Chapter 8
[Zawgyi]
"မထသေးတာများလား"
ဖေဖေကပြောတယ် ဘယ်လောက်ပဲသူအမှားလုပ်ပါစေ သူကကိုယ်ယူထားတဲ့ယောက်ျား ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့။ကောင်းပြီ ရှောင်လုငါမင်းကိုမင်းရဲ့ယောက်ျားတစ်ယောက်လိုမကောင်းပေးနိုင်ရင်တောင် မင်းရဲ့အစ်ကိုလိုမျိုးတော့ကောင်းပေးပါ့မယ်။
"လုဟန်...လုဟန် ထစမ်း ထ ထ"
"အင်း...ဟင်းးချမ်းတယ်"
"ဟုတ်ကဲ့"
"ဟို ကျွန်တော် ...အခန်း"
"ဟုတ်"
ငါကျေနပ်တယ်ဆယ်ဟွန်း....
ထားပါ....
---------------------------------------------------------
#1961 words
#Thanks for reading
#90°bow
____________________________________
[Unicode]
လက်ထပ်ပြီးတာတစ်လကြာခဲ့ပေမယ့် ကျွန်တော်တို့နှစ်ယောက်သိပ်စကားမပြောခဲ့ကြဘူး။ဟွန်းက ကျွန်တော့်ကိုအမြဲမမြင်ချင်ယောင်ဆောင်တယ်။ကျွန်တော်ကလည်း မအားလပ်တော့ပိုဆိုးတယ်။သူ့အမေက ကျွန်တော့်ကိုအိမ်အလုပ်တွေအကုန်လုပ်ခိုင်းတယ် အိမ်အကူလုံးဝငှားမပေးဘူး။
ကျွန်တော့်မှာအိပ်ရာထတာနဲ့သူစားဖို့ပြင် အဝတ်လျော် ကြမ်းတိုက် ဟင်းချက် မနက်ကနေညနေထိအလုပ်လုပ်နေ ပေမယ့် သူကတော့ အေးဆေး ဂိမ်းဆော့လိုက် သူငယ်ချင်းတွေနဲ့လျောက်လည်လိုက်လုပ်နေတော့တာပဲ....
ကျွန်တော်ကတော့ အလုပ်လုပ်ပြီးပင်ပန်းနေပေမယ့် သူကတော့အေးအေးလူလူ....မတစ်ရားဘူး ...လုံးဝမတရားဘူး အိုဆယ်ဟွန်းကြီးရေ!!!!
ကျွန်တော်ခင်ဗျားကိုပညာပြန်ပေးပြမယ်...
ချစ်တာကချစ်တာပဲ ဒီလောက်လုပ်ပေးနေတာကိုတောင်ဒီလိုလုပ်နေတာတော့လုံးဝကိုသည်းမခံနိုင်
တွေ့ကြသေးတာပေါ့ ဆယ်ဟွန်းရှီ ဟွင့်( ̄へ ̄)
ဆယ်ဟွန်းမနက်အိပ်ရာထပြီးအောက်ဆင်းလာတော့ တစ်အိမ်လုံးတိတ်ဆိတ်နေသည်။အရင်တုန်းကဒီအချိန်ဆိုလုဟန် သူ့အတွက်မနက်စာပြင်ထားနေကျ အခုကျသူ့ကိုမတွေ့...
"မထသေးတာများလား"
မဖြစ်နိုင်ဘူး လုဟန်ကအမြဲတမ်းမနက်စောစောထပြီးသူ့အတွက်မနက်စာပြင်ပေးနေကြ ပြီးရင် သန့်ရှင်းရေးတို့ဘာတို့အကုန်နေတာ အဲ့တာကိုသူမြင်ပေမယ့်မတားမိ...ခန္ဓာကိုယ်သေးသေးလေးနဲ့ဖြူဖတ်ဖြူရော်ကောင်လေးက ဒီလိုအလုပ်ကြမ်းတွေဘာလိုလုပ်နိုင်မှာလဲ...သူမြန်မြန်နောင်တရအေးတာပဲဆိုပြီးလွှတ်ထားတာ အဲ့တာကြောင့်လည်း မေမေကအိမ်အကူမခေါ်ပေးဘူးဆိုတာကိုမတားမိ.....
အခုကျတစ်အိမ်လုံးတိတ်ဆိတ်လွန်းနေတယ်
မဟုတ်မှ ဒီကောင်လေးတစ်ခုခုဖြစ်လို့များလား....ထိုသို့တွေးမိတာနဲ့တစ်ပြိုက်နက် ချက်ချင်းအပေါ်ပြေးတက်လိုက်တယ်။
လက်ထပ်ပြီးတာတစ်လကြာတာတောင် သူ့အခန်းထဲကိုကျွန်တော်တစ်ခါမှမဝင်ဖူးဘူး။
အခန်းတံခါးဖွင့်ဝင်လိုက်တော့ ကြမ်းပြင်မှာမွေ့ယာလေးခင်းပြီးကွေးပြီးအိပ်နေတဲ့သူ့ကိုတွေ့လိုက်တယ်။
"လုဟန် လုဟန် ထစမ်း အဆင်ပြေရဲ့လား"
ကျွန်တော်သူ့အသားကိုကိုင်ကြည့်တော့ ပူနေတာကိုတွေ့ရတယ်။အခုမှသေချာကြည့်မိတာ သူ့အခန်းထဲမှာ ဘာပစ္စည်းမှသိပ်မရှိ အခန်းကလည်းကျဉ်းကျဉ်းလေး...ကျွန်တော်တစ်လအတွင်းသူ့ကိုပစ်ထားခဲ့မိတာပဲ။အခုမှကျွန်တော့်ကိုကျွန်တော်ပြန်ပြီးအပစ်တင်ချင်လာတယ်။သူ့လိုငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျပြီး အိမ်အလုပ်တွေတောက်လျောက်လုပ်နေတဲ့သူ့ကိုမမြင်ချင်ယောင်ဆောင်မိတယ်။သူပင်ပန်းနေတာသိရက်နဲ့ ဥပေက္ခာပြုခဲ့မိတာ....အခုသူ့အခန်းကလေဝင်လေထွက်လည်းမကောင်းဘူး သူဘယ်လိုများနေခဲ့ပါလိမ့်....
ဖေဖေကပြောတယ် ဘယ်လောက်ပဲသူအမှားလုပ်ပါစေ သူကကိုယ်ယူထားတဲ့ယောကျ်ား ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့။ကောင်းပြီ ရှောင်လုငါမင်းကိုမင်းရဲ့ယောကျ်ားတစ်ယောက်လိုမကောင်းပေးနိုင်ရင်တောင် မင်းရဲ့အစ်ကိုလိုမျိုးတော့ကောင်းပေးပါ့မယ်။
ဒါပေမယ့်မှတ်ထားပေးပါ ငါမင်းကိုကြိုက်လာမှာမဟုတ်ဘူး။ ငါကြိုက်တဲ့သူကလီဂျီအွန်းတစ်ယောက်ပဲရှိတာမို့လို့ပါ။
"လုဟန်...လုဟန် ထစမ်း ထ ထ"
"အင်း...ဟင်းးချမ်းတယ်"
သူကတော့ချမ်းတယ်ပြောပြီးပြန်အိပ်သွားတော့ ကျွန်တော့်မှာဘာလုပ်ရမလဲမသိ တစ်ခါမှလည်းနေမကောင်းတဲ့သူကိုမပြုစုဖူးဘူးနောက်ဆုံးတော့လည်းဖေဖေ့ကိုဖုန်းခေါ်ပြီးမိသားစုဆရာဝန်ပဲခေါ်ခိုင်းလိုက်ရတယ်။ကျွန်တော်လည်းနောက်ဆိုမိသားစုဆရာဝန်ရဲ့ဖုန်းနံပါတ်ယူထားမှပါ့လေ...သူနောက်တစ်ခါနေမကောင်းဖြစ်ရင်ဘယ်လိုလုပ်မတုန်း.....
"ဒေါက်တာ သူသက်သာရဲ့လား"
"အအေးမိပြီးအဖျားကြီးသွားယုံပါ ပင်ပန်းတာလည်းပါတာပေါ့ နောက်ဆိုသူ့ကိုအလုပ်ကြမ်းတွေ ပင်ပန်းစေမယ့်အလုပ်တွေမခိုင်းပါနဲ့"
"ဟုတ်ကဲ့"
ဆရာဝန်ပြောမှကျွန်တော်ပိုရှက်လာမိတယ်။သူ့ကိုတစ်အိမ်လုံးရဲ့အလုပ်တွေလုပ်ခိုင်းမိတာကိုးး...မဖြစ်ဘူးမဖြစ်ဘူး မေမေ မသိအောင်အိမ်အကူတွေငှားမှပါလေ မဟုတ်ရင်လုဟန်မသက်သာဘူး.....
ကျွန်တော် သူ့ကိုချီပြီးကျွန်တော့်ကုတင်ပေါ်တင်လိုက်တယ်။နောက်ဆိုဒီအခန်းမှာပဲလာနေခိုင်းမှပါ အဟမ်းကျွန်တော်ပဲနှင်ထုတ် အခုကျကျွန်တော်ကိုယ်တိုင်ပြန်ခေါ်တာက
နည်းနည်းတော့ရှက်ဖို့ကောင်းပေမယ့်....
သူကတော့အေးဆေးအိပ်နေပေမယ့် ကျွန်တော့်မှာရေဘတ်ဝင်တင်ပြီး သူနိုးလာရင်စားဖို့လုပ်ပေးရမယ်။ခက်တာကကျွန်တော်ဟင်းမချက်တတ်ဘူး ဆန်ပြုတ်လည်းမပြုတ်တတ်ဘူး...နောက်ဆုံးတော့ မီးဖိုချောင်နဲ့စစ်တိုက်ပြီး ရေကျဲကျဲ ဆန်ပြုတ်တစ်ခွက်ရလာတယ်။
ကျွန်တော်အခန်းထဲပြုတ်ရောက်တော့ သူနိုးနေပြီ။
"သက်သာလား လုဟန် ဒီမှာ ကငါမင်းအတွက်ဆန်ပြုတ်ယူလာတယ်"
"ဟို ကျွန်တော် ...အခန်း"
"အဟမ်း ငါမင်းကိုဒီအခန်းထဲခေါ်လာတာ နောက်လည်းဒီမှာပဲနေတော့ မင်းအခန်းကမကောင်းဘူး ပြီးတော့ ဆန်ပြုတ်သောက်လိုက် ဆရာဝန်ကလည်းဆေးပေးထားသေးတယ် စားပြီးရင်ဆေးသောက်ရမယ်"
"ဟုတ်"
ခေါင်းငုံ့ပြီးဆန်ပြုတ်သောက်နေသော သူ့ကိုကြည့်ရင်း ကျွန်တော်ပြုံးမိသည်။ဒီကောင်လေး ချစ်ဖို့တော့ကောင်းသား...
ပြီးတော့မှ ဖုန်းကိုယူပြီးအခန်းပြင်သို့ထွက်လာသည်။ဟိုကောင်တွေကိုသူ ဒီနေ့မလာဖြစ်တာပြောရမယ်။
တကယ်တော့ဒီနေ့ ချန်းယောလ်ကပြောစရာရှိတယ်ဆိုပြီး ကျွန်တော်နဲ့ဂျုံအင်ကိုခေါ်ထားတာ....ထားပါလေ ကျွန်တော်မသွားလည်း ဂျုံအင်သွားမှာပေါ့
ဖျားနေတဲ့သူကိုအိမ်မှာတစ်ယောက်ထဲမထားခဲ့သင့်ဘူး တော်ကြာတစ်ခုခုဖြစ်လို့ အမှုလာပတ်နေဦးမယ်.......
ဆယ်ဟွန်းအခန်းပြင်ထွက်သွားသည်နှင့်တစ်ပြိုင်နက် လုဟန်ဆန်ပြုတ်တောင်မသောက်နိုင်အောင်ရီနေလေသည်။
တကယ်တော့ သူဒီနေ့ အလုပ်မလုပ်ချင်လို့ သူအလုပ်မလုပ်ရင် ဆယ်ဟွန်းဘယ်လိုနေမလဲသိချင်လို့ မနေ့ညက ၄ နာရီ လောက်ရေစိမ်နေလိုက်တာ....
ဘယ်သူထင်မလဲ ဆယ်ဟွန်းကသူ့ကို သူ့အိပ်ရာစီခေါ်လာပြီး ဆန်ပြုတ်တောင်လုပ်တိုက်မယ်လို့...
ရေနည်းနည်းကျဲပြီး ပေါ့လွန်းနေပေမယ့် ချစ်ရသူကလုပ်ပေးတာဆိုတော့လည်း ဟိုတယ်တွေမှာစားရတာထက်ပိုကောင်းတာပေါ့...
ဒီလိုမှန်းသိရင် သူအရင်ထဲကနေမကောင်းအောင်နေပါတယ်....သူ့ပုံစံက ဆယ်ဟွန်းစီကဂရုစိုက်မှုလိုချင်ရင် နေမကောင်းဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုး...အမလေး ဘတ်ဟျွန်းနဲ့တစ်ခြားလူတွေသိရင် ရယ်လိုက်မယ့်ဖြစ်ခြင်း......
ဟွန်းကသူ့ကိုတစ်ဖြည်းဖြည်းဂရုစိုက်လာပြီဆိုတဲ့စိတ်နဲ့နေမကောင်းဖြစ်တာတောင်ပျောက်သွားသလိုပဲ.....
ငါကျေနပ်တယ်ဆယ်ဟွန်း....
အခုကစပြီး တစ်လှမ်းခြင်းမင်းရင်ခွင်ထဲကိုဝင်လာခဲ့မယ်...
မင်းကငါ့အတွက်ရင်ခွင်တံခါးနေပဲဖွင့်ပေး
ထားပါ....
မင်းရင်ခွင်ထဲကိုတိုးဝင်ဖို့က ငါ့တာဝန်ထားပါဆယ်ဟွန်း.....

Коментарі