Episode-11(Unicode)
ပါးလွှာသော အဖြူရောင်လိုက်ကာစ ကိုဖြတ်၍ အခန်းထဲရှိ ကောင်လေးတစ်ယောက်၏ မျက်နှာပြင်ပေါ်သို့ နေရောင်ခပ်ဖျော့ဖျော့သည် ကျရောက်နေလျက်..။
နိုးထလာတဲ့ ကောင်လေးကတော့ နာကျင်မှု အပြည့်ဖြင့်....။
လေးလံနေသော မျက်ခွံကို ဖြည်းဖြည်း ဖွင်လိုက်တဲ့အခါ နီရဲနေသော မျက်ဝန်းတစ်စုံက ထင်းထင်းရှင်းရှင်းပေါ်လာလေသည်။
နိုးချင်းချင်းပင် မျက်ဝန်းများမှာ မျက်ရည်ဟူသော အရည်ကြည်တို့က တစ်လိမ့်ချင်းစီ နားထင်ကို ဖြတ်ကာ ခေါင်းအုံးလေးကို စိုစွတ်လိုက်သည်။
မျက်ရည်စီးကြောင်း ထင်နေသော နားထင်နှစ်ဖက်ကို လက်ဖြင့် အကြမ်းပွတ်ကာ ဖျောက်ဖြတ် လိုက်ပြီး ထထိုင်မည်အလုပ် အောက်ပိုင်းမှ စူးခနနာကျင်မှုကြောင့် မျက်ရည်က ထပ်၍ကျလာပြန်သည်။
"အဟင့်....နာတယ်"
ဒေါက် ဒေါက်
ဂျလောက်
"သွင်ပြင်.."
"ဦးလင်းလား..."
"သွင်ပြင် အဆင်ပြေရဲ့လား...ရော့ ဒါဝတ်လိုက်"
ရှက်စိတ်ကြောင့်လားတော့ မသိ ခန္ဓာကိုယ် တစ်ခုလုံးတောင့်တင်းလာကာ မျက်ရည်တို့ကသာ ထပ်မံ၍ ပိုးပိုးပေါက်ပေါက်ကျလို့လာချေပြီ။
"အကုန်....အကုန်သိပြီးကြပြီလား"
"အင်း...ငါ့တူ ဘာမှမဖြစ်ဘူးနော် ဦး လင်းတစ်ယောက်လုံးရှိတယ် ရော့ ဒါဝတ်ထားလိုက်"
စောင်ခြုံထားသော သွင်ပြင့် ပေါင်ပေါ်သို့ ပုဆိုး နှင့် တီရှပ်ကို တင်ပေးလိုက်သည်။
"ဝတ်ပြီးရင် ဦးလင်းနဲ့ အပြင်ခနထွက်ရအောင်လေ"
"အဟင့် ...ဟင့် အီးဟီး..."
"မငို မငိုပါနဲ့ ငါ့တူရယ် အရာအားလုံးကို ကံကြမ္မာကို ဘဲ အပြစ်တင်ရတော့မှာပေါ့ ကံစီမံရာအတိုင်းဘဲလေ"
"ဦးလင်း...ကျွန်..ကျွန်တော်.."
"ကလေးရယ်..."
ဦးလင်းလည်း ဘယ်လိုနှစ်သိမ့်လို့ သိမ့်ရမှန်းကို မသိတော့ပေ။
မနက် 6 နာရီလောက်ကတည်းက သူဌေးက မမလေး အမရာကို ခေါ်ပြီး အိမ်ကိုပြန်လာလိုက်တာ ခြံတံခါးပေါက်ကြီးက ဖွင့်ရက်ဖြစ်လို့နေတာကြောင့် သွင်ပြင့်ကို ဆူရန်တောင် တွေးမိသေးသည်။
ဒါတင်မကသေး အိမ်တံခါးကလည်းပွင့်ရက်သား။
သူဌေးကတော့ ဧည့်ခန်းက ဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းပြောနေသည်။
ကိုယ်ကတော့ သွင်ပြင့်ကို ရှာနေပေမယ့် မတွေ့တာကြောင့် ခြံထဲမှာပင် လှည့်ပတ်ရှာနေမိသည်။
ဒုန်း!!
အိမ်ထဲက အသံကြားလို့ အမြန်သွားပြေးကြည့်မိတော့ အကိုလေးရဲ့ အခန်းဝ မှာ မမလေးက လဲနေကာ ငိုနေပြီး သူဌေးကလည်း မမလေးကို ထိန်းကိုင်ထားလေသည်။
"သူဌေး.."
"ဟာကွာ...မိုက်လိုက်တဲ့ကောင်တွေ"
"ဘာ..ဘာဖြစ်...ဟင်"
တွေ့လိုက်ရတဲ့မြင်ကွင်းက မှင်သက်စရာပင်။
အကိုလေးက သွင့်ပြင့်ကို ရင်ခွင်ထဲထည့်ကာ ခါးကို ဖတ်ထားလျက် အိပ်လို့နေလေသည်။
အဲ့တာက သိပ်တော့ ဘာမှမဖြစ်ပေမယ့် အဝတ်အစားတွေ လုံးဝ ကပ်ညှိခြင်းမရှိသော ခန္ဓာကိုယ်နှစ်ခု..။
တောက်!
တောက်ခေါက်သံအဆုံး သူဌေးက သူတို့ဆီသွားကာ အကိုလေးကို ထိုးလိုက်သည်။
"ဟိတ်ကောင်တွေ...ထကြစမ်း...ဒါဘာသဘောလဲ..ဟင်..မင်းတို့"
"အ့ Daddy ဘာလို့ထိုး...ဟင်"
"အဟင့်...ဟင့်"
"အမရာ...ဘာလို့ငို..အား..ဒါဘာတွေလဲ အသွင်ကဘာလို့ ငါ့ဘေး"
အနီကို ကျော်လွန်ကာ အညိုဘက်သို့ ရောက်နေတဲ့ အမှတ်အသားတွေနဲ့ အသွင်..။
တဆစ်ဆစ်ထိုးကိုက်နေသော ခေါင်းကြောင့် ဘယ်အရာကိုမှမစဥ်းစားနိုင်တော့။
"ပိုင်ရတု..မင်းအခုချက်ချင်း အကျီ္ဝတ်ပြီး အပြင်ကိုထွက်လာခဲ့စမ်း...သွင်ပြင့်ကိုပါ တခါတည်း ခေါ်ခဲ့"
အားလုံးထွက်သွားသည့်တိုင် ကုတင်ပေါ်က မထရသေး။
ညက အဖြစ်အပျက်များကို ဝိုးတဝါးသာ မှတ်မိလေသည်။
မှတ်မိသလောက်ကတော့ အိမ်ကို လိုက်ပို့တဲ့အထိဘဲ။
ကျန်တာ ဘာဆိုဘာမျှမမှတ်မိတော့။
အသွင့်ဘက်ကို တစ်ချက်လှည့်ပြီး ကြည့်လိုက်သော်လည်း မကြည့်ချင်တော့။
ငါ အဲ့လိုလုပ်ခဲ့ရင်တောင် ဘာလို့မတားရတာလဲ။
ဒေါသတို့က ထွက်လို့လာချေပြီ။ဒီလောက် ဆူညံသွားတာတောင် အိပ်လို့ကောင်းနေတုန်းလား မင်းက။
အဝတ်အစားဝတ်ပြီး ဧည့်ခန်းထဲသို့ထွက်လာလိုက်သည်။
အမရာ...ငိုနေတာဘဲ။မငိုပါနဲ့ ကွာ။
ကိုယ်တောင်းပန်ပါတယ်။
ရှိုက်ကာ ရှိုက်ကာ ငိုနေသော အမရာ့ဘေးနားသွားထိုင်ကာ ပေါင်ပေါ်တင်ထားသော သူမ၏လက်ကလေးနှစ်ဖက်ကို ကိုင်လိုက်ပေမယ့် ပြန်လည်ရုန်းထွက်သွားလေသည်။
Daddy ကတော့လက်သီးကို သွေးကြောများထောင်ကာ ပေါက်ထွက်မတတ် ဆုတ်ထားကာ အံကိုကြိတ်လို့နေသည်။
တိတ်ဆိတ်မှုတို့သာ ကြီးစိုးလျက် မည်သူ့ဘက်ကမှ စ၍စကားပြောဆိုခြင်းမရှိခဲ့ပေ။
ဦးလင်းကတော့ အခန်းထဲဝင်သွားတာဘဲ။
ခနကြာတော့ ဦးလင်းရဲ့လက်မောင်းကို ဆွဲကိုင်လျက် ဖြည်းဖြည်းချင်းထွက်လာသော အသွင်...မဟုတ်ဘူး..သွင်ပြင်။
"သူဌေး..."
"........"
အသွင်...ဟာကွာ မှားပြီးခေါ်မိပြန်ပြီ။
သွင်ပြင်ကတော့ မျက်ရည်တွေစီးကျဆဲပင်။
ဒီလိုဖြစ်မယ်မှန်းသိရက်နဲ့ ဘာလို့ အရက်မူးနေတဲ့ငါ့ကို မတားဘဲ ခံခဲ့လဲ။
"ဟူး....မင်းတို့နှစ်ယောက် လက်ထပ်ရမယ်"
"ဗျာ..." "Daddy.."
"ဖြစ်ပြီးသွားပြီ ဆိုတော့ တတ်မှမတတ်နိုင်တော့ဘဲ ...ပိုင်ရတု ဒီကိစ္စကို မင်းကိုယ်တိုင်မှားခဲ့တာ မင်းတာဝန်ယူရမယ်..."
"Daddy...Daddy..ဒီကိစ္စသေးသေးလေး က လက်ထပ်စရာမလိုဘူးနော်..ကျွန်တော်တို့နှစ်ယောက်စလုံးက ယောကျာ်းသားတွေဘဲ..အဲ့ကောင် ကကိုယ်ဝန်ရလာမှာလည်းမဟုတ်ဘူး.."
*အော်...အကိုလေးရယ်..ကျွန်တော့်ရင်တွေ နာနေတာရော သိရဲ့လား။အကိုလေးစိတ်ချမ်းသာဖို့ ကျွန်တော်....*
"ဟုတ်..ဟုတ်ပါတယ် သူဌေး ဒိီကိစ္စသေးသေးလေး နဲ့တော့ လက်ထပ်ဖို့မလိုပါဘူး ကျွန်တော်လည်း အဆင်ပြေပါတယ်"
"မရဘူး..လက်ထက်ရမယ်..."
"သူဌေးဗျ တကယ်ပါ ကျွန်တော်ဘယ်သူ့ကိုမှလည်းမပြောပါဘူး...ပြီးတော့ ကိုယ်ဝန်လည်းရစရာအကြောင်းမရှိဘူးလေ.."
"သွင်ပြင်.."
"ဦးလင်း...ဘာမှမဖြစ်ဘူး"
သွင်ပြင့်အကြောင်းသိနေသော ဦးလင်းက ဝင်တားရန် လုပ်လိုက်ပေမယ့် သွင်ပြင့်ကပြန်တားလိုက်သည်။
"မင်းတို့နှစ်ယောက်..."
"တကယ်ပါ သူဌေးရယ် ကျွန်တော် အကိုလေးနဲ့လက်မထပ်ချင်လို့ပါ"
"ဟက်...ငါကရော မင်းနဲ့ လက်ထပ်ချင်တယ် ထင်နေတာလား"
"တော်တော့ နှစ်ယောက်စလုံး..ဒီကိစ္စနှုတ်လုံမှာသေချာလား"
တကယ်ပါ။တစ်ဦးတည်းသော သားဖြစ်တာကြောင့် မျိုးဆက်ပျက်မှာကိုလာစိုးရိမ်ရသလို အသိုင်းအဝိုင်း၏လှောင်ပြောင်ခံရမှာကိုလည်း ရှက်သည်။
သွင်ပြင်ဆိုသည့်ကောင်လေးကို အားတော့နာပေမယ့်လည်း...။
"ဟုတ်ကဲ့ ကျွန်တော်ဘယ်သူ့ကိုမှမပြောပါဘူး ပြီးတော့ ကျွန်တော်ကမျက်မမြင်လေ...ဘာကိုမှလည်းမမြင်လိုက်ရသလို မှတ်မိနေမှာလည်း မဟုတ်ဘူး"
ပိုင်ရတု-"ကောင်းတာပေါ့..ဟက်.."
"ဟို..အမရာ နားတော့မယ်နော်"
"အင်း..ကိုယ်လိုက်ပို့ပေးမယ်လေ"
"ဟင့်အင်း..ရတယ်"
ကမ်းလိုက်တဲ့ လက်တစ်စုံဟာထပ်ပြီး ငြင်းပယ်ခံရပြန်သည်။
ဦးလင်း-"အဲ့တာဆို သူဌေး ကျွန်တော် သွင်ပြင့်ကို နားဖို့ခေါ်သွားလိုက်အုန်းမယ်နော်"
"အေးအေး သွင်ပြင် ဒီနေ့ ဘာအလုမှမလုပ်ဘဲ နားနေ"
"ဟုတ်ကဲ့ဗျ"
သွင်ပြင်တို့ထွက်သွားပြီးတော့ ဦးပိုင်ထွန်း၏အကြည့်စူးစူးသည် ပိုင်ရတု ဆီသို့ရောက်လေသည်။
"Daddy.."
"မင်း ကြပ်ကြပ်သတိထားနေ အခုကစပြီး သွင်ပြင်နဲ့ မပတ်သတ်နဲ့တော့"
"Daddyက မျက်နှာလိုက်တယ် ကိုယ့်သားဘက်ကျမပါဘဲ အဲ့ကောင်ဘက်ဘဲ ပါနေတာ"
"ဘယ်သူကမှားတာလဲ ဟမ်..မင်းလေ..ဟိုကလေးကသာ နစ်နာနေတာ သနားစရာလေး..ပြောထားမယ်နော် မင်းသွင်ပြင့်ကို အားငယ်အောင်ဘာမှမပြောနဲ့ ပြီးတော့သွင်ပြင့်နဲ့ ဦးလင်းအောင်ကို အလုပ်သမားလိုမဆက်ဆံနဲ့ သူတို့က ငါ့လူတွေ မင်းလူတွေ မဟုတ်ဘူး ကြားလား"
"Dad..."
ပြောပြီး ဒေါသမောနဲ့ ထွက်သွားသော Daddy ။
ညကအကြောင်းတွေ ပြန်စဥ်းစားသော်လည်းတစ်ခုမှမမှတ်မိတော့။
ထားပါ ကိုယ်ကအရက်မူးနေတယ်ဘဲ။အရက်မူးပြီး ယိုင်နဲ့နေတဲ့ငါ့ကို သွင်ပြင်က မတွန်းကန်နိုင်ဘူးလား။ပန်းအိုးတွေ ဘာတွေ အလေးအပင်တွေ မနေတဲ့ သူက ငါ့ကို မတွန်းကန်နိုင်ဘူးဆိုတာ ဖြစ်နိုင်လို့လား။
အစကတည်းက မိန်းမလိုလို ဘာလိုလို နဲ့နုဖတ်နေတဲ့သူ့ကို သိခဲ့သင့်တယ်။
ခြောက်များ ခြေက်နေတာလားမသိပါဘူး။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ။
ငါ့ရဲ့ ပထမဦးဆုံးကို ယူသွားတဲ့မင်း တွေ့ကြသေးတာပေါ့ကွာ။
______________________________________
12.9.2020
11:09 PM
#Yashika
အတိုဆုံးအပိုင်းပါနော်😁။
ဒါနဲ့ ငယ်လေးတို့ ကြိုတွေးထားတာနဲ့ ကွဲနေမယ်လို့တော့ထင်ပါတယ်။ဘာလို့ဆို အဲ့လိုဖြစ်ပြီး လက်ထပ်လိုက်ရတဲ့ fic က အတော်များတာကြောင့် ကိုယ်က အခြားပုံစံနဲ့ရေးကြည့်လိုက်တာပါ။
ဖတ်ရတာလည်း အဆင်ပြေမယ်မထင်ပါဘူး။ကိုယ်လည်း ဒီအပိုင်းရေးဖို့ကို စဥ်းစားထားပေမယ့် ဘယ်လိုရေးလို့ရေးရမှန်းကို မသိဖြစ်နေတာကြောင့် ကြိုးစားပြီး ရေးထားပါတယ်။အရေးအသားမှာ ညံ့ဖျင်းလို့ တောင်းပန်အပ်ပါတယ်။
ဒီအပိုင်းနဲ့တင် သေးသေးလေးဘဲရှိတဲ့ viewers လေးတွေ လျော့သွားနိုင်ပေမယ့် ကိုယ်ကတော့ စဥ်းစားထားတဲ့အတိုင်းဘဲရေးမှာပါ။
ရှင်းရှင်းပြောရရင် ကိုယ်လည်း ဒီအပိုင်းကို လုံးဝအားမရပါဘူး။
ပိုင်ရတု ပါနော်...ပိုင်သုတ မဟုတ်ပါဘူး။
ကိုယ်ရှေ့အပိုင်းမှာ မှားရေးမိသွားတာပါ😅

Коментарі
Упорядкувати
- За популярністю
- Спочатку нові
- По порядку
Показати всі коментарі
(1)
Episode-11(Unicode)
နင်ကလဲချက်ချင်းကြီးပါလားဟယ်
အစကတည်းကငမ်းငမ်းတက်နေတာနင်လေ
ကိုယ့်ဘာကိုဆေးမိလို့မိမှန်းတောင်မသိပဲနဲ့
ပြောရဲသေးတယ် အ့ံဩပ နင်လဲ ပြင်ပြင် နဲ့မတန်ပါဘူးနော်
Відповісти
2020-10-21 10:14:12
Подобається