Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 5
[Zawgyi]











"နင်!!!"


"ဘာ...နင်ဘာပြောလိုက်တယ်"




"နင် ... နင်..."

"Arrrrr"

"လုဟန်!!"








"ကျွန်တော်ကရော"

"ဟမ်.."



သူထွက်သွားတာနဲ့တစ်ပြိုင်နက် ကျွန်တော်ငိုကြွေးမိတယ် ယောက်ျားတန်မဲ့မျက်ရည်ကျတယ်ဆိုပြီး လှောင်ချင်လည်းလှောင်ပါ..





"ရှောင်လုဟန်"


"ငါတွေ့လိုက်တယ်"

"ဘာကိုလဲ"



"မင်းတော်တယ် လုဟန်"

"ဟမ်!!!"


"ဘယ်လို"




"Dragon Club"

"ဟင်"






"ဘယ်လို"











"ဟမ်"







---------------------------------------------------------

#2239 words
#Thanks for reading
#90°bow


____________________________________

[Unicode]

"ဟဲ့ ဟိုမှာရှောင်လုဟန်မလား"

"အေး ငါမနက်ကသူ့ကိုဆယ်ဟွန်းစက်ဘီးနဲ့ပါလာတာတွေ့လိုက်တယ်..."

"ဟယ် ဘယ်လိုဖြစ်တာတုန်း ဆယ်ဟွန်းနဲ့ဂျီအွန်းကတူတူလာနေကြကို"

"အဲ့ကောင်ဘာတွေဝင်ရှုပ်လိုက်လဲမှမသိတာ ဒါပေမယ့် သူပိုချောလာတယ်လို့ငါထင်တယ်"

"သူမျက်မှန်မတပ်ထားတော့ဘူးဟ...သူ့မျက်လုံးလေးတွေကလေ အရည်လေးတွေလက်ပြီးသမင်မျက်လုံးလေးလိုဖြစ်နေတယ်"

"ငါကြွေသွားသလိုခံစားရတယ်... အခုရှောင်လုဟန်ပိုချောလာတယ်ဟ"

ကျွန်တော်အခန်းထဲရောက်တာနဲ့အချင်းချင်းကျွန်တော့်ကိုကြည့်ပြီး တိုးတိုး တိုးတိုးနဲ့ပြောနေကြတယ် ဂရုမစိုက်ပါဘူး...
ဟက် ဘာတဲ့ သူ့ကိုပဲကြိုက်တော့မယ်ဆိုလား...အော်လူတွေလူတွေ နည်းနည်းလေးကြည့်ကောင်းပြီဆိုတာနဲ့ချက်ချင်းပြောင်းလဲသွားကြတော့တာပဲ အရင်တုန်းကနှိမ်ခဲ့တာသူတို့မဟုတ်တဲ့အတိုင်းပဲ....

တော်ပါပြီ အတန်းချိန်လည်းမတက်ချင်တော့ဘူး....
ကျွန်တော် အတန်းထဲကထွက်ပြီးခေါင်မိုးထပ်ကိုတပ်တဲ့အချိန် လီဂျီအွန်းကျွန်တော့်ရှေ့ကိုရောက်လာတယ်..သူ့ပုံစံကဒေါသ အတော်ထွက်နေတဲ့ပုံပဲ ဟုတ်မှာပေါ့လေ မနက်ကဆယ်ဟွန်းကသူ့ကိုဝင်မခေါ်ပဲကျွန်တော်နဲ့တူတူကျောင်းလာလိုက်တာကိုး..

"ရှောင်လုဟန် နင်ဘာလို့မနက်ကဟွန်းနဲ့တူတူကျောင်းလာတာလဲ"

"သူခေါ်လို့လေ ရှင်းရှင်းလေးပဲ"

"နင်!!!"

"ဒါပဲမဟုတ်သေးဘူးနော် ညကလည်းငါသူ့အိမ်မှာအိပ်တာ...ဟက်"

"ဘာ...နင်ဘာပြောလိုက်တယ်"

"မကြားဘူးလား ဆော်တီးပဲနောက်တစ်ခေါက်တော့ပြန်မပြောနိုင်တော့ဘူး လေကုန်တယ်"

"အေး နင်ငါတို့ကြားထဲဝင်ရင်ငါငြိမ်နေမှာမဟုတ်ဘူးနော် နင့်ကိုဒုက္ခရောက်အောင်လုပ်ပြမယ်"

"ငါကရော ငြိမ်နေမယ်ထင်လား မနာလိုမဖြစ်စမ်းပါနဲ့ ဘာလဲနင်သူ့အိမ်မှာမအိပ်ဖူးလို့မှတ်လား"

"နင် ... နင်..."

"Arrrrr"

"လုဟန်!!"

သူရောက်လာပြီ...ကျွန်တော်လှေကားအောက်ကနေပြီးသူ့ကိုမဲ့ပြုံး ပြုံးပြလိုက်တယ် တကယ်တော့ ဆယ်ဟွန်းကိုကျွန်တော်ပေးစရာရှိလို့ခေါင်မိုးထပ်ကိုခေါ်ထားတာ အဲ့တာကိုသူမကကြားဝင်ရှုပ်တော့ကံဆိုးတာပေါ့

"လုဟန်ရရဲ့လား ဂျီအွန်းဘာတွေဖြစ်နေတာလဲ"

သူမကတော့ ကျွန်တော်တို့နှစ်ယောက်ကိုကြောင်ကြည့်နေတယ် ဘာစကားမှမပြောနိုင်တော့ဘူး...ဂျီအွန်းရယ်ငါနင့်ကိုနင့်လုပ်ခဲ့တဲ့အတိုင်းလေးပဲပြန်လုပ်လိုက်ယုံပါ.... သူမကကျွန်တော်ကိုမတွန်းချပါဘူး ကိုယ့်ဘာသာလှဲချလိုက်တာ သူမတုန်းကလည်းကျွန်တော့်ကိုဒီလိုပဲလုပ်ခဲ့တာမလား ...

ဆယ်ဟွန်းက သူ့ကိုဘာမှဆက်မမေးတော့ဘူး ကျွန်တော့်ကိုကျောင်းဆေးခန်းခေါ်လာပေးတယ် အင်းပေါ့ သူ့ရည်းစားဆိုတော့လည်း...

"လုဟန် ...ဂျီအွန်းနဲ့မပတ်သက်နဲ့ ပြီးတော့ငါတို့ကြားကိုလည်းဝင်မရှုပ်နဲ့ "

လုဟန် ဘာမှပြန်မပြောဘဲဆယ်ဟွန်းကိုမော့ကြည့်လိုက်တယ် မျက်ဝန်းမှာတော့အရည်ကြည်လေးတွေလက်လျက်....

"အတည်ပြောနေတာရှောင်လုဟန် ငါမင်းနဲ့ထပ်မတွေ့ချင်တော့ဘူး ဒီနေ့နောက်ဆုံးဖြစ်ပါစေ.... ဂျီအွန်းခုလိုလုပ်တာလည်းမနက်ကကိစ္စကြောင့်ဖြစ်မယ်ထင်တယ်...ဟင်း..အခုကိစ္စအတွက်တောင်းပန်ပါတယ်"

"ကျွန်တော်ကရော"

"ဟမ်.."

"ကျွန်တော်ခင်ဗျားကိုချစ်နေတာလေ တားဆီးလို့မှမရတာ ကျွန်တော်တားဆီးလို့ရရင် ခင်ဗျားကိုမချစ်နဲ့ဆိုပြီးတားမှာပေါ့...အခုကျွန်တော့်ခင်ဗျားကိုချစ်နေတဲ့နှလုံးကိုထုတ်လို့ရရင်ထုတ်ပစ်ချင်တာဗျ အဲ့တာကိုခင်ဗျားမှတ်ထား "

"ဟင်....အခြေအနေတွေပြောင်းလဲသွားမှာမဟုတ်ဘူးရှောင်လုဟန် ဝင်မနှောင့်ယှက်ပါနဲ့ ငါသွားတော့မယ်"

သူထွက်သွားတာနဲ့တစ်ပြိုင်နက် ကျွန်တော်ငိုကြွေးမိတယ် ယောကျ်ားတန်မဲ့မျက်ရည်ကျတယ်ဆိုပြီး လှောင်ချင်လည်းလှောင်ပါ..

ကျွန်တော်ခင်ဗျားကိုတော့သိပ်ချစ်တာဗျ...
ခင်ဗျားကြောင့်ကျွန်တော်အရာအားလုံးစွန့်လွှတ်ခဲ့တာကိုခင်ဗျားသိနိုင်ပါ့မလား...
တောင်းပန်ပါတယ် ကျွန်တော့ကိုဗီလိန်လို့သတ်မှတ်ရင်တောင် ကျွန်တော်ခင်ဗျားကိုပိုင်ဆိုင်ဖို့ဆက်ကြိုးစားနေဦးမှာပါ....
တောင်းပန်ပါတယ် ခင်ဗျားမရှိရင်ကျွန်တော်သေသွားနိုင်လို့ပါ...
အရမ်းချစ်ပါတယ် ဟွန်းလေးရယ်....

ကျွန်တော်တစ်နေကုန်အတန်းမတက်ဘဲနေလိုက်တယ်....ဆရာဝန်ကတော့ပြောပါတယ် ခြေထောက်နည်းနည်းရောင်သွားယုံပါတဲ့...ဒါပေမယ့် ကျွန်တော်မှာအတန်းတက်ဖို့အားမှမကျန်တော့တာ...

ကျွန်တော်ခေါင်မိုးထပ်ကိုတပ်လာတယ် သူ့ကိုမပေးဖြစ်လိုက်တဲ့ လက်စွပ်လေးကိုပြန်ကြည့်တယ် ...မပေးဖြစ်လိုက်တာပဲကောင်းပါတယ် ပေးရင်လည်းသူကငြင်းအုံးမှာအဲ့တော့မှပိုခံစားနေရဦးမယ် ကျေနပ်ပါတယ် သူကျွန်တော်ခေါ်တာနဲ့ကိုလာပေးလို့ ဒါပေမယ့်နောက်ထပ်မတွေ့တော့ဘူးဆိုတဲ့စကားကကျွန်တော့်ကိုရင်နာစေတယ်...

ဖူးစာပါရင်တော့ထပ်တွေ့ဦးမှာပါ ဆယ်ဟွန်းရယ် အဲ့လိုဖူးစာပါအောင်လည်းကျွန်တော်ထပ်လုပ်ဦးမှာ...ကျေးဇူးပြုပြီးမုန်းတော့မမုန်းလိုက်ပါနဲ့...

"ရှောင်လုဟန်"

ကျွန်တော်လှည့်ကြည့်လိုက်တော့ မျက်မှန်အဝိုင်းလေးနဲ့ကောင်လေးကိုတွေ့တယ် သူ့ကိုသိပ်တော့မသိပေမယ့် မှတ်တော့မှတ်မိပါတယ် သူလည်းကျွန်တော့်လိုအပယ်ခံဖြစ်နေတာကိုး..

"ငါတွေ့လိုက်တယ်"

"ဘာကိုလဲ"

"မင်းကိုဂျီအွန်းမတွန်းလိုက်ဘူး မင်းဘာ့သာလှဲကျတာ ဟုတ်တယ်မလား"

"အင်း...အဲ့တော့ ဘာလဲပြန်သွားပြောမလို့လား အကျပ်ကိုင်မလို့လား ဘယ်လိုပဲဖြစ်ဖြစ်ငါစိတ်မဝင်စားဘူး"

"မင်းတော်တယ် လုဟန်"

"ဟမ်!!!"

"တကယ်တော့ ငါလည်းအဲ့လိုလုပ်ချင်နေတာ"

"ဘယ်လို"

"မင်းနဲ့ငါတွေ့ဖူးတယ် မင်းမမှတ်မိပေမယ့် ငါမင်းကိုမှတ်မိတယ်"

သူပြောရင်းမျက်မှန်ကိုချွတ်ပြီးဘောင်းဘီအိတ်ထဲထည့်လိုက်တယ် သူလည်းကျွန်တော့်လိုအတုတပ်ထားတာပဲလား

"ဘယ်နေရာမှာတွေ့ဖူးတာလဲ"

"Dragon Club"

"ဟင်"

"မအံ့ဩပါနဲ့ ကြည့်ရတာငါနဲ့မင်းနဲ့အတွေးတူတယ်"

"မင်းကဘယ်သူလည်း မင်းလည်းဆယ်ဟွန်းကိုကြိုက်တာလား"

"ဟ ငါ့ကိုအဲ့လိုရန်လိုတဲ့မျက်လုံးနဲ့မကြည့်ပါနဲ့ ငါက ဗြောင်ဘတ်ဟွန်း ငါကြိုက်တာမင်းလူမဟုတ်ဘူး သူ့သူငယ်ချင်း ပတ်ချန်းယောလ်"

"အော် အဲ့တာနဲ့ပဲ ဘာလို့လီဂျီအွန်းကိုသတ်ချင်သွားတာတုန်း"

"မင်းသိလား သူမကကျောင်းရဲ့ဖြူစင်တဲ့နတ်သမီးလေးလေ ဟက် သူတို့သုံးယောက်လုံး သူမစကားဆိုယုံကြည်နေကြတယ်ထင်တယ် ဘယ်တော့မှမလိမ်ညာဘူးဆိုပြီးတော့လေ"

"ဘယ်လို"

"မင်းမသိသေးပါဘူး သူမက ချန်းယောလ်ကိုငါကမကောင်းတဲ့လူ လူလိမ်လူညာဆိုပြီးပြောထားတာလေ"

"ဘာ သူနဲ့လည်းမဆိုင်ပဲနဲ့ဘာလို့များ"

"သူမ သူငယ်ချင်းက ချန်းယောလ်ကိုကြိုက်နေတာလေ အဲ့တော့သူမကကြားထဲကအောင်သွယ်တော်လုပ်ပြီး သူ့လူတွေနဲ့ငါ့ကိုအနှိမ်ခံဖြစ်အောင်လုပ်လိုက်တာ"

"မင်းပုံစံက လည်းအနှိမ်ခံလို့ဖြစိနေတာကိုး"

"ဘာထူးလဲ မင်းလည်းငါ့လိုပဲမဟုတ်ဘူးလား"

"မတူဘူး ငါကအနှိမ်ခံဖြစ်ချင်လို့ ဖြစ်အောင်လို့ကိုနေတာ"

"မင်းက အရူးပဲ ထားပါလေငါလည်းတူတူပဲ သူ့ကိုကြိုက်လို့ ဒီကျောင်းကိုလာပြီးဒီလိုပုံစံနဲ့နေ နေတာပဲ"

"မင်းလက်လျော့လိုက်ပြီလား ပတ်ချန်းယောလ်ကို"

"အဲ့တာက ...သူက သူမစကားကိုယုံနေတယ်"

"အဲ့တော့ မင်းတန်ပြန်တိုက်စစ်ဆင်လေ"

"ဟမ်"

"မင်းကညံ့တဲ့သူမဟုတ်ပါဘူး မင်းသူ့ကိုမရ ရအောင်လိုက်ပေါ့"

"အင်း ငါလည်းမင်းလိုပြန်နေသင့်ပြီထင်တယ်
ငါတို့သူငယ်ချင်းလုပ်ကြရအောင်"

"Sure မင်းပုံစံအမှန်ပြန်ပြောင်းတော့"

"ရှောင်လုဟန် ရှောင်လုဟန် မင်းကလေတကယ့်ကို လူဆိုးပဲ မင်းရုပ်အရဆိုချစ်စရာလူဆိုးလေးပေါ့ မင်းကိုလာထိတဲ့သူမှန်သမျှကို ရေစက်ချအမျှဝေခိုင်းရမယ်ထင်တယ် ငါတော့ လီဂျီအွန်းကိုသနားတယ်"

သူပြောတာတွေကို ကျွန်တော်ရယ်ပြီးတော့တာတုန့်ပြန်လိုက်တယ် သူ့ကိုရဖို့ဆိုရင် ကျွန်တော် နာကျင်ရပါစေ ...ခံစားနိုင်တယ်... တစ်ခါတစ်လေ ပေးဆပ်ပြီးမှရယူလို့ရမယ်အရာတွေများကြီးရှိတယ် အထူးသဖြင့်သူနဲ့ပတ်သက်ရင်ပေါ့ ...
နာကျင်းခြင်းတွေကိုပေးဆပ်ပြီးပျော်ရွှင်ခြင်းတွေသာရယူလိုပါ၏....

ကျွန်တော့်ဆုတောင်းကသူနဲ့အဝေးဆုံးနေရာကိုမရောက်ဖို့သာ.......

---------------------------------------------------------

#2239 words
#Thanks for reading
#90°bow


____________________________________

© Ichika Yuko,
книга «Villain Game».
Коментарі