Chapter 10
{unicode}
တောင်းပန်ပါတယ်ဆိုတဲ့စကားကလွဲပြီးကျန်တဲ့စကားပြောစရာမရှိတော့ပါဘူး။ရူးမိုက်လိုက်တာ လုဟန်ရာ....မင်းနဲ့မတည့်မှန်းသိရဲ့နဲ့များ စားရတယ်လို့ ....ဆိုပြီးအပြစ်တင်မိတဲ့အခါ တိုင်း ငါကျွေးတာမို့လို့ပါ ဆိုတဲ့အကြောင်းပြချက်နဲ့ လှလှပပ အနိုင်ယူသွားလေရဲ့။တော်လိုက်တာကွာ အဲ့စကားတစ်ခွန်းနဲ့တင် ဒီကကောင်ရဲ့ရင်ကို နာကျင်အောင်လုပ်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်တွေနဲ့ငါဟာ မင်းအပေါ်အကြွေးတစ်ခုတင်သွားကြောင်း.............
နေရာတိုင်းမှာကိုယ့်အုပ်စုနဲ့ကိုယ်သွားလာနေကြသောတက္ကသိုလ်ကျောင်းသားတွေထဲကျွန်တော်ရှောင်လုဟန်ဆိုတာမပါ၀င်ခဲ့.....ဆယ်ဟွန်းဆိုသည်မှာလည်းကျွန်တော့်ကိုမမြင်ရလေ ပျော်ရွှင်လေဟူသောသဘောတစ်ရားကိုလက်ခံထားတာကြောင့် မနက်ကတည်းကသူ့ကိုမမြင်ရတော့ဘူး ...သူ့သူငယ်ခြင်းတွေနဲ့တူတူသွားမလို့ထင်ပါရဲ့ ကျွန်တော်ထင်ခဲ့တာ အကယ်၍များဆေးရုံကဆင်းရင် ကျွန်တော့်ကို အရင်ကထက်ပိုပြီးဂရုစိုက်လာမယ်ပေါ့....ဟက်...ကျွန်တော်မဖြစ်နိုင်တာတွေကိုစိတ်ကူးရင်မိတာပဲ...အရင်ကထက်ပိုပြီးဂရုစိုက်ဖို့နေနေသာသာ ကျွန်တော့်မျက်စိရှေ့ကိုပေါ်မလာတော့ဘူး ထူးတော့ထူးဆန်းသား တစ်အိမ်ထဲနေပြီးမတွေ့ဖြစ်ကြဘူး ဆိုတာကိုပေါ့..........
ဒီရက်ပိုင်းသူ့အမေကလည်းအိမ်ကိုခဏခဏရောက်လာတယ်ကောင်းသော လာခြင်းတော့မဟုတ် ပညာလာပြခြင်းသာ..... ထမင်းဟင်းကောင်းကောင်းမချက်တတ်ဘူး အ၀တ်ကောင်းကောင်းမလျှော်တတ်ဘူးတို့ဘာတို့ပြောတာပေါ့ နောက်တော့ ကြမ်းတောင်မတိုက်တတ်ရမလားဆိုပြီးဆူပါလေရော တကယ်ပါပဲ ထမငးဟင်းများစားလို့ရရင်တော်ပြီပေါ့ အရင်တုန်းကဆိုတစ်ခါမှကို့ဟာကိုချက်ဖူးတာမဟုတ်......... နောက်ပိုင်းတစ်ယောက်ထဲနေတဲ့ချိန်ကျမှ နည်းနည်းပါးပါးချက်စားဖြစ်တာ ဒါပေမယ့်အပြင်က...၀ယ်စားဖြစ်တာများတယ် အ၀တ်များအခုခေတ်မှာဒီလောက်အ၀တ်လျှော်စက်တွေပေါနေတာကို ဘာလို့လက်နဲ့လျှော်ရမှာလည်း ဟင်း ....ဆယ်ဟွန်းအေမကကပ်စီဂနည်းလွန်းတယ် ကြမ်းတောင်လက်နဲ့တိုက်ခိုင်းချင်နေတာ ဖုန်စုပ်စက်နဲ့ဆို မြန်မြန်ပြီးတာပဲဟာကို .........အကုန်လုံးကိုယောက္ခကြီးပြောတဲ့အတိုင်းလိုက်လုပ်ပေးရအောင် ကျွန်တော်က မိန်းမမှ မဟုတ်တာ ...... ဒါပေမယ့်လည်းသည်းခံလိုက်ပါတယ်လေ သားကိုလိုချင်မှတော့ ယောက္ခမကိုကပ်ထားရမှာပေါ့လေ.......
စာသင်ခန်းထဲ၀င်လိုက်တော့ တွေ့ပါပြီဆယ်ဟွန်းကို ....ဂျီအွန်းရယ်သူ့သူငယ်ချင်းနှစ်ယောက်ရယ်နဲ့တူတူထိုင်နေတာ ...ဘာလို့း ဂျီအွန်းကသူနဲ့တူတူထိုင်နေတာပါလိမ့် သူတို့နှစ်ယောက်လုံးတကယ်စည်းမစောင့်ကြဘူး မသိရင်သူတို့ကအခုချိန်ထိ ရည်းစားတွေဖြစ်နေသလိုပဲ.......
"ဆယ်ဟွန်း ရာဘာလို့အစောကြီးထသွားတာလဲ ငါ့ကိုတောင်မစောင့်ဘူး"
ကျွန်တော်သူ့ရှေ့ရပ်ပြီးစကားသွားပြောလိုက်တော့ သူ့မျက်နှာပျက်သွားလေရဲ့ ဟုတ်တာပေါ့လေ ကျွန်တော်ပြောလိုက်တဲ့ပုံက သူနဲ့ဘာလိုလိုညာညာလိုလိုအဓိပ္ပါယ်ဖြစ်သွားတာကိုး တကယ်လည်းသူနဲ့ကျွန်တော်ကလင်မယားတွေပဲကိုး....ဘေးကသူတွေကလည်းဘာများဆက်ဖြစ်မလဲလို့ကျွန်တော်တို့ကို၀ိုင်းကြည့်ကြသည်.....ဆယ်ဟွန်းကချောမောခန့်ညားတဲ့ကောင်လေးမို့လို့ ကျောင်းကကောင်မလေးတွေကစိတ်၀င်စားနေကြတာ ဒါပေမယ့် သူ့ဘေးကချောမောလွန်းတဲ့ကောင်မလေးကြောင့် ပိုင်ရှင်ရှိပြီးသားလို့ထင်ခဲ့ကြတာ အခုကြတောဘ ဒီချောမောလှပတဲ့ကောင်လေးနောက်တစ်ယောက်ကရုတ်တရက်ပေါ်လာတယ် ပြီးတော့ လည်းဘာလိုလိုညာလိုလိုအခြေအနေ ....သူတို့ဘာဆက်ဖြစ်ကြမလဲဆိုတာကိုတကယ်ပဲစိတ်၀င်စားမိပါသည်.........
"ဪ ဟွန်းကိုငါကလာကြိုပါဆိုပြီး ပြောလိုက်လို့လေ"
"ဟုတ်တယ် ငါသူ့ကိုသွားကြိုနေလို့ ဒါပေမယ့်ငါဘာလုပ်လုပ်မင်းနဲ့မှမဆိုင်တာ ဘာလို့လာမေးနေတာလည်း"
"ဟုတ်သားပဲ ....ဘာလို့လာမေးနေတာလည်း ဘာလဲဟွန်းကနင်ပြင်ပေးမယ့်မနက်စာမစားလို့လား သူကဒီမနက်ငါတို့နဲ့တူတူစားတာလေ နင်ပြင်ပေးတာတွေကစားမကောင်းလို့တဲ့ နင်အိမ်အလုပ်ကိုသေချာမလုပ်ဘူးလားဟမ် နင့်ကိုနောက်ငှားတောင်မငှါးချင်တော့ဘူးတဲ့ ပြီးတော့ငါတို့နဲ့လည်းလာမထိုင်နဲ့နော် အဆင့်ကတူတာမဟုတ်ဘူး"
"ဘာ...မင်း"
"ကဲ လူဆုံရင် ကိုယ့်နေရာကိုယ်ထိုင်ကြပါ ဒီနေ့သင်မှာကတော့........"
ကျွန်တော် လူမရှိတဲ့နောက်ဆုံးတန်းမှာသွားထိုင်လိုက်တယ် တော်ပါတယ် သူမတကယ့်ကိုတော်ပါတယ် ကျွန်တော့်ကိုအိမ်ဖော်လို့ပြောပြီး ကိုယ့်အလုပ်ရှင်ကိုလိုက်ကပ်နေတဲ့သူဖြစ်အောင်ဖန်တီးလိုက်တာ .....ပိုဆိုးတာက အဓိကသူကဘာမှမပြောဘဲမျက်နှာကိုတစ်ဖက်လှည့်နေတော့ အကုန်လုံးကသူမပြောတာအမှန်ထင်ပြီး ကျွန်တော့်ကိုထူးဆန်းတဲ့အကြည့်နဲ့၀ိုင်းကြည့်ကြရော....
ဘာလဲဂျီအွန်းငါ့ကိုအထက်တန်းတုန်းကလိုမျိုး အပယ်ခံဖြစ်အောင်ဖန်တီးနေတာလား စိတ်မကောင်းစရာပဲ ငါအနိုင်ကျင့်သမျှခံမနေတော့ဘူး ငါ့ကိုတစ်ခါနာကျင်အောင်လုပ်ရင်ဆယ်ခါပြန်နာကျင်အောင်လုပ်တတ်တယ်ဂျီအွန်းရဲ့........
"ဘယ်လိုလဲ ခံစားလို့ကောင်းလား လုဟန်"
"ဘာကိုလဲ ငါအတန်းမတက်ချင်လို့ ဒီလာပါတယ်ဆိုမှ မင်းကနောက်ကလိုက်လာပြီး ဘာပြောမလို့လည်း အရင်တုန်းကလို နည်းလမ်းဟောင်းကြီးပဲတော့ပြန်မသုံးဘူးမလား"
"နင်...နင်..."
"ဘာလည်း ဂျီအွန်း အမှန်တွေပြောလိုက်တော့အထိနာသွားတာလား"
"ဟွန့် ထားစမ်းပါ ငါကနင့်လိုအိမ်ဖော်မဟုတ်ဘူး"
"နင်သိသင့်တာက အဲ့အိမ်ဖော်ဆိုသူကပဲ ဆယ်ဟွန်းနဲ့တရား၀င်လက်ထပ်ထားတာကိုလေ"
"တော်စမ်းပါ ငါနင့်လို စာရွက်ပါ်မှာပဲပိုင်ဆိုင်တဲ့သူကိုစိတ်ထဲတောင်မထည့်ဘူး"
"အဲ့တာက မင်းကိစ္စလေ အနည်းဆုံးတော့ငါကသူ့ကိုတရား၀င်ပိုင်ဆိုင်တယ်လေ တစ်ချို့တွေလို ဖောက်ပြန်နေရတာမျိုးမဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ်ငါက သူ့နှလုံးသားကိုပိုင်ဆိုင်တယ်လေ"
"မပူပါနဲ့နောက်ပိုင်း ငါလည်း ပိုင်လာမှာလေ ငါတစ်ယောက်ထဲရဲ့ပိုင်ဆိုင်မှုဖြစ်လာမှာ"
"မဖြစ်နိုင်တာတွေကို သိပ်စိတ်ကူးယဉ်တတ်တာပဲနော် ရှောင်လုဟန်"
"ရှောင်လုဟန်ဆိုတဲ့ ငါကမပိုင်ရင်ဘာမှမလုပ်ဘူး လောင်းမလား"
"ကောင်းပြီရှောင်လုဟန် ငါတို့လောင်းကြတာပေါ့ နင်သူ့နှလုံးသားကိုမပိုင်ဆိုင်စေရလား"
"ငါကတော့ ပိုင်ဆိုင်ရမယ်လို့ယုံကြည်တယ် ဆိုတော့ လောင်းကြေးကဘာလဲ လောင်းကြေးမပါရင်စိတ်၀င်စားဖို့မကောင်းဘူးလေနော်"
"ငါရှုံးရင် နင်တို့ကိုမနှောက်က်ယှက်တော့ဘူး နင်ရှုံးရင်တော့ ငါတို့ရှေ့ကိုလုံး၀ပေါ်မလာနဲ့တော့"
"လောင်းကြေးကကြီးလိုက်တာကွာ ဒါပေမယ့်ငါလက်ခံတယ် မင်းကိုယ့်ကတိကိုယ်တည်ပါစေ"
"Sure ဒါနဲ့နင်ကတကယ်ဘယ်သူလဲ"
"ဘာကိုလဲ"
"ငါနင့်အကြောင်းမစုံစမ်းထားဘူးမထင်နဲ့ရှောင်လုဟန် နင်ဟွန်းနဲ့ လက်ထပ်မယ်ဆိုထဲကငါစုံစမ်းထားပြီးသား နင့်အကြောင်းတွေကိုရှာမရတာဘဲရှိတယ်"
"အဲ့တာအရေးကြီးလို့လား"
"မကြီးပါဘူး ထားပါလေ နင်ကနောက်ကျရင် ငါနဲ့ ဟွန်းရှေ့ကထွက်သွားရမယ့် လူပါပဲ Bye Bye ကြိုးစားလိုက်ပါဦးရှောင်လုဟန်"
ကစားပွဲတစ်ခု လောင်းကြေးကတော့နှလုံးသားတစ်စုံ.......
နောက်ဆုံးမှာ နှလုံးသားတစ်စုံကဆက်လက်ရှင်သန်နေမလား သေဆုံးသွားမလားဆိုတာကိုတော့.........
___________________________________________
#1432 words
#Thanks For reading
#90°bow
----------------------------------------------------------
{Zawgyi}
ဒီရက်ပိုင်းသူ့အမေကလည်းအိမ်ကိုခဏခဏရောက်လာတယ်ကောင်းသော လာခြင်းတော့မဟုတ် ပညာလာပြခြင်းသာ..... ထမင်းဟင်းကောင်းကောင်းမချက်တတ်ဘူး အ၀တ်ကောင်းကောင်းမလျှော်တတ်ဘူးတို့ဘာတို့ပြောတာပေါ့ နောက်တော့ ကြမ်းတောင်မတိုက်တတ်ရမလားဆိုပြီးဆူပါလေရော တကယ်ပါပဲ ထမငးဟင်းများစားလို့ရရင်တော်ပြီပေါ့ အရင်တုန်းကဆိုတစ်ခါမှကို့ဟာကိုချက်ဖူးတာမဟုတ်......... နောက်ပိုင်းတစ်ယောက်ထဲနေတဲ့ချိန်ကျမှ နည်းနည်းပါးပါးချက်စားဖြစ်တာ ဒါပေမယ့်အပြင်က...၀ယ်စားဖြစ်တာများတယ် အ၀တ်များအခုခေတ်မှာဒီလောက်အ၀တ်လျှော်စက်တွေပေါနေတာကို ဘာလို့လက်နဲ့လျှော်ရမှာလည်း ဟင်း ....ဆယ်ဟွန်းအမေကကပ်စီဂနည်းလွန်းတယ် ကြမ်းတောင်လက်နဲ့တိုက်ခိုင်းချင်နေတာ ဖုန်စုပ်စက်နဲ့ဆို မြန်မြန်ပြီးတာပဲဟာကို .........အကုန်လုံးကိုယောက္ခကြီးပြောတဲ့အတိုင်းလိုက်လုပ်ပေးရအောင် ကျွန်တော်က မိန်းမမှ မဟုတ်တာ ...... ဒါပေမယ့်လည်းသည်းခံလိုက်ပါတယ်လေ သားကိုလိုချင်မှတော့ ယောက္ခမကိုကပ်ထားရမှာပေါ့လေ.......
"ဘာ...မင်း"
"နင်...နင်..."
"တော်စမ်းပါ ငါနင့်လို စာရွက်ပ်ါမှာပဲပိုင်ဆိုင်တဲ့သူကိုစိတ်ထဲတောင်မထည့်ဘူး"
"ဘာကိုလဲ"

Коментарі