(2) ငါငတံုးမဟုတ္ဘူးေမာင္ ငါငတုံးမဟုတ်ဘူးမောင်
Zawgyi
.........
လွန်းတို့အမြင် မှာတော့ ....မဟုတ်ဘူး လွန်းအမြင်တစ်ခုတည်းနဲ့သာ ဆိုရင်တော့ ဒါဟာ အိမ်ထောင်တစ်ခုပဲ အခြားသူတွေအမြင်မှာတော့ ညီအကိုဆက်ဆံထက်အဆင့်မပိုကြပေ။
လွန်း နဲ့ မောင်နဲ့ ကအသက်တော့ သိပ်မကွာ
တစ်ညလုံးသာကုန်သွားသည် အိပ်မရတာမို့ ဆက်မအိပ်တော့ဘဲ အောက်ထပ်ကိုဆင်းလာကာ မောင့်အတွက် မနက်စာပြင်ဆင်ပေးရလေသည်။ အချိန်ကြည့်လိုက်တော့မနက်၎နာရီ ပဲရှိသေးသည်။
"မောင်...ထတော့လေ "
"အင်း..."
' မောင်က ချစ်စရာလေးပဲ'
"မောင် ထတော့ မနက်စာပြင်ပေးထားတယ်"
ပြောလိုက်တော့ မောင်က သဘက်ကိုယူ၍ ရေချိုးခန်းထဲ ဝင်သွားလေသည်။
"မျက်တွင်းတွေညိုနေတယ် မအိပ်ဘူးလား"
"လက်ကကော "
...................။
သာယာသော နေ့ခင်းတစ်ခု
"လွန်း ငါဒီမှာ "
ဇိုင်းရန် လွန်းထက်သာ ရဲ့ အင်္ကျီလက်ရှည်ဝတ်ထားသော လက်ကို လှန်ကြည့်လိုက်တော့ လက်ကောက်ဝတ်မှာပတ်တီးအဖွေးသားနှင့်
"ဒါကကော ဘာဖြစ်ပြန်ပြီလဲ "
"အရမ်းနာနေမှာပဲ"
"ဟာ မင်းကလည်း မနာပါဘူးကွ ရတယ်ငါအဆင်ပြေတယ်"
"ဇိုင်း ဘာလဲဟင်"
"အေး ရတယ်ငါယူခဲ့မယ်"
"စတာပါ အချစ်လေးကလည်း"
"ပိုပြီ...မသာကောင်"
..................။
9.10.2020
#VeraVicki
Unicode
..........
မောင် အခန်းထဲဝင်သွားတော့မှ မောင်မသိအောင်
Family doctor ခေါ်လိုက်သည်။
Dr ရောက်လာတော့ ဆေးထည့်ပေး၍ ပတ်တီးစညိးပေးကာ နောက်တစ်ခေါက်ထပ်မဖြစ်ဖို့ဂရုစိုက်ရန်လည်းမှာကြားသွားသေးသည်။ ကျောင်းဆက်မတတ်ဘူးလားဟုလည်းမေးသေးတာမို့ စဉ်းစားဦးမယ်လို့သာပြောလိုက်သည်။
လွန်းတို့အမြင် မှာတော့ ....မဟုတ္ဘူး လွန်းအမြင်တစ်ခုတည်းနဲ့သာ ဆိုရင်တော့ ဒါဟာ အိမ်ထောင်တစ်ခုပဲ အခြားသူတွေအမြင်မှာတော့ ညီအကိုဆက်ဆံထက်အဆင့်မပိုကြပေ။
လွန်း နဲ့ မောင်နဲ့ ကအသက်တော့ သိပ္မကြာ
မောင် က ၂၁ လွန်းက ၂၃ ။ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ မောင်က အသက်အငယ်ဆုံးနှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်တဲ့သူ နေဆက်ရှိန် ဆိုပြီးတော့လည်း ပြောစမှတ်ရှိကြသည်။ မောင် ကအရမ်းတော်တာဗျ...။ ကျွန်တော့်မောင်ကလေ ။
မောင့် အခန်းကိုသွားကြည့်တော့မောင်ကအိပ်ပျော်နေလေပြီ။ မောင့် အတွက် ညအိပ်ဝတ်စုံလေးကိုထုတ်ပေး၍ မောင့်ရဲ့ ဘောင်းဘီ နဲ့ အင်္ကျ ီ တို့ကိုချွတ်တော့ မောင်ကရုန်းရင်းနဲ့ လက်ကိုကန်မိသည်။ ကန်ခံလိုက်ရတဲ့လက်က တခြားမဟုတ် ခုနက နောက်ပြန်လဲကျလို့ ထောက်လိုက်တဲ့လက်ပင်။
အသဲခိုက်အောင်နာကျင်သည်။ရုန်းတယ်ဆိုကတည်းက အားတော့ထည့်ရမည် ပုံမှန်အားနဲ့ဆိုရင်ဘယ်လိုလုပ်ရုန်းလို့ရမလဲ ။ အားထည့်၍ ကန်ခံရသောကြောင့် လူက နာကျင်ကာ မျက်ရည်ပါဝဲမိတယ် ။
မောင့် အတွက်ပြင်ဆင်ပေးပြီးတော့မှပဲ အိပ်ခန်းထဲမှထွက်ကာ ကိုယ့်အခန်းကိုယ်ပြန်လာခဲ့လိုက်သည်။
တစ်ညလုံးလည်း လက်ကတဆစ်ဆစ်ကိုက်နေတာကြောင့် အိပ်လို့ကိုမရ ။
တစ်ညလုံးသာကုန်သွားသည် အိပ်မရတာမို့ ဆက်မအိ်ပ်တော့ဘဲ အောက်ထပ်ကိုဆင်းလာကာ မောင့်အတွက် မနက်စာပြင်ဆင်ပေးရလေသည်။ အချိန်ကြည့်လိုက်တော့မနက်၄နာရီ ပဲရှိသေးသည်။
ဘုရားရေ....သူတကယ်တစ်ညလုံးတစ်ရေးတောင်မအိပ်ရသေးတာပဲ။
အကုန်ပြင်ဆင်ပြီး၍ ဧည့်ခန်းမှာထိုင်ကာ သံပုရာရည်လေး ဖျော်သောက်လိုက်သည်။ ၅နာရီခွဲလောက်ကျတော့ မောင့်ကိုနှိုးရန်အပေါ်ထပ်ကိုတက်လာလိုက်သည်။
"မောင်...ထတော့လေ "
"အင်း..."
မျက်လုံးမဖွင့်ဘဲ အင်း လို့အသံရှည်ကြီးဆွဲထုတ်လိုက်သော မောင်က တစ်မျိုးတစ်ဖုံလည်းချစ်စရာကောင်းနေပြန်ပါသည်။
တစ်ဦးတည်းကြားရသောအသံဖြင့်
' မောင်က ချစ်စရာလေးပဲ'
"မောင် ထေတာ့ မနက်စာပြင်ပေးထားတယ်"
ပြောလိုက်တော့ မောင်က သဘက္ကိုယူ၍ ရေချိုးခန်းထဲ ဝင်သွားလေသည်။
မောင့် အိပ်ယာကိုရှင်းလင်းပေး၍ မောင့်အတွက် မနက်စာထည့်ပေးလိုက်သည်။ ကိုယ့်အတွက်ပါထည့်၍ မောင်နှင့်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။
မောင် က ကျွန်တော့်ကိုသေချာစိုက်ကြည့်ကာ
"မျက်တွင်းတွေညိုနေတယ် မအိပ္ဘူးလား"
"ဟားဟား သတိတောင်မထားမိဘူး
အိပ်ပါတယ်မောင်ရဲ့ ပင်ပန်းလို့ဖြစ်မှာ "
မောင်က မျက်မှောင်ကြုံ၍
"လက္ကေကာ "
လွန်းထက်သာ ပြာပြာသလဲလဲ ဖြစ်၍ ဖြေရှင်းချက်ကိုစဉ်းစားကာ
"ဒါ...ဒါလား..အော်.. မနေ့က လှေကားစောင်းနဲ့တိုက်မိလို့..."
မောင် ရေ ဒီတစ်ခါတော့ မောင်ပျော်ဖို့ငါလိမ်ပါရစေ
"ပြီးရော...ငါ ဒီနေ့ အလုပ်ခွင့်ယူထားတယ် ဟေသာနဲ့လျောက်လည်မလို့"
လွန်း ရင်ထဲတကယ်ကိုနာကျင်ရပါသည်။ ပိုင်သာပိုင်မဆိုင်ဘူးဆိုတဲ့သဘောမျိုးကိုမောင်က ပညာသားပါပါ ပြောပြလိုက်သလိုပါပဲ မဆိုင်ရင်ဝင်မပါနဲ့ဆိုတဲ့ပုံစံမျိုးလေ။
"အင်းသွားလေ...လွန်း လဲသွားစရာရှိတယ်"
"မင်းဆီကခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး အသိပေးနေတာ"
အင်းပေါ့ မောင်ရယ်သိတာပေါ့။ ခွင့်တောင်းနေတာမဟုတ်ဘဲ ဝင်မရှုပ်ဖို့သတိပေးနေတာကိုပေါ့ လွန်း ငတုံးမဟုတ်ဘူး ချစ်လွန်းလို့ မျက်ကွယ်ပြုထားတာ ကိုမောင်သိသင့်တယ်။
...................။
သာယာသော နေ့ခင်းတစ်ခု
ဆိုင်တစ်ဆိုင် မှာစောင့်နေသော ကောင်လေးတစ်ယောက် ကို လွန်းထက်သာ လက်လှမ်းပြလိုက်သည်။
"လွန်း ငါဒီမွာ "
ခေါ်ပြောလိုက်တာမို့ လွန်း လည်း ထိုကောင်လေး ဘေးနားကိုသွားထိုင်လိုက်သည်။
"လွန်း ကျောင်းမတတ်တော့ဘူးလား ၂ ရက်တောင်ရှိနေပြီနော် ဆရာကမေးနေတယ်"
"ဟုတ်တယ် ဇိုင်း ငါ လက်နည်းနည်းနာနေလို့"
ဇိုင်းရန် လွန်းထက်သာ ရဲ့ အင်္ကျ ီလက်ရှည်ဝတ်ထားသော လက္ကို လှန်ကြည့်လိုက်တော့ လက်ကောက်ဝတ်မှာပတ်တီးအဖွေးသားနှင့်
"ဒါကေကာ ဘာဖြစ်ပြန်ပြီလဲ "
"ငါချော်ကျတာ နောက်ပြန်လဲတာကိုလက်နဲ့ထောက်လိုက်တော့ လက်နည်းနည်းရောင်သွားတာပါ ပြသနာမရှိပါဘူး "
"ဟိုကောင်နဲ့ပတ်သတ်နေလား"
အဲ့တာ ကျွန်တော့်သူငယ်ချင်း ဇိုင်းရန် ပါပဲ ။
ချက်ချင်းကိုအဖြေထွက်တော့တာပဲ ။ ကျွန်တော့်ကိုစောင့်ရှောက်တဲ့တစ်ဦးတည်းသော သူငယ်ချင်းဆိုလည်းမမှားဘူး
"မဟုတ်ပါဘူးကွာ ငါ့ဘာသာငါချော်လဲတာ "
"မလိမ်နဲ့ ငါ့မျက်လုံးကိုသေချာကြည့်ပြီးပြော လွန်း"
လွန်းထက်သာ သက်ပြင်းချပြီးတော့မှ ပြောရန်ဆုံးဖြတ်လိုက်သည်။ အဲ့တာပဲ ကြည့် သူ ဇိုင်းရန် ကိုလုံးဝလိမ်လို့မရ ။
"မနေ့ကညက မောင် အရက်မူးလာတုန်းက သူငါ့ကိုမတော်တဆ တွန်းမိသွားတာ "
"မတော်တဆ ဆိုပြီး လစ်လျူရှုလို့ရကြေးလား"
"တော်ပါတော့ကွာ ငါအဆင်ပြေတာမို့ ရတယ်"
ဇိုင်းရန် က လွန်း ရဲ့လက်ကိုလာကိုင်၍
"အရမ်းနာနေမှာပဲ"
"ဟာ မင်းကလည်း မနာပါဘူးကြ ရတယ်ငါအဆင်ပြေတယ်"
"မင်းအဆင်ပြေရင် ပြီးတာပဲ "
"ဒါနဲ့ မင်းဘာလုပ်ဖို့ငါ့ကိုချိန်းတာလဲ"
"အေး မေ့တောင်မေ့တော့မလို့ ရော့ မင်းအတွက်"
ပေးလိုက်တဲ့အရာလေးကိုကြည့်တော့ စာအုပ်လေးတစ်အုပ်
"ဇိုင်း ဘာလဲဟင်"
"မင်းကျောင်းမတတ်လို့ငါစာကူးပေးထားတာ အော်ပြီးတော့ နောက်တစ်ပတ် ဆေးရုံတစ်ခုမှကွင်းဆင်းလေ့လာရမယ်"
"အေး အဲ့နေ့တော့ငါလာခဲ့ပါ့မယ်"
"အေး ဂျူတီကုပ် မေ့ခဲ့မယ်နော် ရပါတယ် မင်းမေ့လည်းငါ့မှာအပိုရှိတာပဲ မင်းယူလိုက်ပေါ့"
"အေး ရတယ်ငါယူခဲ့မယ်"
"အဲ့တာဆို ငါတို့တစ်ခုခုစားရအောင် စားလို့ကောအဆငိပြေရဲ့လား ညာလက်ကြီးနော်မင်းထိထားတာ ငါခွံ့ရမလား"
လွန်း သိပါသည်။ လွန်း ဇိုင်းရန် နဲ့နေရင် အမြဲပျော်ရသည်။ လွန်း ကိုလည်းပျော်အောင်ထားသည်။
"ဟာ မင်းကလည်း ငါ့ဘာသာငါစားလို့ရပါတယ်"
"စတာပါ အချစ်လေးကလည်း"
"ပိုပြီ...မသာကောင်"
ထို့နောက် ညနေခင်းလေး က ပျော်စရာတွေ ကြည်နူးစရာတွေနဲ့ ပြည့်စုံသွားလေသည်၊ နှလုံးသားလေး တစ်စုံကလွဲလို့ပေါ့....။
..................။
မနေ့ညက မတင်ဖြစ်လို့တောင်းပန်ပါတယ်
Vote လေးတွေပေးဖို့မမေ့ကြနဲ့နော် 😉