Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 8
ယွင်းရန်က သူ၏ ညာလက်ကို
မြှောက်ပြီး လက်ဖျောက်တချက်တီးလိုက်သည်။ချက်ချင်းဆိုသလိုပင် ချီယွမ်လမ်းလျောက်နေရာမှ သူ၏ ကိုယ်ခန္တာ အားတစ်စုံတစ်ခုဖြင့် ချုပ်နှောင်ခံရသလိုဖြစ်ကာ မျက်စိတမှိတ်အတွင်ပင်
ယွင်းရန်၏ ရင်ခွင်ထဲသို့တည့်တည့်မတ်မတ်ပက်ပစ်ကျလာ၏။ယွင်းရန်က ပစ်ကျလာသောချီယွမ်အား မဖမ်းပဲ ဘေးသို့ရှောင်လိုက်သည်။

ချီယွမ်မှာမူ ကြမ်းပြင်နှင့်မျက်နှာမိတ်ဆက်သွားကာ ဖင်ကမူ မိုးပေါ်ထောင်နေသည့်အ​​​ပြင် လက်နှစ်ဖက်က နောက်ဘက်တွင်တစ်ခုခုဖြင့်ပူးချည်ခံထားရသလိုဖြစ်နေလေသည်။ ချီယွမ်ကအသံကျယ်ကြီးဖြင့်

"အားရိုး...သေပါပြီ။"

ယွင်းရန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ချီယွမ်အား ပြန်ဖြည်ပေးလိုက်သည်။ ပြီးနောက် မူလပုံစံအတိုင်း သူ၏လက်နှစ်ဖက်အား နောက်ကျောဘက်တွင် ပြန်ယှက်ကာထားလေ၏။ချီယွမ်က နာသွားသောသူ၏ပါး အားလက်ဖြင့် ဖိကိုင်လျက်ယွင်းရန်ကို မျက်စောင်းထိုးကာကြည့်သည်။ ယွင်းရန်ကသူ့အားတချက်မျှမကြည့်ချေ။သူကခပ်တည်တည်နှင့်ပင်

"မင်း...သွားရဲရင်သွားကြည့်လေ။အဲ့တာ...အမြည်းပဲရှိအုန်းမယ်။."

ယွင်းရန်က လက်အားနောက်ပစ်လျက်ဘေးတွင် မတ်တပ်ရပ်နေသောအမတ်ကြီးကျူးအား ခေါ်လိုက်သည်။

"အမတ်ကြီးကျူး...အဲ့ကောင်လေးကိုရှာပြီး ငါ့ရှေ့ခေါ်လာခဲ့။အသက်ရှင်နေတာပဲလိုချင်တယ်။ခဏ...."

ယွင်းရန်က သူ၏ ကိုယ်ကိုတဖက်စောင်းလိုက်သည်။ဤသည်က ချီယွမ်ထိုင်နေသောဘက်ပင်။ချီယွမ်အားသေချာစိုက်ကြည့်ရင်း

"သေနေလည်း...အဆင်ပြေမယ်ထင်တာပဲ။တစ်ချို့က သူ့သူငယ်ချင်းကိုမလိုချင်တော့ဘူးတဲ့။ ဘာလို့ဆို အပေါ်ယံဟန်ဆောင်မှုတွေက အရမ်းပေါနေလို့လေ။ ခင်မင်တယ်ဆိုတာကလည်း အလကားအပေါ်ယံတွေမလို့နေမှာပေါ့။"

"ခင်ဗျား........"

ချီယွမ်က ကျန်တဝက်နီးပါးကိုစိတ်ထဲမှကျိန်ဆဲနေသည်။ယွင်းရန်က ကိုယ်ကိုပြန်တည့်မတ်လိုက်ပြီး

"ငါ သူ့ကို အတတ်နိုင်ဆုံးမြန်မြန်လိုချင်တယ်။"

အမတ်ကြီးက ခေါင်းကိုအကြိမ်ကြိမ်ညိမ့နေသည်။

"ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ...ရစေရပါမယ်။"

အမတ်ကြီးထွက်သွားပြီးနောက်ချီယွမ်က ကြမ်းပြင်တွင်ထိုင်နေရင်းပင်ယွင်းရန်ကိုလှမ်းကြည့်လိုက်သည်။

"အဖိုးကြီး။ဘာလို့ကျွန်တော့ကိုအနားမှာထားဖို့အသဲအသန်ဖြစ်နေရတာလဲ။ကျွန်တော့ကို ကြိုက်နေတယ်ပြောရအောင်လည်းအခုမှတွေ့ဖူးကြတာမလား။"

ယွင်းရန်က နှုတ်ခမ်းတို့ကိုကွေးညွှန့်ရုံပြုံးလိုက်သည်။ပြီးနောက် ချီယွမ်အနားသို့လာလိုက်ပြီးခြိမ်းခြောက်သည့် သဘောဖြင့်ပြောလိုက်သည်။

"မင်းငါ့ကို သွေးတိုးလာမစမ်းနဲ့။ငါမင်းကိုချက်ချင်းသတ်ပစ်လိုက်လို့ရတယ်။မင်းကိုခေါ်ချင်လို့ခေါ်ထားတာမဟုတ်ဘူး။ငါ့အတွက်လိုအပ်လို့ခေါ်ထားတာ။"

ယွင်းရန်က ချီယွမ်၏ ဟနေသောအင်္ကျီတဖက်အား ဆွဲကိုင်ကာပုခုံးပေါ်သည်အထိ လှန်လိုက်သည်။

"မင်းသိချင်လား။မင်းဘဝကဘာလို့ ကံဆိုးနေရတာလည်းဆိုတာကိုလေ။."

ထိုစကားကိုကြားတော့ချီယွမ်ကမျက်မှောင်ကြုတ်လိုက်သည်။

"ခင်ဗျား...ဘာကိုဆိုလိုချင်တာလဲ။"

ယွင်းရန်က ပေါ်လာသောချီယွမ်၏ နှင်းပွင့်ချပ်သဏ္ဍာန်ရှိသော အမှတ်အားသူ၏ လက်ညိုးဖြင့်ထောက်လိုက်သည်။

"ဒီအမှတ်.....ဘယ်လိုရလာတာလည်းဆိုတာမင်းမှတ်မိလား။ဒါက မွေးရာပါမဟုတ်ဘူးမလား။"

ချီယွမ်က သူ၏ အင်္ကျီအားပြန်ဆွဲတင်လိုက်ပြီး
ချက်ချင်းကောက်ထကာ ယွင်းရန်နှင့်အနည်းငယ်ဝေးစေလိုက်သည်။

"ဘာကိုဆိုလိုတာလဲ။အမှတ်ပါဆိုမွေးရာပါပေါ့။"

ယွင်းရန်က မတ်တပ်ပြန်ရပ်လိုက်သည်။

"ဟမ့်......"

ချီယွမ်က တစ်စုံတစ်ခုကိုသတိရနေသည့်ဟန် မျက်ဝန်းအိမ်တို့ကနီရဲကာ အငြိမ်မနေပဲ လျောက်ပြေးနေသည်။သူ၏ ပုခုံးအားလက်တဖက်ဖြင့် ဆုပ်ကိုင်ထားရင်းခေါင်းကိုငုံ့ကာထားသည်။သူ မခံနိုင်သည့်အဆုံး ချီယွမ်ကယွင်းရန်အား ကြည့်လိုက်သည်။

"ကျွန်တော်...အပြင်ခဏသွားဦးမယ်။ဒီအရှေ့တင်ပဲ။ ပြီးရင် ပြန်လာမှာမလို့ ထွက်ပြေးမလားဆိုပြီးစိတ်ပူစရာမလိုဘူး။."

ချီယွမ်က ယွင်းရန်၏အဖြေကိုပင်မစောင့်တော့ပဲ ထွက်ကာသွားသည်။ယွင်းရန်က သူ့အားကြည့်နေသည်။ဘေးတွင် ရပ်နေသော တိဟွက ယွင်းရန်အနားသို့လာလိုက်ပြီး

"ကျွန်တော်...ခေါ်လာခဲ့ရမလား။"

"ထားလိုက်....ညနေမှရှင်းမယ်။ငါအစီအရင်လုပ်ထားပြီးသား။သူလည်းအပြင်ထွက်လို့မရသလို ပြင်ပကမကောင်းဆိုးဝါးတွေလည်းသူအနံ့ကို ရနိုင်လောက်မှာမဟုတ်ဘူး။"

...............................................

ချီယွမ်က အဆောင်၏ အပြင်ဘက်အုတ်နံရံတံတိုင်းပေါ်တွင်ထိုင်နေသည်။

"မေမေ ဖေဖေ.....စိတ်မပူပါနဲ့။သား...အမေတို့အတွက် လက်စားချေပေးမှာပါ။အဲ့ဒီ မကောင်းဆိုးဝါးကို သားရအောင်ရှာမယ်။အမေတို့အတွက် သားသူ့ကိုသတ်ပြီးအမေတို့ကို ငြိမ်းချမ်းစေမယ်။

အထီးကျန် အဖော်မဲ့တဲ့အချိန်မှာတောင် သားမှာ အားကိုးစရာမရှိအောင်လုပ်ခဲ့တဲ့ အဲ့ဒီ တိရစ္ဆာန် လိုကောင်ကိုသား ကိုယ်တိုင် ဖျက်စီးပစ်မယ်။."

"ဟေ့....နျူး......."

"ဟိတ်......နျူး...လို့......."

ချီယွမ်က နံရံအောက်ဘက်မှအသံကြားသောကြောင့် ငုံ့ကြည့်လိုက်သည်။ထိုသူက ချီယွမ်အား ကြည့်နေသည်။ချီယွမ်က ကြောင်တောင်တောင် ဖြင့်ပင်သူကိုယ်သူလက်ညိုးထိုးကာ

"ငါ...ငါ့ကိုခေါ်တာလား။ငါ့နာမည်က ချီယွမ်လေ။နျူးမဟုတ်ဘူး။"

"သိသားပဲ......"

ထိုသူက ကိုယ်ဖော့ကာချီယွမ်အနားသို့ အမြန်ပင်ခုန်တက်လိုက်သည်။သူကချီယွမ်ဘေးတွင် ထိုင် လိုက်ပြီး

"မင်းတကယ်ပြောင်းလဲသွားတယ်။ရှန်းဝူပိုင်နဲ့ ဆိုင်မယ်ထင်တာပဲ။ အဲ့ဒီအဖိုးကြီးကလည်းကောင်းတဲ့အကောင်မဟုတ်ဘူး

အရှင်ယွင်းရန်သာ အတတ်ချမပြောနိုင်ရင်ငါမင်းကို သူဆိုတာ ယုံမှာမဟုတ်ဘူး။"

ချီယွမ်က နားမလည်စွာဖြင့်

"ဘာတွေလာပြောနေတာလဲ။ ငါနဲ့စကားပြောချင်ရင်လည်း ငါနားလည်လောက်မဲ့ စကားကိုပြောလေ။."

ထိုသူက ရီလျက်

"ဘာမှ မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်ပြန်တွေ့ရတာဝမ်းသာပါတယ်။ ငါနာမည်က တိဟွ....."

"........"

ချီယွမ်က ထိုသူနှင့် တုဖက်ဖြစ်မနေတော့ပဲရှေ့ကိုသာ ဆက်ကြည့်နေလိုက်သည်။တခဏကြာတော့ တိဟွကပင်စကားစပြန်သည်။

"မင်းသာ သူ့ကိုသစ္စာမဖောက်ခဲ့ဘူးဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ။
သူလည်း ဒီလို အဖြစ်မျိုးနဲ့ကြုံရမှာမဟုတ်သလို
အဲ့ဒီအချိန်တုန်းကလည်း တခြားလူတွေအများကြီး သေဆုံးရမှာမဟုတ်ဘူး။တကယ်ကြောက်ဖို့ကောင်းတဲ့တိုက်ပွဲတစ်ခုပဲ။."

"ငါလေ...မင်းပြောတာတွေကိုလေ တစ်လုံးမှနားမလည်လို့။"

တိဟွက ချီယွမ်၏ ပုခုံးကိုပုတ်လိုက်သည်။

"အမတ်ကြီးကျူးပြန်လာပြီ။မင်းသူငယ်ချင်းပါ...ပါလာတယ်။စိတ်ကိုတော့ပြင်ဆင်ထား....."

ချီယွမ်က ဝမ်းသားအားရဖြင့်တံတိုင်းပေါ်မှ ခုန်ဆင်းကာ အဆောင်တွင်းသို့ပြန်ဝင်လိုက်သည်။

" ရှောင်ကျူး...ပါလာပြီလား။."

...............................................

ချီယွမ်အဆောင်အတွင်းကိုရောက်တော့ဒူးထောက်ကာထိုင်နေသည့်ရှောင်ကျူး၏နောက်ကျောကိုတွေ့မြင်ရသည်။ကိုယ်ခန္တာ တစ်ခုလုံးကတုန်ယင်လျက် ငြိမ်ငြိမ်လေးကုတ်ကာ ထိုင်နေလေ၏။သူ၏ရှေ့တွင် ရပ်နေသူက ယွင်းရန်ပင်။ဘေးမလှမ်းမကမ်းတွင်ရှိသူကအမတ်ကြီးကျူး ဖြစ်သည်။ထိုသူကခေါင်းကိုငုံ့ထားသည်။

ချီယွမ်ချက်ချင်းပင် ရှောင်ကျူးရှိရာသို့
ပြေးသွားလိုက်သည်။ရှောင်ကျူးရှေ့တွင် သူထိုင်လိုက်ပြီးရှောင်ကျူး၏ ပုခုံးနှစ်ဖက်အားလှုပ်ကိုင်လျက်

" ရှောင်ကျူး....ရှောင်ကျူး....ငါလေ..ငါ့ကိုသိလား။ငါယွမ်လေးလေ။ ရှောင်ကျူးရဲ့ယွမ်လေး။"

ရှောင်ကျူးက ချီယွ​မ်အား ဖြည်းဖြည်းချင်း
ကြည့်လာသည်။ ပါးစပ်ကမူ ဟစိဟစိဖြစ်ကာနေပြီး မည်သည့်အသံမျှတော့ ထွက်ပေါ်မလာချေ။
မျက်လုံးအိမ်တို့ကလည်း ဂနာမငြိမ်ပဲ လျှောက်ပြေးကာ လှုပ်ရှားနေကြ၏။

ရှောင်ကျူးက သူ့အားကြည့်သော်လည်း
ဘာတစ်ခုမှပြန်မဖြေလာပေ။ချီယွမ်က ရှောင်ကျုူး၏ ပုံစံကိုကြည့်လိုက်ပြီးနောက်ခေါင်းကို ငုံ့ချလိုက်သည်။ပြီးနောက်ချက်ချင်းဆိုသလိုပင်အမတ်ကြီးဆီအား ပြေးသွားလိုက်ပြီးရင်ဘတ်ဝတ်ရုံစအား ဆွဲကိုင်ကာပိတ်ထိုးတော့သည်။

"လူယုတ်မာ...ခင်ဗျားသူ့ကိုဘာလုပ်လိုက်တာလဲ။
ဘာလုပ်လိုက်တာလို့.....အသက်တချောင်းက ခင်ဗျားအတွက်ဘာမှမဟုတ်ဘူးလား။ ဟမ်...."

အမတ်ကြီးမှာ ကြမ်းပြင်ထက်လဲကျလေ၏။
ချီယွမ်ကအလွှတ်မပေးသေးပဲ
ထိုသူ၏ရင်ဘတ်အပေါ်နားမှနေ၍ တက်ခွကာ လက်သီးဆုပ်ကာ မျက်နှာအားအဆက်မပြတ်ထိုးနေပြန်သည်။ ထိုအမတ်ကြီး၏ ပေါက်ပြဲလာသော မျက်နှာတွင် ထွက်ပေါ်လာသည့် သွေးများက ချီယွမ်၏လက်သီးဆုပ်ပေါ်တွင် ပေကျံကာနေ၏။

ယွင်းရန်က တိဟွအား မေးမော့ပြလိုက်သည်။တိဟွကခေါင်းညိမ့်လိုက်ပြီးနောက်ချီယွမ်အား ဂုတ်ရှိ အင်္ကျီအစမှဆွဲ မ လိုက်သည်။ချီယွမ်ကလုံးဝ မလွှတ်ချင်သည့်ပုံစံဖြင့်  ရုန်းကန်ရင်းပါလာသည်။

"ငါ့ကိုလွှတ် မင်းတို့အထက်တန်းလွှာတွေ ငါတို့ကို မတူသလိုဆက်ဆံတာ။ အာဏာရှိတာနဲ့ အဲ့တာကိုဗန်းပြပြီးလုပ်ချင်ရာလုပ်နေကြတာ။ ဒီနေ့ငါသူနဲ့ သူသေကိုယ်သေချမယ်။

ငါသေသွားလည်း ဘာမှမဖြစ်ဘူး။ဒီနေ့ ဒီခွေးမသားကို ငါရအောင်သတ်မယ်။.....အား!!!!...."

ချီယွမ်က အတော်ပေါက်ကွဲနေသည့်ပုံစံပင်။အာပြဲကြီးဖြင့် ပတ်ဝန်းကျင်ကိုပင်မေ့ကာအော်နေလေရဲ့။ယွင်းရန်နှင့် တိဟွက ချီယွမ်၏ဆူညံလှသောအသံကြောင့် နားမခံသာသည့်အတွက်မျက်နှာမဲ့သွားကြသည်။အမတ်ကြီးမှာ မျက်နှာက သွေးတို့ထွက်လျက်ပြန်ထရန်ပင် မနည်းကြိုးစားနေရလေ၏။

တိဟွက ချီယွမ်အား ဂုတ်မှဆွဲထားတုန်းပင်။ယွင်းရန်က သူ၏နားအား လက်ဖြင့် တစ်ချက်ပိတ်လိုက်ပြီးမှ ပြန်ချလိုက်သည်။သူကချီယွမ်အနားလျောက်လာလိုက်ပြီး

"ငါတို့အပေးအယူကို အတည်ပြုရအောင်။"

ချီယွမ်ကထပ်မံကာ ရုန်းကန်ပြန်၏။

"ဘာကိုအတည်​ပြု မှာလဲ။ သောက်အဖိုးကြီး
ဒါတွေကခင်ဗျားတို့လုပ်ထားတာခင်ဗျားတို့ ပြန်ကောင်းအောင်ကုပေးရမှာ။ မိုးနတ်မင်းက ခင်ဗျားတို့ရဲ့လုပ်ရပ်တွေကိုကြည့်နေမှာပဲ မရှက်ဘူးလား....ဟမ်..."

ယွင်းရန်က ချီယွမ်အား ကြည့်ရင်းခါးသက်စွာရီလိုက်သည်။

"ဟားဟား။ ဘာလဲ။ မင်းပြောချင်တဲ့မိုးနတ်မင်းဆိုတာ ရှန်းဝူပိုင် ကိုပြောချင်တာလား။

သူဘယ်လောက်အရှက်မရှိလည်း မင်းသိသွားရင် ဒီလိုပြောရဲပါတော့မလား။

မင်းနဲ့ဘာမှထပ်မပြောချင်တော့ဘူး။ငါနဲ့ သဘောတူညီမှုလုပ်ရင်လုပ် မလုပ်ရင် သူရော၊ ကျန်တဲ့ မိန်းမနှစ်ယောက်ရော သေရမယ်။"

ချီယွမ်က ငြိမ်ကျသွားသည်။ထိုအခါမှ တိဟွက ချီယွမ်အား လွှတ်ပေးလိုက်သည်။ချီယွမ်ကကြမ်းပြင်ပေါ်သို့လွှတ်ချလိုက်သည့်အတိုင်းပင် ပြုတ်ကျသည်။

"နောက်ဆုံးဆုံးဖြတ်ချက်က ခင်ဗျားလိုချင်တာကို ရအောင်ယူမှာပဲမလား။"

ချီယွမ်က ရုတ်တရက်ခေါင်းကိုမော့ကာယွင်းရန်ကို အကြည့်ချင်းဆုံအောင်ကြည့်လိုက်သည်။သူ၏မျက်ဝန်းရှိ မျက်ဆံအိမ်ကလေးသည်အရောင်လဲ့နေသည်။

"တောင်းဆိုစရာသုံးခုရှိတယ်။ခင်ဗျားဘေးမှာ တစ်နှစ်နေဖို့။

တစ်....သူတို့သုံးယောက်လုံးကို လွတ်လွတ်လပ်လပ်နေခွင့်ပေးလိုက်ဖို့၊  ထပ်ပြီးမနှောက်ယှက်တော့ပါဘူးဆိုတဲ့ကတိ..."

ယွင်းရန်က အမြန်ပင်ဖြေလိုက်သည်။

"ငါသဘောတူတယ်။ ငါသူတို့ကိစ္စကို ဂရုကိုစိုက်မှာမဟုတ်ဘူး။."

"နှစ်....ကျူသားအဖကို ကွပ်မျက်ပေး။.."

အမတ်ကြီးက ချီယွမ်၏ ထိုစကားကိုကြားတော့ တုန်လှုပ်သွားကာယွင်းရန်ကိုကြည့်သည်။ ယွင်းရန်က မျက်မှောင်ကြုတ်ကာ အမတ်ကြီးအား ကြည့်သည်။ ပြီးမှ ချီယွမ်အားပြန်ကြည့်လိုက်ရင်း

"ခိုင်လုံတဲ့ အထောက်အထားသက်သေမရှိပဲငါသူတို့ကို တစ်ခုခု လုပ်လို့မရဘူး။အပြစ်ပေးလို့လည်းမရဘူး။"

ယွင်းရန်ကဖြေသည်။ချီယွမ်က ရီလိုက်ပြီး

"ကျုပ်တို့လို လူတန်းစားကျတော့အဲ့လိုတွေမလိုပဲ သတ်ခဲ့တာပဲမလား။"

"မင်းမသိဘူးထင်တယ်။သူအခုချိန်ထိဖမ်းပြီး ပို့ခဲ့တဲ့ယောက်ျားသားတွေအကုန်လုံးက
သေဒဏ်ကျပြီးသားတွေချည်းပဲ။ဒါ့ကြောင့်
ဘာပဲဖြစ်ဖြစ် သူတို့က သေကိုသေရမှာ။"

"အဲ့ဒါတွေ ကျုပ်မသိဘူး။ကျုပ်သိတာ
သူတို့ကို လောကကြီးကနေပျောက်ကွယ်သွားစေချင်တာပဲ။"

"ငါသူ့ကို လက်ရှိရာထူးကနေရပ်ဆိုင်းလိုက်မယ်။ သာမန်လူတန်းစားအဖြစ်သူတို့ဘဝကိုဆက်ရှင်သန်စေမယ်ဆိုရင်ရော ဘယ်လိုလဲ။"

ချီယွမ်က တစ်ခဏစဉ်းစားနေလိုက်သည်။

"ရတယ်။တစ်နှစ်ပြည့်လို့ အပြင်ပြန်ထွက်ရရင်
ကျုပ်ဘာသာ သူ့ကိုသတ်လိုက်မယ်။

ဒါဆို...သုံး....ခင်ဗျားက မိစ္ဆာ တစ်ကောင်ဆိုတော့တခြားမိစ္ဆာတွေကိုလည်း သိမယ်ထင်တယ်။"

"မင်းဘာကိုပြောချင်တာလဲ။"

"ကျုပ်ငယ်ငယ်တုန်းက ဒီအမှတ်ကမိစ္ဆာတစ်ကောင် ကိုက်တာကိုခံရတာကနေပုံစံပြောင်းသွားခဲ့တာ။ ကျိန်စာတိုက်ခဲ့တာလို့ထင်တာပဲ။ကျုပ်မိဘတွေကိုလည်း သူပဲ သတ်သွားခဲ့တာ
ကျုပ်သူ့ကိုရှာချင်တယ်။ ရှာပြီး သူ့ကို သတ်မယ်။ခင်ဗျားက သူ့ကိုရှာဖို့ကူညီပေး..။"

ယွင်းရန်က မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက်သူက အေးအေးလူလူပင်

"သဘောတူတယ်။"

တိဟွက အမြန်ပင်အော်လိုက်သည်။

"အရှင်ယွင်းရန်......."

ယွင်းရန်က တိဟွအား လက်ကာပြလိုက်သည်။
သူကချီယွမ်အားဆက်ကြည့်နေရင်း

"သဘောတူပြီ။အဲ့တော့မင်းဘက်ကလိုက်နာရမဲ့အချက်ကိုငါပြောမယ်။

အဲ့တာက ငါနဲ့စာချုပ်ချုပ်ထားတဲ့ တစ်လျောက်လုံးငါ့အနားမှာပဲနေပြီး မင်းရဲ့ကိုယ်ခန္တာကိုဘာထိခိုက်ဒဏ်ရာမှမရ အောင်နေရမယ်။

ငါ့တောင်းဆိုချက်က အဲ့ဒီတစ်ခုပဲရှိမယ်။"

"သဘောတူတယ်။လက်ဗွေရာနှိပ်ရအုန်းမှာလား..."

ချီယွမ်က ရွဲ့လိုက်သည်။

ယွင်းရန်က ချက်ချင်းပင်ချီယွမ်၏လက်ကောက်ဝတ်အားဆုပ်ကိုင်လိုက်သည်။

"အား........."

ချီယွမ်၏ ယွင်းရန်ဆုပ်ကိုင်ထားသောနေရာအား မီးခဲဖြင့်ထိသလိုပင် ရှဲခနဲမြည်လာလေ၏။ မီးခိုးငွေ့နည်းနည်းပင် ထွက်လာသေးသလားဟု ထင်ရသည်။

တစ်ခဏအ​ကြာတွင် ယွင်းရန်ပြန်လွှတ်ပေးလိုက်တော့ချီယွမ်က သူ့လက်အားနောက်လက်တဖက်ဖြင့်မ ရင်းကြည့်လိုက်သည်။လက်ကောက်ဝတ် အောက်ဘက်နေရာ၌တံဆိပ်တုံးသဏ္ဍာန် အဝိုင်းလေးတစ်ခုတွေ့ရသည်။သိပ်မကြီးသော်လည်း သူ့ပုခုံးရှိ အမှတ်အသားကဲ့သိူ့ပင် နီရဲကာ ထင်ရှားနေ၏။ချီယွမ်မှာမူ အပူလောင်သလိုပင် ခံစားလိုက်ရသည်။ယွင်းရန်က ပြတ်ပြတ်ပင်ပြောလိုက်သည်။

"အခုချိန်ကစပြီး မင်းဘယ်မှာပဲ ရောက်နေပါစေ ငါ ခံစားသိရှိနေတော့မှာထွက်ပြေးဖို့မစဉ်းစားနဲ့။"

ချီယွမ်က ယွင်းရန်အားမျက်စောင်းထိုးလိုက်ရင်း

"ဘယ်သူကထွက်ပြေးနေလို့လဲ။ရက်စက်လိုက်တာ...အဖိုးကြီးရာ။.."

ယွင်းရန်က ဘာမျှဆက်မပြောတော့ပဲရှောင်ကျူးရှိရာဘက်သို့လျောက်လာလိုက်သည်။ချီယွမ်က ကြိတ်ကာပြုံးလိုက်သည်။သူတစ်ခါ ဤနာမည်အားခေါ်တိုင်းထိုလူကြီး အသည်းခိုက်အောင် နာကျင်နေမည်မှာမျက်နှာအမူအရာကြည့်ရုံဖြင့်သိနိုင်လောက်သည်။

ပုံပန်းသဏ္ဍာန်ကိုကြည့်လျင်အသက်နှစ်ဆယ်ကျော်လောက်ပင်ရှိသေးသည့်ပုံစံပင်။သို့သော် ချီယွမ်ထိုသူအားအဖိုးကြီးဟု ခေါ်ရသည်ကိုပို၍နှစ်သက်မိသည်။

တစ်နှစ်တာအတွက်အနားခေါ်ထားခြင်းသည် ဘာကိုကြံစည်နေမှန်းချီယွမ်မသိသော်လည်းသူ၏ ကလဲ့စားချေခြင်းကို ကူညီမည်ဟုဆိုသောကြောင့် စိတ်ကျေနပ်မိသည်။လုံလောက်ပြီလေ သူရှင်သန်နေရသည့်ရည်ရွယ်ချက် ကမိဘများအတွက် လက်စားချေရန်ပင်။

ရှောင်ကျူးတို့မိသားစုအပေါ်ထားရှိသည့်ကျေးဇူးကြွေးတို့သည်လည်းဤတစ်ကြိမ်တွင်တော့ဆပ်၍လုံလောက်ပြီထင်ပါ၏။

ရှောင်ကျူး ပုံမှန်ပြန်ဖြစ်သွားလျင် ရှောင်းဟွာ နှင့်အဒေါ်ရှိရာသို့လိုက်သွားခိုင်းပြီးရွာတစ်ရွာတွင် အတည်တကျနေခိုင်းစေတော့မည်။ထိုမိသားစုနှင့်လည်း သူ၏ရေစက်အား ဤတွင်ဤမျှဖြင့်ဖျက်မည်။

ယွင်းရန်က ရှောင်ကျူး၏ ခေါင်းအားဆုပ်ကိုင် လိုက်သည်။တစ်ခဏ အကြာမှ သူကပြန်လွှ​တ်ပေးလိုက်သည်။မျက်လုံးအိမ်တို့လည်နေသော
ရှောင်ကျူး၏အကြည့်တို့က တဖြည်းဖြည်းတည်ငြိမ်လာလေ၏။ချီယွမ်က အမြန်ပင်သွားလိုက်ပြီး

" ရှောင်ကျူး...ရှောင်ကျူး...ငါ့ကိုမှတ်မိပြီလား။ငါယွမ်လေး။"

ထိုအခါမှ ရှောင်ကျူးက ချီယွမ်၏ပုခုံးအား ဆုပ်ကိုင်လိုက်သည်။အော်ငိုလျက်ပင်

"ယွမ်လေး....ယွမ်လေး...ငါကြောက်တယ်။"

ချီယွမ်က ရှောင်ကျူးအားဆွဲဖက်ထားလိုက်သည်။

"တိတ်တိတ်...မင်းအခု ဘေးကင်းပြီ။ဘာမှမဖြစ်တော့ဘူး...တိတ်နော်။အားလုံး...အဆင်ပြေသွားပြီ။"

ရှောင်ကျူး ကဆက်၍ရှိူက်ကာငိုနေဆဲပင်။ချီယွမ်က ရှောင်ကျူး၏ မျက်ရည်များကိုသုတ်ပေးနေရင်းမှ

"မင်း အရင်လို ကလေးဆန်နေလို့မရတော့ဘူး။
မင်းမှာ အမေနဲ့ညီမရှိနေသေးတယ်။ငါသူတို့ကို အနောက်ဘက်က ရွာတစ်ရွာမှာစောင့်နေခိုင်းထားတယ်။ မင်းသူတို့ဆီကိုသွားရမယ်။ တစ်ယောက်တည်း။"

ချီယွမ်၏ ထိုစကားကိုကြားရတော့ ရှောင်ကျူးက ငိုနေခြင်းကိုရပ်တန့်လိုက်ပြီး

"ယွမ်လေး...မင်းကရော.။မင်းဘာလို့ မင်းမလိုက်မဲ့ပုံစံမျိုးပြောနေရတာလဲ။ငါတို့အတူသွားကြမယ်လေ။"

"ငါ...ငါက ဒီမှာ ကိစ္စလေးရှိနေသေးလို့ မင်းတို့နဲ့လိုက်လို့မရဘူး။"

"ဒါဆို မင်းဘယ်တော့ လာတွေ့မှာလဲ။ငါတို့နဲ့ ဘယ်တေယ့ အတူပြန်နေမှာလဲ။"

"ငါ......ငါ..အားတဲ့တစ်နေ့ပေါ့ကွာ။ဟုတ်ပြီလား။
ငိုမနေနဲ့တော့။မင်းညီမနဲ့အမေကမင်းကိုစောင့်နေလောက်ပြီ။အတတ်နိုင်ဆုံး မြန်မြန်ဒီကနေထွက်သွားတော့။"

ချီယွမ်က အမြန်ထလိုက်ပြီးရှောင်ကျူးအား ကျောခိုင်းလိုက်သည်။ယွင်းရန်က အပြင်ရှိအစောင့်တို့အား ရှောင်ကျူးကို ခေါ်သွားရန်ပြောလိုက်သည်။

"ယွမ်လေး.....ယွမ်လေး......"

ရှောင်ကျူးက ချီယွမ်အားကြည့်ရင်းအော်ခေါ်ကာ အစောင့်ရဲမက်များဆွဲခေါ်ရာနောက်ပါသွားတော့သည်။

ချီယွမ်က တဖက်သို့လှည့်ကနေဆဲပင်။သူ၏ လက်နှစ်ဖက်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာထားသည်။ မျက်ဝန်းက မျက်ရည်တို့ကဝဲတက်လာသည်။

ချီယွမ်က နှာတချက်ရှုံ့လိုက်ပြီးနောက်ယွင်းရန်အား လှမ်းပြောလိုက်သည်။

"ကျန်တဲ့ ကတိနှစ်ခုကိုလည်း တည်ဖို့မျှော်လင့်တယ်။"

ယွင်းရန်ကချက်ချင်းပင်

"အမတ်ကြီးကျူးကို ရာထူးကဖြုတ်ပြီး စည်းစိမ်အကုန်သိမ်းလိုက်။"

ထိုအခါမှ ဘေးတွင် ဒဏ်ရာများဖြင့်ရပ်နေသော အမတ်ကြီးက ဒူးထောက်ကာ တောင်းပန်လေတော့သည်။

"အရှင်ယွင်းရန်။ အရှင်ယွင်းရန်...ကျွန်တော်က
ခိုင်းတဲ့အတိုင်းပဲ လုပ်ခဲ့တာပါ။မတရားခံရတာပါ။"

ယွင်းရန်က ဆွဲထုတ်သွားရန်အချက်ပြလိုက်သည်။အမတ်ကြီးမှာ အော်ဟစ်လျက် ပင်အပြင်သို့ဆွဲခေါ်ခံလိုက်ရတော့သည်။ချီယွမ်က ယွင်းရန်အနားသို့လျှောက်လာလိုက်သည်။

"ကျွန်တော် ဘယ်မှာ နေရမှာလဲ။"

ယွင်းရန်က ကြောင်တောင်တောင် ဖြင့်ပင်သူ၏ အိပ်ဆောင်ကြီးအားလက်ညိုးထိုးပြလိုက်သည်။
ချီယွမ်က ထိုအိပ်ဆောင်အားကြည့်လိုက်ပြီးနောက်ထိုအခန်းဘက်သို့လျောက်သွားသည်။အထဲဝင်လိုက်ပြီးနောက် ဘယ်သူ့မှကိုပင်လှည့်မကြည့်တော့ပဲ တံခါးအားဆောင့်ပိတ်ချလိုက်သည်။ယွင်းရန်က သူ့ကိုကြည့်နေဆဲပင်။ဘေးရှိတိဟွက သူ့အား တိုးတိုးကပ်ပြောသည်။

"ကျွန်တော်တော့ တစ်ခုခုလွဲနေပြီလို့ထင်တယ်။အခုပုံစံက အရှင်ကသူ့ကိုအကြွေးတင်နေလို့ ပြန်ဆပ်နေရတဲ့ပုံဖြစ်နေတယ်။"

ယွင်းရန်က တိဟွအား စူးစိုက်ကြည့်လိုက်သည်။တိဟွက နောက်သို့ပြန်ဆုတ်လိုက်ပြီးခေါင်းငုံ့နေလိုက်သည်။ ယွင်းရန်က တံခါးကိုကြည့်နေရင်း

"အခုအချိန်မှာ သူကဘာမှမဟုတ်သေးလို့ ငါသူ့ကို လွှတ်ပေးထားရုံပဲ။မဟုတ်ရင် အချိန်တန်တဲ့အခါ စိတ်ဓာတ်အရမ်းကျနေရင် ဘယ်လိုလုပ်စားကောင်းမှာလဲ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယြင္းရန္က သူ၏ ညာလက္ကို
ေျမႇာက္ၿပီး လက္ေဖ်ာက္တခ်က္တီးလိုက္သည္။ခ်က္ခ်င္းဆိုသလိုပင္ ခ်ီယြမ္လမ္းေလ်ာက္ေနရာမွ သူ၏ ကိုယ္ခႏၲာ အားတစ္စုံတစ္ခုျဖင့္ ခ်ဳပ္ေႏွာင္ခံရသလိုျဖစ္ကာ မ်က္စိတမွိတ္အတြင္ပင္
ယြင္းရန္၏ ရင္ခြင္ထဲသို႔တည့္တည့္မတ္မတ္ပက္ပစ္က်လာ၏။ယြင္းရန္က ပစ္က်လာေသာခ်ီယြမ္အား မဖမ္းပဲ ေဘးသို႔ေရွာင္လိုက္သည္။

ခ်ီယြမ္မွာမူ ၾကမ္းျပင္ႏွင့္မ်က္ႏွာမိတ္ဆက္သြားကာ ဖင္ကမူ မိုးေပၚေထာင္ေနသည့္အ​​​ျပင္ လက္ႏွစ္ဖက္က ေနာက္ဘက္တြင္တစ္ခုခုျဖင့္ပူးခ်ည္ခံထားရသလိုျဖစ္ေနေလသည္။ ခ်ီယြမ္ကအသံက်ယ္ႀကီးျဖင့္

"အားရိုး...ေသပါၿပီ။"

ယြင္းရန္က လက္ကိုေဝွ႕ယမ္းလိုက္ၿပီး ခ်ီယြမ္အား ျပန္ျဖည္ေပးလိုက္သည္။ ၿပီးေနာက္ မူလပုံစံအတိုင္း သူ၏လက္ႏွစ္ဖက္အား ေနာက္ေက်ာဘက္တြင္ ျပန္ယွက္ကာထားေလ၏။ခ်ီယြမ္က နာသြားေသာသူ၏ပါး အားလက္ျဖင့္ ဖိကိုင္လ်က္ယြင္းရန္ကို မ်က္ေစာင္းထိုးကာၾကည့္သည္။ ယြင္းရန္ကသူ႔အားတခ်က္မၽွမၾကည့္ေခ်။သူကခပ္တည္တည္ႏွင့္ပင္

"မင္း...သြားရဲရင္သြားၾကည့္ေလ။အဲ့တာ...အျမည္းပဲရွိအုန္းမယ္။."

ယြင္းရန္က လက္အားေနာက္ပစ္လ်က္ေဘးတြင္ မတ္တပ္ရပ္ေနေသာအမတ္ႀကီးက်ဴးအား ေခၚလိုက္သည္။

"အမတ္ႀကီးက်ဴး...အဲ့ေကာင္ေလးကိုရွာၿပီး ငါ့ေရွ႕ေခၚလာခဲ့။အသက္ရွင္ေနတာပဲလိုခ်င္တယ္။ခဏ...."

ယြင္းရန္က သူ၏ ကိုယ္ကိုတဖက္ေစာင္းလိုက္သည္။ဤသည္က ခ်ီယြမ္ထိုင္ေနေသာဘက္ပင္။ခ်ီယြမ္အားေသခ်ာစိုက္ၾကည့္ရင္း

"ေသေနလည္း...အဆင္ေျပမယ္ထင္တာပဲ။တစ္ခ်ိဳ႕က သူ႔သူငယ္ခ်င္းကိုမလိုခ်င္ေတာ့ဘူးတဲ့။ ဘာလို႔ဆို အေပၚယံဟန္ေဆာင္မွုေတြက အရမ္းေပါေနလို႔ေလ။ ခင္မင္တယ္ဆိုတာကလည္း အလကားအေပၚယံေတြမလို႔ေနမွာေပါ့။"

"ခင္ဗ်ား........"

ခ်ီယြမ္က က်န္တဝက္နီးပါးကိုစိတ္ထဲမွက်ိန္ဆဲေနသည္။ယြင္းရန္က ကိုယ္ကိုျပန္တည့္မတ္လိုက္ၿပီး

"ငါ သူ႔ကို အတတ္နိုင္ဆုံးျမန္ျမန္လိုခ်င္တယ္။"

အမတ္ႀကီးက ေခါင္းကိုအႀကိမ္ႀကိမ္ညိမ့ေနသည္။

"ဟုတ္ကဲ့ပါ...ဟုတ္ကဲ့ပါ...ရေစရပါမယ္။"

အမတ္ႀကီးထြက္သြားၿပီးေနာက္ခ်ီယြမ္က ၾကမ္းျပင္တြင္ထိုင္ေနရင္းပင္ယြင္းရန္ကိုလွမ္းၾကည့္လိုက္သည္။

"အဖိုးႀကီး။ဘာလို႔ကၽြန္ေတာ့ကိုအနားမွာထားဖို႔အသဲအသန္ျဖစ္ေနရတာလဲ။ကၽြန္ေတာ့ကို ႀကိဳက္ေနတယ္ေျပာရေအာင္လည္းအခုမွေတြ႕ဖူးၾကတာမလား။"

ယြင္းရန္က ႏွုတ္ခမ္းတို႔ကိုေကြးညႊန႔္႐ုံျပဳံးလိုက္သည္။ၿပီးေနာက္ ခ်ီယြမ္အနားသို႔လာလိုက္ၿပီးၿခိမ္းေျခာက္သည့္ သေဘာျဖင့္ေျပာလိုက္သည္။

"မင္းငါ့ကို ေသြးတိုးလာမစမ္းနဲ႔။ငါမင္းကိုခ်က္ခ်င္းသတ္ပစ္လိုက္လို႔ရတယ္။မင္းကိုေခၚခ်င္လို႔ေခၚထားတာမဟုတ္ဘူး။ငါ့အတြက္လိုအပ္လို႔ေခၚထားတာ။"

ယြင္းရန္က ခ်ီယြမ္၏ ဟေနေသာအကၤ်ီတဖက္အား ဆြဲကိုင္ကာပုခုံးေပၚသည္အထိ လွန္လိုက္သည္။

"မင္းသိခ်င္လား။မင္းဘဝကဘာလို႔ ကံဆိုးေနရတာလည္းဆိုတာကိုေလ။."

ထိုစကားကိုၾကားေတာ့ခ်ီယြမ္ကမ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ခင္ဗ်ား...ဘာကိုဆိုလိုခ်င္တာလဲ။"

ယြင္းရန္က ေပၚလာေသာခ်ီယြမ္၏ ႏွင္းပြင့္ခ်ပ္သ႑ာန္ရွိေသာ အမွတ္အားသူ၏ လက္ညိဳးျဖင့္ေထာက္လိုက္သည္။

"ဒီအမွတ္.....ဘယ္လိုရလာတာလည္းဆိုတာမင္းမွတ္မိလား။ဒါက ေမြးရာပါမဟုတ္ဘူးမလား။"

ခ်ီယြမ္က သူ၏ အကၤ်ီအားျပန္ဆြဲတင္လိုက္ၿပီး
ခ်က္ခ်င္းေကာက္ထကာ ယြင္းရန္ႏွင့္အနည္းငယ္ေဝးေစလိုက္သည္။

"ဘာကိုဆိုလိုတာလဲ။အမွတ္ပါဆိုေမြးရာပါေပါ့။"

ယြင္းရန္က မတ္တပ္ျပန္ရပ္လိုက္သည္။

"ဟမ့္......"

ခ်ီယြမ္က တစ္စုံတစ္ခုကိုသတိရေနသည့္ဟန္ မ်က္ဝန္းအိမ္တို႔ကနီရဲကာ အၿငိမ္မေနပဲ ေလ်ာက္ေျပးေနသည္။သူ၏ ပုခုံးအားလက္တဖက္ျဖင့္ ဆုပ္ကိုင္ထားရင္းေခါင္းကိုငုံ႔ကာထားသည္။သူ မခံနိုင္သည့္အဆုံး ခ်ီယြမ္ကယြင္းရန္အား ၾကည့္လိုက္သည္။

"ကၽြန္ေတာ္...အျပင္ခဏသြားဦးမယ္။ဒီအေရွ႕တင္ပဲ။ ၿပီးရင္ ျပန္လာမွာမလို႔ ထြက္ေျပးမလားဆိုၿပီးစိတ္ပူစရာမလိုဘူး။."

ခ်ီယြမ္က ယြင္းရန္၏အေျဖကိုပင္မေစာင့္ေတာ့ပဲ ထြက္ကာသြားသည္။ယြင္းရန္က သူ႔အားၾကည့္ေနသည္။ေဘးတြင္ ရပ္ေနေသာ တိဟြက ယြင္းရန္အနားသို႔လာလိုက္ၿပီး

"ကၽြန္ေတာ္...ေခၚလာခဲ့ရမလား။"

"ထားလိုက္....ညေနမွရွင္းမယ္။ငါအစီအရင္လုပ္ထားၿပီးသား။သူလည္းအျပင္ထြက္လို႔မရသလို ျပင္ပကမေကာင္းဆိုးဝါးေတြလည္းသူအနံ့ကို ရနိုင္ေလာက္မွာမဟုတ္ဘူး။"

...............................................

ခ်ီယြမ္က အေဆာင္၏ အျပင္ဘက္အုတ္နံရံတံတိုင္းေပၚတြင္ထိုင္ေနသည္။

"ေမေမ ေဖေဖ.....စိတ္မပူပါနဲ႔။သား...အေမတို႔အတြက္ လက္စားေခ်ေပးမွာပါ။အဲ့ဒီ မေကာင္းဆိုးဝါးကို သားရေအာင္ရွာမယ္။အေမတို႔အတြက္ သားသူ႔ကိုသတ္ၿပီးအေမတို႔ကို ၿငိမ္းခ်မ္းေစမယ္။

အထီးက်န္ အေဖာ္မဲ့တဲ့အခ်ိန္မွာေတာင္ သားမွာ အားကိုးစရာမရွိေအာင္လုပ္ခဲ့တဲ့ အဲ့ဒီ တိရစၧာန္ လိုေကာင္ကိုသား ကိုယ္တိုင္ ဖ်က္စီးပစ္မယ္။."

"ေဟ့....န်ဴး......."

"ဟိတ္......န်ဴး...လို႔......."

ခ်ီယြမ္က နံရံေအာက္ဘက္မွအသံၾကားေသာေၾကာင့္ ငုံ႔ၾကည့္လိုက္သည္။ထိုသူက ခ်ီယြမ္အား ၾကည့္ေနသည္။ခ်ီယြမ္က ေၾကာင္ေတာင္ေတာင္ ျဖင့္ပင္သူကိုယ္သူလက္ညိဳးထိုးကာ

"ငါ...ငါ့ကိုေခၚတာလား။ငါ့နာမည္က ခ်ီယြမ္ေလ။န်ဴးမဟုတ္ဘူး။"

"သိသားပဲ......"

ထိုသူက ကိုယ္ေဖာ့ကာခ်ီယြမ္အနားသို႔ အျမန္ပင္ခုန္တက္လိုက္သည္။သူကခ်ီယြမ္ေဘးတြင္ ထိုင္ လိုက္ၿပီး

"မင္းတကယ္ေျပာင္းလဲသြားတယ္။ရွန္းဝူပိုင္နဲ႔ ဆိုင္မယ္ထင္တာပဲ။ အဲ့ဒီအဖိုးႀကီးကလည္းေကာင္းတဲ့အေကာင္မဟုတ္ဘူး

အရွင္ယြင္းရန္သာ အတတ္ခ်မေျပာနိုင္ရင္ငါမင္းကို သူဆိုတာ ယုံမွာမဟုတ္ဘူး။"

ခ်ီယြမ္က နားမလည္စြာျဖင့္

"ဘာေတြလာေျပာေနတာလဲ။ ငါနဲ႔စကားေျပာခ်င္ရင္လည္း ငါနားလည္ေလာက္မဲ့ စကားကိုေျပာေလ။."

ထိုသူက ရီလ်က္

"ဘာမွ မဟုတ္ဘူး။ဘာပဲျဖစ္ျဖစ္ျပန္ေတြ႕ရတာဝမ္းသာပါတယ္။ ငါနာမည္က တိဟြ....."

"........"

ခ်ီယြမ္က ထိုသူႏွင့္ တုဖက္ျဖစ္မေနေတာ့ပဲေရွ႕ကိုသာ ဆက္ၾကည့္ေနလိုက္သည္။တခဏၾကာေတာ့ တိဟြကပင္စကားစျပန္သည္။

"မင္းသာ သူ႔ကိုသစၥာမေဖာက္ခဲ့ဘူးဆိုရင္
ဘယ္ေလာက္ေကာင္းလိုက္မလဲ။
သူလည္း ဒီလို အျဖစ္မ်ိဳးနဲ႔ၾကဳံရမွာမဟုတ္သလို
အဲ့ဒီအခ်ိန္တုန္းကလည္း တျခားလူေတြအမ်ားႀကီး ေသဆုံးရမွာမဟုတ္ဘူး။တကယ္ေၾကာက္ဖို႔ေကာင္းတဲ့တိုက္ပြဲတစ္ခုပဲ။."

"ငါေလ...မင္းေျပာတာေတြကိုေလ တစ္လုံးမွနားမလည္လို႔။"

တိဟြက ခ်ီယြမ္၏ ပုခုံးကိုပုတ္လိုက္သည္။

"အမတ္ႀကီးက်ဴးျပန္လာၿပီ။မင္းသူငယ္ခ်င္းပါ...ပါလာတယ္။စိတ္ကိုေတာ့ျပင္ဆင္ထား....."

ခ်ီယြမ္က ဝမ္းသားအားရျဖင့္တံတိုင္းေပၚမွ ခုန္ဆင္းကာ အေဆာင္တြင္းသို႔ျပန္ဝင္လိုက္သည္။

" ေရွာင္က်ဴး...ပါလာၿပီလား။."

...............................................

ခ်ီယြမ္အေဆာင္အတြင္းကိုေရာက္ေတာ့ဒူးေထာက္ကာထိုင္ေနသည့္ေရွာင္က်ဴး၏ေနာက္ေက်ာကိုေတြ႕ျမင္ရသည္။ကိုယ္ခႏၲာ တစ္ခုလုံးကတုန္ယင္လ်က္ ၿငိမ္ၿငိမ္ေလးကုတ္ကာ ထိုင္ေနေလ၏။သူ၏ေရွ႕တြင္ ရပ္ေနသူက ယြင္းရန္ပင္။ေဘးမလွမ္းမကမ္းတြင္ရွိသူကအမတ္ႀကီးက်ဴး ျဖစ္သည္။ထိုသူကေခါင္းကိုငုံ႔ထားသည္။

ခ်ီယြမ္ခ်က္ခ်င္းပင္ ေရွာင္က်ဴးရွိရာသို႔
ေျပးသြားလိုက္သည္။ေရွာင္က်ဴးေရွ႕တြင္ သူထိုင္လိုက္ၿပီးေရွာင္က်ဴး၏ ပုခုံးႏွစ္ဖက္အားလွုပ္ကိုင္လ်က္

" ေရွာင္က်ဴး....ေရွာင္က်ဴး....ငါေလ..ငါ့ကိုသိလား။ငါယြမ္ေလးေလ။ ေရွာင္က်ဴးရဲ့ယြမ္ေလး။"

ေရွာင္က်ဴးက ခ်ီယြ​မ္အား ျဖည္းျဖည္းခ်င္း
ၾကည့္လာသည္။ ပါးစပ္ကမူ ဟစိဟစိျဖစ္ကာေနၿပီး မည္သည့္အသံမၽွေတာ့ ထြက္ေပၚမလာေခ်။
မ်က္လုံးအိမ္တို႔ကလည္း ဂနာမၿငိမ္ပဲ ေလၽွာက္ေျပးကာ လွုပ္ရွားေနၾက၏။

ေရွာင္က်ဴးက သူ႔အားၾကည့္ေသာ္လည္း
ဘာတစ္ခုမွျပန္မေျဖလာေပ။ခ်ီယြမ္က ေရွာင္က်ဳူး၏ ပုံစံကိုၾကည့္လိုက္ၿပီးေနာက္ေခါင္းကို ငုံ႔ခ်လိုက္သည္။ၿပီးေနာက္ခ်က္ခ်င္းဆိုသလိုပင္အမတ္ႀကီးဆီအား ေျပးသြားလိုက္ၿပီးရင္ဘတ္ဝတ္႐ုံစအား ဆြဲကိုင္ကာပိတ္ထိုးေတာ့သည္။

"လူယုတ္မာ...ခင္ဗ်ားသူ႔ကိုဘာလုပ္လိုက္တာလဲ။
ဘာလုပ္လိုက္တာလို႔.....အသက္တေခ်ာင္းက ခင္ဗ်ားအတြက္ဘာမွမဟုတ္ဘူးလား။ ဟမ္...."

အမတ္ႀကီးမွာ ၾကမ္းျပင္ထက္လဲက်ေလ၏။
ခ်ီယြမ္ကအလႊတ္မေပးေသးပဲ
ထိုသူ၏ရင္ဘတ္အေပၚနားမွေန၍ တက္ခြကာ လက္သီးဆုပ္ကာ မ်က္ႏွာအားအဆက္မျပတ္ထိုးေနျပန္သည္။ ထိုအမတ္ႀကီး၏ ေပါက္ျပဲလာေသာ မ်က္ႏွာတြင္ ထြက္ေပၚလာသည့္ ေသြးမ်ားက ခ်ီယြမ္၏လက္သီးဆုပ္ေပၚတြင္ ေပက်ံကာေန၏။

ယြင္းရန္က တိဟြအား ေမးေမာ့ျပလိုက္သည္။တိဟြကေခါင္းညိမ့္လိုက္ၿပီးေနာက္ခ်ီယြမ္အား ဂုတ္ရွိ အကၤ်ီအစမွဆြဲ မ လိုက္သည္။ခ်ီယြမ္ကလုံးဝ မလႊတ္ခ်င္သည့္ပုံစံျဖင့္  ႐ုန္းကန္ရင္းပါလာသည္။

"ငါ့ကိုလႊတ္ မင္းတို႔အထက္တန္းလႊာေတြ ငါတို႔ကို မတူသလိုဆက္ဆံတာ။ အာဏာရွိတာနဲ႔ အဲ့တာကိုဗန္းျပၿပီးလုပ္ခ်င္ရာလုပ္ေနၾကတာ။ ဒီေန႔ငါသူနဲ႔ သူေသကိုယ္ေသခ်မယ္။

ငါေသသြားလည္း ဘာမွမျဖစ္ဘူး။ဒီေန႔ ဒီေခြးမသားကို ငါရေအာင္သတ္မယ္။.....အား!!!!...."

ခ်ီယြမ္က အေတာ္ေပါက္ကြဲေနသည့္ပုံစံပင္။အာျပဲႀကီးျဖင့္ ပတ္ဝန္းက်င္ကိုပင္ေမ့ကာေအာ္ေနေလရဲ့။ယြင္းရန္ႏွင့္ တိဟြက ခ်ီယြမ္၏ဆူညံလွေသာအသံေၾကာင့္ နားမခံသာသည့္အတြက္မ်က္ႏွာမဲ့သြားၾကသည္။အမတ္ႀကီးမွာ မ်က္ႏွာက ေသြးတို႔ထြက္လ်က္ျပန္ထရန္ပင္ မနည္းႀကိဳးစားေနရေလ၏။

တိဟြက ခ်ီယြမ္အား ဂုတ္မွဆြဲထားတုန္းပင္။ယြင္းရန္က သူ၏နားအား လက္ျဖင့္ တစ္ခ်က္ပိတ္လိုက္ၿပီးမွ ျပန္ခ်လိုက္သည္။သူကခ်ီယြမ္အနားေလ်ာက္လာလိုက္ၿပီး

"ငါတို႔အေပးအယူကို အတည္ျပဳရေအာင္။"

ခ်ီယြမ္ကထပ္မံကာ ႐ုန္းကန္ျပန္၏။

"ဘာကိုအတည္​ျပဳ မွာလဲ။ ေသာက္အဖိုးႀကီး
ဒါေတြကခင္ဗ်ားတို႔လုပ္ထားတာခင္ဗ်ားတို႔ ျပန္ေကာင္းေအာင္ကုေပးရမွာ။ မိုးနတ္မင္းက ခင္ဗ်ားတို႔ရဲ့လုပ္ရပ္ေတြကိုၾကည့္ေနမွာပဲ မရွက္ဘူးလား....ဟမ္..."

ယြင္းရန္က ခ်ီယြမ္အား ၾကည့္ရင္းခါးသက္စြာရီလိုက္သည္။

"ဟားဟား။ ဘာလဲ။ မင္းေျပာခ်င္တဲ့မိုးနတ္မင္းဆိုတာ ရွန္းဝူပိုင္ ကိုေျပာခ်င္တာလား။

သူဘယ္ေလာက္အရွက္မရွိလည္း မင္းသိသြားရင္ ဒီလိုေျပာရဲပါေတာ့မလား။

မင္းနဲ႔ဘာမွထပ္မေျပာခ်င္ေတာ့ဘူး။ငါနဲ႔ သေဘာတူညီမွုလုပ္ရင္လုပ္ မလုပ္ရင္ သူေရာ၊ က်န္တဲ့ မိန္းမႏွစ္ေယာက္ေရာ ေသရမယ္။"

ခ်ီယြမ္က ၿငိမ္က်သြားသည္။ထိုအခါမွ တိဟြက ခ်ီယြမ္အား လႊတ္ေပးလိုက္သည္။ခ်ီယြမ္ကၾကမ္းျပင္ေပၚသို႔လႊတ္ခ်လိုက္သည့္အတိုင္းပင္ ျပဳတ္က်သည္။

"ေနာက္ဆုံးဆုံးျဖတ္ခ်က္က ခင္ဗ်ားလိုခ်င္တာကို ရေအာင္ယူမွာပဲမလား။"

ခ်ီယြမ္က ႐ုတ္တရက္ေခါင္းကိုေမာ့ကာယြင္းရန္ကို အၾကည့္ခ်င္းဆုံေအာင္ၾကည့္လိုက္သည္။သူ၏မ်က္ဝန္းရွိ မ်က္ဆံအိမ္ကေလးသည္အေရာင္လဲ့ေနသည္။

"ေတာင္းဆိုစရာသုံးခုရွိတယ္။ခင္ဗ်ားေဘးမွာ တစ္ႏွစ္ေနဖို႔။

တစ္....သူတို႔သုံးေယာက္လုံးကို လြတ္လြတ္လပ္လပ္ေနခြင့္ေပးလိုက္ဖို႔၊  ထပ္ၿပီးမေႏွာက္ယွက္ေတာ့ပါဘူးဆိုတဲ့ကတိ..."

ယြင္းရန္က အျမန္ပင္ေျဖလိုက္သည္။

"ငါသေဘာတူတယ္။ ငါသူတို႔ကိစၥကို ဂ႐ုကိုစိုက္မွာမဟုတ္ဘူး။."

"ႏွစ္....က်ဴသားအဖကို ကြပ္မ်က္ေပး။.."

အမတ္ႀကီးက ခ်ီယြမ္၏ ထိုစကားကိုၾကားေတာ့ တုန္လွုပ္သြားကာယြင္းရန္ကိုၾကည့္သည္။ ယြင္းရန္က မ်က္ေမွာင္ၾကဳတ္ကာ အမတ္ႀကီးအား ၾကည့္သည္။ ၿပီးမွ ခ်ီယြမ္အားျပန္ၾကည့္လိုက္ရင္း

"ခိုင္လုံတဲ့ အေထာက္အထားသက္ေသမရွိပဲငါသူတို႔ကို တစ္ခုခု လုပ္လို႔မရဘူး။အျပစ္ေပးလို႔လည္းမရဘူး။"

ယြင္းရန္ကေျဖသည္။ခ်ီယြမ္က ရီလိုက္ၿပီး

"က်ဳပ္တို႔လို လူတန္းစားက်ေတာ့အဲ့လိုေတြမလိုပဲ သတ္ခဲ့တာပဲမလား။"

"မင္းမသိဘူးထင္တယ္။သူအခုခ်ိန္ထိဖမ္းၿပီး ပို႔ခဲ့တဲ့ေယာက္်ားသားေတြအကုန္လုံးက
ေသဒဏ္က်ၿပီးသားေတြခ်ည္းပဲ။ဒါ့ေၾကာင့္
ဘာပဲျဖစ္ျဖစ္ သူတို႔က ေသကိုေသရမွာ။"

"အဲ့ဒါေတြ က်ဳပ္မသိဘူး။က်ဳပ္သိတာ
သူတို႔ကို ေလာကႀကီးကေနေပ်ာက္ကြယ္သြားေစခ်င္တာပဲ။"

"ငါသူ႔ကို လက္ရွိရာထူးကေနရပ္ဆိုင္းလိုက္မယ္။ သာမန္လူတန္းစားအျဖစ္သူတို႔ဘဝကိုဆက္ရွင္သန္ေစမယ္ဆိုရင္ေရာ ဘယ္လိုလဲ။"

ခ်ီယြမ္က တစ္ခဏစဥ္းစားေနလိုက္သည္။

"ရတယ္။တစ္ႏွစ္ျပည့္လို႔ အျပင္ျပန္ထြက္ရရင္
က်ဳပ္ဘာသာ သူ႔ကိုသတ္လိုက္မယ္။

ဒါဆို...သုံး....ခင္ဗ်ားက မိစၧာ တစ္ေကာင္ဆိုေတာ့တျခားမိစၧာေတြကိုလည္း သိမယ္ထင္တယ္။"

"မင္းဘာကိုေျပာခ်င္တာလဲ။"

"က်ဳပ္ငယ္ငယ္တုန္းက ဒီအမွတ္ကမိစၧာတစ္ေကာင္ ကိုက္တာကိုခံရတာကေနပုံစံေျပာင္းသြားခဲ့တာ။ က်ိန္စာတိုက္ခဲ့တာလို႔ထင္တာပဲ။က်ဳပ္မိဘေတြကိုလည္း သူပဲ သတ္သြားခဲ့တာ
က်ဳပ္သူ႔ကိုရွာခ်င္တယ္။ ရွာၿပီး သူ႔ကို သတ္မယ္။ခင္ဗ်ားက သူ႔ကိုရွာဖို႔ကူညီေပး..။"

ယြင္းရန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ထို႔ေနာက္သူက ေအးေအးလူလူပင္

"သေဘာတူတယ္။"

တိဟြက အျမန္ပင္ေအာ္လိုက္သည္။

"အရွင္ယြင္းရန္......."

ယြင္းရန္က တိဟြအား လက္ကာျပလိုက္သည္။
သူကခ်ီယြမ္အားဆက္ၾကည့္ေနရင္း

"သေဘာတူၿပီ။အဲ့ေတာ့မင္းဘက္ကလိုက္နာရမဲ့အခ်က္ကိုငါေျပာမယ္။

အဲ့တာက ငါနဲ႔စာခ်ဳပ္ခ်ဳပ္ထားတဲ့ တစ္ေလ်ာက္လုံးငါ့အနားမွာပဲေနၿပီး မင္းရဲ့ကိုယ္ခႏၲာကိုဘာထိခိုက္ဒဏ္ရာမွမရ ေအာင္ေနရမယ္။

ငါ့ေတာင္းဆိုခ်က္က အဲ့ဒီတစ္ခုပဲရွိမယ္။"

"သေဘာတူတယ္။လက္ေဗြရာႏွိပ္ရအုန္းမွာလား..."

ခ်ီယြမ္က ရြဲ႕လိုက္သည္။

ယြင္းရန္က ခ်က္ခ်င္းပင္ခ်ီယြမ္၏လက္ေကာက္ဝတ္အားဆုပ္ကိုင္လိုက္သည္။

"အား........."

ခ်ီယြမ္၏ ယြင္းရန္ဆုပ္ကိုင္ထားေသာေနရာအား မီးခဲျဖင့္ထိသလိုပင္ ရွဲခနဲျမည္လာေလ၏။ မီးခိုးေငြ႕နည္းနည္းပင္ ထြက္လာေသးသလားဟု ထင္ရသည္။

တစ္ခဏအ​ၾကာတြင္ ယြင္းရန္ျပန္လႊတ္ေပးလိုက္ေတာ့ခ်ီယြမ္က သူ႔လက္အားေနာက္လက္တဖက္ျဖင့္မ ရင္းၾကည့္လိုက္သည္။လက္ေကာက္ဝတ္ ေအာက္ဘက္ေနရာ၌တံဆိပ္တုံးသ႑ာန္ အဝိုင္းေလးတစ္ခုေတြ႕ရသည္။သိပ္မႀကီးေသာ္လည္း သူ႔ပုခုံးရွိ အမွတ္အသားကဲ့သိူ႔ပင္ နီရဲကာ ထင္ရွားေန၏။ခ်ီယြမ္မွာမူ အပူေလာင္သလိုပင္ ခံစားလိုက္ရသည္။ယြင္းရန္က ျပတ္ျပတ္ပင္ေျပာလိုက္သည္။

"အခုခ်ိန္ကစၿပီး မင္းဘယ္မွာပဲ ေရာက္ေနပါေစ ငါ ခံစားသိရွိေနေတာ့မွာထြက္ေျပးဖို႔မစဥ္းစားနဲ႔။"

ခ်ီယြမ္က ယြင္းရန္အားမ်က္ေစာင္းထိုးလိုက္ရင္း

"ဘယ္သူကထြက္ေျပးေနလို႔လဲ။ရက္စက္လိုက္တာ...အဖိုးႀကီးရာ။.."

ယြင္းရန္က ဘာမၽွဆက္မေျပာေတာ့ပဲေရွာင္က်ဴးရွိရာဘက္သို႔ေလ်ာက္လာလိုက္သည္။ခ်ီယြမ္က ႀကိတ္ကာျပဳံးလိုက္သည္။သူတစ္ခါ ဤနာမည္အားေခၚတိုင္းထိုလူႀကီး အသည္းခိုက္ေအာင္ နာက်င္ေနမည္မွာမ်က္ႏွာအမူအရာၾကည့္႐ုံျဖင့္သိနိုင္ေလာက္သည္။

ပုံပန္းသ႑ာန္ကိုၾကည့္လ်င္အသက္ႏွစ္ဆယ္ေက်ာ္ေလာက္ပင္ရွိေသးသည့္ပုံစံပင္။သို႔ေသာ္ ခ်ီယြမ္ထိုသူအားအဖိုးႀကီးဟု ေခၚရသည္ကိုပို၍ႏွစ္သက္မိသည္။

တစ္ႏွစ္တာအတြက္အနားေခၚထားျခင္းသည္ ဘာကိုႀကံစည္ေနမွန္းခ်ီယြမ္မသိေသာ္လည္းသူ၏ ကလဲ့စားေခ်ျခင္းကို ကူညီမည္ဟုဆိုေသာေၾကာင့္ စိတ္ေက်နပ္မိသည္။လုံေလာက္ၿပီေလ သူရွင္သန္ေနရသည့္ရည္ရြယ္ခ်က္ ကမိဘမ်ားအတြက္ လက္စားေခ်ရန္ပင္။

ေရွာင္က်ဴးတို႔မိသားစုအေပၚထားရွိသည့္ေက်းဇူးေႂကြးတို႔သည္လည္းဤတစ္ႀကိမ္တြင္ေတာ့ဆပ္၍လုံေလာက္ၿပီထင္ပါ၏။

ေရွာင္က်ဴး ပုံမွန္ျပန္ျဖစ္သြားလ်င္ ေရွာင္းဟြာ ႏွင့္အေဒၚရွိရာသို႔လိုက္သြားခိုင္းၿပီးရြာတစ္ရြာတြင္ အတည္တက်ေနခိုင္းေစေတာ့မည္။ထိုမိသားစုႏွင့္လည္း သူ၏ေရစက္အား ဤတြင္ဤမၽွျဖင့္ဖ်က္မည္။

ယြင္းရန္က ေရွာင္က်ဴး၏ ေခါင္းအားဆုပ္ကိုင္ လိုက္သည္။တစ္ခဏ အၾကာမွ သူကျပန္လႊ​တ္ေပးလိုက္သည္။မ်က္လုံးအိမ္တို႔လည္ေနေသာ
ေရွာင္က်ဴး၏အၾကည့္တို႔က တျဖည္းျဖည္းတည္ၿငိမ္လာေလ၏။ခ်ီယြမ္က အျမန္ပင္သြားလိုက္ၿပီး

" ေရွာင္က်ဴး...ေရွာင္က်ဴး...ငါ့ကိုမွတ္မိၿပီလား။ငါယြမ္ေလး။"

ထိုအခါမွ ေရွာင္က်ဴးက ခ်ီယြမ္၏ပုခုံးအား ဆုပ္ကိုင္လိုက္သည္။ေအာ္ငိုလ်က္ပင္

"ယြမ္ေလး....ယြမ္ေလး...ငါေၾကာက္တယ္။"

ခ်ီယြမ္က ေရွာင္က်ဴးအားဆြဲဖက္ထားလိုက္သည္။

"တိတ္တိတ္...မင္းအခု ေဘးကင္းၿပီ။ဘာမွမျဖစ္ေတာ့ဘူး...တိတ္ေနာ္။အားလုံး...အဆင္ေျပသြားၿပီ။"

ေရွာင္က်ဴး ကဆက္၍ရွိူက္ကာငိုေနဆဲပင္။ခ်ီယြမ္က ေရွာင္က်ဴး၏ မ်က္ရည္မ်ားကိုသုတ္ေပးေနရင္းမွ

"မင္း အရင္လို ကေလးဆန္ေနလို႔မရေတာ့ဘူး။
မင္းမွာ အေမနဲ႔ညီမရွိေနေသးတယ္။ငါသူတို႔ကို အေနာက္ဘက္က ရြာတစ္ရြာမွာေစာင့္ေနခိုင္းထားတယ္။ မင္းသူတို႔ဆီကိုသြားရမယ္။ တစ္ေယာက္တည္း။"

ခ်ီယြမ္၏ ထိုစကားကိုၾကားရေတာ့ ေရွာင္က်ဴးက ငိုေနျခင္းကိုရပ္တန႔္လိုက္ၿပီး

"ယြမ္ေလး...မင္းကေရာ.။မင္းဘာလို႔ မင္းမလိုက္မဲ့ပုံစံမ်ိဳးေျပာေနရတာလဲ။ငါတို႔အတူသြားၾကမယ္ေလ။"

"ငါ...ငါက ဒီမွာ ကိစၥေလးရွိေနေသးလို႔ မင္းတို႔နဲ႔လိုက္လို႔မရဘူး။"

"ဒါဆို မင္းဘယ္ေတာ့ လာေတြ႕မွာလဲ။ငါတို႔နဲ႔ ဘယ္ေတယ့ အတူျပန္ေနမွာလဲ။"

"ငါ......ငါ..အားတဲ့တစ္ေန႔ေပါ့ကြာ။ဟုတ္ၿပီလား။
ငိုမေနနဲ႔ေတာ့။မင္းညီမနဲ႔အေမကမင္းကိုေစာင့္ေနေလာက္ၿပီ။အတတ္နိုင္ဆုံး ျမန္ျမန္ဒီကေနထြက္သြားေတာ့။"

ခ်ီယြမ္က အျမန္ထလိုက္ၿပီးေရွာင္က်ဴးအား ေက်ာခိုင္းလိုက္သည္။ယြင္းရန္က အျပင္ရွိအေစာင့္တို႔အား ေရွာင္က်ဴးကို ေခၚသြားရန္ေျပာလိုက္သည္။

"ယြမ္ေလး.....ယြမ္ေလး......"

ေရွာင္က်ဴးက ခ်ီယြမ္အားၾကည့္ရင္းေအာ္ေခၚကာ အေစာင့္ရဲမက္မ်ားဆြဲေခၚရာေနာက္ပါသြားေတာ့သည္။

ခ်ီယြမ္က တဖက္သို႔လွည့္ကေနဆဲပင္။သူ၏ လက္ႏွစ္ဖက္က လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ကာထားသည္။ မ်က္ဝန္းက မ်က္ရည္တို႔ကဝဲတက္လာသည္။

ခ်ီယြမ္က ႏွာတခ်က္ရွုံ႔လိုက္ၿပီးေနာက္ယြင္းရန္အား လွမ္းေျပာလိုက္သည္။

"က်န္တဲ့ ကတိႏွစ္ခုကိုလည္း တည္ဖို႔ေမၽွာ္လင့္တယ္။"

ယြင္းရန္ကခ်က္ခ်င္းပင္

"အမတ္ႀကီးက်ဴးကို ရာထူးကျဖဳတ္ၿပီး စည္းစိမ္အကုန္သိမ္းလိုက္။"

ထိုအခါမွ ေဘးတြင္ ဒဏ္ရာမ်ားျဖင့္ရပ္ေနေသာ အမတ္ႀကီးက ဒူးေထာက္ကာ ေတာင္းပန္ေလေတာ့သည္။

"အရွင္ယြင္းရန္။ အရွင္ယြင္းရန္...ကၽြန္ေတာ္က
ခိုင္းတဲ့အတိုင္းပဲ လုပ္ခဲ့တာပါ။မတရားခံရတာပါ။"

ယြင္းရန္က ဆြဲထုတ္သြားရန္အခ်က္ျပလိုက္သည္။အမတ္ႀကီးမွာ ေအာ္ဟစ္လ်က္ ပင္အျပင္သို႔ဆြဲေခၚခံလိုက္ရေတာ့သည္။ခ်ီယြမ္က ယြင္းရန္အနားသို႔ေလၽွာက္လာလိုက္သည္။

"ကၽြန္ေတာ္ ဘယ္မွာ ေနရမွာလဲ။"

ယြင္းရန္က ေၾကာင္ေတာင္ေတာင္ ျဖင့္ပင္သူ၏ အိပ္ေဆာင္ႀကီးအားလက္ညိဳးထိုးျပလိုက္သည္။
ခ်ီယြမ္က ထိုအိပ္ေဆာင္အားၾကည့္လိုက္ၿပီးေနာက္ထိုအခန္းဘက္သို႔ေလ်ာက္သြားသည္။အထဲဝင္လိုက္ၿပီးေနာက္ ဘယ္သူ႔မွကိုပင္လွည့္မၾကည့္ေတာ့ပဲ တံခါးအားေဆာင့္ပိတ္ခ်လိုက္သည္။ယြင္းရန္က သူ႔ကိုၾကည့္ေနဆဲပင္။ေဘးရွိတိဟြက သူ႔အား တိုးတိုးကပ္ေျပာသည္။

"ကၽြန္ေတာ္ေတာ့ တစ္ခုခုလြဲေနၿပီလို႔ထင္တယ္။အခုပုံစံက အရွင္ကသူ႔ကိုအေႂကြးတင္ေနလို႔ ျပန္ဆပ္ေနရတဲ့ပုံျဖစ္ေနတယ္။"

ယြင္းရန္က တိဟြအား စူးစိုက္ၾကည့္လိုက္သည္။တိဟြက ေနာက္သို႔ျပန္ဆုတ္လိုက္ၿပီးေခါင္းငုံ႔ေနလိုက္သည္။ ယြင္းရန္က တံခါးကိုၾကည့္ေနရင္း

"အခုအခ်ိန္မွာ သူကဘာမွမဟုတ္ေသးလို႔ ငါသူ႔ကို လႊတ္ေပးထား႐ုံပဲ။မဟုတ္ရင္ အခ်ိန္တန္တဲ့အခါ စိတ္ဓာတ္အရမ္းက်ေနရင္ ဘယ္လိုလုပ္စားေကာင္းမွာလဲ"

~~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі