Intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 15
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က

" ဒီတစ်ခေါက်ကရော ဘယ်နေရာမှာလဲ။"

"လူ့လောက ကလျဲ့ဝှမ်းဖူတောင်ကြားမှာပါ။"

ယွင်းရန်က သူ၏ဖက်လက်စရှေးဟောင်းစာအုပ်အထူကြီးအား ပိတ်ချလိုက်သည်။ ယနေ့သည်ကား သုံးလောက၏ စွမ်းရည်ပြိုင်ပွဲနေ့ပင်ဖြစ်သည်။

အနှစ်၅၀၀တွင် တစ်ကြိမ်ကျင််းပပြီး အနိုင်ရရှိသည့်သူသည် မည်သည့်မျိုးနွယ်ပင်ဖြစ်နေပါစေ သုံးလောက၏ အလည်ဗဟိုကိုချိတ်ဆက်ကာထားသော ဝင်ပေါက်အား အနှစ်ငါးရာအုပ်စိုးပိုင်ခွင့်ကိုရရှိနိုင်သည်။သုံးလောကသားတို့၏  အသိအမှတ်ပြုခြင်းနှင့်ပြောစမှတ်ပြုခြင်းကိုခံရသည်။သူရဲကောင်းတစ်ဦးကိုရွေးချွယ်ကြသကဲ့သို့ပင် ထိုသူသည်တော်ဝင်သော မိစ္ဆာမျိုးနွယ်အဖြစ်ခံယူခွင့်ရနိုင်သလို ကောင်းကင်ဘုံကိုရွေးချယ်ပါကလည်း ကောင်းကင်ဘုံတွင် နေရာတစ်ခုရနိုင်သည်။

ထို့ကြောင့်ပင် အဆင့်နိမ့်သောမိစ္ဆာများ၊ ကျော်ကြားလိုစိတ်ရှိသောသူများ ၊ မိမိစွမ်းရည်ကိုအသုံးချကာ အောင်မြင်လိုသောသူများက ဤသို့သောပွဲမျိုးကိုစောင့်ဆိုင်းလျက်ရှိကြသည်။ သို့သော်လည်း ဤသို့သောယှဥ်ပြိုင်မှုမျိုးသည်က အမှန်တကယ်အင်အားကြီးမားသော သူနှင့်တွေ့လျင် ထိုအဆင့်နိမ့်သောသူတို့သည် နေစရာနေရာပင်ရှိလိမ့်မည်မဟုတ်။ ဤသို့ပင်ဆိုစေကာမူ အားလုံးသည် တုံးအသော သူများကဲ့သို့၊ ပိုးဖလံတို့မီးတောတိုးသကဲ့သို့ သူတို့ကိုယ်စွမ်းရှိသမျှ ဝင်ရောက်ယှဥ်ပြိုင်နေကြဆဲဖြစ်သည်။ ကောင်းကင်ဘုံသည်ကတော့ အမြဲလိုလို တည်ငြိမ်သောအသွင်အပြင်ဖြင့်ပင် စည်းလုံးသည့်အမူအရာကိုပြသည့်အနေဖြင့် ထိုသို့သော ကွဲထွက်နေခြင်းများမရှိပါချေ။

" ဒီတစ်ခေါက်ရော ငါတို့ဘက်က ယှဥ်ပြိုင်မဲ့သူတွေများလား။ ဘယ်နယ်မြေကသူတွေလဲ။"

ယွင်းရန်က စာအုပ်အထူကြီးကိုကိုင်ကာ မတ်တပ်ရပ်လိုက်သည်။ သူ၏လက်တစ်ဖက်သည်က နောက်ကျောဘက်ရှိ ခါးနားတွင် ကပ်ကာထားပြီး တစ်ဖက်ကမူ လက်ထဲတွင်ကိုင်ထားသော စာအုပ်အားရုတ်တရက်ပင် အပေါ်ဘက်သို့ပစ်တင်လိုက်သည်။ စာအုပ်သည် လေပေါ်တွင်ဝေ့ဝဲနေပြီးနောက် မည်သည့်နေရာကိုမျှလွင့်စင်ခြင်းမရှိဘဲ သူနှင့်မနီးမဝေးတွင်ရှိသောစာအုပ်စင်ကြီးမှ ဆွဲယူခြင်းခံလိုက်ရသလို ဒေါင်လိုက်စီကာထားသော စာအုပ်စင်များ၏ လစ်ဟနေသော နေရာတစ်ခုတွင် တည့်မတ်စွာပင် အစားထိုးဝင်ကာ နေရာတစ်ကျဖြစ်သွားလေ၏။

ယွင်းရန်တွင် သုံးဧကနီးပါးအကျယ်အဝန်းရှိသောစာကြည့်ခန်းတစ်ခန်းရှိသည်။ ထိုအခန်းသည် သူ၏ အနှစ်သက်ဆုံးအခန်းဖြစ်ပြီး သူ၏လူယုံနှစ်ယောက်မှလွဲပြီးမည်သူ့ကိုမျှ အဝင်မခံချေ။ နှစ်ပေါင်းများစွာအတွင်းက တမင်ပင်ခက်ခက်ခဲခဲစုဆောင်းထားရသော စာအုပ်များ၊ ပေလိပ်များ၊ ဝါးလိပ်ပေါ်တွင်ရေးကာထားသော စာများကို နေရာတစ်ကျပင် အစီအရီဖြင့်ထားထားသည်။ စာအုပ်စင်တန်းကြီးများသည်ပင် လူနှစ်ရပ်စာနီးပါးမြင့်မားကြပြီး ထိုအခန်းတစ်ခုလုံးတွင် စီတန်းလျက် ပြည့်နှက်နေကြသည်။ ရှေ့ဆုံးတွင်တော့ ယွင်းရန်၏စာကြည့်စားပွဲရှိသည်။ ယွင်းရန်က စာဖတ်ခန်းတစ်ခန်းလုံး၏မီးအလင်းရောင်အား သူ၏အမြုတေမှ အနည်းငယ်ဆီခွဲဝေလျက် အစိမ်းနုရောင်အလုံးလေးများအသွင်ဖြင့် ခန်းမဆောင်တစ်ခုလုံးကိုထွန်းလင်းစေသည်။ မည်သည့်အကြောင်းကြောင့်ရယ်မှ စာအုပ်များကိုပျက်စီးခွင့်မပြုနိုင်တာကြောင့် သူ၏စာဖတ်ခန်းအား လောင်ကျွမ်းနိုင်သည့် မီးမျိုးမထွန်းချေ။

လူ့လောကတွင်ရှာဖွေရရှိသမျှ တန်ဖိုးကြီးမားသည့်စာပေများအပြင် ကောင်းကင်ဘုံတွင်သာဖတ်ရှုရနိုင်လောက်သည့်အဖိုးတန် စာပေအချို့သည်ပင်လျင် ပါဝင်နေလိမ့်မည်။ လူတစ်ယောက်သည်သူ၏ တစ်သက်တာလုံးသော အချိန်ကိုအကုန်ခံကာ ထိုစာဖတ်ခန်းရှိ စာအုပ်အားလုံးကို ဖတ်မည်ဆိုလျင်ပင် မလောက်နိုင်ချေ။ ထိုသို့သော ဆန်းကြယ်သည့်စာကြည့်ခန်းကြီး၏မြင်ကွင်းအား လူတိုင်းကြည့်ရှုခံစားနိုင်ခွင့်မရှိကြချေ။

ယွင်းရန်၏လူယုံတစ်ယောက်ဖြစ်သူ ကျီရင်းက ဂါရဝပြုကာဆိုလိုက်သည်။

"၃၀၀လောက်တော့ရှိပါမယ်။ အရှင်ကရော ဝင်ပြိုင်ဖို့...."

သူ၏စကားကလမ်းတစ်ဝက်တွင်ပင် ရပ်တန့်သွားလေ၏။ ဤပြိုင်ပွဲသည်က မည်သူမဆိုဝင်ရောက်ယှဥ်ပြိုင်နိုင်ပြီး မည်သည့်စွမ်းအားမျိုးကိုမဆိုအသုံးပြုခွင့်ပေးထားသည့် ပြိုင်ပွဲတစ်ခုပင်။ အဘယ့်ကြောင့်ဆိုသော် ထိုပြိုင်ပွဲနယ်နမိတ်ကိုဝင်ရောက်လိုက်သည်နှင့် အသက်ရှင်ကျန်ရန် ရာခိုင်နှုန်းသည် ငါးဆယ်ရာခိုင်နှုန်းနီးပါးလျော့ကျသွားလေပြီ​ဖြစ်သည်။

ကျီရင်း၏ ဆိုလိုချက်က ဝင်ပြိုင်မည်လားဟုမေးမည်ကြံပြီးကာမှ မပြိုင်လောက်ပါဘူးဟုတွေးလို​က်မိသည့် ပုံစံဖြင့်စကားရပ်လိုက်ခြင်းပင်။ယွင်းရန်က ခေါင်းငုံ့ကာနေသော ကျီရင်းကိုကြည့်ကာတစ်ချက်ပြုံးလိုက်သည်။

"အခြေအနေကြည့်ကြည့်မယ်လေ။ စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲဆိုရင်တော့ ဝင်ပါတာပေါ့။"

ကျီရင်းက သူ့ကိုမော့ကြည့်လာသည်။ ထိုတစ်ယောက်က မဝံ့မရဲပြုံးကာခေါင်းငုံ့လိုက်ရင်း ပြန်လည်ဖြေကြားသည်။

"မှန်လှပါ အရှင်။"

..................................

လျဲ့ဝှမ်းဖူတောင်ကြားဟူသည် သုံးလောကတံခါးချပ်ရှိရာနေရာတစ်ခုပင်ဖြစ်သည်။  ၎င်း၏အစွန်းတစ်ဖက်တွင် ငရဲပြည်၏တံခါးဝရှိပြီး ထိုနေရာသည် လူ့လောကသားများ၏ တမလွန်ဘဝကိုအဆုံးအဖြတ်ပေးနိုင်သည့်နေရာတစ်ခုလည်းဖြစ်သည်။ ထိုနေရာသို့ ဝင်ရောက်နိုင်ခြင်းသည်ကပင် ပထမဆုံးအနေဖြင့် စမ်းသပ်ခံရခြင်းဖြစ်သည်။ လူ့လောကတွင်ရှိသည်ဟုဆိုသော်လည်း သာမန်လူတစ်ယောက်သည် ထိုနေရာသို့ လာရောက်နိုင်ခြင်းမရှိသည့်အ​​ပြင် ထိုတောင်ကြားတွင်ရှိသော ထိုသုံးလောကတံခါးချပ်ကိုသာမက မည်သည့်အရာကိုမျှမြင်တွေ့ရလိမ့်မည်မဟုတ်ချေ ။ မကောင်းသော မိစ္ဆာနတ်ဆိုးများသည်ပင်လျင် ထိုဝင်ပေါက်အား မဖြတ်ကျော်နိုင်ကြသည့်အခြေအနေမျိုးရှိသည်။

မျိုးနွယ်ပေါင်းမြောက်များစွာ စုဝေးနေကြပြီး ထူးဆန်းသည်ပုံသဏ္ဍာန်များနှင့်အတူ လူပုံစံတစ်ပိုင်း မကောင်းဆိုးဝါးပုံစံတစ်ပိုင်း စသောမကောင်းဆိုးဝါး ၊မိစ္ဆာ၊ စသောမျိုးနွယ်များစွာပင်ပါဝင်နေသေးသည်။ တစ်ချို့သော မျိုးနွယ်များက ကြီးမားသော ကိုယ်ခန္တာများရှိကြပြီး သွင်ပြင်ပူံပန်းသဏ္ဍာန်များသည်ကြောက်စရာကောင်းလှသည်။ တစ်ချို့သော အမြုတေမြင့်မားသည့်သူများသည်လည်း ၎င်းတို့၏ မူလသွင်ပြင်ကိုဖုံးကွယ်ကာ လူသားပုံသဏ္ဍာန်ဖန်တီးလူပ်ယူထားကြသည်။

မြင့်မားကာမတ်စောက်နေသော ကျောက်တောင်ကြီး၏ အလယ်ဗဟိုနားတွင်ကြီးမားလွန်းသော အပေါက်ကြီးတစ်ခုကိုဖောက်ကာထားပြီးထိုနေရာတွင်ပင် အမြုတေမြင့်မားသော သူများကစုဝေးနေကြသည်။ တစ်နည်းအားဖြင့် ထိုသူတို့သည် ပွဲကြည့်ပရိတ်သတ်လူပ်မည့်သူများပင်ဖြစ်သည်။ ၎င်းတို့နှင့်ဆန့်ကျင်ဘက်တွင်လည်း ထိုသို့သော မတ်စောက်သည့်ကျောက်တောင်ကြီးတွင် အပေါက်ဖောက်ကာ ထိုနေရာတွင် ကောင်းကင်ဘုံနန်းတော်ဘက်မှ အကြီးအကဲများက နေရာကိုယ်စီဖြင့် ထိုင်နေကြသည်။

ထိုကျောက်တောင်နှစ်ခု၏ အလည်ဗဟိုကြားတွင် ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်မည့်သူများ စုဝေးနေကြသည်။ ၎င်းတို့နှင့်မလှမ်းမကမ်းရှိ တောင်ခြေတွင်လည်းအခြားသော ပွဲကြည်ပြရိတ်သန်မျိုးနွယ်များစွာလည်း အသံစုံဖြင့်ဟစ်ကြွေအော်မြည်နေကြသေးသည်။

ထိုသူတိူ့၏ အရှေ့ဘက်တွင်ပင် မြူခိုးများအပြင် လျှပ်စီးများတစ်လျပ်လျပ်ထကာ အလင်းရောင်တစ်ချို့ ဖြာထွက်နေသော အခိုးအငွေ့များသဏ္ဍာန်ဖြင့်ဖုံးအုပ်နေပြီး အတော်မြင့်မားကာဒဏ္ဍာရီဆန်သော ဂိတ်တံခါးအရှည်ကြီးကိုလည်းမြင်တွေ့ရနိုင်သည်။ ယွင်းရန်ကဘေးရှိ တိဟွကိုလှမ်းခေါ်လိုက်သည်။

" တိဟွ.....ဒီတစ်ခေါက်သားရဲတွေကိုဘယ်သူစီစဥ်တာလဲ။"

ယွင်းရန်စိတ်ဝင်အစားဆုံးသည်က ထိုသို့သောစီးနင်း၍ရနိုင်သည့် သတ္တဝါများကို ဖမ်းဆီးရခြင်းပင်ဖြစ်သည်။ သူ့ထံတွင် ကိုယ်ပိုင်အိမ်မွေးတိရိစ္ဆာန်သဘောဖြင့်မွေးထားသည့် သားရဲကြီး များ မြောက်များစွာရှိသည်။ ထိုသားရဲကြီးများကို မိစ္ဆာနန်းတော်၏ အောက်ဆုံးထပ်ဖြစ်သော မြေအောက်ခန်းထဲတွင် မွေးကာထားသည်။ ခေါင်းသုံးလုံးနှင့်ခန္တာကိုယ်ထည်တစ်ခုသာရှိသော ခွေးပုံသဏ္ဍာန်နှင့် မိစ္ဆာနှစ်ကောင်အပြင်အခြားသော နေရာပေါင်းစုံ၌သောင်းကျန်းခဲ့ကြ၍ ယွင်းရန်ကသွားရောက်နှိမ်နင်းခဲ့ရဖူးသည့် ထူးဆန်းကြောက်မတ်ဖွယ်ကောင်းသော သားရဲများစွာလည်းပါဝင်သေးသည်။  ထိုမကောင်းဆိုးဝါးကြီးများ၏ ခန္တာကိုယ်အရွယ်အစားသည်ပင် အိမ်တစ်လုံးစာနီးပါးရှိကြသည်။ ယွင်းရန်က ထိုမိစ္ဆာခွေးနှစ်ကောင်ကို အခြားအကောင်ကြီးများထက်ပို၍သဘောကျနှစ်သက်သည်။

"ဒီတစ်ခေါက်ရဲ့ သားရဲတွေကိုစီစဥ်သူက ကောင်းကင်မင်းကြီးကိုယ်တိုင်မလို့ အကုန်လုံးကပိုပြီးစိတ်ဝင်စားနေကြပါတယ်။ "

"ရှန်းဝူပိုင်လား။"

ယွင်းရန်၏ အကြည့်ကချက်ချင်းပင်သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ဝတ်ဖြူစင်ကြယ်ဝတ်ရုံတစ်ဖားဖားနှင့် နတ်ဘုရားများဆီသို့ရောက်သွားသည်။ထိုနတ်ဘုရားများ ကိုယ်ရောင်ကိုယ်ဝါတောက်ပနေကြပြီး ထင်ပေါ်နေသည့်သူများပင်ဖြစ်သည်။ ထိုလူများထဲတွင်မှ ပို၍ ထင်ရှားသည့်အဆောင်အယောင်များနှင့်အတူ သူနှင့်တန်းတူနေရာလောက်မှာပင်မျက်နှာချင်းဆိုင် ရှိနေကာ ဘေးရှိ နတ်ဘုရားတစ်ပါးအား တီးတိုးစကားဆိုနေပြီး ရယ်မောနေသော ရှန်းဝူပိုင်ကိုတွေ့ရသည်။ ရှန်းဝူပိုင်သည်လည်း မျက်တောင်တစ်ချက်အခက်တွင်ပင် ယွင်းရန်ကို လှမ်းကြည့်လာသည်။ အကွာအဝေးသည် ပေတစ်ရာနီးပါးလောက် ကွာဝေးသော်လည်း နှစ်ဦးသားသည်တစ်ဖက်ကိုတစ်ဖက်ရှင်းရှင်းလင်းလင်းပင်မြင်နိုင်ကြသည်။

ရှန်းဝူပိုင်ကလည်းယွင်းရန်ကိုသေချာကြည့်နေလိုက်ပြီးနောက် သူ၏ မျက်နှာတွင်ပိုမိုတောက်ပသောအပြုံးတစ်ခုကိုဖန်တီးယူလိုက်သည်။ ယွင်းရန်ကလည်း ရှန်းဝူပိုင်ကိုကြည့်လျက်ပင် သူ၏နှူတ်ခမ်းအားကွေးညွှတ်ရုံသာကွေးလိုက်ရင်း ပြန်ပြုံးပြသည်။

" တိဟွ ၊ကျီရင်း ဒီမှာနေခဲ့လိုက်။ ငါ ပြိုင်ပွဲဝင်လိုက်အုန်းမယ်။ အကြောမလျော့ရတာ နှစ်နည်းနည်းကြာနေပြီမလို့ အကြောလျော့မှဖြစ်မယ်။"

"ကျွန်တော်မျိုးလည်း လိုက်ခဲ့ပါရစေ။"

ယွင်းရန်၏ဘေးတစ်ဖက်တွင် ရပ်ကာနေသော ကျီရင်းကချက်ချင်းပင် ပြောလိုက်သည်။ ယွင်းရန်က

" မလိုက်နဲ့တော့။ ငါတစ်ယောက်တည်းသွားမယ်။"

ကျီရင်းက သူပါလိုက်ရန်ပြောသော်လည်း ယွင်းရန်ကခပ်ပြတ်ပြတ်ပင်ပြောတာ အောက်သို့ခုန်ဆင်းသွားလေတော့သည်။

"အယ်...အရှင်... အရှင်ယွင်းရန် "

ကျီရင်းနှင့်တိဟွတို့နှစ်ယောက်လုံး ထိုနေရာတွင်ပင် ကျန်ရစ်နေခဲ့လေ၏။ ယွင်းရန်ဆင်းသွားပြီးနောက်တွင် တိဟွက ကျောက်တုံးများဖြင့်ပုံဖော်ကာထားသော ထိုင်ခုံတန်းတစ်ခုတွင်ဝင်ထိုင်လိုက်သည်။ ကျီးရန်က သူ၏လက်သီးနှစ်ဖက်ကိုဆုပ်ကိုင်လျက်ပင် တောင်အောက်သို့ကြည့်နေဆဲ။ တိဟွက လှမ်းအော်လိုက်သည်။

"ကျီရင်း....မလာဘူးလား။ မကြာခင်ပွဲစတော့မှာလေ။"

ကျီရင်းက တိဟွကိုတစ်ချက်လှမ်းကြည့်သည်။ ထို့နောက်ချက်ချင်းပင် အောက်ဘက်သို့ပြန်ကြည့်ပြန်လေ၏။ ပုံစံကအတော်ပင် ယောက်ယက်ခတ်နေပုံရသည်။ တိဟွ​က ထိုပုံစံအားကြည့်၍ ထပ်မေးလိုက်လေသည်။

"ကျီရင်းဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ဘူး။ ငါတောင်အောက်ဘက်ခဏသွားလိုက်အုန်းမယ်။ နည်းနည်းနေလို့မကောင်းလို့။"

ကျီရင်းက တောင်၏တခြားတစ်ဖက်ရှိအခေါင်းပေါက်တစ်ခုသို့ ဝင်ကာသွားသည်။ သူတိူ့၏နောက်ဘက်တွင်ကျောက်တောင်ကြီးအား ပတ်ကာဖောက်ထွင်းထားသော လှေကားထစ်ပေါင်း များစွာရှိသည်။ ထိုလှေကားများ၏ အဆုံးသည်ကတော့ ပြိုင်ပွဲကွင်းနှင့် မလှမ်းမကမ်းတွင်ရှိသည်။

"ကောင်းပြီလေ။"

တိဟွက သူ၏ ခုံနေရာတွင်သာဆက်ထိုင်လိုက်ရင်း ပွဲကြည့်ရန်သာဆုံးဖြတ်လိုက်သည်။

အောက်ရှိ ထောင်ပေါင်းများစွာသော မိစ္ဆာနတ်ဆိုးများနှင့် နတ်သူငယ်များ နတ်ဘုရားများက ဂိတ်တံခါးဝင်ပွင်မည့်အချိန်ကိုစောင့်ဆိုင်းနေကြပြီး အရာအားလုံးသည်လည်း အသင့်ဖြစ်နေချေပြီ။ ဂိတ်တံခါးကြီးက ကျယ်လောင်လွန်းသောမိုးချိန်းသံကြီးကဲ့သို့ အသံမျိုးထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်းပွင့်ဟလာချေလေပြီ။

အားလုံးက ငြိမ်သက်နေရာမှ ချက်ချင်းသတ္တိပြန်မွေးလိုက်ကြရင်း အထဲသို့ဝင်ကာသွားကြသည်။ ယွင်းရန်သည်ပင်လျင် ထိုလူများကြားထဲရောပါသွားသေး၏။ ရှန်းဝူပိုင်စီစဥ်သည့် သားရဲများသည် အများအားဖြင့် တိုက်ခိုက်ရခက်ကာအဖိုးတန်သည့် ရှားပါးမျိုးနွယ်ဝင်အကောင်ကြီးများဖြစ်ကြသည်။ ထို့အပြင် ရှန်းဝူပိုင်က ထိုသားရဲများကို ပြိုင်ကွင်း၏ အသက်ကြောအဖြစ်ထားခြင်းဖြစ်သည်။ နောက်ဆုံးယှဥ်ကျန်သူသည် ထိုသားရဲကောင်ကြီးနှင့် တိုက်ခိုက်ပြီးမှ သာထွက်ခွာခွင့်ရှိသည်။ ဤ ပွဲတွင် ရက်စက်သည် ကြမ်းကြုတ်သည်ဟု ပြောခွင့်မရနိုင်သလို မည်သည့်စည်းကမ်းမျှမရှိပေ။ အချင်းချင်း သူသေကိုယ်သေတိုက်ခိုက်ကာ တစ်ယောက်သေဆုံးလျင် ထိုသေဆုံးသူ၏ အမြုတေစွမ်းအားတစ်ဝက်ကို သတ်လိုက်သည့်သူကရသည်။ ထိုစွမ်းအားအားလုံးသည် နောက်ဆုံးသားရဲ ကြီးကိုအနိုင်ယူရန်အသုံးဝင်သည်။

များသောအားဖြင့် ထိုသို့သော သူရဲကောင်းက ပြိုင်ပွဲ ၁၀ပွဲရှိပင်လျင် ၃ယောက်ခန့်သာပေါ်ထွက်နိုင်သည်။ အချင်းချင်း မတိုက်ခိုက်ကြလျင်တောင် ထိုပြိုင်ပွဲနယ်နိမိတ်တွင်ရှိသော အခြားသားရဲကောင်များ၏ တိုက်ခိုက်မှုကိုခံရအုန်းမယ်ဖြစ်သည်။

"မိစ္ဆာဘုရင်ယွင်းရန်က ပြိုင်ပွဲဝင်သူတွေကြားမှာ ဘာဝင်လုပ်တာလဲ။ "

ရှန်းဝူပိုင်က ဂိတ်တံခါးအတွင်းသို့ အေးဆေးလမ်းလျှောက်ကာပင်ဝင်သွားသော ယွင်းရန်ကိုကြည့်နေရင်းပင် ဘေးရှိ နတ်ဘုရားတစ်ပါး၏စကားကြောင့် ထိုနတ်ဘုရားအားကြည့်လိုက်သည်။ သူကပြုံးလျက်ပင်

"အင်း....သူလည်းထပ်ပြီး လူငယ်ဘဝကိုလိုချင်လို့နေမှာပေါ့။"

"ဘာပဲဖြစ်ဖြစ် သူကသူ့ရဲ့အမြုတေစွမ်းအားကို တမင်ကြွားချင်နေတာပဲဖြစ်လိမ့်မယ်။ တစ်ခြားသူတွေအတွက်သူ့ရဲ့ စွမ်းအားတွေက သာလွန်နေတော့ ပြိုင်ပွဲရဲ့ရလဒ်က သိနေကြပြီပေါ့။ ပြီးတော့ သူ့က သူ့ရဲ့ နန်းတော်မှာ လူတစ်ယောက်ပိုလာမှာကိုမလိုလားတာများလားပဲ။"

"မဟုတ်လောက်ပါဘူးဗျာ။ ပြိုင်ပွဲရဲ့ရလဒ်က အမျိုးမျိုးပြောင်းလဲနိုင်ပြီး ဘယ်သူမဆိုလည်း အောင်နိုင်သူဖြစ်နိုင်တာပဲလေ။ "

ရှန်းဝူပိုင်က တဖြည်းဖြည်းပြန်လည်ပိတ်သွားပြီဖြစ်သော ဂိတ်တံခါးကြီးအားလှမ်းကြည့်လိုက်ရင်း သူကရယ်မောလိုက်သည်။

"ဒါမှမဟုတ်...... တစ်ယောက်မှပြန်ထွက်မလာနိုင်တာလဲဖြစ်နိုင်တာပဲ။ ဟုတ်တယ်မလား။"

"......"

ဘေးရှိ နားစွင့်နေသူများပါ အနည်းငယ်တော့ကြောင်အမ်းအမ်းဖြစ်သွားကြသည်။ ပြီးမှ တယောက်ကစ၍ ထောက်ခံလိုက်သည်။

"အာ...ဟားဟား....ဟုတ်တယ်။ ဟုတ်တယ်။"

သူတို့၏အနောက်ဘက်တွင်ရှိသော နတ်ဘုရားတစ်ပါးက ဆိုသည်။

"ကျွန်တော်မျိုးကတော့ မိစ္ဆာဘုရင်ယွင်းရန်ကို ဒီတသက်အမြင်ကြည်နိုင်မယ်မထင်ဘူး။ ကောင်းကင်ဘုံစာကြည့်ဆောင်ရဲ့ စာပေတစ်ဝက်ကို နတ်သူငယ်တွေဆီကခြိမ်းခြောက်သိမ်းယူသွားခဲ့တာလေ။ အဲ့ဒီအချိန်က သူ့ရဲ့မျက်နှာပုံစံကိုအခုထိမေ့လို့မရနိုင်သေးဘူး။ ပြီးတော့..."

"လွမ့်ယွီနတ်ဘုရား စိတ်လျော့ပါဗျာ။ ဒီကိစ္စက ကောင်းကင်ဘုံအတွက် အရှက်ရစရာကိစ္စတစ်ခုဆိုတော့ ပြန်အစဖော်မနေသင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် နှစ်၈၀၀လောက်တောင်ကြာနေပြီပဲကို။"

ရှန်းဝူပိုင်က ဆက်နားမထောင်ချင်တော့တာကြောင့် သူကပြုံးလျက်ပင် ထိုနတ်ဘုရားအား အသံတိတ်စေလိုက်သည်။

ထိုနတ်ဘုရားက ချက်ချင်းပင် ထိုင်နေရာမှ ထကာ ဂါရဝပြုလျက်တောင်းပန်စကားဆိုသည်။

"ကျွန်တော်မျိုး စကားများမိသွားလို့ စိုးရွံ့မိပါတယ်။ "

"ကောင်းပါပြီ။"

~~~~~~~~~~~~~~~~~~~~~
လြန္ခဲ့ေသာ ႏွစ္ေပါင္းတစ္ေထာင္ခန့္က

" ဒီတစ္ေခါက္ကေရာ ဘယ္ေနရာမွာလဲ။"

"လူ႕ေလာက ကလ်ဲ့ဝွမ္းဖူေတာင္ၾကားမွာပါ။"

ယြင္းရန္က သူ၏ဖက္လက္စေရွးေဟာင္းစာအုပ္အထူႀကီးအား ပိတ္ခ်လိဳက္သည္။ ယေန႕သည္ကား သုံးေလာက၏ စြမ္းရည္ၿပိဳင္ပြဲေန႕ပင္ျဖစ္သည္။

အႏွစ္၅၀၀တြင္ တစ္ႀကိမ္က်င္္းပၿပီး အနိုင္ရရွိသည့္သူသည္ မည္သည့္မ်ိဳးႏြယ္ပင္ျဖစ္ေနပါေစ သုံးေလာက၏ အလည္ဗဟိုကိုခ်ိတ္ဆက္ကာထားေသာ ဝင္ေပါက္အား အႏွစ္ငါးရာအုပ္စိုးပိုင္ခြင့္ကိုရရွိနိုင္သည္။သုံးေလာကသားတို႔၏  အသိအမွတ္ျပဳျခင္းႏွင့္ေျပာစမွတ္ျပဳျခင္းကိုခံရသည္။သူရဲေကာင္းတစ္ဦးကိုေ႐ြးခြၽယ္ၾကသကဲ့သို႔ပင္ ထိုသူသည္ေတာ္ဝင္ေသာ မိစ္ဆာမ်ိဳးႏြယ္အျဖစ္ခံယူခြင့္ရနိုင္သလို ေကာင္းကင္ဘုံကိုေ႐ြးခ်ယ္ပါကလည္း ေကာင္းကင္ဘုံတြင္ ေနရာတစ္ခုရနိုင္သည္။

ထို႔ေၾကာင့္ပင္ အဆင့္နိမ့္ေသာမိစ္ဆာမ်ား၊ ေက်ာ္ၾကားလိုစိတ္ရွိေသာသူမ်ား ၊ မိမိစြမ္းရည္ကိုအသုံးခ်ကာ ေအာင္ျမင္လိုေသာသူမ်ားက ဤသို႔ေသာပြဲမ်ိဳးကိုေစာင့္ဆိုင္းလ်က္ရွိၾကသည္။ သို႔ေသာ္လည္း ဤသို႔ေသာယွဥ္ၿပိဳင္မႈမ်ိဳးသည္က အမွန္တကယ္အင္အားႀကီးမားေသာ သူႏွင့္ေတြ႕လ်င္ ထိုအဆင့္နိမ့္ေသာသူတို႔သည္ ေနစရာေနရာပင္ရွိလိမ့္မည္မဟုတ္။ ဤသို႔ပင္ဆိုေစကာမူ အားလုံးသည္ တုံးအေသာ သူမ်ားကဲ့သို႔၊ ပိုးဖလံတို႔မီးေတာတိုးသကဲ့သို႔ သူတို႔ကိုယ္စြမ္းရွိသမွ် ဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကဆဲျဖစ္သည္။ ေကာင္းကင္ဘုံသည္ကေတာ့ အၿမဲလိုလို တည္ၿငိမ္ေသာအသြင္အျပင္ျဖင့္ပင္ စည္းလုံးသည့္အမူအရာကိုျပသည့္အေနျဖင့္ ထိုသို႔ေသာ ကြဲထြက္ေနျခင္းမ်ားမရွိပါေခ်။

" ဒီတစ္ေခါက္ေရာ ငါတို႔ဘက္က ယွဥ္ၿပိဳင္မဲ့သူေတြမ်ားလား။ ဘယ္နယ္ေျမကသူေတြလဲ။"

ယြင္းရန္က စာအုပ္အထူႀကီးကိုကိုင္ကာ မတ္တပ္ရပ္လိုက္သည္။ သူ၏လက္တစ္ဖက္သည္က ေနာက္ေက်ာဘက္ရွိ ခါးနားတြင္ ကပ္ကာထားၿပီး တစ္ဖက္ကမူ လက္ထဲတြင္ကိုင္ထားေသာ စာအုပ္အား႐ုတ္တရက္ပင္ အေပၚဘက္သို႔ပစ္တင္လိုက္သည္။ စာအုပ္သည္ ေလေပၚတြင္ေဝ့ဝဲေနၿပီးေနာက္ မည္သည့္ေနရာကိုမွ်လြင့္စင္ျခင္းမရွိဘဲ သူႏွင့္မနီးမေဝးတြင္ရွိေသာစာအုပ္စင္ႀကီးမွ ဆြဲယူျခင္းခံလိုက္ရသလို ေဒါင္လိုက္စီကာထားေသာ စာအုပ္စင္မ်ား၏ လစ္ဟေနေသာ ေနရာတစ္ခုတြင္ တည့္မတ္စြာပင္ အစားထိုးဝင္ကာ ေနရာတစ္က်ျဖစ္သြားေလ၏။

ယြင္းရန္တြင္ သုံးဧကနီးပါးအက်ယ္အဝန္းရွိေသာစာၾကည့္ခန္းတစ္ခန္းရွိသည္။ ထိုအခန္းသည္ သူ၏ အႏွစ္သက္ဆုံးအခန္းျဖစ္ၿပီး သူ၏လူယုံႏွစ္ေယာက္မွလြဲၿပီးမည္သူ႕ကိုမွ် အဝင္မခံေခ်။ ႏွစ္ေပါင္းမ်ားစြာအတြင္းက တမင္ပင္ခက္ခက္ခဲခဲစုေဆာင္းထားရေသာ စာအုပ္မ်ား၊ ေပလိပ္မ်ား၊ ဝါးလိပ္ေပၚတြင္ေရးကာထားေသာ စာမ်ားကို ေနရာတစ္က်ပင္ အစီအရီျဖင့္ထားထားသည္။ စာအုပ္စင္တန္းႀကီးမ်ားသည္ပင္ လူႏွစ္ရပ္စာနီးပါးျမင့္မားၾကၿပီး ထိုအခန္းတစ္ခုလုံးတြင္ စီတန္းလ်က္ ျပည့္ႏွက္ေနၾကသည္။ ေရွ႕ဆုံးတြင္ေတာ့ ယြင္းရန္၏စာၾကည့္စားပြဲရွိသည္။ ယြင္းရန္က စာဖတ္ခန္းတစ္ခန္းလုံး၏မီးအလင္းေရာင္အား သူ၏အျမဳေတမွ အနည္းငယ္ဆီခြဲေဝလ်က္ အစိမ္းႏုေရာင္အလုံးေလးမ်ားအသြင္ျဖင့္ ခန္းမေဆာင္တစ္ခုလုံးကိုထြန္းလင္းေစသည္။ မည္သည့္အေၾကာင္းေၾကာင့္ရယ္မွ စာအုပ္မ်ားကိုပ်က္စီးခြင့္မျပဳနိုင္တာေၾကာင့္ သူ၏စာဖတ္ခန္းအား ေလာင္ကြၽမ္းနိုင္သည့္ မီးမ်ိဳးမထြန္းေခ်။

လူ႕ေလာကတြင္ရွာေဖြရရွိသမွ် တန္ဖိုးႀကီးမားသည့္စာေပမ်ားအျပင္ ေကာင္းကင္ဘုံတြင္သာဖတ္ရႈရနိုင္ေလာက္သည့္အဖိုးတန္ စာေပအခ်ိဳ႕သည္ပင္လ်င္ ပါဝင္ေနလိမ့္မည္။ လူတစ္ေယာက္သည္သူ၏ တစ္သက္တာလုံးေသာ အခ်ိန္ကိုအကုန္ခံကာ ထိုစာဖတ္ခန္းရွိ စာအုပ္အားလုံးကို ဖတ္မည္ဆိုလ်င္ပင္ မေလာက္နိုင္ေခ်။ ထိုသို႔ေသာ ဆန္းၾကယ္သည့္စာၾကည့္ခန္းႀကီး၏ျမင္ကြင္းအား လူတိုင္းၾကည့္ရႈခံစားနိုင္ခြင့္မရွိၾကေခ်။

ယြင္းရန္၏လူယုံတစ္ေယာက္ျဖစ္သူ က်ီရင္းက ဂါရဝျပဳကာဆိုလိုက္သည္။

"၃၀၀ေလာက္ေတာ့ရွိပါမယ္။ အရွင္ကေရာ ဝင္ၿပိဳင္ဖို႔...."

သူ၏စကားကလမ္းတစ္ဝက္တြင္ပင္ ရပ္တန့္သြားေလ၏။ ဤၿပိဳင္ပြဲသည္က မည္သူမဆိုဝင္ေရာက္ယွဥ္ၿပိဳင္နိုင္ၿပီး မည္သည့္စြမ္းအားမ်ိဳးကိုမဆိုအသုံးျပဳခြင့္ေပးထားသည့္ ၿပိဳင္ပြဲတစ္ခုပင္။ အဘယ့္ေၾကာင့္ဆိုေသာ္ ထိုၿပိဳင္ပြဲနယ္နမိတ္ကိုဝင္ေရာက္လိုက္သည္ႏွင့္ အသက္ရွင္က်န္ရန္ ရာခိုင္ႏႈန္းသည္ ငါးဆယ္ရာခိုင္ႏႈန္းနီးပါးေလ်ာ့က်သြားေလၿပီ​ျဖစ္သည္။

က်ီရင္း၏ ဆိုလိုခ်က္က ဝင္ၿပိဳင္မည္လားဟုေမးမည္ႀကံၿပီးကာမွ မၿပိဳင္ေလာက္ပါဘူးဟုေတြးလို​က္မိသည့္ ပုံစံျဖင့္စကားရပ္လိုက္ျခင္းပင္။ယြင္းရန္က ေခါင္းငုံ႕ကာေနေသာ က်ီရင္းကိုၾကည့္ကာတစ္ခ်က္ၿပဳံးလိုက္သည္။

"အေျခအေနၾကည့္ၾကည့္မယ္ေလ။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ပြဲဆိုရင္ေတာ့ ဝင္ပါတာေပါ့။"

က်ီရင္းက သူ႕ကိုေမာ့ၾကည့္လာသည္။ ထိုတစ္ေယာက္က မဝံ့မရဲၿပဳံးကာေခါင္းငုံ႕လိုက္ရင္း ျပန္လည္ေျဖၾကားသည္။

"မွန္လွပါ အရွင္။"

..................................

လ်ဲ့ဝွမ္းဖူေတာင္ၾကားဟူသည္ သုံးေလာကတံခါးခ်ပ္ရွိရာေနရာတစ္ခုပင္ျဖစ္သည္။  ၎၏အစြန္းတစ္ဖက္တြင္ ငရဲျပည္၏တံခါးဝရွိၿပီး ထိုေနရာသည္ လူ႕ေလာကသားမ်ား၏ တမလြန္ဘဝကိုအဆုံးအျဖတ္ေပးနိုင္သည့္ေနရာတစ္ခုလည္းျဖစ္သည္။ ထိုေနရာသို႔ ဝင္ေရာက္နိုင္ျခင္းသည္ကပင္ ပထမဆုံးအေနျဖင့္ စမ္းသပ္ခံရျခင္းျဖစ္သည္။ လူ႕ေလာကတြင္ရွိသည္ဟုဆိုေသာ္လည္း သာမန္လူတစ္ေယာက္သည္ ထိုေနရာသို႔ လာေရာက္နိုင္ျခင္းမရွိသည့္အ​​ျပင္ ထိုေတာင္ၾကားတြင္ရွိေသာ ထိုသုံးေလာကတံခါးခ်ပ္ကိုသာမက မည္သည့္အရာကိုမွ်ျမင္ေတြ႕ရလိမ့္မည္မဟုတ္ေခ် ။ မေကာင္းေသာ မိစ္ဆာနတ္ဆိုးမ်ားသည္ပင္လ်င္ ထိုဝင္ေပါက္အား မျဖတ္ေက်ာ္နိုင္ၾကသည့္အေျခအေနမ်ိဳးရွိသည္။

မ်ိဳးႏြယ္ေပါင္းေျမာက္မ်ားစြာ စုေဝးေနၾကၿပီး ထူးဆန္းသည္ပုံသ႑ာန္မ်ားႏွင့္အတူ လူပုံစံတစ္ပိုင္း မေကာင္းဆိုးဝါးပုံစံတစ္ပိုင္း စေသာမေကာင္းဆိုးဝါး ၊မိစ္ဆာ၊ စေသာမ်ိဳးႏြယ္မ်ားစြာပင္ပါဝင္ေနေသးသည္။ တစ္ခ်ိဳ႕ေသာ မ်ိဳးႏြယ္မ်ားက ႀကီးမားေသာ ကိုယ္ခႏၱာမ်ားရွိၾကၿပီး သြင္ျပင္ပူံပန္းသ႑ာန္မ်ားသည္ေၾကာက္စရာေကာင္းလွသည္။ တစ္ခ်ိဳ႕ေသာ အျမဳေတျမင့္မားသည့္သူမ်ားသည္လည္း ၎တို႔၏ မူလသြင္ျပင္ကိုဖုံးကြယ္ကာ လူသားပုံသ႑ာန္ဖန္တီးလူပ္ယူထားၾကသည္။

ျမင့္မားကာမတ္ေစာက္ေနေသာ ေက်ာက္ေတာင္ႀကီး၏ အလယ္ဗဟိုနားတြင္ႀကီးမားလြန္းေသာ အေပါက္ႀကီးတစ္ခုကိုေဖာက္ကာထားၿပီးထိုေနရာတြင္ပင္ အျမဳေတျမင့္မားေသာ သူမ်ားကစုေဝးေနၾကသည္။ တစ္နည္းအားျဖင့္ ထိုသူတို႔သည္ ပြဲၾကည့္ပရိတ္သတ္လူပ္မည့္သူမ်ားပင္ျဖစ္သည္။ ၎တို႔ႏွင့္ဆန့္က်င္ဘက္တြင္လည္း ထိုသို႔ေသာ မတ္ေစာက္သည့္ေက်ာက္ေတာင္ႀကီးတြင္ အေပါက္ေဖာက္ကာ ထိုေနရာတြင္ ေကာင္းကင္ဘုံနန္းေတာ္ဘက္မွ အႀကီးအကဲမ်ားက ေနရာကိုယ္စီျဖင့္ ထိုင္ေနၾကသည္။

ထိုေက်ာက္ေတာင္ႏွစ္ခု၏ အလည္ဗဟိုၾကားတြင္ ၿပိဳင္ပြဲအားဝင္ေရာက္ယွဥ္ၿပိဳင္မည့္သူမ်ား စုေဝးေနၾကသည္။ ၎တို႔ႏွင့္မလွမ္းမကမ္းရွိ ေတာင္ေျခတြင္လည္းအျခားေသာ ပြဲၾကည္ျပရိတ္သန္မ်ိဳးႏြယ္မ်ားစြာလည္း အသံစုံျဖင့္ဟစ္ေႂကြေအာ္ျမည္ေနၾကေသးသည္။

ထိုသူတိူ႕၏ အေရွ႕ဘက္တြင္ပင္ ျမဴခိုးမ်ားအျပင္ လွ်ပ္စီးမ်ားတစ္လ်ပ္လ်ပ္ထကာ အလင္းေရာင္တစ္ခ်ိဳ႕ ျဖာထြက္ေနေသာ အခိုးအေငြ႕မ်ားသ႑ာန္ျဖင့္ဖုံးအုပ္ေနၿပီး အေတာ္ျမင့္မားကာဒ႑ာရီဆန္ေသာ ဂိတ္တံခါးအရွည္ႀကီးကိုလည္းျမင္ေတြ႕ရနိုင္သည္။ ယြင္းရန္ကေဘးရွိ တိဟြကိုလွမ္းေခၚလိုက္သည္။

" တိဟြ.....ဒီတစ္ေခါက္သားရဲေတြကိုဘယ္သူစီစဥ္တာလဲ။"

ယြင္းရန္စိတ္ဝင္အစားဆုံးသည္က ထိုသို႔ေသာစီးနင္း၍ရနိုင္သည့္ သတၱဝါမ်ားကို ဖမ္းဆီးရျခင္းပင္ျဖစ္သည္။ သူ႕ထံတြင္ ကိုယ္ပိုင္အိမ္ေမြးတိရိစ္ဆာန္သေဘာျဖင့္ေမြးထားသည့္ သားရဲႀကီး မ်ား ေျမာက္မ်ားစြာရွိသည္။ ထိုသားရဲႀကီးမ်ားကို မိစ္ဆာနန္းေတာ္၏ ေအာက္ဆုံးထပ္ျဖစ္ေသာ ေျမေအာက္ခန္းထဲတြင္ ေမြးကာထားသည္။ ေခါင္းသုံးလုံးႏွင့္ခႏၱာကိုယ္ထည္တစ္ခုသာရွိေသာ ေခြးပုံသ႑ာန္ႏွင့္ မိစ္ဆာႏွစ္ေကာင္အျပင္အျခားေသာ ေနရာေပါင္းစုံ၌ေသာင္းက်န္းခဲ့ၾက၍ ယြင္းရန္ကသြားေရာက္ႏွိမ္နင္းခဲ့ရဖူးသည့္ ထူးဆန္းေၾကာက္မတ္ဖြယ္ေကာင္းေသာ သားရဲမ်ားစြာလည္းပါဝင္ေသးသည္။  ထိုမေကာင္းဆိုးဝါးႀကီးမ်ား၏ ခႏၱာကိုယ္အ႐ြယ္အစားသည္ပင္ အိမ္တစ္လုံးစာနီးပါးရွိၾကသည္။ ယြင္းရန္က ထိုမိစ္ဆာေခြးႏွစ္ေကာင္ကို အျခားအေကာင္ႀကီးမ်ားထက္ပို၍သေဘာက်ႏွစ္သက္သည္။

"ဒီတစ္ေခါက္ရဲ႕ သားရဲေတြကိုစီစဥ္သူက ေကာင္းကင္မင္းႀကီးကိုယ္တိုင္မလို႔ အကုန္လုံးကပိုၿပီးစိတ္ဝင္စားေနၾကပါတယ္။ "

"ရွန္းဝူပိုင္လား။"

ယြင္းရန္၏ အၾကည့္ကခ်က္ခ်င္းပင္သူႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ရွိေသာ ဝတ္ျဖဴစင္ၾကယ္ဝတ္႐ုံတစ္ဖားဖားႏွင့္ နတ္ဘုရားမ်ားဆီသို႔ေရာက္သြားသည္။ထိုနတ္ဘုရားမ်ား ကိုယ္ေရာင္ကိုယ္ဝါေတာက္ပေနၾကၿပီး ထင္ေပၚေနသည့္သူမ်ားပင္ျဖစ္သည္။ ထိုလူမ်ားထဲတြင္မွ ပို၍ ထင္ရွားသည့္အေဆာင္အေယာင္မ်ားႏွင့္အတူ သူႏွင့္တန္းတူေနရာေလာက္မွာပင္မ်က္ႏွာခ်င္းဆိုင္ ရွိေနကာ ေဘးရွိ နတ္ဘုရားတစ္ပါးအား တီးတိုးစကားဆိုေနၿပီး ရယ္ေမာေနေသာ ရွန္းဝူပိုင္ကိုေတြ႕ရသည္။ ရွန္းဝူပိုင္သည္လည္း မ်က္ေတာင္တစ္ခ်က္အခက္တြင္ပင္ ယြင္းရန္ကို လွမ္းၾကည့္လာသည္။ အကြာအေဝးသည္ ေပတစ္ရာနီးပါးေလာက္ ကြာေဝးေသာ္လည္း ႏွစ္ဦးသားသည္တစ္ဖက္ကိုတစ္ဖက္ရွင္းရွင္းလင္းလင္းပင္ျမင္နိုင္ၾကသည္။

ရွန္းဝူပိုင္ကလည္းယြင္းရန္ကိုေသခ်ာၾကည့္ေနလိုက္ၿပီးေနာက္ သူ၏ မ်က္ႏွာတြင္ပိုမိုေတာက္ပေသာအၿပဳံးတစ္ခုကိုဖန္တီးယူလိုက္သည္။ ယြင္းရန္ကလည္း ရွန္းဝူပိုင္ကိုၾကည့္လ်က္ပင္ သူ၏ႏႉတ္ခမ္းအားေကြးၫႊတ္႐ုံသာေကြးလိုက္ရင္း ျပန္ၿပဳံးျပသည္။

" တိဟြ ၊က်ီရင္း ဒီမွာေနခဲ့လိုက္။ ငါ ၿပိဳင္ပြဲဝင္လိုက္အုန္းမယ္။ အေၾကာမေလ်ာ့ရတာ ႏွစ္နည္းနည္းၾကာေနၿပီမလို႔ အေၾကာေလ်ာ့မွျဖစ္မယ္။"

"ကြၽန္ေတာ္မ်ိဳးလည္း လိုက္ခဲ့ပါရေစ။"

ယြင္းရန္၏ေဘးတစ္ဖက္တြင္ ရပ္ကာေနေသာ က်ီရင္းကခ်က္ခ်င္းပင္ ေျပာလိုက္သည္။ ယြင္းရန္က

" မလိုက္နဲ႕ေတာ့။ ငါတစ္ေယာက္တည္းသြားမယ္။"

က်ီရင္းက သူပါလိုက္ရန္ေျပာေသာ္လည္း ယြင္းရန္ကခပ္ျပတ္ျပတ္ပင္ေျပာတာ ေအာက္သို႔ခုန္ဆင္းသြားေလေတာ့သည္။

"အယ္...အရွင္... အရွင္ယြင္းရန္ "

က်ီရင္းႏွင့္တိဟြတို႔ႏွစ္ေယာက္လုံး ထိုေနရာတြင္ပင္ က်န္ရစ္ေနခဲ့ေလ၏။ ယြင္းရန္ဆင္းသြားၿပီးေနာက္တြင္ တိဟြက ေက်ာက္တုံးမ်ားျဖင့္ပုံေဖာ္ကာထားေသာ ထိုင္ခုံတန္းတစ္ခုတြင္ဝင္ထိုင္လိုက္သည္။ က်ီးရန္က သူ၏လက္သီးႏွစ္ဖက္ကိုဆုပ္ကိုင္လ်က္ပင္ ေတာင္ေအာက္သို႔ၾကည့္ေနဆဲ။ တိဟြက လွမ္းေအာ္လိုက္သည္။

"က်ီရင္း....မလာဘူးလား။ မၾကာခင္ပြဲစေတာ့မွာေလ။"

က်ီရင္းက တိဟြကိုတစ္ခ်က္လွမ္းၾကည့္သည္။ ထို႔ေနာက္ခ်က္ခ်င္းပင္ ေအာက္ဘက္သို႔ျပန္ၾကည့္ျပန္ေလ၏။ ပုံစံကအေတာ္ပင္ ေယာက္ယက္ခတ္ေနပုံရသည္။ တိဟြ​က ထိုပုံစံအားၾကည့္၍ ထပ္ေမးလိုက္ေလသည္။

"က်ီရင္းဘာျဖစ္လို႔လဲ။"

"ဘာမွမျဖစ္ဘူး။ ငါေတာင္ေအာက္ဘက္ခဏသြားလိုက္အုန္းမယ္။ နည္းနည္းေနလို႔မေကာင္းလို႔။"

က်ီရင္းက ေတာင္၏တျခားတစ္ဖက္ရွိအေခါင္းေပါက္တစ္ခုသို႔ ဝင္ကာသြားသည္။ သူတိူ႕၏ေနာက္ဘက္တြင္ေက်ာက္ေတာင္ႀကီးအား ပတ္ကာေဖာက္ထြင္းထားေသာ ေလွကားထစ္ေပါင္း မ်ားစြာရွိသည္။ ထိုေလွကားမ်ား၏ အဆုံးသည္ကေတာ့ ၿပိဳင္ပြဲကြင္းႏွင့္ မလွမ္းမကမ္းတြင္ရွိသည္။

"ေကာင္းၿပီေလ။"

တိဟြက သူ၏ ခုံေနရာတြင္သာဆက္ထိုင္လိုက္ရင္း ပြဲၾကည့္ရန္သာဆုံးျဖတ္လိုက္သည္။

ေအာက္ရွိ ေထာင္ေပါင္းမ်ားစြာေသာ မိစ္ဆာနတ္ဆိုးမ်ားႏွင့္ နတ္သူငယ္မ်ား နတ္ဘုရားမ်ားက ဂိတ္တံခါးဝင္ပြင္မည့္အခ်ိန္ကိုေစာင့္ဆိုင္းေနၾကၿပီး အရာအားလုံးသည္လည္း အသင့္ျဖစ္ေနေခ်ၿပီ။ ဂိတ္တံခါးႀကီးက က်ယ္ေလာင္လြန္းေသာမိုးခ်ိန္းသံႀကီးကဲ့သို႔ အသံမ်ိဳးထြက္ေပၚလာၿပီးေနာက္ တျဖည္းျဖည္းပြင့္ဟလာေခ်ေလၿပီ။

အားလုံးက ၿငိမ္သက္ေနရာမွ ခ်က္ခ်င္းသတၱိျပန္ေမြးလိုက္ၾကရင္း အထဲသို႔ဝင္ကာသြားၾကသည္။ ယြင္းရန္သည္ပင္လ်င္ ထိုလူမ်ားၾကားထဲေရာပါသြားေသး၏။ ရွန္းဝူပိုင္စီစဥ္သည့္ သားရဲမ်ားသည္ အမ်ားအားျဖင့္ တိုက္ခိုက္ရခက္ကာအဖိုးတန္သည့္ ရွားပါးမ်ိဳးႏြယ္ဝင္အေကာင္ႀကီးမ်ားျဖစ္ၾကသည္။ ထို႔အျပင္ ရွန္းဝူပိုင္က ထိုသားရဲမ်ားကို ၿပိဳင္ကြင္း၏ အသက္ေၾကာအျဖစ္ထားျခင္းျဖစ္သည္။ ေနာက္ဆုံးယွဥ္က်န္သူသည္ ထိုသားရဲေကာင္ႀကီးႏွင့္ တိုက္ခိုက္ၿပီးမွ သာထြက္ခြာခြင့္ရွိသည္။ ဤ ပြဲတြင္ ရက္စက္သည္ ၾကမ္းၾကဳတ္သည္ဟု ေျပာခြင့္မရနိုင္သလို မည္သည့္စည္းကမ္းမွ်မရွိေပ။ အခ်င္းခ်င္း သူေသကိုယ္ေသတိုက္ခိုက္ကာ တစ္ေယာက္ေသဆုံးလ်င္ ထိုေသဆုံးသူ၏ အျမဳေတစြမ္းအားတစ္ဝက္ကို သတ္လိုက္သည့္သူကရသည္။ ထိုစြမ္းအားအားလုံးသည္ ေနာက္ဆုံးသားရဲ ႀကီးကိုအနိုင္ယူရန္အသုံးဝင္သည္။

မ်ားေသာအားျဖင့္ ထိုသို႔ေသာ သူရဲေကာင္းက ၿပိဳင္ပြဲ ၁၀ပြဲရွိပင္လ်င္ ၃ေယာက္ခန့္သာေပၚထြက္နိုင္သည္။ အခ်င္းခ်င္း မတိုက္ခိုက္ၾကလ်င္ေတာင္ ထိုၿပိဳင္ပြဲနယ္နိမိတ္တြင္ရွိေသာ အျခားသားရဲေကာင္မ်ား၏ တိုက္ခိုက္မႈကိုခံရအုန္းမယ္ျဖစ္သည္။

"မိစ္ဆာဘုရင္ယြင္းရန္က ၿပိဳင္ပြဲဝင္သူေတြၾကားမွာ ဘာဝင္လုပ္တာလဲ။ "

ရွန္းဝူပိုင္က ဂိတ္တံခါးအတြင္းသို႔ ေအးေဆးလမ္းေလွ်ာက္ကာပင္ဝင္သြားေသာ ယြင္းရန္ကိုၾကည့္ေနရင္းပင္ ေဘးရွိ နတ္ဘုရားတစ္ပါး၏စကားေၾကာင့္ ထိုနတ္ဘုရားအားၾကည့္လိုက္သည္။ သူကၿပဳံးလ်က္ပင္

"အင္း....သူလည္းထပ္ၿပီး လူငယ္ဘဝကိုလိုခ်င္လို႔ေနမွာေပါ့။"

"ဘာပဲျဖစ္ျဖစ္ သူကသူ႕ရဲ႕အျမဳေတစြမ္းအားကို တမင္ႂကြားခ်င္ေနတာပဲျဖစ္လိမ့္မယ္။ တစ္ျခားသူေတြအတြက္သူ႕ရဲ႕ စြမ္းအားေတြက သာလြန္ေနေတာ့ ၿပိဳင္ပြဲရဲ႕ရလဒ္က သိေနၾကၿပီေပါ့။ ၿပီးေတာ့ သူ႕က သူ႕ရဲ႕ နန္းေတာ္မွာ လူတစ္ေယာက္ပိုလာမွာကိုမလိုလားတာမ်ားလားပဲ။"

"မဟုတ္ေလာက္ပါဘူးဗ်ာ။ ၿပိဳင္ပြဲရဲ႕ရလဒ္က အမ်ိဳးမ်ိဳးေျပာင္းလဲနိုင္ၿပီး ဘယ္သူမဆိုလည္း ေအာင္နိုင္သူျဖစ္နိုင္တာပဲေလ။ "

ရွန္းဝူပိုင္က တျဖည္းျဖည္းျပန္လည္ပိတ္သြားၿပီျဖစ္ေသာ ဂိတ္တံခါးႀကီးအားလွမ္းၾကည့္လိုက္ရင္း သူကရယ္ေမာလိုက္သည္။

"ဒါမွမဟုတ္...... တစ္ေယာက္မွျပန္ထြက္မလာနိုင္တာလဲျဖစ္နိုင္တာပဲ။ ဟုတ္တယ္မလား။"

"......"

ေဘးရွိ နားစြင့္ေနသူမ်ားပါ အနည္းငယ္ေတာ့ေၾကာင္အမ္းအမ္းျဖစ္သြားၾကသည္။ ၿပီးမွ တေယာက္ကစ၍ ေထာက္ခံလိုက္သည္။

"အာ...ဟားဟား....ဟုတ္တယ္။ ဟုတ္တယ္။"

သူတို႔၏အေနာက္ဘက္တြင္ရွိေသာ နတ္ဘုရားတစ္ပါးက ဆိုသည္။

"ကြၽန္ေတာ္မ်ိဳးကေတာ့ မိစ္ဆာဘုရင္ယြင္းရန္ကို ဒီတသက္အျမင္ၾကည္နိုင္မယ္မထင္ဘူး။ ေကာင္းကင္ဘုံစာၾကည့္ေဆာင္ရဲ႕ စာေပတစ္ဝက္ကို နတ္သူငယ္ေတြဆီကၿခိမ္းေျခာက္သိမ္းယူသြားခဲ့တာေလ။ အဲ့ဒီအခ်ိန္က သူ႕ရဲ႕မ်က္ႏွာပုံစံကိုအခုထိေမ့လို႔မရနိုင္ေသးဘူး။ ၿပီးေတာ့..."

"လြမ့္ယြီနတ္ဘုရား စိတ္ေလ်ာ့ပါဗ်ာ။ ဒီကိစၥက ေကာင္းကင္ဘုံအတြက္ အရွက္ရစရာကိစၥတစ္ခုဆိုေတာ့ ျပန္အစေဖာ္မေနသင့္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ႏွစ္၈၀၀ေလာက္ေတာင္ၾကာေနၿပီပဲကို။"

ရွန္းဝူပိုင္က ဆက္နားမေထာင္ခ်င္ေတာ့တာေၾကာင့္ သူကၿပဳံးလ်က္ပင္ ထိုနတ္ဘုရားအား အသံတိတ္ေစလိုက္သည္။

ထိုနတ္ဘုရားက ခ်က္ခ်င္းပင္ ထိုင္ေနရာမွ ထကာ ဂါရဝျပဳလ်က္ေတာင္းပန္စကားဆိုသည္။

"ကြၽန္ေတာ္မ်ိဳး စကားမ်ားမိသြားလို႔ စိုး႐ြံ႕မိပါတယ္။ "

"ေကာင္းပါၿပီ။"

~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «The Deal ( With A Demon King)».
Коментарі