Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 1
[Zawgyi]

ခ်စ္သူ အတြဲ ဒါအထက္တန္းေက်ာင္းတိုင္းမွာရွိတဲ့ပံုမွန္ျဖစ္စဥ္တစ္ခုပါပဲ။အင္း...နာမည္ႀကီးအတြဲေတြဆိုတာလည္းရွိစျမဲေပါ့.... ဘာလို႔နာမည္ႀကီးအတြဲေတြျဖစ္ကုန္တာလည္းဆိုရင္းေတာ့ရွင္းရွင္းေလးပါပဲ ေခ်ာေခ်ာလွလွနတ္သမီးေလးနဲ႔တြဲတဲ့ ဥစၥာေပါရုပ္ေခ်ာနတ္သားေလးေတြေပါ့

အားလံုးကေျပာၾကတယ္ အဲ့လိုအတြဲေတြကအရမ္းလိုက္ဖက္တယ္တဲ့..
ကၽြန္ေတာ္ေတာ့ ျငင္းပါရေစ။ ဘာလို႔လည္းလို႔ေမးလာရင္ေတာ့ ကၽြန္ေတာ့ crush ႀကီးက အဲ့ဒီ နာမည္ႀကီးအတြဲျဖစ္ေနလို႔ပါပဲ။

ကၽြန္ေတာ္လား ကၽြန္ေတာ္ကေတာ့အေ၀းကပဲေငးၾကည့္ခြင့္ရွိတဲ့ အမွိုက္ေကာင္ေပါ့ေလ....
ဟား ဟား ရယ္ရတယ္ေနာ္ ကုိ႔ဟာကိုလူစိတ္၀င္စားတာမခံခ်င္လို႔ ဆံပင္ဘုတ္သိုက္နဲ႔မ်က္မွန္ႀကီးႀကီးတပ္လိုက္မိတာနဲ႔တစ္ခါထဲေက်ာင္းရဲ႕အႏိုင္ခံ အမွိုက္ေကာင္အျဖစ္စာရင္း၀င္သြားေတာ့တာပဲ။

ကၽြန္ေတာ္အရမ္းပ်င္းလြန္းလို႔ ဘာျပႆနာမွမလုပ္ပါဘူး....သူတို႔ရန္လာစလည္းခံတာပဲ ဘာလို႔လည္းဆိုေတာ့ ကၽြန္ေတာ္အပ်င္းေျပတယ္ေလ....

"ေဟ့ မွန္ေၾကာင္ေကာင္ ငါတုိ႔ကိုပိုက္ဆံေပးစမ္း"

အင္း ကၽြန္ေတာ္လည္းသူတို႔ေၾကာင့္ကို႔နာမည္ရင္းေတာင္ေမ့ခ်င္သလိုလို....ခါတိုင္းဆို လိုခ်င္ေတာ့လည္းယူေပါ့ ဆိုၿပီးေမးလိုက္တယ္ ဒီလိုပဲစီနီယာဆိုၿပီး ဂ်ဳနီယာေတြအေပၚအႏိုင္ယူခ်င္ေနတာ....
ဒါေပမယ့္ ကၽြန္ေတာ္ဆံုးျဖတ္လိုက္တယ္

"လံုး၀မေပးဘူး"

"က်စ္ ဒီေကာင္ အသားနာခ်င္ေနတာလားဟမ္
ငါတို႔ရိုက္လိုက္မွအသိစိတ္၀င္လာမယ္ထင္တယ္"

ဘာလဲ စီနီယာသံုးေယာက္ဆိုၿပီးကၽြန္ေတာ္ကေၾကာက္ရမွာလား ေဆာ္တီးပါပဲ ေၾကာက္တယ္ဆိုတာကၽြန္ေတာ္ ေရွာင္လုဟန္သမိုင္းမွာမရွိဘူး.....

"Sorry လံုး၀မေပးဘူး"

"ဘာာာာ"

ဘာလို႔ေပးရမွာလည္းသူတို႔က လီဂ်ီအြန္းရဲ႕ ေနာက္လိုက္ေခြးေလးေတြ လီဂ်ီအြန္းလား..သူမကကၽြန္ေတာ့္ crush အိုဆယ္ဟြန္းရဲ႕ ရည္းစားေလ..သူတို႔အတြက္ေတာ့ ျဖဴစင္လြန္းတဲ့အလွနတ္ဘုရားမေလးေပါ့ ကၽြန္ေတာ့အတြက္ဆိုရင္ေတာ့ သူေတာ္ေကာင္းေယာင္ေဆာင္တဲ့ၾကာပန္းျဖဴမပဲ...

သူသာျဖဴစင္တယ္ဆိုရင္သူ႔ေနာက္လိုက္ေတြကဒီလိုအသိဥာဏ္မရွိတဲ့လူရမ္းသားေတြျဖစ္ပါ့မလား..အမွန္မျမင္ႏိုင္တဲ့မ်က္ကန္းေတြအတြက္ေတာ့ သနားတယ္...

"က်စ္ ဒီေကာင္ မေလာက္ေလးမေလာက္စားနဲ႔ မွတ္ေလာက္ေအာင္လုပ္စမ္းကြာ"

ေအာ္...သူတို႔ကၽြန္ေတာ့္ကုိရိုက္မယ္ေပါ့ ဟက္
ကၽြန္ေတာ္ ေဘးပတ္၀န္းက်င္ကိုၾကည့္လိုက္တယ္ လူမေျပာနဲ႔ေခြးတစ္ေကာင္ေတာင္မေတြ႕ရဘူး ဆိုေတာ့ စိတ္မေကာင္းပါဘူးစီနီယာတို႔ေရ....

ဟက္ ေပ်ာ့ညံ့လိုက္က်တာ လူေကာင္းႀကီးတာကိုမွအားမနာ ဘာမွေတာင္မေဆာ့ရေသးဘူး လဲက်သြားက်
တယ္ ဟြန္႔ ငါကနည္းနည္းေဆာ့ခ်င္ေသးတာ...
ထားပါေလ ေနာက္ဆိုေဆာ့ဖို႔အခြင့္အေရးအမ်ားႀကီးရမွာပဲ...

"ေဟး ဘယ္လုိလည္း စီနီယာတို႔ထႏိုင္ေသးလား ပ်င္းစရာေကာင္းလိုက္တာ မရွက္ဘူးလားဟမ္"

"မင္း...မင္း....မင္း.."

"မွတ္ထား ကၽြန္ေတာ္ ေရွာင္လုဟန္ကအျမဲတမ္းအႏုိင္က်င့္တိုင္းခံေနတာမဟုတ္ဘူး"

"အို ဟုတ္သားပဲဒီေန႔ကိစၥဘယ္သူမွျပန္မေျပာနဲ႔ေနာ္ ေျပာလို႔ကေတာ့ ဟင္း..ဟင္း.."

လည္ပင္းကိုလက္နဲ႔ျဖတ္သလိုလုပ္ျပလိုက္ေတာ့ ထိတ္လန္႔သြားၾကတဲ့လူစု ...
အရမ္းေတြေၾကာက္ျပေနၾကပါလား ကၽြန္ေတာ္ကအဲ့ေလာက္ေၾကာက္ဖို႔မေကာင္းပါဘူးေလ တစ္ေက်ာင္းလံုးကသတ္မွတ္ထားတဲ့အမႈိက္ေကာင္ကို ေၾကာက္ျပေနၾကလို႔ ကကၽြန္ေတာ္ကိုယ္တိုင္ေတာင္သနားသြားၿပီ...

ေနာက္တစ္ႀကိမ္ လူသူမရွိတဲ့အိမ္ႀကီးကိုျပန္ေရာက္လာျပန္ၿပီ...
အိမ္ႀကီးကႀကီးၿပီးလူဆိုလို႔ကၽြန္ေတာ္ကလြဲၿပီးဘယ္သူမွမရွိတာ သိပ္ေတာ့ေပ်ာ္ဖို႔မေကာင္းဘူး...အဲ့တာေၾကာင့္ကၽြန္ေတာ္တိုက္ခန္းေသးေသးေလးပဲငွားေနျဖစ္တယ္ ..ေက်ာင္းျပန္ခ်ိန္ဆိုရင္ေတာ့ ဒီအိမ္ႀကီးကိုလာ ၿပီးရင္ ကၽြန္ေတာ့္ ဆယ္ဟြန္းေလး အတြက္လုပ္ထားတဲ့အခန္းထဲမွာသူ႔ရဲ႕တစ္ေန႔တာပံုရိပ္ေလးေတြကိုကပ္မယ္...

တစ္ေန႔ တစ္ေန႔သူ႔ပံုေလးေတြလိုက္ရတာအေမာ သူကေလ ဘယ္လိုေနေနသိပ္ခ်စ္ဖို႔ေကာင္းတာ...တစ္ခုပဲရည္းစားရွိတာဆိုးတယ္...ထားပါေလ မနက္ျဖန္က်ရင္ေတာ့ကၽြန္ေတာ္သူ႔ကိုဖြင့္ေျပာမယ္လို႔ရည္ရြယ္ထားတယ္ ကၽြန္ေတာ္သူ႔ကိုႀကိဳက္တာအခ်ိန္ေတာ္ေတာ္ၾကာၿပီဖြင့္ေျပာသင့္ၿပီလို႔ထင္တယ္ ကၽြန္ေတာ္ဖြင့္မေျပာမိလို႔ သူရည္းစားရသြားတာမလား...

ခိခိ မနက္ျဖန္က်ရင္ သူ႔ကိုဖြင့္ေျပာမယ္ သူကလည္းကၽြန္ေတာ့္ကိုလက္ခံမယ္ ကၽြန္ေတာ္စိတ္ကူးယဥ္ေနလိုက္တယ္ လက္ခံသည္ျဖစ္ေစ လက္မခံသည္ျဖစ္ေစ ကၽြန္ေတာ့္မွာ စိတ္ကူးယဥ္ခြင့္ေလးေတာ့ရွိတယ္မလား..

သူ႔ရည္းစားလား ထားလိုက္စမ္းပါ ရည္းစားဆိုတာ အခ်ိန္တန္ရင္ျပတ္မွာပဲ အင္း...သူအျမင္မွန္ရတဲ့တစ္ေန႔က်ရင္ေပ့ါ..
တစ္ေန႔ေတာ့သူအျမင္မွန္ရလာမွာပါ....

အိုး... စိတ္ကူးယဥ္ရင္းကၽြန္ေတာ္အရမ္းေပ်ာ္လာၿပီ
သူမ်ားေတြအတြက္ ဒီလိုအထက္တန္းမွာရည္မွန္းခ်က္ေတြထားေနၿပီ ကၽြန္ေတာ္အတြက္ကေတာ့သူနဲ႔သာယာတဲ့ေန႔ေလးေတြျဖတ္သန္းမယ္ဆိုတာကၽြန္ေတာ့္ရည္မွန္းခ်က္လိုျဖစ္ေနၿပီ ။

ထားပါေလ ကၽြန္ေတာ္သူ႔အခန္းတံခါးေလးကိုပိတ္ၿပီး တိုက္ခန္းက်ဥ္းေလးကိုျပန္လာခဲ့တယ္။
တစ္ေန႔ တစ္ေန႔က်ရင္ အဲ့အခန္းေလးကိုျပၿပီးသူ႔ကို suprise လုပ္ရမယ္။ ကၽြန္ေတာ္သူ႔ကုိအရမ္းခ်စ္တယ္ဆိုတဲ့အေၾကာင္းသက္ေသအျဖစ္ေပါ့။

ညက်ရင္ေတာ့ ေဆးလိပ္ေလးေသာက္ၿပီးအပန္းေျဖအုန္းမွပါေလ...အနာဂတ္ကိုေတြးရင္ရင္ေတြအရမ္းခုန္ေနတဲ့အတြက္ေၾကာင့္ေပါ့...
ကၽြန္ေတာ့္ကုိ သိပ္ျပဳစားလြန္းတဲ့အိုဆယ္ဟြန္းကို ကၽြန္ေတာ္အရမ္းခ်စ္ပါသည္။

----------------------------------------------------------

#1547 words
#Thanks for reading
#90°bow


________________________________

[Unicode]

ချစ်သူ အတွဲ ဒါအထက်တန်းကျောင်းတိုင်းမှာရှိတဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။အင်း...နာမည်ကြီးအတွဲတွေဆိုတာလည်းရှိစမြဲပေါ့.... ဘာလို့နာမည်ကြီးအတွဲတွေဖြစ်ကုန်တာလည်းဆိုရင်းတော့ရှင်းရှင်းလေးပါပဲ ချောချောလှလှနတ်သမီးလေးနဲ့တွဲတဲ့ ဥစ္စာပေါရုပ်ချောနတ်သားလေးတွေပေါ့

အားလုံးကပြောကြတယ် အဲ့လိုအတွဲတွေကအရမ်းလိုက်ဖက်တယ်တဲ့..
ကျွန်တော်တော့ ငြင်းပါရစေ။ ဘာလို့လည်းလို့မေးလာရင်တော့ ကျွန်တော့ crush ကြီးက အဲ့ဒီ နာမည်ကြီးအတွဲဖြစ်နေလို့ပါပဲ။

ကျွန်တော်လား ကျွန်တော်ကတော့အဝေးကပဲငေးကြည့်ခွင့်ရှိတဲ့ အမှိုက်ကောင်ပေါ့လေ....
ဟား ဟား ရယ်ရတယ်နော် ကို့ဟာကိုလူစိတ်ဝင်စားတာမခံချင်လို့ ဆံပင်ဘုတ်သိုက်နဲ့မျက်မှန်ကြီးကြီးတပ်လိုက်မိတာနဲ့တစ်ခါထဲကျောင်းရဲ့အနိုင်ခံ အမှိုက်ကောင်အဖြစ်စာရင်းဝင်သွားတော့တာပဲ။

ကျွန်တော်အရမ်းပျင်းလွန်းလို့ ဘာပြဿနာမှမလုပ်ပါဘူး....သူတို့ရန်လာစလည်းခံတာပဲ ဘာလို့လည်းဆိုတော့ ကျွန်တော်အပျင်းပြေတယ်လေ....

"ဟေ့ မှန်ကြောင်ကောင် ငါတို့ကိုပိုက်ဆံပေးစမ်း"

အင်း ကျွန်တော်လည်းသူတို့ကြောင့်ကို့နာမည်ရင်းတောင်မေ့ချင်သလိုလို....ခါတိုင်းဆို လိုချင်တော့လည်းယူပေါ့ ဆိုပြီးမေးလိုက်တယ် ဒီလိုပဲစီနီယာဆိုပြီး ဂျုနီယာတွေအပေါ်အနိုင်ယူချင်နေတာ....
ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်လိုက်တယ်

"လုံးဝမပေးဘူး"

"ကျစ် ဒီကောင် အသားနာချင်နေတာလားဟမ်
ငါတို့ရိုက်လိုက်မှအသိစိတ်ဝင်လာမယ်ထင်တယ်"

ဘာလဲ စီနီယာသုံးယောက်ဆိုပြီးကျွန်တော်ကကြောက်ရမှာလား ဆော်တီးပါပဲ ကြောက်တယ်ဆိုတာကျွန်တော် ရှောင်လုဟန်သမိုင်းမှာမရှိဘူး.....

"Sorry လုံးဝမပေးဘူး"

"ဘာာာာ"

ဘာလို့ပေးရမှာလည်းသူတို့က လီဂျီအွန်းရဲ့ နောက်လိုက်ခွေးလေးတွေ လီဂျီအွန်းလား..သူမကကျွန်တော့် crush အိုဆယ်ဟွန်းရဲ့ ရည်းစားလေ..သူတို့အတွက်တော့ ဖြူစင်လွန်းတဲ့အလှနတ်ဘုရားမလေးပေါ့ ကျွန်တော့အတွက်ဆိုရင်တော့ သူတော်ကောင်းယောင်ဆောင်တဲ့ကြာပန်းဖြူမပဲ...

သူသာဖြူစင်တယ်ဆိုရင်သူ့နောက်လိုက်တွေကဒီလိုအသိဉာဏ်မရှိတဲ့လူရမ်းသားတွေဖြစ်ပါ့မလား..အမှန်မမြင်နိုင်တဲ့မျက်ကန်းတွေအတွက်တော့ သနားတယ်...

"ကျစ် ဒီကောင် မလောက်လေးမလောက်စားနဲ့ မှတ်လောက်အောင်လုပ်စမ်းကွာ"

အော်...သူတို့ကျွန်တော့်ကိုရိုက်မယ်ပေါ့ ဟက်
ကျွန်တော် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ် လူမပြောနဲ့ခွေးတစ်ကောင်တောင်မတွေ့ရဘူး ဆိုတော့ စိတ်မကောင်းပါဘူးစီနီယာတို့ရေ....

ဟက် ပျော့ညံ့လိုက်ကျတာ လူကောင်းကြီးတာကိုမှအားမနာ ဘာမှတောင်မဆော့ရသေးဘူး လဲကျသွားကျ
တယ် ဟွန့် ငါကနည်းနည်းဆော့ချင်သေးတာ...
ထားပါလေ နောက်ဆိုဆော့ဖို့အခွင့်အရေးအများကြီးရမှာပဲ...

"ဟေး ဘယ်လိုလည်း စီနီယာတို့ထနိုင်သေးလား ပျင်းစရာကောင်းလိုက်တာ မရှက်ဘူးလားဟမ်"

"မင်း...မင်း....မင်း.."

"မှတ်ထား ကျွန်တော် ရှောင်လုဟန်ကအမြဲတမ်းအနိုင်ကျင့်တိုင်းခံနေတာမဟုတ်ဘူး"

"အို ဟုတ်သားပဲဒီနေ့ကိစ္စဘယ်သူမှပြန်မပြောနဲ့နော် ပြောလို့ကတော့ ဟင်း..ဟင်း.."

လည်ပင်းကိုလက်နဲ့ဖြတ်သလိုလုပ်ပြလိုက်တော့ ထိတ်လန့်သွားကြတဲ့လူစု ...
အရမ်းတွေကြောက်ပြနေကြပါလား ကျွန်တော်ကအဲ့လောက်ကြောက်ဖို့မကောင်းပါဘူးလေ တစ်ကျောင်းလုံးကသတ်မှတ်ထားတဲ့အမှိုက်ကောင်ကို ကြောက်ပြနေကြလို့ ကကျွန်တော်ကိုယ်တိုင်တောင်သနားသွားပြီ...

နောက်တစ်ကြိမ် လူသူမရှိတဲ့အိမ်ကြီးကိုပြန်ရောက်လာပြန်ပြီ...
အိမ်ကြီးကကြီးပြီးလူဆိုလို့ကျွန်တော်ကလွဲပြီးဘယ်သူမှမရှိတာ သိပ်တော့ပျော်ဖို့မကောင်းဘူး...အဲ့တာကြောင့်ကျွန်တော်တိုက်ခန်းသေးသေးလေးပဲငှားနေဖြစ်တယ် ..ကျောင်းပြန်ချိန်ဆိုရင်တော့ ဒီအိမ်ကြီးကိုလာ ပြီးရင် ကျွန်တော့် ဆယ်ဟွန်းလေး အတွက်လုပ်ထားတဲ့အခန်းထဲမှာသူ့ရဲ့တစ်နေ့တာပုံရိပ်လေးတွေကိုကပ်မယ်...

တစ်နေ့ တစ်နေ့သူ့ပုံလေးတွေလိုက်ရတာအမော သူကလေ ဘယ်လိုနေနေသိပ်ချစ်ဖို့ကောင်းတာ...တစ်ခုပဲရည်းစားရှိတာဆိုးတယ်...ထားပါလေ မနက်ဖြန်ကျရင်တော့ကျွန်တော်သူ့ကိုဖွင့်ပြောမယ်လို့ရည်ရွယ်ထားတယ် ကျွန်တော်သူ့ကိုကြိုက်တာအချိန်တော်တော်ကြာပြီဖွင့်ပြောသင့်ပြီလို့ထင်တယ် ကျွန်တော်ဖွင့်မပြောမိလို့ သူရည်းစားရသွားတာမလား...

ခိခိ မနက်ဖြန်ကျရင် သူ့ကိုဖွင့်ပြောမယ် သူကလည်းကျွန်တော့်ကိုလက်ခံမယ် ကျွန်တော်စိတ်ကူးယဉ်နေလိုက်တယ် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ကျွန်တော့်မှာ စိတ်ကူးယဉ်ခွင့်လေးတော့ရှိတယ်မလား..

သူ့ရည်းစားလား ထားလိုက်စမ်းပါ ရည်းစားဆိုတာ အချိန်တန်ရင်ပြတ်မှာပဲ အင်း...သူအမြင်မှန်ရတဲ့တစ်နေ့ကျရင်ပေ့ါ..
တစ်နေ့တော့သူအမြင်မှန်ရလာမှာပါ....

အိုး... စိတ်ကူးယဉ်ရင်းကျွန်တော်အရမ်းပျော်လာပြီ
သူများတွေအတွက် ဒီလိုအထက်တန်းမှာရည်မှန်းချက်တွေထားနေပြီ ကျွန်တော်အတွက်ကတော့သူနဲ့သာယာတဲ့နေ့လေးတွေဖြတ်သန်းမယ်ဆိုတာကျွန်တော့်ရည်မှန်းချက်လိုဖြစ်နေပြီ ။

ထားပါလေ ကျွန်တော်သူ့အခန်းတံခါးလေးကိုပိတ်ပြီး တိုက်ခန်းကျဉ်းလေးကိုပြန်လာခဲ့တယ်။
တစ်နေ့ တစ်နေ့ကျရင် အဲ့အခန်းလေးကိုပြပြီးသူ့ကို suprise လုပ်ရမယ်။ ကျွန်တော်သူ့ကိုအရမ်းချစ်တယ်ဆိုတဲ့အကြောင်းသက်သေအဖြစ်ပေါ့။

ညကျရင်တော့ ဆေးလိပ်လေးသောက်ပြီးအပန်းဖြေအုန်းမှပါလေ...အနာဂတ်ကိုတွေးရင်ရင်တွေအရမ်းခုန်နေတဲ့အတွက်ကြောင့်ပေါ့...
ကျွန်တော့်ကို သိပ်ပြုစားလွန်းတဲ့အိုဆယ်ဟွန်းကို ကျွန်တော်အရမ်းချစ်ပါသည်။

----------------------------------------------------------

#1547 words
#Thanks for reading
#90°bow


________________________________

© Ichika Yuko,
книга «Villain Game».
Коментарі