(11) မောင်သိမ်းထားသော မောင်သိမ်းထားသော
Zawgyi
........
"လွန်း ငါဒီလိုတွေလုပ်နေတော့ မင်းမမုန်းဘူးလား သဝန်မတိုဘူးလား"
"မောင်....သတိထားဦး! "
လွန်း ကတော့ မောင့်အမူအရာတွေကိုနားမလည်နိုင်တော့ဘဲ ခေါင်းသာကုပ်မိသည်။
"မောင် ဘာဖြစ်သွားတာလဲ? "
.....................။
"အား....မဟုတ်ဘူး မင်း ငါ့ကိုပဲချစ်ရမယ် ငါ့တစ်ယောက်တည်းကိုပဲမင်းချစ်ရမယ် လွန်းထက်သာ!"
အမှန်တကယ်တော့ သူ့ကိုယ်သူ ဘာဖြစ်မှန်းတောင်သူမသိ
ဆိုးမိခဲ့သည်။ သောင်းကျန်းခဲ့သည်။
.........................။
"အား....ရှိန်းသူ "
"ခဏလေး ရှိန်း ရေ "
"ချစ်တယ်နော် ရှိန်း!"
ဇိုင်းလဲ သူ့ကို ခေါ်၍ မနေ့ကလူဆိုတာသေချာတာနဲ့ လက်ကို ရှေ့ဆန့်၍
"ဟေး...ခဏ မင်းလက်ကောက်"
ထိုးပေးနေသော လက်ကောက်ကို ပါမက လက်ကိုပါဆွဲကာ ပြေးလေသည်။
"အနောက်မှာ သတင်းထောက်တွေလိုက်လာတာမတွေ့ဖူးလား မိရင် ငါပါမဟုတ်ဘူး မင်းပါသေမှာ ငနာရဲ့"
သူ့ရဲ့Mask နဲ့ ဦးထုပ်ကို ဆွဲချွတ်လိုက်သည်။
"ခင် ခင်ဗျား ရှိန်းသူ ! ဟုတ်တယ်မဟုတ်လား "
"အင်း..."
......................။
လိမ္မော်ရည် လေးဖျော်ကာ ဧည့်ခန်းထဲမှာ ထိုင်၍ သောက်နေလိုက်သည်။
ဆက်စောင့်ကြည့်တော့ လွန်း ရဲ့ဆွဲကြိုးလေး ကတစ်ခု
သော့ချိတ်လေးကတစ်ခု။
အိ သေပြီ လွန်းထက်သာရေ!
.......................။
ကျောင်းရောက်တော့ ရေခဲမုန့်စားချင်လာတာမို့ ဝယ်ပြီး၍ ဆိုင်ထဲမှထွက်လာတော့ တစ်ဖက်ကန်တင်းမှာထိုင်နေတဲ့ဇိုင်းကိုတွေ့လိုက်တာမို့ အနားသွားကာ
"ဇိုင်း ဘာဖြစ်နေတာလဲ"
"မသိပါဘူးကွာ ကြောင်တောင်တောင်လူ"
"ဘာကိုလဲဟ"
"ဘာမှမဟုတ်ဘူး "
"ဘာ ဘာကိုကြည့်နေတာလဲ"
"မြတ်နိုးလို့..."
"ဟမ်!"
.......................။
ပေါ့သွားလားဒီအပိုင်း ၄ နာရီတင်ပေးမယ်လုပ်ကာမှ ရေနွေးပူလောင်လို့ အခုမှရေးရတာ နောက်ကျသွားလို့တောင်းပန်ပါတယ် ပေါ့သွားတယ်ထင်တယ်
14.10.2020
#VeraVicki
Unicode
..........
"လွန်း ငါဒီလိုတွေလုပ်နေတော့ မင်းမမုန်းဘူးလား သဝန္မတိုဘူးလား"
"ဟင့်အင်း မောင် ။ ငါ မောင့် ကိုမမုန်းဖူးဘူး။ ဒါပေမဲ့ ငါ မောင့် ကိုမချစ်တော့ဘူး"
အင်းမောင် ဟုတ်တယ်။ ငါခံစားရတာတွေသက်သာဖို့
လိမ်ပါရစေ။ ငါမောင့်ကိုမချစ်တော့ဘူး။
"မင်း လိမ်နေတာ...ညာတာ မင်းငါ့ကိုချစ်တယ်မဟုတ်လား"
မောင် ဘာတွေဖြစ်နေတာလဲ စကားတွေက တောင်စဉ်ရေမရ တွေလျှောက်ပြောနေရတာလဲ။
"မောင်....သတိထားဦး! "
နေဆက်ရှန် ယိုင်နဲ့နဲ့ နှင့် လဲကျမလိုဖြစ်တာကြောင့် လွန်းထက်သာ ကဝင်ထိန်းပေးလို်က်ရသည်။ လွန်း ကဝင်ထိန်းတော့ မောင်က လွန်း ရဲ့လက်တွေကိုခါချကာ အပေါ်ကိုတက်သွားလေသည်။
လွန်း ကေတာ့ မောင့်အမူအရာတွေကိုနားမလည်နိုင်တော့ဘဲ ခေါင်းသာကုပ်မိသည်။
"မောင် ဘာဖြစ်သွားတာလဲ? "
.....................။
အခန်းထဲရောက်ရောက်ချင်း အင်္ကျ ီတွေကိုချွတ်ကာ အိပ်ယာပေါ်လှဲချလိုက်သည်။ မူးဝေနေသော ခေါင်းကိုမျက်ကွယ်ပြုကာ အားတင်း၍ ကိုယ်လက်သန့်စင်လိုက်သည်။
အမူးနည်းနည်းတော့ပြေသွားဟန်ရှိသည်။ စိတ်ထဲ ဘဝင်မကျဖြစ်နေတာက လွန်းပြောလိုက်တဲ့စကားပင် ဖြစ်လိမ့်မည်။
**'ငါ မောင့်ကို မချစ်တော့ဘူး '**
"အား....မဟုတ္ဘူး မင်း ငါ့ကိုပဲချစ်ရမယ် ငါ့တစ်ယောက်တည်းကိုပဲမင်းချစ်ရမယ် လွန်းထက်သာ!"
အမှန်တကယ်တော့ သူ့ကု်ိယ်သူ ဘာဖြစ်မှန်းတောင်သူမသ်ိ
ဟေသာ နဲ့ လည်းပြန်ဆက်လို့မရရအောင်ပျက်သွားလေပြီ။ ဟင့်အင်း အဲ့တာကြောင့်လည်းမဟုတ်
လွန်း ကို ဇိုင်း နဲ့အတူတူ တွေ့နေရရင် ရင်ထဲက အမည်မသိတဲ့ခံစားချက်ကြီးတစ်ခု ။ အဲ့ခံစားချက်ကြီးကိုသူမကြိုက် ။ အဲ့တာကြောင့်လုပ်မိလုပ်ရာကို လုပ်မိသည်။
ဆိုးမိခဲ့သည်။ သောင်းကျန်းခဲ့သည်။
"ဟင့်အင်း ငါမင်းကိုမချစ်ဘူး "
ဟုတ်တယ် သူ လွန်း ကိုခ်စ္တာကို လက်မခံနိုင်သေးဘူး လူကြားထဲမှာ ကျွန်တော်က လိင်တူ ချစ်သူပါလို့ပြောရမှာကိုရှက်သည်ထင်၏ ။ မဖြစ်နိုင်တဲ့ အဖြစ်အရပ်တစ်ခု သဘာဝကိုဆန့်ကျင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဆိုင်ဖို့ သူ သတ္တိမရှိဘူး။
လူတွေက သူ့ကိုလက်ညိုးထိုးကဲ့ရဲ့ ကြမှာကြောက်တယ်။
ရင်မဆိုင်နိုင်ရာကနေ သူတို့တွေ ဝေးကွာဖို့ အကြောင်းတွေဖန်လာရလေသည်....။
"မောင် မချစ်မိအောင် ကြိုးစားခဲ့ရုံလေးပါ လွန်း "
.........................။
ဟိုကြောင်တောင်တောင်ကောင် ကိုရှာရဦးမည် လက်ကောက်ပုံစံကိုကြည့်ရတာတော့ သူ့အတွက်အရေးပါမဲ့ပုံစံပင်
ဖြစ်လိမ့်မည်။ ပြန်ပေးတာအကောင်းဆုံးပဲဟုထင်သည်။
သူကလာနေကြ ဖြစ်မယ်ဟုတွေးမိတာကြောင့် ကျောင်းဆင်းဆင်းချင်း အင်းယားကန် ကိုလာခဲ့လိုက်သည်။
"ဟူး... ဘယ်လိုလူလဲ မလာသေးဘူးလားမသိဘူး"
"အား....ရှိန်းသူ "
"ခဏေလး ရှိန်း ရေ "
"ချစ်တယ်နော် ရှိန်း!"
အသံလာရာကိုကြည့်လိုက်တော့ မိန်းကလေး တွေ ကိုလက်မှတ်ထိုးပေးနေသော လူတစ်ဦး။ ပထမကေတာ့ အဲ့လူကအေးအေးဆေးဆေးပင် ။ သတင်းထောက်တွေရောက်လာတော့မှ ထွက်ပြေးလေသည် ။
ဇိုင်းလဲ သူ့ကို ခေါ်၍ မနေ့ကလူဆိုတာသေချာတာနဲ့ လက္ကို ရှေ့ဆန့်၍
"ဟေး...ခဏ မင်းလက်ကောက်"
ထိုးပေးနေသော လက်ကောက်ကို ပါမက လက္ကိုပါဆြဲကာ ပြေးလေသည်။
"ဟေ့ ခင်ဗျား ကျွန်တော့်ကို လွှတ်ပါဦး ဘာလို့ပြေးနေတာလဲ မောတယ် ဟ"
"အနောက်မှာ သတင်းထောက်တွေလိုက်လာတာမတွေ့ဖူးလား မိရင် ငါပါမဟုတ္ဘူး မင်းပါသေမှာ ငနာရဲ့"
ဇိုင်း ရဲ့စိတ်ထဲမှာတော့
'ကြောင်တောင်တောင် ကောင် ငါ့ကြောင့်သူကပဲ ဒုက္ခရောက်ရဦးမယ် တဲ့ အဟား ရယ်လိုက်ဦးမယ် '
တစ်နေရာရောက်၍ သတင်းထောက်တွေ မရှိတော့မှ
သူ့ရဲ့Mask နဲ့ ဦးထုပ်က်ို ဆွဲချွတ်လိုက်သည်။
ဟာ....ဒီလူတော်တော်ချောတာပဲ နေပါဦး ဒီအခွက်ကြီး ငါမြင်ဖူးပါတယ် နေဦး ဘယ်မှာပါလိမ့်....
"ခင် ခင်ဗျား ရှိန်းသူ ! ဟုတ္တယ္မဟုတ္လား "
"အင်း..."
"လက်ကောက်ပေးပြီးပြီ ငါသွားတော့မယ် "
"မင်းရဲ့ fb အကောင့် ရနိုင်မလား "
"အော်...တကယ်အာရုံပဲ ရော့ဗျာ"
ဇိုင်း ကပြောရင်း ဖုန်းကိုထုတ်ကာ 'Zyne Y '
ဟုရေးထားသော အကောင့်တစ်ခုကိုပြလိုက်လေသည်။
"အပ်လိုက်မယ် လက်ကောက်ပြန်ပေးလို့ကျေးဇူးတင်လို့ပါ"
ဇိုင်း လည်းခေါင်းငြိမ့်ပြ ပြီး ထွက်လာခဲ့လိုက်သည်။
တကယ့်ကို ကြောင်တောင်တောင်ပါဆို။
......................။
တစ်ဆစ်ဆစ်နဲ့ကိုက်လာသော ခေါင်းကြောင့် လူးလှိမ့်ကာ မနိုးထချင်ဘဲ နိုးထလာရသည်။
"အား...ခေါင်းကဘာဖြစ်တာလဲမသိဘူး "
အချိန်အားဖြင့် ည ၁ နာရီ။
အားတင်းကာ အိပ်ယာကထ၍ ဆေးခြင်းထဲက ခေါင်းကိုက်ပျောက်ဆေးသောက်၍ ခဏ လှဲနေလိုက်သည်။
နည်းနည်းသက်သာသွားတော့မှ အောက်ထပ်ကိုဆင်းကာ
လိမေ္မာ်ရည် လေးဖျော်ကာ ဧည့်ခန်းထဲမှာ ထိုင်၍ သောက်နေလိုက်သည်။
ထိုစဉ် ခြံထဲ မွာ အရိပ်တစ်ခုတွေ့လိုက်တာမို့ ထသွားကြည့်လိုက်လေသည်၊ လွန်း ကကြောက်တတ်တဲ့သူမဟုတ်၍သာအဆင်ပြေလေသည်။ ခြံထဲမှာ မြေကြီးတူးဆွသံကိုကြားလိုက်ရသည်။ လူတစ်ယောက် ကထိုင်ကာ မြေကြီးကိုတူးနေလေသည်။ တိုးတိုးတိတ်တိတ် သြားကာ မနီးမေဝးကေန ချောင်းကြည့်တော့
ဘုရားရေ....မောင် ပဲ ။မောင်က ဒီအချိန်ကြီးဘာလုပ်နေရတာလဲ?
မောင် ဘာဆက်လုပ်မလဲသိချင်တာကြောင့် အသံမထွက်ဘဲ စောင့်ကြည့်နေလိုက်သည်။
မြေကြီးထဲကထွက်လာသော ဗူး လေးတစ်ဗူး။
ဒီနေရာကနေ မမြင်ရတာမို့ အရှေ့လေးနည်းနည်းတိုးကြည့်တော့ မောင်က ဗူးလေးကိုဖွင့်လိုက်သည်။
မောင်က ထိုဗူးလေးထဲက ပစ္စည်းတွေကိုထုတ်နေသည်။
ဟမ်! အဲ့တာသူပျောက်လို့လိုက်ရှာနေတဲ့ပစ္စည်းတွေမဟုတ်လား...မောင် ရူးများသွားလေသလား? ငါမောင့်ကိုတကယ်နားမလည်နိုင်တော့ဘူး!
ဆက်စောင့်ကြည့်တော့ လွန်း ရဲ့ဆွဲကြိုးလေး ကတစ္ခု
သော့ချိတ်လေးကတစ်ခု။
မောင်က လွန်း အသက် ၁၈ ပြည့်တုန်းကဝယ်ပေးထားတဲ့ သော့ချိတ်လေး။ ရုတ်တရပ်ပျောက်သွားတာမို့ ဇိုင်း ကိုပြောတော့ ဇိုင်းကတောင်ဆူနေသေးတာ။
မောင်က ယူထားတာတဲ့လား။ ပြီးတော့ မီးလောင်သွားတဲ့ ဂျူတီကုပ်လေး
အဲ့နေ့က လွန်း အင်္ကျ ီ ကိုပစ္ကာ အပေါ်ကိုတက်လာပေမဲ့ အင်္ကျ ီ ကိုစိတ်မပျက်သေးတာကြောင့်မောင့်အလစ်ကို စောင့်၍ ဂျူတီကုပ်လေးကို ပြန်ယူဖို့လာသော်လည်း ဂျူတီကုပ်လေး ကရှိမနေတော့ ။ အော်...မောင် လွင့်ပစ်လိုက်ပြီဟုဘဲ တွေးထားတာလေ အခုတော့ မောင်က သိမ်းထားတာတဲ့လား။ ငါမောင့်ကိုတကယ်နားမလည်တော့ဘူးမောင်.....။
အရှေ့တိုးတာလွန်သွားလို့ ဘေးနားက အမှိုက်ပုံးကိုတိုက်မိလေသည်။
အသံထွက်သွားတာကြောင့် မောင်ကလှည့်ကြည့်လာသည်။
အိ သေပြီ လွန်းထက်သာရေ!
တော်သေးတယ် မောင်ဟိုဘက်ပြန်လှည့်နေတုန်းပြေးထွက်လာလိုက်သည်။ အပေါ်ထပ်ကိုပြန်တက်ကာ
အိပ်ချင်ယောင်ဆောင်လိုက်သည်။
.......................။
ကျောင်းရောက်တော့ ရေခဲမုန့်စားချင်လာတာမို့ ဝယ်ပြီး၍ ဆိုင်ထဲမှထွက်လာတော့ တစ်ဖက်ကန်တင်းမှာထိုင်နေတဲ့ဇိုင်းကိုတွေ့လိုက်တာမို့ အနားသြားကာ
"ဇိုင်း ဘာဖြစ်နေတာလဲ"
"မသိပါဘူးကြာ ကြောင်တောင်တောင်လူ"
"ဘာကိုလဲဟ"
ဇိုင်းက လွန်းဘက်ကိုလှည့်ကာ
"ဘာမွမဟုတ္ဘူး "
ဆေးကျောင်းနောက်ဆုံးနှစ်ရောက်နေပြီ။ အခုထိ ရေခဲမုန့်စားတာတောင်ပေပွနေသော လွန်း ကိုကြည့်၍ ရေခဲမုန့်တောင်အဆင်ပြေအောက်မစားတတ်ဘဲနဲ့ ဘယ္လိုမ်ားစိတ္ခ်ထားရမလဲ လွန်းရယ်....။
"ဘာ ဘာကိုကြည့်နေတာလဲ"
အကြောင်းမသိရငိ ဇိုင်း ကသူ့ကိုဒီလိုကြည့်နေတာပြသနာမရှိ။ အခုဟာက လွန်း ကအကြောင်းစုံကိုသိနေတယ်လေ ။
"မြတ်နိုးလို့..."
"ဟမ်!"
လွန်းပြောတော့ ဇိုင်း က အင်တင်တင်ဖြစ်ကာ
"အမ် အေး ရေခဲမုန့်ကိုပြောတာ စားနေတဲ့ပုံကိုက ကျပ်မပြည့်သလိုပဲ "
လွန်း ရဲ့ပါးစပ်က ပေနေတဲ့ ရေခဲမုန့်တွေကိုသုပ်ပေးကာ ပါးလေးကိုဆွဲညစ်တော့ လွန်း ကစောင်းကြည့်လေသည်။
မင်းက ကျပ်မပြည့်ဘူးဆိုရင်တောင် ငါက ချစ်နေဦးမှာ လွန်း, မင်းက ငါ့ဘဝရဲ့ ပထမဆုံးနဲ့နောက်ဆုံးလူဖြစ်မယ်ထင်တယ်.....။
.......................။
ပေါ့သွားလားဒီအပိုင်း ၄ နာရီတင်ပေးမယ်လုပ်ကာမှ ရေနွေးပူလောင်လို့ အခုမွေရးရတာ နောက်ကျသွားလို့တောင်းပန်ပါတယ် ပေါ့သွားတယ်ထင်တယ်
အခုဆိုနားလည်လောက်ပြီထင်တယ် မောင်က သူ့ခံစားချက်တွေကို သူမသိသေးတာ ။
Feedback လေးတွေနဲ့ vote လေးတွေ ပေးဖို့မမေ့နဲ့နော် 😉