Chapter 14
"ချီယွမ်!!!!"
ယွင်းရန်က သူ၏ ဓားဖြင့် ထိုပိုးတုံးလုံးပုံစံအထုပ်အား အလည်မှ ထပ်ခြမ်းခွဲပစ်လိုက်သည်။ အထဲရှိ ချီယွမ်က မတ်တပ်ရပ်နေသည့်အနေအထားမျိုးနှင့် တောင့်တင်းလျက်ပင်ပြုတ်ကျလာလေ၏။ ယွင်းရန်က သူ၏ဓားကိုလက်ထဲမှအမြန်ဖျောက်ပစ်လိုက်ပြီးနောက် ပြုတ်ကျလာသော ချီယွမ်အားလှမ်းဖမ်းလိုက်သည်။
ချီယွမ်၏ ပုခုံးရှိအမှတ်အသားကပူခြစ်ကာနီရဲနေသည်။ ထိုအမှတ်အသားဆီကပင် အလင်းရောင်တစ်ချို့က သူ၏အင်္ကျီအောက်မှ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ဖြာထွက်နေလေ၏။ ဒီတစ်ကြိမ်တွင်တော့ ယွင်းရန်က ချီယွမ်အား သေချာစွာပွေ့ဖက်ထားလိုက်သည်။သို့သော်လည်း ချီယွမ်၏ အသက်ရှုနှုန်းအား သူခံစား၍ မရချေ။ ချီယွမ်၏ မျက်နှာသည် သွေးမရှိစွာဖြူဖြော့နေလေ၏။
"ချီယွမ်...ချီယွမ်...ယွမ်လေး..."
ယွင်းရန်က ချီယွမ်အားပွေ့ဖက်ထားလျက်ပင် လှုပ်နှိုးနေသည်။ ချီယွမ်ဆီမှ မည်သည့်တုံ့ပြန်မှုမျိုးမှ မရသည့်အပြင် လှုပ်ရှားမှုဟူ၍လည်းမတွေ့ရ။
"မဖြစ်ဘူး။ မင်းသေလို့မရသေးဘူး။"
ယွင်းရန်က ချီယွမ်အား ပိုမိုတင်းကျပ်စွာဖက်တွယ်ရင်း ထပ်မံကာလှုပ်နှိုးနေပြန်သည်။
"ဖြေး...ဖြေးဖြေး..လုပ်ပါဗျာ...အဖိုးကြီးလုပ်မှ ကျွန်တော်တကယ်သေသွားအုန်းမယ်။"
ချီယွမ်၏ မျက်ဝန်းများကတဖြည်းဖြည်းချင်းပွင့်ကာလာသည်။ သူ၏နှုတ်ခမ်းပါးလေးများက အထက်သိူ့ကော့ညွှန့်ကာနေပြီး ယွင်းရန်ကိုကြည့်နေသည်။ အစောပိုင်း သွေးမရှိသလိုဖြစ်ကာ ဖြူဖြော့နေသော မျက်နှာသည်လည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး ပြန်လည်ဝင်းလာလေ၏။
"နိုးလာပြီလား။"
ယွင်းရန်က မျက်နှာသေဖြင့်မေးလိုက်သည်။ သူ၏ပုံစံက မကြာသေးခင်ကပင် ချီယွမ်သေပြီ အထင်နှင့် ပြာယာခတ်သွားသောသူတစ်ယောက်နှင့် လုံးဝပင်မဆိုင်တော့သည့်နှယ်။ ချီယွမ်က ထပ်မံကာပြုံးလိုက်ပြီး သူ၏ လက်ကိုမြှောက်လိုက်သည်။ သူ၏ ခန္တာကိုယ်လေးသည် ယွင်းရန်၏ ရင်ခွင်ကျယ်ကြီးထဲတွင်နစ်မြုပ်နေလေ၏။ ချီယွမ်က သူ၏ မျက်နှာကို ယွင်းရန်၏ ရင်ဘတ်တွင် တေ့ကာ လက်သည်က အကျီရင်ဘတ်နားရှိအစကို ဆွဲထားလိုက်လေ၏။ မိခင်ရင်ခွင်ကို ကပ်တွယ်နေသည့် ကလေးတယောက်ပုံစံနှင့်ပင် ဆင်တူလှသည်။
"ပြန်ကြရအောင်။ မင်းပင်ပန်းနေမယ်ထင်တယ်။"
ချီယွမ်က စကားတစ်ခွန်းမျှမပြောတော့ပဲ ယွင်းရန်၏ ရင်ခွင်ထဲတွင်သာ ခေါင်းထိုးအပ်လျက် မျက်စိမှိတ်ကာအိပ်သွားလေတော့သည်။ ယွင်းရန်က ချီယွမ်အားပွေ့ချီထားလျက်ပင် ထိုလိုဏ်ဂူအတွင်းမှ ထွက်လာခဲ့လိုက်တော့သည်။
အပြင်ဘက်တွင်လည်း ထုံးစံအတိုင်းပင့်ကူများက စောင့်တည်ရာမရဖြစ်နေကြသလိုပင် ရုတ်ရုတ်သဲသဲလျှောက်ပြေးလွှားနေကြ၏။ ယွင်းရန်က ချီယွမ်အား ပွေ့ချီထားကာ ထိုပင့်ကူလိုဏ်ဂူကိုကျောပေးထားရာမှ သူ၏ ဦးခေါင်းကိုသာ ဘေးဘက်သို့အနည်းငယ်စောင်းလိုက်သည်။ ယွင်းရန်၏ မျက်ဝန်းရှိ မျက်ဆံများက ချက်ချင်းဆိုသလိုပင် နီရဲကာ မီးတောက်တစ်ခုတောက်လောင်သကဲ့သို့ ဖြစ်သွားပြီးနောက် နောက်ဘက်ရှိ ပင့်ကူလိုဏ်ဂူကြီးသည်လည်း ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ကာ ကျောက်တုံး၊ ကျောက်ခဲများကဲ့သို့ တစ်စစီ ကြေမွသွားလေတော့သည်။
ယွင်းရန်က သူ၏ရင်ခွင်ထဲတွင်အိပ်ပျော်နေသော ချီယွမ်အားတစ်ချက်ကြည့်ကာ သူ၏ရင်ခွင်ထဲသို့ပို၍ပင် သွင်းလိုက်ရင်း ထိုနေရာမှ ထွက်လာခဲ့သည်။
...........................................
ယွင်းရန်၏ နန်းဆောင်ရှိ အိပ်ယာထက်တွင် တိဟွက ချီယွမ်အား စောင်ခြုံပေးနေသည်။ ချီယွမ်၏ မျက်ဝန်းများက မှေးစင်းကာနေသေး၏။ နာကျင်မှုကို တင်းခံနေသကဲ့သို့ပင်။ ယွင်းရန်က တိဟွကို နန်းတွင်းသမားတော်အား ခေါ်လာရန် မေးမော့ကာ အမိန့်ပေးလိုက်သည်။ စိတ်ခြင်းဆက်သွယ်ထားသလိုပင် တိဟွက ခေါင်းငြိမ့်ပြလိုက်၏။ ချီယွမ်က မျက်ဝန်းကျဥ်းလေးများနှင့်ပင် အိပ်ယာနှင့် မလှမ်းမကမ်းတွင်လက်နှစ်ဖက်နောက်ပစ်ကာ မတ်တပ်ရပ်နေသော ယွင်းရန်ကိုလှမ်းကြည့်ရင်း
"အဖိုးကြီး...ခင်ဗျားသိလား။"
"......."
ယွင်းရန်က ချီယွမ်ကိုပြန်ကြည့်သည်။ မည်သည့်အဖြေကိုမျှတော့သူမပေးချေ။ ချီယွမ်ကပင် ဆက်ပြောလာလေ၏။ သို့သော်လည်း ချီယွမ်က ထိုစကားအား အိပ်ခန်းအဆောင်၏ အပေါ်ဘက်မျက်နှာချပ်ကိုအကြည့်ပြောင်းလိုက်ရင်းဆိုသည်။
"ကျွန်တော် အဖိုးကြီးကိုသဘောကျနေမိပြီထင်တယ်။"
"......."
ယွင်းရန်၏ မျက်ဝန်းတို့ကမသိမသာတော့ပြောင်းလဲသွားလေသည်။ ထိုအချိန် အခန်းအပြင်ထွက်ရန် တံခါးကိုဖွင့်နေသည့် တိဟွသည်လည်း သူ၏ခြေလှမ်းအားထိုနေရာတွင်ပင် ရပ်တန့်သွားမိ၏။ သူက ယွင်းရန်ကို လှမ်းကြည့်သည်။ နောက်ကျောဘက်ကိုသာမြင်ရသော်လည်း တစ်ခုခုထူးခြားနေသည်ကိုတော့ သူထင်လိုက်မိသည်။ သို့သော်လည်း တိဟွက မကြားလိုက်မိသည်ပုံစံဖြင့်ပင် တံခါးကိုဖွင့်ကာအပြင်ဘက်သို့ထွက်လာခဲ့လိုက်တော့သည်။
ချီယွမ်က မည်သည့်အသံမျှမကြားရတာကြောင့် သူကယွင်းရန်ကိုလှမ်းကြည့်သည်။ ယွင်းရန်က သူ၏မျက်ဝန်းများကို မှိတ်ကာထားပြီး မတ်တပ်ရပ်ကာတရားထိုင်နေသည့်နှယ် ပြုမှုနေသည်။ လက်နှစ်ဖက်ကတော့ နောက်သို့ပစ်ထားဆဲပင်။
"အိပ်ပျော်နေတာလား။"
ချီယွမ်က လှမ်းမေးလိုက်သည်။ သို့သော်လည်း ယွင်းရန်ကမည်သည့်တုံ့ပြန်မှုမျိုးကိုမျှ မပေးချေ။ ချီယွမ်က မျက်နှာကျက်ကိုသာ ပြန်ကြည့်လိုက်ရင်း ဆက်ပြောသည်။
" ကျွန်တော်ငယ်ငယ်ထဲက အမေတို့နဲ့ဝေးခဲ့ရတာ၊ မွေးစားအဖေက ကျွန်တော့ကိုဂရုစိုက်ပေမဲ့ မွေးစားအမေရဲ့ အကြည့်တွေကြောင့် ကျွန်တော့်ဘဝကအဆင်မပြေခဲ့ဘူး။ မွေးစားအဖေဆုံးပါးသွားပြီးတဲ့နောက်ကျတော့ ပိုဆိုးလာခဲ့တာပေါ့။ ကျွန်တော်အနေနဲ့ ဂရုစိုက်ခံရတာတွေ၊ နွေးထွေးမှုဆိုတဲ့ မိဘမေတ္တာတွေဆိုတာ ဘာမှန်းကိုမသိခဲ့တော့တာ။ မေ့နေခဲ့တာ ကြာပြီ။ "
ချီယွမ်က ယွင်းရန်ဘက်သို့အကြည့်ရောက်လာပြန်သည်။ ယွင်းရန်က မျက်စိဆုံမှိတ်ကာငြိမ်သက်နေဆဲ။ ချီယွမ်က ပြုံးလိုက်ပြီး သူ၏ရင်ဘတ်နားထိရှိနေသောခြုံစောင်အား သူ့၏မျက်နှာထက်ရှိ နှခေါင်းဖုံးသည်အထိ ဆွဲတင်ကာ အုပ်လိုက်ရင်းဆိုသည်။
"အဲ့တာကြောင့် ကျွန်တော် အဖိုးကြီးကို သဘောကျနေမိပြီထင်တယ်။ "
"မင်း ဖျားနေပြီ။ ခဏနေရင် သမားတော်ရောက်လာလိမ့်မယ်။ သူပေးတဲ့ဆေးသောက်လိုက်။"
ယွင်းရန်က ထိုစကားကိုပြောပြီးနောက် ချက်ချင်းပင် အခန်းအပြင်ဘက်သို့ဦးတည်ထွက်လိုက်သည်။ အခန်းတံခါးအား အမြန်ဆွဲဖွင့်လိုက်ပြီး အပြင်သိူ့ထွက်ကာ အသံမြည်သည်အထိပင် ဆွဲပိတ်ပစ်လိုက်သည်။ ချီယွမ်က ပြူးကြောင်ကြောင်လေးနှင့်ပင် ထိုဆောင့်ပိတ်ခံလိုက်ရသော တံခါးအားကြည့်နေလေ၏။
ယွင်းရန်က အပြင်ဘက်တွင်တံခါးအားမှီချလိူက်သည်။ သူ၏ ဘယ်ဘက်ရင်အုံ၏ ခပ်မြန်မြန်လှုပ်ရှားနေမှုကို သူမခံစားနိုင်ေတ့ာတာကြောင့် ပြေးထွက်လာလိုက်ခြင်းက အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပင်။ ယွင်းရန်က သူ၏ရင်ဘတ်အား ဖိထားလိုက်သည်။
"အရှင်ယွင်းရန် ။"
ယွင်းရန်က အသံကြားရာကိုကြည့်လိုက်လေတော့တိဟွနှင့်အတူ ဆေးသေတ္တာကိုင်ကာထားသော သမားတော်တစ်ယောက်က ယွင်းရန်အား ခေါင်းငုံ့ကာဂါရဝပြုနေကြသည်။ ယွင်းရန်က သူ၏လက်ကိုအောက်သို့ပြန်ချလိုက်ပြီး ချောင်းဟန့်လိုက်သည်။
"အဟမ်း......အထဲကိုဝင်သွားလိုက်။"
"အမိန့်အတိုင်းပါအရှင်။"
တိဟွက သမားတော်ကိုအထဲသို့ဝင်ရင် လက်ပြလိုက်သည်။ သမားတော်က တံခါးကိုတွန်းဖွင့်ကာပင် အထဲသို့ဝင်သွားလေ၏။ တိဟွက ထိုနေရာတွင်သာ ရပ်နေပြီး ယွင်းရန်ကိုကြည့်နေသည်။
"အရှင်ယွင်းရန်....ကျွန်တော်တို့ သေရည်သောက်ကြမလား။"
ယွင်းရန်က တိဟွကိုစိုက်ကြည့်လိုက်သည်။ တိဟွက ခေါင်းကိုငုံ့ကာထားပြီး သူ၏အဖြေကိုစောင့်နေပုံရသည်။ ယွင်းရန်က မျက်လွှာချလိုက်ပြီး
"ကောင်းပြီ။"
..............................
"အရှင် မှတ်မိသေးလား။ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်လောက်က သုံးလောကစွမ်းရည် ပြိုင်ပွဲတစ်ခုကိုလေ။"
နန်းဆောင်ကြီး၏ ခေါင်းမိုးပေါ်တွင် ယွင်းရန်ရော တိဟွပါ တောက်ပနေသော လမင်းကြီးကို မျက်နှာမူလျက်ထိုင်နေကြသည်။ ယွင်းရန်က သေရည်ခွက်အသေးလေးကိုကိုင်ထားကာ ထိုခွက်ထဲရှိသေရည်များကို ကြည့်နေသည်။
"အင်း။"
ယွင်းရန်ကဖြေသည်။ တိဟွက သူတို့ကြားတွင်ချထားသော သေရည်ပုလင်းကိုယူလိုက်ရင်း သူ၏ခွက်လေးထဲတွင်ဖြည့်လိုက်သည်။
"အဲ့နေရာက အရာအားလုံးရဲ့အစပဲမဟုတ်လား။
အဲ့နေ့က အရှင်သာအဲ့ဒီပွဲကိုမသွားခဲ့ရင် ၊ နျူးနဲ့သာ မတွေ့ခဲ့ရင် အရာအားလုံးကပြောင်းလဲသွားလိမ့်မယ်လို့ထင်တယ်။ "
"ဖြစ်ခဲ့တာတွေက ဖြစ်ခဲ့ပြီးပြီ။"
ယွင်းရန်က ထိုစကားကိုပြောပြီး သေရည်ခွက်ကို ပါးစပ်တွင်တေ့ကာမော့ချလိုက်သည်။ ရုတ်တရက်ပင် တိဟွက ယွင်းရန်ကိုပြူးကြည့်လာသည်။ သူ၏ သေရည်ခွက်ကို အဝေးသိူ့လွင့်ပစ်လိုက်ပြီး
" အဲ့တာဆို ဘာလို့နျူးကိုခွင့်မလွတ်နိုင်တာလဲ။ သူ့မှာလည်း အကြောင်းပြချက်တစ်ခုခုရှိမှာပေါ့။ ဘာလို့ဒီလိုလုပ်ရလဲ ဆိုတာ မေးကြည့်ဖူးလား။ သူ့မှာလဲ အခက်အခဲတွေရှိခဲ့မှာပေါ့ မဟုတ်ဘူးလား။"
"........."
တိဟွကဆက်တိုက်ပင် ယွင်းရန်ကိုကြည့်ရင်းပြောနေသည်။ ယွင်းရန်ကလည်း တိဟွကိုကြည့်နေ၏။ သူ၏ မျက်နှာက မည်သည့်အမူအရာမျိုးမှမရှိသော်လည်း မျက်မှောင်ကြုတ်နေသည်။ တိဟွက တခဏကြာမှ သူ၏ ခေါင်းကိုခါလိုက်သည်။ သူက ရုတ်တရက် အသိဝင်လာသည့်ပုံစံဖြင့် အံသြသည့်မျက်နှာအမူအရာနှင့်ပင် မတ်တပ်ကောက်ရပ်လိုက်သည်။ ခါးကို ကိုင်းကာ ခေါင်းသည်ပင် ဒူးနားထိရောက်လုနီးသည်အထိ ငုံ့လိုက်ပြီး
"အ..အရှင်ယွင်းရန် ။ ကျွန်...ကျွန်တော်တောင်းပန်ပါတယ်။ မူးနေလို့ပါ။ ကျွန်တော့်ကိုခွင့်ပြုပါအုန်း။"
တိဟွက ချက်ချင်းပင် အခိုးအငွေ့ပုံစံဖြင့် ပျောက်ကွယ်သွားလေတော့သည်။ ယွင်းရန်သည်ပင်လျင် မည်သည့်စကားတစ်ခွန်းမျှ ဟချိန်မရလိုက်ချေ။
ယွင်းရန်က သူ၏သေရည်အားတစ်ကျိုက်မော့လိုက်သည်။ ပြောင်ကာသွားသော သေရည်ခွက်အား လက်ညိုးနှင့်လက်မကြား လှိမ့်ရင်း ခနဲ့သည့်ပုံစံဖြင့်ရီလိုက်သည်။
"ငါတကယ်ပဲ အဆုံးစွန်ထိယုံကြည်ခဲ့တာပေါ့။ ဖြေရှင်းချက်တွေလည်းတောင်းခဲ့တာပေါ့။ ငါအရာအားလုံးလုပ်ခဲ့တာ။ အဖြစ်မှန်တစ်ခုသိလိုက်ရတိုင်းမှာ ငါ့နှလုံးသားက ဓားနဲ့တစ်ချက်ချင်းမွှန်းခံရသလိုနာကျင်ခဲ့ရတယ်။
နျူး.....နျူး....နျူးတဲ့။ တစ်သက်လုံးမမေ့နိုင်တဲ့ နာမည်တစ်ခုပေါ့။ ဟူး..........ငါမင်းကိုဘယ်လိုလုပ်ပြီးထပ်ချစ်ရဲပါ့မလဲ။"
ယွင်းရန်ကသူ၏ ရင်ဘတ်ကိုခပ်ပြင်းပြင်းထုရိုက်ပစ်လိုက်သည်။ သူ၏မှတ်ဉာဏ်များကလည်း သူနှင့် နျူးတို့စတင်တွေ့ဆုံသည့် အချိန်သို့ ရောက်မိသွားလေ၏။
~~~~~~~~~~~

Коментарі