Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 11
"နျူး!!! ။ သူဘာဖြစ်လာတာလဲ။"

အဆောင်ထဲတွင်ရှိနေသော တိဟွက ယွင်းရနဘေးသို့အမြန် လျှောက်လာပြီးမေးလေသည်။ယွင်းရန်က ချီယွမ်အား ချီထားလျက်ပင်သူ၏အိပ်ဆောင်အတွင်းသို့ဝင်လာခဲ့သည်။ တိဟွ၏အမေးကြောင့် သူ၏ ရင်ခွင်ထဲတွင်အိပ်ပျော်နေသော ချီယွမ်ကိုလှမ်းကြည့်လိုက်သည်။ သေရည်၏အရှိန်ကြောင့် ပါးနှစ်ဖက်က ရဲရဲနီကာနေ၏။  ပြီးမှ သူ၏ ကုတင်ပေါ်တွင်ပစ်ချကာ

"အိပ်ပျော်နေတာ။"

ချီယွမ်က ယွင်းရန်ပစ်ချလိုက်သည့်ပုံစံအတိုင်းပင် ကုတင်ပေါ်၌မလှုပ်မယှက်အိပ်ပျော်နေ၏။ယွင်းရန်က တိဟွ ဘက်သို့ပြန်လှည့်လိုက်ပြီး

"မင်္ဂလာပွဲရော။ အဆင်ပြေပြေပြီးသွားရဲ့လား။"

တိဟွက ဂါရဝပြုလိုက်ပြီး

"ဟုတ်ကဲ့။ အကုန်အဆင်ပြေပြေနဲ့ပြီးသွားပါတယ်။အခုလောက်ဆို မင်္ဂလာခန်းဆောင်ကိုတောင်ဝင်နေလောက်ပါပြီ။"

"အင်း။ ကောင်းပြီ။"

ယွင်းရန်က အပြင်ဘက်သို့ပြန်ထွက်လာလိုက်သည်။ အဆောင်ကြီး၏ အပြင်ဘက်ထိကို လမ်းလျှောက်လာလိုက်ပြီးနောက် ဝိုင်းစက်စွာလှပနေသော ကောင်းကင်ယံရှိ လမင်းကြီးအား သူမော့ကြည့်မိသည်။

သူ့စိတ်တို့ကအလွန်တရာရှုပ်ထွေးနေပုံပင်။အချိန်အတော်ကြာသည်အထိ သူ ထိုဝိုင်းစက်ကာလှပနေသော လမင်းကြီးကိုငေးကြည့်နေမိဆဲ။

အတော်ကြာမှ သက်ပြင်းရှည်တစ်ခုကိုချလိုက်ပြီးနောက် သူအဆောင်အတွင်းသို့ပြန်ဝင်ရန် တစ်ဖက်သို့လှည့်လိုက်သည်။နောက်ဘက်တွင် ချီယွမ်က အိပ်ချင်မူးတူးဖြစ်နေသောပုံစံဖြင့်ရပ်နေ၏။ မှေးစင်းကာနေသော မျက်ဝန်းတစ်စုံကိုလက်ဖြင့်ပွတ်ကာ အတင်းပြူးထားလျက်ပင် ယွင်းရန်အားကြည့်နေလေ၏။

"အဖိုးကြီး ဒီီမှာ ဘာလုပ်နေတာလဲ။"

ချီယွမ်က တဝါးဝါး သန်းရင်းပင် ယွင်းရန်ကိုမေးလိုက်သည်။ ယွင်းရန်က ချီယွမ်အားတွေ့သည့်တစ်ခဏ၌ သူ၏ လက်တစ်ဖက်အား ရင်ဘတ်တွင် ကပ်ကာ မျက်စိအသာမှိတ်လိုက်သည်။ပြီးမှထိုလက်အားပြန်ချလိုက်ပြီးသူ၏ခါးနောက်ဘက်တွင် ပြန်ကပ်ထားလိုက်သည်။

"အဟမ်း။မင်း မအိပ်သေးဘူးလား။"

"ကျွန်တော် ရေသောက်ချင်လို့ ထွက်လာတာ။အဖိုးကြီး တစ်ယောက်ယောက်ကိုလွမ်းနေတာလား။"

ချီယွမ်က ယွင်းရန်အနားသို့တိူးကပ်လာပြီး မေးလေသည်။ ယခုအခါတွင် အိပ်ချင်နေသည့်သူ၏စိတ်ကပြေသွားပုံပင်။ စစ်စုတတ်သည့် စိတ်ကအဘယ်ကြောင့်ဤမျှလောက် ထက်သန်နေရသနည်း။ ယွင်းရန် ချီယွမ်အားကြည့်လိုက်ရင်း

"မဟုတ်ပါဘူး။"

ယွင်းရန်က ခပ်ပြတ်ပြတ်ပင်ဖြေလိုက်ပြီးနောက် အဆောင်အတွင်းသို့ပြန်ဝင်လာခဲ့သည်။ ချီယွမ်ကသူ့ဘေးမှ ထပ်ကြပ်မကွာလိုက်ပြီး

"အဖိုးကြီး။ ခင်ဗျားဒီလောက်နှစ်တွေအများကြီးနေဖူးတာပဲ ။ တစ်ယောက်ယောက်ကို မကြိုက်ဖူးဘူးဆိုတာမှ မဖြစ်နိုင်တာ။ မဟုတ်ဘူးလား။ "

ယွင်းရန်က သူ၏ လက်နှစ်ဖက်ကိုနောက်တွင်ထားလျက် လမ်းလျှောက်နေရင်းမှ အနောက်ဘက်တွင်ကပ်ပါလာသော ချီယွမ်၏အမေးကြောင့် သူ၏ခြေလှမ်းတို့က ရပ်တန့်ကာသွားသည်။ချီယွမ်က ရုတ်တရက် ရပ်တန့်လိူက်သော ယွင်းရန်ကြောင့် ယွင်းရန်အားမော့ကြည့်လိုက်သည်။ယွင်းရန်က သူ့ဘက်သို့လှည့်ကာ သူ့အားစိုက်ကြည့်နေလေသည်။

"မင်းကို ငါဒီမှာခေါ်ထားတာ ငါ့အကြောင်းတွေကိုစပ်စုဖို့မဟုတ်ဘူး။ငါတို့နှစ်ယောက်ကြားမှာအပေးအယူတစ်ခုပဲရှိတယ် ။ အချိန်တန်ရင် မင်းနဲ့ငါက ဘယ်တော့မှပြန်တွေ့ကြမှာမဟုတ်ဘူး။ ပြီးတော့ ငါ့ကိုတစ်ရင်းတစ်နှီး စကားတွေ လာမပြောနဲ့။ "

"........."

ယွင်းရန်က ဒေါသထွက်နေသည့် အသံမျိုးဖြင့်ပင် ချီယွမ်အား စေ့စေ့ကြည့်ကာ ပြောပြီးနောက်ထွက်သွားလေတော့သည်။ချီယွမ်က ထိုနေရာတွင် မျက်လုံးအဝိုင်းသားလေးနှင့် ကျန်နေခဲ့လေ၏။ သူ့အတွက် ဤသို့အပြောခံရသည်က ဖြုံပင်မဖြုံတော့သည့်အခြေအနေဖြစ်သည်။ သူကြက်သေသေနေရသည်က ထိုသူဆီမှကြားရသောကြောင့်ပင်။ထို့နောက် ချီယွမ်ကတစ်ချက်ပြုံးလိုက်ပြီး ထွက်သွားသော ယွင်းရန်အားလှမ်းကြည့်သည်။

"ဟမ့် မပြောပြချင်လည်းနေပေါ့။  အား.....ငါ့အင်္ကျီကတွေရေစိုနေတာ ခြောက်တောင်ခြောက်ချင်နေပြီ။ အခုထိမလဲရသေးဘူး။ဆံပင်တွေရောပဲ။ "

ချီယွမ်က ရေမခြောက်တစ်ခြောက်ဖြစ်နေသော သူ၏အဝတ်များအား ခါလျက်ပင်အော်ဟစ်နေသည်။

...................................................

"ဘယ်လိုဖြစ်တာလဲ။"

ယွင်းရန်က သူ၏ လက်ဖဝါးတစ်ဖက်အား ဖြန့်ကာ လှန်လိုက်မှောက်လိုက်လုပ်နေသည်။

"အဆင်ပြေပါရဲ့လား။"

တိဟွက ယွင်းရန်ဘေးတွင် နေရင်းမှ စိတ်ပူနေသည့်လေသံဖြင့်ပင်မေးလိုက်သည်။ နှစ်ဦးသား တောင်ထွဋ်တစ်ခု၏ ထိပ်ရှိ ကမ်းပါးတစ်ခုတွင်ရပ်ကာနေပြီး ရှေ့တွင်တည့်တည့်ကိုကြည့်မည်ဆိုလျင် ခမ်းနားလှသည့် နန်းမြို့တော်ကြီးအားတွေ့ရပေလိမ့်မည်။

ယွင်းရန်က သူ၏ လက်တစ်ဖက်ကိုထပ်မံ မြှောက်လိုက်ပြီး မနီးမ​ဝေးရှိသစ်ပင်တစ်ပင်အားအတွင်းအားသုံးကာ တွန်းလှဲပစ်လိုက်သည်။ချက်ချင်းဆိုသလိုပင် 'ဝုန်း' ဟူသောမြည်သံနှင့်အတူ သစ်ပင်၏ပင်စည်က ထက်ပိုင်းကျိုးကျကာ အပေါ်ပိုင်းက မြေပေါ်သို့လဲကျကာသွားတော့သည်။ယွင်းရန်က သူ၏ လက်ကိုပြန်ကြည့်လိူက်ပြီး

"အားနည်းလာတယ်။"

"နျူးကြောင့်လား။"

တိဟွက မေးလိုက်သည်။

"ငါမသိဘူး။ သူနဲ့ နီးကပ်နေတာ တစ်လနီးပါးရှိနေပြီ။အဲ့တာကြောင့်လား။"

"သူက အရှင့်ရဲ့ အစွမ်းတွေကိုပိုလျော့နည်းစေတဲ့သဘောလား။"

ယွင်းရန်က တိဟွ၏ အမေးကြောင့် သူ၏လက်ကိုကြည့်နေရင်းပင် တောင်အောက်ရှိ နန်းတော်ကြီးအား လှမ်းကြည့်လိုက်သည်။သူကလက်သီးဆုပ် လိုက်ပြီးနောက်

"သူက အန္တရာယ် အရမ်းများတယ် ။ဒါပေမဲ့ သူ့ကိုငါ့ဝေးမှာထားလို့ကလည်း မဖြစ်နိုင်ဘူး။ "

ထိုစဉ်ပဲ အဖြူရောင်အလင်းတန်းတစ်ခုက ယွင်းရန်တို့၏နောက်ဘက် မလှမ်းမကမ်းမှနေ၍ထွက်ပေါ်လာသည်။ ယွင်းရန်က တဖြည်းဖြည်းချင်း လှည့်လိုက်ပြီး တိဟွကမူ တိုက်ခိုက်ရန်အသင်ပြင်လိုက်သည်။ ယွင်းရန်က တိဟွအားအမြန်တားလိုက်သည်။

"မလိုဘူး။မင်း နန်းတော်ကိုပြန်နှင့်လိုက်တော့။"

တိဟွက ယွင်းရန်ကိုဂါရဝပြုလိုက်ပြီးနောက် အခိုးအငွေ့အဖြစ်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။အဖြူရောင် အလင်းတန်းကမူတဖြည်းဖြည်းချင်းပင် လူတစ်ယောက်၏အသွင်သဏ္ဍာန်သို့ကူးပြောင်းလာလေ၏။

"နျူး ဘယ်မှာရှိနေလဲ ။"

ယွင်းရန်က ထိုသူ၏အမေးကြောင့် ခနဲ့သည့်ပုံစံဖြင့် ရီလိုက်သည်။ပြီးနောက် သူက ထိုလူအားမျက်နှာလွှဲလိုက်ပြီး

"ငါ ဘယ်လိုလုပ်သိမှာလဲ။ သူ့ကိုမင်းပဲ စောင့်ရှောက်နေတာမဟုတ်ဘူးလား။ မင်းတို့က အရမ်းလိုက်ဖတ်တဲ့အတွဲပဲလေ။အခုချိန်ဆိုကောင်းကင်ဘုံမှာ မင်းရဲ့ ဘေးထိုင်ခုံမှာထိုင်တဲ့ အဆင့်မြင့်နတ်ဘုရားတစ်ပါးတောင်ဖြစ်နေပြီထင်တာ ငါက။"

ယွင်းရန်၏ရှေ့တွင်ရှိနေသူက သက်ပြင်းတစ်ချက်ချလိုက်သည်။ထိုသူသည်က ကောင်းကင်မင်းကြီး ရှန်းဝူပိုင်ပင်ဖြစ်သည်။ကိုယ်ရောင်ကိုယ်ဝါတောက်ပနေသော်လည်း သူ၏ကိုယ်ခန္တာ၌ ထင်ရှားသည့်အရာဟူသည်က ခေါင်းထပ်ရှိဆံနွယ်တို့အားတစ်ဝက်ထုံးကာထိုးထားသော ဆံထိုးလေးပင်ဖြစ်သည်။သူက ယွင်းရန်အနားသို့လျှောက်လာသည်။

"ငါ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူ့ရနံ့ကိုရခဲ့တယ်။"

ရှန်းဝူပိုင်၏အပြောကြောင့်ယွင်းရန်က ပြုံးလိုက်သည်။လူ့ပြည်ရှိ တစ်နှစ်တာအချိန်သည် နတ်ပြည်၏ တစ်ရက်တာနှင့်သာညီမျှသဖြင့် ချီယွမ်၏အဖြစ်အပျက်က နတ်ပြည်တွင် တစ်ရက်ပင်မကြာသေးချေ။ရှန်းဝူပိုင်က ယွင်းရန်ကိုကြည့်နေလျက်ပင်ဆက်ပြောသည်။ နှစ်ဦးသား၏အရပ်အမောင်းနှင့် ကိုယ်ခန္တာအရွယ်စားသည် ထပ်တူနီးပါးတူညီကြသည်။ ချောမောခန့်ညားလွန်းသော အသွင်အပြင်ကြောင့် နှစ်ဦးသားအတူသာ လမ်းတွဲလျှောက်လာမည်ဆိုပါလျှင် မြင်တွေ့ရမည့် အမျိုးသမီးတို့သည် သူတိူ့၏ကိုယ်ရောင်ကိုယ်ဝါတောက်ပမှုအား ခံနိုင်ရည်ရှိရန် မနည်းကြိုးစားရပေလိမ့်မည်။

မျက်နှာချင်းဆိုင်ယှဉ်ကာရပ်နေသော ထိုသူနှစ်ဦး၏ ခြားနားမှုသည်ကတော့ နှစ်ဦးသား၏ ကိုယ်ခန္တာပတ်ပတ်လည်တွင် ရစ်သိုင်းကာနေသော အဖြူရောင်နှင့်အမဲရောင် အခိုးအငွေ့တို့သာ။

"နတ်သဘင်အစည်းအဝေး ကြောင့် ရနံ့ကိုရ ရခြင်း ငါထွက်လာလို့မရနိုင်ခဲ့ဘူး။ ပိုဆိုးတာက ရနံ့က ချက်ချင်းပဲပြန်ပျောက်သွားခဲ့တာ။ပြီးတော့ နတ်ဘုရားတွေအကုန်လုံးကလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတာမလို့ ငါလက်စဖျောက်ပစ်လိုက်မိတယ်။ မင်းဆီမှာ သူရှိနေလား။"

"မရှိဘူး။ ငါသူ့ရုပ်ကိုတောင်မမြင်ချင်တဲ့ဟာ။ ငါကဘာကိစ္စ သူ့ကိုငါ့အနားမှာထားရမှာလဲ။"

ယွင်းရန်က ရှန်းဝူပိုင်နှင့် ဆန့်ကျင်ဘက်သို့ပြန်လှည့်ကာဖြေလိုက်သည်။ လှပလွန်းတဲ့ နန်းတော်ကြီးကိုသာ လှမ်းမျှော်ကြည့်လျက် သူ၏လက်နှစ်ဖက်ကိုမူ နောက်ဘက်သို့ယှက်ကာထားသည်။သူ၏ဘေးသို့ ရှန်းဝူပိုင်ကရောက်ကာလာပြီး ဘေးချင်းယှဥ်ရပ်ကာ ထို နန်းတော်ကြီးကိုကြည့်နေသည်။

"ဒါဆို မင်းဘာလို့ ပိတ်လှောင်ခြင်း အစီအရင်ကိုသုံးထားတာလဲ။ အဲ့ဒီနေရာမှာလေ။"

ယွင်းရန်က အေးအေးလူလူပင် ပြန်ပြောသည်။

"ငါလွန်ခဲ့တဲ့ နှစ်အချိူ့က မိစ္ဆာရိုင်းတစ်ကောင်ကိုမိခဲ့တယ်။ အရင် ငါ့ရဲ့မိစ္ဆာသားရဲ​ကောင်က ငါတို့နောက်ဆုံးတိုက်ခဲ့တဲ့နေရာမှာတင် သေသွားတာ ဆိုတော့ ငါ့အတွက်နောက်တစ်ကောင်လိုလို့ သူ့ကိုမွေးထားတာ။"

"ငါ့ကို ပြလို့ရမလား။"

"မင်း သူများကိစ္စတွေ အခုထိဝင်ပါနေသေးတုန်းပဲလား။ မင်းရဲ့လောဘတွေက အတောမသတ်နိုင်တာပဲ။"

ရှန်းဝူပိုင်က ခေါင်းကို ငုံ့လိုက်သည်။ ပြီးမှ သူက ယွင်းရန်ကိုတစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး

"မင်း လွတ်သွားတဲ့ကိစ္စ ကောင်းကင်ဘုံက သိတယ်။ ငါ့ရဲ့အခွင့်အာဏာနဲ့ဒီတစ်ခေါက်တော့ မင်း ဘာမှမလုပ်သရွေ့ငါတို့မင်းကို ထိခိုက်စေမှာမဟုတ်ဘူး။"

ရှန်းဝူပိုင်က နောက်သိူ့ပြန်လှည့်လိုက်သည်။ယွင်းရန်က အရင်အတိုင်းပင်ရပ်နေရင်းမှ သူ၏လက်တစ်ဖက်ကို ထောင်ပြလိုက်သည်။

"ငါလည်း ဘယ်သူမှကိုဂရုမစိုက်ဘူး။ မင်းတို့ဘက်က စ ခဲ့တဲ့ဖြစ်ရပ်ပဲ။ အခုနောင်တရနေသင့်ပြီ။ရှက်တတ်ရင်ပေါ့။"

....................................

"အရှင် ကောင်းကင်မင်းကြီး က ဘယ်လိုဖြစ်ပြီးသိနေတာလဲ။"

ယွင်းရန် နန်းတော်ဆီပြန်ရောက်တော့ သူ့အားတိဟွ၏မေးခွန်းများက စောင့်မျှော်နေကြသည်။

"လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက သိနေပြီးသားပါ။ ပြီးတော့ ဒီကိစ္စ ကိုငါမအံ့သြဘူး။ ဘာပဲဖြစ်ဖြစ် အနှစ်တစ်ထောင်ကပြည့်ပြီပဲ။ သူတိူ့ဘာလုပ်နိုင်မှာလဲ။"

"အရှင် ဘာများသိခဲ့ရသေးလို့ပါလဲ။"

ယွင်းရန်က တိဟွကို ကြည့်လိုက်သည်။

"ဝူပိုင်က နျူး ဘယ်မှာရှိနေခဲ့မှန်းမသိခဲ့ဘူးတဲ့။ သူ့ဆီကနေ ပျောက်ကွယ်သွားတာ အနှစ်တစ်ထောင်ရှိနေပြီလို့ပြောတယ်။ အတိအကျဆို ငါချုပ်နှောင်ခံရပြီးနောက်ပိုင်းအနည်းငယ်အ​ကြာတည်းကပဲ။"

"သူကဘာလို့မသိရတာလဲ။ နျူးက သူ့ရဲ့လူပဲလေ။ အရှင်တောင် နျူး ရဲ့ သွေးကြောင့် အချုပ်အနှောင်ကနေလွတ်ခဲ့တာမဟုတ်ဘူးလား။"

"သူ့ရဲ့သွေးကြောင့်ရယ်လို့မဟုတ်ဘူး။ ငါ့ရဲ့အစီအရင်ပျယ်တဲ့အချိန်နဲ့ သူ့ဆီက အစွမ်းကို ရတဲ့အချိန်က တိုက်ဆိုင်သွားရုံလောက်ပဲ။ အဲ့တုန်းကသူ့ရဲ့ ရနံ့ကို ငါပဲရခဲ့တာ။နောက်မှပြန်ရှာလို့ရအောင်သာ တမင်အမှတ်အသားပေးခဲ့တာ။ ပြီးတော့ သူ့မိဘဆိုတဲ့ဟာတွေကိုရှန်းဝူပိုင်က ဖန်တီးပေးထားတယ်ထင်တာ။ တွေးစရာပဲ။"

"အရှင်မသိတဲ့ အကြောင်းတစ်ခုခုများ နျူးမှာရှိခဲ့တာလား။ ပြီးတော့ အခု နျူးကလည်း ဘာမှသိတော့တဲ့သူတစ်ယောက်မဟုတ်ဘူးလေ။ သူက သာမာန်လူကိုမှ နတ်သွေးပါနေတဲ့ပုံစံပဲ။"

ယွင်းရန်က စဉ်းစားနေရင်းမှ လက်ခါလိုက်သည်။

"ထားလိုက်တော့။ ငါထပ်ပြီး လိမ်ညာခံရမှာကိုမလိုချင်ဘူး။ ဝူပိုင်ရဲ့ စကားလုံးတွေကို ယုံလို့ရတာမဟုတ်ဘူး။ အချိန်တန်ရင် ငါသူ့ဆီက စွမ်းအားတွေပြန်ယူလို့ရရင်ရပြီ။ ဒါနဲ့ သူရော။"

ယွင်းရန်က မေးလိုက်သည်။ တိဟွက ဂါရဝပြုလျက်ပင်

"ဥယျာဉ်တော်ထဲမှာပါ။"

ယွင်းရန်က မျက်မှောင်ကြုတ်လိုက်ပြီး

"ဘာလုပ်နေတာလဲ။"

"အဲ........"

....................

"အကြီးလား။ အသေးလား။"

"အကြီး အကြီး!!!!"

"အသေးနော်။"

ဥယျာဉ်တော်ထဲရှိ နားနေဆောင်တစ်ခုတွင် လူများစုဝေးနေသည့်အပြင် တစ်ယောက်နှင့်တစ်ယောက်အပြိုင်အော်နေကြသည်။လေးထောင့်ပုံစံစားပွဲတစ်လုံးရှိပြီး ထိုစားပွဲပေါ်တွင် ငွေစများကို ဟိုတစ်ပုံသည်တစ်ပုံတင်ကာထားသည်။ ချီယွမ်က လေးထောင့်စားပွဲ၏ တစ်ဖက်တွင် တစ်ယောက်ထဲရပ်ကာနေပြီး အန်စာခွက်ကို မြှောက်ကာကိုင်ထားသည်။ ကျန်ဘေးပတ်ပတ်လည်တွင်က နန်းတွင်းသူအပျိုတော်များသာမကအစောင့်ရဲမက်များပါ ရှိနေသေးပြီး အော်ဟစ်နေသူက ထိုသူတို့ပင်။

"ငွေစ တွေကို အသေးဘက်နဲ့ အကြီးဘက် ကိုယ်ကြိုက်တဲ့ဘက်ကို လောင်းပြီး ပုံပါ။ ကျေနပ်ပြီဆို ဖွင့်တော့မယ်။"

အားလုံးက သူတို့ထင်ကြေးပေးသည့်ဘက်ကို စိတ်ကြိုက်ငွေစများကို လောင်းကြေးထပ်ကြသည်။ တစ်ချို့ကလည်း ဘယ်ဘက်ထားရမည်ကိုမသိပဲ အတော်ကြာကြာ တွေဝေနေသေးသည်။

"ဒါဆို ဖွင့်ပြီနော်။ ကျေနပ်ပြီမလား။"

ချီယွမ်က ပြုံးစစနှင့်ပင် အန်စာခွက်အား မှောက်လျက်အနေအထားဖြင့် စားပွဲပေါ်တင်လိုက်သည်။ သူကတစ်ဖြည်းဖြည်းချင်းပင် ထိုခွက်အားဖွင့်လိုက်လေ၏။

"အသေး။"

"ဟာ......"

ရှုံးသည့်သူက ပိုများသည့်အတွက် ချီယွမ်သိပ်မလျှော်လိုက်ရချေ။ ဤသည်က အမြဲလုပ်ရိုးလုပ်ထုံးတစ်ခု။ မကောင်းမှန်းသိ၍သာ တော်ရုံဤနည်းကိုမသုံးခဲ့ခြငးဖြစ်သည်။သူ့အနေနှင့်ဘဝတွင် မလုပ်ဖူးသည့်အလုပ်ဟူ၍ရှားလွန်းသည်။

ချီယွမ်က သူနိုင်လိုက်သော ငွေစတစ်ချိူ့ကို ခါးကြားတွင်ညှပ်ကာထားသော အိတ်လေးထဲသို့ထည့်လိုက်သည်။ဤသည်က ရှောင်းဟွာပေးထားသည့် နှင်းပွင့်ချပ်ပုံစံချည်ထိုးထားသည့်အိတ်ကလေးပင်။ ချီယွမ်က အနိုင်ရနေသောကြောင့် အလွန်ပျော်နေသည့်သူများအပြင် ရှုံးနိမ့်၍ငိုမဲ့မဲ့ဖြစ်နေသော သူများကိုပါ ကြည့်ကာရီနေလေသည်။

ယွင်းရန်က သူနှင့်မလှမ်းမကမ်းတွင် ရပ်ကာသူ့အားကြည့်နေသည်ကိုတော့ သူမမြင်ပေ။ ဘေးတွင် တိဟွက ယွင်းရန်အား ကြည့်ကာ

"အရှင် ။ ဆက်မသွားတော့ဘူးလား။ရှေ့မှာမြင်နေရပြီလေ။"

"ဟမ်။ အေး သွားမလို့"

ယွင်းရန်က ချောင်းတစ်ချက်ဟန့်ကာ ရှေ့သို့ဆက်လျောက်လာခဲ့သည်။ သူလျောက်လာသည်ကို ချီယွမ်က ယခုအချိန်ထိမသိသေးပေ။ ချီယွမ်ဘေးရှိ ရဲမက်က နိုင်သွားသော သူ၏ဝေစုကို ကောက်နေရင်းမှ ယွင်းရန်လာနေသည်ကို တွေ့သွားကာ ထိတ်လန့်သွားတော့သည်။

"ဦး...ဦး...ဦးရီးတော် ။"

ကျန်သူတွေအကုန်လုံး​ကလည်း ထိုလူ၏အသံကြောင့်ပင် ယွင်းရန်လာရာသို့လှမ်းကြည့်ကြသည်။ ယွင်းရန်ကိုမြင်သည်နှင့် တစ်ပြိုင်နက် အကုန်လုံးက ဒူးထောက်ကာ သူတို့၏ကိုယ်ခန္တာများအား မြေပြင်နှင့် တပြေးတည်းအညီထားကာ ဂါရဝပြုကြသည်။

ချီယွမ်ကမူ ယွင်းရန်အားတွေ့လေတော့ သူကအေးအေးလူလူပင် ပြုံးပြသည်။ ကျန်သူများကို တစ်ချက်ကြည့်လိုက်ပြီး ထိုသူတို့၏အပြုအမူကြောင့် ခေါင်းညိမ့်သည်။

"ဝါး...ကြောက်စရာကောင်းတယ်လို့တွေးနေကြတာဖြစ်မယ်။"

ယွင်းရန်က သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက်ပင် ခန့်ထည်စွာရပ်နေသည်။ သူက ချီယွမ်အားတစ်ချက်ကြည့်လိုက်ပြီးမှ ကျန်သူများကိုကြည့်လိုက်သည်။

" နန်းတော်ထဲမှာလောင်းကစားမလုပ်ရဘူးလို့တားမြစ်ထားတာ မသိဘူးလား။"

ယွင်းရန်က အာဏာရှိသော အသံဖြင့်ပြောလိုက်သည်။

"အပြစ်ရှိပါတယ်။ သေသင့်တဲ့အပြစ်ကိုကျူးလွန်မိပါတယ်။"

အားလုံးက ဝပ်တွားခယလျက်ပင် အော်နေကြသည်။ထိုထဲမှ ရဲမက်တစ်ဦးက ပြောလိုက်သည်။

"ချီယွမ်က ပြဿနာဖြစ်လာရင် သူရှင်းမယ်လို့ပြောလို့ပါ။"

"ငါ....ငါကလား။"

နောက်တွင်အိတ်ထဲသို့ ငွေစများထိုးကြိတ်ကာထည့်နေသော ချီယွမ်က ထိုသူပြောသောစကားကြောင့်သူ့ကိုယ်သူ လက်ညိုးထိုးကာပြရင်း မေးသည်။

"ငါ ဘယ်တုန်းကပြောမလို့လဲ။ ငါက ဒီအတိုင်းဆော့ကြမလားပဲမေးမိတာလေ။"

"ဟုတ်ပါတယ်။ ချီယွမ်က ဖြစ်သမျှ သူပဲအကုန်တာဝန်ယူမယ်ပြောလိူ့ပါ။မဟုတ်ရင် ကျွန်တော်တို့က ဘယ်လိုသတ္တိမျိုးနဲ့ ကစားရဲပါ့မလဲ။ "

"အယ်။ အယ်။ မင်းတို့...ငါ့ကို..."

"အကုန်သွားတော့။ "

ယွင်းရန်က အငြင်းအခုံဖြစ်နေသော သူများကို နားညီးလာသဖြင့် အမြန်နှင်လွှတ်လိုက်သည်။ ထိုသူတို့က ခေါင်းငုံ့ကာထွက်သွားရင်းပင် ချီယွမ်အား တောင်းပန်သည့်ပုံစံဖြင့် လက်အုပ်ချီပြသွားသေးသည်။

"ဟေ့...မင်းတို့!!!!"

"တိဟွ။"

ချီယွမ်က ထိုသူများကို လှမ်းအော်ခေါ်နေစဉ်တွင်ပဲ ယွင်းရန်က သူ့နောက်တွင် ရပ်ကာနေသော တိဟွကို အနည်းငယ်မြင့်သော အသံဖြင့် ခေါ်လိုက်သည်။တိဟွက ဂါရဝပြု လိုက်ပြီး

"ကျွန်တော်မျိုးရှိပါတယ်။"

"သူ့ကို အပြစ်ပေးလိုက်။ နန်းတော်ကစည်းကမ်းတွေမသိဘူးဆိုရင် သိတဲ့အထိ အပြစ်ပေးလိုက်။"

တိဟွက ယွင်းရန် ၏စကားကြောင့် ခေါင်းထောင်ကာ

"အရှင်။ ဒါ...ဒါက။"

ယွင်းရန်က စိတ်တိုနေသောလေသံဖြင့် တိဟွအားကြည့်ကာ

"ဘာလဲ။ ငါကိုယ်တိုင်လုပ်ရမှာလား။"

တိဟွက ခေါင်းပြန်ငုံ့လိုက်ပြီး

"မဟုတ်ပါဘူး ။ ကျွန်တော်မျိုးတို့ စည်းကမ်းဖောက်လို့အပြစ်ပေးတဲ့နည်းက ကြိမ်ဒဏ်ပါ။ အချက်တစ်ရာပါ။"

ထိုစကားကို ကြားတော့ ချီယွမ်က ငွေစတွေကိုကောက်နေရင်းပင် သူဖင်လေးအား လက်ဖြင့် အသာကိုင်ကာ ယွင်းရန်ကိုကြည့်လိုက်သည်။တိဟွက ဆက်ပြောလာသည်။

"အချက် ၅၀လောက်ဆို အနာဖြစ်ပြီး သွေးထွက်လာတော့မှာ။ အဲ့တာကြောင့်။"

ချီယွမ်က အမြန်ပင် သူ၏ငွေထုတ်ကလေးကိုရင်ဘတ်အိတ်ထဲထည့်ကာ ယွင်းရန်အနားသို့ ကပ်လာသည်။ သူက ယွင်းရန်၏ လက်မောင်းနားရှိ အင်္ကျီစအား ဆွဲလိုက်ရင်း

"ဟို...ဟိုလေ။ ကျွန်တော် နောက်တစ်ခါမလုပ်တော့ဘူးလေ။ ပြီးတော့ တိဟွပြောသလိုပဲ။ သွေးတွေထွက်လာမှာနော်။ ခင်ဗျားပြောတော့ ဒဏ်ရာမရစေနဲ့ဆို။"

ယွင်းရန်က ချီယွမ်အား ငုံ့ကာကြည့်လိုက်သည်။

"အင်း ။ ဒါဆိုလည်း ကြိမ်ဒဏ်မပေးတော့ဘူး။"

"တကယ်လား။"

"တကယ်။ အဲ့ဒီအစား အဆောင်ရှေ့မှာ ၅နာရီကြာထိ ဒူးထောက်ရမယ်။တိဟွ အချိန်မပြည့်မချင်း သူ့ကိုစောင့်ကြည့်နေ။"

"ဟာ......."

ယွင်းရန်က ပြောပြီးပြီးချင်းပင် ပြန်ထွက်လာခဲ့သည်။ အတော်ဝေးဝေးကိုရောက်တော့ ချီယွမ့်အား တစ်ချက်လှည့်ကြည့်လာသည်။ ချီယွမ်က ထိုနားနေဆောင်အတွင်းမှနေလျက်ပင် ယွင်းရန်အားလှမ်းကြည့်ကာ မျက်စောင်းထိုးနေသည်။ ထိုအခါမှ ယွင်းရန်က ချောင်းဟန့်ကာပြန်လှည့်ထွက်သွားလေတော့၏။တိဟွက ယွင်းရန်မှာထားခဲ့သည့် အမိန့်အားလိုက်နာရန် အသင့်ဖြစ်နေချေပြီါ

"ကဲ ငါလည်းမကယ်နိုင်ဘူးနော်။ မင်းဘာသာလုပ်တာ။"

~~~~~~~~~~~~~~~~~~~~~~~~
"န်ဴး!!! ။ သူဘာျဖစ္လာတာလဲ။"

အေဆာင္ထဲတြင္ရွိေနေသာ တိဟြက ယြင္းရနေဘးသို႔အျမန္ ေလွ်ာက္လာၿပီးေမးေလသည္။ယြင္းရန္က ခ်ီယြမ္အား ခ်ီထားလ်က္ပင္သူ၏အိပ္ေဆာင္အတြင္းသို႔ဝင္လာခဲ့သည္။ တိဟြ၏အေမးေၾကာင့္ သူ၏ ရင္ခြင္ထဲတြင္အိပ္ေပ်ာ္ေနေသာ ခ်ီယြမ္ကိုလွမ္းၾကည့္လိုက္သည္။ ေသရည္၏အရွိန္ေၾကာင့္ ပါးႏွစ္ဖက္က ရဲရဲနီကာေန၏။  ၿပီးမွ သူ၏ ကုတင္ေပၚတြင္ပစ္ခ်ကာ

"အိပ္ေပ်ာ္ေနတာ။"

ခ်ီယြမ္က ယြင္းရန္ပစ္ခ်လိဳက္သည့္ပုံစံအတိုင္းပင္ ကုတင္ေပၚ၌မလႈပ္မယွက္အိပ္ေပ်ာ္ေန၏။ယြင္းရန္က တိဟြ ဘက္သို႔ျပန္လွည့္လိုက္ၿပီး

"မဂၤလာပြဲေရာ။ အဆင္ေျပေျပၿပီးသြားရဲ႕လား။"

တိဟြက ဂါရဝျပဳလိုက္ၿပီး

"ဟုတ္ကဲ့။ အကုန္အဆင္ေျပေျပနဲ႕ၿပီးသြားပါတယ္။အခုေလာက္ဆို မဂၤလာခန္းေဆာင္ကိုေတာင္ဝင္ေနေလာက္ပါၿပီ။"

"အင္း။ ေကာင္းၿပီ။"

ယြင္းရန္က အျပင္ဘက္သို႔ျပန္ထြက္လာလိုက္သည္။ အေဆာင္ႀကီး၏ အျပင္ဘက္ထိကို လမ္းေလွ်ာက္လာလိုက္ၿပီးေနာက္ ဝိုင္းစက္စြာလွပေနေသာ ေကာင္းကင္ယံရွိ လမင္းႀကီးအား သူေမာ့ၾကည့္မိသည္။

သူ႕စိတ္တို႔ကအလြန္တရာရႈပ္ေထြးေနပုံပင္။အခ်ိန္အေတာ္ၾကာသည္အထိ သူ ထိုဝိုင္းစက္ကာလွပေနေသာ လမင္းႀကီးကိုေငးၾကည့္ေနမိဆဲ။

အေတာ္ၾကာမွ သက္ျပင္းရွည္တစ္ခုကိုခ်လိဳက္ၿပီးေနာက္ သူအေဆာင္အတြင္းသို႔ျပန္ဝင္ရန္ တစ္ဖက္သို႔လွည့္လိုက္သည္။ေနာက္ဘက္တြင္ ခ်ီယြမ္က အိပ္ခ်င္မူးတူးျဖစ္ေနေသာပုံစံျဖင့္ရပ္ေန၏။ ေမွးစင္းကာေနေသာ မ်က္ဝန္းတစ္စုံကိုလက္ျဖင့္ပြတ္ကာ အတင္းျပဴးထားလ်က္ပင္ ယြင္းရန္အားၾကည့္ေနေလ၏။

"အဖိုးႀကီး ဒီီမွာ ဘာလုပ္ေနတာလဲ။"

ခ်ီယြမ္က တဝါးဝါး သန္းရင္းပင္ ယြင္းရန္ကိုေမးလိုက္သည္။ ယြင္းရန္က ခ်ီယြမ္အားေတြ႕သည့္တစ္ခဏ၌ သူ၏ လက္တစ္ဖက္အား ရင္ဘတ္တြင္ ကပ္ကာ မ်က္စိအသာမွိတ္လိုက္သည္။ၿပီးမွထိုလက္အားျပန္ခ်လိဳက္ၿပီးသူ၏ခါးေနာက္ဘက္တြင္ ျပန္ကပ္ထားလိုက္သည္။

"အဟမ္း။မင္း မအိပ္ေသးဘူးလား။"

"ကြၽန္ေတာ္ ေရေသာက္ခ်င္လို႔ ထြက္လာတာ။အဖိုးႀကီး တစ္ေယာက္ေယာက္ကိုလြမ္းေနတာလား။"

ခ်ီယြမ္က ယြင္းရန္အနားသို႔တိူးကပ္လာၿပီး ေမးေလသည္။ ယခုအခါတြင္ အိပ္ခ်င္ေနသည့္သူ၏စိတ္ကေျပသြားပုံပင္။ စစ္စုတတ္သည့္ စိတ္ကအဘယ္ေၾကာင့္ဤမွ်ေလာက္ ထက္သန္ေနရသနည္း။ ယြင္းရန္ ခ်ီယြမ္အားၾကည့္လိုက္ရင္း

"မဟုတ္ပါဘူး။"

ယြင္းရန္က ခပ္ျပတ္ျပတ္ပင္ေျဖလိုက္ၿပီးေနာက္ အေဆာင္အတြင္းသို႔ျပန္ဝင္လာခဲ့သည္။ ခ်ီယြမ္ကသူ႕ေဘးမွ ထပ္ၾကပ္မကြာလိုက္ၿပီး

"အဖိုးႀကီး။ ခင္ဗ်ားဒီေလာက္ႏွစ္ေတြအမ်ားႀကီးေနဖူးတာပဲ ။ တစ္ေယာက္ေယာက္ကို မႀကိဳက္ဖူးဘူးဆိုတာမွ မျဖစ္နိုင္တာ။ မဟုတ္ဘူးလား။ "

ယြင္းရန္က သူ၏ လက္ႏွစ္ဖက္ကိုေနာက္တြင္ထားလ်က္ လမ္းေလွ်ာက္ေနရင္းမွ အေနာက္ဘက္တြင္ကပ္ပါလာေသာ ခ်ီယြမ္၏အေမးေၾကာင့္ သူ၏ေျခလွမ္းတို႔က ရပ္တန႔္ကာသြားသည္။ခ်ီယြမ္က ႐ုတ္တရက္ ရပ္တန႔္လိူက္ေသာ ယြင္းရန္ေၾကာင့္ ယြင္းရန္အားေမာ့ၾကည့္လိုက္သည္။ယြင္းရန္က သူ႕ဘက္သို႔လွည့္ကာ သူ႕အားစိုက္ၾကည့္ေနေလသည္။

"မင္းကို ငါဒီမွာေခၚထားတာ ငါ့အေၾကာင္းေတြကိုစပ္စုဖို႔မဟုတ္ဘူး။ငါတို႔ႏွစ္ေယာက္ၾကားမွာအေပးအယူတစ္ခုပဲရွိတယ္ ။ အခ်ိန္တန္ရင္ မင္းနဲ႕ငါက ဘယ္ေတာ့မွျပန္ေတြ႕ၾကမွာမဟုတ္ဘူး။ ၿပီးေတာ့ ငါ့ကိုတစ္ရင္းတစ္ႏွီး စကားေတြ လာမေျပာနဲ႕။ "

"........."

ယြင္းရန္က ေဒါသထြက္ေနသည့္ အသံမ်ိဳးျဖင့္ပင္ ခ်ီယြမ္အား ေစ့ေစ့ၾကည့္ကာ ေျပာၿပီးေနာက္ထြက္သြားေလေတာ့သည္။ခ်ီယြမ္က ထိုေနရာတြင္ မ်က္လုံးအဝိုင္းသားေလးႏွင့္ က်န္ေနခဲ့ေလ၏။ သူ႕အတြက္ ဤသို႔အေျပာခံရသည္က ၿဖဳံပင္မၿဖဳံေတာ့သည့္အေျခအေနျဖစ္သည္။ သူၾကက္ေသေသေနရသည္က ထိုသူဆီမွၾကားရေသာေၾကာင့္ပင္။ထို႔ေနာက္ ခ်ီယြမ္ကတစ္ခ်က္ၿပဳံးလိုက္ၿပီး ထြက္သြားေသာ ယြင္းရန္အားလွမ္းၾကည့္သည္။

"ဟမ့္ မေျပာျပခ်င္လည္းေနေပါ့။  အား.....ငါ့အကၤ်ီကေတြေရစိုေနတာ ေျခာက္ေတာင္ေျခာက္ခ်င္ေနၿပီ။ အခုထိမလဲရေသးဘူး။ဆံပင္ေတြေရာပဲ။ "

ခ်ီယြမ္က ေရမေျခာက္တစ္ေျခာက္ျဖစ္ေနေသာ သူ၏အဝတ္မ်ားအား ခါလ်က္ပင္ေအာ္ဟစ္ေနသည္။

...................................................

"ဘယ္လိုျဖစ္တာလဲ။"

ယြင္းရန္က သူ၏ လက္ဖဝါးတစ္ဖက္အား ျဖန့္ကာ လွန္လိုက္ေမွာက္လိုက္လုပ္ေနသည္။

"အဆင္ေျပပါရဲ႕လား။"

တိဟြက ယြင္းရန္ေဘးတြင္ ေနရင္းမွ စိတ္ပူေနသည့္ေလသံျဖင့္ပင္ေမးလိုက္သည္။ ႏွစ္ဦးသား ေတာင္ထြဋ္တစ္ခု၏ ထိပ္ရွိ ကမ္းပါးတစ္ခုတြင္ရပ္ကာေနၿပီး ေရွ႕တြင္တည့္တည့္ကိုၾကည့္မည္ဆိုလ်င္ ခမ္းနားလွသည့္ နန္းၿမိဳ႕ေတာ္ႀကီးအားေတြ႕ရေပလိမ့္မည္။

ယြင္းရန္က သူ၏ လက္တစ္ဖက္ကိုထပ္မံ ျမႇောက္လိုက္ၿပီး မနီးမ​ေဝးရွိသစ္ပင္တစ္ပင္အားအတြင္းအားသုံးကာ တြန္းလွဲပစ္လိုက္သည္။ခ်က္ခ်င္းဆိုသလိုပင္ 'ဝုန္း' ဟူေသာျမည္သံႏွင့္အတူ သစ္ပင္၏ပင္စည္က ထက္ပိုင္းက်ိဳးက်ကာ အေပၚပိုင္းက ေျမေပၚသို႔လဲက်ကာသြားေတာ့သည္။ယြင္းရန္က သူ၏ လက္ကိုျပန္ၾကည့္လိူက္ၿပီး

"အားနည္းလာတယ္။"

"န်ဴးေၾကာင့္လား။"

တိဟြက ေမးလိုက္သည္။

"ငါမသိဘူး။ သူနဲ႕ နီးကပ္ေနတာ တစ္လနီးပါးရွိေနၿပီ။အဲ့တာေၾကာင့္လား။"

"သူက အရွင့္ရဲ႕ အစြမ္းေတြကိုပိုေလ်ာ့နည္းေစတဲ့သေဘာလား။"

ယြင္းရန္က တိဟြ၏ အေမးေၾကာင့္ သူ၏လက္ကိုၾကည့္ေနရင္းပင္ ေတာင္ေအာက္ရွိ နန္းေတာ္ႀကီးအား လွမ္းၾကည့္လိုက္သည္။သူကလက္သီးဆုပ္ လိုက္ၿပီးေနာက္

"သူက အႏၱရာယ္ အရမ္းမ်ားတယ္ ။ဒါေပမဲ့ သူ႕ကိုငါ့ေဝးမွာထားလို႔ကလည္း မျဖစ္နိုင္ဘူး။ "

ထိုစဥ္ပဲ အျဖဴေရာင္အလင္းတန္းတစ္ခုက ယြင္းရန္တို႔၏ေနာက္ဘက္ မလွမ္းမကမ္းမွေန၍ထြက္ေပၚလာသည္။ ယြင္းရန္က တျဖည္းျဖည္းခ်င္း လွည့္လိုက္ၿပီး တိဟြကမူ တိုက္ခိုက္ရန္အသင္ျပင္လိုက္သည္။ ယြင္းရန္က တိဟြအားအျမန္တားလိုက္သည္။

"မလိုဘူး။မင္း နန္းေတာ္ကိုျပန္ႏွင့္လိုက္ေတာ့။"

တိဟြက ယြင္းရန္ကိုဂါရဝျပဳလိုက္ၿပီးေနာက္ အခိုးအေငြ႕အျဖစ္ေျပာင္းကာ ေပ်ာက္ကြယ္သြားေတာ့သည္။အျဖဴေရာင္ အလင္းတန္းကမူတျဖည္းျဖည္းခ်င္းပင္ လူတစ္ေယာက္၏အသြင္သ႑ာန္သို႔ကူးေျပာင္းလာေလ၏။

"န်ဴး ဘယ္မွာရွိေနလဲ ။"

ယြင္းရန္က ထိုသူ၏အေမးေၾကာင့္ ခနဲ႕သည့္ပုံစံျဖင့္ ရီလိုက္သည္။ၿပီးေနာက္ သူက ထိုလူအားမ်က္ႏွာလႊဲလိုက္ၿပီး

"ငါ ဘယ္လိုလုပ္သိမွာလဲ။ သူ႕ကိုမင္းပဲ ေစာင့္ေရွာက္ေနတာမဟုတ္ဘူးလား။ မင္းတို႔က အရမ္းလိုက္ဖတ္တဲ့အတြဲပဲေလ။အခုခ်ိန္ဆိုေကာင္းကင္ဘုံမွာ မင္းရဲ႕ ေဘးထိုင္ခုံမွာထိုင္တဲ့ အဆင့္ျမင့္နတ္ဘုရားတစ္ပါးေတာင္ျဖစ္ေနၿပီထင္တာ ငါက။"

ယြင္းရန္၏ေရွ႕တြင္ရွိေနသူက သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။ထိုသူသည္က ေကာင္းကင္မင္းႀကီး ရွန္းဝူပိုင္ပင္ျဖစ္သည္။ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနေသာ္လည္း သူ၏ကိုယ္ခႏၱာ၌ ထင္ရွားသည့္အရာဟူသည္က ေခါင္းထပ္ရွိဆံႏြယ္တို႔အားတစ္ဝက္ထုံးကာထိုးထားေသာ ဆံထိုးေလးပင္ျဖစ္သည္။သူက ယြင္းရန္အနားသို႔ေလွ်ာက္လာသည္။

"ငါ လြန္ခဲ့တဲ့ နာရီပိုင္းေလာက္က သူ႕ရနံ႕ကိုရခဲ့တယ္။"

ရွန္းဝူပိုင္၏အေျပာေၾကာင့္ယြင္းရန္က ၿပဳံးလိုက္သည္။လူ႕ျပည္ရွိ တစ္ႏွစ္တာအခ်ိန္သည္ နတ္ျပည္၏ တစ္ရက္တာႏွင့္သာညီမွ်သျဖင့္ ခ်ီယြမ္၏အျဖစ္အပ်က္က နတ္ျပည္တြင္ တစ္ရက္ပင္မၾကာေသးေခ်။ရွန္းဝူပိုင္က ယြင္းရန္ကိုၾကည့္ေနလ်က္ပင္ဆက္ေျပာသည္။ ႏွစ္ဦးသား၏အရပ္အေမာင္းႏွင့္ ကိုယ္ခႏၱာအ႐ြယ္စားသည္ ထပ္တူနီးပါးတူညီၾကသည္။ ေခ်ာေမာခန့္ညားလြန္းေသာ အသြင္အျပင္ေၾကာင့္ ႏွစ္ဦးသားအတူသာ လမ္းတြဲေလွ်ာက္လာမည္ဆိုပါလွ်င္ ျမင္ေတြ႕ရမည့္ အမ်ိဳးသမီးတို႔သည္ သူတိူ႕၏ကိုယ္ေရာင္ကိုယ္ဝါေတာက္ပမႈအား ခံနိုင္ရည္ရွိရန္ မနည္းႀကိဳးစားရေပလိမ့္မည္။

မ်က္ႏွာခ်င္းဆိုင္ယွဥ္ကာရပ္ေနေသာ ထိုသူႏွစ္ဦး၏ ျခားနားမႈသည္ကေတာ့ ႏွစ္ဦးသား၏ ကိုယ္ခႏၱာပတ္ပတ္လည္တြင္ ရစ္သိုင္းကာေနေသာ အျဖဴေရာင္ႏွင့္အမဲေရာင္ အခိုးအေငြ႕တို႔သာ။

"နတ္သဘင္အစည္းအေဝး ေၾကာင့္ ရနံ႕ကိုရ ရျခင္း ငါထြက္လာလို႔မရနိုင္ခဲ့ဘူး။ ပိုဆိုးတာက ရနံ႕က ခ်က္ခ်င္းပဲျပန္ေပ်ာက္သြားခဲ့တာ။ၿပီးေတာ့ နတ္ဘုရားေတြအကုန္လုံးကလည္း ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ၾကတာမလို႔ ငါလက္စေဖ်ာက္ပစ္လိုက္မိတယ္။ မင္းဆီမွာ သူရွိေနလား။"

"မရွိဘူး။ ငါသူ႕႐ုပ္ကိုေတာင္မျမင္ခ်င္တဲ့ဟာ။ ငါကဘာကိစၥ သူ႕ကိုငါ့အနားမွာထားရမွာလဲ။"

ယြင္းရန္က ရွန္းဝူပိုင္ႏွင့္ ဆန႔္က်င္ဘက္သို႔ျပန္လွည့္ကာေျဖလိုက္သည္။ လွပလြန္းတဲ့ နန္းေတာ္ႀကီးကိုသာ လွမ္းေမွ်ာ္ၾကည့္လ်က္ သူ၏လက္ႏွစ္ဖက္ကိုမူ ေနာက္ဘက္သို႔ယွက္ကာထားသည္။သူ၏ေဘးသို႔ ရွန္းဝူပိုင္ကေရာက္ကာလာၿပီး ေဘးခ်င္းယွဥ္ရပ္ကာ ထို နန္းေတာ္ႀကီးကိုၾကည့္ေနသည္။

"ဒါဆို မင္းဘာလို႔ ပိတ္ေလွာင္ျခင္း အစီအရင္ကိုသုံးထားတာလဲ။ အဲ့ဒီေနရာမွာေလ။"

ယြင္းရန္က ေအးေအးလူလူပင္ ျပန္ေျပာသည္။

"ငါလြန္ခဲ့တဲ့ ႏွစ္အခ်ိဴ႕က မိစ္ဆာရိုင္းတစ္ေကာင္ကိုမိခဲ့တယ္။ အရင္ ငါ့ရဲ႕မိစ္ဆာသားရဲ​ေကာင္က ငါတို႔ေနာက္ဆုံးတိုက္ခဲ့တဲ့ေနရာမွာတင္ ေသသြားတာ ဆိုေတာ့ ငါ့အတြက္ေနာက္တစ္ေကာင္လိုလို႔ သူ႕ကိုေမြးထားတာ။"

"ငါ့ကို ျပလို႔ရမလား။"

"မင္း သူမ်ားကိစၥေတြ အခုထိဝင္ပါေနေသးတုန္းပဲလား။ မင္းရဲ႕ေလာဘေတြက အေတာမသတ္နိုင္တာပဲ။"

ရွန္းဝူပိုင္က ေခါင္းကို ငုံ႕လိုက္သည္။ ၿပီးမွ သူက ယြင္းရန္ကိုတစ္ခ်က္ၾကည့္ကာ ၿပဳံးလိုက္ၿပီး

"မင္း လြတ္သြားတဲ့ကိစၥ ေကာင္းကင္ဘုံက သိတယ္။ ငါ့ရဲ႕အခြင့္အာဏာနဲ႕ဒီတစ္ေခါက္ေတာ့ မင္း ဘာမွမလုပ္သေ႐ြ႕ငါတို႔မင္းကို ထိခိုက္ေစမွာမဟုတ္ဘူး။"

ရွန္းဝူပိုင္က ေနာက္သိူ႕ျပန္လွည့္လိုက္သည္။ယြင္းရန္က အရင္အတိုင္းပင္ရပ္ေနရင္းမွ သူ၏လက္တစ္ဖက္ကို ေထာင္ျပလိုက္သည္။

"ငါလည္း ဘယ္သူမွကိုဂ႐ုမစိုက္ဘူး။ မင္းတို႔ဘက္က စ ခဲ့တဲ့ျဖစ္ရပ္ပဲ။ အခုေနာင္တရေနသင့္ၿပီ။ရွက္တတ္ရင္ေပါ့။"

....................................

"အရွင္ ေကာင္းကင္မင္းႀကီး က ဘယ္လိုျဖစ္ၿပီးသိေနတာလဲ။"

ယြင္းရန္ နန္းေတာ္ဆီျပန္ေရာက္ေတာ့ သူ႕အားတိဟြ၏ေမးခြန္းမ်ားက ေစာင့္ေမွ်ာ္ေနၾကသည္။

"လြန္ခဲ့တဲ့ဆယ္ႏွစ္ကတည္းက သိေနၿပီးသားပါ။ ၿပီးေတာ့ ဒီကိစၥ ကိုငါမအံ့ၾသဘူး။ ဘာပဲျဖစ္ျဖစ္ အႏွစ္တစ္ေထာင္ကျပည့္ၿပီပဲ။ သူတိူ႕ဘာလုပ္နိုင္မွာလဲ။"

"အရွင္ ဘာမ်ားသိခဲ့ရေသးလို႔ပါလဲ။"

ယြင္းရန္က တိဟြကို ၾကည့္လိုက္သည္။

"ဝူပိုင္က န်ဴး ဘယ္မွာရွိေနခဲ့မွန္းမသိခဲ့ဘူးတဲ့။ သူ႕ဆီကေန ေပ်ာက္ကြယ္သြားတာ အႏွစ္တစ္ေထာင္ရွိေနၿပီလို႔ေျပာတယ္။ အတိအက်ဆိဳ ငါခ်ဳပ္ႏွောင္ခံရၿပီးေနာက္ပိုင္းအနည္းငယ္အ​ၾကာတည္းကပဲ။"

"သူကဘာလို႔မသိရတာလဲ။ န်ဴးက သူ႕ရဲ႕လူပဲေလ။ အရွင္ေတာင္ န်ဴး ရဲ႕ ေသြးေၾကာင့္ အခ်ဳပ္အႏွောင္ကေနလြတ္ခဲ့တာမဟုတ္ဘူးလား။"

"သူ႕ရဲ႕ေသြးေၾကာင့္ရယ္လို႔မဟုတ္ဘူး။ ငါ့ရဲ႕အစီအရင္ပ်ယ္တဲ့အခ်ိန္နဲ႕ သူ႕ဆီက အစြမ္းကို ရတဲ့အခ်ိန္က တိုက္ဆိုင္သြား႐ုံေလာက္ပဲ။ အဲ့တုန္းကသူ႕ရဲ႕ ရနံ႕ကို ငါပဲရခဲ့တာ။ေနာက္မွျပန္ရွာလို႔ရေအာင္သာ တမင္အမွတ္အသားေပးခဲ့တာ။ ၿပီးေတာ့ သူ႕မိဘဆိုတဲ့ဟာေတြကိုရွန္းဝူပိုင္က ဖန္တီးေပးထားတယ္ထင္တာ။ ေတြးစရာပဲ။"

"အရွင္မသိတဲ့ အေၾကာင္းတစ္ခုခုမ်ား န်ဴးမွာရွိခဲ့တာလား။ ၿပီးေတာ့ အခု န်ဴးကလည္း ဘာမွသိေတာ့တဲ့သူတစ္ေယာက္မဟုတ္ဘူးေလ။ သူက သာမာန္လူကိုမွ နတ္ေသြးပါေနတဲ့ပုံစံပဲ။"

ယြင္းရန္က စဥ္းစားေနရင္းမွ လက္ခါလိုက္သည္။

"ထားလိုက္ေတာ့။ ငါထပ္ၿပီး လိမ္ညာခံရမွာကိုမလိုခ်င္ဘူး။ ဝူပိုင္ရဲ႕ စကားလုံးေတြကို ယုံလို႔ရတာမဟုတ္ဘူး။ အခ်ိန္တန္ရင္ ငါသူ႕ဆီက စြမ္းအားေတြျပန္ယူလို႔ရရင္ရၿပီ။ ဒါနဲ႕ သူေရာ။"

ယြင္းရန္က ေမးလိုက္သည္။ တိဟြက ဂါရဝျပဳလ်က္ပင္

"ဥယ်ာဥ္ေတာ္ထဲမွာပါ။"

ယြင္းရန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

"ဘာလုပ္ေနတာလဲ။"

"အဲ........"

....................

"အႀကီးလား။ အေသးလား။"

"အႀကီး အႀကီး!!!!"

"အေသးေနာ္။"

ဥယ်ာဥ္ေတာ္ထဲရွိ နားေနေဆာင္တစ္ခုတြင္ လူမ်ားစုေဝးေနသည့္အျပင္ တစ္ေယာက္ႏွင့္တစ္ေယာက္အၿပိဳင္ေအာ္ေနၾကသည္။ေလးေထာင့္ပုံစံစားပြဲတစ္လုံးရွိၿပီး ထိုစားပြဲေပၚတြင္ ေငြစမ်ားကို ဟိုတစ္ပုံသည္တစ္ပုံတင္ကာထားသည္။ ခ်ီယြမ္က ေလးေထာင့္စားပြဲ၏ တစ္ဖက္တြင္ တစ္ေယာက္ထဲရပ္ကာေနၿပီး အန္စာခြက္ကို ျမႇောက္ကာကိုင္ထားသည္။ က်န္ေဘးပတ္ပတ္လည္တြင္က နန္းတြင္းသူအပ်ိဳေတာ္မ်ားသာမကအေစာင့္ရဲမက္မ်ားပါ ရွိေနေသးၿပီး ေအာ္ဟစ္ေနသူက ထိုသူတို႔ပင္။

"ေငြစ ေတြကို အေသးဘက္နဲ႕ အႀကီးဘက္ ကိုယ္ႀကိဳက္တဲ့ဘက္ကို ေလာင္းၿပီး ပုံပါ။ ေက်နပ္ၿပီဆို ဖြင့္ေတာ့မယ္။"

အားလုံးက သူတို႔ထင္ေၾကးေပးသည့္ဘက္ကို စိတ္ႀကိဳက္ေငြစမ်ားကို ေလာင္းေၾကးထပ္ၾကသည္။ တစ္ခ်ိဳ႕ကလည္း ဘယ္ဘက္ထားရမည္ကိုမသိပဲ အေတာ္ၾကာၾကာ ေတြေဝေနေသးသည္။

"ဒါဆို ဖြင့္ၿပီေနာ္။ ေက်နပ္ၿပီမလား။"

ခ်ီယြမ္က ၿပဳံးစစႏွင့္ပင္ အန္စာခြက္အား ေမွာက္လ်က္အေနအထားျဖင့္ စားပြဲေပၚတင္လိုက္သည္။ သူကတစ္ျဖည္းျဖည္းခ်င္းပင္ ထိုခြက္အားဖြင့္လိုက္ေလ၏။

"အေသး။"

"ဟာ......"

ရႈံးသည့္သူက ပိုမ်ားသည့္အတြက္ ခ်ီယြမ္သိပ္မေလွ်ာ္လိုက္ရေခ်။ ဤသည္က အၿမဲလုပ္ရိုးလုပ္ထုံးတစ္ခု။ မေကာင္းမွန္းသိ၍သာ ေတာ္႐ုံဤနည္းကိုမသုံးခဲ့ျခငးျဖစ္သည္။သူ႕အေနႏွင့္ဘဝတြင္ မလုပ္ဖူးသည့္အလုပ္ဟူ၍ရွားလြန္းသည္။

ခ်ီယြမ္က သူနိုင္လိုက္ေသာ ေငြစတစ္ခ်ိဴ႕ကို ခါးၾကားတြင္ညွပ္ကာထားေသာ အိတ္ေလးထဲသို႔ထည့္လိုက္သည္။ဤသည္က ေရွာင္းဟြာေပးထားသည့္ ႏွင္းပြင့္ခ်ပ္ပုံစံခ်ည္ထိုးထားသည့္အိတ္ကေလးပင္။ ခ်ီယြမ္က အနိုင္ရေနေသာေၾကာင့္ အလြန္ေပ်ာ္ေနသည့္သူမ်ားအျပင္ ရႈံးနိမ့္၍ငိုမဲ့မဲ့ျဖစ္ေနေသာ သူမ်ားကိုပါ ၾကည့္ကာရီေနေလသည္။

ယြင္းရန္က သူႏွင့္မလွမ္းမကမ္းတြင္ ရပ္ကာသူ႕အားၾကည့္ေနသည္ကိုေတာ့ သူမျမင္ေပ။ ေဘးတြင္ တိဟြက ယြင္းရန္အား ၾကည့္ကာ

"အရွင္ ။ ဆက္မသြားေတာ့ဘူးလား။ေရွ႕မွာျမင္ေနရၿပီေလ။"

"ဟမ္။ ေအး သြားမလို႔"

ယြင္းရန္က ေခ်ာင္းတစ္ခ်က္ဟန႔္ကာ ေရွ႕သို႔ဆက္ေလ်ာက္လာခဲ့သည္။ သူေလ်ာက္လာသည္ကို ခ်ီယြမ္က ယခုအခ်ိန္ထိမသိေသးေပ။ ခ်ီယြမ္ေဘးရွိ ရဲမက္က နိုင္သြားေသာ သူ၏ေဝစုကို ေကာက္ေနရင္းမွ ယြင္းရန္လာေနသည္ကို ေတြ႕သြားကာ ထိတ္လန႔္သြားေတာ့သည္။

"ဦး...ဦး...ဦးရီးေတာ္ ။"

က်န္သူေတြအကုန္လုံး​ကလည္း ထိုလူ၏အသံေၾကာင့္ပင္ ယြင္းရန္လာရာသို႔လွမ္းၾကည့္ၾကသည္။ ယြင္းရန္ကိုျမင္သည္ႏွင့္ တစ္ၿပိဳင္နက္ အကုန္လုံးက ဒူးေထာက္ကာ သူတို႔၏ကိုယ္ခႏၱာမ်ားအား ေျမျပင္ႏွင့္ တေျပးတည္းအညီထားကာ ဂါရဝျပဳၾကသည္။

ခ်ီယြမ္ကမူ ယြင္းရန္အားေတြ႕ေလေတာ့ သူကေအးေအးလူလူပင္ ၿပဳံးျပသည္။ က်န္သူမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး ထိုသူတို႔၏အျပဳအမူေၾကာင့္ ေခါင္းညိမ့္သည္။

"ဝါး...ေၾကာက္စရာေကာင္းတယ္လို႔ေတြးေနၾကတာျဖစ္မယ္။"

ယြင္းရန္က သူ၏လက္ႏွစ္ဖက္ကိုေနာက္ပစ္ထားလ်က္ပင္ ခန႔္ထည္စြာရပ္ေနသည္။ သူက ခ်ီယြမ္အားတစ္ခ်က္ၾကည့္လိုက္ၿပီးမွ က်န္သူမ်ားကိုၾကည့္လိုက္သည္။

" နန္းေတာ္ထဲမွာေလာင္းကစားမလုပ္ရဘူးလို႔တားျမစ္ထားတာ မသိဘူးလား။"

ယြင္းရန္က အာဏာရွိေသာ အသံျဖင့္ေျပာလိုက္သည္။

"အျပစ္ရွိပါတယ္။ ေသသင့္တဲ့အျပစ္ကိုက်ဴးလြန္မိပါတယ္။"

အားလုံးက ဝပ္တြားခယလ်က္ပင္ ေအာ္ေနၾကသည္။ထိုထဲမွ ရဲမက္တစ္ဦးက ေျပာလိုက္သည္။

"ခ်ီယြမ္က ျပႆနာျဖစ္လာရင္ သူရွင္းမယ္လို႔ေျပာလို႔ပါ။"

"ငါ....ငါကလား။"

ေနာက္တြင္အိတ္ထဲသို႔ ေငြစမ်ားထိုးႀကိတ္ကာထည့္ေနေသာ ခ်ီယြမ္က ထိုသူေျပာေသာစကားေၾကာင့္သူ႕ကိုယ္သူ လက္ညိုးထိုးကာျပရင္း ေမးသည္။

"ငါ ဘယ္တုန္းကေျပာမလို႔လဲ။ ငါက ဒီအတိုင္းေဆာ့ၾကမလားပဲေမးမိတာေလ။"

"ဟုတ္ပါတယ္။ ခ်ီယြမ္က ျဖစ္သမွ် သူပဲအကုန္တာဝန္ယူမယ္ေျပာလိူ႕ပါ။မဟုတ္ရင္ ကြၽန္ေတာ္တို႔က ဘယ္လိုသတၱိမ်ိဳးနဲ႕ ကစားရဲပါ့မလဲ။ "

"အယ္။ အယ္။ မင္းတို႔...ငါ့ကို..."

"အကုန္သြားေတာ့။ "

ယြင္းရန္က အျငင္းအခုံျဖစ္ေနေသာ သူမ်ားကို နားညီးလာသျဖင့္ အျမန္ႏွင္လႊတ္လိုက္သည္။ ထိုသူတို႔က ေခါင္းငုံ႕ကာထြက္သြားရင္းပင္ ခ်ီယြမ္အား ေတာင္းပန္သည့္ပုံစံျဖင့္ လက္အုပ္ခ်ီျပသြားေသးသည္။

"ေဟ့...မင္းတို႔!!!!"

"တိဟြ။"

ခ်ီယြမ္က ထိုသူမ်ားကို လွမ္းေအာ္ေခၚေနစဥ္တြင္ပဲ ယြင္းရန္က သူ႕ေနာက္တြင္ ရပ္ကာေနေသာ တိဟြကို အနည္းငယ္ျမင့္ေသာ အသံျဖင့္ ေခၚလိုက္သည္။တိဟြက ဂါရဝျပဳ လိုက္ၿပီး

"ကြၽန္ေတာ္မ်ိဳးရွိပါတယ္။"

"သူ႕ကို အျပစ္ေပးလိုက္။ နန္းေတာ္ကစည္းကမ္းေတြမသိဘူးဆိုရင္ သိတဲ့အထိ အျပစ္ေပးလိုက္။"

တိဟြက ယြင္းရန္ ၏စကားေၾကာင့္ ေခါင္းေထာင္ကာ

"အရွင္။ ဒါ...ဒါက။"

ယြင္းရန္က စိတ္တိုေနေသာေလသံျဖင့္ တိဟြအားၾကည့္ကာ

"ဘာလဲ။ ငါကိုယ္တိုင္လုပ္ရမွာလား။"

တိဟြက ေခါင္းျပန္ငုံ႕လိုက္ၿပီး

"မဟုတ္ပါဘူး ။ ကြၽန္ေတာ္မ်ိဳးတို႔ စည္းကမ္းေဖာက္လို႔အျပစ္ေပးတဲ့နည္းက ႀကိမ္ဒဏ္ပါ။ အခ်က္တစ္ရာပါ။"

ထိုစကားကို ၾကားေတာ့ ခ်ီယြမ္က ေငြစေတြကိုေကာက္ေနရင္းပင္ သူဖင္ေလးအား လက္ျဖင့္ အသာကိုင္ကာ ယြင္းရန္ကိုၾကည့္လိုက္သည္။တိဟြက ဆက္ေျပာလာသည္။

"အခ်က္ ၅၀ေလာက္ဆို အနာျဖစ္ၿပီး ေသြးထြက္လာေတာ့မွာ။ အဲ့တာေၾကာင့္။"

ခ်ီယြမ္က အျမန္ပင္ သူ၏ေငြထုတ္ကေလးကိုရင္ဘတ္အိတ္ထဲထည့္ကာ ယြင္းရန္အနားသို႔ ကပ္လာသည္။ သူက ယြင္းရန္၏ လက္ေမာင္းနားရွိ အကၤ်ီစအား ဆြဲလိုက္ရင္း

"ဟို...ဟိုေလ။ ကြၽန္ေတာ္ ေနာက္တစ္ခါမလုပ္ေတာ့ဘူးေလ။ ၿပီးေတာ့ တိဟြေျပာသလိုပဲ။ ေသြးေတြထြက္လာမွာေနာ္။ ခင္ဗ်ားေျပာေတာ့ ဒဏ္ရာမရေစနဲ႕ဆို။"

ယြင္းရန္က ခ်ီယြမ္အား ငုံ႕ကာၾကည့္လိုက္သည္။

"အင္း ။ ဒါဆိုလည္း ႀကိမ္ဒဏ္မေပးေတာ့ဘူး။"

"တကယ္လား။"

"တကယ္။ အဲ့ဒီအစား အေဆာင္ေရွ႕မွာ ၅နာရီၾကာထိ ဒူးေထာက္ရမယ္။တိဟြ အခ်ိန္မျပည့္မခ်င္း သူ႕ကိုေစာင့္ၾကည့္ေန။"

"ဟာ......."

ယြင္းရန္က ေျပာၿပီးၿပီးခ်င္းပင္ ျပန္ထြက္လာခဲ့သည္။ အေတာ္ေဝးေဝးကိုေရာက္ေတာ့ ခ်ီယြမ့္အား တစ္ခ်က္လွည့္ၾကည့္လာသည္။ ခ်ီယြမ္က ထိုနားေနေဆာင္အတြင္းမွေနလ်က္ပင္ ယြင္းရန္အားလွမ္းၾကည့္ကာ မ်က္ေစာင္းထိုးေနသည္။ ထိုအခါမွ ယြင္းရန္က ေခ်ာင္းဟန့္ကာျပန္လွည့္ထြက္သြားေလေတာ့၏။တိဟြက ယြင္းရန္မွာထားခဲ့သည့္ အမိန့္အားလိုက္နာရန္ အသင့္ျဖစ္ေနေခ်ၿပီါ

"ကဲ ငါလည္းမကယ္နိုင္ဘူးေနာ္။ မင္းဘာသာလုပ္တာ။"

~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі