Chapter 6
[Zawgyi]
"ရှောင်လု"
"အော် ဘတ်ဟျွန်း"
"လုဟန်!!!"
"ဟေ"
"ဒီလိုပါဘဲ"
"ဘာကိုလဲ"
"ချန်းယော်လ်နဲ့လေ"
"အင်းပါ..."
"လုဟန် ငါဒီမှာ"
ဩော် ဆယ်ဟွန်းနွဲဂျီအွန်းတို့အနမ်းဖလှယ်နေကြတာပဲ ဆယ်ဟွန်းရဲ့သူငယ်ချင်းနှစ်ယောက်ကလည်းကောင်မလေးတွေကိုယ်စီနဲ့...ဘတ်ဟျွန်းဘာလို့ဒီလိုတွေသောက်ပြီး မိန်းကလေးတွေအနားခေါ်ထားရတယ်ဆိုတဲ့အကြောင်းအရင်းကိုသိလာသလိုပဲ...
Toilet ကပြန်ထွက်လာတွော လူတစ်ယောက်နဲ့တိုက်မိတယ် သူ့ကြည့်ရတာတော်တော်မူးနေသလိုပဲ...
"ဆယ်...အွန်း...ဟွန်း.. ခဏ"
သူ့ဘေးမှာရှောင်လုဟန်ရှိနေတယ် သူလည်းအဝတ်မပါ ရှောင်လုဟန်လည်းအဝတ်မပါ ပြီးတော့ရှောင်လုဟန်ပေါ်ကအမှတ်အသားတွေကြောင့် အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်အနေနဲ့သူဘာဖြစ်ခဲ့လည်းဆိုတာသိတယ်။
"အင်း....ဟင်းး"
"ထလို့ပြောနေတယ်လေ!!"
"အာ ဆယ်ဟွန်း"
"ငါ..."
"အဟက် ငါကတော့မင်းငြိမ်သွားလို့အသိတစ်ရားရသွားပြီမှတ်တာ မင်းကတော့ အသိတစ်ရားမရတဲ့အပြင်ဒီလိုတွေကြံတယ်ဖွိုဟုတ်လားဟမ်!!! မင်းဘာတွေဖြစ်ချင်နေတာလည်းရှောင်လုဟန်"
"ဟယ်လို"
"အေးအေး"
--------------------------------------------------------
#2565 words
#Thanks for reading
#90°bow
____________________________________
[Unicode]
ချစ်ခြင်းမေတ္တာဆိုတဲ့စိတ္တဇနာမ်တစ်ခုကိုတားဆီးဖို့မကြိုးစားပါနဲ့ အိုဆယ်ဟွန်း.....
ကျွန်တော်ခင်ဗျားကိုစတွေ့ထဲကချစ်နေတာမို့လို့ နောင်လည်းချစ်နေဦးမှာပဲ....
ခင်ဗျားပေးခဲ့တဲ့ကတိတစ်ခုကိုလွယ်လွယ်နဲ့
မေ့ဖျောက်မပစ်သင့်ဘူးလေ~~~~~
"ရှောင်လု"
"အော် ဘတ်ဟျွန်း"
အချိန်တွေကြာခဲ့ပြီ ထိုနေ့ ငါတို့ထပ်မတွေ့တော့ဘူးဆိုတဲ့စကားတစ်ခွန်းအတိုင်း သူ ကျွန်တော့်ကိုရှောင်နေခဲ့တယ်။ကျွန်တော်လည်းရှောင်ပေးခဲ့တယ်။ ကျွန်တော်တို့ဒီကြားထဲမတွေ့ဘဲနေခဲ့ယုံလေးနဲ့ ကျွန်တော်လွယ်လွယ်နဲ့ဆယ်ဟွန်းကိုစွန့်လွှတ်လိုက်ပြီဆိုတာတော့မတွေးသင့်ဘူးနော်~~
ခဏတာ ဆယ်ဟွန်းအချိန်ယူလို့ရအောင် အနားပေးခဲ့ယုံလေးပါ။
ဂျီအွန်းနဲ့တော်တော်ပျော်နေတဲ့အကြောင်းလည်းကြားတယ်။ မိဘတွေတောင်သဘောတူလိုက်ပြီဆို...ဆယ်ဟွန်းရာ ကျွန်တော့်ကိုမေ့ထားတာလား ကျွန်တော်လုံးဝခွင့်မပြုဘူးနော်....ကျွန်တော်ဒီကြားထဲအချိန်ခဏယူနေတာ ခင်ဗျားကိုပိုင်ဆိုင်ဖို့အတွက်....
"လုဟန်!!!"
"ဟေ"
"ငါခေါ်နေတာမကြားဘဲ တွေးနေလှချည်လား"
"ဒီလိုပါဘဲ"
ဘတ်ဟျွန်းကိုပြုံးယုံလေးဘဲပြုံးပြနိုင်တော့
တယ် သူနဲ့တော်တော်လေးရင်းနှီးနေပြီဆိုပေမယ့် ဆယ်ဟွန်းကနောက်တစ်ယောက်နဲ့လက်ထပ်ဖို့ရည်ရွယ်နေတယ်ဆိုတာတော့မပြောပြချင်ပါဘူးလေ...ဒါပေမယ့်သူသိမှာပါ သူလည်းကျွန်တော်နဲ့အခြေအနေချင်းတူနေတယ်လေ အင်း...သူကတော့ ပုံစံတွေဘာတွေပြောင်းသွားပေမယ့် ချန်းယောလ်ကိုအရင်လိုငေးကြည့်နေတုန်းပဲပေါ့......
"လုဟန် ငါတို့နောက်ဆုံးစာမေးပွဲဖြေတော့မယ်နော်"
"အင်း ဘာလိုလိုနဲ့အထက်တန်းနောက်ဆုံးနှစ်ပြီးတော့မယ် မင်းဘာဆက်လုပ်ဖို့တွေးထားလည်းဘတ်ဟျွန်း"
"ဘာကိုလဲ"
"ချန်းယော်လ်နဲ့လေ"
"အဟက် ငါ့မှာအကြံအစည်တွေရှိပြီးသားပါ မင်းအတွက်သာစိတ်ပူနေ"
"အမယ် ငါ့ကိုအဲ့လိုသံသယမျက်လုံးနဲ့မကြည့်စမ်းနဲ့ လုဟန် ငါဘာလုပ်ရမယ်ဆိုတာငါသိတယ်"
"အင်းပါ..."
ဒီလိုနဲ့ပဲ စာမေးပွဲနောက်ဆုံးရက်ရောက်လာခဲ့တယ်။ဘာလိုလိုနဲ့သူနဲ့ဝေးခဲ့ရင်ဆိုတဲ့အတွေးကြောင့် ကျွန်တော်နောက်ဆုံးဘာသာကိုဘာတွေရေးဖြေခဲ့မှန်းတောင်မသိတော့ဘူး....ဘုရားသခင် သူနဲ့ကျွန်တော့်ကိုနီးစပ်ကဖို့အခွင့်အရေးပေးပါ...
ဘတ်ဟျွန်းကျွန်တော့်ကိုလာပြောတယ် ည ၇နာရီလောက် club သွားကြရအောင်တဲ့ ကျွန်တော်အစကငြင်းမလို့ပဲ ဒါပေမယ့်သူကကျွန်တော့်အတွက် suprise ရှိတယ်ဆိုတာနဲ့ကျွန်တော်ထွက်လာခဲ့တယ် သူနဲ့ဝေးသွားရင်ဆိုတဲ့အသိကြောင့် ကျွန်တော်အိပ်မပျော်မယ့် အတူတူ ဘတ်ဟျွန်းနဲ့ပဲမူးအောင်သောက်ပြီး အိပ်ပစ်မယ် နောက်မှသူ့အနားနေဖို့နည်းလမ်းရှာမယ်လို့ဆုံးဖြတ်လိုက်တယ်။
Club ထဲတောင်မဝင်ရသေးဘူး အရင်ကဇယားတွေ လာရှုပ်နေလို့ရှင်းခဲ့ရသေးတယ် စိတ်မကြည်နေပါဘူးဆိုမှ...ဒီညတော့အမူးသောက်ပစ်မယ် အရင်လိုတော့ club မှာပေါက်ကွဲ ရန်ဖြစ် တာတွေမလုပ်ဘူးလို့တေးထားလိုက်တယ်။
"လုဟန် ငါဒီမှာ"
အမှောင်ဘတ်ခြမ်းကထောင့်နားမှာထိုင်နေတဲ့ ဘတ်ဟျွန်းက ကျွန်တော့်ကိုလက်လှမ်းပြပြီးခေါ်လိုက်တယ် ဒီကောင် သူ့ဘေးနားမှာဘာလို့မိန်းကလေးတွေခေါ်ထားတာပါလိမ့်...သူတို့ကသိပ်စိတ်ရှုပ်ဖို့ကောင်းတယ်...ကျွန်တော်သူ့ဘေးမှာဝင်ထိုင်ပြီးကောင်မလေးတွေကိုထွက်သွားခိုင်းလိုက်တယ် သူရှေ့ကပုလင်းတွေအရသူတော်တော်သောက်ထားပုံရတယ်။
"ဘတ်ဟျွန်း မင်းအဆင်ပြေရဲ့လား ငါ့အတွက်ဘာ suprise လဲ"
"ငါအဆင်ပြေတယ်ထင်လား ဟိုးဘက်ထောင့်ကခုံကိုကြည့်လိုက် အဲ့မှာမင်းအတွက် suprise ပဲ"
သူပြတဲ့နေရာက ကျွန်တော်တို့မျက်စောင်းထိုးကထောင့်နားပဲ ဒါပေမယ့်သူတို့ကအလင်းထဲရောက်နေတဲ့အတွက်ထိုင်နေတာဘယ်သူတွေလည်းဆိုတာရှင်းရှင်းလင်းလင်းမြင်ရတယ်။
ကျွန်တော်ကြည့်လိုက်ရတဲ့အချိန် ကျွန်တော့်ရင်ထဲဒိတ်ခနဲပဲ မျက်လုံးတွေတောင်ဝါးလာသလိုပဲ...မြင်လိုက်ရတဲ့မြင်ကွင်းက နှလုံးသားကိုနာကြင်စေတယ်။
ေဩာ် ဆယ်ဟွန်းနွဲဂျီအွန်းတို့အနမ်းဖလှယ်နေကြတာပဲ ဆယ်ဟွန်းရဲ့သူငယ်ချင်းနှစ်ယောက်ကလည်းကောင်မလေးတွေကိုယ်စီနဲ့...ဘတ်ဟျွန်းဘာလို့ဒီလိုတွေသောက်ပြီး မိန်းကလေးတွေအနားခေါ်ထားရတယ်ဆိုတဲ့အကြောင်းအရင်းကိုသိလာသလိုပဲ...
ဒီတိုင်းလေးပဲကြည့်နေလိုက်ပါတယ် သူတို့ကရည်းစားတွေ မိဘသဘောတူထားသူ ကျွန်တော်ကတော့ ဆယ်ဟွန်းနောက်ကတကောက်ကောက်လိုက်ပြီးစိတ်ရှုပ်အောင်လုပ်နေသူအဆင့်....
ဘတ်ဟျွန်းအရက်ဆက်သောက်နေတာလည်းမတားတော့သလိုကျွန်တော်ကိုယ်တိုင်လည်း သောက်နေလိုက်တော့တယ်။
ဒီလောက်သောက်နေတာတောင် မမူးသေးတဲ့ကိုယ့်ကိုကိုယ်လည်းစိတ်ပျက်မိပါရဲ့...ဆယ်ဟွန်းတို့ဝိုင်းကိုလှမ်းကြည့်လိုက်တော့ သူမရှိတော့ဘူး ဂျီအွန်းကတော့ရှိသေးတယ်...ဆက်မကြည့်ချင်တော့တာနဲ့ Toilet ပဲထွက်လာလိုက်တော့တယ်.....
Toilet ကပြန်ထွက်လာတော့ လူတစ်ယောက်နဲ့တိုက်မိတယ် သူ့ကြည့်ရတာတော်တော်မူးနေသလိုပဲ...
သေချာကြည့်လိုက်တော့မှ...
"ဆယ်ဟွန်း...ဒီမှာဘာလုပ်နေတာလဲ"
သူဘာမှပြန်မပြောဘဲ ရီဝေဝေနဲ့ပဲဆက်ကြည့်နေတယ် ရုတ်တရတ် ပြင်းပြင်းထန်ထန်ကျွန်တော့်နှုတ်ခမ်းကိုလာနမ်းတယ်...
"ဆယ်...အွန်း...ဟွန်း.. ခဏ"
ကျွန်တော်ရုန်းပြီးသူ့ကိုခဏရပ်ဖို့ပြောပေမယ့် သူကမရပ်တဲ့အပြင် ချက်ချင်းနီးစပ်ရာအခန်းထဲဆွဲသွင်းပြီး တံခါးကိုလော့ချလိုက်တယ်...
"မင်းနှုတ်ခမ်းကအရမ်းချိုတယ်"
သူ ထိုစကားတစ်ခွန်းပဲပြောပြီးကျွန်တော့်ကိုအိပ်ရာပေါ်တွန်းချပြီးဆက်နမ်းတယ်...
ထိုနေ့ညကကျွန်တော့်ရဲ့အရာအားလုံးကိုသူသိမ်းပိုက်သွားခဲ့သည်။
နာကျင်စွာအော်ဟစ်နေခဲ့သောကျွန်တော့်အားလျစ်လျူရှု၍ သူလိုချင်တဲ့အရာအားလုံးရယူခဲ့သည်။
အကုန်ယူပါ အိုဆယ်ဟွန်း ငါပိုင်သမျှငါ့ရဲ့အရာအားလုံးကိုမင်းခြေဖဝါးအောက်မှာထားမယ် မင်းကတော့ငါ့ရဲ့အရာအားလုံးကိုခြေယူပါ။
ခေါင်းဦးပေါ်တွင်ကျဆင်းခဲ့သောမျက်ရည်တစ်စက်သည် နာကျင်စရာအားလုံး၏သက်သေဖြစ်ခဲ့လေသည်~~~~
ဆယ်ဟွန်းကိုအိပ်ရာနိုးတော့မျက်လုံးတွေကျိမ်းစက်ပြီး ခေါင်းအရမ်းကိုက်နေသည်။
မနေ့ညက ကောင်မလေးတစ်ယောက်သူ့ဆီလာပေးတဲ့အရက်ကိုသောက်ပြီးတဲ့အချိန်နောက်ပိုင်းကိုဘာမှမမှတ်မိတော့ဘူး...အတင်းလာသောက်ခိုင်းတာမို့လို့ ငြင်းမရလို့သောက်ခဲ့မိတာ အခုမနက်ကျဘာတွေဖြစ်ခဲ့မှန်းမသိတော့ဘူး.....
သူ့ဘေးမှာရှောင်လုဟန်ရှိနေတယ် သူလည်းအဝတ်မပါ ရှောင်လုဟန်လည်းအဝတ်မပါ ပြီးတော့ရှောင်လုဟန်ပေါ်ကအမှတ်အသားတွေကြောင့် အရွယ်ရောက်ပြီးသားယောကျ်ားတစ်ယောက်အနေနဲ့သူဘာဖြစ်ခဲ့လည်းဆိုတာသိတယ်။
"ရှောင်လုဟန် ရှောင်လုဟန် ထစမ်း!!!"
"အင်း....ဟင်းး"
"ထလို့ပြောနေတယ်လေ!!"
"အာ ဆယ်ဟွန်း"
"ဒါတွေဘယ်လိုဖြစ်တာလည်းဖြေစမ်း မင်းကဘယ်လိုလုပ်ငါနဲ့ဒီလိုတွေဖြစ်သွားတာလည်းဟမ်"
"ငါ..."
"အဟက် ငါကတော့မင်းငြိမ်သွားလို့အသိတစ်ရားရသွားပြီမှတ်တာ မင်းကတော့ အသိတစ်ရားမရတဲ့အပြင်ဒီလိုတွေကြံတယ်ဖိုွဟုတ်လားဟမ်!!! မင်းဘာတွေဖြစ်ချင်နေတာလည်းရှောင်လုဟန်"
"ငါ့ကိုတာဝန်ယူပါဆယ်ဟွန်း"
"ဘာ မင်းး ငါနဲ့ဂျီအွန်းနဲ့ကမိဘတောင်သဘောတူပြီးပြီကွ
တက္ကသိုလ်ပြီးတာနဲ့လက်ထပ်ဖို့တောင်လုပ်ပြီးပြီအဲ့တာကို မင်းး မင်းးး ငါမင်းကိုအဲ့လောက်ယုတ်မာမယ်မထင်ထားဘူး ငါ့ကိုဆေးခတ်ပြီးတော့ထိဟာကွာ"
"ဒါပေမယ့် မင်းနဲ့ငါနဲ့ဖြစ်ပြီးပြီလေ မင်းငါ့ကိုတာဝန်မယူဘဲရှောင်ပြေးချင်တာလား ဆယ်ဟွန်း"
"အဟက် ဒါကမင်းလိုချင်တာပေါ့ ကောင်းပြီငါမင်းကိုတာဝန်ယူမယ် မင်းကြောင့်ငါ့ရည်ရွယ်ထားတာတွေအကုန်ပျက်စီးကုန်တာ...ငါမင်းကို နောင်တရအောင်လုပ်ပြမယ် ကြည့်ထား"
ထွက်သွားတယ့် ဆယ်ဟွန်းရဲ့ကျောပြင်ကိုကြည့်ရင်း မျက်ရည်တွေဆိုတာအတားအဆီးမရှိကျလာတယ် ငါမင်းကိုဆေးမခတ်ရပါဘူးဆယ်ဟွန်းရာ မင်းကသာ မင်းကသာ စတင်ခဲ့သူပါကွာ ငါမင်းကိုလိုချင်ခဲ့ပေမယ့် ဒီလိုလုပ်မယ်လို့တစ်ခါမှတောင်မတွေးခဲ့ဖူးပါ
ဘူး ငါမင်းနားမှာကပ်ပြီး မင်းနှလုံးသားကိုယူမယ်လို့တွေးထားခဲ့ပေမယ့် အခုလိုဖြစ်လာမယ်လို့ယောင်လို့တောင်မစဉ်းစားခဲ့ဖူးဘူး...
ဒါပေမယ့် ပိုင်ဆိုင်ဖြင်းဆိုတဲ့အတ္တအနည်းငယ်ကငါ့မှာရောယှက်နေတဲ့အတွက်မင်းကိုအပိုင်ယူပါရစေ....
ကြမ်းပြင်ပေါ်မှာကျနေတဲ့အဝတ်တွေကိုကောက်ယူရင်းဖုန်းကိုလိုက်ရှာရတယ် ညကဒဏ်တွေကြောင့်ကျွန်တော်ဒီတိုင်းထွက်သွားဖို့အဆင်မပြေနေဘူး...
ကျစ်ဖုန်းကိုင်စမ်းပါ ဘတ်ဟျွန်းရာ အခုအချိန်ငါ့ဘေးမှာမင်းဘဲရှိနေတာမို့လို့....
"ဟယ်လို"
"ဘတ်ဟျွန်း ငါ့ကိုချက်ချင်း ညကclub မှာလာခေါ်ပါ"
"အေးအေး"
ဘတ်ဟျွန်းကတော့ ကျွန်တော်ကားပေါ်ရောက်တာနဲ့မေးခွန်းတွေများကြီးတန်းမေးတယ် ညကဘယ်ရောက်နေတာလည်းတို့ ငါမင်းကိုပြန်သွားပြီထင်တာတို့...သူစိတ်ပူပြီးမေးမှန်းသိပေမယ့် ကျွန်တော်အခုချိန်ပြန်မဖြေချင်သေးဘူး...
ကားပြတင်းပေါက်လေးကိုမှီရင်းတရိတ်ရိတ်နဲ့ကျော်ဖြတ်ခဲ့တဲ့နေရာတွေကိုပဲလိုက်ကြည့်နေမိတယ်....
ကျွန်တော်ချလိုက်မိတဲ့ဆုံးဖြတ်ချက်ကမမှားယွင်းဘူးမလား ဆယ်ဟွန်း....

- #90°bow
Коментарі