(16) ထွက်သွားမိမှာ ထြက်သြားမိမွာ
Zawgyi
.................
သာယာလှပသော ညနေခင်းသည် ချစ်ရသူလောက်တော့ မပြီးပြည့်စုံခဲ့ပေ ။
"မောင် ဘာမှမစားရသေးဘူးလား"
"ငါစားပြီးပြီ "
မောင်ပြန်လာတော့
"ဟမ် ဘာကို?"
...........................။
"Hi "
"မင်း အဆင်ပြေရဲ့လား "
" မင်းနဲ့ဆိုင်လို့လား....."
သူ အဆင်မပြေတာ ကို ကျွန်တော် ဘယ်လိုသိလဲဆိုတော့
်ဝမ်းနည်းနေတဲ့ သူ့မျက်လုံးတွေထဲက ပေါ့။
"ငါ့မှာ သူငယ်ချင်း မရှိဘူး....အဲ့တာတော့မင်းသဘောပါ သူငယ်ချင်း မရှိလဲ ဘဝကနေသားကျနေပြီ ရမလားလို့ပြောကြည့်တာ "
"အင်း...."
"ဘာကိုလဲ"
ရှိန်းသူ အပျော်လွန်ကာ အသံဖိုင်ပို့လိုက်လေသည်။
"ရေး.....ဒါမှ ဇိုင်းရန် ကွ မနက်ဖြန်တွေ့ရအောင် ဟိုနေ့ကတွေ့တဲ့နေရာမှာပဲ မနက် ၉ နာရီလောက် "
ဇိုင်း ဆီကိုအသံဖိုင်ပို့လိုက်လေသည်၊ ဇိုင်း ဆီရောက်လာသော အသံဖိုင်ကို ဇိုင်း နားထောင်လိုက်လေသည်။
""ရေး.....ဒါမှ ဇိုင်းရန် ကွ မနက်ဖြန်တွေ့ရအောင် ဟိုနေ့ကတွေ့တဲ့နေရာမှာပဲ မနက် ၉ နာရီလောက် ""
"အမလေး အော်လိုက်တာ နားကွဲတော့မှာပဲ "
"အင်း ငါလာခဲ့မယ် "
"Ok"
.................။
"လွန်း"
"ကိစ္စလေးရှိလို့ပါ"
"လွန်း သက်သာလား "
"အင်း "
"ဟုတ်...မောင်"
"ရပါတယ်မောင်ရဲ့ ငါလည်း အချိုအအီတွေပဲစားနေရလို့ အစပ်လေးကိုတစ်ခါတစ်လေ စားလိုက်တာ "
"ဟုတ်....မောင်"
"မောင် ဘယ်သွားမလို့လဲ "
"လွန်း ဘာဖြစ်တာလဲ "
..................
#VeraVicki
Unicode
..................
ညနေခင်း နေဝင်ရီတရော အချိန်လေးတစ်ခု
သာယာလွပေသာ ညနေခင်းသည် ချစ်ရသူလောက်တော့ မပြီးပြည့်စုံခဲ့ပေ ။
ဇိုင်း နဲ့ မောင့်ကို ရန်ထပ်ဖြစ်မှာစိုးလို့ ဇိုင်း ကို အိမ်ရောက်မှတွေ့မယ်ဟုပြောလိုက်သည်။ လွန်း ရဲ့ ဘေးနားမှာတော့မောင်ရှိနေသည်။ ဒီနေ့က လွန်း ဆေးရုံကဆင်းတဲ့ရက်လေ
"မောင် ဘာမွမစားရေသးဘူးလား"
"ငါစားပြီးပြီ "
"ကားခဏရပ်ပေး ငါရေခဲမုန့်ဝယ်ချင်လို့"
"အင်း ကြည့်စား နေလည်းကောင်းသေးတာမဟုတ်ဘဲနဲ့ကွာ"
"နည်းနည်း ပါပဲ ခဏစောင့်နော်မောင် ငါအခုချက်ချင်းပြန်လာခဲ့မယ် "
ထဖို့အရေး အတော်အားယူနေရသော လွန်း ကြောင့်
"ကျစ်! မင်းကတကယ်ကိုရှုပ်တာပဲ ထိုင်နေ ငါသွားဝယ်ပေးမယ် "
ငယ်ငယ်ကတည်းက မောင် ဝယ်ပေးနေကြ ရေခဲမုန့်ကို ထပ်စားရတော့မှာမို့ ရင်ထဲမှာ ခူယားတွေ အစုလိုက်အပြုံလိုက် ပြေးနေသလိုပင် ရွစိစိ ဖြစ်နေလေသည်။
မောင်ပြန်လာတော့
" နှစ်ပေါင်း ၁၂ နှစ်ရှိပြီနော်.... "
"ဟမ် ဘာကို?"
"အော် မောင် ဝယ်ပေးတဲ့ ရေခဲမုန့်ကိုမစားရတာ"
"အပိုတွေပါကွာ စားတော့ အရေတွေပျော်ကျနေပြီ"
လွန်း တကယ်ကိုရယ်မိပါသည်။
သူ နဲ့ မောင် ကအခြေအနေတိုးတတ်လာခဲ့တာလား?
ဒါမှမဟုတ် ငါ့ကမောင့်ကြောင့်ဆေးရုံတတ်ရတယ်ဆိုလို့ တာဝန်ယူမှုတစ်ခုပဲလား.....?
ကားလေးဟာ တစ်ရွေ့ရွေ့သွားရင် အိမ်ကိုပြန်ရောက်ခဲ့ပါသည်။
...........................။
ရှိန်းသူ ဇိုင်းရန် ကိုမတွေ့ရတာ ၃ ရက်တောင်ကျော်နေလေပြီ။ သူ့ဘက်ကမဆက်သွယ်တော့လည်း ကိုယ့်ဘက်ကစကာ 'Hi' လိုက်သည်။
"Hi "
Seen သာပြ ပြီး စာမပြန်ပါ။ ကျွန်တော် ့လိုလူကိုအကုန်လုံးက friend ဖြစ်ချင်ရတာနဲ့ စာ ပို့ချင်ကြတာနဲ့ reply ပြန်စေချင်ကြတာနဲ့ သူတို့ကိုချေမိခဲ့လို့ ဒီကိုယ်တော်ချောက ပြန်ချေတာနေမှာ ကိုယ့်ဘက်ကပဲထပ်ပြီး
"မင်း အဆင်ပြေရဲ့လား "
ဒီတစ်ခါ တော့ စာပြန်ဝင်လာလေသည်။
" မင်းနဲ့ဆိုင်လို့လား....."
သူ အဆင်မပြေတာ ကို ကျွန်တော် ဘယ်လိုသ်ိလဲဆိုတော့
်ဝမ်းနည်းနေတဲ့ သူ့မျက်လုံးတွေထဲက ပေါ့။
"ငါမင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ် ဇိုင်းရန်"
"ငါက မဖြစ်ချင်ဘူး ဆိုရင် ကော"
"ငါ့မွာ သူငယ်ချင်း မရှိဘူး....အဲ့တာတော့မင်းသဘောပါ သူငယ်ချင်း မရှိလဲ ဘဝကနေသားကျနေပြီ ရမလားလို့ပြောကြည့်တာ "
ဇိုင်းရန် ကြောင်သွားသည်။ သူ့လိုမော်ဒယ်ကသူငယ်ချင်းမရှိဘူးတဲ့လား !
"ဖြစ်နိုင်တာပြောပါကွာ"
"အာ...တကယ်ပါဆို မင်းကလည်း ငါ့မွေးကတည်းကတစ်ယောက်ထဲမွေးလာတာ အခုထိ တစ်ယောက်ထဲပဲ"
ဇိုင်းရန် စဉ်းစားမိသည်။ အကယ်၍ သူသာ ရှိန်းသူ နဲ့အချိန်ဖြုန်းမယ်ဆိုရင် လွန်း နဲ့တွေ့ဖို့လည်းခဲယဉ်းစားလိမ့်မယ် ။ အဲ့တာဆို သူလွန်းကိုမေ့နိုင်လိမ့်မည်၊ ပထမ လူကို မေ့ပျောက်ဖို့အတွက် ဒုတိယ လူကိုအသုံးချလိုက်သလိုပေါ့။
"အင်း...."
ဇိုင်းရန် ဆီက စာဝင်လာတာမို့ ရှိန်းသူ က
"ဘာကိုလဲ"
"ငါမင်းသူငယ်ချင်းဖြစ်ပေးမယ်"
ရှိန်းသူ အေပ်ာ္လြန္ကာ အသံဖိုင်ပို့လိုက်လေသည်။
"ရေး.....ဒါမွ ဇိုင်းရန် ကြ မနက်ဖြန်တွေ့ရအောင် ဟိုနေ့ကတွေ့တဲ့နေရာမှာပဲ မနက် ၉ နာရီလောက် "
ဇိုင်း ဆီကိုအသံဖိုင်ပို့လိုက်လေသည်၊ ဇိုင်း ဆီရောက်လာသော အသံဖိုင်ကို ဇိုင်း နားထောင်လိိုက်လေသည်။
""ရေး.....ဒါမွ ဇိုင်းရန် ကြ မနက်ဖြန်တွေ့ရအောင် ဟိုနေ့ကတွေ့တဲ့နေရာမှာပဲ မနက် ၉ နာရီလောက် ""
"အမေလး အော်လိုက်တာ နားကွဲတော့မှာပဲ "
ဇိုင်း လဲ စာရိုက်ပို့လိုက်သည်။
"အင်း ငါလာခဲ့မယ် "
"Ok"
ရှိန်းသူ ဆီမွ ok ဆိုပြီးဝင်လာတာမို့ ဇိုင်း လဲ လွန်းဆီကိုသွားရန်ဆုံးဖြတ်လိုက်သည်။ ကောင်းကင်သည်တောင် မှောင်မဲကာနေလေပြီ။
.................။
"လွန်း"
"ဇိုင်း မင်းကလည်းအခုမှလာရလား"
"ကိစ္စလေးရှိလို့ပါ"
လွန်း နဲ့ အတူ ထိုင်နေသော နေဆက်ရှိန် ကိုတွေ့လိုက်တာကြောင့် ဇိုင်း မျက်နှာ အနေအထားချက်ချင်းဆိုသလိုပင်ပြောင်းလဲသွားသည်။ နေဆက်ရှိန် ကိုအရေးမလုပ်ဘဲ လွန်း ဘေးမှာဝင်ထိုင်လိုက်သည်။ ဘယ္လိုပဲ ဖြစ်ဖြစ် သူပျော်ပါသည်။ ဘာလို့ဆို လွန်း ကိုပြုံးအောင်လုပ်နိုင်တာ နေဆက်ရှိန် တစ်ယောက် ပဲရှိတယ် ဆိုတာကို သူ ဟိုတစ်နေ့က ဆေးရုံမှာ သိခွင့်ရခဲ့တယ်လေ။
"လွန်း သက္သာလား "
"အင်း "
"အစပ်တွေအရမ်းမစားနဲ့ ရေခဲရေမသောက်နဲ့ ချဉ်လွန်းတာတွေစားရင်လည်းမကောင်ဘူး အထိုင်အထ ဆင်ခြင် ပြီးတော့..."
ပြောနေရင်း ဇိုင်း ပါးစပ်ကိုလာပိတ်သော လွန်း ကရယ်၍
"တော်ပါပြီကွာ အဲ့လောက်ဆိုရပါပြီ ငါ့အမေကြီး ကျနေတာပဲ "
"မင်းကလည်း စိတ်ပူလို့ပြောတာကို"
"အေးပါ တစ်ခုခုစားသွားဦးလေ "
"တော်ပြီ မစားတော့ဘူး မသတီတဲ့ မျက်နှာတွေမြင်နေရလို့ ငါပြန်တော့မယ် "
"တိုးတိုးပြောပါကွ အေးဂရုစိုက်ပြန်"
ဇိုင်းရန် ပြန်သွားတော့မှ လွန်း သက်ပြင်းချမိသည်။
အဆွဲမြန်လို့ပေါ့ မဟုတ်ရင် ရန်တွေဖြစ်ကြဦးမှာ အဲ့တာကြောင့် မောင်နဲ့ဇိုင်း ကိုအတူတူမတွေ့စေချင်တာ။
"မောင် ညစာ စားတော့မလား လွန်း ပြင်ပေးမယ်"
"နေဦးလေ ငါပြင်ခိုင်းမိသလား? ထိုင်နေ "
"ဟုတ်...မောင်"
မောင် က ငါ့ကို တြဲ၍ ထမင်းဝိုင်းမှာထိုင်စေသည်။ မောင်ကိုယ်တိုင်ချက်ထားတာတွေငါစားရတော့မှာပဲ ။ ငါလိုချင်နေတဲ့ မောင့်ဂရုစိုက်မှုတွေကိုငါရပြီလား? အဲ့လိုဂရုစိုက်မှုတွေရဖို့ ငါသေရမယ်ဆိုရင်တောင် ငါသေပေးမယ်။ ပြီးတော့ ငါမောင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ သက်သေပြခဲ့မယ်။
"ဟိုနေ့က ငါတောင်းပန်ပါတယ် လွန်း ငါ မင်းအစပ်မစားတာ ငါမေ့သွားလို့"
"ရပါတယ်မောင်ရဲ့ ငါလည်း အချိုအအီတွေပဲစားနေရလို့ အစပ်လေးကိုတစ်ခါတစ်လေ စားလိုက္တာ "
"ရော့ ဒါလေး စား...မင်းနဲ့တည့်တယ်"
"ဟုတ်....မောင်"
မောင်က မစားဘဲ ထသွားတာမို့
"မောင် ဘယ်သွားမလို့လဲ "
"ဟေသာနဲ့ချိန်းထားလို့"
"မသွားလို့မရဘူးလား....ဟင်"
"မရဘူး သူကငါ့ချစ်သူလေ သူချိန်းရင်ငါသွားရမှာပဲ"
လွန်း ရဲ့မျက်နှာချက်ချင်းကိုညှိုးကျသွားသည်။ တော်ပြီ နောက်ဆို ငါမောင့်ဆီက ဘာမှမမျှော်လင့်ရဲတော့ဘူး။ ငါ့မှာမျှော်လင့်ချက်ဆိုတာလည်းမရှိတော့ဘူး။ ငါ့ကိုပြန်မချစ်နိုင်တော့တဲ့ မောင့်ကို ငါမဆွဲထားချင်တော့ဘူး။ အရာအားလုံး ဆုံးရှုံးသွားတဲ့နေ့ ငါမောင့်ဆီကနေ ငါထွက်သွားတော့မယ် ။ ငါမောင့်နဲ့အဝေးဆုံးကိုတကယ်ထွက်သွားမိတော့မယ် ။
မျက်ရည်တွေဝဲကာ နေဆက်ရှိန်ကိုစိုကိကြည့်နေသော လွန်းကြောင့်
"လွန်း ဘာဖြစ်တာလဲ "
အခုမှသတိထားမိဟန် မျက်ရည်တွေကိုသုတ်၍
"မဟုတ်ပါဘူး အကောင်ဝင်သွားတာနေမှာ သွားလေ ဟေသာ စောင့်နေဦးမယ်"
"အင်း ကိုယ့်ကိုကိုယ်မှဂရုမစိုက်ရင် ဂရုစိုက်မဲ့လူမရှိဘူး ဂရုစိုက် ငါသွားပြီ"
အဲ့တာဆို မောင် ကေကာ ၊ အော်....မောင်ပြောသွားတာ ငါကမင်းအတွက်မဟုတ်ဘူးဆိုတဲ့အတိုင်းပဲ။ မောင်ထွက်သွားတော့မှ အကျယ်ကြီးကိုအော်ရယ်မိသည်။ တကယ်ကိုအကျယ်ကြီးပဲ ။ မောင် ကအမြဲတော်တယ်။ ငါဆိုတဲ့မောင့်အရုပ်လေးကို ပျက်စီးသွားရင်ပြန်ပြင်မယ်။ ပြန်ကောင်းလာရင် ပြန်ဖျက်ဆီးသည်။ မလိုအပ်တော့ရင် အမှိုက်ပုံထဲကိုစွန့်ပစ်မယ်။
ဟင့်အင်း......မောင် မစွန့်ပစ်ခင် ငါကအရင်ထွက်သွားမှာမို့
မောင့် နားမှာရှိနေတဲ့ငါ့ကိုဂရုစိုက်ပါ။ ငါထွက်သွားတော့မှ မောင် နောင်တတွေမရပါစေနဲ့........။
..................
မောင့် ကိုတကယ်ချောင်းရိုက်ချင်နေပြီ။
အပိုင်းတိုသွားတယ် ညနေအပိုင်းကိုအရှည်ကြီးရေးပေးပါ့မယ်
Feedback လေးတွေနဲ့ vote လေးတွေပေးဖို့မမေ့နဲ့နော် 😉