ေမာင္....တဲ့ မောင်....တဲ့
(1) အရုပ်လေး အရုပျလေး
(2) ငါငတုံးမဟုတ်ဘူးမောင် ငါငတုံးမဟုတ်ဘူးမောင်
(3) ဂ်ဴတီကုပ္ေလး ဂျူတီကုပ်လေး
(4) ငါလည္းနာတတ္တယ္ ငါလည်းနာတတ်တယ်
(5) ငါ့ရှေ့မှာမှ ငါ့ရှေ့မှာမှ
(6) ရယူခြင်း ရယူခွငျး
(7) မတောင်းပန်ပါနဲ့ မတောင်းပန်ပါနဲ့
(8) အရိပ္လိုလူ အရိပႅိုလူ
(9) ထာဝရသူငယ္ခ်င္း ထာဝရသူငယ်ချင်း
(10) ေတြ႔ဆံုမႈ တွေ့ဆုံမှု
(11) မောင်သိမ်းထားသော မောင်သိမ်းထားသော
(12) ခ်စ္တယ္ လြန္း ချစ်တယ် လွန်း
(13) ဆုံးရှုံးခြင်း ဆုံးရှုံးခွငျး
(14) ပန်းကလေးငယ် ပန်းကလေးငယ်
Warning (ဖတ္ေပးပါ ဖတ်ပေးပါ )
(15) ေမ်ွာ္လင့္ခ်က္ေလး မျှော်လင့်ချက်လေး
(16) ထွက်သွားမိမှာ ထြက်သြားမိမွာ
(17) လုပ်ရက်တယ် လုပျရကျတယျ
(17) လုပ်ရက်တယ် လုပျရကျတယျ
Zawgyi
........
ဖြာချလာသော နေရောင်ခြည်ကြောင့် နိုးထလာရလေသည်။
"အား...အင်း..."
"Wow.....ငါက စောက်ချောကြီးပါလား အဟေး"
.............
ဟေသာ ကမေးလေသည်။
"တော်ပါ ကျွန်တော်က အလုပ်တွေနဲ့ပြည့်နေတာလေ ဘယ်သွားမယ် မသွားဘူး ကို မမကိုလိုက်ပြောနေရမှာလား"
"သွားဟယ် "
...............
"အော်...."
"မင်းကကော"
"ငါက ဒီလိုပါပဲ ရန်ကုန်မှာတိုက်ခန်းငှါးနေတယ် ငါ့မှာ အမေမရှိတော့ဘူး အဖေပဲရှိတယ် အဖေက ဂျပန် မှာနေတယ် ငါ့ကိုဟိုကနေလှမ်းထောက်ပံ့ပေးတယ် ကျောင်းပိတ်ရင် ၁ လလောက်ပြန်ဖြစ်တယ်"
"အင်း...မှာလေ ဘာစားမလဲ"
ရယ်လေသည်။
"အဲ့တော့ ဒီအတိုင်းပဲနေတော့မယ်ပေါ့ မမိုက်ဘူးကွာ"
"အဲ့တော့ သူကဘယ်သူလဲ "
ယောက်ျားလေးတဲ့လား!
"ယောက်ျားလေး လားဟ"
"အေး bye...."
..................။
"အော်..."
"မောင်!"
"ဘာ ဘာလဲ"
အဲ့တာဆိုငါကကော မောင်မို့လုပ်ရက်တယ် အော် အဲ့တာကြောင့်မနေ့ညက မနက်၃နာရီလောက် မှ မောင်ပြန်ရောက်လာတာကို ငါတုံးလိုက်တာမောင်ရယ် ငါအဲ့ကတည်းကသိသင့်တယ် ယောက်ျားတစ်ယောက်အိမ်ပြန်နောက်ကျနေတာဘာလို့လဲဆိုတာကိုလေ....!
"မင်းကွာ...."
"မှန်နေတာပဲ "
.................။
ဖတ်ရတာအဆင်ပြေရဲ့လား
#VeraVicki
Unicode
.........
မနက်ခင်းရဲ့ဖြာချလာသော နေရောင်ခြည်ကာ ပြတင်းပေါက်ကိုဖြတ်သန်းကာ မျက်နှာသို့တစ်ဆင့်ခံထိတွေ့လေသည်။
ဖြာချလာသော နေရောင်ခြည်ကြောင့် နိူးထလာရလေသည်။
"အား...အင်း..."
အကြောဆန့်၍ ကုတင်ဘေးက ဖုန်းကိုယူကာ ကြည့်လိုက်တော့ နံနက် ၈ နာရီတောင်ထိုးနေလေပြီ။ ဒီနေ့က ကျောင်းပိတ်ရက်မို့ကျောင်းလည်းသွားစရာမရှိ။ ပြန်အိပ်မယ်လို့ကြံပြီးမှ သတိရလာသော မှတ်ဉာဏ်အချို့...
"ချီး...သေပြီ။ ရှိန်း နဲ့ချိန်းထားတာပဲ "
အမ် နေပါဦး ။ သူ ရှိန်း လို့ခေါ်မိလိုက်တာလား။
ကိုယ့်အတွေးကိုယ်သဘောကျကာ ရှုပ်ပွနေသော ဆံပင်ကြားထဲလက်ထိုးထည့်ကာ ရယ်မိသည်။
(အမှန်ပါပဲ ရှိန်းသူ ကနောက်ဆိုရင် ဇိုင်းရန်အမြဲပြုံးရယ်နေအောင်လုပ်ပေးမဲ့သူဆိုတာကိုကော ဇိုင်းရန် သိပါ့မလား?)
ရေချိုး၍ ပြင်ဆင်ကာ မှန်ရှေ့ထိုင်ကာ တစ်ခုခုကိုစိတ်အလိုမကျဖြစ်နေလေသည်။
ဘာကိုစိတ်အလိုမကျဖြစ်နေတာလဲ? အာ....သူ့ဆံပင်ကိုပဲ
"နေပါဦး ဆံပင်ကိုဘယ်လိုလုပ်ရမလဲ"
ဆံပင်ကိုဘီးတစ်ချောင်းဖြင့် ဟိုဘက်စောင်းဖြီးလိုက် ဒီဘက်ကိုဖြီးလိုက်ဖြင့်အလုပ်ရှုပ်နေလေသည်။ နောက်တော့ ဆံပင်ကိုအလယ်ကနေခွဲကာ ဂျယ်လ် လိမ်း၍ အနည်းငယ် ဖွာချလိုက်သည်။ နဖူးထက်တွင် 'ဂ' လေးလို ဆံပင်ကကွဲနေလေသည်။ နားကပ် တစ်ဖက်ကိုချိတ်ဆွဲကာ ရေမွှေးဆွတ်လိုက်သည်။ မှန်ထဲမှာကြည့်၍
"Wow.....ငါက စောက်ချောကြီးပါလား အေဟး"
ဘောင်းဘီအိတ်ကပ်ထဲကိုလက်ထည့်ကာ သော့ကိုယူ၍
ဆိုင်ကယ်ပေါ်တတ်ကာ မောင်းထွက်လာခဲ့လေသည်။
.............
အပြန်ထွက်ရန် ပြငိနေသော အငယ်ကောင်ကြောင့် မနေသာတော့ဘဲ
"ဟဲ့အငယ်ကောင် ဘယ်သွားဦးမလို့လဲ"
ဟေသာ ကမေးလေသည်။
"မမ နင့်ကိစ္စမို့လို့လားဟ"
"မေးရမှာပဲလေ ငါနင့်အမဟဲ့"
"တော်ပါ ကျွန်တော်က အလုပ်တွေနဲ့ပြည့်နေတာလေ ဘယ်သွားမယ် မသြားဘူး ကို မမကိုလိုက်ပြောနေရမှာလား"
"သွားဟယ် "
ဘုဆက်ဆက်နဲ့လှည့်ထွက်သွားသော အမ ကိုကြည့်ကာ
ရှိန်းသူ ပွစိပွစိလုပ်မိသည်။ ဆက်ပြောနေရင် နောက်ကျနေမှာစိုးတာကြောင့် ကားကိုယူကာ ထွက်လာလိုက်သည်။
...............
ဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ကိုရပ်ကာ ဆင်းလိုက်လေသည်။ ဆိုင်ထဲကိုဝင်၍ ဟ်ိုတစ်ခေါက်ကထိုင်ခဲ့တဲ့ နေရာမှာပဲထိုင်လိုက်လေသည်။
ဖျော်ရည်တစ်ခုကိုမှာသောက်၍ ထိုးရပ်လာသော ကားကြောင့် ရှိန်းသူ ဆိုတာသိလိုက်ရသည်။ ဒီနေ့က ပိတ်ရက်မို့လူများမယ်ဆိုတာသိတာကြောင့် ရှိန်းသူ ကသိီးသန့်အခန်းယူထားတယ်ဆိုပဲ အဲ့တာကြောင့်အဲ့အခန်းထဲထိုင်စောင့်နေရင်း ထိုးရပ်လာသော ကားကို မှန်ကနေတွေ့လိုက်ရသည်။
"မင်း နောက်ကျတယ် ၁၀ မိနစ်"
"အေးပါကွာ အိမ်မှာအမက ရစ်နေလို့"
ရှိန်းသူ ဇိုင်း ကိုအကဲခတ်မိသည်။ တကယ်ကိုအလန်းပဲကွ။
"မင်း ဒီနေ့ အတော်ကိုလန်းနေတယ် ဒါပေမဲ့ မင်းမျက်လုံးတွေမပါဘူး"
ဘာကိုပြောလည်းဆိုတာသိတာမို့ ဇိုင်း ကရယ်ပဲပြလိုက်သည်။
"ဒါနဲ့ မင်းမှာအမရှိတယ်လား"
"အင်းဟုတ်တယ် ငါက ငါ့ဝါသနာအတွက် အမေ့ကိုအတိုက်အခံလုပ်ပြီးအိမ်ခွဲနေနေတာ ငါ့အမကတစ်ခါတစ်လေငါနဲ့လာနေတယ်"
"အော်...."
"မင်းကကော"
"ငါက ဒီလိုပါပဲ ရန်ကုန်မှာတိုက်ခန်းငှါးနေတယ် ငါ့မွာ အမေမရှိတော့ဘူး အဖေပဲရှိတယ် အေဖက ဂျပန် မှာနေတယ် ငါ့ကိုဟိုကနေလှမ်းထောက်ပံ့ပေးတယ် ကျောင်းပိတ်ရင် ၁ လလောက်ပြန်ဖြစ်တယ်"
"အင်း...မှာလေ ဘာစားမလဲ"
"တော်ပြီ အအေးပဲသောက်မယ်"
"အေးပြီးရော...ဇိုင်း....မှားလို့...ဇိုင်းရန်"
"ရပါတယ် ဇိုင်း လို့ပဲခေါ်ပါ မင်းနဲ့ငါခင်နေပြီပဲ"
"အေးပါကွာ မင်းတစ်ခုခုဖြစိနေတယ်မဟုတ်လား ငါမင်းနဲ့သူငယ်ချင်းဖြစ်ပြီဆိုတော့ ငါ့ကိုပြောပြလို့ရမှာပါနော်"
ဇိုင်းရန် စဉ်းစားပြီးတော့မှ
"အင်းလေ.... မင်းလည်းနည်းနည်းတော့သိထားသင့်တာပေါ့"
ရှိန်းသူက ခေါင်းငြိမ့်ပြတော့ ဇိုင်း ကဆက်ပြောလာသည်။
"ငါ့မှာအရမ်းချစ်ရတဲ့သူတစ်ယောက်ရှိတယ် ဒါပေမဲ့သူကငါ့ကိုမချစ်ဘူး အခြားတစ်ယောက်ကိုချစ်နေတယ် အဲ့အခြားတစ်ယောက်ကလည်းသူ့ကိုမချစ်ဘူး နောက်တစ်ယောက်နဲ့ကြိုက်နေတယ်"
"မင်းဟာကလည်း ရှုပ်နေတာပဲ အဲ့တော့မင်းဘာဆက်လုပ်မလဲ"
"ဒီတိုင်းကြည့်နေရုံပေါ့ သူလိုအပ်ရင် ငါသူ့အနားမှာနေပေးမယ် မလိုအပ်ရင် ပြန်လာရုံပေါ့ "
"မဟုတ်သေးဘူးလေကွာ ချစ်တယ်ဆိုရင် သူ့ကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားသင့်တယ်"
ဇိုင်း က ရှိန်း ကိုရီဝေဝေ မျက်လုံး တွေနဲ့ကြည့်ကာ
ရယ်လေသည်။
"သူက သိပ်ကိုလှတဲ့ပန်းလေးလေ ငါကအဲ့ပန်းလေးကို ခူးလိုက်ရင် ငါ့လက်ထဲကပန်းကလေးက ညှိုးသွားမှာပေါ့"
"အဲ့တော့ ဒီအတိုင်းပဲနေတော့မယ်ပေါ့ မမိုက္ဘူးကြာ"
"အင်း...သူပျော်နေရင်ငါလည်းပျော်တာမို့"
ရှိန်းသူ သက်ပြင်းသာချမိသည်။
"အဲ့တော့ သူကဘယ္သူလဲ "
"သူ့နာမည်က လွန်းထက်သာ ဆေးကျောင်းကသူငယ်ချင်းငါတို့ကငယ်ငယ်လေးကတည်းကခင်လာကြတာ"
ရှိန်းသူ သောက်နေသော အချိုရည်တောင်သီးလေသည်။
ယောက်ျားလေးတဲ့လား!
"ယောက်ျားလေး လားဟ"
"အင်း...ငါယောက်ျားတိုင်းကိုကြိုက်နေတာမဟုတ်ဘူး သူ့ကိုပဲချစ်တာ တကယ်ကိုသူတစ်ယောက်တည်းပဲ"
"အေးပါ...ငါပြန်တော့မယ် နောက်နေ့ထပ်တွေ့ကြမယ် ၁၂ နာရီ အင်တာဗျူးရှိတယ်"
"အေး bye...."
ဇိုင်း ကတာ့တာ ပြလာတာမို့ ရှိန်းပြုံးမိသည်။ ဇိုင်း ကသူ့ကိုဒီလောက်ကြီးတရင်းတနှီးဆက်ဆံမယ်လို့မှမထင်တားတာလေ။
..................။
"မောင် ညကနောက်ကျတယ်နော် ပြန်လာတာ"
"အဲ့အချိန်ထိမအိပ်သေးဘူးလား"
"အင်း မောင့်ကိုစောင့်နေတာ စိတ်ပူလို့"
"အော်..."
မောင်သည် ' အော် ' တစ်လုံးထဲသာပြန်ပြောလေသည်။
လွန်း လည်းကျောင်းပိတ်တာမို့ ပျင်းလေသည်။ စာပြန်ကြည့်ပြီးတော့ ကုတင်ပေါ်တတ်တာ ဖုန်းသုံးနေလို်က်သည်။
ဖုန်းသုံးနေရင်း messenger ကနေစာဝင်လာတာမို့ကြည့်လိုက်တော့ unknown အကောင့်တစ်ခု ဘာတွေလဲဝင်ကြည့်လိုက်တော့ ဓာတ်ပုံတွေဖြစ်နေလေသည်။
ဓာတ်ပုံတွေကအလင်းမပါတာကြောင့် သေချာပြူးကြည့်တော့မှ 'မောင်'တဲ့လား!
အဝတ်မဲ့နေသော ခန္ဓာကိုယ်၂ခုပေါင်းစည်းခြင်းတဲ့
မောင် လုပ်ရက်တယ် ။ သို့သော် ထိုပုံထဲကမိန်းကလေးကဟေသာမဟုတ်။ အောက်ကိုပြေးဆင်းကာ ထိုင်နေသောမောင့်ကို
"မောင်!"
"ဘာ ဘာလဲ"
မောင် ကအလန့်တကြားမေးလေသည်။
"မောင်လုပ်ရက်တယ်နော် ဒါကဘာတွေလဲ"
ဖုန်းထဲကပုံတွေကို ပြလိုက်တော့ မောင်က နည်းနည်းတုန်လှုပ်သွားဟန်ပင် တကယ်ကိုမှနည်းနည်းလေးပါပဲ။
"ဒါ...ဒါ...ကျစ်! ငါကယောက်ျားလေးပဲ အပျော်ရှာချင်တယ်ဘာဖြစ်လဲ ဟမ်!!!"
မောင်ကအော်လိုက်တာမို့ လွန်း တုန်တတ်သွားသည်။
အဲ့တာဆိုငါကေကာ မောင်မို့လုပ်ရက်တယ် အော် အဲ့တာကြောင့်မနေ့ညက မနက်၃နာရီလောက် မွ မောင်ပြန်ရောက်လာတာကို ငါတုံးလိုက်တာမောင်ရယ် ငါအဲ့ကတည်းကသိသင့်တယ် ယောက်ျားတစ်ယောက်အိမ်ပြန်နောက်ကျနေတာဘာလို့လဲဆိုတာကိုလေ....!
လွန်းထက်သာ အသံတွေသည် ရှိုက်သံတွေထွက်ကာ ပါးစပ်တို့ကစကားလုံးတို့ကိုဖန်တီးလေသည်။
"မောင်...လို..လိုချင်ရင် ငါရှိတာပဲလေ"
အသံသည် ပိုလို့ပင်တိုးသွားခဲ့သည်။ သွားပြီလေ ရှိသမျှအရှက်တွေသိက္ခာတွေ 'မောင် ' ဆိုတဲ့နာမ်စားတစ်ခုအတွက် ဆုံးရှုံးလိုက်ရပြီ ငါ့မှာဘာမှမရှိတော့ဘူး မောင်မချစ်တဲ့ ငါ့ဘဝပဲရှိတော့တယ် ။ မောင် ကျေနပ်တယ် မဟုတ္လား?
"တောက်! မင်းမှာ အရှက်ဆိုတာမရှိတော့ဘူးလား"
"ဟုတ်တယ် ငါကအရှက်မရှိဘူး အဲ့နေ့ည...အဲ့နေ့ညက.... မောင် ငါ့ကိုသိမ်းပိုက်ပြီးကတည်းက ငါအရှက်မရှိတော့တာ ဟားဟား"
ငိုနေရင်းနဲ့ ခြောက်ခြားဖွယ်ရယ်နေသော လွန်း ကိုမောင်သေချာစိုက်ကြည့်နေသည်။
"မင်းကွာ...."
"ဘာလဲ မောင်ကငါ့အသွေးအသားတွေကိုရွံလို့လား ဒီထဲကမိန်းမလောက်တောင် ငါမလုပ်ပေးနိုင်ဘူးထင်နေတာလား"
"မင်းကအဲ့လောက်တောင် အဆင့်ရှိလို့လား"
သွားပြီ တကယ်ကိုပြီးသွားခဲ့ပြီ။ မောင့်စကားလုံးတွေကငါ့ကိုအောက်ဆုံးကိုဆွဲချလိုက်ပြီ။ ဟုတ်တယ်ငါကအဆင့်မရှိဘူး ကိုယ့်ကိုမချစ်တဲ့လူအတွက်မှ ဖြစ်တည်နေရတဲ့ငါ့ဘဝကိုလည်း ငါမသတီဘူး မောင်နဲ့ဆုံခွင့်ရခဲ့တဲ့ဘဝကိုမုန်းတယ်။
"အဟက်!ဟုတ်တယ် ငါကအဆင့်အတန်းမရှိတဲ့ကောင်"
တကယ်သေချာသွားပြီမောင် ငါ မောင်နဲ့ဝေးရာကိုထွက်ပြေးတော့မယ် မောင်ဆွဲထားချိန်မရအောင်ကို ငါပြေးပြမယ်။
နောက်မှတော့ နောင်တတွေမရကြေး ။ ငါအရမ်းပင်ပန်းနေပြီ 'မောင်' ဆိုတဲ့ လူက ငါ့ကိုမချစ်ဘဲနဲ့တောင် ဆွဲထားနိုင်ခဲ့တာပဲ ငါကေကာ ချစ်လျက်နဲ့ ဘာလို့ထွက်မပြေးနိုင်ရမှာလဲ ငါရအောင်ထွက်ပြေးပြမယ်။ အဲ့လိုပြောလို့ငါမောင့်ကိုမမုန်းဘူးနော် ငါ မနာကျင်အောင် ငါစိတ်ငါထိန်းခဲ့တာပါ ။
"မောင် ငါ့ကိုချစ်ဖူးလား"
နောက်ဆုံးမျှော်လင့်ချက်တွေနဲ့မေးမိသည်။
မောင်သည် ဖြေရမှာတွန့်ဆုတ်နေသည်ထင်ပါရဲ့ မောင့် စကားသံတို့ တကယ်ပင်ထွက်မလာတော့။
"မှန်နေတာပဲ "
တိတ်ဆိတ်ခြင်းဟာအမှန်တရားတဲ့
မောင် တကယ် ကိုတစ်ခွန်းမှမပြောခဲ့ပါဘူး။
"အဆုံးသတ်မှာမှ နောင်တတွေမရကြစတမ်းနော် "
လွန်း ပြောသော အဓိပ္ပါယ်ကိုသာ သူနားလည်ခဲ့ပါလျှင် သူဆွဲထားမိဦးမည်ဆိုတာအမှန်ပင်။
သူလွန်းကိုချစ်လားမချစ်လား သူမသိဘူး သူသိတာက သူလွန်းကိုသဘောကျသည်။ မြတ်နိုးသည်။ အထိအခိုက် အပွန်းအရှမခံနိုင်လောက်အောင်ကို သိမ်းထားချင်သည်။ လွန်း ပျော်နေရင်သူပျော်တယ် ။
လွန်း ရဲ့ပစ္စည်းလေးတွေကိုသူသိမ်းထားခဲ့တယ် တစ်ချိန်ချိန်မှာလည်း လွန်း ကိုထိုပစ္စည်းလေးတွေလိုသိမ်းမယ်လို့ဆုံးဖြတ်ထားခဲ့သည်။
သို့ပေမဲ့ ကံကြမ္မာ ကသာမကျီစယ်ခဲ့ဘူးဆိုရင်...သူတို့နီးစပ်နိုင်သည်။
မလိုအပ်တဲ့ အတ္တတွေ သာမထားခဲ့ကြဘူးဆိုရင် သူတို့ လက်တွဲသွားနိုင်သည်။ သံသရာအဆုံးအထိပေါ့ ...။
အတ္တတွေထားကာ ကြောက်ရွံ့နေခြင်းကနေပဲ သူတို့တွေဝေးဖို့အကြောင်းဖန်လာခဲ့ကြသည်။ သူတို့အားလုံးတကယ်ကိုမပွင့်လင်းခဲ့ကြပါဘူး ချစ်တယ်ဆိုရင် ဖွင့်ပြောကာ ဆြဲထားရမဲ့အစား ချစ်ရဲ့သားနဲ့ မချစ်ဘူးပြောကာ အဝေးကိုတွန်းထုတ်ပစ်ခဲ့ကြသည်။
သူတို့ မှားမှန်းမသိ မှားခဲ့ကြသည်။
.................။
ဖတ်ရတာအဆင်ပြေရဲ့လား
ရှည်ရှည်လေး ရေးပေးထားတယ်နော်။
Feedback လေးတွေနဲ့ vote လေးတွေပေးဖို့မမေ့နဲ့နော် 😉
#VeraVicki
© Yoon Lay,
книга «"မောင်" စေရင်».
Коментарі