Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 7
[Zawgyi]

"ဒါဘယ္လိုေတြျဖစ္တာလည္းအိုဆယ္ဟြန္း"

"ေတာင္းပန္ပါတယ္ ေဖေဖကၽြန္ေတာ္ မွားသြားခဲ့လို႔ပါ"

ဆယ္ဟြန္းကၽြန္ေတာ့္ကိုတာဝန္ယူမယ္ဆိုၿပီး သူ႔မိဘေတြေရွ႕ဖြင့္ေျပာခဲ့တယ္။သူ႔ေဖေဖကေတာ့ မ်က္ႏွာထားတင္းတင္းနဲ႔ကၽြန္ေတာ့္ကိုၾကည့္ေနေပမယ့္ သူ႔ေမေမကေတာ့ကၽြန္ေတာ့္ကိုသေဘာမက်တာသိသာလြန္းတယ္။

"အမေလး ဆယ္ဟြန္းရယ္ ငါတို႔ကေတာ့ ဂ်ီအြန္းနဲ႔ဆိုၿပီးမင္းကိုသေဘာတူထားၾကတာ မင္းကအခုေတာ့ တကၠသိုလ္လည္းမတက္ရေသးဘဲ ဘာအေၾကာင္းမွမသိတဲ့ေယာက်္ားေလးတစ္ေယာက္နဲ႔ျဖစ္ခဲ့တယ္တယ္တဲ့လား"

"ေတာင္းပန္ပါတယ္ေမေမရယ္"

"နင္ မင္းမိဘမ်က္ႏွာအိုးမဲသုတ္လိုက္တာပဲ အိုဆယ္ဟြန္း ငါကေတာ့ေလ ငါ့သူငယ္ခ်င္းေတြကိုအသိုင္းအဝိုင္းေကာင္းေကာင္းကေခၽြးမေခ်ာေခ်ာေလးရေတာ့မယ္ဆိုၿပီးဝမ္းသာအားရ နဲ႔သူငယ္ခ်င္းေတြေတာင္ႂကြားၿပီးၿပီ မင္းကေတာ့ ဒီဘာမဟုတ္တဲ့ေကာင္နဲ႔ ျဖစ္ခဲ့ၾကၿပီးလက္ထပ္မယ္တဲ့လား"

"ေတာ္ေတာ့ မိန္းမ ျဖစ္ခဲ့တာေတြျဖစ္ၿပီးၿပီ ငါတို႔ဘက္ကတာဝန္ယူသင့္တာယူေပးရမယ္"

"ေနစမ္းပါရွင္ ကၽြန္မေမးဦးမယ္ ဒီမွာ မင္းနာမည္ဘယ္လိုေခၚလဲ"

"ေရွာင္လုဟန္"

"မင္းမိဘေတြကေရာ"

"မသိဘူး တစ္ေနရာမွာရွိမွာေပါ့"

"ဘာာ"

ဆယ္ဟြန္းေရာ သူ႔ေဖေဖေရာကၽြန္ေတာ့္ကိုအံ့ဩတႀကီးလွမ္းၾကည့္ေပမယ့္ မသိခ်င္ေယာင္ေဆာင္ေနလိုက္တယ္။သူ႔ေမေမကေတာ့ကၽြန္ေတာ့္ကိုလူႀကီးေမးတာကိုဒီလိုေျဖရလားဆိုၿပီးရိုင္းတယ္ထင္ေနတယ္။မတတ္ႏိုင္ဘူးေလ ကၽြန္ေတာ္လည္းအမွန္ေျဖတာပဲ...

"မင္း..မင္း...အဲ့တာဆိုမင္းဘယ္ေနရာမွာေနတာလဲ"

"တစ္ေယာက္ထဲေနတာေလ"

"အရွက္မရွိလိုက္တာ မင္းလိုလူမ်ိဳးက ဆယ္ဟြန္းနဲ႔မတန္ဘူး မင္းအခုပိုက္ဆံမရွိလို႔ငါတို႔ကိုကပ္တာမလားဟမ္"

ကြ်န္ေတာ္သူမအေျပာေၾကာင့္စိတ္ေလသြားသည္။ဘယ္ႏွယ့္ မသိရင္သူတို႔ပိုက္ဆံကိုလိုခ်င္လို႔ကပ္ေနသလိုလို...သူတို႔ပိုက္ဆံေတြကို ဂရုကိုမစိုက္တာ ကၽြန္ေတာ္က ဆယ္ဟြန္းကိုပဲလိုခ်င္တာ...

"ကၽြန္ေတာ့္မွာပိုက္ဆံရွိပါတယ္ ကၽြန္ေတာ္အလုပ္မလုပ္လည္းထိုင္စားေနလို႔ရတယ္ ကၽြန္ေတာ့္အေကာင့္ထဲကိုအျမဲပိုက္ဆံဝင္ေနၿပီးသား"

"အဟက္ မျဖစ္ႏိုင္တာ မင္းလိုအထက္တန္းေက်ာင္းသားမိဘမရွိတဲ့သူက ဘယ္လိုလုပ္ပိုက္ဆံရွိမွာလဲ ဘာေတြလုပ္စားလည္းမွမသိတာ"

"ေဟာဗ်ာ အန္တီကၽြန္ေတာ့္ကိုေစာ္ကားလွခ်ည္လား
အန္တီမယံုလည္းမတတ္ႏိုင္ဘူး ကြ်န္ေတာ့္အေကာင့္ထဲကိုအျမဲပိုက္ဆံဝင္တယ္ ဆယ္ဟြန္းနဲ႔ကၽြန္ေတာ္ေအးေဆးေတာင္ထိုင္စားလို႔ရတယ္"

"ေတာ္ပါေတာ့ေမေမရယ္"

ဆယ္ဟြန္းမေနႏိုင္ေတာ့ပဲဝင္တားလိုက္တယ္။ေမေမေျပာတာေတြကတစ္ျဖည္းျဖည္းေတာ့လြန္လာၿပီ။ သူသိပါသည္ ဒီေကာင္ေလးဘာအလုပ္မွမလုပ္ေပမယ့္ ပိုက္ဆံရွိတယ္ဆိုတာ သူ႔မွာလၽွို႔ဝွက္ခ်က္ေတြရွိတယ္ဆိုတာလည္းသိတယ္။ လုဟန္ဆိုတာ သူနဲ႔လက္ထပ္ခံနီးထိျဖစ္ေနေပမယ့္ အခုထိ လုဟန္အေၾကာင္းဘာဆိုဘာမွမသိ ဂ်ီအြန္းေျပာျပထားတဲ့အတိုင္း အႏိုင္က်င့္ခံေက်ာင္းသား ဆိုတာပဲသိတာ...လုဟန္ရဲ႕နာမည္ေတာင္ သူ႔ကိုstalker လိုက္လြန္းလို႔ ဘယ္သူလဲေမးရင္းသိတာ.....
ဒီလုဟန္က သိပ္ကိုလၽွို႔ဝ်က္လြန္းတယ္.......

"အားလံုးေတာ္ၾကေတာ့ ငါလက္ထပ္ပြဲကိုဒီတစ္ပတ္အတြင္းလုပ္ေပးမယ္"

"ဗ်ာ ေဖေဖအရမ္းအျမန္လြန္းဘူးလား"

"ဟုတ္တယ္ ေယာက်္ား သူတို႔ကအခုမွ အထက္တန္းၿပီးခါစရွိေသးတယ္"

"ေတာ္ေတာ့ ဒီေလာက္ထိျဖစ္ခဲ့ၾကၿပီးတဲ့ဟာကို အခ်ိန္ဆြဲမေကာင္းဘူး"

ေဖေဖရဲ႕ အမိန္႔ဆန္ဆန္တစ္ခြန္းေျပာလိုက္တာေၾကာင့္ကၽြန္ေတာ္ေရာေမေမေရာ ၿငိမ္က်သြားတယ္။ ကၽြန္ေတာ္လုဟန္ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ သူကေပ်ာ္ေနတဲ့ပံု...အင္းေပါ့ေလ ကၽြန္ေတာ့္ကိုလိုခ်င္လို႔ ဒီလိုေတြေတာင္ၾကံခဲ့တာကို လက္ထက္ပြဲျမန္ေလသူပုိေပ်ာ္ေလေပါ့....

သူကၽြန္ေတာ့္ကိုျပန္ၾကည့္အခ်ိန္က် ကၽြန္ေတာ္တစ္ခ်က္မဲ့ၿပီး တစ္ဖက္လွည့္လိုက္တယ္။ သူကေတာ့ ရူးေနလားမသိဘူး ကၽြန္ေတာ့္ကိုျပံဳးၿပီးပဲၾကည့္ေနတယ္။

လက္ထပ္ပြဲကိုေတာ့အက်ဥ္းခ်ံဳးပဲက်င္းပခဲ့တယ္။ကၽြန္ေတာ့္ေဖေဖ ဘက္ကေဆြမ်ိဳးနည္းနည္းရယ္မိတ္ေဆြနည္းနည္းရယ္ ကၽြန္ေတာ့္သူငယ္ခ်င္းနည္းနည္းရယ္ေပါ့ သူ႔ဘက္ကေတာ့ ေျဗာင္ဘတ္ဟၽြန္းဆိုတဲ့သူတစ္ေယာက္ပဲလာတယ္။မိဘမပါေဆြမ်ိဳးမပါ သူငယ္ခ်င္းတစ္ေယာက္ထဲပဲလာေတာ့ ကၽြန္ေတာ္ဘာရယ္မဟုတ္ သနားစိတ္ေလးေတာ့ဝင္မိသား.......

ေျဗာင္ဘတ္ဟၽြန္းဆိုတဲ့ေကာင္ေလးကလည္း သူ႔နားပဲကပ္ၿပီးစကားေျပာေနတာ သူကလည္းျပန္ကပ္ၿပီးတိုးတိုး တုိးတုိးနဲ႔ဘာေတြေျပာေနၾကမွန္းမသိ ဒီလက္ထပ္ပြဲက သူနဲ႔ကၽြန္ေတာ္ရဲ႕ပြဲဆိုတာေတာင္သတိရေသးရဲ႕လား....တကယ္ပါပဲ မင္းသိပ္အခ်ိဳးမေျပဘူး ေရွာင္လုဟန္......

ေမေမက သူတို႔အိမ္လာေနခိုင္းေပမယ့္ ကၽြန္ေတာ္ျငင္းလိုက္တယ္ ေမေမတို႔အိမ္ကိုလာေနရင္ သူ႔အတြက္ေတာ္ေတာ္ခက္ခဲမွာ အစထဲကေမေမကသေဘာက်တာမဟုတ္ဘူး...ၿပီးေတာ့ ကၽြန္ေတာ္လည္းၾကားထဲကေနရခက္ေနမွာ....

ေဖေဖကေတာ့ လက္ဖြဲ႕အျဖစ္အိမ္တစ္လံုးလက္ေဆာင္ေပးတယ္...ကၽြန္ေတာ္တို႔မိသားစုက အရမ္းႀကီးမခ်မ္းသာေပမယ့္ အေတာ္အသင့္ေတာ့ခ်မ္းသာပါတယ္ ေမေမကေတာ့ ကၽြန္ေတာ္တို႔အိမ္မသြားခင္ကၽြန္ေတာ့္ကိုေသခ်ာမွာတယ္ သူကကၽြန္ေတာ့္စည္းစိမ္ေၾကာင့္ကပ္တာတဲ့ ေသခ်ာဂရုစိုက္တို႔ဘာတို႔ေပါ့....ကၽြန္ေတာ့္ေခါင္းၿငိမ့္ေပမယ့္ စိတ္ထဲမွာေတာ့ျငင္းေနမိတယ္ မသိစိတ္ကေတာ့သူ႔ကိုယံုၾကည္ေနမိသား.....

အိမ္ကိုသြားတဲ့လမ္းမွာ ကၽြန္ေတာ့္စိတ္ကိုျပင္ဆင္ေနတယ္ သူ႔ကိုလ်စ္လ်ဴရႈရမယ္ သူ႔ကိုေနာင္တရေအာင္လုပ္ရမယ္ဆိုၿပီး....
ေရွာင္လုဟန္  မင္းငါ့ကိုအခုလိုယူခဲ့တဲ့အတြက္ မင္းလံုးဝေနာင္တရေစရမယ္...............

အိမ္က ရိုးရိုးေလးပါပဲ တစ္ထပ္တိုက္ပုေလး လက္ထပ္ၿပီးစံုတြဲေတာ္ေတာ္မ်ားမ်ားေနခ်င္တဲ့ပံုစံေလးေပါ့.....ဒါေပမယ့္ ဆယ္ဟြန္းကကၽြန္ေတာ့္ကိုၾကည္ျဖဴၿပီးယူခဲ့တာမဟုတ္ေတာ့ စိတ္ထဲေလးေနမိတယ္....
အခုလည္း အိတ္ေတြအကုန္ကၽြန္ေတာ္ကိုယ္တိုင္ပဲယူရတယ္ သူကေတာ့လံုးဝကူသယ္မေပးဘူး ေနကာမ်က္မွန္ၿကီးေကာက္တပ္ၿပီးခပ္တည္တည္ႀကီးနဲ႔......ဟြင့္ အေခ်ေကာင္ႀကီး.....
ျပင္ဆင္ထားတဲ့ အိပ္ခန္းေလးထဲဝင္မလို႔ပဲရွိေသးတယ္ သူကကၽြန္ေတာ့္လွမ္းေခၚၿပီးေျပာတယ္။

"မင္းက အခုဘယ္အခန္းကိုဝင္ေနတာလဲ"

"ဟြန္း ဒါ ငါတို႔အိပ္ခန္းေလ အဲ့တာေၾကာင့္ဝင္မလို႔"

"ငါမင္းနဲ႔တူတူအိပ္မယ္လုိ႔ေျပာမိလို႔လား ဟက္ဘာလဲ ဒီညကိုေမၽွာ္ေနတာေတာ့မဟုတ္ပါဘူးေနာ္"

သူ႔ရဲ႕ခနဲ႔တဲ့တဲ့ရြဲ႕တဲ့တဲ့ေလသံကိုနားမေထာင္ခ်င္ေသာေၾကာင့္ ေခါင္းဦးငံု႔ၿပီးသာ ေနလိုက္တယ္။

"အဲ့တာဆိုငါဘယ္အခန္းမွာေနရမွာလဲ အိပ္ခန္းကတစ္ခန္းထဲပါတာ"

"မင္းဘာသာမင္းႀကိဳက္တဲ့အခန္းသြားေန ငါမင္းနဲ႔တစ္ခန္းထဲတူတူမေနႏိုင္ဘူး"

"အင္းပါ"

"ၿပီးေတာ့ ငါဒီညအိမ္ျပန္အိပ္ဖို႔မေသခ်ာဘူး ငါသြားၿပီ မင္းဘာသာတစ္ေယာက္ထဲေနခဲ့ေတာ့"

သူထြက္သြားမွ ကၽြန္ေတာ္သက္ျပင္းခ်မိသည္။
နာက်င္ေနေသာ ႏွလံုးသားေနရာကိုမသိခ်င္ေယာင္ေဆာင္ရင္း~~~
ငါမင္းႏွလံုးသားကိုတကယ္လြန္ခ်င္တယ္ဆယ္ဟြန္း~~~

မင္းသိလား ငါအခုမင္းကိုပိုင္သြားၿပီ ပိုင္ပဲပိုင္ေသးတာမဆိုင္ေသးဘူးလို႔ေတာ့မေျပာပါနဲ႔ မၾကာခင္ဆိုင္ေတာ့မွာပါ...

ငါဒီတိုင္းေနမယ္ထင္လား ဟြန္း မင္းငါ့ကိုေလ်ာ့တြက္လြန္းတယ္ကြာ.....
ငါမင္းကိုပိုင္ဆိုင္ရေအာင္လုပ္မယ္ အဲ့မွာ ဂ်ီအြန္းက ငါ့ရဲ႕နယ္ရုပ္ေလးေပါ့ မင္းကိုပိုင္ဆိုင္ရေအာင္လုပ္ေပးႏိုင္တဲ့ ငါ့ရဲ႕နယ္ရုပ္ေလး..........

----------------------------------------------------------

#2114 words
#Thanks for reading
#90°bow


____________________________________

[Unicode]

"ဒါဘယ်လိုတွေဖြစ်တာလည်းအိုဆယ်ဟွန်း"

"တောင်းပန်ပါတယ် ဖေဖေကျွန်တော် မှားသွားခဲ့လို့ပါ"

ဆယ်ဟွန်းကျွန်တော့်ကိုတာဝန်ယူမယ်ဆိုပြီး သူ့မိဘတွေရှေ့ဖွင့်ပြောခဲ့တယ်။သူ့ဖေဖေကတော့ မျက်နှာထားတင်းတင်းနဲ့ကျွန်တော့်ကိုကြည့်နေပေမယ့် သူ့မေမေကတော့ကျွန်တော့်ကိုသဘောမကျတာသိသာလွန်းတယ်။

"အမလေး ဆယ်ဟွန်းရယ် ငါတို့ကတော့ ဂျီအွန်းနဲ့ဆိုပြီးမင်းကိုသဘောတူထားကြတာ မင်းကအခုတော့ တက္ကသိုလ်လည်းမတက်ရသေးဘဲ ဘာအကြောင်းမှမသိတဲ့ယောကျ်ားလေးတစ်ယောက်နဲ့ဖြစ်ခဲ့တယ်တယ်တဲ့လား"

"တောင်းပန်ပါတယ်မေမေရယ်"

"နင် မင်းမိဘမျက်နှာအိုးမဲသုတ်လိုက်တာပဲ အိုဆယ်ဟွန်း ငါကတော့လေ ငါ့သူငယ်ချင်းတွေကိုအသိုင်းအဝိုင်းကောင်းကောင်းကချွေးမချောချောလေးရတော့မယ်ဆိုပြီးဝမ်းသာအားရ နဲ့သူငယ်ချင်းတွေတောင်ကြွားပြီးပြီ မင်းကတော့ ဒီဘာမဟုတ်တဲ့ကောင်နဲ့ ဖြစ်ခဲ့ကြပြီးလက်ထပ်မယ်တဲ့လား"

"တော်တော့ မိန်းမ ဖြစ်ခဲ့တာတွေဖြစ်ပြီးပြီ ငါတို့ဘက်ကတာဝန်ယူသင့်တာယူပေးရမယ်"

"နေစမ်းပါရှင် ကျွန်မမေးဦးမယ် ဒီမှာ မင်းနာမည်ဘယ်လိုခေါ်လဲ"

"ရှောင်လုဟန်"

"မင်းမိဘတွေကရော"

"မသိဘူး တစ်နေရာမှာရှိမှာပေါ့"

"ဘာာ"

ဆယ်ဟွန်းရော သူ့ဖေဖေရောကျွန်တော့်ကိုအံ့ဩတကြီးလှမ်းကြည့်ပေမယ့် မသိချင်ယောင်ဆောင်နေလိုက်တယ်။သူ့မေမေကတော့ကျွန်တော့်ကိုလူကြီးမေးတာကိုဒီလိုဖြေရလားဆိုပြီးရိုင်းတယ်ထင်နေတယ်။မတတ်နိုင်ဘူးလေ ကျွန်တော်လည်းအမှန်ဖြေတာပဲ...

"မင်း..မင်း...အဲ့တာဆိုမင်းဘယ်နေရာမှာနေတာလဲ"

"တစ်ယောက်ထဲနေတာလေ"

"အရှက်မရှိလိုက်တာ မင်းလိုလူမျိုးက ဆယ်ဟွန်းနဲ့မတန်ဘူး မင်းအခုပိုက်ဆံမရှိလို့ငါတို့ကိုကပ်တာမလားဟမ်"

ကျွန်တော်သူမအပြောကြောင့်စိတ်လေသွားသည်။ဘယ်နှယ့် မသိရင်သူတို့ပိုက်ဆံကိုလိုချင်လို့ကပ်နေသလိုလို...သူတို့ပိုက်ဆံတွေကို ဂရုကိုမစိုက်တာ ကျွန်တော်က ဆယ်ဟွန်းကိုပဲလိုချင်တာ...

"ကျွန်တော့်မှာပိုက်ဆံရှိပါတယ် ကျွန်တော်အလုပ်မလုပ်လည်းထိုင်စားနေလို့ရတယ် ကျွန်တော့်အကောင့်ထဲကိုအမြဲပိုက်ဆံဝင်နေပြီးသား"

"အဟက် မဖြစ်နိုင်တာ မင်းလိုအထက်တန်းကျောင်းသားမိဘမရှိတဲ့သူက ဘယ်လိုလုပ်ပိုက်ဆံရှိမှာလဲ ဘာတွေလုပ်စားလည်းမှမသိတာ"

"ဟောဗျာ အန်တီကျွန်တော့်ကိုစော်ကားလှချည်လား
အန်တီမယုံလည်းမတတ်နိုင်ဘူး ကျွန်တော့်အကောင့်ထဲကိုအမြဲပိုက်ဆံဝင်တယ် ဆယ်ဟွန်းနဲ့ကျွန်တော်အေးဆေးတောင်ထိုင်စားလို့ရတယ်"

"တော်ပါတော့မေမေရယ်"

ဆယ်ဟွန်းမနေနိုင်တော့ပဲဝင်တားလိုက်တယ်။မေမေပြောတာတွေကတစ်ဖြည်းဖြည်းတော့လွန်လာပြီ။ သူသိပါသည် ဒီကောင်လေးဘာအလုပ်မှမလုပ်ပေမယ့် ပိုက်ဆံရှိတယ်ဆိုတာ သူ့မှာလျှို့ဝှက်ချက်တွေရှိတယ်ဆိုတာလည်းသိတယ်။ လုဟန်ဆိုတာ သူနဲ့လက်ထပ်ခံနီးထိဖြစ်နေပေမယ့် အခုထိ လုဟန်အကြောင်းဘာဆိုဘာမှမသိ ဂျီအွန်းပြောပြထားတဲ့အတိုင်း အနိုင်ကျင့်ခံကျောင်းသား ဆိုတာပဲသိတာ...လုဟန်ရဲ့နာမည်တောင် သူ့ကိုstalker လိုက်လွန်းလို့ ဘယ်သူလဲမေးရင်းသိတာ.....
ဒီလုဟန်က သိပ်ကိုလျှို့ဝျက်လွန်းတယ်.......

"အားလုံးတော်ကြတော့ ငါလက်ထပ်ပွဲကိုဒီတစ်ပတ်အတွင်းလုပ်ပေးမယ်"

"ဗျာ ဖေဖေအရမ်းအမြန်လွန်းဘူးလား"

"ဟုတ်တယ် ယောကျ်ား သူတို့ကအခုမှ အထက်တန်းပြီးခါစရှိသေးတယ်"

"တော်တော့ ဒီလောက်ထိဖြစ်ခဲ့ကြပြီးတဲ့ဟာကို အချိန်ဆွဲမကောင်းဘူး"

ဖေဖေရဲ့ အမိန့်ဆန်ဆန်တစ်ခွန်းပြောလိုက်တာကြောင့်ကျွန်တော်ရောမေမေရော ငြိမ်ကျသွားတယ်။ ကျွန်တော်လုဟန်ကိုတစ်ချက်ကြည့်လိုက်တော့ သူကပျော်နေတဲ့ပုံ...အင်းပေါ့လေ ကျွန်တော့်ကိုလိုချင်လို့ ဒီလိုတွေတောင်ကြံခဲ့တာကို လက်ထက်ပွဲမြန်လေသူပိုပျော်လေပေါ့....

သူကျွန်တော့်ကိုပြန်ကြည့်အချိန်ကျ ကျွန်တော်တစ်ချက်မဲ့ပြီး တစ်ဖက်လှည့်လိုက်တယ်။ သူကတော့ ရူးနေလားမသိဘူး ကျွန်တော့်ကိုပြုံးပြီးပဲကြည့်နေတယ်။

လက်ထပ်ပွဲကိုတော့အကျဉ်းချုံးပဲကျင်းပခဲ့တယ်။ကျွန်တော့်ဖေဖေ ဘက်ကဆွေမျိုးနည်းနည်းရယ်မိတ်ဆွေနည်းနည်းရယ် ကျွန်တော့်သူငယ်ချင်းနည်းနည်းရယ်ပေါ့ သူ့ဘက်ကတော့ ဗြောင်ဘတ်ဟျွန်းဆိုတဲ့သူတစ်ယောက်ပဲလာတယ်။မိဘမပါဆွေမျိုးမပါ သူငယ်ချင်းတစ်ယောက်ထဲပဲလာတော့ ကျွန်တော်ဘာရယ်မဟုတ် သနားစိတ်လေးတော့ဝင်မိသား.......

ဗြောင်ဘတ်ဟျွန်းဆိုတဲ့ကောင်လေးကလည်း သူ့နားပဲကပ်ပြီးစကားပြောနေတာ သူကလည်းပြန်ကပ်ပြီးတိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေကြမှန်းမသိ ဒီလက်ထပ်ပွဲက သူနဲ့ကျွန်တော်ရဲ့ပွဲဆိုတာတောင်သတိရသေးရဲ့လား....တကယ်ပါပဲ မင်းသိပ်အချိုးမပြေဘူး ရှောင်လုဟန်......

မေမေက သူတို့အိမ်လာနေခိုင်းပေမယ့် ကျွန်တော်ငြင်းလိုက်တယ် မေမေတို့အိမ်ကိုလာနေရင် သူ့အတွက်တော်တော်ခက်ခဲမှာ အစထဲကမေမေကသဘောကျတာမဟုတ်ဘူး...ပြီးတော့ ကျွန်တော်လည်းကြားထဲကနေရခက်နေမှာ....

ဖေဖေကတော့ လက်ဖွဲ့အဖြစ်အိမ်တစ်လုံးလက်ဆောင်ပေးတယ်...ကျွန်တော်တို့မိသားစုက အရမ်းကြီးမချမ်းသာပေမယ့် အတော်အသင့်တော့ချမ်းသာပါတယ် မေမေကတော့ ကျွန်တော်တို့အိမ်မသွားခင်ကျွန်တော့်ကိုသေချာမှာတယ် သူကကျွန်တော့်စည်းစိမ်ကြောင့်ကပ်တာတဲ့ သေချာဂရုစိုက်တို့ဘာတို့ပေါ့....ကျွန်တော့်ခေါင်းငြိမ့်ပေမယ့် စိတ်ထဲမှာတော့ငြင်းနေမိတယ် မသိစိတ်ကတော့သူ့ကိုယုံကြည်နေမိသား.....

အိမ်ကိုသွားတဲ့လမ်းမှာ ကျွန်တော့်စိတ်ကိုပြင်ဆင်နေတယ် သူ့ကိုလျစ်လျူရှုရမယ် သူ့ကိုနောင်တရအောင်လုပ်ရမယ်ဆိုပြီး....
ရှောင်လုဟန်  မင်းငါ့ကိုအခုလိုယူခဲ့တဲ့အတွက် မင်းလုံးဝနောင်တရစေရမယ်...............

အိမ်က ရိုးရိုးလေးပါပဲ တစ်ထပ်တိုက်ပုလေး လက်ထပ်ပြီးစုံတွဲတော်တော်များများနေချင်တဲ့ပုံစံလေးပေါ့.....ဒါပေမယ့် ဆယ်ဟွန်းကကျွန်တော့်ကိုကြည်ဖြူပြီးယူခဲ့တာမဟုတ်တော့ စိတ်ထဲလေးနေမိတယ်....
အခုလည်း အိတ်တွေအကုန်ကျွန်တော်ကိုယ်တိုင်ပဲယူရတယ် သူကတော့လုံးဝကူသယ်မပေးဘူး နေကာမျက်မှန်ကြီးကောက်တပ်ပြီးခပ်တည်တည်ကြီးနဲ့......ဟွင့် အချေကောင်ကြီး.....
ပြင်ဆင်ထားတဲ့ အိပ်ခန်းလေးထဲဝင်မလို့ပဲရှိသေးတယ် သူကကျွန်တော့်လှမ်းခေါ်ပြီးပြောတယ်။

"မင်းက အခုဘယ်အခန်းကိုဝင်နေတာလဲ"

"ဟွန်း ဒါ ငါတို့အိပ်ခန်းလေ အဲ့တာကြောင့်ဝင်မလို့"

"ငါမင်းနဲ့တူတူအိပ်မယ်လို့ပြောမိလို့လား ဟက်ဘာလဲ ဒီညကိုမျှော်နေတာတော့မဟုတ်ပါဘူးနော်"

သူ့ရဲ့ခနဲ့တဲ့တဲ့ရွဲ့တဲ့တဲ့လေသံကိုနားမထောင်ချင်သောကြောင့် ခေါင်းဦးငုံ့ပြီးသာ နေလိုက်တယ်။

"အဲ့တာဆိုငါဘယ်အခန်းမှာနေရမှာလဲ အိပ်ခန်းကတစ်ခန်းထဲပါတာ"

"မင်းဘာသာမင်းကြိုက်တဲ့အခန်းသွားနေ ငါမင်းနဲ့တစ်ခန်းထဲတူတူမနေနိုင်ဘူး"

"အင်းပါ"

"ပြီးတော့ ငါဒီညအိမ်ပြန်အိပ်ဖို့မသေချာဘူး ငါသွားပြီ မင်းဘာသာတစ်ယောက်ထဲနေခဲ့တော့"

သူထွက်သွားမှ ကျွန်တော်သက်ပြင်းချမိသည်။
နာကျင်နေသော နှလုံးသားနေရာကိုမသိချင်ယောင်ဆောင်ရင်း~~~
ငါမင်းနှလုံးသားကိုတကယ်လွန်ချင်တယ်ဆယ်ဟွန်း~~~

မင်းသိလား ငါအခုမင်းကိုပိုင်သွားပြီ ပိုင်ပဲပိုင်သေးတာမဆိုင်သေးဘူးလို့တော့မပြောပါနဲ့ မကြာခင်ဆိုင်တော့မှာပါ...

ငါဒီတိုင်းနေမယ်ထင်လား ဟွန်း မင်းငါ့ကိုလျော့တွက်လွန်းတယ်ကွာ.....
ငါမင်းကိုပိုင်ဆိုင်ရအောင်လုပ်မယ် အဲ့မှာ ဂျီအွန်းက ငါ့ရဲ့နယ်ရုပ်လေးပေါ့ မင်းကိုပိုင်ဆိုင်ရအောင်လုပ်ပေးနိုင်တဲ့ ငါ့ရဲ့နယ်ရုပ်လေး..........

----------------------------------------------------------

#2114 words
#Thanks for reading
#90°bow


____________________________________


© Ichika Yuko,
книга «Villain Game».
Коментарі