ဒီလိုလေး နားလိုက်ရတာ အရမ်းကောင်းတယ်။
မျက်ခွံနှစ်ဖက်မှာလည်း လေးလံလာပြီး အိပ်စက်ခြင်းဆိီသို့။
.
.
.
.
.
ကုတင်ဘေးက စားပွဲပေါ်တင်ထားသော ဖုန်းမြည်လာတာကြောင့် မျက်မှောင်ကျုံ့ကာ ဖုန်းကို လက်နဲ့ စမ်းကာလှမ်းယူလိုက်သည်။
မျက်လုံးကတော့ မဖွင့်သေး။

"ဟယ်လို...အင်းးးး"

"ဘယ်လိုလဲ အဆင်ပြေရဲ့လား ငါ့သား"

"ဟင်း...Daddy ရာ သူများအိပ်နေတာကို ဘာလို့ နှောက်ယှက်နေတာလဲ"

"ဟာ..ငါကမင်းအိပ်နေတာကို ဘယ်လိုလုပ်သိမှာလဲကွ"

"...."

"ဟိတ်ကောင် ငါပြောတာကြားလား.."

"ကြားတယ်လို့..."

"ကြားရင်ပြန်ဖြေလေ....အလုပ်လုပ်ရတာ ဘယ်လိုလဲ အဆင်ပြေရဲ့လား"

"မပြေဘူး Daddyရေ အရမပင်ပန်းတယ် ပင်ပန်းလွန်းလို့ကို သေသွားနိုင်တယ် သိလား"

"ဖြစ်နေလိုက်တာ သူများတွေဆို ဒီ့ထက်တောင် ပိုလုပ်ရသေးတယ်..ထားပါ သွင်ပြင်ရော"

"ဘယ်သိမလဲ"

"အေး မင်းသွင်ပြင့်ကို စားချင်တာရှိရင် ပြောလိုက် အဲ့ကလေးရဲ့ လက်ရာကကောင်းတယ် ပြီးတော့ ပြဿနာလုံးဝမရှာပါနဲ့"

"မရှာပါဘူးဗျာ အခုလေ အရမ်းကြီးကို လိမ္မာနေပြီ"

"လိမ္မာနေလို့ အရက်သောက်တာလား ငါမသိဘူးမထင်နဲ့နော်"

"ဟာဗျာ Daddyရာ မရစ်ပါနဲ့တော့ ကျွန်တော်အေးဆေး နားချင်လို့ ဒါဘဲ"

"ငါပြောတာမပြီးသေး..."

တီ တီ တီ

"တကယ်ပါဘဲ Daddy ရာ ..."

ထပ်မံမြည်လာသောဖုန်းကြောင့် သက်ပြင်းချကာ ကောက်ကိုင်လိုက်သည်။

"Daddyရာ နောက်မှပြောလို့မရဘူးလား"

"အမရာပါ ကိုရဲ့"

"အော်..အမရာ.."

"အမရာ ကို့ ကိုပြောစရာရှိလို့"

"အမရာ ပြီးမှဖုန်းပြန်ခေါ်လိုက်မယ်နော် ကိုယ်အခု..."

"အမရာ မနေ့ဖြန် မန္တလေးကို လာမှာ"

"......."

______________________________________
7.9.2020
10:39 PM
#Yashika

ကိုယ်လိုချင်တဲ့ အပိုင်းကို ရောက်လာပြီ😁။

© Yashika ,
книга «ချစ်ရပါသောအသွင်(ချစ်ရပါသောအသွင်)».
Коментарі