(4) ငါလည္းနာတတ္တယ္ ငါလည်းနာတတ်တယ်
Zawgyi
.......
"ငါ ငါ ပြန်မပြောချင်...."
"လွန်း!"
"ဟမ်"
"အင်း..."
ဘာလဲ သူကိုချစ်မိတာငါမှားလား ဟမ် ငါမှားလို့လားလို့ အဟင့်"
ဇိုင်းရန် ကျစ် တစ်ချက်သပ်ကာ လွန်းကိုကြည့်နေလေသည်။
လွန်း က
...................
"ငါ...ငါ...မနေ့က "
လက်ကိုရုန်းကာ
"အင်းရတယ်မောင် ။ ငါဘာမှမဖြစ်တာမို့ "
"ဒါကဘာမှမဖြစ်တာလား နီရဲနေတာကို"
"အဟက်!ဟာသတွေ ဟေသာက မင်းနဲ့မယူခင်ကတည်းကငါ့ချစ်သူကွ"
"မင်း...မင်း....ကွာ တောက်!"
မောင်က ငါ့အချစ်ဆုံး ငါ့ဘဝမှာ ၂ ယောက်မရှိနိုင်တော့တာမို့ ငါ့ဘေးနားကနေတော့ထွက်မသွားပါနဲ့မောင်။
....................။
"ငါအခုလာမယ် "
"ကဲ ဒီကလေးနဲ့တော့ လာ ဒီကို.....
ကဲပြီးပြီ တတ်တော့ "
အဟက်!ငါကတတိယလူပေါ့ ။
......................။
10.10.2020
#VeraVicki
Unicode
.........
ခုံတန်းလေးမှာထိုင်နေတာအခုဆို ၁ နာရီလောက်တောင်ကြာနေလေပြီ ။ ဇိုင်း ကစကားမစသလို လွန်း ကလည်းမပြော။ တိတ်ဆိတ်နေသော လေထုကိုဖြိုခွင်းဖို့အတွက်
ဇိုင်းရန် ကစကားစလေသည်။
"လွန်း ဘယ်ကဘယ်လိုဖြစ်ကြတာလဲ"
ဟင့်အင်း ထိုကိစ္စကိုလွန်း ပြန်မပြောချင် လွန်း ပဲနာကျင်ရတာမဟုတ်လား....
"ငါမေးနေတယ် လွန်းထက်သာ !"
"ငါ ငါ ပြန်မပြောချင်...."
"မင်းမပြောရင် ငါဘယ်သိမလဲပြော "
ဇိုင်းရန် အော်လိုက်တာမို့ လူကလန့်သွားပြန်သည်။ လူကိုအော်ရတာတော်တော်ကြိုက်နေလားမသိဘူး
လွန်း လည်းအကြောင်းစုံကို ပြောပြလိုက်သည်။
ပါးကနီနေတဲ့ကိစ္စကောပဲပေါ့
ပြောပြနေရင်း ဇိုင်းရန် မျက်နှာ ကိုကြည့်လိုက်တော့ နီရဲနေလေပြီ။ သူအတော်ကြီးကိုဒေါသထွက်နေတာ သူဒီလောက်ဒေါသထွက်တာမျိုးမတွေ့ဖူးသေးဘူး ပြောပြမိလိုက်တဲ့
ကိုယ့်ကိုကိုယ်သာအပြစ်တင်လိုက်ရသည်။
"ဘာ...အဲ့ကောင် မင်းကိုရိုက်တယ် "
ဇိုင်းရန် လွန်းရဲ့ ပါးကိုကိုင်ရင်း ကန်တင်းမှ ရေခဲသွားဝယ်ကာ ဖိကပ်ပေးနေသည်။
"စိတ်လျော့ပါ သူများတွေကြည့်နေပြီ"
"တောက်! အဲ့ကောင်လွန်နေပြီ မထင်ဘူးလား
ပထမ မင်းကိုစော်ကားတယ် အခုကိုယ်ထိလက်ရောက်တွေပါလုပ်လာပြီ"
"အင်း ငါလည်းဘာမှမဖြစ်တာမို့ မင်းစိတ်လျော့လိုက်နော်"
"လွန်း!"
"ဟမ်"
"အင်းအဲ့ကောင်ကို အဲ့လောက်ချစ်နေလား"
"အင်း..."
"မင်းရူးနေပြီ လွန်းထက်သာ "
"ဟုတ်တယ် ရူးနေပြီ သူ့ကိုချစ်လွန်းလို့ကိုရူးနေတာ
ဘာလဲ သူကိုခ်စ္မိတာငါမွားလား ဟမ် ငါမှားလို့လားလို့ အဟင့်"
"မင်းကွာ မင်းကို မကြည်ဖြူတဲ့လူကိုမှ...ကျစ်"
ဇိုင်းရန် ကျစ် တစ္ခ်က္သပ္ကာ လွန်းကိုကြည့်နေလေသည်။
"ဟင့်အင်း ငါ့ကိုကြည်ဖြူဖို့မလိုပါဘူး ငါကကြည်ဖြူဖို့ပဲလိုတယ် တကယ်ချစ်ရင် သူ့ကိုငေးကြည့်နေရတာနဲ့တောင်ငါပျော်တယ် "
"ငါသာ မင်းနေရာမှာဆို အဲ့ကောင်အခုထိအသက်ရှိမှာမဟုတ်ဘူး မငိုနဲ့တော့ နှုတ်ခမ်းထောင့်လည်းပေါက်နေတယ်ထင်တယ် တော်တော်အားပြင်းမှာပဲ နာနေသေးလား"
ဇိုင်းရန် လွန်း ရဲ့နှုတ်ခမ်းလေးကိုထိ၍ ရီဝေဝေ မျက်လုံးတို့ဖြင့်ကြည့်ကာမေးလေသည်။
"အင်းနည်းနည်းကိုက်နေသေးတယ်"
"မင်းကိုနာကျင်စေတဲ့အရာတွေကိုငါသိပ်မုန်းတယ်"
မတိုးမကျယ် တစ်ဦးတည်းကြားရသောအသံဖြင့်ပြောတော့
လွန်း က
"ဘာ ပြောလိုက်တာလဲ မကြားလိုက်ဘူး"
"ငြိမ်ငြိမ်နေ ဆေးထည့်ပေးမယ်လို့်ပြောတာ"
သူတို့အားလုံးတော်ကြပါသည်။ လိမ်တဲ့နေရာမှာပေါ့...။
...................
ဇိုင်း ကလိုက်ပို့မယ်ဆိုတာကြောင့် ဇိုင်းရဲ့ဆိုင်ကယ်နဲ့ပြန်လာလိုက်သည်။ အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်ကာ စာဖတ်နေသော မောင့်ကိုတန်းတွေ့ရလေသည်။
မောင် ကလွန်း ကို မြင်တော့ ထလာကာ လွန်းရဲ့လက်ကိုဆွဲ၍
"ငါ...ငါ...မနေ့က "
လွန်း မောင် ဆက်ပြောမယ့်စကားကိုသိလိုက်တာမို့
လက်ကိုရုန်းကာ
"အင်းရတယ်မောင် ။ ငါဘာမှမဖြစ်တာမို့ "
"ဒါကဘာမွမျဖစ္တာလား နီရဲနေတာကို"
မောင့် ကိုအတတ်နိုင်ဆုံးပြုံးပြကာ
"ရတယ် ဇိုင်း ဆေးထည့်ပေးထားတယ်"
"ငါမေးမလို့ မင်းနဲ့သူနဲ့ကဘာတွေလဲ"
အော် မောင်ရယ် မောင်မေးလိုက်တာ ဘယ်လိုသဘောသက်ရောက်သွားလဲကောသိရဲ့လား?
"ငါတို့က သူငယ်ချင်းတွေပါ"
"အဟက်! သူငယ်ချင်းတွေကလည်း ရည်းစားတွေလိုပဲ"
"မောင်!မဟုတ်တာတွေမပြောနဲ့ ငါတို့်အဲ့လိုမဟုတ်ဘူး"
"ဘာလဲ မင်းက မင်းရဲ့လင်ငယ်ကိုထိတော့နာတယ်ပေါ့
မပြောစေချင်ရင်အနေအထိုင်ဆင်ခြင်လေ "
ရယ်ရလိုက်တာ မောင်ရယ် 'လင်ငယ်' တဲ့လား
မောင် က ငါ့ကိုဘယ်တုန်းကများ လင်ယောက်ျားလို့သတ်မှတ်ဖူးလို့လဲ ။
"အော်မောင် မေ့နေပြီထင်တယ် ။အဲ့တာဆိုလည်းပြန်ပြောပြရတာပေါ့ မောင်လည်း ဟေးသာနဲ့အနေအထိုင်ဆင်ခြင်"
"အဟက်!ဟာသေတြ ဟေသာက မင်းနဲ့မယူခင်ကတည်းကငါ့ချစ်သူကွ"
"အော် မောင့်မယားငယ် ကိုထိတော့နာတယ်ပေါ့ ငါလည်းနာတတ်တယ်မောင်"
လွန်း ကိုရိုက်ရင် လက်ရွယ်၍ လွန်း ကလည်းရိုက်လေဆိုတဲ့အကြည့်နဲ့ကြည့်နေတာမို့
"မင်း...မင်း....ကြာ တောက်!"
မောင့် ကိုထားခဲ့၍ အပေါ်ထပ်ကိုပြေးတတ်လာခဲ့လိုက်သည်။
အကယ်၍ ငါနဲ့ဇိုင်း တွဲခဲ့တယ်ဆိုရင်တောင် သူက ငါ့လင်ငယ်မဟုတ်ဘူးမောင် ။ ဘာလို့ဆို မောင်နဲ့ငါက စာချုပ်အရ ပတ်သတ်နေကြရတဲ့လူတွေသက်သက်မို့ ။
မောင်ကစကားတတ်တယ် ။ ကျွန်တော့်ကိုကျတော့ လင်ငယ်ထားတယ်တဲ့ အဟက်! ဟေသာ့ကို မယားငယ်လို့ပြောတော့ အရှိုက်ထိသွားတယ်ထင်ပါရဲ့ ကျွန်တော့်ကိုတောင်ရိုက်ဖို့ရွယ်တယ်လေ ။ ဟေသာ့ကိုထိတော့ မောင်ကနာတတ်လိုက်တာ မောင်နာသလို ငါလည်းနာတတ်တယ်မောင်...။
မောင်သိလား ငါလေ ဟေသာ လောက်မောင့်ဂရုစိုက်မှုတွေမရရင်နေပါစေ ။
နည်းနည်းလေးလောက်တော့ ငါလည်းလိုချင်မိတယ်။
ဘာလို့လဲမောင် ။ ငါကယောက်ျားတစ်ယောက်ဖြစ်နေလို့လား ။ ဟုတ်တယ် မောင်ကငါ့ကိုရွံနေတာနေမှာ။
မောင် ကြိုက်တာလုပ် မောင်ဂရုမစိုက်လည်းရတယ် ငါမတောင်းဆိုတော့ဘူးနော် ။ဒါပေမဲ့ငါ့ဘေးကနေတော့ပျောက်ကွယ်မသွားပါနဲ့နော် မောင်...။
အော်ပြီးတော့လေ ငါ မောင့်ကိုမချစ်ဘူးဆိုတာငါလိမ်တာ
မောင်က ငါ့အချစ်ဆုံး ငါ့ဘဝမွာ ၂ ယောက်မရှိနိုင်တော့တာမို့ ငါ့ဘေးနားကနေတော့ထွက်မသွားပါနဲ့မောင်။
....................။
ရေချိုးပြီး၍ အောက်ဆင်းလာတောလ မောင်ရှိနေတာမို့
မောင့်ကိုမတွေ့ချင်တာမို့ အပြင်ထွက်လာလိုက်သည်။
ဇိုင်းရန်ကိုဖုန်းဆက်ကာ အဖော်လုပ်ပေးရန်ခေါ်လိုက်သည်။
မောင်...မောင် မကြိုက်တဲ့အရာတွေကိုငါလုပ်ပြမယ်
မောင်တောင် ငါမကြိုက်တာကိုလုပ်သေးတာပဲ ငါလည်းနည်းနည်းလောက်ဖြစ်ဖြစ်တော့လုပ်ခွင့်ရှိတယ်မဟုတ်လား
"ဟယ်လို ဇိုင်း ငါစိတ်ညစ်နေလို့ငါ့ကိုလာခေါ်ပါလား"
"ငါအခုလာမယ် "
ဇိုင်း ကိုသူချစ်သည်။ သူ့အတွက်အမြဲရှိနေပေးတဲ့ဇိုင်းကိုအားနာသည်။ ဒါပေမဲ့ သူငယ်ချငိးတစ်ယောက်ထက်မပို။
ဇိုင်းရောက်လာတော့ ခြံထဲကနေထွက်ကာ ဆိုင်ကယ်ပေါ်တတ်ရန်ဦးထုပ် ဆောငိးခါနီး မောင်ကြည့်နေတာကိုတွေ့လိုက်ရတာမို့ အသံကိုမြှင့်ကာ
"ဇိုင်း ငါတို့ဒီနေ့ဘယ်သွားကြမလဲ"
"လွန်း သဘောလေ ကိုယ်လိုက်ပို့မယ်"
"အင်းပြီးရော ငါ့ကိုဦးထုပ်ဆောင်းပေး"
"ကဲ ဒီကလေးနဲ့တော့ လာ ဒီက်ို.....
ကဲပြီးပြီ တတ်တော့ "
ဇိုင်းရဲ့ဆိုင်ကယ်နောက်မှာထိုင်ရင်း ဇိုင်း ကိုဖက္ကာ ထွက်လာလိုက်သည်။ အတော်ဝေးတော့မှ ဇိုင်းခါးကိုဖက်ထားရာမှလွှတ်လိုက်တာမို့ ဘာလို့လဲဆိုပြီး လှည့်ကြည့်လေသည်။ လက်နာလာလို့ ဟုသာပြန်ဖြေလိုက်ရသည်။
အင်း ငါသိတယ် လွန်း ။ မင်းငါ့ကိုလှလှပပလေးအသုံးချသွားတာငါသိတယ်။ အဲ့လိုဆိုရင်တောင်ငါက ကျေနပ်နေတာမို့ မင်းအသုံးချတာကိုကျေကျေနပ်နပ်ကြီးခံယူမယ် ။
ဆရာခွန်းညိုသွေး ရဲ့ အထပ်ထပ်အခါခါ ဆိုတဲ့ စာအုပ်ထဲက 'တတိယလူ ' ဆိုတဲ့ခေါင်းစဉ်ကိုသိလား
အဟက်!ငါကတတိယလူပေါ့ ။
မင်းကအတ္တတော့ကြီးတယ် နေဆက်ရှိန် အတွက်ငါ့ကိုအသုံးချခဲ့တာပဲ ။ မင်းရဲ့ငါးမျှားတံကငါးစာမှာ ငါဆိုတဲ့ ငါးလေးက လိုက်သင့်လေးလိုက်ပါခဲ့ရုံနဲ့တင်ငါကျေနပ်နေတာမို့...။
......................။
Feedback လေးတွေ vote လေးတွေပေးဖို့်မမေ့ကြပါနဲ့နော် ။ ကောင်းမကောင်းပြောသွားကြပါ လိုတာလေးတွေပြင်ချင်လို့ ချစ်တယ်ဘေဘီတို့...😉