Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 12
{Zawgyi}

႐ုပ္႐ွင္႐ုံ.......... ဆယ္ဟြန္းသည္သူ႕အားထို႐ုပ္႐ွင္႐ုံသို႔ေခၚသြားခဲ့သည္။ ဒီလို 21 ရာစုမွာဘယ္သူကအားအားယားယား ႐ုပ္႐ွင္လက္မွတ္ေတြလိုက္ေဝေနပါ့မလဲဟု စိတ္အခ်ဥ္ေပါက္စြာေမးလိုက္ခ်င္ပါေသာ္လည္း သူႏွင့္အတူ႐ုပ္႐ွင္ထိုင္ၾကည့္ရသည္ကအျမတ္ဟုျပန္ေတြးကာ ေမးခ်င္တာမွန္သမွ်ကိုျပန္ၿမိဳသိပ္လိုက္ရသည္။

တိုက္တိုက္ဆိုင္ဆိုင္လက္မွတ္ႏွစ္ေစာင္ဆိုေတာ့(အတြဲခုံမဟုတ္ေသာ္ျငား) ဂ်ီအြန္းႏွင့္႐ုပ္႐ွင္အတူၾကည့္ရန္ဝယ္ၿပီးမွ သူမကျငင္းလိုက္သျဖင့္ အ႐ွက္ေျပသူ႕ကိုေခၚကာ႐ုပ္ရင္ၾကည့္ရန္လာျခင္းလား ဒါသည္လည္းမျဖစ္ႏိုင္ဂ်ီအြန္းဆိုသည္မွာ ဆယ္ဟြန္းအနား ၂၄ နာရီကပ္ကာေနခ်င္ေသာလူစားမ်ိဳး စသည့္အေတြးေပါင္းစုံတို႔ျဖင့္ အိုဆယ္ဟြန္းေပါက္ေပါက္ႏွင့္ Cola တို႔ဝယ္ၿပီးျပန္ေရာက္မလာခင္ထိလုဟန္တစ္ေယာက္ထည္းကမ႓ာပ်က္ေနသည္။

"ေငးမေနနဲ႔ အထဲဝင္ရေအာင္"

ဝယ္လာသည့္ ေပါက္ေပါက္ႏွင့္ Cola ဘူးႏွစ္ဘူးတို႔ကိုကိုင္ကာ အထဲဝင္သြားေသာအိုဆယ္ဟြန္းသည္ ထု႐ိုက္ခ်င္စရာေကာင္းလွပါေပသည္။

"အထဲမွာေမွာင္တယ္ ငါ့လက္ကိုတြဲထား ေခ်ာ္လဲလိမ့္မယ္"

ဘာ....ဘာ...ဘာ...ဆယ္ဟြန္းဆိုေသာထိုလူသားသည္ သူ႕ကိုတြဲေခၚကာထိုင္ခုံ႐ွိရာသို႔ေလွ်ာက္သြားသည္။သူ႕မွာသာအခုထိေၾကာင္ေတာင္ေတာင္ေလးနဲ႔.......ပိတ္ကားထက္တြင္ဘာဇာတ္လမ္းျပေနမွန္းလည္းလုဟန္မသိ အခုထိ ဆယ္ဟြန္းအျပဳအမူတြင္နစ္ျမဳပ္ေနဆဲ ခက္လိုက္ပါဘိ ဘာမဟုတ္တာေလးကိုပဲကဲသဲျပေနေတာ့ လုဟန္ကိုလြယ္လိုက္လို႔ထင္ကုန္ၿပီလားမသိ......

"အားးးး"

"လုဟန္ ေၾကာက္သြားတာလား အဆင္ေျပရဲ႕လား"

"ကြၽန္ေတာ္ကအဆင္ေျပပါတယ္ ဒါေပမယ့္ ဆယ္ဟြန္းပုံစံက........."

"စကားမမ်ားနဲ႔ ဇာတ္ကားသာၾကည့္"

တကယ္ပါပဲ ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနလို႔ေမးၾကည့္မိတာပါ။တကယ္ဆိုလုဟန္ေအာ္လိုက္တာေၾကာက္လို႔မဟုတ္ သတိလက္လႊတ္ေလွ်ာက္ေတြးေနရာက သတိျပန္ဝင္လာခ်ိန္ ႐ုတ္တရတ္သရဲမေပၚလာတာေတြ႕လိုက္လို႔ပါ။လုဟန္ဆိုသည္မွာ

မီးႏွင့္ပိုးဟပ္ကလြဲ၍မည္သည့္အရာမွမေၾကာက္ပါေလ .........သို႔ရာတြင္ဆယ္ဟြန္းကေတာ့ေတာ္ေတာ္ေၾကာက္ေနပုံရသည္။

ေၾကာက္တယ္ဆိုရင္လည္း ဘာလို႔မ်ားသရဲကားကိုမွ‌ေ႐ြးၾကည့္ရလဲ အိုဆယ္ဟြန္းရယ္။ဒါမွမဟုတ္ ကြၽန္ေတာ္ေၾကာက္၍သူ႕ရင္ခြင္ထဲေျပးပုန္းမည္ကိုလိုခ်င္တာမ်ားလား။မျဖစ္ႏိုင္ လုံးဝမျဖစ္ႏိုင္ ဒါသမီးရည္းစားေတြၾကားသာလုပ္တတ္တာ သူလုပ္ခ်င္ဂ်ီအြန္းနဲ႔လာၾကည့္မွာေပါ့.....ၿပီးေတာ့ မိန္းကေလးေတြလိုခ်စ္သူရင္ခြင္ထဲေျပးပုန္းရေအာင္ သူကမိန္းပေလးမဟုတ္သလို ဆယ္ဟြန္းနဲ႔ကလည္းခ်စ္သူရည္းစားအဆင့္ေတာင္မဟုတ္ေတာ့....ေက်ာ္သင့္တာေတြကိုေက်ာ္ခဲ့ၿပီးၿပီ။

ဒါေပမယ့္လည္း ေယာက်္ား‌ေလးေတြကသူတို႔အေပၚအားကိုးသည့္သူေတြကိုပိုခ်စ္ၾကေတာ့ ကြၽန္ေတာ္လည္းသူ႕ကိုအားကိုးခ်င္ေယာင္ေဆာင္ျပမွပါေလ။

"အားး ဆယ္ဟြန္းသရဲမႀကီးကေၾကာက္စရာႀကီး ေၾကာက္လိုက္တာ *အဟင့္ဟင့္* "

"လာ လာဒီဘက္တိုးသိပ္မေၾကာက္ပါနဲ႔ ဒါကအတုအေယာင္ႀကီးပါ"

လုဟန္တစ္ေယာက္ဆယ္ဟြန္းမ်က္ႏွာကိုၾကည့္ၿပီးတစ္ခုခုကိုသေဘာေပါက္သြားသလိုျပဳံးလိုက္သည္။ထိုအခ်ိန္အခိုက္အတန္႔မွစ၍ ႐ုံထဲမွမီးေတြျပန္ဖြင့္သည္အထိ တစ္႐ုံလုံးလုဟန္အသံေတြႀကီးႏွင့္သာျပည့္ႏွက္ေလေနသည္။သရဲမထြက္လာလာ မလာလာ လုဟန္ကေတာ့အာၿပဲေအာင္ေအာ္ကာ ဆယ္ဟြန္းေပါင္ေပၚတက္ထိုင္မတက္ဖက္ကာ အသားယူျခင္းအမူကိုက်ဴးလြန္ေနေလေတာ့သည္။

"ကဲဘယ္ေတြထပ္သြားခ်င္ေသးလဲ"

႐ုပ္႐ွင္႐ုံထဲကေနစပ္ျဖည္းျဖည္းလုပ္ကာထြက္လာသည့္လုဟန္႔ကိုဆယ္ဟြန္းေမးမိျခင္း။႐ုံထဲမွာ အာၿဗဲႀကီးနဲ႔ေအာ္ေနသေလာက္ အျပင္ေရာက္ေတာ့လိုတာရသြားတဲ့ကေလးတစ္ေယာက္ႏွယ္ ျပဳံးၿဖီးေန႐ွာေသာလုဟန္သည္ ကိုယ္ခြဲေတြပိုင္ဆိုင္ထားသလားလို႔ေတာင္ဆယ္ဟြန္းထင္မိပါသည္။

"ကြၽန္ေတာ္ သြားျခင္းတဲ့ဘယ္ေနရာမဆို ကိုကိုလိုက္ပို႔မွာလားဟင္"

"ကိုကို???"

"အင္းေလ ကြၽန္ေတာ္ရဲ႕ကိုကို လုဟန္ရဲ႕ကိုကို ဟီး"

႐ုတ္တရတ္ကိုကိုဟူေသာနာမ္စားကိုထိုေကာင္ေလးထံမွၾကားလိုက္ရျခင္းသည္ သူ႕အားတစ္ခဏမွ် ၿငိမ္သက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါသည္။အင္း...အင္း...ကိုကိုဆိုလည္းကိုကိုေပါ့ နားေထာင္လို႔ေတာင္ေကာင္းေသး။

"အင္း အင္း ဘယ္သြားခ်င္လို႔လည္း"

"Lottle World"

"ဘာကိစၥ Lottle Worldသြားမွာတုန္းကေလးကလားနဲ႔"

"အဲ့သြားေတာ့ဘာျဖစ္လို႔တုန္း စုံတြဲေတြေတာ္ေတာ္မ်ားမ်ားအဲ့သြားက်သြားပဲကို ၿပီးေတာ့အဲ့မွာရဲတိုက္ႀကီးလည္း႐ွိတယ္ ကစားစရာေတြလည္းမ်ားႀကီး႐ွိတယ္ ကြၽန္ေတာ္သြားခ်င္တဲ့ေနရာေတြထဲကတစ္ခုပဲ လိုက္မပို႔ခ်င္လို႔လားဟင္ (အဟင့္)"

လိုက္မပို႔ရင္ေရာက္ေနတဲ့ေနရာမွာပဲခ်က္ခ်င္းထငိုေတာ့မည္စတိုင္ႏွင့္လုဟန္တစ္ေယာက္မ်က္ရည္ေလးစမ္းတမ္းစမ္းတမ္း။ေနာက္ဆုံးေတာ့လည္းမေနႏိုင္တဲ့ဆယ္ဟြန္းပဲလက္ႏွက္ခ်မ႐ႈံးေပးကာ လိုက္ပို႔ေပးရေတာ့သည္။

"ထားပါေတာ့ Lottle World ဆိုလည္း Lottle worldေပါ့"

တကယ္ပါပဲ ဝတၱဳေတြထဲမွာဆို Uke ေလးကကစားကြင္းသြားမယ္ဆို Seme ကကေလးေပါက္စေလးအူယားစရာေလးဆိုၿပီးခ်စ္ရည္႐ႊမ္းေနတဲ့အၾကည့္နဲ႔ၾကည့္ၿပီး Ro ၾကမွာေလ။ဘယ့္ႏွယ့္ အိုဆယ္ဟြန္းဆိုတဲ့ဘိုးေတာ္က ရည္းစားမ႐ွိတာလည္းမဟုတ္ပါဘဲနဲ႔ ဒါေလးေတာင္ မ Ro တတ္ရတာတုန္း။မသိရင္ရည္းစားနဲ႔ ကစားကြင္းကိုေလွ်ာက္မလည္ဘူးတဲ့ပုံစံႀကီးနဲ႔။

တကယ္မလည္ဖူးဘူးဆိုလည္းေကာင္းပါတယ္ေလ ေ႐ွာင္လုဟန္ေလးနဲ႔ပထမဆုံးအမွတ္တရေပါ့။ ဝတၱဳေတြထဲကလိုခ်စ္ဖို႔ေကာင္းေအာင္လုပ္ျပလည္း မရိပ္မိတဲ့အတြက္နည္းနည္းေလးေတာ့ Feelငုတ္တာေပါ့။

"Zombie Island ထဲကိုဝင္ရ‌‌ေအာင္ကိုကို" Zombie အသံၾကားတာနဲ႔တင္ဆယ္ဟြန္းတစ္ခ်က္တြန္႔သြားေလသည္ ဒါေပမယ့္ ဟန္မပ်က္စကားျပန္ေျပာသည္။

"ခုနကပဲသရဲကားၾကည့္ထားတာ ဘာလုပ္ဖို႔ သရဲအႏြယ္ဝင္ Zombie Islandထပ္ဝင္မွာလဲ"

" Zombie ကသရဲအႏြယ္ဝင္မွမဟုတ္တာ ကိုကိုရယ္" လုပ္စမ္းပါ။ ကိုကိုဘယ္လိုေအာ္မလဲသိခ်င္လို႔ ....ကိုကိုမေအာ္လည္းလုဟန္ေၾကာက္ဟန္ေဆာင္ၿပီး ကိုကို႔ရင္ခြင္ထဲဝင္ပုန္းခ်င္လို႔။

"Zombie လည္းေသၿပီးသား သရဲလည္းေသၿပီးသားအဲ့ေတာ့တူတူပဲ မဝင္ရဘူး"

ရက္စက္လွပါဘိ။ ကိုကိုရယ္ အၾကံအစည္ေတြမေအာင္ျမင္ေတာ့ဘူး .............ဒီက ကိုကို႔ရင္ခြင္ထဲဝင္ပုန္းခ်င္လို႔ပါဆိုမွ..........

"Roller Coster စီးရေအာင္"

ခဏအၾကာ...............

"ေဝါ့ .........အဟြတ္.......ေဝါ့"

"ေတြ႕လား အျမင့္ေတြစီးေတာ့မူးၿပီေပါ့ ေနာက္ဆိုဘယ္အျမင့္မွမစီးရဘူး ေ႐ွာင္လုဟန္"

"ကိုကိုေရ ဟို.....ပင္လယ္ဓား..ျပ...ေလး"

"ဘယ္အျမင့္မွမစီးရဘူးလို႔ေျပာေနတယ္ေလ!!!!"

သြားပါၿပီ ငါစီးခ်င္တဲ့အျမင့္ေလးေတြေရ ဘိုင့္ ဘိုင့္............

"ကိုကိုေရ ေရခဲမုန္႔.....မုန္႔"

"‌ေခ်ာင္းဆိုးမယ္မစားရဘူး"

အိုဆယ္ဟြန္းႀကီးေရ ကစားကြင္းလာတာ သူမ်ားေတြလိုေရခဲမုန္႔ေလးတူတူစား အျမင့္ေတြစီးတဲ့ခ်ိန္က်တစ္ေယာက္နဲ႔တစ္ေယာက္ဖက္ Zombie World တို႔သရဲအိမ္တို႔ထဲဝင္ၿပီး ကိုကိုေရ ဆိုၿပီးေအာ္ၿပီးေျပးဖက္ထားမလို႔ေလ .....အခုက် ႐ွိသမွ်ဘယ္ဟာမွမလုပ္ခိုင္းေတာ့ ကစားကြင္းကိုပန္းျခံထင္ၿပီးလမ္းထြက္ေလွ်ာက္ေနတာလားဘိုးေတာ္ေရ............ထားပါေလ ဒီမွာလည္းပန္းျခံလိုအပန္းေျဖေနရာေလး႐ွိတာပဲ ငါးမရ‌ေရခ်ိဳးျပန္ၾကတာေပါ့ကြယ္။

"အဟင့္ ကိုကိုကလည္းနည္းနည္းပဲ နည္းနည္းပဲေလေနာ္ တစ္ခြက္ပဲစားမွာပါ"

ရလာဒ္အေနနဲ႔တစ္ခြက္မကလို႔ဘယ္ႏွစ္ခြက္စားခ်င္ေသးလို႔လည္း ဆိုတဲ့မ်က္ေစာင္းတစ္ခ်က္။ သို႔ပါေသာ္လည္း မၾကည္မသာႏွင့္ လုဟန္႔အားေရခဲမုန္႔သြားဝယ္ေပး႐ွာပါသည္။ေတာ္ပါေသးတယ္ ေရာ့အင့္ ကို႔ဟာကိုသြားဝယ္စားဆိုၿပီး ပိုက္ဆံထုတ္မေပးလိုက္လို႔။ Cherry Blossoms ေတြနဲ႔ေဝစာလွပေနတဲ့လမ္းႀကီးထဲေရခဲမုန္႔ေလးစားၿပီးဆယ္ဟြန္းနဲ႔တူတူလမ္းေလွ်ာက္ရျခင္းက တကယ့္ကိုအိမ္မက္တစ္ခုလိုပင္။စမ္းေခ်ာင္းဟိုဘက္ဒီဘက္ကူးတဲ့တံတားေလးေပၚတက္ရင္း လုဟန္တို႔အေပ်ာ္ႀကီးေပ်ာ္ေနသည္။

"ကိုကို ေသနတ္ပစ္ရေအာင္"

"ေရခဲမုန္႔သာကုန္ေအာင္စားစမ္းပါ"

"ဟင့္အင္း ဟင့္အင္း ဟိုေသနတ္ပစ္က အမွတ္၁၀၀၀ရရင္ ထဲကအ႐ုပ္ေလးေပးတယ္တဲ့ လာပါကိုကိုရယ္ကြၽန္ေတာ္လိုခ်င္လို႔ပါဆိုေနမွ"

"*ဟင္း* ေ႐ွာင္လုဟန္ မင္းကေတာ့ေလ ကေလးမဟုတ္လူႀကီးမဟုတ္နဲ႔ခက္လိုက္တာကြာ ၿပီးေရာ ၿပီးေရာ"

ပစ္ေတာ့ပစ္ေပး႐ွာပါသည္ သို႔ပါေသာ္သည္းလက္မတည့္တာခက္သည္ တကယ္ပါကိုကိုကအစတုန္းကေက်ာင္းနဲ႔အိမ္နဲ႔ပဲ သြားတတ္တယ္ထင္ရတယ္ အေနအထိုင္မတက္ပထမဆုံးအႀကိမ္ ကလပ္ေရာက္သြားေတာ့ လုဟန္နဲ႔ညားသြားတာပဲၾကည့္ေလ.....ေတာ္ေသးတယ္ အဲ့တုန္းကသူနဲ႔ဟိုလိုလိုျဖစ္သြားလို႔ သူနဲ႔မဟုတ္ဘဲအျခားတစ္ေယာက္တို႔ (ဉပမာ ဂ်ီအြန္းတို႔ဘာတို႔)နဲ႔မ်ားျဖစ္သြားၾကည့္ လုဟန္တစ္ေယာက္ရင္ကြဲရၾကည္ရဲ႕.......

အခုက်ေတာ့လည္း စာနဲ႔အလုပ္ကလြဲၿပီးက်န္တာဘာမွမလုပ္တတ္တဲ့လူတစ္ေယာက္အတိုင္းပဲ ေသနတ္ပစ္တာ ပစ္မွတ္မထိဘဲတစ္လြဲေနရာေတြပစ္မိကုန္ရဲ႕ .....ဒါေၾကာင့္လည္းစာေတာ္တဲ့သူတစ္ေယာက္ျဖစ္ေနတာေပါ့ အလုပ္လည္းေတာ္တယ္ သူအလုပ္လုပ္တာေတာ္ေတာ့ လုဟန္ေလးပိုက္ပိုက္မ်ားမ်ားျဖဳံးႏိုင္တာေပါ့......

" *အဟမ္း* ပစ္မွတ္ေတြကလည္းဟိုယိုင္ယိုင္ဒီယိုင္နဲ႔ "

"ဒါ့ေပါ့ ဒါေပါ့ ပစ္မွတ္ေတြကကိုကိုပစ္ခံနီးက်ရင္ထြက္ေျပးေနၾကတာ ကြၽန္ေတာ္ပစ္ၾကည့္မယ္ေနာ္ကိုကို"

သူ႕ဘာသူကြန္ျပဴတာနဲ႔ခ်ိတ္ထားလို႔ေထာင္ေနတဲ့ ပစ္မွတ္ေတြကထြက္ေျပးပ့မလားလို႔ေမးလိုက္ခ်င္ပါဘိ ကိုကိုရယ္။ဒါေပမယ့္လည္းေမးလို႔မျဖစ္ ေတာ္ၾကာအ႐ွက္လြန္ၿပီးအိမ္ျပန္မယ္ဆိုမွ လုဟန္တို႔ ဒုကၡေရာက္သြားမယ္။အ႐ုပ္လိုခ်င္ေတာ့လည္း ကိုဘ့္ဟာကိုယ္ပစ္ေပဦးေပါ့လုဟန္ရယ္။

"မင္းလက္တည့္လွခ်ည္လား လုဟန္"

သူပစ္မွတ္ေတြအကုန္ထိတာကိုေဘးနားကေန အံ့ၾသေန‌ေသာကိုကို။ပစ္ေနက်မို႔ပစ္မွတ္ေတြထိတာမဆန္းပါ ဒါေပမယ့္ကိုကို႔လိုစာၾကမ္းပိုး ဘာဆိုဘာမွမလုပ္တတ္မေဆာ့တတ္တဲ့လူတစ္ေယာက္အတြက္ေတာ့ သိပ္ကိုထူးဆန္းလြန္းပါသည္။

"ကဲေ႐ွာင္လုဟန္ ဘယ္ေတြသြားခ်င္ေသးတုန္း"

"နမ္စမ္းတာဝါ"

"ေမွာင္ေနၿပီ အိမ္ျပန္ဖို႔ကပိုမသင့္ေတာ္ဘူးလားဟမ္"

"ညဘက္ဆို နမ္းစမ္းတာဝါကအရမ္းလွတာကိုကိုရဲ႕ လုပ္ပါကြၽန္ေတာ္တို႔ႏွစ္ေယာက္ကဒီလို ခဏခဏအျပင္ထြက္ဖို႔ဆိုတာ သိပ္မွမျဖစ္ႏိုင္တာ"

"ျဖစ္ခ်င္လည္းျဖစ္ႏိုင္တာပဲကို"

"ဟမ္ ကိုကိုဘာေျပာလိုက္တာလဲ ကြၽန္ေတာ္မၾကားလိုက္ဘူး"

"ဘာမွမဟုတ္ဘူး သြားခ်င္သြားလို႔ေျပာတာ"

"အင္း...........အင္း"

အေ႐ွ႕ကေန ေသနတ္ပစ္လို႔ႏိုင္ၿပီးရလာတဲ့အ႐ုပ္ကိုလက္ကကိုင္ကာ ေကာ့ပတ္‌ေကာ့ပတ္ႏွင့္သြားေနေသာလုဟန္ကိုဆယ္ဟြန္းမ်က္ျဖဴသာလွန္ျပလိုက္ေတာ့သည္။ သူအရမ္းပင္ပန္းေနၿပီ သို႔ပါေသာ္လည္းအေ႐ွ႕ကေကာင္စုတ္ေလးစိတ္တိုင္းက်ေနာက္တစ္ေနရာသို႔သြားရအုံးမည္။

"ဒီကညီအစ္ကိုႏွစ္ေယာက္....အဲ" ဝန္ထမ္းမေလးသည္ညီအစ္ကိုႏွစ္ေယာက္ေသာ့ခ်ိတ္ဉီးမလားဟု ေမးရန္သာ႐ွိေသးသည္ က်ေရာက္လာသည့္မ်က္ေစာင္းေၾကာင့္ ေျပာေနသည့္စကားကို႐ုတ္တရက္ရပ္ကာေနာက္သို႔ေျခတစ္လွမ္းဆုတ္မိသြားသည္။သူဘာမ်ားမွားသြားလို႔ပါလိမ့္။

ေကာင္ေသးေသးေလးက သူ႕ထက္ႀကီးေသာလူရဲ႕လူ၏လက္ေမာင္းကိုလွမ္းဖက္လိုက္မွ သူသိသြားသည္။ဪ ဒီေကာင္ေလးႏွစ္ေယာက္ကအတြဲေတြကိုး.... BL အတြဲမ်ားကိုခဏခဏေတြ႕ရေသာသူမအတြက္ေတာ့ ဒါဟာအထူးအဆန္းမဟုတ္ ဒီလိုေနရာမ်ိဳးကိုအတြဲေပါင္းစုံလာကာေသာ့ခ်ိတ္တတ္ၾကသည္ကိုး ၿပီးေတာ့သူမသည္လည္း Fujoshi တစ္ေယာက္ပါပဲေလ။

"ဟိုဒီအစ္ကိုႏွစ္ေယာက္ေသာ့ခ်ိတ္မွာလား"

"အင္းအင္း ေသာ့ႏွစ္ခုေပး စာေရးဖို႔အသဲပုံေလးတစ္ခုပါေပး"

"ဟုတ္ကဲ့"

အမေလး ေသးေသးေလးကသူ႕ရည္းစားကိုငမ္းေနတယ္ထင္လို႔လားမသိ စိုက္ၾကည့္ေနသည္မွာစူးခနဲ႔ သူပဲျပန္ေျဖသည္ သူ႕ထက္ႀကီးတဲ့ေကာင္ေလးကေတာ့ဘာမွဝင္မေျပာ ႐ုပ္တည္ႀကီးနဲ႔သာေနသည္။တကယ္ဆိုငါငမ္းတာ နင္ဆိုတဲ့ေသးေသးေလးဟလို႔သာေျပာလိုက္ခ်င္ေပမယ့္အၾကည့္စူးစူးေတြေၾကာင့္သူမေနာက္ဆုတ္လိုက္ရပါသည္။သူမက ျဖဴျဖဴေသးေသးေလးေတြဆိုသိပ္ခ်စ္တတ္ပါသည္။

လုဟန္တစ္ေယာက္သိပ္မေက်နပ္ပါေခ်။ ဟိုအမႀကီးကလည္းဆယ္ဟြန္းကိုၾကည့္ေနတာခဏခဏ။ၿပီးေတာ့လည္း ညီအစ္ကိုတဲ့ ကိုယ့္ဟာကိုယ္သာညီအစ္ကိုေနလိုက္ပါအမေရ အမရည္းစားရသြားလည္း Brother Zone ထဲကေနမထြက္ရပါေစနဲ႔ ။ ဟိုလူႀကီးကလည္း အထာေတြစြတ္ေပးေနတယ္ သူခပ္ေခ်ေခ်ေနေလမိန္းကေလးေတြကေႂကြေလဆိုတာ မသိေလေကာ။ ေ႐ွာင္လုဟန္တစ္ေယာက္လုံးဝစိတ္မၾကည္လင္ေတာ့ပါ။

"ေရာ့ ႀကိဳက္တာေရး ၿပီးရင္ခ်ိတ္မယ္"

"ဟင္ ငါလည္းခ်ိတ္ရမွာလား" ေၾကာင္ေတာင္ေတာင္နဲ႔ျပန္ေမးလိုက္ေသာဆယ္ဟြန္း......

"ဟုတ္တယ္ ဟုတ္တယ္ကိုကိုမခ်ိတ္လို႔ ေဟာဟိုးနားကေတြ႕ကရာလူကိုခ်ိတ္ခိုင္းလိုက္ရမွာလား"

"မဟုတ္ ....ေပးေပး" ဆယ္ဟြန္းတစ္ေယာက္ၾကက္ႀကီးလည္လိမ္သလိုျဖစ္သြားေခ်သည္။

ေနာက္ဆုံးေတာ့လုဟန္တစ္ေယာက္ပန္းေရာင္အသဲပုံမွာ 사랑해! (ခင္ဗ်ားကိုခ်စ္တယ္) ဆိုသားေရးထားတဲ့ေသာ့နဲ႔ဆယ္ဟြန္းရဲ႕ Smile ပုံေလးပဲဆြဲထားတဲ့အဝါေရာင္ေသာ့ေလးကိုအေပၚေအာက္ခ်ိတ္လိုက္ၾကသည္။

မပူပါနဲ႔ကြၽန္ေတာ္ခင္ဗ်ားႏွလုံးသားထဲမွာ ျခားထားတဲ့စည္းေတြကို တစ္ဆင့္ခ်င္းခ်ိဳးဖ်က္ၿပီးတိုးဝင္လာခဲ့မယ္။

-----------------------------------------------------------
#3800 words
#23.8.2020
#Thanks for reading
#90°bow
_________________________________________

{Unicode}

ရုပ်ရှင်ရုံ.......... ဆယ်ဟွန်းသည်သူ့အားထိုရုပ်ရှင်ရုံသို့ခေါ်သွားခဲ့သည်။ ဒီလို 21 ရာစုမှာဘယ်သူကအားအားယားယား ရုပ်ရှင်လက်မှတ်တွေလိုက်ဝေနေပါ့မလဲဟု စိတ်အချဉ်ပေါက်စွာမေးလိုက်ချင်ပါသော်လည်း သူနှင့်အတူရုပ်ရှင်ထိုင်ကြည့်ရသည်ကအမြတ်ဟုပြန်တွေးကာ မေးချင်တာမှန်သမျှကိုပြန်မြိုသိပ်လိုက်ရသည်။

တိုက်တိုက်ဆိုင်ဆိုင်လက်မှတ်နှစ်စောင်ဆိုတော့(အတွဲခုံမဟုတ်သော်ငြား) ဂျီအွန်းနှင့်ရုပ်ရှင်အတူကြည့်ရန်ဝယ်ပြီးမှ သူမကငြင်းလိုက်သဖြင့် အရှက်ပြေသူ့ကိုခေါ်ကာရုပ်ရင်ကြည့်ရန်လာခြင်းလား ဒါသည်လည်းမဖြစ်နိုင်ဂျီအွန်းဆိုသည်မှာ ဆယ်ဟွန်းအနား ၂၄ နာရီကပ်ကာနေချင်သောလူစားမျိုး စသည့်အတွေးပေါင်းစုံတို့ဖြင့် အိုဆယ်ဟွန်းပေါက်ပေါက်နှင့် Cola တို့ဝယ်ပြီးပြန်ရောက်မလာခင်ထိလုဟန်တစ်ယောက်ထည်းကမ္ဘာပျက်နေသည်။

"ငေးမနေနဲ့ အထဲဝင်ရအောင်"

ဝယ်လာသည့် ပေါက်ပေါက်နှင့် Cola ဘူးနှစ်ဘူးတို့ကိုကိုင်ကာ အထဲဝင်သွားသောအိုဆယ်ဟွန်းသည် ထုရိုက်ချင်စရာကောင်းလှပါပေသည်။

"အထဲမှာမှောင်တယ် ငါ့လက်ကိုတွဲထား ချော်လဲလိမ့်မယ်"

ဘာ....ဘာ...ဘာ...ဆယ်ဟွန်းဆိုသောထိုလူသားသည် သူ့ကိုတွဲခေါ်ကာထိုင်ခုံရှိရာသို့လျှောက်သွားသည်။သူ့မှာသာအခုထိကြောင်တောင်တောင်လေးနဲ့.......ပိတ်ကားထက်တွင်ဘာဇာတ်လမ်းပြနေမှန်းလည်းလုဟန်မသိ အခုထိ ဆယ်ဟွန်းအပြုအမူတွင်နစ်မြုပ်နေဆဲ ခက်လိုက်ပါဘိ ဘာမဟုတ်တာလေးကိုပဲကဲသဲပြနေတော့ လုဟန်ကိုလွယ်လိုက်လို့ထင်ကုန်ပြီလားမသိ......

"အား"

"လုဟန် ကြောက်သွားတာလား အဆင်ပြေရဲ့လား"

"ကျွန်တော်ကအဆင်ပြေပါတယ် ဒါပေမယ့် ဆယ်ဟွန်းပုံစံက........."

"စကားမများနဲ့ ဇာတ်ကားသာကြည့်"

တကယ်ပါပဲ ဖြူဖတ်ဖြူရော်ဖြစ်နေလို့မေးကြည့်မိတာပါ။တကယ်ဆိုလုဟန်အော်လိုက်တာကြောက်လို့မဟုတ် သတိလက်လွှတ်လျှောက်တွေးနေရာက သတိပြန်ဝင်လာချိန် ရုတ်တရတ်သရဲမပေါ်လာတာတွေ့လိုက်လို့ပါ။လုဟန်ဆိုသည်မှာ

မီးနှင့်ပိုးဟပ်ကလွဲ၍မည်သည့်အရာမှမကြောက်ပါလေ .........သို့ရာတွင်ဆယ်ဟွန်းကတော့တော်တော်ကြောက်နေပုံရသည်။

ကြောက်တယ်ဆိုရင်လည်း ဘာလို့များသရဲကားကိုမှ‌ရွေးကြည့်ရလဲ အိုဆယ်ဟွန်းရယ်။ဒါမှမဟုတ် ကျွန်တော်ကြောက်၍သူ့ရင်ခွင်ထဲပြေးပုန်းမည်ကိုလိုချင်တာများလား။မဖြစ်နိုင် လုံးဝမဖြစ်နိုင် ဒါသမီးရည်းစားတွေကြားသာလုပ်တတ်တာ သူလုပ်ချင်ဂျီအွန်းနဲ့လာကြည့်မှာပေါ့.....ပြီးတော့ မိန်းကလေးတွေလိုချစ်သူရင်ခွင်ထဲပြေးပုန်းရအောင် သူကမိန်းပလေးမဟုတ်သလို ဆယ်ဟွန်းနဲ့ကလည်းချစ်သူရည်းစားအဆင့်တောင်မဟုတ်တော့....ကျော်သင့်တာတွေကိုကျော်ခဲ့ပြီးပြီ။

ဒါပေမယ့်လည်း ယောက်ျား‌လေးတွေကသူတို့အပေါ်အားကိုးသည့်သူတွေကိုပိုချစ်ကြတော့ ကျွန်တော်လည်းသူ့ကိုအားကိုးချင်ယောင်ဆောင်ပြမှပါလေ။

"အား ဆယ်ဟွန်းသရဲမကြီးကကြောက်စရာကြီး ကြောက်လိုက်တာ *အဟင့်ဟင့်* "

"လာ လာဒီဘက်တိုးသိပ်မကြောက်ပါနဲ့ ဒါကအတုအယောင်ကြီးပါ"

လုဟန်တစ်ယောက်ဆယ်ဟွန်းမျက်နှာကိုကြည့်ပြီးတစ်ခုခုကိုသဘောပေါက်သွားသလိုပြုံးလိုက်သည်။ထိုအချိန်အခိုက်အတန့်မှစ၍ ရုံထဲမှမီးတွေပြန်ဖွင့်သည်အထိ တစ်ရုံလုံးလုဟန်အသံတွေကြီးနှင့်သာပြည့်နှက်လေနေသည်။သရဲမထွက်လာလာ မလာလာ လုဟန်ကတော့အာပြဲအောင်အော်ကာ ဆယ်ဟွန်းပေါင်ပေါ်တက်ထိုင်မတက်ဖက်ကာ အသားယူခြင်းအမူကိုကျူးလွန်နေလေတော့သည်။

"ကဲဘယ်တွေထပ်သွားချင်သေးလဲ"

ရုပ်ရှင်ရုံထဲကနေစပ်ဖြည်းဖြည်းလုပ်ကာထွက်လာသည့်လုဟန့်ကိုဆယ်ဟွန်းမေးမိခြင်း။ရုံထဲမှာ အာဗြဲကြီးနဲ့အော်နေသလောက် အပြင်ရောက်တော့လိုတာရသွားတဲ့ကလေးတစ်ယောက်နှယ် ပြုံးဖြီးနေရှာသောလုဟန်သည် ကိုယ်ခွဲတွေပိုင်ဆိုင်ထားသလားလို့တောင်ဆယ်ဟွန်းထင်မိပါသည်။

"ကျွန်တော် သွားခြင်းတဲ့ဘယ်နေရာမဆို ကိုကိုလိုက်ပို့မှာလားဟင်"

"ကိုကို???"

"အင်းလေ ကျွန်တော်ရဲ့ကိုကို လုဟန်ရဲ့ကိုကို ဟီး"

ရုတ်တရတ်ကိုကိုဟူသောနာမ်စားကိုထိုကောင်လေးထံမှကြားလိုက်ရခြင်းသည် သူ့အားတစ်ခဏမျှ ငြိမ်သက်အောင်စွမ်းဆောင်နိုင်ခဲ့ပါသည်။အင်း...အင်း...ကိုကိုဆိုလည်းကိုကိုပေါ့ နားထောင်လို့တောင်ကောင်းသေး။

"အင်း အင်း ဘယ်သွားချင်လို့လည်း"

"Lottle World"

"ဘာကိစ္စ Lottle Worldသွားမှာတုန်းကလေးကလားနဲ့"

"အဲ့သွားတော့ဘာဖြစ်လို့တုန်း စုံတွဲတွေတော်တော်များများအဲ့သွားကျသွားပဲကို ပြီးတော့အဲ့မှာရဲတိုက်ကြီးလည်းရှိတယ် ကစားစရာတွေလည်းများကြီးရှိတယ် ကျွန်တော်သွားချင်တဲ့နေရာတွေထဲကတစ်ခုပဲ လိုက်မပို့ချင်လို့လားဟင် (အဟင့်)"

လိုက်မပို့ရင်ရောက်နေတဲ့နေရာမှာပဲချက်ချင်းထငိုတော့မည်စတိုင်နှင့်လုဟန်တစ်ယောက်မျက်ရည်လေးစမ်းတမ်းစမ်းတမ်း။နောက်ဆုံးတော့လည်းမနေနိုင်တဲ့ဆယ်ဟွန်းပဲလက်နှက်ချမရှုံးပေးကာ လိုက်ပို့ပေးရတော့သည်။

"ထားပါတော့ Lottle World ဆိုလည်း Lottle worldပေါ့"

တကယ်ပါပဲ ဝတ္တုတွေထဲမှာဆို Uke လေးကကစားကွင်းသွားမယ်ဆို Seme ကကလေးပေါက်စလေးအူယားစရာလေးဆိုပြီးချစ်ရည်ရွှမ်းနေတဲ့အကြည့်နဲ့ကြည့်ပြီး Ro ကြမှာလေ။ဘယ့်နှယ့် အိုဆယ်ဟွန်းဆိုတဲ့ဘိုးတော်က ရည်းစားမရှိတာလည်းမဟုတ်ပါဘဲနဲ့ ဒါလေးတောင် မ Ro တတ်ရတာတုန်း။မသိရင်ရည်းစားနဲ့ ကစားကွင်းကိုလျှောက်မလည်ဘူးတဲ့ပုံစံကြီးနဲ့။

တကယ်မလည်ဖူးဘူးဆိုလည်းကောင်းပါတယ်လေ ရှောင်လုဟန်လေးနဲ့ပထမဆုံးအမှတ်တရပေါ့။ ဝတ္တုတွေထဲကလိုချစ်ဖို့ကောင်းအောင်လုပ်ပြလည်း မရိပ်မိတဲ့အတွက်နည်းနည်းလေးတော့ Feelငုတ်တာပေါ့။

"Zombie Island ထဲကိုဝင်ရ‌‌အောင်ကိုကို" Zombie အသံကြားတာနဲ့တင်ဆယ်ဟွန်းတစ်ချက်တွန့်သွားလေသည် ဒါပေမယ့် ဟန်မပျက်စကားပြန်ပြောသည်။

"ခုနကပဲသရဲကားကြည့်ထားတာ ဘာလုပ်ဖို့ သရဲအနွယ်ဝင် Zombie Islandထပ်ဝင်မှာလဲ"

" Zombie ကသရဲအနွယ်ဝင်မှမဟုတ်တာ ကိုကိုရယ်" လုပ်စမ်းပါ။ ကိုကိုဘယ်လိုအော်မလဲသိချင်လို့ ....ကိုကိုမအော်လည်းလုဟန်ကြောက်ဟန်ဆောင်ပြီး ကိုကို့ရင်ခွင်ထဲဝင်ပုန်းချင်လို့။

"Zombie လည်းသေပြီးသား သရဲလည်းသေပြီးသားအဲ့တော့တူတူပဲ မဝင်ရဘူး"

ရက်စက်လှပါဘိ။ ကိုကိုရယ် အကြံအစည်တွေမအောင်မြင်တော့ဘူး .............ဒီက ကိုကို့ရင်ခွင်ထဲဝင်ပုန်းချင်လို့ပါဆိုမှ..........

"Roller Coster စီးရအောင်"

ခဏအကြာ...............

"ဝေါ့ .........အဟွတ်.......ဝေါ့"

"တွေ့လား အမြင့်တွေစီးတော့မူးပြီပေါ့ နောက်ဆိုဘယ်အမြင့်မှမစီးရဘူး ရှောင်လုဟန်"

"ကိုကိုရေ ဟို.....ပင်လယ်ဓား..ပြ...လေး"

"ဘယ်အမြင့်မှမစီးရဘူးလို့ပြောနေတယ်လေ!!!!"

သွားပါပြီ ငါစီးချင်တဲ့အမြင့်လေးတွေရေ ဘိုင့် ဘိုင့်............

"ကိုကိုရေ ရေခဲမုန့်.....မုန့်"

"‌ချောင်းဆိုးမယ်မစားရဘူး"

အိုဆယ်ဟွန်းကြီးရေ ကစားကွင်းလာတာ သူများတွေလိုရေခဲမုန့်လေးတူတူစား အမြင့်တွေစီးတဲ့ချိန်ကျတစ်ယောက်နဲ့တစ်ယောက်ဖက် Zombie World တို့သရဲအိမ်တို့ထဲဝင်ပြီး ကိုကိုရေ ဆိုပြီးအော်ပြီးပြေးဖက်ထားမလို့လေ .....အခုကျ ရှိသမျှဘယ်ဟာမှမလုပ်ခိုင်းတော့ ကစားကွင်းကိုပန်းခြံထင်ပြီးလမ်းထွက်လျှောက်နေတာလားဘိုးတော်ရေ............ထားပါလေ ဒီမှာလည်းပန်းခြံလိုအပန်းဖြေနေရာလေးရှိတာပဲ ငါးမရ‌ရေချိုးပြန်ကြတာပေါ့ကွယ်။

"အဟင့် ကိုကိုကလည်းနည်းနည်းပဲ နည်းနည်းပဲလေနော် တစ်ခွက်ပဲစားမှာပါ"

ရလာဒ်အနေနဲ့တစ်ခွက်မကလို့ဘယ်နှစ်ခွက်စားချင်သေးလို့လည်း ဆိုတဲ့မျက်စောင်းတစ်ချက်။ သို့ပါသော်လည်း မကြည်မသာနှင့် လုဟန့်အားရေခဲမုန့်သွားဝယ်ပေးရှာပါသည်။တော်ပါသေးတယ် ရော့အင့် ကို့ဟာကိုသွားဝယ်စားဆိုပြီး ပိုက်ဆံထုတ်မပေးလိုက်လို့။ Cherry Blossoms တွေနဲ့ဝေစာလှပနေတဲ့လမ်းကြီးထဲရေခဲမုန့်လေးစားပြီးဆယ်ဟွန်းနဲ့တူတူလမ်းလျှောက်ရခြင်းက တကယ့်ကိုအိမ်မက်တစ်ခုလိုပင်။စမ်းချောင်းဟိုဘက်ဒီဘက်ကူးတဲ့တံတားလေးပေါ်တက်ရင်း လုဟန်တို့အပျော်ကြီးပျော်နေသည်။

"ကိုကို သေနတ်ပစ်ရအောင်"

"ရေခဲမုန့်သာကုန်အောင်စားစမ်းပါ"

"ဟင့်အင်း ဟင့်အင်း ဟိုသေနတ်ပစ်က အမှတ်၁၀၀၀ရရင် ထဲကအရုပ်လေးပေးတယ်တဲ့ လာပါကိုကိုရယ်ကျွန်တော်လိုချင်လို့ပါဆိုနေမှ"

"*ဟင်း* ရှောင်လုဟန် မင်းကတော့လေ ကလေးမဟုတ်လူကြီးမဟုတ်နဲ့ခက်လိုက်တာကွာ ပြီးရော ပြီးရော"

ပစ်တော့ပစ်ပေးရှာပါသည် သို့ပါသော်သည်းလက်မတည့်တာခက်သည် တကယ်ပါကိုကိုကအစတုန်းကကျောင်းနဲ့အိမ်နဲ့ပဲ သွားတတ်တယ်ထင်ရတယ် အနေအထိုင်မတက်ပထမဆုံးအကြိမ် ကလပ်ရောက်သွားတော့ လုဟန်နဲ့ညားသွားတာပဲကြည့်လေ.....တော်သေးတယ် အဲ့တုန်းကသူနဲ့ဟိုလိုလိုဖြစ်သွားလို့ သူနဲ့မဟုတ်ဘဲအခြားတစ်ယောက်တို့ (ဉပမာ ဂျီအွန်းတို့ဘာတို့)နဲ့များဖြစ်သွားကြည့် လုဟန်တစ်ယောက်ရင်ကွဲရကြည်ရဲ့.......

အခုကျတော့လည်း စာနဲ့အလုပ်ကလွဲပြီးကျန်တာဘာမှမလုပ်တတ်တဲ့လူတစ်ယောက်အတိုင်းပဲ သေနတ်ပစ်တာ ပစ်မှတ်မထိဘဲတစ်လွဲနေရာတွေပစ်မိကုန်ရဲ့ .....ဒါကြောင့်လည်းစာတော်တဲ့သူတစ်ယောက်ဖြစ်နေတာပေါ့ အလုပ်လည်းတော်တယ် သူအလုပ်လုပ်တာတော်တော့ လုဟန်လေးပိုက်ပိုက်များများဖြုံးနိုင်တာပေါ့......

" *အဟမ်း* ပစ်မှတ်တွေကလည်းဟိုယိုင်ယိုင်ဒီယိုင်နဲ့ "

"ဒါ့ပေါ့ ဒါပေါ့ ပစ်မှတ်တွေကကိုကိုပစ်ခံနီးကျရင်ထွက်ပြေးနေကြတာ ကျွန်တော်ပစ်ကြည့်မယ်နော်ကိုကို"

သူ့ဘာသူကွန်ပြူတာနဲ့ချိတ်ထားလို့ထောင်နေတဲ့ ပစ်မှတ်တွေကထွက်ပြေးပ့မလားလို့မေးလိုက်ချင်ပါဘိ ကိုကိုရယ်။ဒါပေမယ့်လည်းမေးလို့မဖြစ် တော်ကြာအရှက်လွန်ပြီးအိမ်ပြန်မယ်ဆိုမှ လုဟန်တို့ ဒုက္ခရောက်သွားမယ်။အရုပ်လိုချင်တော့လည်း ကိုဘ့်ဟာကိုယ်ပစ်ပေဦးပေါ့လုဟန်ရယ်။

"မင်းလက်တည့်လှချည်လား လုဟန်"

သူပစ်မှတ်တွေအကုန်ထိတာကိုဘေးနားကနေ အံ့သြနေ‌သောကိုကို။ပစ်နေကျမို့ပစ်မှတ်တွေထိတာမဆန်းပါ ဒါပေမယ့်ကိုကို့လိုစာကြမ်းပိုး ဘာဆိုဘာမှမလုပ်တတ်မဆော့တတ်တဲ့လူတစ်ယောက်အတွက်တော့ သိပ်ကိုထူးဆန်းလွန်းပါသည်။

"ကဲရှောင်လုဟန် ဘယ်တွေသွားချင်သေးတုန်း"

"နမ်စမ်းတာဝါ"

"မှောင်နေပြီ အိမ်ပြန်ဖို့ကပိုမသင့်တော်ဘူးလားဟမ်"

"ညဘက်ဆို နမ်းစမ်းတာဝါကအရမ်းလှတာကိုကိုရဲ့ လုပ်ပါကျွန်တော်တို့နှစ်ယောက်ကဒီလို ခဏခဏအပြင်ထွက်ဖို့ဆိုတာ သိပ်မှမဖြစ်နိုင်တာ"

"ဖြစ်ချင်လည်းဖြစ်နိုင်တာပဲကို"

"ဟမ် ကိုကိုဘာပြောလိုက်တာလဲ ကျွန်တော်မကြားလိုက်ဘူး"

"ဘာမှမဟုတ်ဘူး သွားချင်သွားလို့ပြောတာ"

"အင်း...........အင်း"

အရှေ့ကနေ သေနတ်ပစ်လို့နိုင်ပြီးရလာတဲ့အရုပ်ကိုလက်ကကိုင်ကာ ကော့ပတ်‌ကော့ပတ်နှင့်သွားနေသောလုဟန်ကိုဆယ်ဟွန်းမျက်ဖြူသာလှန်ပြလိုက်တော့သည်။ သူအရမ်းပင်ပန်းနေပြီ သို့ပါသော်လည်းအရှေ့ကကောင်စုတ်လေးစိတ်တိုင်းကျနောက်တစ်နေရာသို့သွားရအုံးမည်။

"ဒီကညီအစ်ကိုနှစ်ယောက်....အဲ" ဝန်ထမ်းမလေးသည်ညီအစ်ကိုနှစ်ယောက်သော့ချိတ်ဉီးမလားဟု မေးရန်သာရှိသေးသည် ကျရောက်လာသည့်မျက်စောင်းကြောင့် ပြောနေသည့်စကားကိုရုတ်တရက်ရပ်ကာနောက်သို့ခြေတစ်လှမ်းဆုတ်မိသွားသည်။သူဘာများမှားသွားလို့ပါလိမ့်။

ကောင်သေးသေးလေးက သူ့ထက်ကြီးသောလူရဲ့လူ၏လက်မောင်းကိုလှမ်းဖက်လိုက်မှ သူသိသွားသည်။ဪ ဒီကောင်လေးနှစ်ယောက်ကအတွဲတွေကိုး.... BL အတွဲများကိုခဏခဏတွေ့ရသောသူမအတွက်တော့ ဒါဟာအထူးအဆန်းမဟုတ် ဒီလိုနေရာမျိုးကိုအတွဲပေါင်းစုံလာကာသော့ချိတ်တတ်ကြသည်ကိုး ပြီးတော့သူမသည်လည်း Fujoshi တစ်ယောက်ပါပဲလေ။

"ဟိုဒီအစ်ကိုနှစ်ယောက်သော့ချိတ်မှာလား"

"အင်းအင်း သော့နှစ်ခုပေး စာရေးဖို့အသဲပုံလေးတစ်ခုပါပေး"

"ဟုတ်ကဲ့"

အမလေး သေးသေးလေးကသူ့ရည်းစားကိုငမ်းနေတယ်ထင်လို့လားမသိ စိုက်ကြည့်နေသည်မှာစူးခနဲ့ သူပဲပြန်ဖြေသည် သူ့ထက်ကြီးတဲ့ကောင်လေးကတော့ဘာမှဝင်မပြော ရုပ်တည်ကြီးနဲ့သာနေသည်။တကယ်ဆိုငါငမ်းတာ နင်ဆိုတဲ့သေးသေးလေးဟလို့သာပြောလိုက်ချင်ပေမယ့်အကြည့်စူးစူးတွေကြောင့်သူမနောက်ဆုတ်လိုက်ရပါသည်။သူမက ဖြူဖြူသေးသေးလေးတွေဆိုသိပ်ချစ်တတ်ပါသည်။

လုဟန်တစ်ယောက်သိပ်မကျေနပ်ပါချေ။ ဟိုအမကြီးကလည်းဆယ်ဟွန်းကိုကြည့်နေတာခဏခဏ။ပြီးတော့လည်း ညီအစ်ကိုတဲ့ ကိုယ့်ဟာကိုယ်သာညီအစ်ကိုနေလိုက်ပါအမရေ အမရည်းစားရသွားလည်း Brother Zone ထဲကနေမထွက်ရပါစေနဲ့ ။ ဟိုလူကြီးကလည်း အထာတွေစွတ်ပေးနေတယ် သူခပ်ချေချေနေလေမိန်းကလေးတွေကကြွေလေဆိုတာ မသိလေကော။ ရှောင်လုဟန်တစ်ယောက်လုံးဝစိတ်မကြည်လင်တော့ပါ။

"ရော့ ကြိုက်တာရေး ပြီးရင်ချိတ်မယ်"

"ဟင် ငါလည်းချိတ်ရမှာလား" ကြောင်တောင်တောင်နဲ့ပြန်မေးလိုက်သောဆယ်ဟွန်း......

"ဟုတ်တယ် ဟုတ်တယ်ကိုကိုမချိတ်လို့ ဟောဟိုးနားကတွေ့ကရာလူကိုချိတ်ခိုင်းလိုက်ရမှာလား"

"မဟုတ် ....ပေးပေး" ဆယ်ဟွန်းတစ်ယောက်ကြက်ကြီးလည်လိမ်သလိုဖြစ်သွားချေသည်။

နောက်ဆုံးတော့လုဟန်တစ်ယောက်ပန်းရောင်အသဲပုံမှာ 사랑해! (ခင်ဗျားကိုချစ်တယ်) ဆိုသားရေးထားတဲ့သော့နဲ့ဆယ်ဟွန်းရဲ့ Smile ပုံလေးပဲဆွဲထားတဲ့အဝါရောင်သော့လေးကိုအပေါ်အောက်ချိတ်လိုက်ကြသည်။

မပူပါနဲ့ကျွန်တော်ခင်ဗျားနှလုံးသားထဲမှာ ခြားထားတဲ့စည်းတွေကို တစ်ဆင့်ချင်းချိုးဖျက်ပြီးတိုးဝင်လာခဲ့မယ်။

-----------------------------------------------------------
#3800 words
#23.8.2020
#Thanks for reading
#90°bow
_________________________________________

© Ichika Yuko,
книга «Villain Game».
Коментарі