Episode-1(Unicode)
Episode-1(Zawgyi)
Episode-2(Unicode)
Episode-2(Zawgyi)
Episode-3(Unicode)
Episode-3(Zawgyi)
Episode-4(Unicode)
Epiaode-4(Zawgyi)
Episode-5(Unicode)
Episode-5(Zawgyi)
Episode-6(Unicode)
Episode-6(Zawgyi)
Episode-7(Unicode)
Episode-7(Zawgyi)
Episode-8(Unicode)
Episode-8(Zawgyi)
Episode-9(Unicode)
Episode-9(Zawgyi)
Episode-10(Unicode)
Episode-10(Zawgyi)
Episode-11(Unicode)
Episode-11(Zawgyi)
Episode-9(Unicode)
လေပြေ ဆိုတာ....
မုန်တိုင်းမလာခင်လည်း ဝင်ရောက်တိုက်ခတ်ပေးသလို...မုန်တိုင်းပြီးသွားလည်း တိုက်ခတ် ပေးပါသည်လေ.....

တစ်ခုတော့ရှိတယ်...မုန်တိုင်းတော့ အရမ်းကြီးမကြာစေနဲ့ပေါ့....
မုန်တိုင်းကြာနေရင်...တိုက်ခတ်လာမယ့် လေပြေဆိုတာ  သိပ်ပြီး မသေချာတော့လို့....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ကတော့ အမရာ မန္တလေးကို ရောက်မယ့်နေ့....
တစ်နည်းအားဖြင့် ကျွန်တော်နေတဲ့ အိမ်မှာ လာနေမယ့် နေ့...

အမရာ့ ရဲ့ အဒေါ်ဆေးရုံတက်နေရလို့တဲ့။
မိဘချင်းရင်းနှီးနေတဲ့ အတွက် ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို နှစ်ဖက်မိဘများက သိလည်းသိထားကြသလို သဘောလည်းတူကြပါသည်။

အမရာ လာမယ်ဆိုသောကြောင့် အမြဲတမ်းအိပ်ရာထနောက်ကျတဲ့ ကျွန်တော် မနက်အစောကြီးနိုးလို့နေသည်။
သေချာသည်။အသွင်နဲ့ ဉီးလင်းလည်း မနိုးလောက်သေး။

အချိန် ၅နာရီ ရှိသော မနက်ခင်းသည် အုံ့မှိုင်းကာ မှောင်နေဆဲပင်။
အင်း...ညနေ နေဝင်ပြီးချိန် နေရဲ့ အလင်းရှိန်ကျန်သေးတဲ့ အချိန်လိုမျိုးပေါ့။
သိပ်တော့ မတူပါဘူးလေ။
သေချာပေါက်...ညနေဆည်းဆာ ကပိုလှလောက်ပါသည်။

"အကိုလေး...နိုးနေပြီလား"

အိမ်ရှေ့တွင် ထွက်ထိုင်နေသော ကျွန်တော့်ကို ဉီးလင်းက ပြောလာသည်။
အခုမှမျက်နှာသစ်လာသည်ထင်၏။
မျက်နှာတွင် ရေစက်များနှင့်။

"ဟုတ် ဉီးလင်း"

"အကိုလေး သိပြီးပြီလားဗျ ၁၁ခွဲလောက်ကျရင် မမလေး အမရာ ဆိုလား ရောက်မှာ ဒီမှာဘဲ တည်းမှာတဲ့....."

"ဟုတ် သိပြီးပြီ ဉီးလင်းသွားကြိုမှာ မလား ကျွန်တော်လည်း လိုက်ခဲ့မယ်"

"အကိုလေးကို သူဌေးက မလိုက်ခိုင်းဘူးဗျ စိုက်ခင်းကို သွားရမှာလေ အကိုလေးက"

"ဒီနေ့ တစ်ရက်ထဲ ဘဲလေ"

"မရဘူးဗျ အကိုလေး"

"အဲ့တာဆို Daddy ဆီဖုန်းဆက်ပြောလိုက်မယ်"

"ဟုတ်"

ဘောင်းဘီ အိတ်ထဲထည့်ထားသော ဖုန်းကို ထုတ်ကာ ဆက်ကာပြောလိုက်တော့ No တဲ့လား။
မနေ့က အလုပ်စဆင်းတယ် ဒီနေ့ ခွင့်ယူတယ်ဆိုတာ ဖြစ်သင့်လားတဲ့။
ဒီလိုနဲ့ဘဲ မနက်စောစောစီးစီး Daddy ရဲ့ ဓာတ်ပြားဟောင်းကြီးကို နားထောင်လိုက်ရသည်။
ကိုယ်ပြောတာ တစ်ခွန်းတည်း ကို...။

ဒီနေ့တော့ ကိုယ်တစ်ယောက်တည်းဘဲ စိုက်ခင်းကို သွားရသည်။

အသွင်ကတော့ အိမ်မှာ အမရာ့အတွက် ပြင်ဆင်ပေးရန်ကျန်ခဲ့သည်။
ဉီးလင်းကတော့ ကျွန်တော့်ကိုပိုပြီး အမရာ့ကို သွားကြိုတာထင်တယ်။

နေ့လည်ရောက်တော့လည်း ဉီးလင်းကလာခေါ်လေသည်။
အိမ်တွင် အမရာနှင့် အသွင်သာ ရှိလို့တဲ့။

အင်း....အမရာ နဲ့ မတွေ့ဖြစ်တာ တစ်နှစ်ခွဲနီးပါးလောက်ရှိလေပြီ။
ဒီနေ့မှ အိမ်ပြန်လမ်းက အရမ်းကြာနေသယောင်။

အိမ်ရှေ့ရောက်တော့ ဉီးလင်းကဘဲ ဆင်းပြီး တံခါးသွားဖွင့်လေသည်။
အသွင်ကတော့ ကားသံကြားလို့ထင်သည်။ ဒန်းပေါ်မှာ ထိုင်နေရာကနေ ထလာပြီး ကြိုလေရဲ့။
ဉီးလင်းက အလုပ်ရှိသေးတာကြောင့် ပြန်ထွက်သွားခဲ့လေသည်။

"အသွင်...အမရာ ရော"

"မမလေး က အခန်းထဲမှာဘဲဗျ"

"ဘယ်အခန်းလဲ"

"အကိုလေး ရဲ့ဘေး.."

"ကို..."

"အမရာ..."

ပြေးဖက်မိသည်။အရင်ကအတိုင်းပါဘဲ လား။အရင်ကလို ချစ်ဖို့ကောင်းနေတုန်းဘဲ။အရင်ကလို သူမ အပြုံးက နွေးထွေးဆဲပါဘဲ။
အရင်ကလို ကိုယ့်ကို အကြင်နာမျက်ဝန်းများနဲ့ ကြည့်နေဆဲပါဘဲ။
ဒါပေမယ့် ကျွန်တော် သူမကို အရင်ကလို ရင်မခုန်တော့ဘူး။
ဘာလို့လဲ ဆိုတာတော့ မသိပေမယ့်။
ကြည်နူးမှု ဆိုတဲ့ ခံစားချက်လေးက ရင်ထဲမှာ ပေါ်ထွက်မလာပေဘူး။

"ကို..ဘယ်လိုလဲ အဆင်ပြေရဲ့လား"

"ပြောပါတယ် အမရာ ရယ် ...လာလာ အထဲဝင်ကြရအောင်..အသွင်ရေ  ငါနဲ့ အမရာ အတွက် အအေး​လေးဖြစ်ဖြစ် ပြင်ပေးအုန်း"

"ဟုတ်ကဲ့ အကိုလေး"

အိမ်ရှေ့တွင် တစ်ယောက်ထဲကျန်နေခဲ့သော မျက်မမြင်ကောင်လေးကတော့ ပြုံးလို့နေဆဲပင်......။

______________________________________
ညနေခင်း အပင်များကိုရေလောင်းနေသော အသွင့်ကြောင့် ခြံထဲတွင် မြေနံ့သင်းသင်းလေးကရလို့နေလေသည်။

မိုးသားတိမ်တိုက်တို့ကတော့ အနောက်အရပ်ကို ဝင်ဟန် ပြင်ဆင်နေသည့် နေမင်းကြီးကို ဖုန်းကွယ်လို့ထားသည်။
ဘာနဲ့ တူလဲဆိုတော့....ရင်ထဲက ချစ်ခြင်းမေတ္တာတွေ..ဝမ်းနည်းတာတွေ...စိတ်မကောင်းဖြစ်နေတာတွေကို...မှိန်ပြပြ အပြုံးလေးတစ်ပွင့်ကိုပန်ဆင်လျက် ဘာမှမဖြစ်သလိုမျက်နှာထားလေးနဲ့ ဖုံးကွယ်ထားသလိုပေါ့...
ဒါပေမယ့် အမြဲတမ်းတော့ ဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူးနော်....တိမ်တိုက်တို့ ပြိုဆင်းလာချိန်မှာတော့ နေမင်ကြီးက ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ တဖန်ထွန်းလင်းလာပေအုန်းမည်....။

အရာအားလုံးကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား....အသွင်လေးရယ်...
ဟင့်အင်း...မင်းလို ကောင်လေးတစ်ယောက်က ဟန်ဆောင်တဲ့နေရာမှာ တော်မယ်လို့ မထင်ဘူး.....
ပေးဆပ်ခြင်း ဆိုတဲ့စကားလေးဟာ...အသွင် အတွက် ဖြစ်ပေါ်လာလေသလား.....။

"ကို...."

ရေလောင်းနေသော မျက်မမြင်ကောင်လေးကို ကြည့်ကာ တိတ်ဆိတ်နေသော ကို့ ကို ခေါ်လိုက်ပေမယ့် ပြန်လည်တုံ့ပြန်မလာပါပေ။

"ကို...."

"ကို..."

ကွပ်ပျစ်ပေါ်လက်ထောက်ထားသော ကို့ရဲ့ လက်ဖဝါးပေါ် လက်တင်လိုက်တော့မှ လှည့်ကြည့်လာလေသည်။

"အင်း...ပြောလေ အမရာ.."

"ကို..ပြောင်းလဲသွားတယ်"

"ဟင်..ကိုယ် မပြောင်းလဲပါဘူး အမရာ...စိတ်ထင်နေတာပါ"

"ဟင့်အင်း...စိတ်ထင်နေတာ မဟုတ်ဘူး ကိုအရင်ကလို မဟုတ်တော့ဘူး"

"အမရာ ကလည်း ကွာ...တကယ်ပါ"

"အမရာ့ ကို ချစ်သေးတယ် မလား..."

"ဒါပေါ့ ကိုယ် အမရာ့ကို အရမ်းချစ်တာ"

"အမရာလည်း ကို့ကို သိပ်ချစ်တယ်"

တကယ်ပြောင်းလဲ သွားတယ် ကိုရယ်...။

"အကိုလေး နဲ့ မမလေးဗျ"

သွင်ပြင် ဆိုသော ကောင်လေး အနားကို ရောက်လာတော့ ပြောင်းလဲသွားသော ကို့ရဲ့ မျက်နှာထား။

"အင်း...အသွင် ပြောလေ"

"ဟို ဘာခိုင်းစရာ ရှိသေးလဲလို့ပါ ပြီးတော့ ဘာစားချင်သေးလဲ ကျွန်တော်ရေသွာချိုးမလို့ဗျ ဉီးလင်းကလည်း ဒီနေ့ဆေးရုံစောင့်မှာဆိုတော့ မမှောင်ခင် ပြင်စရာရှိတာ ပြင်ပေးရအောင်"

"မလိုပါဘူး...အသွင်ရယ်"

ကျွန်မ ပြောလိုက်တော့ သိသိသာသာကို မျက်မှောင်ကြုတ်သွားတဲ့ ကို။

"ဟုတ်ကဲ့ အကိုလေးရော"

"မလိုဘူး..သွားရေမြန်မြန်သွားချိုး ရေစိုကြီးနဲ့ အကြာကြီး မနေနဲ့"

"ဟုတ်ကဲ့ ဗျ အကိုလေး.."

သွင်ပြင် ထွက်သွားတော့ ကိုကအလိုမကျဟန် ဖြင့် ကျွန်မကို ကြည့်လာသည်။
ပြောရရင် အရင်က ကျွန်မကို အခြားသူနဲ့ သဝန်တိုပြီး  ကြည့်တဲ့အကြည့်လိုမျိုးပေါ့။

"အမရာ အသွင့်ကို အသွင်လို့မခေါ်နဲ့"

"ဘာလို့လဲ ကိုရဲ့ ကိုလည်း အသွင့်ကို အဲ့လိုဘဲ ခေါ်တာမဟုတ်လား"

"အင်း...ဟုတ်တယ်..ဒါပေမယ့် ကိုယ်တစ်ယောက်တည်း ခေါ်မှာ....အမရာ မခေါ်နဲ့"

"ဘာလို့လဲ.."

"မကြိုက်လို့...."

"အော်...ဟုတ်ပါပြီ ကိုက အမရာ့ကို သွင်ပြင်နဲ့ သဝန်တိုနေတယ်ပေါ့လေ ဟင်းဟင်း..."

"......"

ကိုက ဘာမှတော့ပြန်မပြော။ပြုံးသာ ပြလာသည်။

"အော်..ဒါနဲ့ မနေ့ဖြန် အန်ကယ်က မန္တလေးကို လာမယ်တဲ့ သိပြီးပြီလား"

"အင်း ကိုယ်သိပြီးပြီ မနက်ကDaddy ပြောတယ် အလုပ်ကိစ္စနဲ့တဲ့..ဒီမှာတော့ မတည်းလောက်ဘူးထင်တယ်"

"ဟုတ်မယ်နော်...အဲ့တာဆို အမရာ စာသွားကျင်လိုက်အုန်းမယ်.."

"အိုကေ ပါဗျာ"

"သွားပြီနော် .."

"......"

အင်း....သဝန်တိုတာတဲ့လား အမရာရယ်....
ဖြစ်နိုင်ပါတယ် ကိုယ်က အမရာ့ကို အသွင်နဲ့ သဝန်တိုနေတာ.....

တီ တီ တီ
ကားဟွန်းတီး သံကြောင့်  အိမ်ရှေ့ကိုကြည့်လိုက်မိသည်။
ဉီးလင်းဆိုရင် ကိုယ့်ဘာသာ ဖွင့်ပြီး ဝင်လာမှာပါ။ဘယ်သူလဲ မသိဘူး။
ကိုယ်လည်း သွားကြည့်ရန် မတ်တပ်ထရုံရှိသေး အသွင်က ခြံနောက်ကနေ တုတ်လေးနဲ့ ထောက်ကာ ထွက်လို့လာလေသည်။

စောစောက ရေစိုနေသော ပုဆိုးကိုဝတ်ထားပြီး အပေါ်ပိုင်းမှာ နောက်ထပ် ပုဆိုးကြမ်း တစ်ထည်ကို ရင်ဘတ်နေရာတွင် ပတ်ထားတာကြောင့်  ချပ်ရပ်နေသော ဗိုက်သားတို့မှာ ပေါ်လို့နေတဲ့ အသွင်​။
တံခါးသွားဖွင့်ရန် သွားနေသော အသွင်ကြောင့် အမြန်ပင်တားလိုက်သည်။

"အသွင်...သွားသွား ရေသာမြန်မြန်သွားချိုး ငါဖွင့်ပေးလိုက်မယ်"

"ရတယ် အကိုလေး ကျွန်တော်..."

"သွားမှာသာ သွားစမ်းကွာ"

"ဟုတ်ကဲ့"

ခြံတံခါးကို လူဝင်ထွက်ရုံသာ ဖွင့်လိုက်ပြီး ရပ်ထားသော ကားရှေ့ရပ်လိုက်တော့ ကပေါ်က ဆင်းလာတဲ့ လူကို မြင်လိုက်ကာ မျက်မှောင်ကျုံ့မိပြန်သည်။

*ဟို အကောင် ဇွဲသန့်စင် ဘာလာလုပ်တာလဲ*

"ကိုပိုင်ရတု တံခါးလေးဖွင့်ပေးပါလားဗျ"

"ဘာလာလုပ်တာလဲ"

"သွင်ပြင်လေး ကိုလာတွေ့တာပါ"

"ဘာကိစ္စလဲ"

"အော်...ဒီအတိုင်းဘဲလေ ကိုယ့်မိတ်ဆွေကို ကိုယ်လာတွေ့တာပေါ့"

"ကိုယ့်ဘာသာကို ဖွင့်ဝင်"

စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ။ ဘာမိတ်ဆွေ ဟုတ်လား။

ကိုယ်လည်း ကျော​ပေးပြီး ခပ်မြန်မြန်သာ ခြံနောက်ကို သွား တော့သည်။
မဖြစ်ဘူး။အသွင်က ရေချိုးနေတာ အဲ့အကောင်မြင်သွားလို့ မဖြစ်ဘူး။

ရေ၏ အကူအညီဖြင့် ခန္တာကိုယ်ကောက်ကြောင်းပေါ်လွင်နေသော အသွင်ကြောင့် ကိုယ့်မှာ ရှေ့ဘဲ ဆက်သွားရမလို ပြန်ဘဲလှည့်ရမလိုနဲ့။

"အ..အသွင်."

"ဗျာ..ဗျာ"

"ရေမြန်မြန်ချိုး...ဇွဲသန့်စင် ရောက်နေတယ်..အခု ရေချိုးတာရပ်လိုက်တော့"

"ဘာလို့လဲဗျ ဘာမှမဖြစ်ပါဘူး အကိုလေးရယ် ကိုဇွဲကို ဒီလို လာခိုင်းရင် လာခိုင်းလိုက် ရတယ်ဗျ "

"မရဘူး...ငါမရဘူးဆို မရဘူးဘဲ အခုချက်ချင်းရေချိုးတာရပ် ဒါငါ့အမိန့်ဘဲ"

"ဗျာ...ဟုတ်ဟုတ်"

ကိုယ့်စကားတွေက ဆီလျော်မှု မရှိသော်လည်း အရေးကြီးသည်က ဟိုကောင် အသွင့်ရဲ့ ခန္တာကိုယ်ကို မမြင်ရဖို့ဘဲ။

နောက်ဖေးပေါက်ကနေ အိမ်ထဲဝင်လာတော့
သူတောင်းစာက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ကျကျနန နေရာယူပြီး ထိုင်နေလေရဲ့။
ကိုယ်လည်း တီဗွီနဲ့ ရှေ့တည့်တည့်မှာရှိတဲ့ ထိပ်ဆုံးဆိုဖာတွင် ဝင်ထိုင်လိုက်ကာ တီဗွီကို ဖွင့်လိုက်သည်။
အိမ်တစ်အိမ်လုံး တိတ်ဆိတ်နေပြီ တီဗွီကလာနေသော ဘောလုံးပွဲက ဆူဆူညံညံ အသံသာ ထွက်လို့နေသည်။
ကိုယ့်ဘက်ကလည်း ဘာမှမပြော ခပ်တင်းတင်းသာ။
သူ့ဘက်ကလည်း ကိုယ့်ကိုရှိတယ်လို့တောင်မထင် ဖုန်းကိုကြည့်လို့နေလေသည်။

"သွင်ပြင်လေး လာလေ"

နောက်ဖေးပေါက်ကို မျက်နှာလှည့်ထိုင်နေသောသူ က အသွင့်ကို ခေါ်လိုက်သည်။

"ဟုတ် ကိုဇွဲ ဘယ်လိုလုပ်ရောက်လာတာလဲ"

"သတိရလို့ပါကွာ"

ဘာ...သတိရလို့ ဟုတ်လား။စောက်ခွက်ကိုက ကျက်သရေ ကိုမရှိဘူး။

"အော်..."

"လာလာ သွင်ပြင်လေး ကိုယ်ဒ်ီဘက်မှာ"

တုတ်ကို တစ်ချက်ချင်းထောက်ပြီး လာနေတဲ့ အသွင့်ကို သွား၍ လက်ဆွဲခေါ်လိုက်သော ကျက်သရေတုံးကောင် ကြောင့် ဒေါသက ထွက်လို့လာချေပြီ။
သူတို့ကို မျက်တောင်မခတ်ကြည့်နေတဲ့ ကိုယ့်ကို သူတောင်းစာက မျက်ခုံးပင့်ကာ မထီသတီ ပြုံးပြတာကြောင့် ပိုမိုစူးစိုက်ကြည့်လိုက်ကာ အကြည့်ကိုလွှဲလိုက်သည်။
အသွင်ကတော့ ကိုယ်ရှိတာကိုတောင် သိပုံမရ။

"ဟုတ်ကဲ့"

အသွင်က ဆိုဖာပေါ်တွင်မထိုင်ဘဲ  ကော်ဇောပေါ်တွင်ထိုင်လိုက်တာကြောင့် ဟိုအကောင်ကပါ အသွင့်ဘေးကကော်ဇောပေါ်တွင်သာထိုင်ချလိုက်သည်။

မသိရင် ကိုယ်ကဘဲ အထက်စီးနေပြီး သူတို့ကို နှိမ်နေသလိုလို။

"ကိုဇွဲ  ဆိုဖာပေါ်မှာထိုင်လေ"

"မထိုင်ပါဘူး သွင်ပြင်လေးကလည်း ကိုယ်လည်း သွင်ပြင်လေးနဲ့  အတူတူထိုင်မှာပေါ့ အေးအတူပူအမျှလေ"

တောက်!!

______________________________________

9.9.2020
10:09 PM
#Yashika

တကယ်တော့ ဒီအပိုင်းကို pa pa pa မလို့ပါ။
ဒါပေမယ့် အတွေးလေးပေါ်လာတာကြောင့် ပြန်ပြင် type လိုက်တာ နောက်ကျသွားတယ်😅။
ပျက်ကွက်ခဲ့တဲ့ နေ့တွေအတွက် အဆင်ပြေတဲ့နေ့ကျ နှစ်ပိုင်းဆီလောက် up ပေးပါ့မယ်😁

© Yashika ,
книга «ချစ်ရပါသောအသွင်(ချစ်ရပါသောအသွင်)».
Коментарі