Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11
{Unicode}

နာကျင်ရမှန်းသိလျက်နဲ့ရှေ့ဆက်တိုးမိသည်။

သူ့နားနေရရုံလေးနဲ့လည်းကျေနပ်နိုင်ပါရဲ့ဆိုပြီးရှေ့ဆက်တိုးမိသည်။

နောက်ဆုံးမဖြစ်နိုင်မှန်းသိသော ပိုင်ဆိုင်လိုခြင်းတို့ဖြစ်ပေါ်လာသောအခါ ဆူးခင်းလမ်းသို့မျက်စိစုံမှိတ်ကာ ရှေ့ဆက်တိုးမိလေတော့သတည်း။

**********************

ငါဘာဆက်လုပ်သင့်လဲ ဆယ်ဟွန်း အခုမှတွေ့ပြီးမင်းနှလုံးသားကိုခုထိမရသေးတဲ့ငါ နဲ့ မင်းကိုစောစီးစွာတွေ့ရှိပြီး မင်းနှလုံးသားကိုပိုင်ဆိုင်ထားသောသူမ ပြိုင်ပွဲရဲ့နောက်ဆုံးရလာဒ်ကရှင်းပြစရာမလိုလောက်အောင်အနိုင်အရှုံးကွဲပြားနေလေရဲ့.......................

ဘဝမှာပိုင်ဆိုင်ခြင်ဖူးတဲ့လူသားဟာမင်းတစ်ယောက်ထဲမို့ နည်းနည်းတော့အတ္တကြီးပါရစေ။

ဘယ်ဆီရောက်လို့နေမှန်းမသိတဲ့ဆယ်ဟွန်းဟာ အဆက်အသွယ်မလုပ် မကြောင်းမကြားနဲ့ ဒီကလူကိုရင်ပူအောင်လုပ်တတ်နိုင်ဆုံးသူတစ်ယောက်ပါပေ။ လုဟန်အား ကမ္ဘာ့ရင်ပူအောင်လုပ်တတ်ဆုံးသော လူသားကိုဆုပေးရပေးရမည်ဆိုရင် အိုဆယ်ဟွန်းကိုသာပေးပြစ်ချင်ပါသည်။တစ်နေကုန်ပြန်မလာဘဲမိုးလင်းထဲကအရိပ်တောင်မတွေ့လိုက်ရသော ဆယ်ဟွန်းသည် သူငယ်ချင်းတွေနဲ့ပဲအတူရှိနေမလား။ သူသည် မဂ်လာသက်တမ်းတစ်နှစ်ပြည့်ဖြစ်သော ဒီနေ့အား မေ့ပျောက်ပစ်ချင်နေပုံရသည်။

ဒါပေါ့ ကျွန်တော်ဒီနေ့အတွက်ကြိုတင်စဉ်းစားထားတဲ့အိမ်မက်လေးတွေအကုန်ရေစုံမြောသွားပါပြီ။ အကယ်၍များ မျှော်လင့်ထားသလိုလေးလျောက်လည်ခွင့်လေးမရရင်တောင် ကိုယ်ချက်တဲ့ဟင်းလျာလေးတွေကိုသူနဲ့တူတူထိုင်စားကာ တစ်နေ့လုံးအိမ်ထဲမှာ တူတူနေချင်ပါသေးသည်။သူကတော့ ကျွန်တော်စဉ်းစားထားတာတေါကိုကြိုသိနေတဲ့အတိုင်း ထိုသို့မဖြစ်ရလေအောင် ဉီးစွာအိမ်ကနေထွက်ခွာသွားပါသည်။


လောလောဆယ် ကျွန်တော်စိတ်ပန်းဖြေရန်လိုအပ်နေသည်။သူတစ်ယောက်သာ ကျွန်တော်အားထိုသို့ခံစားရအောင်လုပ်နိုင်စွမ်းရှိသည်။သူတစ်ယောက်သာကျွန်တော့်နှလုံးသားအား နာကျင်အောင်လုပ်နိုင်စွမ်းရှိသည်။သူနှင့်ပတ်သက်လာလျှင် ကျွန်တော့် မာနနဲ့သိက္ခာဆိုတာလည်းမြောင်းထဲသို့ရောက်ကုန်သည်။သူသည်သာ ကျွန်တော့်နှလုံသား၏အရှင်သခင်...............

"ဟယ်လို ဘတ်ဟျွန်းလား တစ်ခွက်လောက်သွားသောက်ရအောင်"

"............."

"အင်း Dragon Club မှာပဲတွေ့ကြတာပေါ့ငါအခုထွက်လာပြီ Bye"

အတန်းမတူတော့တာတောင် မေဂျာမတူတော့တာတောင် ရင်းနှီးနေသောသော ကျွန်တော်တို့နှစ်ယောက်........... ဘတ်ဟျွန်းသည်ကျွန်တော့်အခြားသူငယ်ချင်းတွေထက်သာလွန်သည်ဟု ထင်သည်။တွေ့တာမကြာသေးသော်လည်း ခင်တာမကြာသေးသော်လည်း ကျွန်တော်တို့နှစ်ယောက်သည်ညီအစ်ကိုအရင်းများပမာ အခြားသူများထက်ပိုခင်သည်။လူတိုင်းအပေါ်မယုံကြည်လွယ်သော ဘတ်ဟျွန်းအပေါ်တွင်တော့ ထူးထူးခြားခြားယုံကြည်မိပါသည်။နာကျင်ကြသောနှလုံးသားတစ်စုံတို့၏ဖြစ်ရပ်တို့က ထပ်တူညီနေခြင်းကြောင့်များလား.........................

Pinot Noir အမည်ရှိတဲ့ ဝိုင်ကိုဖန်ခွက်ထဲလောင်းထည့်ကာ အရသာခံသောက်ရင်း ထိုင်ခုံနောက်သို့မှီလိုက်လေသည်။ Dragon Club သည် နာမည်ကြီးဆုံး Club တစ်ခုတွင်ပါဝင်သည်။ အောက်ထပ်တွင် ရှိပေမယ့် အပေါ်ထပ်သို့ဝင်လိုက်လျှင်တော့ အပြာရောင် မီးရောင်ဖျော့ဖျော့လေးဖြင့် သီချင်းအေးအေးလေးဖွင့်ကာ အနားယူရန်သင့်တော်သော နေရာတစ်ခုဖြစ်လေသည်။ သို့သော် ထိုအပေါ်ထပ်သို့ တော်ယုံလူဝင်ခွင့်မရနိုင်။ Club ၏ VIP member ဖြစ်မှသာ ဝင်ခွင့်ရနိုင်သည်။

လုဟန်အရင်တုန်းကလို မိန်းမလှလေးတွေနဲ့တွဲကတာတွေ ဘာတွေလုပ်ချင်စိတ်မရှိတာကြောင့် သီးသန့်ခန်းထဲမှာသာ ဝီုင်သောက်ရင်း ဘတ်ဟျွန်းကိုသာစောင့်နေမိသည်။အရင်ကဆို ခဏလေးအတွင်းရောက်ရောက်လာတတ်သော ဘတ်ဟျွန်းသည် ဒီတစ်ချိန်တွင်သော နာရီဝက်ကျော်ကြာမှရောက်လာသည်။

"ဆိုစမ်းပါဦး ဘာတွေဝမ်းနည်းနေလို့ အိမ်ထောင်ပြုပြီးထဲကမလာတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ဒီကိုတောင်ရောက်လာရတာလဲ"

သူ့ခဗျာ ရောက်ရောက်ရောက်ချင်းအမောတောင် မဖြေနိုင် ကျွန်တော့်အတွက်စိတ်ပူပေးနေသည်။ဘတ်ဟျွန်းသည် တကယ့်ကို ကျွန်တော့်သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်လေသည်။

"ဒီနေ့က လက်ထပ်ထားတာ တစ်နှစ်ပြည့်တဲ့နေ့လေ"

"ဒါဆို မင်းကဘာလို့ဒီရောက်နေတာတုန်း"

"ဟက်....ငါတို့ကချစ်ကြိုက်လို့ယူပြီး ကြင်ကြင်နာနာဆက်ဆံနေကြတဲ့ဆက်ဆံရေးမျိုးမှမဟုတ်တာ သူကဒီလိုနေ့မှာ ငါနဲ့တူတူပျော်နေမယ်ထင်လား"

ဘတ်ဟျွန်းခဏလောက်စဉ်းစားပြီး သူ့ကိုသေချာကြည့်ကာဆက်ပြောသည်။

"ငါက မင်းသူ့နှလုံးသားကိုရပြီထင်တာ.......မင်းနဲ့ဂျီအွန်းနဲ့ကလည်း ......."

"မင်းပြောချင်တာငါသိတယ် ငါသူ့ကိုရအောင်ယူနိုင်ပြီလို့ထင်တာဟုတ်တယ်မလား"

"အင်း"

"ငါသူ့ကိုဖြည်းဖြည်းချင်း ချဉ်းကပ်ဖို့စဉ်းစားထားတာ သူ့နှလုံးသားကိုတဖြည်းဖြည်းသိမ်းပိုက်မယ်ပေါ့ အခုတော့အဲ့လိုလုပ်လို့မရတော့ဘူးထင်တယ်"

"ရှောင်လုဟန်ဆိုတဲ့မင်းတောင်ခက်ခဲတယ်လို့ပြောပြီပေါ့"

"ဟုတ်တယ် ဂျီအွန်းကငါထင်ထားတာထက်ပိုပြီး ယုတ်မာတတ်နေတယ်လေ အဲ့တော့ငါလည်း လှုပ်ရှားရတော့မယ်ထင်တယ်"

" ငါအမြဲတမ်းမင်းဘက်ကပါ လုဟန်"

"ကျေးဇူးပဲ"

------------------------

"ဘယ်မှာလဲ အိုဆယ်ဟွန်းဆိုတဲ့အဖိုးကြီး ထွက်ခဲ့စမ်း!!!!!!!!!"

"ညနက်နေပြီ မင်းခြံဝကနေဘာတွေလျှောက်အော်နေတာလဲဟမ်"

"ဆယ်ဟွန်းနီး....သိပ်ချစ်ရပါသော ဆယ်ဟွန်းနီးက အကျင့်မကောင်းဘူး"

"မင်း မူးနေတာလား ကျစ် အရက်နံ့ကိုနံဟောင်နေတာပဲ"

"နည်းနည်းလေးပိစိလေးပဲသောက်လာတာကို ကျေနပ်ဘူးရားးးပြော"

"ဘာတွေဖြစ်နေတာလဲ လုဟန် အခန်းထဲကိုငြိမ်ငြိမ်လေးလိုက်ခဲ့ ဟုတ်ပြီလား မင်းခန္တာကိုဘ်က ဝက်လားအောက်မေ့ကတယ် လေးလိုက်တာ....."

"လုဟန်ရေးးကိုမကောင်းပြောတဲ့ ဆယ်ဟွန်းလူဆိုးကြီးးး တွားး လာတွဲနဲ့"

"လုဟန် တစ်ယောက်နှယ် ခက်လိုက်တာ"

"လုဟန်ရေးကိုမကောင်းပြောပြီ ကြည့်ကြပါဦး လုဟန်ရေးက ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်ပါ ဒီငတုံးအဖိုးကြီးကသာ လုဟန်ရေးရဲ့ အိမ်မက်တွေကိုဖျက်စီးပစ်တာ ဟွန့်"

"ဟမ်"

"ဒီနေ့ နှစ်ပတ်လည်နေ့လေးကို လုဟန်ရေးလည်းပျော်ချင်တာပေါ့လို့ အူးဝါးးးးးးးးး"

လုဟန်တစ်ယောက် ကုတင်ပေါ်တွင်လူးလှိမ့်ငိုယိုကာနောက်ဆုံး၌အိပ်ပျော်သွားလေသည်။ သူ့အားစိုက်ကြည့်ကာ သက်ပြင်းချရင်း သူ့ကိုဖက်အိပ်လိုက်သောလူသားတစ်ယောက်ရှိကြောင်းကိုတော့ သူမသိလိုက်ပါလေ။အကယ်၍များ သူသိခဲ့ရင် အပျော်လွန်ပြီး တလှုပ်လှုပ်နဲ့ ကနေလေမလား.......

မနက်ခင်းနေရောင်သည်အိပ်ရာပေါ်တွင်အိပ်စက်နေသော အလှလေးထံသို့ခစားနေလေသည်။ နေရောင်စူးစူးကြောင့် လုဟန်အိပ်ရာကနေနိုးထလာလေသည်။ ညကအရက်သောက်မိလိုက်သောကြောင့် မနက်နိုးလာတဲ့အခါ ခေါင်းကိုက်နေသည်။

ညကအိမ်ဘယ်လိုပြန်ရောက်လာပါလိမ့်? အခန်းထဲကော ဘယ်လိုပြန်ရောက်တာလဲ ဆယ်ဟွန်းပို့ပေးတာများလား? စဉ်းစားလေလေ ခေါင်းကိုက်လာလေ ဖြစ်လာသည် သူညကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုသိပ်မမှတ်မိတော့ဘူး။ အင်း ဘတ်ဟျွန်းက မူးလေကောင်းလေသောက်သောက်ဆိုပြီး အရက်အပြင်းတွေယူလာပေးလို့ သူလည်း သောက်မိလိုက်တာ ပြီးတော့ သူမူးနေလို့ ဘတ်ဟျွန်းအိပ်ရှေ့ခြံဝထိပြန်ပို့ပေးတာ နောက်တော့....နောက်တော့.....

သေစမ်း လုဟန် သေလိုက်ပါတော့ အရက်မူးရင်ရစ်တတ်တဲ့ ကို့အကျင့်ကိုသိရက်နဲ့ အရက်သောက်လာရလား သွားပါပြီ ငါ ဆယ်ဟွန်းကိုအဖိုးကြီးလို့ခေါပြီး အပြစ်တွေတင်နေလိုက်သေးတယ်။ချစ်တဲ့သူဆို အကောင်းမျက်စိနဲ့ကြည့်ပြီး ချစ်စရာလေးလို့ သူ့ကိုထင်မှာပဲ ခက်တာက ဆယ်ဟွန်းက သူ့ကိုမုန်းလွန်းသည်ဟု မဆိုသော်လည်း မချစ်သည်ကတော့ သေချာလှသည်မို့................

"လူးလှိမ့်နေတာပြီး ပြီလား လုဟန် ပြီးရင် မျက်နှာသစ်ပြီး အောက်ဆင်းလာတဲ့ အမူးပြေဟင်းချိုချက်ပေးထားတယ်"

တံခါးကိုမှီပြီး အိပ်ရာပေါ်တွင် လူးလှိမ့်နေသော လုဟန်ကို သူ့မူပိုင် အချေမျက်နှာဖြင့်ပြောချင်တာပြောတာအောက်ဆင်းသွားလေတော့ လုဟန်လေးခဗျာ အိပ်ရာပေါ်မှာ မျက်လုံးအပြူးသားလေနှင့် ကျန်ရစ်ခဲ့လေသည်။

လုဟန် ထမင်းစားခန်းထဲဝင်လိုက်‌တော့ အေပရွန်ကြီးဝတ်ပြီး မနက်စာပြင်နေတဲ့ ဆယ်ဟွန်းကိုထူးထူးခြားခြားတွေ့လိုက်ရပြန်သည်။ ဆယ်ဟွန်းဒီလိုတွေချက်ပြုတ်တတ်မှန်း လုဟန်မသိခဲ့ရိုးအမှန်ပါ။ သူ့အတွက်အမူးပြေဟင်းရည်လေးကိုတွေ့လိုက်ရတဲ့အခါ ရင်ထဲမှာကြည်နူးမိပါသည်။ဟင်းအမျိုးအစားများများမပါဝင်ဘဲ အမူးပြေဟင်းရည်တစ်ခွက်နဲ့ အရံဟင်းအနည်းငယ်နှင့် မနက်စာလေးသည် သူ့အတွက်တော့ မည်သည့်အရာနှင့်မျှမလဲနိုင်လောက်အောင်အဖိုးထိုက်တန်လွန်းလှပါသည်။

"အဟမ်း ဒီနေ့ ငါရုပ်ရှင်လက်မှတ်နှစ်စောင်အလကားရထားတယ် မင်းသွားကြည့်ချင်လား"

"အဟွတ်ဟွတ်....."

"ဟေး သက်သာရဲ့လား"

"သက်သာ အဟွတ် သက်သာပါတယ် ခုနကဘာပြောလိုက်တာ"

"လတ်မှတ်နှစ်စောင် အလကားရထားလို့ သွားကြည့်ချင်လားမေးတာ မင်းမကြည့်ချင်လည်း........"

"မဟုတ်ဘူး ကြည့်ချင်တယ် ဒီတစ်ခါတင်မယ့်ကားကောင်းလွန်းလို့ သိပ်ကြည့်ချင်နေတာ ကြည့်မယ်"

သောက်လက်စဟင်းရည်သီးသွားသည်ကိုလည်းမမှုနိုင် လက်ရှိ ရုပ်ရှင်ရုံတွင်ဘာကားတင်နေသည်ကိုမသိသော်ငြား ဆယ်ဟွန်းနဲ့သာကြည့်ရမည်ဆိုလျှင် ကလေးကာတွန်းကားကအစ သရဲကားအဆုံး အဆင်မပြေတာမရှိပါ။

အချိန်အကြာကြီးရုပ်ရှင်ကြည့်ရမည်ကိုမုန်းသောကျွန်တော်သည် အခုတွင်တော့ ကြည့်မည့်ရုပ်ရှင်သည် အချိန်အကြာကြီးဖြစ်ပါစေလို့သာဆုတောင်းမိသည်။

ဪ.....အချစ်နဲ့တွေ့တော့ ကျွန်တော်ရှောင်လုဟန်လည်း ပြောင်းလဲလွန်းမက ပြောင်းလဲလာပေသည်။~~~~~~~~~~~~~~

-----------------------------------------------------------


#1753 words
#Thanks for reading
#90°bow

_________________________________________

{Zawgyi}

နာက်င္ရမွန္းသိလ်က္နဲ႔ေ႐ွ႕ဆက္တိုးမိသည္။

သူ႕နားေနရ႐ုံေလးနဲ႔လည္းေက်နပ္ႏိုင္ပါရဲ႕ဆိုၿပီးေ႐ွ႕ဆက္တိုးမိသည္။

ေနာက္ဆုံးမျဖစ္ႏိုင္မွန္းသိေသာ ပိုင္ဆိုင္လိုျခင္းတို႔ျဖစ္ေပၚလာေသာအခါ ဆူးခင္းလမ္းသို႔မ်က္စိစုံမွိတ္ကာ ေ႐ွ႕ဆက္တိုးမိေလေတာ့သတည္း။

**********************

ငါဘာဆက္လုပ္သင့္လဲ ဆယ္ဟြန္း အခုမွေတြ႕ၿပီးမင္းႏွလုံးသားကိုခုထိမရေသးတဲ့ငါ နဲ႔ မင္းကိုေစာစီးစြာေတြ႕႐ွိၿပီး မင္းႏွလုံးသားကိုပိုင္ဆိုင္ထားေသာသူမ ၿပိဳင္ပြဲရဲ႕ေနာက္ဆုံးရလာဒ္က႐ွင္းျပစရာမလိုေလာက္ေအာင္အႏိုင္အ႐ႈံးကြဲျပားေနေလရဲ႕.......................

ဘဝမွာပိုင္ဆိုင္ျခင္ဖူးတဲ့လူသားဟာမင္းတစ္ေယာက္ထဲမို႔ နည္းနည္းေတာ့အတၱႀကီးပါရေစ။

ဘယ္ဆီေရာက္လို႔ေနမွန္းမသိတဲ့ဆယ္ဟြန္းဟာ အဆက္အသြယ္မလုပ္ မေၾကာင္းမၾကားနဲ႔ ဒီကလူကိုရင္ပူေအာင္လုပ္တတ္ႏိုင္ဆုံးသူတစ္ေယာက္ပါေပ။ လုဟန္အား ကမ႓ာ့ရင္ပူေအာင္လုပ္တတ္ဆုံးေသာ လူသားကိုဆုေပးရေပးရမည္ဆိုရင္ အိုဆယ္ဟြန္းကိုသာေပးျပစ္ခ်င္ပါသည္။တစ္ေနကုန္ျပန္မလာဘဲမိုးလင္းထဲကအရိပ္ေတာင္မေတြ႕လိုက္ရေသာ ဆယ္ဟြန္းသည္ သူငယ္ခ်င္းေတြနဲ႔ပဲအတူ႐ွိေနမလား။ သူသည္ မဂ္လာသက္တမ္းတစ္ႏွစ္ျပည့္ျဖစ္ေသာ ဒီေန႔အား ေမ့ေပ်ာက္ပစ္ခ်င္ေနပုံရသည္။

ဒါေပါ့ ကြၽန္ေတာ္ဒီေန႔အတြက္ႀကိဳတင္စဥ္းစားထားတဲ့အိမ္မက္ေလးေတြအကုန္ေရစုံေျမာသြားပါၿပီ။ အကယ္၍မ်ား ေမွ်ာ္လင့္ထားသလိုေလးေလ်ာက္လည္ခြင့္ေလးမရရင္ေတာင္ ကိုယ္ခ်က္တဲ့ဟင္းလ်ာေလးေတြကိုသူနဲ႔တူတူထိုင္စားကာ တစ္ေန႔လုံးအိမ္ထဲမွာ တူတူေနခ်င္ပါေသးသည္။သူကေတာ့ ကြၽန္ေတာ္စဥ္းစားထားတာေတါကိုႀကိဳသိေနတဲ့အတိုင္း ထိုသို႔မျဖစ္ရေလေအာင္ ဉီးစြာအိမ္ကေနထြက္ခြာသြားပါသည္။


ေလာေလာဆယ္ ကြၽန္ေတာ္စိတ္ပန္းေျဖရန္လိုအပ္ေနသည္။သူတစ္ေယာက္သာ ကြၽန္ေတာ္အားထိုသို႔ခံစားရေအာင္လုပ္ႏိုင္စြမ္း႐ွိသည္။သူတစ္ေယာက္သာကြၽန္ေတာ့္ႏွလုံးသားအား နာက်င္ေအာင္လုပ္ႏိုင္စြမ္း႐ွိသည္။သူႏွင့္ပတ္သက္လာလွ်င္ ကြၽန္ေတာ့္ မာနနဲ႔သိကၡာဆိုတာလည္းေျမာင္းထဲသို႔ေရာက္ကုန္သည္။သူသည္သာ ကြၽန္ေတာ့္ႏွလုံသား၏အ႐ွင္သခင္...............

"ဟယ္လို ဘတ္ဟြၽန္းလား တစ္ခြက္ေလာက္သြားေသာက္ရေအာင္"

"............."

"အင္း Dragon Club မွာပဲေတြ႕ၾကတာေပါ့ငါအခုထြက္လာၿပီ Bye"

အတန္းမတူေတာ့တာေတာင္ ေမဂ်ာမတူေတာ့တာေတာင္ ရင္းႏွီးေနေသာေသာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္........... ဘတ္ဟြၽန္းသည္ကြၽန္ေတာ့္အျခားသူငယ္ခ်င္းေတြထက္သာလြန္သည္ဟု ထင္သည္။ေတြ႕တာမၾကာေသးေသာ္လည္း ခင္တာမၾကာေသးေသာ္လည္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္သည္ညီအစ္ကိုအရင္းမ်ားပမာ အျခားသူမ်ားထက္ပိုခင္သည္။လူတိုင္းအေပၚမယုံၾကည္လြယ္ေသာ ဘတ္ဟြၽန္းအေပၚတြင္ေတာ့ ထူးထူးျခားျခားယုံၾကည္မိပါသည္။နာက်င္ၾကေသာႏွလုံးသားတစ္စုံတို႔၏ျဖစ္ရပ္တို႔က ထပ္တူညီေနျခင္းေၾကာင့္မ်ားလား.........................

Pinot Noir အမည္႐ွိတဲ့ ဝိုင္ကိုဖန္ခြက္ထဲေလာင္းထည့္ကာ အရသာခံေသာက္ရင္း ထိုင္ခုံေနာက္သို႔မွီလိုက္ေလသည္။ Dragon Club သည္ နာမည္ႀကီးဆုံး Club တစ္ခုတြင္ပါဝင္သည္။ ေအာက္ထပ္တြင္ ႐ွိေပမယ့္ အေပၚထပ္သို႔ဝင္လိုက္လွ်င္ေတာ့ အျပာေရာင္ မီးေရာင္ေဖ်ာ့ေဖ်ာ့ေလးျဖင့္ သီခ်င္းေအးေအးေလးဖြင့္ကာ အနားယူရန္သင့္ေတာ္ေသာ ေနရာတစ္ခုျဖစ္ေလသည္။ သို႔ေသာ္ ထိုအေပၚထပ္သို႔ ေတာ္ယုံလူဝင္ခြင့္မရႏိုင္။ Club ၏ VIP member ျဖစ္မွသာ ဝင္ခြင့္ရႏိုင္သည္။

လုဟန္အရင္တုန္းကလို မိန္းမလွေလးေတြနဲ႔တြဲကတာေတြ ဘာေတြလုပ္ခ်င္စိတ္မ႐ွိတာေၾကာင့္ သီးသန္႔ခန္းထဲမွာသာ ဝီုင္ေသာက္ရင္း ဘတ္ဟြၽန္းကိုသာေစာင့္ေနမိသည္။အရင္ကဆို ခဏေလးအတြင္းေရာက္ေရာက္လာတတ္ေသာ ဘတ္ဟြၽန္းသည္ ဒီတစ္ခ်ိန္တြင္ေသာ နာရီဝက္ေက်ာ္ၾကာမွေရာက္လာသည္။

"ဆိုစမ္းပါဦး ဘာေတြဝမ္းနည္းေနလို႔ အိမ္ေထာင္ျပဳၿပီးထဲကမလာေတာ့ဘူးလို႔ဆုံးျဖတ္ထားတဲ့ဒီကိုေတာင္ေရာက္လာရတာလဲ"

သူ႕ခဗ်ာ ေရာက္ေရာက္ေရာက္ခ်င္းအေမာေတာင္ မေျဖႏိုင္ ကြၽန္ေတာ့္အတြက္စိတ္ပူေပးေနသည္။ဘတ္ဟြၽန္းသည္ တကယ့္ကို ကြၽန္ေတာ့္သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ေလသည္။

"ဒီေန႔က လက္ထပ္ထားတာ တစ္ႏွစ္ျပည့္တဲ့ေန႔ေလ"

"ဒါဆို မင္းကဘာလို႔ဒီေရာက္ေနတာတုန္း"

"ဟက္....ငါတို႔ကခ်စ္ႀကိဳက္လို႔ယူၿပီး ၾကင္ၾကင္နာနာဆက္ဆံေနၾကတဲ့ဆက္ဆံေရးမ်ိဳးမွမဟုတ္တာ သူကဒီလိုေန႔မွာ ငါနဲ႔တူတူေပ်ာ္ေနမယ္ထင္လား"

ဘတ္ဟြၽန္းခဏေလာက္စဥ္းစားၿပီး သူ႕ကိုေသခ်ာၾကည့္ကာဆက္ေျပာသည္။

"ငါက မင္းသူ႕ႏွလုံးသားကိုရၿပီထင္တာ.......မင္းနဲ႔ဂ်ီအြန္းနဲ႔ကလည္း ......."

"မင္းေျပာခ်င္တာငါသိတယ္ ငါသူ႕ကိုရေအာင္ယူႏိုင္ၿပီလို႔ထင္တာဟုတ္တယ္မလား"

"အင္း"

"ငါသူ႕ကိုျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္ဖို႔စဥ္းစားထားတာ သူ႕ႏွလုံးသားကိုတျဖည္းျဖည္းသိမ္းပိုက္မယ္ေပါ့ အခုေတာ့အဲ့လိုလုပ္လို႔မရေတာ့ဘူးထင္တယ္"

"ေ႐ွာင္လုဟန္ဆိုတဲ့မင္းေတာင္ခက္ခဲတယ္လို႔ေျပာၿပီေပါ့"

"ဟုတ္တယ္ ဂ်ီအြန္းကငါထင္ထားတာထက္ပိုၿပီး ယုတ္မာတတ္ေနတယ္ေလ အဲ့ေတာ့ငါလည္း လႈပ္႐ွားရေတာ့မယ္ထင္တယ္"

" ငါအၿမဲတမ္းမင္းဘက္ကပါ လုဟန္"

"ေက်းဇူးပဲ"

------------------------

"ဘယ္မွာလဲ အိုဆယ္ဟြန္းဆိုတဲ့အဖိုးႀကီး ထြက္ခဲ့စမ္း!!!!!!!!!"

"ညနက္ေနၿပီ မင္းျခံဝကေနဘာေတြေလွ်ာက္ေအာ္ေနတာလဲဟမ္"

"ဆယ္ဟြန္းနီး....သိပ္ခ်စ္ရပါေသာ ဆယ္ဟြန္းနီးက အက်င့္မေကာင္းဘူး"

"မင္း မူးေနတာလား က်စ္ အရက္နံ႔ကိုနံေဟာင္ေနတာပဲ"

"နည္းနည္းေလးပိစိေလးပဲေသာက္လာတာကို ေက်နပ္ဘူးရားးးေျပာ"

"ဘာေတြျဖစ္ေနတာလဲ လုဟန္ အခန္းထဲကိုၿငိမ္ၿငိမ္ေလးလိုက္ခဲ့ ဟုတ္ၿပီလား မင္းခႏၲာကိုဘ္က ဝက္လားေအာက္ေမ့ကတယ္ ေလးလိုက္တာ....."

"လုဟန္ေရးးကိုမေကာင္းေျပာတဲ့ ဆယ္ဟြန္းလူဆိုးႀကီးးး တြားး လာတြဲနဲ႔"

"လုဟန္ တစ္ေယာက္ႏွယ္ ခက္လိုက္တာ"

"လုဟန္ေရးကိုမေကာင္းေျပာၿပီ ၾကည့္ၾကပါဦး လုဟန္ေရးက ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးတစ္ေယာက္ပါ ဒီငတုံးအဖိုးႀကီးကသာ လုဟန္ေရးရဲ႕ အိမ္မက္ေတြကိုဖ်က္စီးပစ္တာ ဟြန္႔"

"ဟမ္"

"ဒီေန႔ ႏွစ္ပတ္လည္ေန႔ေလးကို လုဟန္ေရးလည္းေပ်ာ္ခ်င္တာေပါ့လို႔ အူးဝါးးးးးးးးး"

လုဟန္တစ္ေယာက္ ကုတင္ေပၚတြင္လူးလွိမ့္ငိုယိုကာေနာက္ဆုံး၌အိပ္ေပ်ာ္သြားေလသည္။ သူ႕အားစိုက္ၾကည့္ကာ သက္ျပင္းခ်ရင္း သူ႕ကိုဖက္အိပ္လိုက္ေသာလူသားတစ္ေယာက္႐ွိေၾကာင္းကိုေတာ့ သူမသိလိုက္ပါေလ။အကယ္၍မ်ား သူသိခဲ့ရင္ အေပ်ာ္လြန္ၿပီး တလႈပ္လႈပ္နဲ႔ ကေနေလမလား.......

မနက္ခင္းေနေရာင္သည္အိပ္ရာေပၚတြင္အိပ္စက္ေနေသာ အလွေလးထံသို႔ခစားေနေလသည္။ ေနေရာင္စူးစူးေၾကာင့္ လုဟန္အိပ္ရာကေနႏိုးထလာေလသည္။ ညကအရက္ေသာက္မိလိုက္ေသာေၾကာင့္ မနက္ႏိုးလာတဲ့အခါ ေခါင္းကိုက္ေနသည္။

ညကအိမ္ဘယ္လိုျပန္ေရာက္လာပါလိမ့္? အခန္းထဲေကာ ဘယ္လိုျပန္ေရာက္တာလဲ ဆယ္ဟြန္းပို႔ေပးတာမ်ားလား? စဥ္းစားေလေလ ေခါင္းကိုက္လာေလ ျဖစ္လာသည္ သူညကျဖစ္ခဲ့တဲ့အေၾကာင္းအရာေတြကိုသိပ္မမွတ္မိေတာ့ဘူး။ အင္း ဘတ္ဟြၽန္းက မူးေလေကာင္းေလေသာက္ေသာက္ဆိုၿပီး အရက္အျပင္းေတြယူလာေပးလို႔ သူလည္း ေသာက္မိလိုက္တာ ၿပီးေတာ့ သူမူးေနလို႔ ဘတ္ဟြၽန္းအိပ္ေ႐ွ႕ျခံဝထိျပန္ပို႔ေပးတာ ေနာက္ေတာ့....ေနာက္ေတာ့.....

ေသစမ္း လုဟန္ ေသလိုက္ပါေတာ့ အရက္မူးရင္ရစ္တတ္တဲ့ ကို႔အက်င့္ကိုသိရက္နဲ႔ အရက္ေသာက္လာရလား သြားပါၿပီ ငါ ဆယ္ဟြန္းကိုအဖိုးႀကီးလို႔ေခါၿပီး အျပစ္ေတြတင္ေနလိုက္ေသးတယ္။ခ်စ္တဲ့သူဆို အေကာင္းမ်က္စိနဲ႔ၾကည့္ၿပီး ခ်စ္စရာေလးလို႔ သူ႕ကိုထင္မွာပဲ ခက္တာက ဆယ္ဟြန္းက သူ႕ကိုမုန္းလြန္းသည္ဟု မဆိုေသာ္လည္း မခ်စ္သည္ကေတာ့ ေသခ်ာလွသည္မို႔................

"လူးလွိမ့္ေနတာၿပီး ၿပီလား လုဟန္ ၿပီးရင္ မ်က္ႏွာသစ္ၿပီး ေအာက္ဆင္းလာတဲ့ အမူးေျပဟင္းခ်ိဳခ်က္ေပးထားတယ္"

တံခါးကိုမွီၿပီး အိပ္ရာေပၚတြင္ လူးလွိမ့္ေနေသာ လုဟန္ကို သူ႕မူပိုင္ အေခ်မ်က္ႏွာျဖင့္ေျပာခ်င္တာေျပာတာေအာက္ဆင္းသြားေလေတာ့ လုဟန္ေလးခဗ်ာ အိပ္ရာေပၚမွာ မ်က္လုံးအျပဴးသားေလႏွင့္ က်န္ရစ္ခဲ့ေလသည္။

လုဟန္ ထမင္းစားခန္းထဲဝင္လိုက္‌ေတာ့ ေအပ႐ြန္ႀကီးဝတ္ၿပီး မနက္စာျပင္ေနတဲ့ ဆယ္ဟြန္းကိုထူးထူးျခားျခားေတြ႕လိုက္ရျပန္သည္။ ဆယ္ဟြန္းဒီလိုေတြခ်က္ျပဳတ္တတ္မွန္း လုဟန္မသိခဲ့႐ိုးအမွန္ပါ။ သူ႕အတြက္အမူးေျပဟင္းရည္ေလးကိုေတြ႕လိုက္ရတဲ့အခါ ရင္ထဲမွာၾကည္ႏူးမိပါသည္။ဟင္းအမ်ိဳးအစားမ်ားမ်ားမပါဝင္ဘဲ အမူးေျပဟင္းရည္တစ္ခြက္နဲ႔ အရံဟင္းအနည္းငယ္ႏွင့္ မနက္စာေလးသည္ သူ႕အတြက္ေတာ့ မည္သည့္အရာႏွင့္မွ်မလဲႏိုင္ေလာက္ေအာင္အဖိုးထိုက္တန္လြန္းလွပါသည္။

"အဟမ္း ဒီေန႔ ငါ႐ုပ္႐ွင္လက္မွတ္ႏွစ္ေစာင္အလကားရထားတယ္ မင္းသြားၾကည့္ခ်င္လား"

"အဟြတ္ဟြတ္....."

"ေဟး သက္သာရဲ႕လား"

"သက္သာ အဟြတ္ သက္သာပါတယ္ ခုနကဘာေျပာလိုက္တာ"

"လတ္မွတ္ႏွစ္ေစာင္ အလကားရထားလို႔ သြားၾကည့္ခ်င္လားေမးတာ မင္းမၾကည့္ခ်င္လည္း........"

"မဟုတ္ဘူး ၾကည့္ခ်င္တယ္ ဒီတစ္ခါတင္မယ့္ကားေကာင္းလြန္းလို႔ သိပ္ၾကည့္ခ်င္ေနတာ ၾကည့္မယ္"

ေသာက္လက္စဟင္းရည္သီးသြားသည္ကိုလည္းမမႈႏိုင္ လက္႐ွိ ႐ုပ္႐ွင္႐ုံတြင္ဘာကားတင္ေနသည္ကိုမသိေသာ္ျငား ဆယ္ဟြန္းနဲ႔သာၾကည့္ရမည္ဆိုလွ်င္ ကေလးကာတြန္းကားကအစ သရဲကားအဆုံး အဆင္မေျပတာမ႐ွိပါ။

အခ်ိန္အၾကာႀကီး႐ုပ္႐ွင္ၾကည့္ရမည္ကိုမုန္းေသာကြၽန္ေတာ္သည္ အခုတြင္ေတာ့ ၾကည့္မည့္႐ုပ္႐ွင္သည္ အခ်ိန္အၾကာႀကီးျဖစ္ပါေစလို႔သာဆုေတာင္းမိသည္။

ဪ.....အခ်စ္နဲ႔ေတြ႕ေတာ့ ကြၽန္ေတာ္ေ႐ွာင္လုဟန္လည္း ေျပာင္းလဲလြန္းမက ေျပာင္းလဲလာေပသည္။~~~~~~~~~~~~~~

----------------------------------------------------------

# 1753 words
#Thanks for reading
#90°bow
_________________________________________




















© Ichika Yuko,
книга «Villain Game».
Коментарі