Episode-7(Unicode)
ရေမိုးချိုးပြီး ထွက်လာတော့ ဘာရယ်မဟုတ် လိုက်ကာကို ဖွင့်လိုက်သည်။
ရေစိုနေသော မျက်နှာသို့ တိုးဝင်လာသော နေရောင် ဖျော့ဖျော့ဒဏ်မှ ကာကွယ်ရန် လက်ဖဝါး တစ်ဖက်နဲ့ ကာလိုက်ကာ မျက်ခုံး နှစ်ဖက်ကလည်း အလိုလိုကျုံ့သွားလေသည်။
ကာထားသော လက်ကို ဖယ်လိုက်ကာ အားစိုက်ပြီး အပြင်ကိုကြည့်လိုက်တော့ အသွင့်ကို မြင်လိုက်ရသည်။
မှန်ပြတင်းကို သုတ်နေသော အသွင်နှင့် ကိုယ်က မျက်စောင်းထိုး အနေအထားမှာ ရှိလို့နေတာကြောင့် အသွင့်မျက်နှာသေးသေးလေးကို အနီးကပ်မြင်နေရသည်။
ကိုယ်ကဘဲ မလုံနေတော့ ကြည့်နေရတာကိုက အပြစ်ကြီး တစ်ခုလို့ဖြစ်နေပြန်တာကြောင့် ဆက်ကြည့်ချင်နေသော်လည်း အကြည့်ကို လွှဲကာ လိုက်ကာကို ပြန်ပိတ်လိုက်သည်။
စိုက်ခင်း သွားရမည်ဆိုသော Daddy ရဲ့ စကားကြောင့် စိတ်ကရှုပ်လာရပြန်။
ဆံပင်ဖျားမှတဆင့် ပုခုံးပေါ်သို့ တစ်စက်စက် ကျနေသော ရေများကို တားဆိီးရန် ရေစိုနေသော ဆံနွယ်တို့ကို တပတ်နှင့် အကြမ်းပတမ်းသုတ်လိုက်ကာ အဝတ်အစား လဲပြီး ထွက်လာခဲ့သည်။
"အကိုလေး...မနက်စာ စားလိုက်ပါအုန်းဗျ ပြီးရင် ကျွန်တော်နဲ့ စိုက်ခင်းကို လိုက်ခဲ့ရမှာ"
ဦးလင်းကတော့ အိမ်ပြင်ထွက်လာတဲ့ ကျွန်တော့်ကို အပေါက်ဝ မှာတင် လာပြီး ပြောလေသည်။
"စိုက်ခင်းက ဘယ်မှာလဲ နေပူကြီးထဲလား"
"ဟုတ်ကဲ့ အကိုလေးရောက်ရင် သိပါလိမ့်မယ်"
ခေါင်းငြိမ့်ပြပြီး ကိုယ်လည်း မီးဖိုချောင်ထဲသို့သာ ဦးတည်သွားလိုက်သည်။
နောက်က ဦးလင်းလည်း လိုက်လာကာ မျက်လုံး ထောင့်စွန်းမှမြင်လိုက်ရတဲ့ အရိပ်လေးကြောင့် အသွင်ပါ လိုက်လာသည်ထင်။
မနက်စာကတော့ မနေ့တုန်းကအတိုင်း ထမင်းကြော်ပင်။
ကိုယ်ကြိုက်တယ် ပြောထားလို့ ဒိီတစ်ခါတော့ ပန်းကန်ထဲမှာ အများကြီး ခူးခပ်ပေးထား၏။
ချပေးထားသော ကော်ဖိီကို တစ်ငုံသောက်ပြီး ထမင်းကြော်ကိုသာ စားနေလိုက်သည်
ရှေ့တွင်ချထားသော အကြော်ပန်းကန်ကို တောင် မနှိုက်မိ။
အသွင့် ရဲ့လက်ရာက အတော့်ကိုကောင်းလှသည်။
"သွင်ပြင် စားပြိီးပြီလား"
"ဟုတ် စားပြီးပြီ..ဦးလင်း"
"အဲ့တာဆို ဒ်ီနေ့စိုက်ခင်းသွား မှာ အိမ်မှာဘယ်သူမှမရှိဘူး လိုက်ခဲ့"
"ဗျာ..ဟို မလိုက်လို့မရဘူးလား"
"ဘာလို့လဲ အရင်ကလည်း လိုက်နေကြကို သွင်ပြင်ရာ လိုက်ခဲ့ ဦးလင်းက မင်းကို စိတ်မချလို့ သွား အဝတ်အစားသွားလဲထား"
"ဟုတ်..ဦးလင်း"
ကိုယ့်ရဲ့ ဘေးမှာ အသံတွေကြားပေမယ့် လှည့်မကြည့်မိပေ။
မနက်စာ စားပြီးတော့ ဦးလင်းက ပန်းကန်တွေ သိမ်းနေတာကြောင့် ကိုယ်လည်း အခန်းကို ပြန်လာကာ ဖုန်း၊ စီးကရက်ဘူး နဲ့ မီးခြစ်ကို ယူလိုက်ပြီး ခြံထဲသို့ ဆင်းလာကာ စောင့်နေလိုက်သည်။
ဒန်းပေါ်ထိုင်ကာ ဘယ်ဘက်လက်တွင် ပတ်ထားသော နာရိီကို ကြည့်လိုက်တော့ ၈ နာရီတောင် ထိုးပြီးသွားလေပြီ။
မနက်ခင်းတိုင်း လုပ်နေကြအတိုင်းပင် အမရာ့ဆီ ဖုန်းဆက်ကာ စကားတွေပြောနေလိုက်သည်။
မကြာပါ ဦးလင်း ထွက်လာတော့ ဟိုရှာဒီရှာ ဖြင့် ထွက်လို့လာသည်။
"အကိုလေး ခနနော် သွင်ပြင့်ကို သွားခေါ်လိုက်အုန်းမယ်"
"ဟုတ်..."
"သွင်ပြင်ရေ လာတော့ သွားကြမယ်"
အသံကို အနည်းငယ်မြင့်ကာ ပြောလိုက်ပြီး အိမ်ထဲပြန်ဝင်သွားလေ၏။
အကျီ္ ၏ ဘယ်ဘက်ရင်ဘတ်နားက အိတ်ကပ်ထဲတွင်ထည့်ထားသော မီးခြစ်နှင့် စီးကရက်ဘူးကို ယူပြီး စီးကရက်တစ်လိပ်ကို ထုတ်လိုက်ကာ အပေါ်အောက် နှုတ်ခမ်းကြားထဲထည့်ပြီး မီးညှိလိုက်သည်။
စိးကရက် တစ်ဝက်လောက်လဲ ကုန်တော့ ဦးလင်းက အသွင့်ကို ပုခုံးဖက်ကာ ခေါ်လာလေသည်။
မျက်လုံး နှစ်ခုလုံး နီရဲနေတာသော အသွင်ကြောင့် ကိုယ်ရဲ့ လက်ညိုးနဲ့ လက်ခလယ်ကြားညှပ်ထားသော စီးကရက်လေး မြေပေါ်သို့ကျသွားသည်။
အသွင့် မျက်နှာကတော့ကြည်လင်နေတာပါဘဲ။
*အသွင် ငိုထားတာလား"
"အသွင်.."
ခပ်တိုးတိိုး ခေါ်မိသည်။
"အကိုလေး သွားရအောင်လေ"
ဦးလင်းကဆိုလာတာကြောင့် ကိုယ်လည်း ထပ်၍ မမေးမိ။
ကားပေါ်မှာလည်း ကိုယ်က နောက်ခန်းတွင်ထိုင်၍ ဦးလင်းနဲ့ အသွင်က ရှေ့ခန်းက ထိုင်သည်။
ဦးလင်းက ကားမောင်းတာပေါ့။
မိုးရွာသည်ဖြစ်သည်ကြောင့် အညိုရောင်တိမ်တိုက်တို့၏အကာအကွယ်ဖြင့် နေအလင်းရောင်မှာ ခပ်ဖျော့ဖျော့သာ။
လမ်းတစ်လျှောက် ကား၊ဆိုင်ကယ်များဖြင့် မန္တလေးမြို့ကြီးသည် စည်ကားလျက်။
နာရီဝက်နီးပါး မောင်းနှင်လာခဲ့သော ကားသည် ခြံကြီး တစ်ခု အတွင်းသို့ ဝင်ရောက်လာ၏။
ခြံရှေ့တွင် ရှိသော သစ်သား တံခါးအကြီးကြီး ပေါ်တွင် Lovely Flowers ဟူသော ရွှေရောင် စားတန်း ခပ်ကြီးကြိးကို ထွင်းထားလေသည်။
တီ တီ
ကားဟွန်းသံကြောင့် ပွင်လာသောတံခါးကြီး။
တံခါးကြီးကို ဖြတ်ကျော်လိုက်သောအခါ မြင်လိုက်ရသော ပန်းခင်းတွေ....။
ဝိုး...တကယ်ကို လှပပါပေတယ်။
သက်တန့် အလားထင်ရလောက်အောင် ရောင်စုံပန်းခင်းကြီးတွေ ကလာရောက်သူတွေကို အမောပြေအောင် စည်းကြိုနေသည်။
ထိုပန်းခင်းကြီးကို ဖြတ်ကျော်သွားသည့်တိုင် နောက်လှည့်ပြီး ငေးမောရသည်အထိ။
ဘေးပတ်ပတ်လည်တွင်လည်း အခြားသော ပန်းပေါင်းစုံတို့က ဝန်းရံထားလေသည်။
"အကိုလေး ဆင်းလို့ရပြီဗျ"
ငေးတာ ဘယ်လောက်ထိကြာသွားတယ်မသိ ရှေ့ကိုကြည့်လိုက်တော့ အသွင်က ဆင်းပြီးနေပြီ။
ဦးလင်းကလည်း ကိုယ့်ကို နောက်လှည့်ကာ ပြောလာသည်။
"ရောက်ပြီလား"
"ဟုတ် ရောက်ပြီ အကိုလေး"
ကားပေါ်က ဆင်းဆင်းချင်း နှာခေါင်းကို လာကျီစယ်နေသော ရနံ့သင်းသင်း လေးတွေကြောင့် လေကို အားနဲ့ရှူရှိုက်မိပြန်သည်။
ဦးလင်းကတော့ ကားကို မောင်းထွက်သွားတာကြောင့် ကိုယ်က တစ်ယောက်တည်းကျန်နေခဲ့သည်။
အသွင့်ကိုကြည့်တော့လည်း အဆောက်အအုံ ရှေ့က လှေကားထစ်လေးတွင် ထိုင်နေလေသည်။
ကိုယ်လည်း သွားရမလား မသွားရမလား စဥ်းစားနေတာ ဦးလင်း ပြန်ရောက်လာတဲ့အထိပင်။
"အကိုလေး လာလေ အသွင့်နားသွားနေတာတော့မဟုတ်ဘူး...."
"ရတယ် ဦးလင်း"
ဦးလင်းက အသွင့်ကို လက်ကနေဆွဲခေါ်သွားသဖြင့် ကိုယ်လည်း သူတို့နောက်ကသာ လိုက်လာခဲ့သည်။
အဆောက်အအုံထဲကို ဝင်သွားတော့ ပန်းရောင်းနေတာထင်သည်။
ပန်းစည်းတွေ ပန်းအလှအိုးတွေ ဝယ်နေကြသော သူတွေ။
ဝန်ထမ်းဟု ထင်ရသော ကောင်မလေးတွေကတော့ uniform လေးတွေနဲ့ ပန်းတွေကို စိတ်ရှည်ရှည် အလှဆင်နေကြသည်။
ထိုသူတို့ကို ကျော်လွန်၍ ရုံးခန်း တစ်ခုထဲသို့ရောက်လာလေသည်။
အသက် လတ်ပိုင်း အမျိုးသားတစ်ယောက်။
"မန်နေဂျာ ခင်ဗျ ဒါက သူဌေးရဲ့သား ပိုင်ရတုတဲ့"
"ဟုတ်ပါပြီ ထိုင်ကြပါအုန်း ဦးလင်းကတော့ လုပ်ပြီ မန်နေဂျာလို့ မခေါ်ပါနဲ့ဗျာ ကြားရတာနားထောက်လွန်းလို့ ခါတိုင်းလိုဘဲခေါ် ဟုတ်ပြီလား"
အပြုံးနဲ့ ဖော်ရွေစွာ နှုတ်ဆက်လာသောသူ။
ဦးလင်း ရဲ့ ဘေးမှာ အသွင်က ထိုင်နေပြီး ကျွန်တော်လည်း အသွင်နဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"ဟုတ်ကဲ့ပါ ကိုဇွဲရယ်"
"ဟုတ်ကဲ့ ကိုပိုင်ရတု မဂ်လာပါ ခင်ဗျ ကျွန်တော်က Lovely flowers ရဲ့ မန်နေဂျာ ဇွဲသန့်စင် ပါ"
သူလည်း အလုပ်စားပွဲတွင်ထိုင်နေရာမှ ထိပ်ဆုံးဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
"ဟုတ်.."
"ဟုတ်ကဲ့ ကိုပိုင်ရတုကို သူဌေးကိုယ်တိုင် အလုပ်လုပ်ဖို့ နေရာချပေးထားပါတယ်..နှင်းဆီခင်းမှာ ရေလောင်းပေါင်းသင်ဖို့နဲ့ အပင်စိုက်ဖို့ မြေကြီးကို ထွင်းပေးဖို့ပါ"
"ဘာ...Daddy က အဲ့လိုခိုင်းခဲ့တာလား"
"ဟုတ်ပါတယ် ကိုပိုင်ရတု..တစ်လ တည်း လုပ်ရမှာဖြစ်တာမို့ သိပ်တော့မပင်ပန်းပါဘူး"
"......."
စိတ်ကထောင်းခနဲ။ကိုယ့်သား ကိုအဲ့လိုကြိီး လုပ်ခိုင်းတာတော့ မကောင်းပါဘူး။
"အကိုလေး...စိတ်လျှော့ပါဗျ ဘာမှသိပ်ပြီး မပင်ပန်းပါဘူး"
ဦးလင်းက ပါ ကိုယ့်ကို ဝင်ပြောလေသည်။
"ဒီနေ့ အလုပ်စဆင်းမှာမလား "
"ဟုတ်တယ် ကိုဇွဲ"
"ဒါပေမယ့် ဒီအဝတ်အစားနဲ့ဆို အဆင်မပြေလောက်ဘူးနော် ထားပါ ဒီနေ့တစ်ရက်တော့ အလုပ်သင်ရမှာဆိုတော့ ကြည့်ရုံပါဘဲ...လာပါ ကျွန်တော်ကိုယ်တိုင် စိုက်ခင်းထိ လိုက်ပို့ပေးမယ် သွင်ပြင်လေး ကဒီမှာဘဲ စောင့်နေနော် ကိုယ်ခနနေ ပြန်လာခဲ့မယ်"
အသွင့်ကို ကြည့်ပြီးစကားပြောနေတဲ့အချိန် နူးညံ့သွားသောထိုသူ့၏ အကြည့်နှင့်အသံ။
မကြိုက်ပါဘူး။
ဘာတဲ့ သွင်ပြင်လေး ဟုတ်လား။
*ကိုယ်*ဆိုတဲ့ အသုံးအနှုန်းကရော သုံးစရာလိုလို့လား။
"ဟုတ်ကဲ့ ကိုဇွဲ အဲ့တာဆို ကျွန်တော်ဒီကဘဲ စောင့်တော့မယ်နော်"
ပြုံးပြစရာလို လို့လားအသွင်။
"ဟုတ်ပြီ လာပါ သွားကြရအောင် ဦးလင်းနဲ့ ကိုပိုင်ရတု"
အသွင့်ရဲ့ ခေါင်းကို ခပ်ဖွဖွတစ်ချက်ပုတ်လိုက်ပြီး ကျွန်တော်တို့ကို ပြုံးပြကာ ပြောလာလေသည်။
ပြုံးလိုက်တိုင်း ပါးချိုင့်နှစ်ဖက်က ခပ်ရေးရေးလေးပေါ်နေကာ ညိုညိုစိုစို ရှိသည့်ထို့သူအသားအရည် ကျွန်တော့်ထက် အနည်းငယ်သာ ပုသော အရပ်အမောင်းနဲ့ ကျွန်တော့်လောက်ခန္တာကိုယ်မတောင့်ပေမယ့် ယောကျာ်းပီသသော ထိုသူက ပျိုမဒီများအတွက် မျက်လုံးပဒေသာ ဖြစ်ကောင်းဖြစ်နေပေမယ့် ကျွန်တော့်အတွက်ကတော့ အမြင်ကပ်စရာ လူသားပင်။
မပြုံးနဲ့အသွင်။ငါမကြိုက်ဘူး။ မပြုံးနဲ့လို့။
"အကိုလေး လာလေ.."
ဦးလင်းနဲ့ ဇွဲသန့်စင် ဆိုသောသူက ရုံးခန်းအပေါက်ဝ တွင်ရောက်လို့နေပြီ ကျွန်တော်က အသွင့်ရှေ့မှာ ရပ်လို့နေတုန်း။
ခေါင်းငြိမ့်ပြကာ အသွင့်ကိုကြည့်လိုက်သည်။
"အသွင်.."
"ဗျာ.."
ကျွန်တော် ခေါ်လိုက်တော့ ပြုံးနေသောမျက်နှာလေးက နီရဲလာပြီးအောက်နှုတ်ခမ်း အစွန်းတစ်ဖက်ကို သွားတက်လေးနဲ့ကိုက်ထားလေသည်။
*အသွင် ရှက်နေတာဘဲ*
"လိုက်ခဲ့ ငါ့နားမှာလာနေ"
"ဗျာ...ဟို ကျွန်တော်"
"လိုက်ခဲ့ကွာ"
အသွင်လက်ကို ဆွဲပြီးခေါ်လာလိုက်တော့ သိသိသာသာမျက်နှာ ပျက်လို့နေတဲ့ဇွဲသန့်စင်။
ကျွန်တော်နဲ့ မျက်လုံးချင်းဆုံလိုက်တော့ ဟန်လုပ်ကာ ပြုံးပြလာလေသည်။
"သွားမယ်လေ ကိုဇွဲသန့်စင်"
"ဟုတ်"
.
.
.
.
.
"ရရဲ့လား အကိုလေး"
"အဲ့တာတွေ မလုပ်ရင် ဘာဖြစ်မှာလဲ"
"အဲ့တာတွေ မလုပ်ရင် သူဌေးက ဒီမှာ တစ်လထက်ပို နေရမယ်ပြောပါတယ်"
"ဟာကွာ Daddy ကတော့"
တော်သေးသည်။မိုးအုံ့နေလို့ပေါ့။နေသာပူလို့ကတော့ ချွေးထွက်လွန်ပြီး သေသွားနိုင်သည်။
သူများတွေကတော့ အကျီ္လက်ရှည်တွေ၊ အကြမ်းခံသော ဂျင်းဘောင်းဘီတွေ၊လည်ရှည် ဦးထုပ် အဝိုင်းကြီးတွေ ၊လက်အိတ်တွေ နဲ့ လုပ်နေပေမယ့် ကိုယ်ကတော့ တီရှပ်အဖြူအပွ နှင့် အောက် ဒူးလောက်သာ ရှိသော အသားရောင် ဘောင်းဘီတိုကို ဝတ်ထားတာကြောင့် အဆင်ကပြေမနေ။
"အကိုလေး ကျွန်တော့်အကျီ္ အပိုတွေဒီမှာ နှစ်ထည်လောက်ရှိတယ် ယူမလား ခင်ဗျ"
"တော်ပါပြီ ရတယ် ဦးလင်း..လုပ်တော့မယ် ဘယ်ကစလုပ်ရမှာလဲ"
"ဟို ကောင်လေး....."
ဦးလင်းက အနားမှာရှိတဲ့ ကောင်လေးတစ်ယောက်ကို ခေါ်ကာဘာတွေပြောနေလဲ မသိ။
ကိုယ်ကတော့ ကိုယ့်နောက်တွင်ရှိသေး မလှမ်းမကမ်းက ဆောက်ထားသော အပင်အောက်က ကွပ်ပျစ်လေးတွင် ထိုင်နေသော အသွင့်ကိုသာ ကြည့်နေမိသည်။
ဟို အကောင်ကလည်း ဘယ်ရောက်သွားပြီလဲမသိ။
ထားပါ။အဲ့ကောင် မရှိလေကောင်းလေဘဲ။သဘောကို မကျဘူး အဲ့ကောင်ကို။
လက်ဆောင်ရထားပုံရထားသော ရင်ဘတ်နားတွင် တံဆိပ်ပါသော အဖြူရောင်အကျီ္ ကို ပုဆိုးအပြာရောင်ကွက်စိပ် အရောင်မှိုင်းမှိုင်းနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ချည်သားအကျီ္လက်ရှည် အနီနဲ့ အနက်ကွက် ကြားကိုလည်း အပေါ်က ထပ်ဝတ်ထားလေသည်။
မည်သည့်ပကာသန မှမပါတဲ့ အသွင်က မြင်ရတဲ့ ကျွန်တော့်အဖို့ အမြင်အေးစေသည်။
"အကိုလေး...အကိုလေး"
"ဟင်..ဟုတ်ဦးလင်း"
"ဒီကောင်လေးက အကိုလေးကို သင်ပေးမယ့်သူပါ ကောင်းထက်တဲ့ "
"မဂ်လာပါဗျ"
"မဂ်လာပါ"
"ဟုတ်ကဲ့ အဲ့တာဆို အကိုလေး ကျွန်တော်သွားတော့မယ်နော် အဆင်မပြေရင် ငါ့ကိုလာပြော ကောင်းထက်"
"ဟုတ်ကဲ့ ဦးလင်း"
"အဲ့ဆို သွားပြိီနော်အကိုလေး"
"ခန ဦးလင်း ဟို...ဟို အသွင့်ကို ဘယ်မှမသွားခိုင်းနဲ့ အဲ့မှာဘဲ ထိုင်နေခိုင်းလိုက်ပါ "
"ဗျာ..အော် သွင်ပြင့်ကိုပြောတာလား ဟုတ်ကဲ့ဗျ"
ဦးလင်းကို ခေါင်းငြိမ့်ပြလိုက်ပြီး အသွင့်ကို တစ်ချက်ကြည့်ကာ ပြုံးမိလိုက်သည်။
ကလေး လေး သုံးယောက်နဲ့ စကားပြောကာ ပျော်နေသော အသွင်...။
ကောင်းထက် ဆိုသော ကောင်လေးကသာ ကိုယ့်ကို အဆက်မပြတ်ပြောနေပေမယ့် ကိုယ်ကအာရုံမရ။
အနောက်ဘက်တွင်ရှိသော အသွင့်ကိုသာ လှည့် တကြည့်ကြည့် ဖြစ်လို့နေလေသည်။
အခြားနေရာသွားပြန်တော့လည်း အသွင့်ကို စိတ်မချတာကြောင့် မမြင်ရတာတောင် အသွင်ရှိတဲ့ နေရာကို ခနခန မျက်နှာမူနေမိသည်။
______________________________________
6.8.2020
8:00 PM
#Yashika
မနေ့က အိပ်ပျော်သွားလို့ တောင်းပန်ပါတယ်😄။
ညနေ Up ပေးမလို့ကို အပြင်သွားတာ မိုးရွာလို့ စောင့်နေတာ အချိန်ကြာသွားတယ်။
Коментарі