Episode-4(Unicode)
အချစ်ဆိုတဲ့ စကားလုံးနှစ်လုံးကို လူတိုင်းက အမျိုးမျိုးခံယူကြတယ်...
ပိုင်ဆိုင်ရယူခြင်း နဲ့
ပေးဆပ်ခြင်း...ဆိုပြီးတော့ပေါ့...
အချစ်ဆိုတာ လူကို အန္တရာယ်ပေးနိုင်သလို
ခွန်းအားတွေ နူးညံ့သာယာမှုတွေ ချိုမြိန်မှုတွေကို သိရှိခံစားနိုင်စေတယ်...
သေချာပါသည်။ကျွန်တော့်ရဲ့ အချစ်က ပိုင်ဆိုင်ရယူခြင်း ဖြစ်သော်လည်း ခွန်အားတွေ နူးညံ့သာယာမှုတွေ ချိုမြိန်မှုတွေကို သိရှိခံစား ရပါလိမ့်မည်။
အချစ်စစ်ဆိုတဲ့ ခင်ဗျားနဲ့ မတွေ့ခင် အချစ်ဆိုတဲ့ သူမ နဲ့ အရင်တွေ့ခဲ့ရတာမို့ ကျွန်တော့်ကို စိတ်မကောက်လိုက်ပါနဲ့...အသွင်......
______________________________________
ဘာလိုလို နဲ့ နှစ်ယောက်သား ဇာတ်ကားကြည့်နေကြတာ ၁၂နာရီပင် ထိုးတော့မည်။
အသွင် ကတော့ ကျွန်တော့်ကို ရှိသေးလား မရှိသေးလားကို သိပုံမရတော့ ဇာတ်ကားကိုသာ အာရုံအပြည့်စူးစိုက်ထားလေသည်။
ဇာတ်ကား လည်းပြီးသွားရောအသွင်သည် သူ့၏ ပုံမှန်အလုပ်တိုင်းလိုပင် စားပွဲပေါ်တင်ထားသော တီဗွီရီမု ၏ထိပ်ဆုံးက ခလုတ်လေးကို တီဗွီရှိရာဆိီသို့ ဦးတည်ကာ နှိပ်လိုက်ပြီး တီဗွီသံတိတ်သွားတော့တီဗွီစင်၏ ညာဘက်ဘေးရှိ ခလုတ်ကို ထပ်မံ ပိတ်လိုက်သည်။
အသွင်က ကျွန်တော့်ကို မေ့နေပုံရပါသည်။
ဆိုဖာဘေးတွင် ထောင်ထားသော တုတ်ကိုယူ၍ မီးဖိုချောင်သို့ တည့်တည့်မတ်မတ် လျှောက်သွားလေသည်။
ကိုယ်ကတော့ သူ့ကိုသာ လိုက်ကြည့်နေမိသည်။
"ဦးလင်းရေ...ဦးလင်း...ဘယ်မှာလဲဗျ"
မီးဖိုချောင်ထဲကနေ အသံအေးအေးလေး ထွက်လို့လာလေရဲ့။
ကိုယ်လည်း ထပ်ပြီး လိုက်ကြည့်မနေတော့ဘဲ ကိုယ့်အခန်းကိုသာ ပြန်လာခဲ့သည်။
နေ့လည်စာတော့မစားချင်သေး။မနက်က ထမင်းကြော်စားထားတာကြောင့် ရင်ပြည့်နေပုံပင်။
ညက အိပ်ရေးပျက်ထားတာကြောင့် တရေးတမော အိပ်ရန်သာ စဥ်းစားလိုက်သည်။
အိပ်ရာ အပြောင်းအရွှေ့ကြောင့် အိပ်မပျော်။
စားပွဲပေါ်တင်ထားခဲ့သော ဖုန်းကို အိပ်ရာပေါ်ကနေ လှမ်းယူလိုက်သော်လည်း ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ။
တကယ်ပါဘဲကွာ။Daddy ကလည်း လူကိုဘာမှကို လုပ်စရာ ကိုင်စရာ မရှိအောင်ကို ထားတော့တာဘဲ။
စိုင်းခ တို့ဆီဖုန်းခေါ်ပြီး လာခိုင်းလိုက်ရင်ရော ဆိုသည့်အတွေးကပေါ်လာတော့ ဖုန်းခေါ်ကြည့်လိုက်သည်။
တစ်ယောက်မှမကိုင်...စိုင်းခ ရောမင်းမြတ်ပါ။
အမရာ့ကိုလည်း ဆက်လို့မရ...သူက ဒီအချိန်ဆို စာသင်နေလောက်ပြီပေါ့။
ပတ်ဝန်းကျင်ကို လေ့လာရန်ကိုတော့ စိတ်မကူးမိပါ။
ကျွန်တော်က ပတ်ဝန်းကျင်ကို ဂရုစိုက်တဲ့သူတွေထဲ လုံးဝမပါပေ။
ခြံအကျယ်ကြီးများနှင့် တစ်အိမ်နှင့်တစ်အိမ် အလှမ်းကွာသည်သာမက တိတ်ဆိတ်လွန်းလှသည်။
မနက်ခင်းတုန်းကသာ ဘုရားသံ တရားသံ တို့ သဲ့သဲ့ကြားရသည်။
"ဟူး....ပျင်းလိုက်တာကွာ"
ဖုန်းကို ကုတင်ဘေးသာ ချလိုက်ပြီး ထထိုင်လိုက်ကာ မှန်တင်ခုံဘက် သွားလိုက်သည်။
ရန်ကုန်အိမ်မှာတော့ ကိုယ်လုံးပေါ်မှန်ဖြစ်နေပေမယ့် အခုက မှန်တင်ခုံတွင် ကိုယ်လုံးတစ်ဝက်သာ ပေါ်လို့နေသည်။
ခေါင်းလျှော်ထားတာကြောင့် ပွယောင်းနေသော ဆံပင်တို့ကို ခေါင်းဘီး ဖြင့် သပ်ရပ်စွာဖီး လိုက်ပြီး ကြက်တောင်စည်းအနက်ကြိုးသေးသေးလေးနှင့် ခပ်လျော့လျော့ စည်းထားလိုက်သည်။
ဘာမှလုပ်စရာမရှိတာကြောင့် အိမ်အပြင်ကိုထွက်လာလိုက်တော့ အသွင်က ကွပ်ပျစ်ပေါ်တွင် ခြေထောက်လေး နှစ်ချောင်းကို ချထားပြီး ရှေ့နောက်အညီ လှုပ်ယမ်းလို့နေလေသည်။
လက်ကလည်း စက်လေးတစ်ခု....ရေဒီယို ဖြစ်ပုံပေါ်မည်။
မျက်နှာလေးကလည်း ပြုံးလို့ပျော်လို့။
ကိုယ်လည်း သူ့ဘေးသွားထိုင်လိုက်တော့ သိသည်ထင်သည်။
ရေဒီယို ကက်စက်လေးကို ပိတ်လိုက်ပြီး ခြေထောက်ယမ်းတာရပ်လိုက်ကာ ဘာခိုင်းစရာ ရှိလို့လဲဟုမေးသည်။
ကွပ်ပျစ်ပေါ်အတူတူ ထိုင်တာချင်းတောင် အသွင်ရဲ့ ခြေထောက်က မြေကြီးကိုမထိဘဲ ကိုယ့်ခြေထောက်က ရှည်နေလို့ ခြေဖဝါးဖြင့် မြေကြီးကို ထောက်ထားရသည်။
"မရှိပါဘူး...ဒါနဲ့ အသွင်က ငါ့ကိုဘယ်လိုလုပ်သိတာလဲ"
"အော်...အကိုလေးရဲ့ ကိုယ်သင်းနံ့ကို မှတ်မိလို့ပါ"
"ကိုယ်သင်းနံ့....."
"ဟုတ်ကဲ့"
"ငါ့ရဲ့ ကိုယ်သင်းနံ့ကို အသွင်က အနံ့ရတယ်လား"
"မနက်တုန်းက အကိုလေးနဲ့တိုက်မိတာလေ..အကိုလေးရဲ့ ကိုယ်သင်းနံ့ကို အဲ့မှာ သိသွားတာ"
"အော်..ဟုတ်ပါပြီ"
"အခု ဘာလုပ်နေတာလဲ မစားသေးဘူးလား"
"ဟုတ်..ကျွန်တော်က နေ့လည်စာ စားလေ့မရှိဘူးဗျ ပြီးတော့ ရေဒီယိုနားထောင်နေတာလေ"
"ဘာလို့မစားတာလဲ အဲ့တာကြောင့်အသွင်က ပိန်နေတာကို"
"ကျွန်တော်က ပိန်တယ်လား..ဟီးဟီး"
"နောက်ဆို စားနော် နေ့လည်စာ"
"ဟုတ်ကဲ့ဗျ"
"ဟုတ်လား..ရေဒီယိုက ဘာတွေလာလို့လဲ"
"တရားဟောတာတွေ သီချင်းတွေ နဲ့ ဇာတ်လမ်း အသံ တွေ"
"အော်..."
ဘယ်သူ့အကြာင်းကိုမှ အထွေအထူး မေးလေ့မရှိသော ကျွန်တော်က အသွင်နဲ့ကျမှဘဲ စပ်စုစိန်ဖြစ်နေသလို ပါဘဲ။
အသွင့်ဘက်ကြည့်တော့ ခေါင်းငုံ့နေလေရဲ့။
"အသွင်က ဇာတ်လမ်းတွေ သီချင်းတွေနားထောင်ရတာ ကြိုက်တာလား"
"ဒါပေါ့ဗျ..အထူးသဖြင့် သီချင်းဆိုရတာကို ပိုကြိုက်တယ်"
တက်ကြွစွာ ဖြေလာတဲ့ အသွင်ကြောင့် ကိုယ်ပါ လိုက်ပြုံးမိသည်။
"ဆိုပါလား သီချင်း ငါနားထောင်ကြည့်ချင်တယ်"
"ဗျာ.."
မျက်လုံးလေးကလည်း မငြိမ်တော့ပေ။
မျက်ဆံ နှစ်လုံးက ဟိုရွေ့ဒီရွေ့ဖြင့် လက်တစ်ဖက်ကလည်း ဂုတ်ကို ပွတ်လို့နေသည်။
"ဘာလို့လဲ မဆိုပြချင်လို့လား"
"မဟုတ်...မဟုတ်ပါဘူးဗျ.."
"အဲ့တာဆို ဆိုပြလေ"
"ဟို..ကျွန်တော် ရှက်လို့ပါ ပြီးတော့ ကျွန်တော့်အသံက မကောင်းဘူးဗျ ဟီးဟီး"
ခေါင်းသေးသေးလေးကို တစ်ဖန်ငုံ့လို့နေလေ၏။
"မရှက်ပါနဲ့..ငါက ဒီတိုင်း နားထောင်ကြည့်ချင်လို့ပါ မဆိုချင်လည်းရပါတယ် အသွင်ရဲ့"
"ဟုတ်.."
အသွင့် ရဲ့စကားသံ အဆုံးပတ်ဝန်းကျင်သည် လေတဖြူးဖြူး တိုက်သံကြောင့် သစ်ရွက် များတစ်ခုနှင့် တစ်ခု ပွတ်တိုက်သံများကိုသာ ကြားနေရသည်။အသွင်ကတော့ ကောင်းကင်ကြီးကို ကြည့်ပြီး ရေးရေးလေး ပြုံးလို့နေလေရဲ့။ကျွန်တော်လည်း အကြည့်ကို အသွင်ကနေမှ ကောင်းကင်သို့ ပြောင်းရွှေ့ကြည့်လိုက်သည်။မိုးရာသီ၏ နောက်ဆုံးလဖြစ်သော စက်တင်ဘာလတွင် မိုးမရွာသော်လည်း ရာသီဥတုက အုံ့မှိုင်းလျက်။
လေ၏ သယ်ဆောင်မှုကြောင့် နှာခေါင်းဝတွင်လည်း ခြံထဲက ပန်းရနံ့များ ကို ရှူရှိုက်မိသည်။အထူးသဖြင့် သနပ်ခါးပန်း အနံ့ပင်။
သနပ်ခါး အနံ့ကို သိပ်တော့မရင်းနှီးပေ။မိမိကျင်လည်ခဲ့သော နေရာများတွင် သနပ်ခါးထက် ဆေးဆိုးပန်းရိုက်နှင့် စူးရှရှ ရနံ့များက ပိုများလို့နေလေသည်။
"သူသာ လေညင်းလေးဆို..ကိုယ်ဟာ လေညင်းအထိအတွေ့ကို ခံစားခွင့်ရှိတဲ့ ပန်းလေးဖြစ်ချင်ခဲ့...."
ရုတ်တရပ် ထွက်ပေါ်လာငော ခပ်တိုးတို့ အသံအေးအေးလေးဟာ ကျွန်တော့်ရင်ကို လှုပ်ခတ်စေသည်။
နှုတ်ခမ်းလေးလှုပ်ရုံမျှ တည်ငြိမ်စွာ ဆိုနေသော အသွင့်ကို ကြည့်ရတာ ကြည်နူးစိတ်က ဘယ်လိုပေါ်ပေါက်လာမှန်းမသိ။
တစ်ခါမှ ဤသို့မခံစားဘူးပါချေ။
"ယုံပါလို့လည်းမပြောချင်... ယုံစေချင်တဲ့ကိုယ့်အချစ်တွေ ရင်ထဲ အပြည့်ပေါ့ဟေ့... လိုချင်တာတွေရမယ်ဆို... ဒါနောက်ဆုံး အချစ်တစ်ခုနဲ့ ဒီဘဝ ခရီး စချင်တယ်.... ကိုယ့်ရဲ့ရင်မှာ ဝင်လာဖြစ်တည်နေတဲ့ အချစ်တစ်ခုရှိတယ်....ထာဝစဥ် သိမ်းဆည်းထားခဲ့...မင်းလေးယူနိုင်တယ် ဒါမင်းအတွက်သီးသန့်ဘဲ..."
သီချင်းလည်း ဆုံးရော ကိုယ့်ဘက်ကို လှည့်လာတဲ့ မျက်နှာသေးသေးလေး။
ကိုယ့်ရဲ့ ဘယ်ဘက်ကိုကြည့်နေရာမှ မျက်လုံးတည့်တည့်ကို ကြည့်၍လာသော အသွင့်ကြောင့် ကိုယ့်မှာ နေရထိုင်ရခက်လို့လာလေပြီ။
"ဟီး..မကောင်းဘူး မလား..အကိုလေး...အဲ့တာကြောင့် မဆိုပြချင်တာ"
"ဟင့်အင်း....ကောင်းတယ် အရမ်းကောင်းလွန်းလို့ ကိုယ်တောင်သဘောကျလာပြီ ပြီးတော့ အသွင်သီချင်းဆိုတာ အရမ်းကြည့်လို့ကောင်းတယ်"
"ကိုယ်တောင်သဘောကျလာပြီ...."
အိမ်း...ငါဘာလို့ ကိုယ် လို့ သုံးပြီးပြောမိသွားတာလဲ။
"ဟို..မှားပြီး ကိုယ်လို့ သုံးမိသွားတာပါ"
"ဟုတ် ရပါတယ် အကိုလေး..ကျေးဇူးပါဗျ ကျွန်တော့်ကို ချီးကျူးပေးလို့"
"ဟုတ်ပါပြီ..ဒါဆို ငါသွားတော့မယ်နော်"
"ဟုတ်ကဲ့ အကိုလေး နေ့လည်စာ"
"မစားချင်သေးဘူး အသွင် ငါဆာမှ အသွင့်ကို လာပြောမယ်"
"ဟုတ်ကဲ့ဗျ"
အသွင့်ဘေးမှ ထလိုက်ပြီး အခန်းထဲသို့ပြန်ဝင်ကာ စီးကရက် တစ်လိပ်ကို ဖွာနေလိုပ်သည်။
ကွပ်ပျစ်ပေါ်ကနေ ပြုံးရွှင်ပြီး ခြေလေးတယမ်းယမ်း ခေါင်းလေးတလှုပ်လှုပ် သီချင်းဆိုနေသော အသွင့်ကို လိုက်ကာနားကနံရံကို မှီပြိီး ကြည့်နေမိသည်က ဘယ်လောက်ကြာသွားသည်ကို ကျွန်တော်မပြောပြတတ်ပါ။
အမရာ ကလွဲပြီး ဘယ်သူ့အပေါ်မှ ယုတ်စွအဆုံး စိုင်းခနဲ့ မင်းမြတ်ကိုတောင် ဒီလို တစ်ခါမှ ကြည့်ခဲ့ဖူးသည်မဟုတ်။
**ငါ အသွင့်အပေါ် တစ်ခုခုတော့ဖြစ်နေပြီ ထင်တယ်။အသွင်က ချစ်ဖို့ကောင်းသားဘဲနော်**
_____________________________________
"ဦးလင်းရေ..."
အိမ်ရှေ့တွင် ကားရေဆေးနေသော ဦးလင်းကိုလှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့ အကိုလေး"
"ဟို...လေ ဒီနားမှာ စတိုးဆိုင်ရှိလား"
"ဒီနားမှာတော့ မရှိဘူး အကိုလေး...ဟိုဘက် သုံးလမ်းကျော်မှာ မုန့်ဆိုင်သေးသေးလေးတော့ရှိတယ် ဘာလိုအပ်လို့လဲ အကိုလေး ကျွန်တော်သွားဝယ်ပေးမယ်လေ"
"ဟို ကျွန်တော့်ကို ပိုက်ဆံလေးများ Daddy မပေးခိုင်းဘူးလား"
"ပေးထားပါတယ်ဗျ လိုအပ်တာဝယ်ဖို့ ကျွန်တော့်ကို အပ်ထားတယ်"
"ဟုတ်လား..အဲ့တာဆို ကျွန်တော့ကို ငါးသောင်းလောက်ပေးပါလား ပြီးတော့ ကားသော့ရော ဘယ်မှမသွားပါဘူး"
"ဘယ်မှမသွားဘဲ ဘာလို့ကားသော့တောင်းတာလဲ အကိုလေး"
"အရက်သွားဝယ်ချင်လို့ ဦးလင်း ပြဿနာမရှာပါဘူးဗျာ ခနဘဲ သွားဝယ်ပြီးပြန်လာမှာ"
"သူဌေးက အကိုလေးကို ကျွန်တော်ပါမှ ထွက်ခိုင်းတာဗျ ကျွန်တော် လိုက်ပို့ပေးမယ်လေ ဒါမှမဟုတ် တံဆိပ် ပြောလိုက်ပါ ကျွန်တော်သွားဝယ်ပေးမယ်"
"ရတယ် ရတယ် အဲ့တာဆို ဦးလင်းလိုက်ပို့"
"ဟုတ်ကဲ့ အကိုလေး အဲ့တာဆိုခနနော် ကားရေဆေးတာ မပြီးသေးလို့"
"....."
ခေါင်းသာငြိမ့်ပြပြီး အခန်းထဲပြန်ဝင်လာခဲ့သည်။
မှန်ထဲမှာ ကိုယ့်ပုံကိုယ်ကြည့်လိုက်သည်။
အဝတ်လဲ စရာတော့မလိုလောက်ပါ။
"အင်း..ဒီအတိုင်းဘဲ သွားလိုက်မယ် ဘာမှမဖြစ်ဘူး"
မှန်တင်ခုံပေါ်တင်ထားသော နာရိီကို ဘယ်ဘက်လက်တွင်ပတ်လိုက်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ပြန်စည်းလိုက်သည်။
ထို့နောက် အိမ်ရှေ့ပြန်ထွက်လာပေမယ့် ဥလင်းက ကားရေဆေးနေတုန်းပင် နာရိီကိုကြည့်လိုက်တော့ 5:43 PM ဟု ပြထားလေသည်။
အချိန်က စောနေသေးတာကြောင့် ဦးလင်းကို ဖြည်းဖြည်းသာ လုပ်ဖို့ပြောပြီး ခြံနောက်ထဲသို့ဆင်းလာလိုက်သည်။
အခုထိ ခြံနောက်သို့ မရောက်ဖူးသေးတာကြောင့်ပင်။
ခြံရှေ့လောက်တော့ မကျယ်ပေမယ့် ခြံနောက်တွင်လည်း သစ်ပင်များဖြင့်သာ။
တဗွမ်းဗွမ်းဖြင့် ရေလောင်းသံကြားတာကြောင့် အသွင် အပင်တွေကို ရေလောင်းနေသည်ထင်၏။
အသံရှိရာဘက်...ညာဘက်ကို လှည့်ကြည့်လိုက်တော့....
အမလေး....အသွင်ရေချိုးနေတာပါလား။
ဒုတ် ဒုတ် ဒုတ် ဒုတ် နှင့် အပြေးပြိုင်ပွဲဝင်နေသလို ရုတ်တရပ်နှလုံး ခုန်သံမြန်လာပြီး မောပန်းလာသည်။
***ဘာဖြစ်တာပါလိမ့်။အသွင်ရေချိုးနေတာလေ။အဲ့တာဘာဖြစ်လဲ။ငါလည်း သူငယ်ချင်းတွေနဲ့ရေအတူတူ ကူးဖူးတာဘဲဟာကို။
ငါ နှလုံးရောဂါရနေပြီလား***
ကိုယ့်ကို ကျောပေးကာ လေးထောင့် အုတ်ရေကန် လေးရှေ့တွင် အောက်က ခင်းထားသော ကျောက်ဖြာပေါ်သို့မတ်တပ်ရပ်နေပြီး ရေကို ကုန်း၍ ခပ်ချိုးနေသည်မှာ ကိုယ့်စိတ်ကို မယိုးမယွဖြစ်စေသည်။
ပုဆိုးကို ချက် အပေါ်သို့ နည်းနည်းလေး တင်ဝတ်ထားပြီး ဒူးတဝက်ပင် ပေါ်နေလေသည်။
ဖူးဖွေး ပြီး ကြည့်ရုံနဲ့ နူးညံ့သည်ဟု ထင်ရလောက်အောက် မိန်းကလေးဆန်သော ခြေထောက်သွယ်သွယ်လေး တစ်စုံ။
ပုဆိုးမှာလည်း ရေ၏ အကူအညီဖြင့် ခန္တာကိုယ်ပေါ်တွင် ကပ်ရပ်နေသည်မှာ အသွင်၏ ကောက်ကြောင်းကို ပေါ်လွင်စေသည်။
အသွင်ကတော့ သူ့ဘာသာ သူရေချိုးနေပေမယ့် ကိုယ်ကတော့ အသွင့်ကိုမျက်လုံးပြူး ကြီးဖြင့်ပါးစပ်ဖွင့်ကာ အသက်ကိုပြင်းပြင်း ရှူလျက် ကျောက်ရုပ်အလား ရပ်နေကာ အကြည့်မလွှဲနိုင်တော့ပေ။
______________________________________
2.9.2020
11:27 PM
#Yashika
မနေ့တုန်းကထက်တော့ ပိုရှည်ပါတယ်နော့်😁။
Cmt လေးတွေကြောင့် တစ်နေ့လုံး အခွက်ဖြီးနေတာကို အိမ်ကလူတွေကတောင် ဘာဖြစ်နေတာလဲ လို့ မေးနေကြတယ်😆😆။

Коментарі