ေမာင္....တဲ့ မောင်....တဲ့
(1) အရုပ်လေး အရုပျလေး
(2) ငါငတုံးမဟုတ်ဘူးမောင် ငါငတုံးမဟုတ်ဘူးမောင်
(3) ဂ်ဴတီကုပ္ေလး ဂျူတီကုပ်လေး
(4) ငါလည္းနာတတ္တယ္ ငါလည်းနာတတ်တယ်
(5) ငါ့ရှေ့မှာမှ ငါ့ရှေ့မှာမှ
(6) ရယူခြင်း ရယူခွငျး
(7) မတောင်းပန်ပါနဲ့ မတောင်းပန်ပါနဲ့
(8) အရိပ္လိုလူ အရိပႅိုလူ
(9) ထာဝရသူငယ္ခ်င္း ထာဝရသူငယ်ချင်း
(10) ေတြ႔ဆံုမႈ တွေ့ဆုံမှု
(11) မောင်သိမ်းထားသော မောင်သိမ်းထားသော
(12) ခ်စ္တယ္ လြန္း ချစ်တယ် လွန်း
(13) ဆုံးရှုံးခြင်း ဆုံးရှုံးခွငျး
(14) ပန်းကလေးငယ် ပန်းကလေးငယ်
Warning (ဖတ္ေပးပါ ဖတ်ပေးပါ )
(15) ေမ်ွာ္လင့္ခ်က္ေလး မျှော်လင့်ချက်လေး
(16) ထြက္သြားမိမွာ ၾထက္ၾသားမိမြာ
(17) လုပ္ရက္တယ္ လုပ်ရက်တယ်
(3) ဂ်ဴတီကုပ္ေလး ဂျူတီကုပ်လေး
Zawgyi
.......
"ဟုတ်ဆရာ"
"အေးအေး ကောင်းပြီ ။ ဆရာသွားမယ် "
"စိတ်ချပါ ငါသေချာပေါက်လာမှာမို့"
"အေးသွားကြမယ်"
မောင့်ကိုတွေ့ရဖို့ မောင့်အခန်းထဲကိုဝင်လာလိုက်သည်။
"ဟင် ဘာမှမဖြစ်ဘူး ငါကြက်ဥကြော်နေတာ ဒယ်အိုးမီးထတောက်လို့ မီးပတ်တာလည်းမရလို့ အဝတ်နဲ့ဖိလိုက်တာ"
"မောင်...!"
"ဘာ...ဘာဖြစ်လို့လဲ"
"အဝတ်ဖြူလေ"
"အိုး sorry ငါမသိလိုက်ဘူး အသစ်ဝယ်လိုက်"
မောင်မို့လို့ပြောရက်တယ်နော် ဒါပစ္စည်းတစ်ခုဟုတ်တယ်ပြန်ဝယ်လို့ရတယ် ဒါပေမဲ့ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ပစ္စည်းတစ်ခု ပျက်ဆီးသွားတာဆိုရင်ကော
ဟုတ်တယ် အခု မောင့်ကို အိမ်ထောင်သက်တမ်း ၄ လမှာ မင်းလို့ပထမဆုံးပြောဖူးခြင်းပဲ။
"တောက်! ဟာကွာ စောက်ရေးမပါတာ ပစ္စည်းတစ်ခုပဲ ပြန်ဝယ်လိုက်ရင်ရတာပဲ "
"ဘာစောက်ရေးမပါဘူးဟုတ်လား အဲ့တာငါ့အိမ်မက် တစ်ခု ငါတန်ဖိုးထားတဲ့အရာတွေထဲကတစ်ခုဖျက်ဆီးခံလိုက်ရတာ "
"ဖုန်း!!!!"
ဖြန်း!!!!
"နောက်ဆို မောင့်အနားမှာ ငါမြတ်နိုးရတဲ့ပစ္စည်းတွေအရာတွေမထားရဲ​တော့ဘူး နားလည်ပြီလားမြတ်နိုးရတဲ့အရာတစ်ခုပျက်ဆီးသွားတဲ့ခံစားချက်ကို ထပ်ရိုက်လေ ရိုက်!"
"ကျစ်...မင်းကွာ..."
"ဟင့်အင်း မောင့်အနားမှာငါဘာမှမထားခဲ့သင့်ဘူး ငါမှားတာ ငါကိုကမှားတာ မောင့်အနားက ငါ့အချစ်တွေကိုလည်းငါပြန်ယူသွားတော့မယ် ငါမောင့်ကိုမချစ်တော့ဘူး"
...................။
...................။
Feedback လေးတွေကော Vote လေးတွေကောပေးဖိုမမေ့နဲ့နော် မကောင်းရင်ပွင့်ပွင့်လင်းလင်းပြောပါ အကျင့်တွေပြင်ပါ့မယ်💚
10.10.2020
#VeraVicki
Unicode
.........
ဒီနေ့တော့ ကျောင်းပြန်တတ်မှရမည် မဟုတ်ရင် စာမေးပွဲ ကျနိုင်သည်။ မောင့်အတွက်ပြင်ဆင်ထားခဲ့ပေးပြီးကျောင်းကိုလာတော့ ဇိုင်းရန် နဲ့တူတူတွေ့ကြသည်။
အခန်းထဲရောက်တော့ ဆရာကမေးသည်။
ဘာလို့ကျောင်းပျက်တာလဲတဲ့ လက်ကောက်ဝတ်မှာ အဆစ်လွဲသွားလို့လို့ပြောတော့ ဆရာက ခွင့်ပြုသည်။
ဇိုင်းရန် ကတော့အနည်းငယ်ဒေါသထွက်နေသယောင်ရှိသည်။ ပြီးတော့ ဆရာ မကြားအောင်
"မင်းမို့လို့ ငါသာဆိုအဲ့ကောင်ကိုသတ်ပစ်ပြီး ထောင်ထဲဝင်တယ် "
"မင်းကလဲကွာ စာလိုက်ကြည့်"
"ကဲ ကလေးတို့ ဆရာဒီနေ့ လူခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှု သွေးစီးဆင်းမှု လူတစ်ယောက်မှာဘယ်အပိုင်းကအရေးကြီးဆုံးလဲ ဆိုတာရှင်းပြပြီးပြီ နားလည်ကြမယ်ထင်တယ် ။ အော် လွန်းထက်သာ "
"ဟုတ္ဆရာ"
"နောက်တစ်ပတ် (....) ဆေးရုံမှာဆရာတို့လေ့လာစရာတွေရှိတာမို့ကျောင်းမပျက်နဲ့နော် မင်းကအတော်ဆုံးကလေးပဲ ဆရာစိတ်ချမယ်နော်"
"ဟုတ်ကဲ့ဆရာ စိတ်မပျက်စေရပါဘူး"
"အေးအေး ကောင်းပြီ ။ ဆရာသွားမယ် "
ဆရာထွက်သွားပြီးမှ ဇိုင်းရန် က စကားစလာသည်။
"မင်းအဲ့နေ့လာဖြစ်အောင်လာနော် အကြောင်းပြချက်မပေးနဲ့"
"စိတ္ခ်ပါ ငါသေချာပေါက်လာမှာမို့"
"ပြီးရော တစ်ခုခုသွားစားရအောင်"
"အေးသွားကြမယ်"
သူငယ်ချင်း ၂ ယောက် ကျောင်းဆင်းပြီဖြစ်၍ တစ်ခုခုစားကြရန် ဆိုင်တစ်ဆိုင် ကိုဝင်ထိုင်ကြလေသည်။
စားသောက်ကြပြီး၍ အိမ်ပြန်တော့ ခြံထဲမှာ ရပ်ထားတဲ့မောင့်ကားကိုတွေ့ရတာမို့ မောင်ရောက်နေပြီဆိုတာသိလိုက်ပြီ။
မီးဖိုချောင် ထဲဝင်ကာ ရေသောက်လိုက်၍ ဂျူတီကုတ်ကိုခုံမှာတင်လွှားခဲ့လိုက်သည်။
မောင့်ကိုတွေ့ရဖို့ မောင့်အခန်းထဲကိုဝင်လာလို်က်သည်။
အခန်းထဲမှာမောင်မရှိ ကိုယ့်အခန်းကိုယ်ဝင်ရင်း
ရေချိူးသန့်စင်ကာ အဝတ်လဲနေတုန်း အောက်ထပ်ကမောင့်အော်သံကြား၍ အဝတ်ကိုမြန်မြန်ဝတ်၍ပြေးဆင်းလာလိုက်သည်။ မောင် မီးဖိုချောင်မှာ လာလုပ်နေလဲမသိဘူး
"မောင် ဘာဖြစ်သွား...မောင်..."
"ဟင် ဘာမွမျဖစ္ဘူး ငါကြက်ဥကြော်နေတာ ဒယ်အိုးမီးထတောက်လို့ မီးပတ်တာလည်းမရလို့ အဝတ်နဲ့ဖိလိုက်တာ"
"မောင်...!"
"ဘာ...ဘာဖြစ်လို့လဲ"
"မောင်ကိုင်ထားတာဘာလဲသိလား"
"အဝတ်ဖြူလေ"
"အဟက်!အဲ့တာ လွန်းရဲ့ဂျူတီကုတ် မောင်! မောင်မသိဘူးလား တမင်လုပ်တာလား"
"အိုး sorry ငါမသိလိုက္ဘူး အသစ်ဝယ်လိုက်"
မောင်မို့လို့ပြောရက်တယ်နော် ဒါပစ္စည်းတစ်ခုဟုတ်တယ်ပြန်ဝယ်လို့ရတယ် ဒါပေမဲ့ကိုယ်မြတ်နိူးတန်ဖိုးထားတဲ့ပစ္စည်းတစ်ခု ပျက်ဆီးသွားတာဆိုရင်ကော
"မောင် မောင်မို့လို့ပြောရက်တယ်နော် ဒါက ကျောင်းသွားရင်ဝတ်နေကြအရာတစ်ခုပြီးတော့..."
ဆက်ပြောချင်ပေမဲ့စကားကိုရပ်ကာ မောင့်စကားကိုနားထောင်နေလိုက်သည်။
"ဆရာဝန်တောင် မဖြစ်သေးဘဲ လေကျယ်မနေနဲ့ကွာ အာရုံနောက်တယ် အဟက်!"
မောင်ကရယ်ကျဲကျဲနဲ့ မဲ့ပြုံးပြုံးကာ ပြောလာတာမို့
"မောင် ငါပြောနေတာ ရယ်စရာပါလားဟမ်! မင်းပြောသလို ဒါငါတန်ဖိုးထားတဲ့ပစ္စည်း ငါ့ဘဝကိုငယ်ငယ်လေးကတည်းက မိဘမရှိဘဲ ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ငါရုန်းကန်ထားရတာ မင်းလိုကောင်က ဒါတွေဘယ်သိမလဲ"
ဟုတ်တယ် အခု မောင့်ကို အိမ်ထောင်သက်တမ်း ၄ လမွာ မင်းလို့ပထမဆုံးပြောဖူးခြင်းပဲ။
မောင့်လက်ထဲက ဂျူတီကုပ် လေးကတော့ မီးလောင်ပြာကျနေလေပြီ။
"တောက်! ဟာကြာ စောက်ရေးမပါတာ ပစ္စည်းတစ်ခုပဲ ပြန်ဝယ်လိုက်ရင်ရတာပဲ "
"ဘာစောက်ရေးမပါဘူးဟုတ်လား အဲ့တာငါ့အိမ်မက် တစ္ခု ငါတန်ဖိုးထားတဲ့အရာတွေထဲကတစ်ခုဖျက်ဆီးခံလိုက်ရတာ "
"ငါပြောပြီးပြီလေ အသစ်ပြန်ဝယ်လိုက် "
"မင်းအဲ့လောက်အလွယ်စကားပြောချင်နေရင် ...နေဦးခဏစောင့်"
လွန်းထက်သာ ထိုနေရာမှထွက်သွားကာ နေဆက်ရှိန် အခန်းထဲက ဘေ့စ်ဘော ရိုက်တံကိုယူပြီး
ဧည့်ခန်းရဲ့ဘေးအခန်းကိုသွားလေသည်။ နေဆက်ရှိန် လည်းဘာလုပ်မယ်မှန်းသိလိုက်တာကြောင့် အမြန်လိုက်သော်လည်းမမှိီလိုက်ချေ။
"ဖုန်း!!!!"
လွန်းထက်သာ မောင့် အကြိုက်ဆုံးဖြစ်တဲ့ စန္တရားခုံကိုဘေဘောတုတ်နဲ့အားပါပါရိုက်ချကာ ဖျက်ဆီးလိုက်သည်။
နေဆက်ရှိန် လွန်း ကိုဆွဲလှည့်၍
"စောက်ရူးကောင် ရူးနေလား!"
ဖြန်း!!!!
နေဆက်ရှိန် လွန်း ကိုရိုက်ချလိုက်တာပြင်းသွားတာမို့ လွန်း ဖင်ထိုင်တောင်ပြုတ်ကျလေသည်။
လွန်း မျက်ရည်တွေဝဲ၍ ပါးတစ်ဖက်ကိုကိုင်ကာ ရယ်ပြီး
"နောက်ဆို မောင့်အနားမှာ ငါမြတ်နိုးရတဲ့ပစ္စည်းတွေအရာတွေမထားရဲတော့ဘူး နားလည်ပြီလားမြတ်နိုးရတဲ့အရာတစ်ခုပျက်ဆီးသွားတဲ့ခံစားချက်က်ို ထပ်ရိုက်လေ ရိုက်!"
"ကျစ်...မင်းကွာ..."
"ဟင့်အင်း မောင့်အနားမှာငါဘာမှမထားခဲ့သင့်ဘူး ငါမွားတာ ငါကိုကမွားတာ မောင့်အနားက ငါ့အချစ်တွေကိုလည်းငါပြန်ယူသွားတော့မယ် ငါမောင့်ကိုမချစ်တော့ဘူး"
အင်း မောင်လိမ်ပါရစေ ။ ငါတစ်ခါလောက်တော့လိမ်ပါရစေ ။ ငါကိုယ်တိုင်နာကျင်စေမဲ့လမ်းကို ငါရွေးချယ်ခဲ့ပြီးပြီပဲ ငါဆက်လျှောက်ရမှာပေါ့ ။
မောင့်ကိုထားခဲ့ပြီး ထိုနေရာကနေထွက်လာခဲ့လိုက်သည်။
မောင်သိလား အဲ့ဂျူတီကုပ် လေးကလေ ငါ့အသက်၁၈ပြည့်တုန်းက မောင်ငါ့ကိုပေးထားတာလေး အခုတော့ပျက်ဆ်ီးသွားပြီ ပျော်တယ်မဟုတ်လား မောင်....။
...................။
တစ်ညလုံး ငိုထားတာမို့ ကျောင်းမသွားခင်မိတ်ကပ်နဲ့ဖုံးရသေးသည်။ ကျောင်းရောက်တော့ ဇိုင်း ကမေးသည်။
"လွန်း ဘာဖြစ်တာလဲ နေမကောင်းဘူးလား"
"ဟားဟား....ကောင်းပါတယ်ကွာ မင်းကလည်း"
"လွန်း ဟန်ဆောင် မရယ်နဲ့ငါမကြိုက်ဘူး မင်ဘာဖြစ်လာတာလဲ"
"တကယ်ဘာမှမဖြစ်ဘူးလို့"
"ဒါက ဘာမှမဖြစ်တာလားဟမ်!
ဇိုင်း ရဲ့ဖုန်းကင်မရာကိုဖွင့်၍ လွန်းကို ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်စေသည်။
လွန်းကြည့်လိုက်တော့ အို...ဘုရားရေ... အနီကွက်ကြီး ...ကျစ်...
တော်သေးတယ်ပဲပြောရမည်၊ မိတ်ကပ်နဲ့ဖုံးထားတာမို့သိပ်တော့အခြေအနေမဆိုးလှပေ ။ အခုတောင် နားမှာနီရဲနေတာပဲ။ပါးနီချယ်ထားတယ်ဟုတောင်ထင်နိုင်သည်။
ထင်နိုင်မှာပေါ့ မနေ့ညကလည်း အောင့်နေလို့ အေးဆေးမအိပ်ရဘူး....အရှိန်ပြင်းသွားတာကြောင့် ဟင့်အင်း အရှိန်ကတော်တော်ကြီးကိုပြင်းသွားတာ
ဇိုင်း လွန်း၍လက်ကိုဆွဲ၍ သန့်စင်ခန်း ထဲခေါ်လာလိုက်သည်။ သန့်စင်ခန်း မှန်မှာသေချာအောင်ကြည့်ခိုင်း၍
"ငါမေးနေတယ်လေ ဒါဘာဖြစ်တာလဲ!"
ဇိုင်းရန်အော်လိုက်တာမို့ နဂိုကတည်းက ဝမ်းနည်းလွယ်သော လွန်း က ငိုချလေတော့သည်။
"လွန်း မငိုနဲ့ ငါပြောတာနားထောင် ဘာဖြစ်တာလဲ "
ငိုနေရင်း ဂျူတီကုပ် ကိုလက်ညိုးထိုးပြနေတာမို့ အကြောင်းသိတဲ့ ဇိုင်းက အင်္ကျ ီကော်လံအောက်ကိုကြည့်လိုက်သည်။
'ဆက်'ဟုရေးထားသော စာလုံးလေးမတွေ့တော့ချေ။
ဇိုင်းအနည်းငယ်သဘောပျောက်လိုက်မိပြီ ။ အငိုတိတ်မှပဲဆက်မေးမယ်ဟုဆုံးဖြတ်ကာ မျက်ရည်တွေသုတ်ပေးလိုက်သည်။ ဇိုင်းသိသည်။ လွန်း သူ့ကိုဘယ်တော့မှလိမ်လ်ု့ိ့မရဘူး လိမ်မိရင်တောင် လွန်းမျက်လုံးကိုကြည့်တာနဲ့သိနိုင်သည်။
ကိုယ်လေ မင်းကိုနာကျင်စေတဲ့အရာတွေကိုသိပ်မုန်းတာပဲလွန်းရယ်.....။
...................။
Feedback လေးတွေကော Vote လေးတွေကောပေးဖို်မမေ့နဲ့နော် မကောင်းရင်ပွင့်ပွင့်လင်းလင်းပြောပါ အကျင့်တွေပြင်ပါ့မယ်
10.10.2020
#VeraVicki
© Yoon Lay,
книга «"မောင်" စေရင်».
(4) ငါလည်းနာတတ်တယ် ငါလည်းနာတတ်တယ်
Коментарі