Chapter 4
[Zawgyi]
"ဟင်"
"ကျေး...ကျေးဇူး"
"ဟင် ဒီအသံက.."
"ဒါ..ငါ့အိမ်"
"ဗျာ.."
"ကျေး...ကျေးဇူး"
"မဟုတ်ပါဘူး"
မင်းကိုမြင်တိုင်းငါ.................
"မင်းဘယ်မှာနေတာလဲ"
"ဆေးလာဝယ်တာ"
"ကုန်နေလို့.. "
"ဟုတ်ကဲ့"
"ဟယ်လို ...ဟွန်း"
"သက်သာလားဂျီအွန်း"
"ဟမ်...ခဏ..."
"Mission complete I will give you $20000"
"ဟင်းးအင်းး"
"ထတော့!!!"
"အဲ"
"ဟုတ်"
မှာလေ...ရေချိုးခန်းကထွက်လာတော့လည်း သူကမနက်စာပြင်ပေးပြီးသား ဘာမှတော့မဟုတ်ပါဘူး ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီပါပဲ...
အရင်ကဆိုသူကလီဂျီအွန်းကိုသွားကြိုပြီးတူတူစီးတာ ဒီနေ့တော့ကျွန်တော့်ကြောင့်ထင်တယ် သူမကိုသွားမကြိုတော့ဘူး ...ကျွန်တ်ေပျော်လိုက်တာဆိုတာလေ ဖွင့်တောင်မပြောတတ်တော့တဲ့အထိ....
---------------------------------------------------------
#2693 words
#Thanks for reading
#90°bow
________________________________
[Unicode]
အချစ်?? ကျွန်တော့်အတွက်အချစ်ဆိုတာ သူပဲဗျ စတွေ့ထဲကချစ်တယ် အခုထိလည်းချစ်တယ် နောက်လည်းဆက်ချစ်ဦးမှာပဲ .... အချစ်ကိုစွန့်လွှတ်ခြင်းလို့တော့ကျွန်တော်ဘယ်တော့မှသတ်မှတ်မှာမဟုတ်ဘူး...ကျွန်တော်လီဂျီအွန်းထက်သူ့ကိုပိုချစ်တယ်။ အရာအားလုံးထက်ပိုပြီးသူ့ကိုချစ်တယ် အဲ့ဒီ့အတွက်ကျွန်တော်သူ့ကိုဘယ်တော့မှ...စွန့်လွှတ်မှာမဟုတ်ဘူး....
အိမ်ပြန်ရောက်တော့ ကျွန်တော်မှန်ရောက်မှာကိုယ့်ကို ကိုယ်ပြန်ကြည့်လိုက်တယ်။ ဒီဇိုင်းလေးဘာလေးပြောင်းဦးမှပါလေဆိုပြီး မျက်မှန်ချွတ်ပြီးရှေ့ဆံပင်တွေညှပ်လိုက်တယ်။အခုမှပဲ ကျွန်တော့်ရုပ်လေးပေါ်လာတော့တယ်။
နည်းနည်းတော့ဖြူဖတ်ဖြူရော်လေးဖြစ်နေသေးထား....
အဲ့လိုလေးဖြစ်နေတာလည်းကောင်းပါတယ်...
ကစားရတာပိုအဆင်ပြေသွားတာပေါ့..........
ကဲဒါဆိုကစားပွဲလေးစကြတော့မလား~~~~~
ဆယ်ဟွန်း ဂျီအွန်းကိုဆေးရုံလိုက်ပို့ပြီး အိမ်ပြန်ပို့ပေးနေတဲ့အတွက် သူအိမ်ပြန်တာနောက်ကျသွားတယ်.....ညက
တော်တော်မှောင်နေတဲ့အပြင် လမ်းမီးကပါမလင်းတလင်းဆိုတော့ တစ်ယောက်ထဲလမ်းလျှောက်တာနည်းနည်းတော့ကြောက်စိတ်ဝင်လာတယ်....
ရုတ်တရတ်ထိုးကြိတ်သံတွေထွက်လာလို့ လက်ကဖုန်းကိုချက်ချင်းလက်လှမ်းလိုက်သည်။လိုလိုမယ်မယ် ရဲစခန်းလေးဘာလေးခေါ်ရမလားဆိုပြီးတွေးမိသေး....
"ဟင်"
ဆယ်ဟွန်းသေချာကြည့်လိုက်တော့သူနဲ့မလှမ်းမကမ်းလေးမှာ လူသုံးယောက်က တစ်ယောက်ထည်းကိုဝိုင်းထိုးနေကြတာ....
ခံရတဲ့ကောင်လေးကလည်းလှုပ်တောင်မလှုပ်နိုင်တော့ဘူး...
"ဟယ်လို ..ရဲစခန်းကလား..ဒီမှာ..."
ဟိုသုံးယောက်ကတော့သူ့ကိုတစ်ချက်လှည့်ကြည့်ပြီးချက်ချင်းပြေးသွားကြသည်။ တော်သေးတာပေါ့သူတို့ရဲစခန်းတော့ကြောက်သေးသား...မဟုတ်ရင် မင်းကလူစွမ်းကောင်းဝင်လုပ်တာလားဆိုပြီး ဝိုင်းချကြလို့ အိုဆယ်ဟွန်းရဲ့အဖိုးတန်မျက်ခွက်လေးစုတ်
ပြတ်သတ်မှာမြင်ယောင်မိသေး....
"ကျေး...ကျေးဇူး"
"ဟင် ဒီအသံက.."
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကိုတောင်ဖြောင့်အောင်မပြောနိုင်ပဲလဲကျသွားသောသူကိုဆယ်ဟွန်းတစ်ချက်ကြည့်လိုက်သည်။
ရှောင်လုဟန်တော့မဟုတ်ဘူးမလား..... အဟင်း မဟုတ်ပါစေနဲ့ဆုတောင်းလည်းမပြည့်ခဲ့ပါဘူး တကယ်ကြီး ရှောင်လုဟန်ဖြစ်နေလေရဲ့...
"ကဲသူကမေ့နေပြီ ငါကသူ့ကိုဘယ်ပြန်ပို့ပေးရမှာတုန်း ကောင်းတယ် ကို့အတတ်ကိုယ်စူးစမ်း အိုဆယ်ဟွန်း"
ဒီကောင်စုတ်လေးနဲ့လည်းတိုက်တိုက်ဆိုင်ဆိုင်တွေ့ရတယ်လို့ ဘယ်ဘဝကရေစက်များတုန်း....နေ့လည်ကမှမုန်းတယ်ပြောလိုက်သေးတာ ညရောက်တော့ သူ့ကိုဝင်ကယ်ပြီးပြုစုရင်တော့.....
ကံဆိုးမသွားရာမိုးလိုက်ရွာဆိုတာ ငါ့ကိုပြောတာထင်ပါရဲ့~~ မထူးပါဘူး ကယ်မယ့်ကယ်အဆုံးထိကယ်တာပေါ့ ဒဏ်ရာရနေတဲ့လူတစ်ယောက်ကိုလမ်းပေါ်မှာပစ်ထားဖို့မတင့်တယ်ပါဘူးလေ အိမ်ပဲခေါ်သွားတာပေါ့ ~~
ဒီကောင်လေးကိုကျောပိုးသယ်ရတာလည်းလွယ်တဲ့ဒုက္ခတော့မဟုတ်ဘူး လူကောင်ကသာသေးတာဝိတ်ကတော့မသေးဘူး... သူ့ကိုမနည်းအိမ်ရောက်တဲ့အထိသယ်လာ ဆိုဖာပေါ်ချပြီးတာနဲ့တစ်ပြိုင်နက် ရေပြေးသောက်ရသည်။
"ဒဏ်ရာတွေနဲ့ကြည့်မကောင်းပါဘူးလေ သန့်ရှင်းရေးလေးလုပ်ပေးမှ"
ငါလည်းမင်းကိုဘာအတွက်ကြောင့်စိတ်ပူမိမှန်းမသိပါဘူးရှောင်လုဟန်ရယ်~~~~
သူ့မျက်နှာလေးကိုရေဆိုဝတ်လေးနဲ့သုတ်ပေးရင်းအခုမှသေချာကြည့်မိတယ် ဒီကောင်လေးတော်တော်တော့ချောသား...သူသာဒီလိုပုံလေးနဲ့တာနေရင်ကျောင်းကသူတွေအကုန်သူ့ကို crush ကျတော့မှာ...
ကြည်လင်ရှင်းသန့်နေတဲ့သူ့မျက်နှာလေးက ဆေးဆိုးပန်းရိုက်မိန်းကလေးတွေအားလုံးထက်သာလွန်နေလေရဲ့...
သူ့အပြုံးလေးဆိုဘယ်လောက်လှမလဲ~~~
ကျစ် ...အိုဆယ်ဟွန်းမင်းဘာတွေတွေးနေတာလည်း မင်းမှာ လီဂျီအွန်းတစ်ယောက်လွန်းရှိတယ် ဖြူစင်ရိုးသားပြီးဘက်ပေါင်းစုံကတော်တဲ့မိန်းကလေး...ဟုတ်တယ် ရှောင်လုဟန်ကိုလီဂျီအွန်းနဲ့နှိုင်းယှဉ်စရာဘာအကြောင်းမှမရှိဘူး ...
ဖုန်းလေးထုတ်ကာသူမပုံလေးကိုကြည့်ရင်း...ဟုတ်တယ်....ဂျီအွန်းကကျွန်တော့်နတ်ဘုရားမလေးပဲ~~~~
ကျွန်တော်ဂျီအွန်းအကြောင်းတွေးရင်း ရှောင်လုဟန်ကိုတစ်ချက်ပြန်ကြည့်မိသည် ...ငါလည်းဘာဆက်လုပ်ရမလဲမသိတော့ပါဘူး လုဟန်ရယ်....
ကျွန်တော်သူ့ကိုကြည့်နေတုန်း သူမျက်တောင်လေးပုတ်ခက်ပုတ်ခက်နဲ့နိုးလာသည်...ကျွန်တော့်ကိုမြင်ပြီးလန့်သွားပုံရသည်
ခန္ဓာကိုယ်လေးကိုကျုံ့လိုက်တာကိုမြင်လိုက်ရသည်...
"ဟို..ကျွန်တော် ဘယ်ရောက်.."
"ဒါ..ငါ့အိမ်"
"ဗျာ.."
ဝိုင်းစက်သွားတဲ့မျက်ဝန်းငယ်လေးဟာ သိပ်လှလွန်းသည်....ရင်ထဲကတစ်ချက်ခုန်သွားတာကိုတော့မသိချင်ယောင်ဆောင်လိုက်မိသည်....
"မင်း ဝိုင်းရိုက်ခံနေရလို့လေ ငါခေါ်လာတာ"
"ကျေး...ကျေးဇူး"
"မလိုဘူး...ငါကလမ်းပေါ်မှာလူတစ်ယောက်သေသွားတာမမြင်ချင်လို့"
"အာ...အဲ့တာဆိုကျွန်တော်ပြန်တော့မယ်"
"နေစမ်းပါဦး မင်းသက်သာပြီးမို့လို့လား ညနက်နေပြီ မင်းလိုပုံစံမျိုးကိုဆွဲစားမယ့်သူတွေအများကြီးပဲ သိပ်အနိုင်ကျင့်ခံချင်နေလို့လားဟမ်!!!!"
"မဟုတ်ပါဘူး"
မျက်ရည်ဝိုင်းပြီးပြန်ပြောနေတဲ့သူ့ကြောင့် လေသံနည်းနည်းပြန်လျှော့လိုက်ရသည် ..ငါမင်းကိုတကယ်မမြင်ချင်ဘူး ရှောင်လုဟန်
မင်းကိုမြင်တိုင်းငါ.................
"မင်းဘယ်မှာနေတာလဲ"
"ဟိုဘက်ရပ်ကွက်မှာနေတာ"
"ဘာ ဟိုဘက်ရပ်ကွက်ကနေဘယ်လိုလုပ်ဒီကိုကျော်ကျော်ကြူးကြူးရောက်လာတာလည်းဟမ်"
"ဆေးလာဝယ်တာ"
"မင်းဆေးကဟိုဘက်ရပ်ကွက်မှာမရလို့လားး"
"ကုန်နေလို့.. "
"ကောင်းပြီး ဘယ်မှာလည်းဆေးထုပ်"
"မဝယ်ရသေးခင်ဟိုလူတွေနဲ့တွေ့တာ"
"ထားလိုက်တော့..မေးမိတဲ့ငါကိုကမှားတာဒီညတော့ဒီမှာအိပ်သွား...ဆိုဖာမှာ"
"ဟုတ်ကဲ့"
ကျွန်တော်သူ့ကိုပြောပြီးတာနဲ့ချက်ချင်း လှည့်ထွက်လာခဲ့တယ် အခန်းထဲပြန်ရောက်တဲ့အခါ စားပွဲပေါ်က ကျွန်တော်နဲ့ ဂျီအွန်းပုံလေးကိုကြည့်ပြီးအပြစ်မကင်းသလိုခံစားရသည်...နေ့လည်ကဂျီအွန်းကတွန်းချခဲ့တဲ့သူကို ညကျတော့ကျွန်တော်ကအိမ်ပေါ်ခေါ်တင်ခဲ့တာ အပြစ်တစ်ခုဖြစ်နေမလား~~~~
မဖြစ်သေးပါဘူး ကျွန်တော်သူမကိုဖုန်းခေါ်ဦးမှပါ သူမသက်သာပါ့မလား~~~
"ဟယ်လို ...ဟွန်း"
"သက်သာလားဂျီအွန်း"
"အွန်း နည်းနည်းတော့သက်သာလာပြီ သိပ်မနာတော့ပါဘူး"
"အင်း ဆေးသောက်ပြီးနားတော့နော် ဒါဘဲ ဘိုင်"
"ဟမ်...ခဏ..."
ကျွန်တော်သူဆက်ပြောတာကိုနားမထောင်တော့ပဲချက်ချင်းဖုန်းချလိုက်တယ် အရင်တုန်းကဆို ညတိုင်းအကြာကြီးဖုန်းပြောနေကြ..ဒီနေ့ကျမှပြောချင်စိတ်မရှိသလိုပဲ....စိတ်ထဲကနေတော့ ဆေးသောက်ပြီးနားစေချင်လို့ပါဆိုပြီးပဲမှတ်လိုက်တယ်။သူမနဲ့ဖုန်းပြောတာကိုချမိလို့စိတ်ဆိုးနေမလား မသိပေမယ့် မနက်ဖြန်ကျမှချော့လိုက်တော့ပါမယ်...
ဟိုကောင်လေးရော သက်သာပါ့မလား....ဖျားတော့မဖျားလောက်ဘူးတော့ထင်ပါရဲ့ ...ဆောင်တွေခေါင်းဦးတွေလည်းမပေးလိုက်ရသေးဘူး အိပ်လို့မှအဆင်ပြေပါ့မလား....
မနေနိုင်တဲ့အဆုံး ဗီရိုထဲကဆောင်တစ်ထည်နဲ့ခေါင်းဦးတစ်လုံးကိုယူကာ အိမ်ရှေ့ထွက်ခဲ့သည်။
ကိုကသာစိတ်ပူနေတာ သူကတော့ဆိုဖာလက်ရန်းပေါ်ခေါင်းဦးပြီး အိပ်နေတာကွေးနေတာပဲ....ဟင်း...ရှောင်လုဟန် မင်းငါ့ကိုတော်တော်မွှေတာပဲ...သိပ်မကျေနပ်တဲ့အဆုံး သူ့ပေါ်ကိုဆောင်ပစ်တင်လိုက်တာ ဆိုဖာလက်ရန်းပေါ်ခေါင်းဦးတင်ပေးပြီး သူ့ကိုအိပ်စေလိုက်တယ်...ဘာကိုမကျေနပ်တာလည်းတော့ ငါ့ကိုငါတောင်မသိဘူး လုဟန်ရယ်....
ဆယ်ဟွန်းသူ့အခန်းကို ပြန်သွားတဲ့အချိန် အိပ်နေတယ်ထင်ရတဲ့လုဟန် မျက်လုံးပြန်ဖွင့်လာသည်...ထို့နောက်ဖုန်းကိုဖွင့်ကာ စာပို့လိုက်သည်။

နောက်နေ့ဆယ်ဟွန်းအခန်းထဲကထွက်လာတဲ့အခါ ညကသူထားခဲ့တဲ့အတိုင်းအိပ်နေသောလုဟန်ကိုတွေ့လိုက်ရသည်။
"ရှောင်လုဟန်...ရှောင်လုဟန် ထတော့!!!!"
"ဟင်းးအင်းး"
"ထတော့!!!"
"ဟို..ဟိုညကအတွက်ကျေးဇူးတင်ပါတယ်"
"ငါ့ကိုဘယ်နှစ်ခါကျေးဇူးတင်နေဦးမှာလည်းဟမ်"
"အဲ"
"သွားရေသွားချိုး...ကျောင်းမသွားတော့ဘူးလားနောက်ကျတော့မယ် မင်းအိမ်မင်းပြန်ဖို့အချိန်မရှိတော့ဘူး"
"ဟုတ်"
ဟိဟိ ညကသူ့အိမ်မှာအိပ်လို့လားမသိဘူး အိပ်လို့သိပ်ကောင်းတာပဲ ဒါပေါ့ ကျွန်တော်တမင်နောက်ကျမှထတာ ဒါမှသူ့အိမ်ကနေပဲတန်းပြီးကျောင်းသွားလို့ရ
မှာလေ...ရေချိုးခန်းကထွက်လာတော့လည်း သူကမနက်စာပြင်ပေးပြီးသား ဘာမှတော့မဟုတ်ပါဘူူး ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီပါပဲ...
ဒါပေမယ့် ချစ်ရတဲ့သူလုပ်ပေးတော့လည်းနာမည်ကျော်စားဖိုမှူးတွေလုပ်ပေးတဲ့မနက်စာထက်အများကြီးသားတယ်ဆိုတာတော့ကျွန်တော်ဝန်ခံပါရစေ~~~
မနက်စာ စားနေရင်း အခုလိုကျတော့ ကျွန်တော်နဲ့သူနဲ့ချစ်သူတွေလိုမျိုးပဲလို့ တစ်ဖက်သတ်အတွေးကိုမပြတ်မကွက်တွေးခဲ့မိပါသေးသည်~~~
နောက်ဆုံးတော့ကျွန်တော့်ဆန္ဒပြည့်ဝခဲ့ပြီ စက်ဘီနဲ့အမြဲတမ်းကျောင်းသွားတတ်တဲ့ သူ့ကြောင့် သူ့စက်ဘီးနောက်ခုံလေးမှာလိုက်စီးချင်တာ အဖိုးတန်ဆန္ဒတွေထဲကတစ်ခု....
အခုတော့နောက်ခုံလေးမှာထိုင်ရင်းသူ့ခါးလေးပါအဆစ်ဖက်ခွင့်ရသည်...
အရင်ကဆိုသူကလီဂျီအွန်းကိုသွားကြိုပြီးတူတူစီးတာ ဒီနေ့တော့ကျွန်တော့်ကြောင့်ထင်တယ် သူမကိုသွားမကြိုတော့ဘူး ...ကျွန်တေ်ပျော်လိုက်တာဆိုတာလေ ဖွင့်တောင်မပြောတတ်တော့တဲ့အထိ....
ကျောင်းဝရောက်တော့တွေ့ရပါပြီ မတွေ့ချင်ဆုံးသောလီဂျီအွန်းမျက်နှာ...
ဘယ်လိုခံစားရလည်းလီဂျီအွန်း...မပူပါနဲ့နောက်ကျန်သေးတယ်...
ကျွန်တော်ဒေါသထွက်နေတဲ့သူမမျက်နှာကို
ကြည့်ရင်းမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်...
သိပ်လည်းခံစားမပြနဲ့ဦး...စောစောစီးစီးထဲကထံစားပြနေရင် ဆော့ရတာသိပ်မကောင်းတော့ဘူးလေ.....

Коментарі