Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 3
[Zawgyi]








"မဟုတ်ပါဘူး ...ဟို...ဟို"


"ဟုတ်ကဲ့"







"မလုပ်ပါဘူး"












"ဟက် ဘာကိုလည်း"




"နင်နဲ့လည်းမတန်ပါဘူး"


"ဟမ်"

"အားးး"

"ဂျီအွန်း"








"မဟုတ် ...ငါ...ငါ.."



"အဆင်ပြေလား ဂျီအွန်း"


"လာ..ထ ဆေးရုံသွားရအောင်"








--------------------------------------------------------

#2158 words
#Thanks for reading
#90°bow


________________________________

[Unicode]

ကျောင်းရောက်တော့ ကျွန်တော့်ကိုအားလုံးဝိုင်းကြည့်နေကြတယ် သူတို့အကြည့်တွေမှာတော့ ရွံသလိုလို ရွဲ့သလိုလို နဲ့ ကျွန်တော်ကတော့ဂရုမစိုက်ပါဘူး။ ကြည့်ချင်သလိုကြည့်ပေါ့ သူတို့မျက်လုံးနဲ့သူတို့ကြည့်ကြတာပဲ ကျွန်တော့်မျက်လုံးငှားကြည့်တာမှမဟုတ်တာ။

လာပြန်ပြီ ကလေးအထာတွေ ကျွန်တော့်စာရေးစားပွံခုံပေါ်မှာ အမှိုက်ကောင်
ဂေး ရွံစရာကြီး စသည်ဖြင့်မျိုးစုံရေးထားကြတယ် ထိုင်စရာခုံလည်းမရှိတော့ဘူး ပြီးတော့ကလေးတွေလုပ်သလို အံစွဲထဲ အမှိုက်တွေ ကြွက်သေတွေဘာတွေထည့်တယ်။ အဲ့လိုမျိုတွေကသိပ်စိတ်ပျက်ဖို့ကောင်းတာပဲ။

နေစမ်းပါဦး ကျွန်တော်ဖွင့်ပြောတဲ့သူက အိုဆယ်ဟွန်းလေ သူတို့မှမဟုတ်တာ ဘယ်နှယ့်ကြားကဝင်နာနေကြတာတုန်း....မသိရင် ကျွန်တော်ကသူတို့ကိုပဲရည်းစားစကားပြောလိုက်သလိုလိုနဲ့ ထားပါလေ ကျွန်တော်ကလေအဲ့တာတွေကိုစွဂရုကိုမစိုက်တာ....

သူဝင်လာပြီ ဒါပေမယ့်ကျွန်တော့်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ဘူးဗျ...သူကမဆိုသလောက်လေးတော့ချေသား....ကျွန်တော်ထင်တာတော့ သူရှက်နေလို့ပဲဖြစ်မယ် ...ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်နေတာပဲ...
ကျွန်တော်အစကခုံသွားယူမလို့ပဲ ဒါပေမယ့်ဆရာမဝင်လာတော့မယူဖြစ်တော့ဘူး ကြည့်ရတာ မတ်တပ်ရပ်ရတော့မယ်ထင်တယ်....

"ရှောင်လုဟန် နင်ဘာရပ်လုပ်နေတာလဲ"

"ဟို..ဆ...ဆရာမ. သားထိုင်ခုံမရှိ..မရှိလို့"

"နင့်မှာထိုင်ခုံမရှိရင် ငါမဝင်ခင်ထဲကကြိုယူထားရမယ်ဆိုတာနားမလည်ဘူးလားဟမ်"

"မဟုတ်ပါဘူး ...ဟို...ဟို"

"တော်စမ်း နင်က စာတော်တဲ့အခန်းထဲမှာနေပြီး စွသုံးမကျဘူး ငါ့ကိုမလေးမစားလုပ်တယ်..သွားအခန်းရှေ့မှာဒူးထောက်လက်မြှောက်နေ"

"ဟုတ်ကဲ့"

ကျောင်းမှာအနှိမ်ခံရတဲ့သူက ဒီတိုင်းအော်တိုအနှိမ်ခံဖြစ်သွားတာမဟုတ်ဘူး အားလုံးဆရာမတွေကနေစတာ..ဆရာမတွေကအစကျောင်းသားကိုဒီလိုနှိမ်မှတော့အခြား ကျောင်းသားတွေလည်းလိုက်နှိမ်ကြတာမစမ်းပါဘူး...အဲ့တာကြောင့်မို့ထင်တယ် လူကြီးတွေက တပည့်မကောင်းဆရာ့ခေါင်းလို့ပြောကြတာ...

ကျွန်တော် သူမပြောတဲ့အတိုင်းပဲနေလိုက်တာပေါ့ ကျွန်တော့်အချစ်ရှေ့မှာကျွန်တော်ကဖြူစင်တဲ့ကြောင်ဖြူလေးဖြစ်နေရမယ်လေ~~~~

အတန်းဆင်းတော့ သူတို့သုံးယောက်ထွက်လာတယ် ကျွန်တော်လည်းဒူးထောက်ရတာကြာတော့လဲကျသွားရော ဒါပေမယ့်သူကျွန်တော့်လက်ကိုလှမ်းဆွဲပေးတယ်။ ပြီးမှသူမဟုတ်သလို ရုပ်တည်ကြီးနဲ့လက်ကိုလွှတ်ချလိုက်တယ်ပေါ့။ကျွန်တော်သိပါတယ် သူကသိပ်သနားတတ်တာ~~ချစ်ဖို့ကောင်းလိုက်လေခြင်းဗျာ....

"ရှောင်လုဟန်...ခေါင်မိုးထပ်ကိုလာခဲ့!!"

ကြည့်ရတာ မစားရအညှော်ခံလေးတွေကျွန်တော်ကိုထိုးတော့မလို့ထင်တယ် ..သေချာပေါက်သူတို့ကလီဂျီအွန်းဘက်လိုက်သားတွေပေါ့...ကျွန်တော်သူ့ရည်းစားကိုထိမိလို့ထင်ပါရဲ့.....

"မင်းလား ငါတို့လီဂျီအွန်းကို စိတ်ညစ်အောင်လုပ်တာ"

"မလုပ်ပါဘူး"

"ဘာမလုပ်ပါဘူးလည်း ဗြောင်လိမ်ဗြောင်စားလာမလုပ်နဲ့"

"ကျွန်တော်တကယ်သူနဲ့တွေ့ဖို့မပြောနဲ့ စကားတစ်ခွန်းတောင်မပြောဖူးဘူး"

"မင်းသူ့ရည်းစားကို သွားပြီးရည်းစားစကားသွားပြောတယ်လေ"

"အင်းလေ သူ့ကိုပြောတာမှမဟုတ်တာ ဘယ်နှယ့်စိတ်ညစ်အောင်လုပ်တာဖြစ်မတုန်း"

"သူတို့နှစ်ယောက်ကလိုက်ဖက်လွန်းတယ် မင်းကြားဝင်ရှုပ်စရာမလိုဘူး ပြီးတော့ အိုဆယ်ဟွန်းဆိုတာ လီဂျီအွန်းအပိုင်"

"နေစမ်းပါဦး သူတို့ကလက်ထပ်ထားလို့လား သူ့အပိုင်လို့ပြောရအောင်"

"ဘာပဲဖြစ်ဖြစ် မင်းဝင်ရှုပ်စရာမလိုဘူး ဟေ့ကောင်တွေချကွာ ဒီကောင်ကို ကိုနဲ့တန်ရာတန်ရာပဲမှန်းအောင်ပညာပေးလိုက်ကြ"

အခုကကျောင်းမှာဆိုတော့ကျွန်တော်လည်းပြန်မထိုးချင်ဘူး အဲ့တာနဲ့သူတို့ထိုးတာပဲငြိမ်ခံနေလိုက်တယ်ဆိုပါတော့ အဟင်း နောက်လိုက်ခွေးတွေကတော့နောက်လိုက်ခွေးပါပဲ ကိုယ်နဲ့မဆိုင်တာတွေပဲသိပ်ဝင်ပါချင်ကြတာ....

သူတို့ထိုးလို့ဝပြီဆိုမှ ခေါင်မိုးထပ်ကနေပြီးပြန်ဆင်းသွားကြတယ်...
ကျွန်တော့်တစ်ကိုယ်လုံးလည်းစုတ်ပြတ်နေတာပဲ မျက်နှာကပိုဆိုးတယ် ဒါပေမယ့်ဒီဒဏ်ရာလောက်ကတော့ကျွန်တော့်အတွက်အေးဆေးပါ...

လှေကားကဆင်းလာတဲ့အခါမတွေ့ချင်ဆုံးလူနဲ့မှလာတွေ့တယ် ဘယ်သူရှိမလဲ လီဂျီအွန်းပေါ့ သေချာပါတယ် ခုနကလူတွေကသူမလွှတ်လိုက်တာ....

"ဘယ်လိုလည်းမှတ်သွားပြီလား"

"ဟက် ဘာကိုလည်း"

"စကားပြောလို့ရနေသေးပုံထောက်ရင် အစ်ကိုကြီးတွေကလျော့ပေးလိုက်သေးတယ်ထင်တယ် ဒါအစမ်းပဲရှိသေးတယ်မှတ်ထား နောက်ဆိုငါပိုင်တာထိရင် ဒီထက်မကပိုဆိုးမယ်"

"ဝိုးး အိုဆယ်ဟွန်းကမင်းအပိုင်လို့ဘယ်သူပြောလည်း တစ်နေ့ငါလည်းပိုင်နိုင်တာပဲ"

"ကြည့်ထား နင်ဘယ်တော့မှသူ့ကိုမပိုင်စေရဘူး နင်လို့အမှိုက်ကောင်ကများမတန်မရာ"

"နင်နဲ့လည်းမတန်ပါဘူး"

"ဘာ.. အဟင့် လုဟန်ရယ် ဒဏ်ရာတွေသက်သာရဲ့လား တော်သေးတာပေါ့ အဆင်ပြေရဲ့လား ငါတောင်းပန်ပါတယ်ဟာ ငါနဲ့ခင်တာဆိုတော့ သူတို့ကငါ့အစားဒေါသထွက်သွားကြရုံပါ နင်လေ ဆယ်ဟွန်းကိုလိုက်မနှောက်ယှက်ပါနဲ့နော် တော်ကြာ နင်နဲ့ရောပြီးဆယ်ဟွန်းကိုပါဝိုင်းပြောကြလိမ့်မယ် ငါတောင်းပန်ပါတယ်ဟာ"

"ဟမ်"

"အားးး"

"ဂျီအွန်း"

ဆယ်ဟွန်းကသူမနာမည်ကိုခေါ်ပြီး လှေကားကပြုတ်ကျတဲ့ သူမကိုလှမ်းထိန်းလိုက်တယ်။

"မင်း ဘာလုပ်တာလည်း ဒါဘာသဘောလည်း ရှောင်လုဟန်!!"

"မဟုတ်...မဟုတ်ဘူး ဆယ်ဟွန်း ငါဘာမှမလုပ်ဘူး သူ့ဟာသူလဲကျသွားတာ"

"ထားလိုက်ပါတော့ ဟွန်းရယ် ငါအဆင်ပြေပါတယ်"

"ဘာအဆင်ပြေတာလည်း ရှောင်လုဟန် ငါပြောထားမယ် ဂျီအွန်းကိုဘယ်တော့မှမထိနဲ့ "

"ငါသူမကိုမတွန်းလိုက်ဘူး"

"မင်းမတွန်းပဲဂျီအွန်းက လဲကျမလား ငါမင်းကိုမုန်းတယ်ရှောင်လုဟန်"

"မဟုတ် ...ငါ...ငါ.."

"တော်ပြီ ဂျီအွန်းကမင်းကိုတောင်းပန်နေတဲ့ဟာ မင်းမို့လို့လုပ်ရပ်တယ်"

ဒါဆိုသူမစကားချက်ချင်းပြောင်းသွားထဲကမင်းရောက်နေခဲ့တာပေါ့
ငါတကယ်မလုပ်ရပါဘူးဆယ်ဟွန်းရာ.........

"အဆင်ပြေလား ဂျီအွန်း"

"ခြေထောက်ကနည်းနည်းလေးနာတယ်"

"လာ..ထ ဆေးရုံသွားရအောင်"

ဆယ်ဟွန်းသူမကိုတွဲပြီးထွက်သွားတယ်...ဘာလို့..ဘာလို့ငါပြောတာကိုမယုံရတာလည်း..
ဘာလည်းသူမကမင်းရည်းစားဖြစ်နေလို့လား..ငါမလိမ်ပါဘူးဆယ်ဟွန်းရာ သူမငါ့ကိုချက်ချင်းစကားပြောင်းပြောထဲကငါသိခဲ့သင့်တာ...ငါသူမကိုတကယ်မတွန်းချပါဘူး သူမဘာသာ့နောက်ပြန်လဲချလိုက်တာ..သူမမျက်နှာပေါ်ကမဲ့ပြုံးကိုငါတွေ့လိုက်သွားပဲ....

ငါ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုတောင်မနာကျင်ခဲ့တဲ့ငါက မင်းရဲ့မုန်းတယ်ဆိုတဲ့စကားတစ်ခွန်းကြောင့်နှလုံးသားကအကြိမ်ကြိမ်နာကျင်နေပြီ အပြင်ကဒဏ်ရာထက် ရင်ထဲကဒဏ်ရာကပိုခံရခက်တယ်ဆယ်ဟွန်းရဲ့....

မင်းရဲ့စကားတစ်ခွန်းနဲ့တင်ငါသတ်လို့ရပါတယ်ဆယ်ဟွန်းဟာ....ငါ့ကိုလေ ဘာလို့နည်းနည်းလေးတောင်မယုံကြည်ပေးရတာလည်း...ဘာလို့များငါ့ဖြေရှင်းချက်ကိုနားမထောင်ပေးရတာလည်း...နာကျင်တယ်ဆယ်ဟွန်း...ရင်ဘတ်ထဲကတကယ့်ကိုနာတယ်...

နာကျင်ခြင်းရဲ့သင်္ကေတအဖြစ်ကျတဲ့မျက်ရည်တွေကိုငါမသုတ်ဘူးဆယ်ဟွန်း..... ဘယ်လောက်နာကျင်ကျင်မျက်ရည်မကျတတ်တဲ့ငါက မင်းကြောင့်ပဲမျက်ရည်ကျမိတာ..မင်းတစ်ယောက်ထဲအတွက်ပဲမျက်ရည်ကျတာ....

ငါဝန်ခံတယ်လီဂျီအွန်း...ဒီတစ်ခါငါရှုံးတယ် မင်းနိုင်ပါတယ်...ဒါပေမယ့် တစ်နေ့ကျရင် ငါကျခဲ့တဲ့မျက်ရည်နဲ့တန်အောင် အရာအားလုံးငါပြန်ယူမယ်...ကို့အလှည့်ကျမနွဲ့စတမ်းပေါ့...

ငါ့ကိုဗီလိန်လို့ခေါ်နေကြတယ် မင်းတို့နှစ်ယောက်ကြားဝင်ရှုပ်မယ့်အရံဇာတ်ကောင်လေးပေါ့...

တကယ်တော့ ဂိမ်းကအခုမှစမှာလီဂျီအွန်းရဲ့....
အဲ့ဒီ့အတွက်မင်းအဆင်သင့်ပြင်ထားပြီးစောင့်နေပါ.....လီဂျီအွန်း.....

--------------------------------------------------------

#2158 words
#Thanks for reading
#90°bow


________________________________

© Ichika Yuko,
книга «Villain Game».
Коментарі