Episode-1(Unicode)
Episode-1(Zawgyi)
Episode-2(Unicode)
Episode-2(Zawgyi)
Episode-3(Unicode)
Episode-3(Zawgyi)
Episode-4(Unicode)
Epiaode-4(Zawgyi)
Episode-5(Unicode)
Episode-5(Zawgyi)
Episode-6(Unicode)
Episode-6(Zawgyi)
Episode-7(Unicode)
Episode-7(Zawgyi)
Episode-8(Unicode)
Episode-8(Zawgyi)
Episode-9(Unicode)
Episode-9(Zawgyi)
Episode-10(Unicode)
Episode-10(Zawgyi)
Episode-11(Unicode)
Episode-11(Zawgyi)
Episode-5(Unicode)
"အကိုလေး ကားအဆင်သင့်ဖြစ်ပါပြီဗျ"

ရပ်မြဲ အတိုင်း ကြည့်မြဲအတိုင်းပင်။
အသွင်ကတော့ ဉီးလင်းရဲ့ အသံကို ကြားသည်ထင်၏။
ရေလောင်းနေတာကို ရပ်လိုက်ပြီး ခေါင်းလေးက အနောက်ကို စောင်းငဲ့ကြည့်လာသည်။

"အကိုလေး ဗျ"

"အကိုလေး...အကိုလေး ပိုင်ရတု"

ဉီးလင်းလည်း လက်ဖဝါးနဲ့ ပိုင်ရတု၏ မျက်နှာရှေ့ဝေ့ရမ်းလိုက်တော့ အသိဝင်လာသည်။

"အော်..အဟင်း..ဉီးလင်း ပြီး..ပြီးပြီလား သွားကြရအောင်လေ"

"ဟုတ်ကဲ့ အကိုလေး"

ပိုင်ရတု မှာ လည်ဂုတ်ကို မီးပွင့်မတတ်ပွတ်နေပြီး လာလမ်းအတိုင်းမပြန်ဘဲ ယောင်ယမ်းကာ အသွင် ရှိရာဘက်ကနေ အိမ်ကို တပတ်လှည့်ကာ အဆင်သင့်ရပ်ထားသော ကားပေါ်ကို သွားထိုင်နေလိုက်သည်။

ကျွန်တော် သာအမြင်မမှားခဲ့ရင် သေချာတယ်..အသွင်ရှက်နေတယ်ဆိုတာ။

ကျန်ခဲ့သော ဉီးလင်းကတော့ ပိုင်ရတု ရဲ့အဖြစ်ကို သဘောကျကာ ပြုံးနေပြီး အသွင့်ကိုလည်း ဂရုစိုက်ရန် မှာခဲ့လိုက်သည်။

ကားကို ခြံရှေ့တွင်ခန ရပ်ကာ ခြံတံခါးကို သော့ခတ် လိုက်တာကြောင့် အသွင့်ကို ဉီးလင်းက တစ်ယောက်တည်း စိတ်ချပုံမရပေ။
ဉီးလင်း သာမက ကျွန်တော်လည်း တစ်အိမ်လုံးတွင် အသွင်တစ်ယောက်တည်းသာ ကျန်ခဲ့တာကြောင့် စိတ်က သိပ်မဖြောင့်ပေ။
သုံးလမ်းကျော်က စတိုးဆိုင်တွင် မိမိကြိုက်သော တံဆိပ်မရသဖြင့် အခြားဆိုင်ကို သွားနေတာကြောင့် အချိန်က အနည်းငယ်ကြာလေသည်။

အုံ့မှိုင်းနေသော ညနေခင်းအချိန်တွင် မန္တလေးမြို့တော်ကြီး၏ ကျုံးကြီးမှာလည်း အလှတရားအပြည့်ဖြင့် ကျက်သရေရှိလို့နေလေသည်။
ကိုယ်တောင် ကားပေါ်ကနေ လည်ပြန်ငေးနေမိသည်။
တဆက်တည်း အတွေးထဲဝင်လာတာက အသွင်။

**အသွင့်ကိုလည်း မြင်စေချင်လိုက်တာ**

အရက်ဝင်ဝယ်ပြီး အမြည်းပါဝယ်ရန် ဆိုင်ကို မှာချင်သော်လည်း လူက စည်နေသဖြင့် အချိန်ကြာမည် ဆိုးသောကြောင့် မမှာတော့ဘဲ အိမ်ကိုသာ ပြန်လာလိုက်သည်။

ကိုယ်ကတော့ ခြံတံခါးသော့ကို ဉီးလင်း ဆီကိုတောင်းကာ တစ်ယောက်တည်း အိမ်ထဲဝင်လာခဲ့သည်။
ဉီးလင်းကတော့ အမြည်းဝယ်ရန်အတွက် ပြန်ထွက်သွားလေ၏။

အရက်ပုလင်းကို စားပွဲပေါ်တင်ပြီး ကိုယ်လည်း အခန်းထဲ ဝင်လာကာမနက်က ချိုးထားသော်လည်း ရေထပ်ချိုးလိုက်သည်။
ရေချိုးနေရင်း မျက်လုံးထဲ ဝင်လာသည်က အသွင်။

ဆံပင်များကို ခေါင်းလျှော်ရည်ဖြင့် ပွတ်သပ်လျှော်နေတုန်း ညနေက အသွင့်ရဲ့ ပုံစံ လှုပ်ရှားမှုတိုင်းက အနှေးကွက်ဖြင့် မြင်ယောင်လာလေသည်။

ထပ်တူ ရင်ခုန်လာသော ဝဲဘတ်ရင်အုံ တစ်နေရာကြောင့်လည်း ဆပ်ပြာအမြုပ်တွေကြားထိုးဖွနေသော လက်နှစ်ဖက်လုံး ရပ်တန့်သွားရသည်။

"ဟာ...ဘာဖြစ်တာလဲကွာ..."

တကယ်ပါ။တကယ်ကို စိတ်ညစ်တယ်။
ဒီလို ခံစားချက်ကြီးကို မကြိုက်ဘူး။

အောက်ပိုင်းက တစ်စုံတစ်ရာတင်းမာမှုကြောင့် အောက်ကို ငုံ့ကြည့်လိုက်လေတော့.......

**ဘာလဲ ငါအခု ယောကျာ်းတစ်ယောက်ကြောင့် ဆန္ဒတွေပေါ်လာတာလား...ဘာလို့လဲ ဟင့်အင်း။ဒါမဖြစ်သင့်ဘူးလေ။တွေ့တာ တစ်ရက်တောင် မရှိသေးဘူးဟာကို။မဟုတ်ဘူး။ငါအခု ဆန္ဒဖြစ်နေတာ သူ့ကြောင့်မဟုတ်ဘူး**

ရေပန်းကို ဂိတ်ဆုံးအထိ အားအပြင်းဆုံး ဖွင့်ချလိုက်ကာ ဆံပင်ပေါ်မှ အမြုပ်ဖြူဖြူ လေးတို့ကို ဖယ်ခွာလျက် တင်းမာမှုကို လျော့လိုက်သည်။
ထိုအချိန်အတွင်း ပိုင်သုတ ၏ နှုတ်ခမ်းမှ ခေါ်ဆိုနေသော နာမ်စားလေးကတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။

_____________________________________
မီးဖိုချောင်ရဲ့ ဘယ်ဘက်အခန်းကျဉ်းလေးတွင် ဖျာကြမ်းလေးခင်းထားပြီးအပေါ်မှ ပါးလွှာသော အခင်းလေးတစ်ခု ခင်းထားသော သစ်သားဖြင့် ပြုလုပ်ထားသည့် ကုတင်လေးတစ်ခုနှင့် အဝတ်ဗီရို အပုလေးတစ်လုံးသာ ရှိလေသည်။
ထိုအခန်းသည် အသွင့်၏ အခန်းပင်။

ကုတင်ပေါ်တွင် အသွင်တစ်ယောက် ခေါင်းအုံးလေးကို ပိုက်ကာတင်ပလွင်ခွေ ထိုင်လျက် နံရံကို ကျောမှီထားသည်။
အသွင့်၏ နှုတ်ခမ်း ထူထူတစ်စုံ၏ အစွန်းနှစ်ဖက်သည်လည်း ပါးပေါ်သို့ တက်နေကာ သွားထက်လေးကို ဖော်ပြထားလေသည်။
ဟုတ်ပါတယ်။အသွင်ပြုံးနေတာပါ။

"အကိုလေးက ဘယ်လိုပုံစံလေးလဲ နော်"

တစ်ခါမှ မလှုပ်ရှားခဲ့ဘူးသော နှလုံးသား အကောင်ပေါက်လေးမှာလည်း ယနေ့မှ စတင် ခုန်ပေါက်ကစားနေလေပြီ။
ကိုယ်သင်းနံ့လေး.....စူးရှနေပေမယ့် ကြိုက်သည်။
သွင်ပြင် ဆိုသော ကျွန်တော်က သဘာဝ ပန်းရနံ့များ ကိုသာ နှစ်သက်ပါသည်။
စူးရှသော ရနံ့များကို လုံးဝမကြိုက်ပေ။
သို့သော်...အကိုလေး၏ ကိုယ်သင်းနံ့ကိုတော့လွန်စွာ သဘောကျနှစ်သက်သည်။

အကိုလေး၏ ရင်ခွင်ထဲ ရောက်ခဲ့ရသော ခနတာ အချိန်တုန်းက ရင်ခုန်သံတွေ အစပြုခဲ့သည် ထင်ပါရဲ့။

ယောကျာ်းပီသသည် ကိုဖော်ပြနေသော အကိုလေး၏ ခပ်သြသြ အသံကို ကြားရတိုင်းလည်း ရင်ခုန်မိပါသည်။
အခုတောင် အကိုလေးအကြောင်းတွေးရင်း ရင်ခုန်နေပြန်ပြီ။ကျွန်တော်တော့ အကိုလေးကို စွဲလမ်းနေပြီ ထင်ပါရဲ့ဗျာ။

အသွင် တဲ့လား။သွင်ပြင်မှလွဲ၍ မည်သည့်နာမ်စားနှင့်မှ အခေါ်မခံရဘူးသော ကျွန်တော့်ကို အကိုလေးက အသွင် လို့ခေါ်ခဲ့သည်လား။

အကိုလေး အကြောင်းကို ဉီးလင်းဆီက ကြားတုန်းက အတော်ကိုဆိုးသွမ်းမယ်ထင်ခဲ့တာ။
အဲ့လောက်လည်း မဆိုးပါဘူး။

အကိုလေးက ကျွန်တော့်ကို စကားပြောတာနေ့လည်ကတည်းက ချိုချိုသာသာလေးနဲ့ နူးညံ့နေတာဘဲ။
ကျွန်တော့်ရဲ့ အသံကို သဘောကျတယ် ဆိုပြီးပြောတုန်းက အရမ်းကို ပျော်နေခဲ့တာ အကိုလေး ရိပ်မိသွားလား တော့မသိ။

ညနေ ရေချိုးတုန်းက အကိုလေးရှိနေခဲ့သည် ဟူသော အတွေးက ဝင်လာပြန်တော့ ရှက်မိပြန်သည်။
ခေါင်းအုန်းလေးပေါ်သို့ နှာခေါင်းလေးနှစ်ဝင်သွားသည်အထိမျက်နှာကို ကွယ်လိုက်ကာ ရယ်သံအချို့ ထွက်ပေါ်လာသည်။

"ရှက်တယ်ကွာ..."

သေချာပါသည်။ကျွန်တော်အကိုလေးကို ချစ်မိနေပါပြီ။
ကျွန်တော်တစ်ခါမှ ဉီးနှောက်ထဲတွင် အချစ်ဆ်ုသော အရာကို ထည့်၍ မစဉ်းစားဖူးချေ။
အခုတော့ နှလုံးသားအတွင်းသို့ အချိန်တိုအတွင်းမှာ အချစ်ဟာဝင်ရောက်လာခဲ့ပြီး  ဉီးနှောက်ထဲတွင်လည်း တွေးတောစရာ ဖြစ်လာလေပြီ။

အကိုလေး မနက်က ဖုန်းပြောနေတာကို ကြားခဲ့ရသည်ကြောင့် အကိုလေးတွင်ချစ်ရသူ အမျိုးသမီး ရှိသည်ထင်။
အဲ့တာကို ကျွန်တော်ဂရုမစိုက်ပါ။
ကျွန်တော်အတွက်က ချစ်နေရရုံနဲ့တင် ပြည့်စုံနေပါပြီ။

လုံးဝ ဖြစ်မလာနိုင်သော အကိုလေးနှင့် ကျွန်တော့ရဲ့ ဆက်ဆံရေးကို ဒီအတိုင်းလေးဘဲထားချင်တယ်။ဒီတစ်လပြီးရင် အကိုလေးက ရန်ကုန်ကို ပြန်တော့မှာ...။

ကျွန်တော့်အချစ်က ပေးဆပ်ခြင်း ပါဘဲ....။

"သွင်ပြင်ရေ မီးဖိုချောင်ထဲလာခဲ့အုန်း"

ဉီးလင်း၏ အသံကြောင့် ကျွန်တော်လည်းတွေးနေတာကို ရပ်ကာ အပြင်ကိုထွက်လာလိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော်လာပြီ ဉီးလင်း ဘာခိုင်းစရာရှိလို့လဲ"

"သွင်ပြင်ရေ မင်းကိုအားတော့နာပါတယ် ဉီးလင်း ရဲ့ ညီမ ဆေးရုံတက်နေတာလေ အဲ့တာ ဉီးလင်း လူနာသွားစောင့်ပေးရမှာ သူ့ယောကျာ်းကလည်း နယ်ကို ခရီးသွားနေတော့"

"အဲ့တာဘာဖြစ်လို့လဲ ဘာအလုပ်မှမရှိတော့ဘူးလေ  ဉီးလင်းဘာခိုင်းမလို့လဲ"

"ခနနေကျရင် အကိုလေးက အရက်သောက်မှာမို့ ပြင်ဆင်ပေးလိုက်ပါအုန်း...အမြည်းတွေ ဟင်းတွေက ဉီးလင်း အကုန်ထည့်ထားပြီးသား​စားပွဲပေါ်တင်ပေးထားတယ် အကိုလေး လိုတာကိုသာ လုပ်ပေးလိုက်နော်"

"အော်..ဒါလေးများ ဉီးလင်းရယ် ရတယ်ရတယ် စိတ်ချသွား"

"အေးအေး အဲ့တာဆို ဉီးလင်း အခုသွားတော့မယ်နော် အကိုလေးကိုတော့ ပြောထားပြီးသားရယ်"

"ဟုတ်ကဲ့"

အရက်သောက်တတ်တာလား အကိုလေးရယ်။
အိမ်ထဲတွင် နှစ်ယောက်တည်းရှိနေသည်ဟူသော အသိက ကျွန်တော့်ရင်ကို တလှပ်လှပ်တုန်ခါစေသည်။
အကိုလေးက အခုအခန်းထဲတွင်ရှိနေမည်ထင်သည်။

အကိုလေးလာရင် မိမိကိုမတွေ့ဘဲ နေမှာဆိုးလို့ ထမင်းးစား စားပွဲပေါ်မှာသာ ထိုင်စောင့်နေလိုက်သည်။

-ဟားဟား...အချွဲလေးဘဲကွာ

တံခါးပိတ်သံ နှင့်အတူ ထွက်ပေါ်လာသော အကိုလေး၏ အသံ။

-အင်းပါ...အခုတော့ကိုယ့်ကို အသည်းယားအောင်ပြောထားအုန်းပေါ့ ပြန်တွေ့တဲ့အခါမှ အသေကိုဖက်နမ်းပစ်အုန်းမယ်

-ဟုတ်ပါပြီ ကွာ...အိုကေ အိုကေ ဘိုင့်ဘိုင် ချစ်တယ်နော်..

ဖုန်းချပြီး မီးဖိုချောင်ဘက်သို့ တန်းဝင်လာခဲ့သည်။
တံခါးပေါက်ကို ကျောပေးကာ ထိုင်နေသော
အသွင့်ကိုတွေ့တာကြောင့် ကိုယ့်ကိုစောင့်နေသည်ထင်။
ဉီးလင်းကလည်း အခုဆို ဆေးရုံကို သွားလောက်ပြီလေ။

"အသွင်..."

ခေါ်တောင် မရဲ။ကိုယ် ဘာကိုယ် လိပ်ပြာမလုံသောကြောင့် အသွင့်ကို ခပ်တိုးတိုးသာခေါ်လိုက်သည်။

"ဗျာ...ဟုတ် အကိုလေး စားတော့မှာလားဗျ"

အချိန်မှာ ၇ နာရီခွဲနေပြီ ဖြစ်တာကြောင့် စားသင့်နေလေပြီ။

"အင်း..စားတော့မယ်...ဧည့်ခန်းထဲ မှာစားမှာ..ငါဘာသာ ချလိုက်မယ် အသွင်က သွားနားလို့ရပြီ မစားရသေးရင်လည်း တခါတည်းဝင်စားလိုက်"

**ငါအခု အသွင့်ကို အတူတူ ညစာစားဖို့ ခေါ်နေတာလား။ဟိုအိမ်မှာဆို ဘယ်အလုပ်သမားကိုမှ မပြောဖူးပါဘူး။အော်...ငါဘာတြွေဖစ်နေပြန်တာလဲကွာ။**

"ရတယ်ဗျ ကျွန်တော်လုပ်ပေးမယ်လေ"

"ရတယ် ရတယ် သွားသွား"

"ဟုတ်ကဲ့ အဲ့တာဆို လိုတာရှိရင် ခေါ်လိုက်ပါဗျ"

စိတ်မကောင်းသော လေသံဖြင့် ပြောလာတဲ့အသွင်ကြောင့် ငြင်းမိတာတောင် နောင်တရချင်သလိုလို ဖြစ်သွားသည်။
ကိုယ်က သူပင်ပန်းမှာဆိုးလို့ ပြောတာကို။
ပန်းကန်တွေ သယ်ပြီး စမ်းတဝါးဝါး လမ်းလျှောက်ပြီး မတော်လို့ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။
နေပါအုန်း...ငါအခု အသွင့်ကို စိတ်ပူနေတာလား။

"အ့...."

ရင်ခွင်ထဲသို့ တည့်တည့်ဝင်တိုးလာသောအသွင်။

"တောင်း...တောင်းပန်ပါတယ် အကိုလေး...ကျွန်တော်က အကိုလေးရှိမှန်းမသိလို့ပါ"

"ရ....ရပါတယ်..ငါကလည်း အပေါက်ဝ မှာရပ်နေမိတာကို...သွားလို့ရပြီ"

အမြန်ပင် ဖယ်ပေးပြီး နှင်ထုတ်ရတော့သည်။
အသွင်နဲ့ငါ နဲ့ကတော့ ဒီလိုပုံစံ အတိုင်းဆို မဖြစ်သေးပါဘူး။

"ဟုတ်..ဟုတ်"

အသွင်ထွက်သွားမှဘဲ သက်ပြင်းချနိုင်တော့သည်။
တုန်ရီနေသော ရင်အစုံကို ငြိမ်သက်စေခြင်း အလို့ငြာ အရက်ကိုသာ သောက်ရန် စိတ်လောလိုက်သည်။

စားပွဲပေါ်ချထားသော အုပ်ဆောင်းကို ဖွင့်ကာ
ဟင်းပန်းကန်များကို အရင်ဆုံး ဧည့်ခန်းက စားပွဲပေါ်ပြောင်းရွှေ့လိုက်ပြီး ရေခဲသေတ္တာထဲမှ ရေခဲရေ နှင့် ရေခဲတုန်းများထည့်ထားသော ခွက်ကိုယူကာ ဖန်ခွက်ကိုလည်း တခါတည်းယူပြီး သွားထားလိုက်သည်။

အရက်ပုလင်း ကိုတော့ နောက်ဆုံးမှလာယူလိုက်သည်။

​အရက်သောက်ရတာ အရသာကမရှိ။
တီဗွီသာ ဖွင့်ထားတယ် ကြည့်ချင်စိတ်ကလည်ူမရှိ။
ပျင်းဖို့ကောင်းလိုက်တာကွာ။သူငယ်ချင်းတွေနဲ့ဆိုင်ထိုင် ကလပ်တက်ပြီး သောက်လေ့ရှိသောကိုယ်က အခုတော့ တစ်ယောက်တည်း။
လုံးဝကို အဆင်မပြေ။အထီးကျန်သလားလို့မေးရင် တော့ အဖြေက အထီးမကျန်ဘူးဆိုတာပါဘဲ။
ဘာလို့လဲ ဆိုတော့...အခု ကိုယ်တစ်ယောက်တည်းရှိနေတာမှမဟုတ်တာ....။

______________________________________
3.9.2020
11:33 PM
#Yashika

ပျင်းနေကြပြီထင်ပါတယ်။
ပထမ ရက်ကနေကို မတတ်တော့ဘူး😁။
အခုအပိုင်းကို လုံးဝအားမရပါ🙂

                       

© Yashika ,
книга «ချစ်ရပါသောအသွင်(ချစ်ရပါသောအသွင်)».
Коментарі