Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 1
"ယွမ်လေး......ယွမ်လေးရေ..."
"လာပြီ..... မေမေ...."
မိခင်၏ခေါ်သံကြောင့်
သစ်ပင်ကွယ်နေသော နေရာတစ်ခုမှ
၅နှစ်အရွယ်ခန့်ကလေးလေးတယောက်ထွက်ပေါ်လာသည်။
ခရီးတထောင့်နားချိန်တွင်
တခြားတနေရာသို့သွားကာဆော့လာသော
သားဖြစ်သူအား ကြည့်၍
ပြုံးရယ်နေမိသည်။
သို့သော် မိခင်ပီပီသူမ ထိုကလေးအား
ဆုံးမရပေအုန်းမည်။
ကလေး၏ ချုပ်ရိုး အဖာရာတို့နှင့်
ပြည့်နေသော အကျႌအား အသာဖုန်ခါပေးလိုက်ပြီး
"အမေတို့နဲ့ အဝေးကြီးမှာမဆော့ရဘူးလေ
သားကိုရှာမတွေ့တော့ရင်
ဘယ်လိုလုပ်မလည်း.......ပြော..."
ထိုကလေးလေးသည် သူမအား
မျက်လုံးများပိတ်သွားသည်အထိ
ရီပြလိုက်ရင်း
"ဟီးဟီး သားအဝေးကြီးမသွားပါဘူး...."
"ဒီနဲ့ တမိုင်အကျော်လောက်မှာတော့
ဘုံကျောင်းပျက်တစ်ခုတွေ့တယ် မိုးကလည်းမှောင်နေပြီဆိုတော့ ဒီညအဲ့ဒီမှာပဲ နေလိုက်ပြီး
မနက်ကြမှ မြို့တော်ကို သွားကြတာပေါ့..."
"အင်း ကောင်းသားပဲ ယောက်ျား....."
သူမက ဘေးသို့ရောက်လာပြီး
ပြောပြနေသော သူမ၏ ယောက်ျားဖြစ်သူ၏
ဆုံးဖြတ်ချက်အား လိုက်နာလိူက်သည်။
ထို့နောက် ကလေးဖြစ်သူဘက်အား
လှည့်လိုက်ပြီး
"ယွမ်လေး....ဗိုက်ဆာနေပြီလား..."
ကလေးဖြစ်သူက ဝမ်းသာအားရ
အော်ပြောလေသည်။
"အွန်း....ပေါက်စီ...ပေါက်စီ......"
ဖခင်ဖြစ်သူက ကိုယ်ကိုအသာကုန်းလိုက်ပြီး
ရီလျက်ပြောသည်။
"ဟားဟား....ရမှာပေါ့ ယွမ်လေးရဲ့
အရင်ဆုံး အနားယူမဲ့နေရာကိုသွားကြမယ် နော်.."
"အွန်း......."
...........................................
ဖုန်းချီယွမ် တို့ မိသားစုသည်
တောရွာလေးတစ်ခုမှ မြို့တော်သို့
ကိစ္စ တစ်ခုကြောင့်လာရောက်ကြခြင်းဖြစ်သည်။
ချီယွမ်တို့သည် မျိုးရိုးနိမ့်သော
လူတန်းစားတွင်ပါဝင်သည်။
အစေခံမိျုးရိုးတော့မဟုတ်ပေ။
ဖခင်က ရွာတွင် ထင်းခုတ်ကာရောင်းသည်။
တခါတရံ မြိုတော်သို့
သွားကာ အလုပ်ရှာဖွေလေ့ရှိသည်။
မိခင်က ဖိနပ်ယှက်ခြင်း ခြင်းယက်ခြင်း
စသည့်အလုပ်အသေးစားလေးများ လုပ်ကိုင်သည်။
ချီယွမ်က ပေါက်စီအား
ပလုတ်ပလောင်းစားနေရင်း မိခင်အား
မေးသည်။
"မေမေ ....ဘာလို့သားတို့က
အိမ်ကနေထွက်လာရတာလည်း ဟင်..."
ချီယွမ်၏ အမေးကြောင့်
သူမက ယောက်ျားဖြစ်သူအား
ကြည့်လိုက်သည်။
ထိုအခါ ယောက်ျားဖြစ်သူက
ချီယွမ်လေးအား ပလုတ်ပလောင်းစားထား၍
ပေကျံကာနေသော ပါးစပ်တဝိုက်ကို
သုတ်ကာပေးလိုက်ရင်း
"ကိစ္စ ရှိလို့ပေါ့သားရဲ့......
စားနော်.....စားပြီးရင် မေမေ့ပေါ်မှာ
တရေးအိပ်လိုက်...."
ချီယွမ်က ပေါက်စီအကျန်လေးအား
တကျိုက်တည်း ပါးစပ်အတွင်းထိုးထည့်လိုက်ပြီးနောက်
ဖခင်ဖြစ်သူအား ရီပြလိုက်သည်။
"အွန်း.....ကုန်သွားပြီ.... အိပ်တော့မယ်.."
"ဝါး...ငါတို့ယွမ်လေးက
တကယ်တော်တယ် ကြည့်စမ်း....အိပ်..တော့နော်.."
မိခင်ဖြစ်သူက ချီယွမ်အတွက်
ပါလာသောအဝတ်တချို့ကိုဘေးတွင်ဖြန့်ကာ
ခင်းပေးလိုက်သည်။
သားဖြစ်သူအား လှဲစေပြီး
ကျောလေးအား အသာပုတ်ကာ ချော့သိပ်နေသည်။
မကြာမှီတွင်ပင် ချီယွမ်အိပ်ပျော်သွားတော့သည်။
ချီယွမ်တို့ နားနေသည့်နေရာသည်
ဘုံကျောင်းပျက်ကြီး တစ်ခုဖြစ်သည့်အလျောက်
အနည်းငယ်ခြောက်ခြားဖွယ်ရာတော့
ကောင်းလှသည်။
လူသူဝေးသောဒေသဖြစ်သည့်အတွက်
ဤနေရာသို့ တောလိုက်မုဆိုးများ
ကုန်သည်များ ခရီးသွားများမှ လွဲ၍
မလာကြသဖြင့် ဘုံကျောင်းသည်
အလွန် ဟောင်းနွမ်းကာ ဆုပ်ချာလျက်ရှိသည်။
ချီယွမ်အမေဖြစ်သူက
သူမ၏ယောက်ျားအား ခပ်တိုးတိုးစကားဆိုသည်။
"ယောကျာ်း... မြို့တော်မှာ
ရှင့်ရဲ့လူကစောင့်နေမှာသေချာရဲ့လား
ကျွန်မတို့ဒီပစ္စည်းကို ပို့ပေးပြီးရင်
ပိုက်ဆံတွေအများကြီးရတော့မှာပေါ့နော်..."
"ဟုတ်တယ် ကိုယ်တို့သူ့ဆီကို
ဒီပစ္စည်းပို့ပေးလိုက်ရင် ကိုယ်တို့ချမ်းသာပြီ
ကိုယ့်အလုပ်ရှင်ပြောတဲ့ပုံအရ အဲ့ဒီလူက
ဒီဟာလေးကိုလိုက်ရှာနေတာ
အတော်ကြာပြီလို့ပြောတယ်
သူ့မှာဘာအစွမ်းတွေများရှိနေလို့လည်းမသိဘူး
ထိုသူက သူ၏ အိတ်အတွင်းမှ
ပစ္စည်းလေးတခုအား ထုတ်ကာ မြှောက်ကြည့်လိုက်သည်။
ထိုပစ္စည်းအား ပိတ်စအမဲဖြင့်အုပ်ထားသောကြောင့်
အတွင်းရှိမည်သည့်အရာဟူသည်ကို
မမြင်ရပေ။
ချီယွမ်၏ဖခင်က ထိုပိတ်စအား
အသာလှန်ကာဖွင့်လိုက်သည်။
အလွန်လှပလွန်းသော
နှင်းပွင့်ချပ်ပုံသဏ္႑ာန် နှင့် အရာလေးသည်
ညအမှောင်ယံနှင့် ၎င်းတို့ဖိုထားသော
မီးဖိုလေးကြါးတွင် တလက်လက်တောက်ပနေလေသည်။
လက်တဝါးမပြည့်တပြည့်အရွယ်သာရှိသော
ထိုနှင်းပွင့်ချပ်ကလေးအား
ချီယွမ်၏ မိခင်က
သေချာစွာကြည့်နေသည်။
"လှလိုက်တာ.........
ဘယ်လို ကျောက်စိမ်းနဲ့များ သေချာထွင်းထုထားလို့
အခုလို တောက်ပနေရတာလည်း..."
ချီယွမ်၏ ဖခင်က ထိုပစ္စည်းအား
မြှောက်ထားလျက်ပင်
"ကိုယ်လည်းသေချာတော့မသိဘူး
ကိုယ်ဒါကို လင်းယန်တောင်ပေါ်ကနေ
ထင်းခုတ်ရင်းတွေ့ခဲ့တာ
ကိုယ့်သူဌေးရွာကိုလာတဲ့နေ့က
ဒါကိုတွေ့ပြီး အတော်အံ့သြနေခဲ့တယ်
သူပေးတဲ့ပမာဏက အရမ်းများလို့သာ
ကိုယ်ဒါလေးကို ရောင်းလိုက်တာ.........
ကိုယ်တို့အကြွေးတွေအကုန်ဆပ်နိုင်ပီ......."
"ဟင်း.....အဲ့တာဘာကြီးလည်းဖေဖေ...."
ထိုအရာ၏ တလက်လက်အရောင်တောက်မှုသည်
ချီယွမ်လေး၏ မျက်စိအား
အသာလာထင်ဟပ်ကာ စူးသွားသောကြောင့်
ချီယွမ်နိုးထလာသည်။
သူ၏ မျက်စိအား လက်ဖြင့်ပွတ်နေရင်း
ဖခင်ဖြစ်သူအား အိမ်ချင်နေသော
အသံဖြင့်မေးလိုက်သည်။
မျက်ဝန်းတို့ကျယ်သွားသောအခါမှ
ဖခင်၏ လက်ထဲတွင်ရှိသော
ထိုအရာလေးအား ကြည့်လိုက်သည်။
အလွန်လှပသောကြောင့်
ချီယွမ်၏ ထိုအရာအား ကိုင်ချင်မိသည့်စိတ်သည်
တားမရပေ။
ထိုနှင်းပွင့်ချက်ကလေးအား
ထိကိုင်ရန် ချီယွမ်လက်လှမ်းလိုက်သည်။
"ထိခိုက်မိမယ်....... အနားသတ်ကအချွန်တွေနဲ့..."
ဖခင်ဖြစ်သူက အမြန်ရှောင်လိုက်ပြီး
မထိစေရန် သတိထားလိုက်သော်လည်း
သူ၏ အရှိန်နှင့် ချီယွမ်၏ လက်နုနုလာရာအရှိန်သည်
ထိပ်တိုက်တွေ့ဆုံကြလေသည်။
"အား......"
ထိုပွင့်ချပ်၏ အစွန်းဘက်အချွန်ကြောင့်
ချီယွမ်၏ လက်ညိုးထိပ်ဖျားလေးသည် ထိခိုက်မိကာ
သွေးတို့ထွက်လာတော့သည်။
"မေမေ.....အီး..ဟီးဟီး.... နာတယ်...နာတယ်..."
"အေးအေး....တိတ်တိတ်...မေမေလုပ်ပေးမယ်..."
ချီယွမ်က သူ၏ လက်ညိုးလေးအားထောင်လျက်
ငိုလေတော့သည်။
ချီယွမ်၏ မိခင်က ချီယွမ်၏လက်ကလေးအား
ထိကိုင်ရန်ကြိုးစားလိုက်စဉ်ပင်
ရုတ်တရက်ဆန်လှသော အဖြစ်အပျက်တစ်ခု
ပေါ်ပေါက်လာတော့သည်။
တိတ်ဆိတ်ငြိမ်သက်နေသော
ညတာယံနှင့်မလိုက်ဖက်စွာ ထိုဘုံကျောင်းပျက်ကြီးထဲတွင် ပြင်းထန်သည့် လေပြင်းများ
တိုက်ခိုက်လေတော့သည်။
ဆုတ်ပြတ်ကာနေသော တံခါးချက်များ
ဖွင့်လိုက်ပိတ်လိုက် လှုပ်ရှားကာ
ဆုတ်ပြဲနေပြီဖြစ်သော ဘုရားကျောင်း၏
လိုက်ကာစများသည်လည်း
အဆက်မပျက်လှုပ်ယမ်းနေကြတော့သည်။
ထိုသို့အဖြစ်အပျက်ကြောင့်
ချီယွမ် ချက်ချင်းပင် မိခင်၏
ရင်ခွင်အတွင်းသို့ ပြေးတိုးဝင်လိုက်သည်။
ငိုသံပါလေးဖြင့်
"မေမေ.....ဘာဖြစ်တာလဲဟင်... "
သူမကလည်း ချီယွမ်ကို
ပြန်လည်ထွေးပွေ့ထားရင်း ယောက်ျားဖြစ်သူ၏
အကျႌ စအား ဆုပ်ကိုင်ထားသည်။
ရုတ်တရက်ဖြစ်လာသော လေပြင်းကြောင့်
သူတို့နှစ်ယောက်သည်လည်း
ထိတ်လန့်နေကြသည်။
သူမသည် ကြောက်လန့်နေသည့်ကြားမှ
ချီယွမ်အား သေချာဖက်ထားရင်း
အားပေးနေသည်။
"ယွမ်လေး....မကြောက်နဲ့.....
မကြောက်နဲ့နော်.....မေမေရှိတယ်...."
ချီယွမ်က သူ၏ လက်ညိုးလေးအား
ထောင်ထားလျက်ပင် မိခင်ရင်ခွင်ထဲတွင်
ငြိမ်ငြိမ်လေး ဝပ်ကာနေသည်။
အခြေအနေသည်ပို၍ ပို၍ဆိုးလာသည့်နှယ်
လေပြင်းတို့က ပို၍ပြင်းထန်လာလေသည်။
ပတ်ပတ်လည်တွင်ရှိနေသော
အရာများ ပြုတ်ကျပျက်စီးကုန်ကြသည်။
ပြတင်းပေါက်ရှိ တွဲလောင်းကြနေသော
တံခါးချပ်တို့သည်လည်း
လွင့်ကာပြုတ် ထွက်ကုန်ကြတော့သည်။
ထိုစဉ် ချီယွမ်၏ မိဘနှစ်ပါးသည်
ရုတ်တရက် လေပေါ်တွင်
တွဲလောင်းဖြစ်ကုန်ကြတော့သည်။
တစ်စုံတစ်ခုက သူတို့အား
ရစ်ပတ်ထားကာ လည်ပင်းညှစ်နေသည့်နှယ်။
နှစ်ဦးသား မိမိတို့၏ လည်ပင်းအား
အသေဆုပ်ကိုင်လျက် တန်းလန်းဖြစ်နေသော
ခြေထောက်တို့က ကန်ကျောက်နေကြသည်။
ချီယွမ်ကမူ မူလနေရာတွင်သာ
လဲကျနေလျက်ပင် မိဘနှစ်ပါး၏အဖြစ်ကို
ကြည့်ကာ အော်ငိုနေသည်။
မကြာမီတွင်ပင် ချီယွမ်၏ မိဘနှစ်ပါးသည်
လှုပ်ရှားနေမှုများ ရပ်တန့်ကာ
ငြိမ်သက်သွားကြတော့သည်။
တစ်စုံတစ်ခုကပင်ချည်နှောင်ထားရာမှ
လွှတ်ချပေးလိုက်သည့်နှယ်
ချီယွမ်၏ မိဘနှစ်ပါးသည်မြေပြင်သိူ့ပင်
ဘုန်းခနဲ့ ပြန်ပြုတ်ကျလာတော့သည်။
ချီယွမ်သည် ချက်ချင်းပင်
မိဘနှစ်ပါးဆီသိူ့ပြေးသွားကာ ကူရာမဲ့နေသဖွယ်
အော်ငိုလျက်
မိဘနှစ်ပါးအား တလှည့်စီ
လှုပ်နှိုးနေသည်။
"မေမေ...ဖေဖေ....ထပါအုန်း...."
သို့သော်လည်း ထိုသူနှစ်ယောက်သည်
ငြိမ်သက်နေလျက်
လုံးလုံးမျှပင် လှုပ်ရှားမလာတော့ပေ။
ထိုအချိန်၌ပင် ချီယွမ်နှင့်
ဆန့်ကျင်ဘက်အမှောင်ထဲမှ တစ်စုံတစ်ခုထွက်ပေါ်လာသည်။
ထိုအရာ၏ မျက်ဝန်းတို့သည်
ရဲရဲနီလျက် အမှောင်ထဲမှနေ၍တောက်ပနေသည်။
ထိုအရာက တဖြည်းဖြည်းနှင့်ပင်
ချီယွမ်၏ ရှေ့သို့တိုးကာလာသည်။
ချီယွမ် မိဘနှစ်ပါးအား
ထိကိုင်ထားလျက်ပင် မိမိဆီလာနေသော
ထိုအရာအား ကြောင်ကြည့်နေမိသည်။
ဤအရာသည်က လူသားတစ်ဦး နှင့်
ဆင်တူသည်။ ပြောရလျင် လူသားတစ်ဦး ပင်ဖြစ်လိမ့်မည်။
ထိုသူ၏ ပတ်ပတ်လည်တွင်
ဝန်းရံကာထားသော အနက်ရောင်အငွေ့တို့သည်က
ပြင်းထန်စွာပေါက်ကွဲနေသည့်ဟန်။
ထိုသူသည် သူ၏ လက်တဖက်အား.
ဝှေ့ယမ်းလိုက်သည်နှင့်တပြိုင်နက်
သူ့အား ငေးစိုက်ကြည့်နေမိသော ချီယွမ်လေးသည်
လေပေါ်တွင် မြောက်သွားတော့သည်။
သို့သော် မိခင်နှစ်ပါးကဲ့သို့
အသက်ရှုကျပ်ခြင်းမျိုးတော့မရှိပေ။
နီးကပ်လာသော မျက်နှာတစ်ခုဖြစ်သော်လည်း
ရှုပ်ထွေးနေသော အခိုးငွေ့တို့ကြောင့်
ချီယွမ် ထိုသူအား မမြင်ရပေ။
ထိုသူ၏ နီရဲနေသောမျက်ဝန်းတို့ကိုသာ
သူမြင်တွေ့ရသည်။
ထိုသူက ချီယွမ်အား ခေါင်းအစခြေအဆုံးကြည့်ကာ
တချက်ပြုံးလိုက်ပြီး ချီယွမ်လေး၏
ဆုတ်ချာညစ်နွမ်းနေသော
အကျႌ လေးအား ပုခုံးမှ လျောချကာ
ကျွတ်စေသည်။
ပေါ်လာသော ပုခုံးလေးနှင့် ရင်ဘတ်တခြမ်းအား
အတော်ကြာဆိုက်ကြည့်နေပြီးမှ
ရုတ်တရက်ဆန်စွာပဲ ချီယွမ်၏ ပုခုံးအား
ကိုက်ချလိုက်တော့သည်။
"အား.....မေမေရေ..
..နာတယ်..နာတယ်...အီးဟီးဟီး..."
တချိန်လုံးထိုလူအား ကြက်သေသေကာ
ဆိုက်ကြည့်နေမိသော ချီယွမ်သည်
ရုတ်တရက် ကိုက်ခံလိုက်ရသောနာကျင်မှုကြောင့်
အော်ဟစ်ကာငိုပြန်တော့သည်။
ပုခုံးအား သူ၏သွားအချွန်နှစ်ဖက်
စိုက်ဝင်သည်အထိ ကိုက်ခဲထားမှုကြောင့်
ချီယွမ်၏ ပုခုံးတလျောက်သွေးတို့
.စီးကျလာတော့သည်။
ချီယွမ် ရုန်းကန်နေသော်လည်း
တစ်ခုခုက မိမိအား အသေချုပ်ကာထားမှုကြောင့်
သူလုပ်နိုင်သည်က ငိုယိုလျက်
ခေါင်းယမ်းနေခြင်းကိုသာ။
ချီယွမ်သည် နာကျင်မှုကြောင့်
ထိုသူ၏ ချုပ်ကိုင်မှုကို ခံနေရရင်းပင်
သတိလစ်ကာမေ့မြောသွားတော့သည် ။
ထိုအခါမှ ထိုသူကသူ၏
ဘေးပတ်ပတ်လည်တွင်ဝန်းရံလျက်ရှိသော
အနက်ရောင်အခိုးငွေ့များအား
ရုတ်သိမ်းလိုက်သည်။
ချီယွမ်လေးအား လွတ်ပေးကာ
ဖမ်းဆုပ်လိုက်ရင်း ချီယွမ်၏ သွေးထွက်နေသော
လက်ညိုးလေးအား အသာကိုင်လိုက်ပြီး
မဲ့ပြုံးတချက်ပြုံးလိုက်သည်။
"ဒီသွေး အနံ့ကိုငါစောင့်နေခဲ့တာ
အနှစ်တစ်ထောင်......"
ပြီးနောက် ချီယွမ်၏ မျက်နှာအားကြည့်လျက်
"မင်းအသက် ၁၈နှစ်ပြည့်တဲ့အခါ
မင်းဟာ ငါ့အပိုင်ဖြစ်လာလိမ့်မယ်........"
ထိုသူပြောပြီးသည်နှင့်တပြိုင်နက်
ချီယွမ်၏ ပုခုံးရှိအပေါက်နှစ်ပေါက်သည်
ချက်ချင်းပင်ကွယ်ပျောက်သွားပြီး
ထိုနေရာ၌ပင် အစားထိုးကာ ထွက်ပေါ်လာသည်က
နှင်းပွင့်ချပ်သဏ္႑ာန်ရှိသော
အနီရောင် အကွက်ပင် ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖတ်ရအဆင်မပြေမှာစိုးပါ၏
အစပိုင်းမို့သည်းခံပေးပါ
ဇာတ်ကောင်ဆုံလာရင် okလာမှာပါ...😁😁
"ယွမ်လေး......ယွမ်လေးရေ..."
"လာပြီ..... မေမေ...."
မိခင်၏ခေါ်သံကြောင့်
သားဖြစ်သူအား ကြည့်၍
ပြုံးရယ်နေမိသည်။
ဆုံးမရပေအုန်းမည်။
ပြည့်နေသော အင်္ကျီအား အသာဖုန်ခါပေးလိုက်ပြီး
ဘယ်လိုလုပ်မလည်း.......ပြော..."
ထိုကလေးလေးသည် သူမအား
ရီပြလိုက်ရင်း
ဆုံးဖြတ်ချက်အား လိုက်နာလိုက်သည်။
လှည့်လိုက်ပြီး
အော်ပြောလေသည်။
"အွန်း....ပေါက်စီ...ပေါက်စီ......"
ရီလျက်ပြောသည်။
"အွန်း......."
...........................................
အစေခံမျိုးရိုးတော့မဟုတ်ပေ။
တခါတရံ မြိုတော်သို့
ချီယွမ်က ပေါက်စီအား
မေးသည်။
"မေမေ ....ဘာလို့သားတို့က
ချီယွမ်၏ အမေးကြောင့်
ကြည့်လိုက်သည်။
သုတ်ကာပေးလိုက်ရင်း
တရေးအိပ်လိုက်...."
"ဝါး...ငါတို့ယွမ်လေးက
ခင်းပေးလိုက်သည်။
ကောင်းလှသည်။
ချီယွမ်အမေဖြစ်သူက
မမြင်ရပေ။
အလွန်လှပလွန်းသော
နှင်းပွင့်ချပ်ပုံသဏ်ဏ္ဍာန် နှင့် အရာလေးသည်
ချီယွမ်၏ မိခင်က
သေချာစွာကြည့်နေသည်။
"လှလိုက်တာ.........
မြှောက်ထားလျက်ပင်
ချီယွမ်နိုးထလာသည်။
အသံဖြင့်မေးလိုက်သည်။
အလွန်လှပသောကြောင့်
တားမရပေ။
"အား......"
ငိုလေတော့သည်။
ပေါ်ပေါက်လာတော့သည်။
တိုက်ခိုက်လေတော့သည်။
လိုက်ကာစများသည်လည်း
ငိုသံပါလေးဖြင့်
"မေမေ.....ဘာဖြစ်တာလဲဟင်... "
သူမကလည်း ချီယွမ်ကို
အင်္ကျီ စအား ဆုပ်ကိုင်ထားသည်။
ထိတ်လန့်နေကြသည်။
အားပေးနေသည်။
"ယွမ်လေး....မကြောက်နဲ့.....
ရုတ်တရက် လေပေါ်တွင်
ကြည့်ကာ အော်ငိုနေသည်။
ချီယွမ်၏ မိဘနှစ်ပါးသည်မြေပြင်သို့ပင်
မိဘနှစ်ပါးဆီသို့ပြေးသွားကာ ကူရာမဲ့နေသဖွယ်
အော်ငိုလျက်
လှုပ်နှိုးနေသည်။
"မေမေ...ဖေဖေ....ထပါအုန်း...."
ငြိမ်သက်နေလျက်
ထိုသူ၏ ပတ်ပတ်လည်တွင်
သူမြင်တွေ့ရသည်။
အင်္ကျီ လေးအား ပုခုံးမှ လျောချကာ
ကျွတ်စေသည်။
ကိုက်ချလိုက်တော့သည်။
"အား.....မေမေရေ..
..နာတယ်..နာတယ်...အီးဟီးဟီး..."
.စီးကျလာတော့သည်။
ထိုအခါမှ ထိုသူကသူ၏
ရုတ်သိမ်းလိုက်သည်။
အနှစ်တစ်ထောင်......"
နှင်းပွင့်ချပ်သဏ်ဏ္ဍာန်ရှိသော
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі
Упорядкувати
  • За популярністю
  • Спочатку нові
  • По порядку
Показати всі коментарі (3)
TaoHua
Chapter 1
Uni ကြီး TT
Відповісти
2020-08-10 13:46:23
1
jing fei
Chapter 1
ငိုပြီဗျာ ယူနီဖတ်မရလို့
Відповісти
2020-08-11 08:17:12
Подобається
Valvet Alremon
Chapter 1
Zawgyiနဲ့တင်​​ပေးပါဦးအကိခင်​ဗျ...
Відповісти
2020-08-13 12:51:36
1