ေမာင္....တဲ့ မောင်....တဲ့
(1) အရုပ်လေး အရုပျလေး
(2) ငါငတုံးမဟုတ်ဘူးမောင် ငါငတုံးမဟုတ်ဘူးမောင်
(3) ဂ်ဴတီကုပ္ေလး ဂျူတီကုပ်လေး
(4) ငါလည္းနာတတ္တယ္ ငါလည်းနာတတ်တယ်
(5) ငါ့ရှေ့မှာမှ ငါ့ရှေ့မှာမှ
(6) ရယူခြင်း ရယူခွငျး
(7) မတောင်းပန်ပါနဲ့ မတောင်းပန်ပါနဲ့
(8) အရိပ္လိုလူ အရိပႅိုလူ
(9) ထာဝရသူငယ္ခ်င္း ထာဝရသူငယ်ချင်း
(10) ေတြ႔ဆံုမႈ တွေ့ဆုံမှု
(11) မောင်သိမ်းထားသော မောင်သိမ်းထားသော
(12) ခ်စ္တယ္ လြန္း ချစ်တယ် လွန်း
(13) ဆုံးရှုံးခြင်း ဆုံးရှုံးခွငျး
(14) ပန်းကလေးငယ် ပန်းကလေးငယ်
Warning (ဖတ္ေပးပါ ဖတ်ပေးပါ )
(15) ေမ်ွာ္လင့္ခ်က္ေလး မျှော်လင့်ချက်လေး
(16) ထွက်သွားမိမှာ ထြက်သြားမိမွာ
(17) လုပ်ရက်တယ် လုပျရကျတယျ
(5) ငါ့ရှေ့မှာမှ ငါ့ရှေ့မှာမှ
Zawgyi
.........
မီးရောင်စုံလင်းနေသော နေရာ တစ်ခု သရုပ်ပျက်အဝတ်အစားတွေနှင့်မိန်းကလေးအချို့ နေရာသည်စိတ်ရှုပ်စရာကောင်းသလောက် စိတ်ခံစားမှုတွေ စိတ်ညစ်စရာတွေကိုဖြေဖျောက်နိုင်သည်။
ဒုန်း!
"ဇိုင်းသိလား မောင် က ငါ့ကိုမချစ်ဘူး ရွံတယ်တဲ့ ဟားဟား ငါ့အပြုံးတွေကိုဟန်ဆောင်ပြုံးတဲ့ မိန်းကလေးတစ်ယောက်နဲ့ယှဉ်ပြီး ငါ့ကိုနှိမ့်ချတယ် အဲ့မိန်းကလေး အတွက်နဲ့ ငါ့ကိုရိုက်ဖို့ရွယ်တယ် မောင် မတရားဘူး တစ်ခါတစ်လေ ငါ့ကိုထွေးပွေ့ပေးမဲ့မိသားစုလိုချင်တယ် သူများတွေလိုလေ တစ်ခုခုဆိုတာနဲ့ အမေဆိုတဲ့လူသားရဲ့ရင်ခွင်ထဲမှာ ငါနေချင်တယ် ဇိုင်းသိလား ငါအရမ်းပင်ပန်းနေပြီ ငါအရမ်းပင်ပန်းနေပြီလို့......"
မူးဝေနေသောခေါင်းကိုခါကာ မြင်အောင်ကြည့်တော့ မိန်းကလေးတစ်ဦးလည်းထိုင်နေသေးသည်။
"မောင်...."
"ဟမ်!"
"မောင်...."
ဇိုင်း ကပုလင်းကွဲတစ်ခုကို ခွဲကာ မောင်တို့ဝိုင်းကိုသွား၍ မောင့်ပေါ်မှာထိုင်နေသော ဟေသာ့ ကို ဆွဲဖယ်၍ မောင့်ကိုဆွဲထိုးကာ
ဆိုင်ကလူတွေလည်းဝင်မဆွဲရဲ ဇိုင်းရန် ပုလင်းကွဲကို ပစ်ချကာ လွန်း ရှိရာသို့လာ၍ တသိမ်သိမ့် တုန်နေသော လွန်းကိုတွဲကာ အဲ့နေရာမှ ထွက်လာခဲ့လိုက်သည်။
..................
"ရပါတယ် ကိုကိုရဲ့ အချစ်ဘာမှမဖြစ်ဘူး ကိုကို!"
"ဟမ် ဟမ်!"
"ဟမ် ဘာမှမဟုတ်ပါဘူး"
"မလိမ်ပါဘူး ဒီက ကိုကို့အသဲလေးကို "
ဟေသာ့ နှာခေါင်းလေးကိုဆွဲညစ်ရင်း ရယ်နေသောမောင့်ကို လွန်းထက်သာ တွေ့ဖြစ်အောင်ကိုတွေ့သွားပါသေးသည်။
.................။
"လွန်း ဟိုမှာတွေ့လား "
"အင်း...အရမ်းကိုလှတယ် "
"အဟား...ထားပါတော့ ဆက်စား မင်းရဲ့မောင်ဆူနေဦးမယ် မင်းဘေးမှာငါရှိနေမှာမဟုတ်ဘုးနော် စား ပြန်ကြမယ်"
......................။
Team ခွဲကြည့်ရအောင်
ဆက်လွန်း လား?
ဇိုင်းလွန်း လား?
11.10.2020
#VeraVicki
Unicode
..........
မီးရောင်စုံလင်းနေသော နေရာ တစ္ခု သရုပ်ပျက်အဝတ်အစားတွေနှင့်မိန်းကလေးအချို့ နေရာသည်စ်ိတ်ရှုပ်စရာကောင်းသလောက် စိတ်ခံစားမှုတွေ စိတ်ညစ်စရာတွေကိုဖြေဖျောက်နိုင်သည်။
"လွန်း....တော်တော့ မင်းဘယ်တုန်းကသောက်ဖူးလို့လဲ"
"အရင်ကမသောက်ဖူးလည်း...အခုသောက်တယ်ကွာ....အဲ့တော့ဘာဖြစ်ချင်လဲ"
ဒုန်း!
ဇိုင်း ကို ကပ်ကပ်လန်အောင် ရန်တွေ့နေရင်း အမူးလွန်၍ ခုံနှင့်ခေါင်းဆောင့်တာ မှောက်ကျသွားလေသည်။ မှောက်အိပိနေရင်းမှ ငိုသံတွေထွက်လာတာမို့ ကြည့်လိုက်တော့ လွန်း ငိုနေသည်တဲ့
"ဇိုင်း.... ဇိုင်း ရေ ဘယ်မှာလဲ"
"ဟမ် အင်း ငါဒီမှာရှိတယ်"
"ဇိုင်းသိလား မောင် က ငါ့ကိုမခ်စ္ဘူး ရွံတယ်တဲ့ ဟားဟား ငါ့အပြုံးတွေကိုဟန်ဆောင်ပြုံးတဲ့ မိန်းကလေးတစ်ယောက်နဲ့ယှဉ်ပြီး ငါ့ကိုနှိမ့်ချတယ် အဲ့မိန်းကလေး အတွက်နဲ့ ငါ့က်ိုရိုက်ဖို့ရွယ်တယ် မောင် မတရားဘူး တစ်ခါတစ်လေ ငါ့ကိုထွေးပွေ့ပေးမဲ့မိသားစုလိုချင်တယ် သူများတွေလိုလေ တစ်ခုခုဆိုတာနဲ့ အမေဆိုတဲ့လူသားရဲ့ရင်ခွင်ထဲမှာ ငါနေချင်တယ် ဇိုင်းသိလား ငါအရမ်းပင်ပန်းနေပြီ ငါအရမ်းပင်ပန်းနေပြီလို့......"
အမှန်တကယ်လည်းဟုတ်ပါသည်။ လွန်း ဘဝက ပိုက္ဆံကလြဲ၍ ဘာမှမရှိသော အခြံ ။ အဲ့တာကြောင့် သူဇိုင်းရန်ကိုခင်တွယ်သည်။
အဲ့တာကိုလည်း နေဆက်ရှိန် ကအပြစ်မြင်ပြန်သည်။
"ငါရှိတယ်လေ....ငါရှိတယ်လို့ မင်းတစ်ယောက်တည်းမဟုတ်ဘူး"
လွန်း စကားဆက်ပြောရန်ခေါင်းကိုထောင်လိုက်တော့ မျက်လုံးထဲ ဝိုးတိုးဝါးတား မြင်လိုက်ရတာက မောင်....။
မူးဝေနေသောခေါင်းကိုခါကာ မြင်အောင်ကြည့်တော့ မ်ိန်းကလေးတစ်ဦးလည်းထိုင်နေသေးသည်။
ပြီးတော့ ထိုမိန်းကလေးက မောင့်ပေါ်ကိုတတ်ထိုင်ကာ အချင်းချင်းနမ်းနေကြသေးသည်။
ဘုရားရေ.....ဟေသာ ပဲ။ အော် မောင်ရယ် မောင့်ကိုတွေ့ရရင်နာကျင်ရမှာစိုးလို့ ဒီကိုလာခဲ့ပါတယ်ဆို အခုတော့ မောင်က ငါ့ရင်ဘက်ထဲကို မြှားတစ်ချောင်းချင်းစီမဟုတ်ဘဲ အစုလိုက်ပစ်ချလိုက်သလိုပဲမောင် ။ ငါလေ ဒီနေရာကအရမ်းနာနေတယ် ။ငါ့ရှေ့မှာမှမောင်ရယ် နေရာတွေအရမ်းရှားနေလား ဘာလို့ငါ့အနားမှာလဲ ဘာလို့အမြဲတမ်းငါ့အနားမှာမှလဲ။ ရီဝေဝေ အကြည့် ရှတတ အသံတို့ဖြင့်
"မောင်...."
"ဟမ်!"
"မောင်...."
လွန်း လက်ညိုးထိုးပြတဲ့နေရာက်ိုကြည့်လိုက်တော့ ဟိုကောင် နေဆက်ရှိန် ဖြစ်ပျက်နေတာ မြင်လို့မှမကောင်း လူကြားထဲမှာမှ အရှက်မရှိကြတော့ဘူးလား။ သူတို့ထက်အခုစိုးရိမ်နေတာက အရှေ့ကလူသားလေးပင် ကိုယ့်ရင်ဘတ်ကိုယ်ပြန်ထုကာ ငိုနေလေသည်။ ငါသည်းမခံနိုင်တော့ဘူး လွန်း.... ။
အရမ်းငိုလိုက်လို့လား မသိ လူကနည်းနည်းတော့ အမုူးပြေလာလေသည်။ အမူးပြေတဲ့အချ်ိန် ကြည့်လိုက်တော့ ဇိုင်းကဒေါသထွက်နေဟန်ရှိကာ မောင်တို့ဝိုင်းကိုထသွားလေသည်။ ကိုကိုယ်တိုင်က မူးနေတာမို့ ဆွဲလိုက်ရန်မမှီတော့
ဇိုင်း ကပုလင်းကွဲတစ်ခုကို ခြဲကာ မောင်တို့ဝိုင်းကိုသွား၍ မောင့်ပေါ်မှာထိုင်နေသော ဟေသာ့ ကို ဆွဲဖယ်၍ မောင့်ကိုဆွဲထိုးကာ
လက်ထဲက ပုလင်းကွဲဖြင့် ထိုးရန်လုပ်ချိန် လွန်း ဘက်ကိုလှည့်ကြည့်တော့ လွန်းကခေါင်းခါပြနေလေသည်၊ ပါးစပ်မှလည်း နှုတ်ခမ်းလှုပ်ရုံလောက်ဖြင့် 'မလုပ်ပါနဲ့ ' ဟုလည်းပြောနေသယောင်ရှိသည်။
လွန်း ပြောနေတာကြောင့် အမိန့်နာခံတဲ့လူတစ်ယောက်လိုပြောင်းလဲသွားသူက ဇိုင်းရန် ပင်ဖြစ်လိမ့်မည်။ ဒေါသကိုမနဲ မြိုသိပ်ကာ
"ကျစ် မင်းကွာ သစ္စာမရှိတဲ့ကောင် မင်း လွန်း ကိုထပ်ရိုက်ရဲရင်ရိုက်ကြည့် အဲ့နေ့မင်းသေမဲ့နေ့ပဲ"
ဆိုင်ကလူတွေလည်းဝင်မဆွဲရဲ ဇိုင်းရန် ပုလင်းကွဲကို ပစ္ခ်ကာ လွန်း ရှိရာသို့လာ၍ တသိမ်သိမ့် တုန်နေသော လွန်းကိုတွဲကာ အဲ့နေရာမှ ထွက်လာခဲ့လိုက်သည်။
..................
ခုနက ဟိုအကောင် ရဲ့လုပ်ပုံကိုတစ်စက်မှမကျေနပ် လူက မူးနေတာမို့ ဘာမှပြန်မလုပ်နိုင် ပိုပြီးတင်းရတာကတော့ ဟေသာကို တွန်းလိုက်ခြင်းပင်။ အဟက်! ပြီးတော့လည်း လွန်း ကိုတွဲသွားသေးသည်။ မင်းအိမ်ရောက်ရင် အေသပဲ လွန်းထက်သာ။
နေပါဦး အတင်းအကျပ် လက်ထပ်ထားပေးလို့ယူထားရတဲ့ကောင်ကိုဘာတွေများ မကျေမနပ်ဖြစ်နေရတာလဲ ။
"ဟေသာ ရရဲ့လား အချစ် ဘာဖြစ်သွားသေးလဲ "
"ရပါတယ် ကိုကိုရဲ့ အခ်စ္ဘာမွမျဖစ္ဘူး ကိုကို!"
"ဟမ် ဟမ်!"
နေဆက်ရှိန် ပြာပြာသလဲလဲ နှင့် ဟေသာ့ အခေါ်ကိုထူးလေသည်။
"ခုနက လူက ဘာပြောသွားတာလား ဘာကိုသစ္စာမရှိတဲ့ကောင်လဲ"
"ဟမ် ဘာမှမဟုတ်ပါဘူး"
"ကိုကိုနော် အချစ်ကိုမလိမ်နဲ့"
ခဏလောက်တော့ နေဆက်ရှိန် အကျပ်ရိုက်သွားသည်။ ဟင့်အင်း ဒီကိစ္စကို ဟေသာ သိလို့မဖြစ် ။ ဟေသာ သူ့ကိုထားခဲ့မှာကိုသူမလိုချင်။
"မလိမ်ပါဘူး ဒီက ကိုကို့အသဲလေးက်ို "
ဟေသာ့ နှာခေါင်းလေးကိုဆွဲညစ်ရင်း ရယ်နေသောမောင့်က်ို လွန်းထက်သာ တွေ့ဖြစ်အောင်ကိုတွေ့သွားပါသေးသည်။
ပြန်မယ်လုပ်သော်လည်း လွန်း က ခဏစောင့်ကြည့်ချင်တယ်ဆိုတာမို့ ထွက်သွားသလိုလုပ်ပြီးမှ နေရာအကွယ်လေးကနေချောင်းကြည့်နေလေသည်။ ဇိုင်းက တော့ ဒေါသတွေကိုအတော်ထိန်းထားပုံရသည်။
မောင်ရယ် အသံမကြားရလည်းငါသိတယ် မောင့်ကောင်မလေးကို မောင်ချော့နေတာ အသေအချာပဲပေါ့ မောင်လိမ်ပါ ဆက်လိမ်ပါ မောင်ပျော်နေရင်လည်း ငါပျော်နေရတာမို့ နှလုံးသားတစ်စုံရဲ့နာကျင်မှုကိုလစ်လျူရှုပြီးတော့လေ...။
.................။
အမူးမပြေသေးတာမို့ လွန်း ကိုဆိုင်ကယ်နောက်မှာထိုင်ခိုင်းရန်အဆငိမပြေ ပြုတ်ကျရင် ရင်ကျိုးရမှာက ဇိုင်းရန် ပင်။
အုတ်ထိုင်ခုံလေးတစ်ခုကို ခေါ်သွားကာ ထိုင်စေ၍ ခေါက်ဆွဲဗူးတစ်ဗူးသွားဝယ်ကာ စားစေသည်။ အချိန်က ည၁၀နာရီတောင်ကျော်နေလေပြီ။ အခုလောက်ဆို နေဆက်ရှိန် ဒေါပွနေမှာအသေအချာပင်။
အခုထိအငိုမတိတ်သေး တစ်ရှုံ့ရှုံ့ နှင့်ဖြစ်နေလေသည်၊
နှာခေါင်းထိပ်လေးတွေက ရဲကာ ဆောင်းအဝင်ကာလမို့ အေးနေလေသည်။
ဇိုင်းရန် သူ့ရဲ့အပေါ်ထပ်ကိုချွတ်ကာ လွန်းကို ခြုံပေးလိုက်တော့ အကောင်ပေါက်က မော့ကြည့်လေသည်။
ပြန်ငုံ့၍ ခေါက်ဆွဲပြန်စားလေသည်။ လွန်းဘေးနားမှာဝင်ထိုင်ရင်း လွန်းကိုဖက်ကာ
"လွန်း ဟိုမှာတွေ့လား "
ဇိုင်း ကကောင်းကင်ကိုထိုးပြတော့ လွန်းက ကြည့်လိုက်ကာ
"ကြယ်လေးတွေလေ လှတယ်မဟုတ်လားဟင် ။ လွန်း"
"အင်း...အရမ်းကိုလှတယ် "
ဇိုင်း က လွန်းကိုရီဝေဝေမျက်လုံးများဖြင့်ကြည့်၍
"အင်း အဲ့လိုပဲ မပိုင်ဆိုင်ရတဲ့အရာတွေက သိပ်ကိုလှကြတယ်"
လွန်း ကခေါက်ဆွဲတန်းလန်းနဲ့ ကြောင်အအ ဖြစ်သွားတာမို့ လွန်း ရဲ့ခေါင်းလေးကိုပုတ်ကာ
"အဟား...ထားပါတော့ ဆက္စား မင်းရဲ့မောင်ဆူနေဦးမယ် မင်းဘေးမှာငါရှိနေမှာမဟုတ်ဘုးနော် စား ပြန်ကြမယ်"
လွန်းကတော့ ခေါင်းတစ်ငြိမ့်ငြိမ့် ဖြင့် ဆက်စားနေလေသည်။
မောင် ဆိုတဲ့အသံကြားရတော့ စိတ်ထဲမှာ တကယ်ကိုပင် အိမ်မပြန်ချင်၊ ငါအရမ်းပင်ပန်းနေပြီ မောင် ။ မင်းနဲ့ငါ အိမ်မှာထပ်ပြီးရန်မဖြစ်ချင်တော့ဘူး။
ခေါက်ဆွဲဗူးကို မျက်နှာအပ်ကာ စားနေသော လွန်းကိုကြည့်ရင်း ဇိုင်းရန် ပြုံးမိသည်။ အပြုံးနှင့်အတူ မျက်ရည်တစ်စက်ကလည်း မြေခလျက်။ အင်း....ဟုတ်တယ် လွန်း။ ပိုင်ဆိုင်ခွင့်မရှိတဲ့ အရာတွေက သိပ်ကိုလှတယ် ဥပမာ မင်းလိုပေါ့....။
......................။
Feedback လေးတွေနဲ့ vote လေးတွေပေးဖို့မမေ့နဲ့နော် အသဲလေးတို့။
Team ခွဲကြည့်ရအောင်
ဆက်လွန်း လား?
ဇိုင်းလွန်း လား?
11.10.2020
#VeraVicki
© Yoon Lay,
книга «"မောင်" စေရင်».
(6) ရယူခြင်း ရယူခြင်း
Коментарі