Chapter 9
[Zawgyi]
"စီးပွားရေး"
"ပြီးတော့ ဘာလဲဟင်"
"ဟင်"
"လာထ အပြင်သွားရအောင်"
"ဟင်"
"ဟို လျောက်လည်ရအောင်"
"တကယ်လား"
"အင်း"
"မင်းက မင်းယောက်ျားနဲ့သွားနေလို့ ငါတို့ခေါ်တာမလိုက်တာကိုး"
နေစမ်းပါဦး သူတို့အခုကျွန်တော့်ရှေ့မှာ အီစီကလီစီလာလုပ်နေတာလား...ဟွန်း ခင်ဗျားကကျွန်တော်ယူထားတဲ့ယောက်ျားလေ ဘယ်လောက်ပဲသူငယ်ချင်းဖြစ်ဖြစ်အခုက ရည်းစားဟောင်းလေဗျာ နည်းနည်းလောက်ဆင်ခြင်ပါလား...ကျွန်တော်ကစစ်မထွက်ခင်ထဲကမြှားကုန်နေတဲ့လူလိုပဲ....ခင်ဗျားတို့နှစ်ယောက်ရီလိုက်စကားပြောလိုက်ဟင်းထည့်ပေးလိုက်နဲ့ တကယ့်ကိုလိုက်ဖက်ကြပါပေတယ်....ကျွန်တော်ကတော့ဘေးလူပေါ့....
"အင်း"
"ငါ...ငါ"
"သူအခုဆေးရုံမှာ"
---------------------------------------------------------
#2318 words
#Thanks for reading
#90°bow
____________________________________
[Unicode]
"လုဟန် တက္ကသိုလ်တွေတက်ရတော့မယ်နော် မင်းဘယ်လိုင်းကိုရွေးထားလဲ"
"စီးပွားရေး"
"ဟမ် မင်းကစီးပွားရေးလုပ်မလို့လား"
"ဘာလို့လဲ မရဘူးလားဟွန်းရဲ့ ဘာလဲ ဒီတိုင်းဟွန်းနဲ့တူတူတက်ချင်လို့ ရွေးတယ်များထင်နေတာလား ( ̄▽ ̄) "
ခိခိ မအီမသာ ရုပ်ကြီးဖြစ်သွားတဲ့ဟွန်းကိုကြည့်ရင်း ရီချင်လာသည်။ကို့ကိုယ်ကိုအထင်ကြီးလွန်းပါလား ဟမ်... တူတူတော့တက်ချင်ပေမယ့် ဟွန်းအလုပ်ကိုဝိုင်းကူချင်လို့ကအဓိကပါ...
အခု ဟွန်းကို ဖေဖေကအိမ်ထောင်ကျသွားပြီဆိုပြီး ကုမ္ပဏီအလုပ်တွေလုပ်ခိုင်းနေတော့ ကျောင်းတက်တဲ့အခါ ဟွန်းတစ်ယောက်ထဲလုပ်နေရရင်ပင်ပန်းမှာဆိုးလို့ပါ ....
"ဘာလဲ ဟွန်းကကျွန်တော်နဲ့တူတူမတက်ချင်လို့လား
ကျွန်တော်နဲ့လက်ထပ်ထားတာသိကုန်မှာဆိုးလို့လားဟင်"
"မဟုတ်ပါဘူး ငါတို့လက်ထပ်ထားတာ ကျောင်းကလူတွေသိနေတာပဲ ငါတို့သူငယ်ချင်းတွေလည်း ငါနဲ့တူတူတက်မှာပြီးတော့...."
ဟွန်းကဆက်ပြီးပြောသင့်မပြောသင့်စဉ်းစားနေပုံ....
"ပြီးတော့ ဘာလဲဟင်"
"ဂျီအွန်း လည်းတူတူတက်မှာ"
"ဟင်"
သူမက ဘာလို့တူတူလိုက်တက်မှာတုန်း.....ဟွန်းကလည်းသူ့ကိုကြိုက်နေတုန်းဆိုတာကျွန်တော်သိပါသည်..ဒါဆိုဂျီအွန်းကရော....
မကြိုက်တော့သည်တော့မဖြစ်နိုင် မင်္ဂလာပွဲနေ့တုန်းကသူ့မျက်လုံးက မရ ရအောင်ပြန်ယူမည်ဆိုသောပုံစံနှင့်....
မရဘူးနော် ဂျီအွန်း ငါအခုဆယ်ဟွန်းကိုတရားဝင်ပိုင်ဆိုင်ပြီးသား.....ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ်သူ့ကိုရအောင်ဆွဲသွားမှာ ......
"လာထ အပြင်သွားရအောင်"
"ဟင်"
"ဟို လျောက်လည်ရအောင်"
"တကယ်လား"
"အင်း"
ဟွန်းကဘာလို့ကျွန်တော့်ကိုရုတ်တရက်ကြီးလျောက်လည်ဖို့ခေါ်မှန်းမသိပေမယ့် ကျွန်တော်တကယ်ပျော်သည်။သူနဲ့တစ်ခါမှလျောက်မလည်ခဲ့ဖူးဘူး။
ဟွန်း ကျွန်တော့်ကိုဒီနေ့တော်တော်အလိုလိုက်ခဲ့တယ်။ကျွန်တော်စားချင်တာဝယ်ကျွေးတယ် ။ကျွန်တော်သွားချင်တဲ့နေရာလိုက်ပို့ပေးတယ်။ကျွန်တော်သူ့လက်ကိုတွဲတဲ့အခါ သူအကြိမ်အနည်းငယ်တော့ရှောင်ပေမယ့် နောက်တော့လက်ခံပေးခဲ့တယ်...ပြောရမယ်ဆိုရင် ဒီနေ့ကကျွန်တော့်ဘဝမှာအပျော်ဆုံးနေ့ပဲ။ကျွန်တော် ဟွန်းနဲ့ချစ်သူရည်းစားလိုတောင်ခံစားလာရတယ်။ကျွန်တော်သူနဲ့တွဲပြီးဓာတ်ပုံအတင်းရိုက်တယ်။ဒီအမှတ်တရလေးကိုဖုန်းထဲမှာအမြဲသိမ်းသိမ်းထားချင်လို့ပါ။သူ့ဘက်ကတော့ရုပ်တည်ကြီးနဲ့ဆိုပေမယ့်....သူသိမှာမဟုတ်ပေမယ့် ကျွန်တော့်ဖုန်း wallpaper ကသူ့ပုံပါ...
ကျွန်တော် နေမကောင်းဖြစ်တဲ့နေ့ကစပြီး သူနည်းနည်းချင်းစီပြောင်းလဲလာတယ်။အရင်လိုဥပက္ခာမပြုတော့ဘူး ..ရှောင်ဖယ်မနေတော့ဘူး...သူနဲ့လည်းတစ်ခန်းထဲတူတူအိပ်ခွင့်ရတယ်....ဟဲဟဲ အပျော်ဆုံးကိုပြောရမယ်ဆိုရင်တော့ ညဘက်အိပ်ချိန်ပဲ...သူကျွန်တော့်ကိုဖက်အိပ်တယ်ဗျ...သူဖက်တဲ့အခါတိုင်း ကျွန်တော့်မှာ နှလုံးရောဂါ ရမတက်ဘဲ ... တစ်ခါတစ်လေ ညဘက်ယောင်တဲ့အခါ ဂျီအွန်း ...လို့တမ်းတတာကို မသိချင်ယောင်ဆောင်ရင်းနဲ့ပေါ့...
တကယ် သူဖက်အိပ်ချင်တာ ဂျီအွန်းလားမသိပေမယ့် လောလောဆယ်တော့ကျွန်တော့်ကိုဖက်အိပ်နေတုန်းလေ အဲ့တော့အစားထိုးခံဖြစ်လည်းကျွန်တော်ပျော်ပါတယ်။ကျွန်တော်ကိုယ်တိုင်သူတို့ကြားဝင်ဖျက်ခဲ့တဲ့အတွက် အပြစ်ဒဏ်လို့သတ်မှတ်လိုက်တယ်။
ဘယ်အချိန်ဝေးကွာမလည်းမသိတဲ့အတွက် လက်ရှိအချိန်ကိုပဲကျွန်တော်ပျော်ရွှင်ပါရစေ.......
ကျွန်တော်တို့နမ်စမ်းတာဝါရောက်တဲ့အခါမှာတော့ကျွန်တော့်အပျော်တွေပျက်စီးသွားတယ်။ကျွန်တော်အစကတော့ ဒီတာဝါမှာသော့ချိတ်လေးချိတ်မယ် ဓာတ်ပုံရိုက်မယ် ပြီးရင်တော့ညစာစားပြီးအိမ်ပြန်မယ်ပေါ့....
ဒါပေမယ့် သူကျွန်တော်တို့တွဲထားတဲ့လက်ကိုဖြုတ်ချလိုက်တဲ့အခါမှာတော့ ကျွန်တော့်အပျော်တွေလည်းကုန်ဆုံးသွားပြီဆိုတာကိုနာကျင်စွာသိလိုက်ရသည်။
"ဂျီအွန်း..ဂျုံအင်...ချန်းယောလ် မင်းတို့ဒီကိုဘယ်လိုရောက်နေတာလဲ"
"မင်းက မင်းယောကျ်ားနဲ့သွားနေလို့ ငါတို့ခေါ်တာမလိုက်တာကိုး"
"အာ အဲ့လိုမဟုတ်ပါဘူးကွာ"
ဂျုံအင်ရဲ့ခနဲ့တဲ့တဲ့စကားတစ်ခွန်းနဲ့အတူတူ သူရဲ့ငြင်းသံကိုပါတွဲ၍ကြားလိုက်ရ၏။ဂျုံအင်နဲ့ချန်းယောလ်ကတော့ ကျွန်တော့်ကိုကြည်ပုံမရ..အင်းပေါ့လေဟွန်းကသူတို့ရဲ့နတ်ဘုရားမလေးနဲ့မယူဘဲသူနဲ့ယူလိုက်ရတာကိုးး...ဂျီအွန်းကလည်းမျက်ရည်လေးဝဲတဲဝဲတဲ အဓိပ္ပါယ်ကတော့ သူ့ကိုပယ်ထားပြီးကျွန်တော်နဲ့လိုက်လို့ရင်နာတယ်ဆိုသလိုမျိုး....အဓိပ္ပါယ်မရှိလိုက်တာ သူကကျွန်တော့်ယောကျ်ားဆိုတာသူသတိရသေးရဲ့လားပဲ....ချန်းယောလ်ကတော့ဘာမှမပြောဘဲ ကျွန်တော့်ကိုပဲစိုက်ကြည့်နေလေရဲ့....
"ငါတို့ညစာသွားစားမလို့ခဲ့ပါလား ဟင်"
ဟွန့် သနားကမားပုံစံလေးနဲ့ပြောနေတဲ့ ဂျီအွန်း... ဒီဘိုးတော် ဟွန်းကလည်းမငြင်းဘူး
အဲ့တာနဲ့ပဲ ကျွန်တော်လည်း သူတို့နဲ့အတူစားသောက်ဆိုင်သို့ပါသွားလေရဲ့......
စားသောက်ဆိုင်ရဲ့ ခြောက်ယာက်ထိုင်လို့ရတဲ့ စားပွဲလေးမှာဝင်ထိုင်ဖြစ်တယ် လူကငါးယောက်ထဲဆိုတော့တစ်ယောက်တော့လွတ်နေတာပေါ့...ကျွန်တော်ကတော့ သူဘေးနားမှာထိုင်တာပေါ့...ကျွန်တော်ပိုင်ဆိုင်ကြောင်းသက်သေပြတာ...ဂျီအွန်းကတော့ အရှက်မရှိ ဟွန်းအရှေ့ဝင်ထိုင်လေရဲ့.....
တမင်သက်သက်လုပ်တာလားတော့မသိပေမယ့် သူတို့ပြောတဲ့အကြောင်းအရာတွေက ကျွန်တော်မသိတဲ့အရာတွေကြီးပဲ ဒါပေမယ့် ဆယ်ဟွန်းအကြောင်းပါလာရင်တော့ ကျွန်တော်ဝင်ပြောဖြစ်ပါရဲ့ ...ဆယ်ဟွန်းရဲ့အကြောင်းကိုကျွန်တော်ကလွဲ
ပြီးဘယ်သူမှပိုမသိနိုင်ဘူး.....
"ဂျီအွန်း မင်းပုဇွန်ကြိုက်တးယ်မလားရော့"
"အင်း ကျေးဇူးပဲ ဟွန်း အဲ ဆယ်ဟွန်း..."
နေစမ်းပါဦး သူတို့အခုကျွန်တော့်ရှေ့မှာ အီစီကလီစီလာလုပ်နေတာလား...ဟွန်း ခင်ဗျားကကျွန်တော်ယူထားတဲ့ယောကျ်ားလေ ဘယ်လောက်ပဲသူငယ်ချင်းဖြစ်ဖြစ်အခုက ရည်းစားဟောင်းလေဗျာ နည်းနည်းလောက်ဆင်ခြင်ပါလား...ကျွန်တော်ကစစ်မထွက်ခင်ထဲကမြှားကုန်နေတဲ့လူလိုပဲ....ခင်ဗျားတို့နှစ်ယောက်ရီလိုက်စကားပြောလိုက်ဟင်းထည့်ပေးလိုက်နဲ့ တကယ့်ကိုလိုက်ဖက်ကြပါပေတယ်....ကျွန်တော်ကတော့ဘေးလူပေါ့....
"ဆယ်ဟွန်းကလည်း လုဟန်ကိုထည့်ပေးလိုက်ပါဦး"
"အင်း ရော့လုဟန် မင်းလည်းပုဇွန်စားတယ်မလား"
မစားဘူး ဆယ်ဟွန်း ငါပုဇွန်စားလို့မရဘူး ပင်လယ်စာ စားရင်အလက်ဂျစ်ဖြစ်လို့ငယ်ငယ်ထဲကရှောင်ခဲ့ရတာ....မင်းငါ့အကြောင်းဘာမှမသိဘူးပဲ ဆယ်ဟွန်း...ငါကတော့မင်းအကြောင်းဆိုအရာအားလုံးသိခဲ့တာ...ငါ့ကိုဟင်းထည့်ပေးတာတောင် သူမပြောလို့ထည့်ပေးတာက ငါ့ကိုရင်နာစေတယ် ဟွန်းရဲ့......
ဒါပေမယ့် ကျွန်တော်စားလိုက်တယ်။ကျွန်တော်သူမကိုမရှုံးချင်ဘူး...အဓိက က တကယ်လို့ကျွန်တော်သာအလက်ဂျစ်ဖြစ်သွားရင် သူကျွန်တော်မစားတဲ့အရာကိုသိသွားမှာ......
မင်းကျွေးတဲ့အရာကအဆိပ်ဖြစ်ရင်တောင် ငါစားမှာပါဟွန်းရာ...
ကျွန်တော်ပါးစပ်ထဲအတင်းမြိုချပြီးစားလိုက်ရတဲ့အတွက်ဘာအရသာရှိမှန်းတောင်မသိလိုက်ဘူး။သူကျွေးတဲ့အရာဆိုတော့ စားလို့ကောင်းမှာပါလေ....
ခဏကြာတော့ ကျွန်တော်တစ်မျိုးကြီးခံစားလာရတယ်...နည်းနည်းစားတာတောင်မခံနိုင်ပါလားနော်...
"ဟွန်း ငါအပြင်ခဏထွက်လိုက်ဦးမယ်"
"အင်း"
ကျွန်တော်အပြင်မှာ ဘတ်ဟျွန်းကိုတွေ့လိုက်ရတာကြောင့် သူ့ကိုပြောပြီးချက်ချင်းထွက်လာမိတယ်။ကျွန်တော်သူနဲ့သူမရှေ့မှာတော့ မပြိုလဲချင်ပါဘူး။
ဘတ်ဟျွန်းဒီမှာရှိမယ်လို့အစထဲကထင်မိတယ် ဘာလို့ဆို ချန်းယောလ်ရှိတာကြောင့်မို့ပါ....
"လုဟန် မင်းဘာဖြစ်လာတာလည်း အဆင်ပြေရဲ့လား"
"ငါ...ငါ"
ဘတ်ဟျွန်းအလောတစ်ကြီးမေးပေမယ့် ကျွန်တော်ပြန်မဖြေနိုင်တော့ဘူး...ကျွန်တော့်မျက်လုံးတွေမှိတ်ချင်နေပြီ ခဏလေးပဲ ခဏလောက်လေးပဲအိပ်ပါရစေ....
လုဟန် ထွက်သွားတာ ကြာပြီမို့ ဆယ်ဟွန်းအပြင်ကိုလှမ်းလှမ်းကြည့်မိသည်။ဂျီအွန်းနဲ့ဟိုနှစ်ယောက်ကတောင်သူ့ကိုသတိထားမိသည်အထိ....
"မင်း သူဘယ်သွားလည်းသိချင်ရင်ဖုန်းခေါ်ကြည့်လေ"
နောက်ဆုံးတော့ကျွန်တော်မူပျက်နေတာအရမ်းသိသာသွားလို့ထင်ပါရဲ့ ချန်းယော်ကပြောလာသည်....
ကျွန်တော်သူ့ကို ဖုန်းခေါ်ကြည့်တဲ့အခါတော်တော်ကြာမှလာကိုင်သည်။
"လုဟန် မင်းဘယ်သွားနေတာလဲ"
"ငါလုဟန်မဟုတ်ဘူး ဘတ်ဟျွန်း"
"အေး ဘတ်ဟျွန်း သူ့ကိုဖုန်းပေးလိုက်ပါဦး"
"သူအခုဆေးရုံမှာ"
ဘတ်ဟျွန်းပြောလိုက်သည့်စကားတစ်ခွန်းကြောင့် ကျွန်တော့်နှလုံးခုန်သံတွေရပ်မလိုဖြစ်သွားခဲ့သည်။........