Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 2
[Zawgyi]

ဒီေန႔က ကၽြန္ေတာ္အိုဆယ္ဟြန္းကိုဖြင့္ေျပာမယ့္ေနေလး....
အဲ့ဒီ့အတြက္ကၽြန္ေတာ္ဘာမွသိပ္ၿပီးမျပင္ဆင္ထားပါဘူး ေရေမႊးစြတ္ထားတဲ့ရည္းစားစာ စာရြက္ေတြ ပန္းစီးေတြကိတ္မုန္႔ေတြေပးၿပီးဖြင့္ေျပာရေအာင္ ကၽြန္ေတာ္ကမိန္းကေလးမွမဟုတ္တာ ....

အဲ့ေတာ့ ရုိးရုိးေလးပါပဲ ကၽြန္ေတာ္သူေသာက္ေနက် bubble tea ဘူးေလးေပၚမွာစာကပ္ၿပီး သူ႔ခံုမွာတင္ထားလိုက္တယ္...ၿပီးေတာ့ကို႔ခံုရွိရာသြားၿပီး သူေရာက္လာမွာကိုေစာင့္ေနလိုက္တယ္
ကၽြန္ေတာ္နဲ႔သူနဲ႔ကတစ္ခန္းထဲပဲ ဘာလို႔လည္းေတာ့မေမးနဲ႔ စာေတာ္တဲ့သူနဲ႔တစ္ခန္းထဲက်ေအာင္ နည္းမ်ိဳးစံုနဲ႔စာလုပ္ခဲ့ရတာ ..အမွန္တိုု္င္းေျပာရရင္ေရွာင္လုဟန္ဆိုတဲ့က်ဳပ္က စာလုပ္ရတာ၀ါသနာမပါဘူး သူနဲ႔ေန႔တိုင္းတူတူစာသင္ခ်င္တာနဲ႔ပဲ ကၽြန္ေတာ္လည္းစာလုပ္ရတယ္ဆိုပါေတာ့....

ၿပီးေတာ့ ကၽြန္ေတာ္သူ႔ေနာက္တည့္တည့္ကေနာက္ဆံုးခံုမွာထိုင္တယ္ ဒါေပါ့စာသင္တိုင္းသူ႔ေနာက္ေက်ာကိုၾကည့္သင္တာေလ...ေဟာ ေဟာေနာက္ဆံုးေတာ့ ဆယ္ဟြန္းေလးေရာက္လာၿပီ အခန္း၀မွာ သူ႔ရည္းစားနဲ႔ႏႈတ္ဆက္ေနတာကိုေတာ့မျမင္ခ်င္ေယာင္ေဆာင္လိုက္တယ္။

သူတို႔ႏွစ္ေယာက္တစ္ခန္းထည္းတူတူမက်တာကုိကၽြန္ေတာ္သိပ္၀မ္းသာတာပဲ။ဒါမွသူ႔ရည္းစားလုပ္ေနတဲ့ပံုေတြကိုၾကည့္ၿပီး ကၽြန္ေတာ္အန္မထြက္မိမွာ....
ေနာက္ဆံုးေတာ့သူကၽြန္ေတာ္တင္ထားတဲ့ဘူးေလးကိုေတြ႕သြားၿပီ ကၽြန္ေတာ္ရင္ထဲတစ္လွပ္လွပ္နဲ႔...

"ေဟ့ေရာင္ ဆယ္ဟြန္းစြံတယ္ေနာ္ မင္းကိုတစ္စံုတစ္ေယာက္ကရည္းစားစာေပးသြားတာပဲ ဟား ဟား"

"ဒါေပမယ့္ ဆယ္ဟြန္းမွာရည္းစားရွိတာလူတိုင္းသိတယ္ေလ ဘာလို႔ထပ္ေပးတာလည္း"

"မစားရမေညႇာ္ခံေကာင္းမေလးေတြေနမွာေပါ့"

"ဒါေပမယ့္ စာထဲမွာက 'မင္းကိုငါခ်စ္တယ္' ဆိုတဲ့တစ္ေၾကာင္းထဲပဲ ငါထင္တာေတာ့မိန္းကေလးမျဖစ္ေလာက္ဘူး"

"ဟာ ငါတို႔အိုဆယ္ဟြန္းကေတာ့ဘဲပါၾကည္တာပဲ"

ဒီစကားေတြလား သူ႔သူငယ္ခ်င္းႏွစ္ေယာက္ေျပာေနၾကတာ ဆယ္ဟြန္းရဲ႕ငယ္ေပါင္းႀကီးေဖာ္ေတြေပါ့ ဘာတဲ့ ကင္ဂ်ံဳအင္နဲ႔ပတ္ခ်န္းေယာလ္ဆိုလား ကၽြန္ေတာ္ကလည္းဆယ္ဟြန္းတစ္ေယာက္ထဲပဲအာရံုစိုက္တာဆိုေတာ့ သူတို႔ႏွစ္ေယာက္ကိုေမ့ေတ့ေတ့ပဲ သူတို႔ႏွစ္ေယာက္ကသာ စကားမ်ားေနတာ ကၽြန္ေတာ့္ဆယ္ဟြန္းကေတာ့ စာဖတ္ၿပီးငုတ္တုပ္ေမ့ေနသလား ေအာက္ေမ့ရတယ္။

အို မ်က္ေမွာင္ႀကီးအဲ့ေလာက္မက်ံဳ႕ပါနဲ႔ဆယ္ဟြန္းရယ္ ေတာ္ၾကာအေရးအေၾကာင္းေတြထင္ေနဦးမယ္။သူကေလ သိပ္မ်က္ေမွာင္က်ံဳ႕တတ္တာပဲ...ဒါေပမယ့္သိပ္ခ်စ္ဖို႔ေကာင္းေနတုန္းပဲ။

"ဒါဘယ္သူေပးတာလည္း သိၾကလား ဒီအခန္းထဲကဆိုအခုခ်က္ခ်င္းထြက္ခဲ့!!!!"

ေဟာ သူေခၚေနၿပီ သူေဒၚသထြက္ေနလည္းသိပ္ခ်စ္ဖို႔ေကာင္းတုန္းပဲဗ်။အခန္းလူတိုင္းကလည္းစိတ္၀င္စားစရာတစ္ခုလို စူးစမ္းေနၾကတယ္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းနဲ႔ေပါ့။သူေခၚေတာ့လည္း ေျပာရမွာေပါ့ အစတည္းက ဖုန္းကြယ္ထားဖို႔ရည္ရြယ္ခ်က္ရွိခဲ့တာမွမဟုတ္တာ။

"အဲ့တာငါေပးတာ"

"မင္းက ...ေရွာင္လုဟန္!!!"

ဟာ...သူကၽြန္ေတာ့္ကိုသိတယ္ အင္းေလသူ႔ေနာက္ကို ေတာက္ေလၽွာက္လိုက္ေနက်ေကာင္ေလးကိုမသိတာမျဖစ္ႏိုင္ပါဘူး...ဒါေပမယ့္ကၽြန္ေတာ့္နာမည္ကိုသိေနတာေတာ့ထူးဆန္းသားးး
လူတိုင္းကအမွိုက္ေကာင္လို႔ေခၚေနၾကေတာ့ ကၽြန္ေတာ့္နာမည္အရင္းကိုအားလံုးေမ့ေနၾက
ၿပီလုိ႔ေတာင္ထင္ထားတာ ကၽြန္ေတာ္ကိုယ္တိုင္အပါအ၀င္ေပါ့...

"ဟယ္အဲ့ဒီ့အမွိုက္ကာင္ကငါတို႔မင္းသားေလးကိုၾကဳိက္ရဲတယ္ေနာ္ ရည္းစားရွိတာမသိဘူးလား"

"ငါက စြသံုးမက်တဲ့ပံုဆိုးပန္းဆိုးအမွိုက္ေကာင္ထင္ေနတာ လက္စသတ္ေတာ့ဒီေကာင္က ေဂး ျဖစ္ေနတာကိုးး"

"ၾကည့္စမ္း အမႈိက္ေကာင္က ၾကာကူလီလုပ္ခ်င္ေနတာ ရည္းစားရွိမွန္းသိရက္နဲ႔ေတာင္ဖြင့္ေျပာရဲေသးတယ္"

သို႔ေလာ သို႔ေလာ အခန္းထဲကေက်ာင္းသားေတြေျပာေနၾကေပမယ့္ကၽြန္ေတာ္ဂရုမစိုက္ပါဘူး ကၽြန္ေတာ္ဂရုစိုက္တာ ကၽြန္ေတာ့္ေရွ႕ကအိုဆယ္ဟြန္းတစ္ေယာက္ထဲကိုေလ...သူ႔ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ေၾကာင္အေနပံုရတယ္..သူကေတာ့မ်က္ႏွာကတင္းေနေပမယ့္ နားရြက္ေလးေတြကေတာ့နီရဲေနေလရဲ႕..
အဲ့တာသူရွက္လို႔ လို႔ကၽြန္ေတာ့္ဘာ့သာေကာက္ခ်က္ခ်ပါရေစ..

"ဘာလဲ မင္းက gay လား"

"မဟုတ္ပါဘူး"

"အဲ့တာဆိုဘာလို႔ငါ့ကို လာႀကိဳက္ရတာလည္း"

"ဘာလို႔လည္းဆိုေတာ့ အိုဆယ္ဟြန္းျဖစ္ေနလို႔ေလ"

"ဘာာာ ေဟ့ေကာင္ငါ gay မဟုတ္ဘူး"

"သိပါတယ္ ဘယ္သူကလည္း gay လို႔ေျပာေနလို႔တုန္း ဒီတိုင္းအိုဆယ္ဟြန္းမို႔လို႔ ႀကိဳက္တာ...မဟုတ္ေသးဘူး..ခ်စ္တာ ႀကိဳက္တာဆိုတာမေလးနက္ေသးဘူး ကၽြန္ေတာ္ ဆယ္ဟြန္းကိုတကယ္ခ်စ္တာ.."

"ငါ့မွာလီဂ်ီအြန္းရွိတယ္ မင္းဘာျဖစ္ျဖစ္စိတ္မ၀င္စားဘူး သြားလိုက္ေတာ့"

"ဘာလို႔လည္း ငါမင္းကိုခ်စ္တယ္ေလ"

"ငါမင္းကိုစိတ္မ၀င္စားဘူးကြ!!!! ငါ့မွာလီဂ်ီအြန္းရွိတယ္ဆိုတာကိုမင္းနားမလည္ဘူးလားဟမ္!!! ငါ့ကိုစိတ္ရႈပ္ေအာင္မလုပ္စမ္းနဲ႔ ေတာက္စ္"

သူကေတာ့ေျပာၿပီးခ်က္ခ်င္းအခန္းထဲကထြက္သြားတယ္ သူ႔မ်က္ႏွာတင္းေနေပမယ့္ သူကၽြန္ေတာ့္ကိုမမုန္းဘူးဆိုတာကကၽြန္ေတာ့္သိပါတယ္ ကၽြန္ေတာ္သူ႔မ်က္လံုးကိုဖတ္လိုက္တဲ့အခါ အမွန္အတိုင္း ကၽြန္ေတာ့္ကိုမမုန္းဘူးလို႔ေျပာေနတာကိုးးး

သူထြက္သြားတဲ့အခါသူ႔သူငယ္ခ်င္းႏွစ္ေယာက္ကလည္းအခန္းထဲကလိုက္ထြက္သြားတယ္
ခဏေလာက္တည္ၿငိမ္သြားတဲ့အခန္းဟာလည္းျပန္ၿပီးဆူညံပြက္ေလာရိုက္လာတယ္ ဘာလို႔လည္း ေသခ်ာေပါက္ကၽြန္ေတာ့္ေၾကာင့္ေပါ့ ကၽြန္ေတာ့္ သူ႔ကိုဖြင့္ေျပာလိုက္တာကသတင္းထူးတစ္ပုဒ္ျဖစ္သြားမယ္ထင္တယ္ ေက်ာင္းရဲ႕လိုက္ဖက္တဲ့အတြဲကုိမွ ဖ်က္လို႔ဖ်က္စီးလုပ္ျခင္း လို႔ပဲေခါင္းစဥ္တပ္ေလမလား နာမည္ႀကီးအတြဲကိုၾကား၀င္ဖ်က္ႀကီးလု႔ိပဲ သတင္းထြက္မလား ေက်ာင္းရဲ႕အမႈိက္ေကာင္က ၾကာကူလီလုပ္တယ္ဆိုၿပီးပဲနာမည္ထြက္ေလမလား~~~~~

အခုေတာင္ကၽြန္ေတာ့္ကိုၾကည့္ၿပီးတိုးတိုး တိုးတိုးနဲ႔အတင္းေျပာေနၾကသားပဲ....
ထားပါေလ ကၽြန္ေတာ္တစ္ခုမွအာရံုမစိုက္ဘူး
ကၽြန္ေတာ့္အာရံုကတစ္စံုတစ္ဦးတည္းအတြက္ပဲျဖစ္တည္သည္။

တစ္ေန႔က်ရင္ သူကၽြန္ေတာ့္ကိုျပန္ႀကိဳက္မယ္လို႔ကၽြန္ေတာ္ယံုၾကည္သည္။ဘာလို႔လဲ ...ကၽြန္ေတာ္ကေရွာင္လုဟန္မို႔လို႔
သူကၽြန္ေတာ့္ကိုျပန္ႀကိဳက္ေအာင္ ေရွာင္လုဟန္ဆိုတဲ့ကၽြန္ေတာ္ကမရရေအာင္ဖန္တီးမွာ~~~~~

--------------------------------------------------------

#1756 words
#Thanks for reading
#90°bow


________________________________

[Unicode]

ဒီနေ့က ကျွန်တော်အိုဆယ်ဟွန်းကိုဖွင့်ပြောမယ့်နေလေး....
အဲ့ဒီ့အတွက်ကျွန်တော်ဘာမှသိပ်ပြီးမပြင်ဆင်ထားပါဘူး ရေမွှေးစွတ်ထားတဲ့ရည်းစားစာ စာရွက်တွေ ပန်းစီးတွေကိတ်မုန့်တွေပေးပြီးဖွင့်ပြောရအောင် ကျွန်တော်ကမိန်းကလေးမှမဟုတ်တာ ....

အဲ့တော့ ရိုးရိုးလေးပါပဲ ကျွန်တော်သူသောက်နေကျ bubble tea ဘူးလေးပေါ်မှာစာကပ်ပြီး သူ့ခုံမှာတင်ထားလိုက်တယ်...ပြီးတော့ကို့ခုံရှိရာသွားပြီး သူရောက်လာမှာကိုစောင့်နေလိုက်တယ်
ကျွန်တော်နဲ့သူနဲ့ကတစ်ခန်းထဲပဲ ဘာလို့လည်းတော့မမေးနဲ့ စာတော်တဲ့သူနဲ့တစ်ခန်းထဲကျအောင် နည်းမျိုးစုံနဲ့စာလုပ်ခဲ့ရတာ ..အမှန်တိုင်းပြောရရင်ရှောင်လုဟန်ဆိုတဲ့ကျုပ်က စာလုပ်ရတာဝါသနာမပါဘူး သူနဲ့နေ့တိုင်းတူတူစာသင်ချင်တာနဲ့ပဲ ကျွန်တော်လည်းစာလုပ်ရတယ်ဆိုပါတော့....

ပြီးတော့ ကျွန်တော်သူ့နောက်တည့်တည့်ကနောက်ဆုံးခုံမှာထိုင်တယ် ဒါပေါ့စာသင်တိုင်းသူ့နောက်ကျောကိုကြည့်သင်တာလေ...ဟော ဟောနောက်ဆုံးတော့ ဆယ်ဟွန်းလေးရောက်လာပြီ အခန်းဝမှာ သူ့ရည်းစားနဲ့နှုတ်ဆက်နေတာကိုတော့မမြင်ချင်ယောင်ဆောင်လိုက်တယ်။

သူတို့နှစ်ယောက်တစ်ခန်းထည်းတူတူမကျတာကိုကျွန်တော်သိပ်ဝမ်းသာတာပဲ။ဒါမှသူ့ရည်းစားလုပ်နေတဲ့ပုံတွေကိုကြည့်ပြီး ကျွန်တော်အန်မထွက်မိမှာ....
နောက်ဆုံးတော့သူကျွန်တော်တင်ထားတဲ့ဘူးလေးကိုတွေ့သွားပြီ ကျွန်တော်ရင်ထဲတစ်လှပ်လှပ်နဲ့...

"ဟေ့ရောင် ဆယ်ဟွန်းစွံတယ်နော် မင်းကိုတစ်စုံတစ်ယောက်ကရည်းစားစာပေးသွားတာပဲ ဟား ဟား"

"ဒါပေမယ့် ဆယ်ဟွန်းမှာရည်းစားရှိတာလူတိုင်းသိတယ်လေ ဘာလို့ထပ်ပေးတာလည်း"

"မစားရမညှော်ခံကောင်းမလေးတွေနေမှာပေါ့"

"ဒါပေမယ့် စာထဲမှာက 'မင်းကိုငါချစ်တယ်' ဆိုတဲ့တစ်ကြောင်းထဲပဲ ငါထင်တာတော့မိန်းကလေးမဖြစ်လောက်ဘူး"

"ဟာ ငါတို့အိုဆယ်ဟွန်းကတော့ဘဲပါကြည်တာပဲ"

ဒီစကားတွေလား သူ့သူငယ်ချင်းနှစ်ယောက်ပြောနေကြတာ ဆယ်ဟွန်းရဲ့ငယ်ပေါင်းကြီးဖော်တွေပေါ့ ဘာတဲ့ ကင်ဂျုံအင်နဲ့ပတ်ချန်းယောလ်ဆိုလား ကျွန်တော်ကလည်းဆယ်ဟွန်းတစ်ယောက်ထဲပဲအာရုံစိုက်တာဆိုတော့ သူတို့နှစ်ယောက်ကိုမေ့တေ့တေ့ပဲ သူတို့နှစ်ယောက်ကသာ စကားများနေတာ ကျွန်တော့်ဆယ်ဟွန်းကတော့ စာဖတ်ပြီးငုတ်တုပ်မေ့နေသလား အောက်မေ့ရတယ်။

အို မျက်မှောင်ကြီးအဲ့လောက်မကျုံ့ပါနဲ့ဆယ်ဟွန်းရယ် တော်ကြာအရေးအကြောင်းတွေထင်နေဦးမယ်။သူကလေ သိပ်မျက်မှောင်ကျုံ့တတ်တာပဲ...ဒါပေမယ့်သိပ်ချစ်ဖို့ကောင်းနေတုန်းပဲ။

"ဒါဘယ်သူပေးတာလည်း သိကြလား ဒီအခန်းထဲကဆိုအခုချက်ချင်းထွက်ခဲ့!!!!"

ဟော သူခေါ်နေပြီ သူဒေါ်သထွက်နေလည်းသိပ်ချစ်ဖို့ကောင်းတုန်းပဲဗျ။အခန်းလူတိုင်းကလည်းစိတ်ဝင်စားစရာတစ်ခုလို စူးစမ်းနေကြတယ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းနဲ့ပေါ့။သူခေါ်တော့လည်း ပြောရမှာပေါ့ အစတည်းက ဖုန်းကွယ်ထားဖို့ရည်ရွယ်ချက်ရှိခဲ့တာမှမဟုတ်တာ။

"အဲ့တာငါပေးတာ"

"မင်းက ...ရှောင်လုဟန်!!!"

ဟာ...သူကျွန်တော့်ကိုသိတယ် အင်းလေသူ့နောက်ကို တောက်လျှောက်လိုက်နေကျကောင်လေးကိုမသိတာမဖြစ်နိုင်ပါဘူး...ဒါပေမယ့်ကျွန်တော့်နာမည်ကိုသိနေတာတော့ထူးဆန်းသားးး
လူတိုင်းကအမှိုက်ကောင်လို့ခေါ်နေကြတော့ ကျွန်တော့်နာမည်အရင်းကိုအားလုံးမေ့နေကြ
ပြီလို့တောင်ထင်ထားတာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ပေါ့...

"ဟယ်အဲ့ဒီ့အမှိုက်ကာင်ကငါတို့မင်းသားလေးကိုကြိုက်ရဲတယ်နော် ရည်းစားရှိတာမသိဘူးလား"

"ငါက စွသုံးမကျတဲ့ပုံဆိုးပန်းဆိုးအမှိုက်ကောင်ထင်နေတာ လက်စသတ်တော့ဒီကောင်က ဂေး ဖြစ်နေတာကိုးး"

"ကြည့်စမ်း အမှိုက်ကောင်က ကြာကူလီလုပ်ချင်နေတာ ရည်းစားရှိမှန်းသိရက်နဲ့တောင်ဖွင့်ပြောရဲသေးတယ်"

သို့လော သို့လော အခန်းထဲကကျောင်းသားတွေပြောနေကြပေမယ့်ကျွန်တော်ဂရုမစိုက်ပါဘူး ကျွန်တော်ဂရုစိုက်တာ ကျွန်တော့်ရှေ့ကအိုဆယ်ဟွန်းတစ်ယောက်ထဲကိုလေ...သူ့ သူငယ်ချင်းနှစ်ယောက်ကတော့ကြောင်အနေပုံရတယ်..သူကတော့မျက်နှာကတင်းနေပေမယ့် နားရွက်လေးတွေကတော့နီရဲနေလေရဲ့..
အဲ့တာသူရှက်လို့ လို့ကျွန်တော့်ဘာ့သာကောက်ချက်ချပါရစေ..

"ဘာလဲ မင်းက gay လား"

"မဟုတ်ပါဘူး"

"အဲ့တာဆိုဘာလို့ငါ့ကို လာကြိုက်ရတာလည်း"

"ဘာလို့လည်းဆိုတော့ အိုဆယ်ဟွန်းဖြစ်နေလို့လေ"

"ဘာာာ ဟေ့ကောင်ငါ gay မဟုတ်ဘူး"

"သိပါတယ် ဘယ်သူကလည်း gay လို့ပြောနေလို့တုန်း ဒီတိုင်းအိုဆယ်ဟွန်းမို့လို့ ကြိုက်တာ...မဟုတ်သေးဘူး..ချစ်တာ ကြိုက်တာဆိုတာမလေးနက်သေးဘူး ကျွန်တော် ဆယ်ဟွန်းကိုတကယ်ချစ်တာ.."

"ငါ့မှာလီဂျီအွန်းရှိတယ် မင်းဘာဖြစ်ဖြစ်စိတ်မဝင်စားဘူး သွားလိုက်တော့"

"ဘာလို့လည်း ငါမင်းကိုချစ်တယ်လေ"

"ငါမင်းကိုစိတ်မဝင်စားဘူးကွ!!!! ငါ့မှာလီဂျီအွန်းရှိတယ်ဆိုတာကိုမင်းနားမလည်ဘူးလားဟမ်!!! ငါ့ကိုစိတ်ရှုပ်အောင်မလုပ်စမ်းနဲ့ တောက်စ်"

သူကတော့ပြောပြီးချက်ချင်းအခန်းထဲကထွက်သွားတယ် သူ့မျက်နှာတင်းနေပေမယ့် သူကျွန်တော့်ကိုမမုန်းဘူးဆိုတာကကျွန်တော့်သိပါတယ် ကျွန်တော်သူ့မျက်လုံးကိုဖတ်လိုက်တဲ့အခါ အမှန်အတိုင်း ကျွန်တော့်ကိုမမုန်းဘူးလို့ပြောနေတာကိုးးး

သူထွက်သွားတဲ့အခါသူ့သူငယ်ချင်းနှစ်ယောက်ကလည်းအခန်းထဲကလိုက်ထွက်သွားတယ်
ခဏလောက်တည်ငြိမ်သွားတဲ့အခန်းဟာလည်းပြန်ပြီးဆူညံပွက်လောရိုက်လာတယ် ဘာလို့လည်း သေချာပေါက်ကျွန်တော့်ကြောင့်ပေါ့ ကျွန်တော့် သူ့ကိုဖွင့်ပြောလိုက်တာကသတင်းထူးတစ်ပုဒ်ဖြစ်သွားမယ်ထင်တယ် ကျောင်းရဲ့လိုက်ဖက်တဲ့အတွဲကိုမှ ဖျက်လို့ဖျက်စီးလုပ်ခြင်း လို့ပဲခေါင်းစဉ်တပ်လေမလား နာမည်ကြီးအတွဲကိုကြားဝင်ဖျက်ကြီးလု့ိပဲ သတင်းထွက်မလား ကျောင်းရဲ့အမှိုက်ကောင်က ကြာကူလီလုပ်တယ်ဆိုပြီးပဲနာမည်ထွက်လေမလား~~~~~

အခုတောင်ကျွန်တော့်ကိုကြည့်ပြီးတိုးတိုး တိုးတိုးနဲ့အတင်းပြောနေကြသားပဲ....
ထားပါလေ ကျွန်တော်တစ်ခုမှအာရုံမစိုက်ဘူး
ကျွန်တော့်အာရုံကတစ်စုံတစ်ဦးတည်းအတွက်ပဲဖြစ်တည်သည်။

တစ်နေ့ကျရင် သူကျွန်တော့်ကိုပြန်ကြိုက်မယ်လို့ကျွန်တော်ယုံကြည်သည်။ဘာလို့လဲ ...ကျွန်တော်ကရှောင်လုဟန်မို့လို့
သူကျွန်တော့်ကိုပြန်ကြိုက်အောင် ရှောင်လုဟန်ဆိုတဲ့ကျွန်တော်ကမရရအောင်ဖန်တီးမှာ~~~~~

--------------------------------------------------------

#1756 words
#Thanks for reading
#90°bow


________________________________

© Ichika Yuko,
книга «Villain Game».
Коментарі